9/29/2009

ဘိုးဘွားအမွေ ကျနော်တို့ နှင့် အနာဂါတ် ဗမာပြည်

တို့ပြည်အရေးမို့

Environment Change

(၁) ဘာလုပ်ကြမလဲ
ဆန္ဒ ခံ ယူပွဲ ကျင်းပ ပြီးနောက် ဖွဲ့စည်းပုံ အသစ်ကြီးနဲ့ ရွှေးကောက်ပွဲကျင်းပမယ် လို့ကြေငြာထားတဲ့ ဒီအချိန်မှာ ကျနော်တို့ရဲ့ တိုင်းပြည် အခြေအနေဟာ အလွန်ဆိုးဝါး နေတယ်ဆိုတာတော့ တိုင်းပြည်ချစ်တဲ့သူအားလုံး သဘောတူကြမယ် ထင်ပါတယ်။ ဒီတော့ကျနော်တို့ ဘာလုပ်ကြမလဲ ။
-သဘာဝ ဝန်းကျင် နဲ့ ပါတ်သက်လို့  ဆွေးနွေးပြောဆို ကြတဲ့ အခါ –တကမ္ဘာလုံး အတိုင်း အတာနဲ့  စဉ်းစားဆင်ခြင် ပြီး ဒေသအလိုက် အရေးယူဆောင်ရွက် ကြဖို့  လိုတယ်---ဆိုတာကို ပြောဆို ကြလေ့ ရှိ ပါတယ်၊၊ ခုကျနော် တို့  ဗမာပြည် ဒီမိုက ရေစီ ရေးလှုပ်ရှားသူတွေအနေနဲ့ လည်း ဒီသဘောမျိုးစဉ်းစား ကြံဆ လုပ်ကိုင်ကြဖို့  လို မယ်လို့ ယူဆမိပါတယ်၊၊

-ဗမာပြည် ဒီမိုကရေစီ ရေးလှုပ်ရှားမှုဟာ အနှစ် ၂ဝ၊ နီးလာခဲ့ပါပြီ၊ အမျိုးသား တိုင်း ပြည် ပြန်လည်ပြုပြင် တည်ဆောက်ရေး ကိုလည်း စစ်အစိုးရနဲ့  အတိုက်အခံတို့  နှစ် ဘက်စလုံး ဘယ်ဘက်ကမှ သိသိသာသာ ထိုးထွက်ဦးဆောင်ပြီး လုပ်ဆောင်နိုင်တာ မတွေ့ ရသေးပါဘူး၊၊ အမျိုးသားတိုင်းပြည် နဲ့  ပြည်သူလူထုကတော့ အချိန်နဲ့  အမျှ ဒုက္ခ ဆင်းရဲ တွေနဲ့  ပြဿနာ ပေါင်းစုံကြားမှာ နစ်မွှန်း မြုပ်ဆင်း သွားနေပါတယ်၊၊ ဒီအမျိုးသားရေး အကြပ်တည်းကို ကျနော်တို့  အချိန်မှီ အခါမှီ မဖြေရှင်း နိုင်ကြဘူး ဆိုရင် ကမ္ဘာကြီးရဲ့  ဒီတချီ အလှည့် အပြောင်းမှာလည်း ကျနော်တို့ ရဲ့  ဗမာပြည်ဟာ ကျဆုံး အမျိုးသားစာရင်း ဝင်သွားတော့ မှာပါ၊၊ ဒီတော့ ကျနော်တို့  ဘာလုပ်ကြမလဲ၊၊

ဘာလုပ်ကြမလဲ ဆိုတဲ့မေးခွန်းကိုရောက်လာတဲ့ အခါတိုင်း ကျနော်တို့တွေဟာ အဖြေ ပျောက် သွားတတ်သလို မရေမရာလဲဖြစ် သွားတတ်ပါတယ်။

