4/01/2009

သံပခြုပ်

ကမ္ဘာမကြေ “မဲဆွယ်ခြင်း” သို့မဟုတ် မြန်မာပြည်တောင်ဖက်စွန်းက အလွမ်းကဗျာ ပို့စ်ကိုအရင်ဖတ်ပြီးမှ ဒါကိုဖတ်ပါရန်။


မြိတ်ကျွန်းစုနှင့်ပါတ်သက်လို့ ဆလုံလူမျိုးအကြောင်း ရေးရာမှာပါခဲ့တဲ့ “သံပချုပ်”ဟုခေါ်သော ရေအောက်ကျမ်းပြင်မှ သက်ရှိသတ္တ၀ါတမျိုးအကြောင်း ပါသည်ကို စာဖတ်သူအချို့က စိတ်ဝင်စား ပြီး
မေးမြန်းသည်များရှိပါသည်။



မူလရေးသားစဉ်ကပင် ဓါတ်ပုံထည့်ပေးရန် ရည်ရွယ်
သော်လည်း ထိုနေ့က ပို့စ်တင်ရာတွင် အပြင်မှာ
ကြိုတင်ပြင်ဆင်ပြီး ယူလာတာမဟုတ်ဘဲ ပို့စတင်း
ထဲမှာတထိုင်တည်းရေး စက်ထဲမှာသင့်ရာပုံ တခါ
တည်းရွေးနှင့် စိတ်လိုလက်ရ လုပ်မိသောကြောင့်
နောက်ပိုင်း ပုံတွေကလဲများ ထည့်လိုက် ပြန်ထုတ်
လိုက် ပြင်ထည့်လိုက်နှင့် လုပ်သမျှဒဏ် ဆာဗာကကလန်ပြီး အပြင်အဖြည့်မခံတော့။
နဲနဲထပ်လုပ်လိုက်လျှင် အစပိုင်းကလုပ်ထားသမျှ ခွဲထုတ် ချဲထုတ် ကမောက်ကမ လုပ်ပြစ်ပါတော့တယ်။ စာလုံးတွေ ကပ်ပစ်ကန်ပစ် ဒင်းညစ်နေသည်နှင့် မထည့်လိုက်ရဘဲဖြစ်သွားပါသည်။

ယခုမေးလာသည်များကိုဖြေကြားလက်စ နှင့် သူ့အကြောင်း မှတ်စုများပြန်ရှာထုတ်ကာ ပို့စ်တခုအဖြစ်သီးခြား
ထပ်တင် ပေးအပ်ပါသည်။







ဆလုံလူမျိုးတို့သည် သူတို့ရှာဖွေစုဆောင်းထားသော
ပင်လယ်ထွက်ကုန်များကို ထိုင်း၊ မလေးရှား၊အင်ဒိုနီးရှား
အိန္ဒယ နိုင်ငံများသို့ သွားရောက်ရောင်းချသည်လည်း ရှိသည်။
အိန္ဒိယနိုင်ငံ ပို့တ်ဘလဲတွင်သွားရောင်းသည့် အခါ
ဘင်္ဂလားပင်လယ်ကို ဖြတ်ပီး အဲဒီလှေလေး တွေ နဲ့ဘဲအဲဒီကလေးတွေ ခွေးတွေ ကြက်တွေပါ အကုန် သွားတာ။
စုထားတဲ့ ငှက်သိုက် ငါးကြီးအံဖတ် ငါးစီပေါင်း ခရု
ပုလဲ သံပခြုပ် စသည်တို့သွားရောင်းသည်။



(သံပခြုပ်သည် ရေအောက်ကြမ်းပြင်ရှိ ကြက်မောက်သီး နှင်ပုံစံရောအရွယ်ပါတူသည့် သက်ရှိသတ္တ၀ါဖြစ်သည်။ ဆူးများမှာဆွေးနေသောသံကဲ့သို့ရှိပြီးအလွန်ချွန်ထက်သည်။ စူးမိလျှင်ဆူးကြွေသွားပြီး အသားထဲမြုပ်ကျန် ခဲ့သည်။စက္ကန့်ပိုင်းအတွင်း အဆိပ်တက်ကာ မခံမရပ်နိုင်အောင်နာသည်။ အပြင်းအထန် ယောင်ကိုင်းလာသည်။ရက်အနည်းငယ်အတွင်ယောင်သောနေရာပုတ်သွားသည်)အတွင်းသားမှာမူအလွန်နူးညံ့ပြီးခွန်အားကိုတိုးစေသည်ဟု ဆိုသည်။


ရေအောက်ကျမ်းခင်းမှာ ခရု ဂုံး ခရင်း ကမာ ရေအောက်သတ္တ၀ါများစွာနှင့်အတူတွေ့နိုင်သော သံပခြုပ် (ဖြူ)





သံပခြုပ်(နီ)






သံပခြုပ်ကို Sea Urchins ဟုခေါ်သည်။
(The name urchin is an Old English name for the round spiny hedgehogs sea urchins resemble.)
အရွယ်အစားမှာ ၃စင်တီမီတာမှ ၁၀စင်တီမီတာ ရှိသည်။
ဆူး spines များမှာ၁ စင်တီမီတာမှ၃စင်တီမီတာရှည်ပြီး ၁မီလီမီတာမှ ၂မီလီမီတာ လုံးပတ်ရှိသည်။
Caribbean နွယ်ဝင် Diadema antillarum မျိုးမှာ ၁၀စင်တီမီတာမှ ၂၀စင်တီမီတာရှည်သည်။


အခွံခွဲထားပုံ












မဆလခေတ်က ပါတီဥက္ကဌကြီးဦးနေ၀င်းသည် ပုလဲကျွန်းရှိ သူ၏အပန်းဖြေအိမ်ကြီးတွင် လာရောက်အနားယူတိုင်း စားသုံးလေ့ရှိ
ကြောင်းကြားဖူးသည်။



2 comments:

  1. ကိုကမ္ဘာမကြေရေ----
    ထူးဆန်းတယ်နော်
    ဗဟုသုတတော်တော်ရတယ်--
    ကျေးဇူးတင်ပါတယ်--
    ကျမဆီမှာ အွန်လိုင်းမိတ်ဆွေမှာ လင့်ထားပါလား
    သူငယ်ချင်းတွေဖတ်လို့လွယ်အောင်--
    ပျော်ရွှင်ပါစေ---

    ReplyDelete
  2. ထပ်လာဖတ်ပါတယ်--ကိုကမ္ဘာမကြေရေ---
    ပျော်ရွှင်ပါစေ--

    ReplyDelete