4/29/2009

ဘာဖြစ်ကြတာလဲလို့........

ဟိုမိုကရေစီပို့စ်နှင့်ပါတ်သက်ပြီး စာဖတ်ပရိတ်သတ်တဦးက အီးမေးလ်
ဖြင့်မေးမြန်းတောင်းဆိုလာသည့်အဖြစ်အပျက်တခုကို ယ္ခုပို့စ်ဖြင့် ပြန်
လည်တင်ပြလိုက်ပါသည်။
စာဖတ်မိတ်ဆွေမေးလာတာက ဧပြီလ ၁၃-၁၄ ထိုင်းရှပ်နီ အရေးအခင်း
နှင့်ပါတ်သက်ပြီး ကျနော့ရဲ့ ဟိုမိုကရေစီ ပို့စ် အပါအ၀င် မြန်မာဘလော့
များ သတင်းဌာနများ ၀က်ဘ်ဆိုက်များ သတင်းနက်ဝပ်များ ကိုဖတ်ရှုရာ
မှာ သတင်းနက်ဝပ်ဆိုက်ဒ်တခုက “ရုပ်သံမြင်ကွင်း သတင်းတပုဒ်မှာ
အစိမ်းပုတ်ရောင်တီရှပ်ဝတ်ထားသူတဦးက ဆန္ဒပြသူ အမျိုးသမီးတဦးကို
ဆံပင်ကနေ တရွတ်တိုက်ဆွဲပြီး စစ်သားတွေဖက်ဆီ ဆွဲသွားတာမြင်လိုက် ရပါတယ်။ အဲဒီအမျိုးသမီးကိုပြန်လည်ဆွဲခေါ်သူ အမျိုးသမီးဟာ အပေါ်
အင်္ကျီကျွတ်နေပြီး အတွင်းခံအင်္ကျီကိုသာဝတ်ဆင်ထားတာကို တွေ့ရ
ပါတယ်။” လို့ဖတ်လိုက်ရတာကြောင့် သတင်းအဖြစ်အပျက်ကို သိလို
တဲ့အတွက် ထပ်မံရှာဖွေရာမှာ ဓါတ်ပုံကိုတွေ့ သော်လည်း ဖြစ်ပွါးပုံကို တော့မသိရဘဲဖြစ်နေ တာကြောင့် သတင်းဖြစ်ပျက်ပုံသိလျှင်ပြန်ကြားပေးပါလို့ ပါရှိ ပါတယ်။
ယ္ခုရက်ပိုင်းအတွင်းထိုင်းမှာလဲ ဒီအကြောင်းနဲ့ပါတ်သက်လို့ လွတ်တော်အတွင်း အတိုက်အခံအမတ်များရဲ့
စွဲချက်များမေးခွန်းများ အာဏာရအစိုးရရဲ့ ဖြေရှင်းချက်များကို အချက်အလက် အထောက်အထားများနှင့်
အပြန်အလှန် တင်ပြဆွေနွေးနေတာကြောင့် သတင်းဖြစ်စဉ်အပြင် နောက်ဆက်တွဲ သတင်းများကိုပါ ဆက်စပ်
ရှာဖွေတင်ပြလိုက်ပါသည်။


သတင်းဖြစ်စဉ်မှာ ဧပြီလ(၁၃)ရက်နေ့က အနူက်ဆာဝါလီ အ၀ိုင်းအနီးမှာ စုရုံးဆန္ဒပြနေတဲ့ အနီဝတ်အုပ်စုမှ အမျိုးသမီး၂ဦးနှင့် သတင်းထောက်တဦး အခြေအတင် ပြောဆို စကားများရာမှ ရုန်းရင်းဆန်ခပ်ဖြစ်ကာ ပွဲကြမ်းပြီး ဆွဲလားရမ်းလား ၀ရုံးသုန်းပါး ဖြစ်ကုန်ကြခြင်း ဖြစ်ပါသည်။(ပုံများကိုကလစ်လုပ်ကာ ကြီး ကြည့် နိုင်ပါသည်)ပုံတွဲ(၁) စကားအခြေအတင်ပြောရာမှ နင်ဘဲငါဆဲ အဆင့် အရှိန်မြင့်လာကာ-

ပုံတွဲ(၂) အမျိုးသမီးတဦးက သူဝတ်တားသော အင်္ကျီကို သူ့ဖါသာဆွဲချွတ်လိုက်စဉ် ကျန်အမျိုးသမီးက သတင်း ထောက်အားဝင်ရောက်ဆွဲလွဲလုံးထွေးသည်။