-အောင်မြင်သွားခဲ့ကြတဲ့ အမျိုးသားနိုင်ငံ များ၊ တိုင်းပြည်များရဲ့ သမိုင်းနဲ့  အောင်မြင် နေကြတဲ့ အမျိုးသားတိုင်းပြည် တွေကို လေ့လာပြီး၊ သင်ခန်းစာ ယူကြဖို့  ဆွေးနွေးတဲ့ အခါမှာ ကျနော်တို့ တွေဟာ၊----အဲဒီတိုင်းပြည်၊အဲဒီလူမျိုးတွေမှာတော့၊ ကောင်းမွန် တဲ့ အချက်အလက်တွေ၊ အရည်အချင်းတွေ နဲ့  ပြည့်စုံတယ် အခွင့်အခါကောင်း တွေနဲ့  ကြုံရတယ်၊၊ ဒို့ မှာတော့ အဲဒါမျိုးတွေ မရှိဘူး၊ အခွင့်ကောင်း အခါကောင်းတွေ မကြုံရဘူး အဲဒါကြောင့် ငါတို့ ကတော့ မအောင်မြင် နိုင်ဘူး-လို့ ၊အဆိုးမြင်စိတ် အရှုံးပေးစိတ် နဲ့  ဘဲစဉ်းစားကြပါတယ်။ အောင်မြင်ဘို့ အတွက် လိုအပ်နေသေးတယ် ဆိုတဲ့ အချက် အလက် တွေအရည်အချင်းတွေ ပြည့်စုံလာအောင် ဘာလုပ်ကြမလဲ ဘယ်လိုလုပ်ကြ မလဲ လို့  ကြံဆတဲ့ ဆီကို မရောက်လာပါဘူး၊ အခြားသူတွေနဲ့  တခြားနေရာမှာ ရှိတဲ့ ချို့ ယွင်းအားနဲချက်တွေ ကိုဘဲလက်ညိုးထိုး အပြစ်တင်စကား ပြောတာကလွဲ လို့ ၊ ဘယ်လိုပြုပြင် ကြမလဲ ဆိုတဲ့ဆီရောက်မလာ ကြပါလာကြပါဘူး၊၊
-တော်လှန်ရေး ဆိုတာ၊ အမျိုးသားနိုင်ငံ တခုပြုပြင်တည်ဆောက်ရေး ဆိုတာ၊ အမျိုးသားအကြပ်အတည်းကြီး တခုကို ဖြေရှင်းဖို့ ဆိုတာ၊ တဦးကောင်း တယောက် ကောင်း၊ တဖွဲ့ ကောင်းတစုကောင်း လောက်နဲ့  မရနိုင်ပါဘူး၊ လူအများကြီးနဲ့  သက်ဆိုင် တဲ့ ကိစ္စပါ၊၊ ဒီနေရာမှာ စဉ်းစားဆင်ကြဉ်ရမှာက အဲဒီလူအများကြီး ဆိုတဲ့ အထဲမှာ ကိုယ်လဲ တယောက်အပါအဝင် ဖြစ်ပြီး၊ ကိုယ့်ရဲ့ အဖွဲ့ ၊ ကိုယ့်ရဲ့  အစုအစည်း၊ ဟာလဲ အစိတ်အပိုင်း တခုဖြစ်တယ်၊ ဆိုတာပါဘဲ၊၊
ဒီတော့ ပြုပြင် ပြောင်းလဲ ဖို့ ကိစ္စ၊ စွန့် လွှတ်စွန့် စား ဖို့ ကိစ္စ၊ အနစ်နာခံဖို့ ကိစ္စ၊ တွေကို တခြားလူတွေကို ဘဲ တောင်းဆိုနေလို့ ၊ မဖြစ်နိုင် ပါဘူး၊၊ ကိုယ့်ကိုကိုယ်လဲ စစ်ဆေးမေးမြန်းပြီး၊ တောင်းဆိုရပါလိမ္မယ်၊၊ ဒီနေရာမှာ ကျနော် စပြီးပြောချင်တာက သဘာဝဝန်းကျင် သမားတွေပြောတဲ့ (think gobally act locally) ဆိုတာလိုဘဲ၊ ကျနော်တို့ အနေနဲ့  တစုံလုံး အတိုင်းတာအထိ စဉ်းစား ကြံ ဆ၊ပြောဆို ဆွေးနွေးကြပြီး၊ ကိုယ်တိုင်ကစလုပ်ဖို့ ၊ လက်လှမ်းမှီတဲ့ နေရာကစလုပ်ဖို့ ၊ ဆို တာပါဘဲ၊၊ တစုံလုံးအတွက်စဉ်းစား ကိုယ်တိုင်ကစလုပ် လို့ ဆိုရမယ်ထင်ပါတယ်၊၊