ပုံတွဲ(၃)ပုံ၁သည် ပုံတွဲ(၂)ပုံ၂နှင့်တဆက်တည်းဖြစ်သည်။အမျိုးသမီးက၀င် လုံးပြီးအနီအုပ်အတွင်း ဆွဲခေါ်ရာမပါ သွားရန် သတင်းထောက်ကပြန်လှန်ရုန်းကန်ကာ ဆံပင်ဆွဲရင်းအစောင့်များရှိရာဖက်သို့ထွက်ရခြင်းဖြစ်သည်။
(အဖြစ်အပျက်ကိုဗွီဒီယို မှတ်တမ်းဖြင့်ကြည့်ရန်ထည့်သွင်းပေးထားပါသည်)




ထိုအခင်းဖြစ်မှုနှင့်ပါတ်သက်ပီး ထိုင်းလွတ်တော်အတွင်း အတိုက်အခံဖက်မှ စွဲချက်၂ခုတင်ပါသည်။
ပဌမ စွဲချက်မှာ ထိုအမျိုးသမီးအား ဆံပင်ဆွဲ၍ တရွတ်တိုက်ခေါ်သူသည် ထိုင်းတပ်မတော်အရာရှိ တဦးဖြစ်သူ အမှတ်(၁၂) တပ်တော်မှ ဒုတိယဗိုလ်မှူးကြီး ကရင်စ နန်ထ ဖေါ်ထိဒစ် ဖြစ်ကြောင်း -







ဒုတိယစွဲချက်မှာ အမျိုးသမီးအားအကြမ်းဖက်နေမှုနှင့်ကျန်အမျိုးသမီးတဦးက အော်ဟစ်အကူအညီတောင်း
နေသည်ကို အနီးရှိစစ်သားများက တစုံတရာအကူအညီ ပေးခြင်းမရှိပါဟု စွတ်စွဲခြင်းဖြစ်သည်။

အစိုးရဖက်မှပြန်လည်ဖြေရှင်းသည်မှာ အကယ်၍ အမျိုးသမီးအားအကြမ်းဖက်ဆံပင်ဆွဲကာ တရွတ်တိုက်ခေါ်သူသည် အမှတ်(၁၂)ဘုရင့်တပ်မတော်မှ ဒုတိယဗိုလ်မှူးကြီး ကရင်စ နန်ထ ဖေါ်ထိဒစ် ဟုဆိုလျှင် အောက်ပါဓါတ်ပုံပါပုဂ္ဂိုလ်သည် ဒုတိယဗိုလ်မှူးကြီး ကရင်စ နန်ထ ဖေါ်ထိဒစ် ၏ ပုံဖြစ်ပါသည်။ အခြင်းဖြစ်သူနှင့် တဦးတည်းမဟုတ် တယောက်စီဖြစ်ပါသည်။














ဒုတိယဗိုလ်မှူးကြီး ကရင်စ နန်ထ ဖေါ်ထိ ဒစ် သည် အခြင်းဖြစ်ကာလအတွင်းထိုအနီးဝန်း ကျင်တွင်တာဝန်
ထမ်းဆောင်နေရပြီး ဂျင်းဘောင်းဘီနှင့် လီဗွိုက်စ် တီရှပ်ကိုလည်း ၀တ်ဆင်မထားပါ။
အိမ်ပြန်အ၀တ်လဲပြီး ဂုဏ်သရေရှိအမျိုးသမီး၂ဦးကို လာရောက် ရန်ဖြစ်ရန်လည်း အချိန်မရှိပါဟုဖြေရှင်းကာ-
အခြင်းဖြစ်စဉ်က ထိုဝန်းကျင်တွင် သာမာန်အရပ်သား များသာ ၀ိုင်အုံကြည့်ရှုနေသည်ကို ဓါတ်ပုံများအရ မြင်တွေ့နိုင်ပါသည်။ စစ်သားများအနေနှင့် စည်းခြားသတ်မှတ်နေရာယူထားရာသို့ တွန်းထိုး ရောက်ရှိ လာချိန်တွင် အမျိုးသမီးအား အကြမ်းဖက်ခြင်းမပြုရန် ဟန့်တားဖြန်ဖြေခဲ့ပါကြောင်း-ဖေါ်ပြထားသော ဓါတ်ပုံကိုသက်သေထူ၍ဒုတိယစွဲချက်ကိုဖြေရှင်းခဲ့သည်ဟု သိရှိရပါသည်။

4/14/2009

ဟိုမိုကရေစီ

ထိုင်းဝန်ကြီးချုပ်သက်ဆင်ရှီနာဝတ် ရဲ့ ဒုတိယအကြိမ်ဝန်ကြီးချုပ်သက်တမ်းက စတင်ပြီး မတည်မငြိမ် ဖြစ်လာ တဲ့ ထိုင်းနိုင်ငံရေးဟာ ဆန့်ကျင်ဖက်အုပ်စုများ ဘတပြန် ကျားတပြန် မပြီးနိုင်မစီးနိုင်သံသရာလည်နေရင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (၂၀၀၉ ဧပြီလ ၁၂ရက် ) မှာတော့အခြေအနေဟာ ထိမ်းမနိုင်သိမ်းမရဖြစ်ပြီး ၁၇နှစ် အတွင်း အဆိုးဝါးဆုံးအဆင့်ကို ရောက်ရှိသွားပါတယ်။
ဧပြီလ ၈ ရက်လောက်ကစပြီး နေရာအတော်များများမှာ လူစုလူဝေးအားကောင်း အရှိန်မြင့်လာတဲ့ United Front for Democracy against Dictatorship (UDD)လို့အမည်ခံယူထားသော တပ်စင် လိုလားသူများ ရှပ်နီအဖွဲ့ဟာ ပတ္တယားမှာ ကျင်းပတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲကို ထိုးနှက်ရာမှာ ရှပ်နီဆန္ဒပြသမားတွေကို ဦးဆောင်ခဲ့တဲ့ UDD ခေါင်းဆောင် အရစ်စ်မန်း ကို တနေ့မနက်က ဘန်ကောက်မှာ ဖမ်းလိုက်ပါတယ်။ တချိန်တည်းမှာထပ်ဆင်ရဲ့ ဗီဒီယိုစကားပြောခွေတွေနဲ့ ဖုန်းပြောတာတွေကို ထုတ်လွှင်ပေးတဲ့ D ဂြိုလ်တုရုပ်သံလွှင့်ဌာန ကိုလည်း ပိတ်လိုက်ပါတယ်။ တုန့်ပြန်တဲ့အနေနဲ့ ရှပ်နီဆန္ဒပြသမားတွေက အဓိကလမ်းမကြီးတွေ၊ ရထားလမ်းတွေနဲ့ တံတားတွေကို ပိတ်ဆို့လိုက်ပြီး ပြည်နယ်အချို့က မြို့တော်ခန်းမတွေကို ၀ိုင်းထားလိုက်ကြပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၀င်းအတွင်း ၀န်ကြီးချုပ်စီးနင်းလိုက်ပါလာတဲ့ကားကို ရှပ်နီလူအုပ်က ၀ိုင်းပိတ် အကြမ်းဖက် ရိုက်နက် တိုက်ခိုက်ရာမှာ အသက် အန္တရာယ်ရှိလောက်တဲ့အခြေအနေကနေ ၀န်ကြီးချုပ် အဘီဆစ် ကတော့ သီသီလေး လွတ်မြောက်သွားပေမဲ့ ၀န်ကြီးချုပ်လုံခြုံရေး တာဝန်ကျတယောက် ဒဏ်ရာရပြီး ၀န်ကြီးချုပ်ကားမောင်းသူကို ရှပ်နီလူအုပ်က ဖမ်ဆီးထားပါတယ်။
ဆန္ဒပြရှပ်နီလူအုပ်က ဘတ်စ်ကားတချို့ကို အပိုင်စီးပြီးလမ်းများကို ပိတ်ဆို့ခြင်း မော်တော်ကား တာယာ များကိုမီးရှို့ခြင်း ဓါတ်တိုင်အချို့ကိုချိုးပြစ်ခြင်း သူတို့တားသည်ကိုရပ်မပေးသည့် တက်စီ နှင့် ကိုယ်ပိုင်မှန်ကားအချို့ကို ခဲနှင့်ပစ်ပေါက်ခြင်း ရိုက်နက်ဖျက်ဆီးခြင်းတွေ လုပ်လာတဲ့အပြင် ဂက်စ်တင်ကာကား(ဓါတ်ငွေ့ပို့သည့်ကား)တစီးကိုအပိုင်စီးကာ လမ်းပိတ်ဆို့ သည်ကို ရပ်ကွက်လူထုက သူတို့ အတွက် အန္တရာယ်ကြီးကျရောက်နိုင်ကြောင်း ကန့်ကွက်ပြောဆိုသည့်အတွက် ရပ်ကွက်လူထုအား ပစ်ခတ် တိုက်ခိုက်သည်အထိ ဥပဒေမဲ့လုပ်လာတဲ့အတွက် နေ့လည် ပိုင်းမှာ အရေးပေါ်ဥပဒေအမိန့်ထုတ်ကာ စစ်သေနာ ပတိချုပ် ဗိုလ်ချုပ်ကြီးဆွန်ကစ်တီ ဂျက်ကာဘတ်ကို အရေးပေါ်အခြေအနေဥပဒေကို အကောင်အထည် ဖော် ဆောင် ရွက်ဖို့အတွက် ဘန်ကောက်ဒေသ ငြိမ်းချမ်းရေးထိန်းသိမ်းရေးညွန်ကြား ရေးမှူး အဖြစ် ခန့်အပ်လိုက်ပါတယ်။
ဝန်ကြီးချုပ် အဘီဆစ်က သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများအနေနှင့် အကြမ်းဖက်မှု လမ်း ပိတ်ဆို့ဖျက်ဆီးမှုတို့ကို အရေးယူတားဆီးဖို့ညွန်ကြားလိုက်ပြီး အစိုးရအနေနဲ့ တိုင်းပြည်ငြိမ်ဝပ်ပိပြားရေး နဲ့ငြိမ်းချမ်းရေးအတွက် ဥပဒေ ဘောင်ထဲကနေ လုပ်သင့်တာမှန်သမျှ လုပ်ရပါမယ် ပြည်သူ တွေအနေနဲ့ အစိုး ရအပေါ် နားလည်ယုံ ကြည်ကြဖို့နဲံ့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုမှန်သမျှ အာဏာ ပိုင်တွေဆီကို သတင်းပို့ဖို့ ပြောဆိုလိုက်ပါတယ်။

















