-နောက်တခု ကျနော်ဆွေးနွေးချင်တာက စဉ်းစားကြံဆချက် နဲ့ ပါတ်သက်လို့ ပါ၊ ကျနော်တို့ တွေ အားလုံးဘဲ၊ အနည်းနဲ့ အများတော့ စဉ်းစားကြံဆ ကြပါတယ်၊ ဒါပေမဲ့ အကြံဥာဏ် တွေ၊ ကြံဆချက် တွေရဲ့ အများစုက –ကြောင်ကိုချူဆွဲဖို့  ကြံဆချက် -တွေ ဖြစ်နေတတ်ပါတယ်၊၊

ဒီနေရာမှာ ဇါတ်လမ်းအကျဉ်းလေး ပြန်ရေးပြရပါလိမ္မယ်၊၊ ဟိုးတခါ တုံးက ပေါ့လေ၊ ကြွက်ဖမ်းတာ အလွန်တော်တဲ့ ၊ ကြွက်လဲ အလွန်ကြိုက်တဲ့ ကြောင်ကြီး တကောင် ရှိသတဲ့၊၊ ဒီတော့ အဲဒီနေရာမှာရှိတဲ့ ကြွက်တွေခမျာ အလွန်ဒုက္ခရောက် နေ ကြတာပေါ့ ၊ကြောက်လဲ ကြောက်နေကြရ တာပေါ့ ၊ ဒါနဲ့ တနေ့ မှာတော့ ၊ကြွက်တွေ ကြားထဲ အတော်တွင်ကျယ်တဲ့NGO ကြွက်တကောင်က အစည်းဝေးခေါ်ပြီး၊ ဒီ ပြဿနာကို ဘယ်လိုဖြေရှင်း ကြ မလဲ ဆိုတဲ့ အဖြေရဖို့ ၊ workshop meeting ၊ တခု လုပ်တာပေါ့၊ အဲဒီ အချိန်မှာ ကြွက်တွေထဲက ခပ်ထောင်ထောင် တကောင်က ဒီလို ဆွေးနွေးတယ်တဲ့၊ - ဒီကြောင်ကြီးဟာ ခြေသံအလွန် လုံပြီး၊ ပိရိ သပ်ရပ်လွန်းလို့ ၊ ကြောင်ကြီး လာနေတာကို မသိလိုက်ရလို့ ၊ ဖမ်းစားတာခံကြရတာဖြစ်တယ်၊ တကယ်လို့ ကြောင်ကြီးလာနေတာ ကိုသာသိကြရရင် လွတ်အောင်ပြေးနိုင် ကြမှာဘဲ၊ ဒီတော့ ကြောင်ကြီးလာနေတာကို သိရအောင် ဒီကြောင်ကြီးရဲ့  လည်ပင်းမှာ ချူတလုံး ဆွဲပေးထားလိုက် ရင်ကောင်းမယ်- ဆိုတာဘဲ၊၊ ကျန်တဲ့ ကြွက်တွေကလဲ –ဟာ သိပ် ကောင်း တဲ့ အကြံ ဘဲ ဆိုပြီး၊ အားလုံး ဝိုင်းသဘောတူ ကြတာပေါ့ ဒီတော့ ကြောင်ကြီး ရဲ့ လည်မှာ ချူတလုံး ဆွဲထားပေးဖို့  ၊ ဆုံးဖြတ်လိုက် ကြပါလေရော၊၊ ဒီတော့ ကြောင် ကြီး ရဲ့ လည်မှာ ချူသွားဆွဲ မယ့် ကြွက်တကောင် ကို ရွှေးဖို့ လိုအပ်လာတာပေါ့၊ ဒီမှာတင် ကြွက်တွေလဲ တကောင်ပြီးတကောင် အလျှိုလျှို ထွက်သွားလိုက် တာ အစည်းဝေးခန်း ထဲမှာ တကောင် တမြီးမှ မကျန်တာနဲ့  အစည်းဝေးလဲ ပြီးပြီးပျက်ပျက်၊ ဖြစ်သွားတာပေါ့လေ၊၊