တချိန်ထည်းမှာဘဲ ပြည်နယ်အသီးသီးက ရှပ်နီအဖွဲ့သားတွေက ဒေါသတကြီး တုန့်ပြန်မှုတွေပြုလုပ်ပါတယ်။အဓိကလမ်းမကြီးတွေ၊ ရထားလမ်းတွေနဲ့ တံတားတွေကို ပိတ်ဆို့လိုက်ပြီး ပြည်နယ်အချို့က မြို့တော်ခန်းမတွေကို ၀ိုင်းထား လိုက်ကြပါတယ်။





ချင်းမိုင်မှာ ချင်းမိုင် နံပတ် ၅၁ အုပ်စုက ခေါင်းဆောင်တဲ့ ရှပ်နီအဖွဲ့သား ၃၀၀၀ လောက်က ချင်းမိုင်နဲ့လမ်ဖုန်းကို ဆက်သွယ်ထားတဲ့ အဓိကလမ်းမကြီးကို ပိတ်ဆို့ခဲ့ပါတယ်။ ချင်းရိုင်းခရိုင်မှာ လူ ၅၀၀လောက်က မယ့်ခုန်းလမ်းဆုံမှာ ချင်းရိုင်းအ၀င်အ ထွက်က ကားတွေကို တားဆီးပြီး ယာဉ်ကြောကို ပိတ်ဆို့ခဲ့ပါတယ်။ လမ်ပန်းမှာ ဆန္ဒပြသူ ၂၀၀လောက်က လမ်ပန်းမြို့တော်ခန်းမ ရှေ့က လမ်ပန်း-ဖရဲလမ်းမကို ပိတ်ဆို့ပြီး ယာဉ်အသွားအလာတွေ ရပ်တန့်သွားအောင် လုပ်ခဲ့ပါတယ်။ ပစ်ဆန်နူလွတ်မှာ ဆန္ဒပြသူုတွေ က ပြည်နယ်ခန်းမကို ၀ိုင်းထား ကြပါတယ်။ ရှပ်နီခေါင်းဆောင် ကွမ်ဖရိုင်ဖနားရဲ့ အမာခံဒေသတခုဖြစ်တဲ့ မြောက်ပိုင်းဥဒေါင်ထာနီ ပြည်နယ်မှာ လူ ၂၅၀၀ လောက်ဟာ ပြည်နယ်ခန်း မရှေ့မှာ စုရုံးခဲ့ကြပါတယ်။
လမ်ဖုန်းမှာ ရာချီတဲ့ရှပ်နီဆန္ဒပြသမားတွေက ရထားလမ်းကို ပိတ်ဆို့လိုက်တာကြောင့် မြောက်ပိုင်းနယ်တွေ ကို ဖြတ်သွားတဲ့ ရထားခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ရပါတယ်။
ဥဘွန်ရတ် ချာထနီမှာ ဆန္ဒပြသူတွေက မြို့တော်ခန်းမကို သိမ်းပိုက်ပြီး ဘန်ကောက်ဘက်သွားတဲ့အခြား အဓိကလမ်းမတွေ ပိတ်သလိုပဲ ပြည်နယ်ရဲ့အဓိကလမ်းမဖြစ်တဲ့ ချာရာခွန်းလမ်းမကြီးကို ပိတ်ဆို့လိုက် ပါတယ်။
နခုံရတ်ချာစီမားမှာ ဘန်ကောက်ကနေမြောက်ပိုင်းပြည်နယ်ကို သွားတဲ့ အဓိက အဝေးပြေး လမ်းမကြီးဖြစ်တဲ့ မီထရာဖတ် အဝေပြေးလမ်းမကြီးကိုလည်း ပိတ်ဆို့ထားပါတယ်။
နောင်ခိုင်မှာ ထိုင်း-လာအို ချစ်ကြည်ရေးတံတားဆီသွားတဲ့လမ်းပေါ်မှာရှိတဲ့ ယာဉ်တွေကို လူ ၃၀၀ လောက်က ပိတ်ဆို့ထားပါတယ်။ ယာဉ်ကြောအတွက်တော့ တလမ်းဖွင့်ထားပေးပါတယ်။
ထိုင်း-လာအို စစ်ဆေးရေးဂိတ်ကနေ မီတာ ၅၀လောက်အကွာမှာ ပုလိပ်နဲ့လုပ် အားပေး ၂၀၀လောက်က ဆန္ဒပြသမားတွေကို တားထားပါတယ်။ ထိုင်း-လာအို ဒုတိယ ချစ်ကြည်ရေးတံတားရှိတဲ့ မုဒါဟန်မှာ ဆန္ဒပြသူ ၂၀၀လောက်က တံတားကို နာရီပေါင်းများစွာ ပိတ်ဆို့ထား ပါတယ်။ တာဝန်ရှိသူတွေက ကမ္ဘာလှည့်ခရီသည်တွေအတွက် အခက်အခဲမဖြစ်စေဖို့ ဆန္ဒပြသူတွေကို တောင်းပန်ကြ ပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ မုဒါဟန်မြို့တော်ခန်းမဆီကိုရွှေ့ပြောင်းစုဝေးကြဖို့ သ ဘောတူညီမှု ရသွားပါတယ်။ အရှေ့ပိုင်းပြည်နယ်ဖြစ်တဲ့ ချန်ထဘူရီမှာ ရှပ်နီ ဆန္ဒပြသမား ၄၀၀ လောက်ဟာ ချန်ထဘူရီနဲံ့ ဖုန်နမ့်ရွန်ခရိုင်မှာရှိတဲ့ ဆခေးအို ကို ဆက်သွယ်ထားတဲ့ အမှတ် ၃၁၇ အဝေးပြေးလမ်းမကြီးကို ပိတ်ဆို့ထားခဲ့ပါတယ်။
ရှပ်နီလူအုပ် ခေါင်းဆောင်တွေက အစိုးရကို ဆက်လက် ဆန့်ကျင်ကြဖို့ တောင်းဆိုခဲ့တာကြောင့် ဆန္ဒပြသမားအများ စုက အစိုးရအိမ်တော်ရှေ့နဲ့ပတ်ဝန်းကျင်မှာ ဆက်လက် ရှိနေကြပါတယ်။
ဒါကြောင့် အခြေအနေတွက တကယ့်ကို ပြင်းထန်နေပြီး အကြမ်း ဖက်မှုတွေ ဖြစ်ဖို့ အဆိုးဆုံးအနေနဲ့ အဓိကရုန်းတွေ ဖြစ်လာဖို့တာစူသွားပါတယ်။















ဒီမိုကရေစီဟာ နိုင်ငံရေးမူဝါဒတရပ်မဟုတ်ပါဘူး။ ဆောင်ရွက်စောင့်ထိမ်းရမယ့် ကျင့်စဉ်တရပ်ဖြစ်ပါတယ်။
ယနေ့ခေတ်ကာလမှာ ကမ္ဘာ့ပြည်သူအများစုဟာ ဒီမိုကရေစီကျင့်သုံးလိုက်နာတဲ့ အစိုးရကို လိုလား တောင်းဆိုလာကြပါတယ်။
တိုက်ပွဲဝင်မှုတွေလည်း ကမ္ဘာအနှံ့ပေါ်ထွန်းလာနေပါတယ်။
ဒီနေရာမှာအလွန်အရေးကြီးတဲ့အချက်က ဒီမိုကရေစီကျင့်စဉ်ကို စောင့်ထိမ်းလိုက်နာဖို့ နကန်းတလုံးမှ ခေါင်းထဲမရှိတဲ့ ဗမာပြည်က စစ်ဒမြ (ဓါးပြ) အစိုးရကို ဒီမိုကရေစီစည်းဘောင်အတွင်းက တိုက်ရုံနှင့် မဖြုံလောက်လို့ သူချ ကိုယ်ချ ကိုယ်ကပို ချပြရမှာ ဖြစ်ပေမဲ့ဒီမိုကရေစီကျင့်သုံးလိုက်နာတဲ့ အစိုးရကို ဒီမိုကရေစီဘောင်စည်းအတွင်းက အတိုက်အခံလုပ်တဲ့အခါ ကိုယ်ကိုယ်တိုင်ကလည်း ဒီမိုကရေစီကျင့်စဉ်ကို စောင့်ထိမ်းလိုက်နာဖို့တော့လိုပါတယ်။
ဒီလိုမှမဟုတ်ရင်တော့ ဟိုမိုကရေစီဖြစ်သွားပြီး အာဏာနဲ့မှရှင်သန်လို့ရတဲ့ စစ်တပ်လက်ထဲ ၀ကွက်အပ်ရာ ရောက်သွားပါမယ်။
စစ်တပ်ဆိုတာ တိုက်ခိုက်ခြေမှုန်းဖို့ လေ့ကျင့်ပျိုးထောင်ထားတဲ့အစုအဖွဲ့တခုဖြစ် တယ်ဆိုတာမမေ့ပါနဲ့။

တိုင်းပြည်တပြည်ကို အုပ်စိုးနေတဲ့ အစိုးရတိုင်းမှာ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုတဲ့
အာဏာ(၃)ရပ် ကိုပိုင်စိုး ရပြီး ဒီအာဏာ ၃ရပ်ကိုဖေါ်ဆောင်ဖို့ စစ်တပ်၊ ရဲနဲ့ အကျဉ်းထောင်တွေ၊
လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်ဝယ်ရှိပါတယ်။
ဒါတွေဟာ တိုင်းပြည်သာယာဝပြောပြီး တိုင်းသူပြည်သားအပေါင်း ချမ်းမြေ့ ရွှင်လန်းဖို့ အပ်နှင်းမှုတွေ ဖြစ်ပါတယ်။
ဒါတွေကိုအလွဲသုံးစားပြုပြီး ထင်ရာစိုင်းရင်တော့ မူလက ဒီမိုကရေစီစည်းဘောင်အတွင်းမှာ ပြည်သူ့ဆန္ဒနဲ့ တက်လာတဲ့ အစိုးရဖြစ်ပေမဲ့ ဒီမိုကရေစီအရေခြုံ အာဏာရှုးအစိုးရဖြစ်သွားပြီး သက်တန်းရှည်တာနဲ့အမျှ တိုင်းပြည် လုံးပါးပါးပြီး ပြည်သူလူထုဒုက္ခရောက်မှာမလွဲပါ။

ဒီအတောအတွင်း မနက် ၁နာရီလောက်က အခြေခံဥပဒေတရားရုံးအဆောက်အဦးထဲကို M79 လောင်ချာ ၃ လုံးနဲ့ ပစ် ခတ်ခဲ့တာကြောင့် အပျက်အစီး အချို့ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ ပတ္တယားဒေသမှာ ချိန်ကိုက် ဗုံးတလုံးကွဲပါတယ်။ မိုဘိုင်းဖုန်းနဲ့ ခွဲခဲ့ပုံပါ။ ရေပိုက်တခု ပျက်စီးသွားတယ်၊ တခြား ချိန်ကိုက်ဗုံး ၃လုံး လည်း ဒီနေရာမှာ တွေ့ပါတယ်။







ဧပြီလ ၁၃ ရက်နေ့ မနက် ၄ နာရီခန့်မှာ စစ်သားတွေက ရှပ်နီ ဆန္ဒပြသမားတွေကို စတင်လူစုခွဲပါတယ်။






စစ်တပ် တပ်ခွဲ ၆ ခွဲနဲ့အဓိကရုန်းနှိမ်နှင်းရေး ရဲတပ်ခွဲတခွဲ
သေနတ်တွေကို လေထဲထောင်ပစ်ပြီး မျက်ရည်ယိုဗုံးတွေနဲ့ပစ်ခတ်နေတဲ့ စစ်သားတွေက အနှုတ်ဆ၀ရီ ကျောက်တိုင်အနီးနေရာက ရှပ်နီအဖွဲ့ တခုကို ရှင်းထုတ်လိုက်ပါတယ်။ ပြည်သူ ဆယ်ဂဏန်းလောက် ဒဏ်ရာရခဲ့ပါတယ်။


































နိုင်ငံရေးမှာ စစ်တပ် စစ်သားဆိုတာကို ပတ်သက်လာအောင်လုပ်လို့ပါလာရင် ဒီမြင်ကွင်းမျိုးတွေမုချမလွဲ မြင်တွေ့ရမှာဖြစ်ပါတယ်။



နိုင်ငံရပ်ခြားမှနေပြီးသူ့အားထောက်ခံသူများကို D ဂြိုလ်တုရုပ်သံလွှင့်ဌာန မှတဆင့်ထိုင်းနိုင်ငံ
တိုးတက်ပြောင်းလဲအောင်သူသာလုပ်နိုင်ကြောင်းပြောနေသူ သက်ဆင်။

သူ ၀န်ကြီးချူပ်ဖြစ်လို့ သူ့မိသားစုပိုင် ရှင်းကော်ပရေးရှင်းဟာ စီးပွားရေးမှာ လုပ်ပိုင်ခွင့်တွေပိုမို ရရှိခဲ့တယ်။
သူ့ရဲ့ ဒုတိယ သက်တမ်းကာလမှာ သူ့မိသားစုပိုင် ရှင်းကုမဏ္ဏီရဲ့ ငွေကြေးကြွယ်ဝမှုဟာ ကြောက်ခမန်းလိလိ ကြွယ်ဝချမ်းသာလာခြင်း။ ပါလီမန်ကို အာဏာရှင်ဆန်ဆန် လက်ဝါးကြီးအုပ်ထားနိုင်မှု၊ သူ့မိသားစုပိုင် ကုမဏ္ဏီတွေရဲ့ အဆမတန်ကြွယ်ဝချမ်းသာလာမှု၊ သူ့ကို ဝေဖန်တဲ့ မီဒီယာနှင့် သတင်းစာတွေရဲ့ လွတ်လပ်ခွင့်ကို ပိတ်ပင်လာမှု၊ ဘန်ကောက်နေ လူလတ်တန်းစားတွေရဲ့ သက်ဆင်ဆန့်ကျင်သောလှုပ်ရှားမှု၊ People's Alliance for Democracy:PAD လှုပ်ရှားမှု တွေဟာ ၁၉ စက်တင်ဘာ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုကိုဖြစ်ပေါ်စေခဲ့ပေမဲ့ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သူပေးခဲ့တဲ့ ကတိ က၀တ်တွေကို သူပါတီ အနိုင်ရပြီး ၀န်ကြီးချုပ် ဖြစ်ချိန်မှာ အပြည့်အ၀ အကောင်အထည် ဖော်ဆောင်ရွက် ပေးတဲ့အတွက် နိုင်ငံရဲ့ သာမန်အောက်ခြေ ဆင်းရဲသား လူတန်းစားတွေ ဘန်ကောက်က ကား၊ ဆိုင်ကယ်၊ သုံးဘီး တက္ကစီသမားတွေဟာ တက်ဆင်ကို ထောက်ခံ နေကြတုန်းပါပဲ။



ရှပ်နီ လူအုပ်ကိုလာရောက် ထောက်ပံ့နေသည့်သက်စင်၏ညီမ၂ဦး







ရှပ်နီ လူအုပ်၏ရာနှုံးအချို့မှာ ဆန္ဒပြပွဲသို့နေ့တွက် ၁၀၀မှ ၅၀၀ဘတ်အခကြေးငွေယူကာပါဝင်သူများဖြစ်သည်။
ငွေယူထားသူများလက်ခံစာရင်းတရွက် (အမည် လိပ်စာ ဖုန်းနံပါတ် နေ့တွက်ငွေနှင့် လူသစ်ဖြစ်ပါက အင်္ကျီနီ
ရကြောင်း)လိပ်စာ ဖုန်းနံပါတ် လူမှုရေးအရ ကာဖြတ်ပေးထားပါသည်။























ဆန္ဒပြသူတို့နှင့်ထိပ်တိုက်ဆိုင်ထားသော စစ်သားများအကြား အိနြေ္ဒမပျက်လမ်းဖြတ်ကူးသွားသည့်
ဘန်ကောက်သူ။













အကြမ်းဖက်မှုများမဖြစ်မှီက ဆန္ဒပြသူတို့နှင့်ရဲများ စစ်သားများအကြားအခြေအနေ။





ပြည်သူတွေအနေနဲ့အစိုးရအပေါ် နားလည်ယုံ ကြည်ကြဖို့ ဆန္ဒပြသူတို့အေးချမ်းစွာအိမ်ပြန်ဖို့
မေတ္တာရပ်နေသည့်ဝန်ကြီးချုပ်






















4/01/2009

သံပခြုပ်

ကမ္ဘာမကြေ “မဲဆွယ်ခြင်း” သို့မဟုတ် မြန်မာပြည်တောင်ဖက်စွန်းက အလွမ်းကဗျာ ပို့စ်ကိုအရင်ဖတ်ပြီးမှ ဒါကိုဖတ်ပါရန်။


မြိတ်ကျွန်းစုနှင့်ပါတ်သက်လို့ ဆလုံလူမျိုးအကြောင်း ရေးရာမှာပါခဲ့တဲ့ “သံပချုပ်”ဟုခေါ်သော ရေအောက်ကျမ်းပြင်မှ သက်ရှိသတ္တ၀ါတမျိုးအကြောင်း ပါသည်ကို စာဖတ်သူအချို့က စိတ်ဝင်စား ပြီး
မေးမြန်းသည်များရှိပါသည်။



မူလရေးသားစဉ်ကပင် ဓါတ်ပုံထည့်ပေးရန် ရည်ရွယ်
သော်လည်း ထိုနေ့က ပို့စ်တင်ရာတွင် အပြင်မှာ
ကြိုတင်ပြင်ဆင်ပြီး ယူလာတာမဟုတ်ဘဲ ပို့စတင်း
ထဲမှာတထိုင်တည်းရေး စက်ထဲမှာသင့်ရာပုံ တခါ
တည်းရွေးနှင့် စိတ်လိုလက်ရ လုပ်မိသောကြောင့်
နောက်ပိုင်း ပုံတွေကလဲများ ထည့်လိုက် ပြန်ထုတ်
လိုက် ပြင်ထည့်လိုက်နှင့် လုပ်သမျှဒဏ် ဆာဗာကကလန်ပြီး အပြင်အဖြည့်မခံတော့။
နဲနဲထပ်လုပ်လိုက်လျှင် အစပိုင်းကလုပ်ထားသမျှ ခွဲထုတ် ချဲထုတ် ကမောက်ကမ လုပ်ပြစ်ပါတော့တယ်။ စာလုံးတွေ ကပ်ပစ်ကန်ပစ် ဒင်းညစ်နေသည်နှင့် မထည့်လိုက်ရဘဲဖြစ်သွားပါသည်။

ယခုမေးလာသည်များကိုဖြေကြားလက်စ နှင့် သူ့အကြောင်း မှတ်စုများပြန်ရှာထုတ်ကာ ပို့စ်တခုအဖြစ်သီးခြား
ထပ်တင် ပေးအပ်ပါသည်။







ဆလုံလူမျိုးတို့သည် သူတို့ရှာဖွေစုဆောင်းထားသော
ပင်လယ်ထွက်ကုန်များကို ထိုင်း၊ မလေးရှား၊အင်ဒိုနီးရှား
အိန္ဒယ နိုင်ငံများသို့ သွားရောက်ရောင်းချသည်လည်း ရှိသည်။
အိန္ဒိယနိုင်ငံ ပို့တ်ဘလဲတွင်သွားရောင်းသည့် အခါ
ဘင်္ဂလားပင်လယ်ကို ဖြတ်ပီး အဲဒီလှေလေး တွေ နဲ့ဘဲအဲဒီကလေးတွေ ခွေးတွေ ကြက်တွေပါ အကုန် သွားတာ။
စုထားတဲ့ ငှက်သိုက် ငါးကြီးအံဖတ် ငါးစီပေါင်း ခရု
ပုလဲ သံပခြုပ် စသည်တို့သွားရောင်းသည်။



(သံပခြုပ်သည် ရေအောက်ကြမ်းပြင်ရှိ ကြက်မောက်သီး နှင်ပုံစံရောအရွယ်ပါတူသည့် သက်ရှိသတ္တ၀ါဖြစ်သည်။ ဆူးများမှာဆွေးနေသောသံကဲ့သို့ရှိပြီးအလွန်ချွန်ထက်သည်။ စူးမိလျှင်ဆူးကြွေသွားပြီး အသားထဲမြုပ်ကျန် ခဲ့သည်။စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ မခံမရပ်နိုင်အောင်နာသည်။ အပြင်းအထန် ယောင်ကိုင်းလာသည်။ရက်အနည်းငယ်အတွင်ယောင်သောနေရာပုတ်သွားသည်)အတွင်းသားမှာမူအလွန်နူးညံ့ပြီးခွန်အားကိုတိုးစေသည်ဟု ဆိုသည်။


ရေအောက်ကျမ်းခင်းမှာ ခရု ဂုံး ခရင်း ကမာ ရေအောက်သတ္တ၀ါများစွာနှင့်အတူတွေ့နိုင်သော သံပခြုပ် (ဖြူ)





သံပခြုပ်(နီ)






သံပခြုပ်ကို Sea Urchins ဟုခေါ်သည်။
(The name urchin is an Old English name for the round spiny hedgehogs sea urchins resemble.)
အရွယ်အစားမှာ ၃စင်တီမီတာမှ ၁၀စင်တီမီတာ ရှိသည်။
ဆူး spines များမှာ၁ စင်တီမီတာမှ၃စင်တီမီတာရှည်ပြီး ၁မီလီမီတာမှ ၂မီလီမီတာ လုံးပတ်ရှိသည်။
Caribbean နွယ်ဝင် Diadema antillarum မျိုးမှာ ၁၀စင်တီမီတာမှ ၂၀စင်တီမီတာရှည်သည်။


အခွံခွဲထားပုံ












မဆလခေတ်က ပါတီဥက္ကဌကြီးဦးနေ၀င်းသည် ပုလဲကျွန်းရှိ သူ၏အပန်းဖြေအိမ်ကြီးတွင် လာရောက်အနားယူတိုင်း စားသုံးလေ့ရှိ
ကြောင်းကြားဖူးသည်။