- ဒီလိုပါဘဲ စိတ်ကူးကြံဆချက် အတော်များများ ဟာ လက်တွေ့ ဖြစ်မလာ နိုင်တာတွေ ရယ်၊ ကိုယ်တိုင်တာဝန်ယူမှု မရှိတာတွေရယ် ဖြစ်နေတတ်ပါတယ်၊၊ တစုံလုံးအတွက် စိတ်ကူးချက်တွေဟာ ကိုယ်တိုင်လုပ်ဖို့  ဘာတခုမှ မပါဘဲ သူများကိုတိုက်တွန်းဖို့  တွေ ဖြစ် နေ ပြီး၊ ကိုယ်တိုင်လုပ်ဖို့ စိတ်ကူးတွေကြတော့ တစုံလုံးအကျိုးရှိရေးမပါဘဲ တဦး ကောင်း တဖွဲ့ ကောင်း၊ အကျိုးရှိရေး ဖြစ်နေတတ်တာအပြင် တခါတလေ တစုံလုံးအကျိုး ကိုထိခိုက်စေနိုင်တာ မျိုးတောင် ပါနေတတ်ပါသေးတယ်၊၊ ကျနော်တို့လိုနေတဲ့ ကြံဆ ချက် မျိုးက တစုံလုံးအတွက်ဖြစ်ရမယ်၊ ကိုယ်တိုင် အပါအဝင် နေရာတိုင်းက လူတိုင်းက ပါဝင် ပါတ်သက် တာဝန်ယူနိုင်၊ အကောင်အထည်ဖေါ် နိုင်တာမျိုး ဖြစ်ရပါလိမ္မယ်၊၊
ပထမဆုံးအနေနဲ့ ကျနော်တို့ တွေ ကိုယ့်ကိုကိုယ် မေးမြန်းတောင်းဆိုကြည့် ကြရင် ကောင်းမယ် ထင်ပါတယ်။ ဒီနေ့ မြန်မာပြည် ဒီမိုကရေစီရေး အတွက် ကိုယ်ဘာ လုပ်နိုင်မလဲ ။
(တခြားလူတွေကိုတော့ နောက်မှ မေးကြတာပေါ့။)

(၂)ဘယ်လောက်လုပ်ကြမလဲ။
လူတွေကို သူတို့မတတ်နိုင်တာမျိုး အတွက် တောင်းဆိုတာ မျိုး၊ သူတို့မတတ်နိုင် လောက်အောင် အလွန်အကျွံ တောင်းဆိုတာမျိုး၊ မ ဖြစ်သင့်ပါ ဘူး၊၊ ဘယ်သူကဖြစ်စေ၊ တိုင်းပြည်နဲ့ လူမျိုးအတွက်၊ ဒီမိုကရေစီရေးအတွက် သူတို့တတ်နိုင်သမျှနဲ့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ ပါဝင်တာ၊ ကူညီတာ၊ ပေးအပ်တာ၊ ပေးဆပ်တာ၊ မှန်သမျှကို အသိအမှတ် ပြု လက်ခံကြိုဆို ရပါလိမ္မယ်၊၊ ဒီလိုနဲ့ လူတိုင်းပါဝင်လာအောင်လဲ လုပ်ရမယ်၊၊ ဒါမှသာ လူထုရဲ့ ဒီမိုကရေစီစံနစ်၊ လူထုရဲ့အစိုးရ၊ လူထုအတွက်အစိုးရ၊ လူထုကလုပ်တဲ့အစိုးရ၊ ဖြစ်လာမယ်၊၊ လူထုကလုပ်တဲ့ ဒီမိုကရေစီ အောင်ပွဲ ဖြစ်လာမယ်၊၊
ဒီလိုမလုပ် နိုင်ကြဘူး၊ ဒီလိုမဟုတ်ဘူးဆိုရင်၊ လူထုမှာလဲကယ်တင်ရှင် မျော်တဲ့ စိတ်ဓါတ်နဲ့ အရှုံးပေး အညံ့ခံတဲ့ သိမ်ငယ်တဲ့စိတ် ပျောက်မှာမဟုတ်ဘူး၊၊ အရာရာကို အဆိုးမြင်တဲ့၊ အရွဲ့ တိုက်တဲ့ ၊အ ဖျက်စိတ်တွေ လဲ ပျောက်မှာမဟုတ်ဘူး၊၊ ဒီလိုဆိုရင် ဂဂ-က စတဲ့ လှုပ်ရှားမှုကြီးဟာလဲ လူတစုလက်ထဲက အာဏာကို နောက်လူတစု လက်ထဲ လွှဲပြောင်းယူဖို့၊ ကြိုးစားတဲ့ အဓိပ္ပါယ်ထက်၊ ပိုမှာမဟုတ်ဘူး။ ဒါဆိုရင် တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီထွန်းကား အောင် လုပ်ဖို့၊ စုစည်းညီညွှတ်အောင် လုပ်ဖို့၊ အေးချမ်းတည်ငြိမ်အောင် လုပ်ဖို့နဲ့ ၊ ကောင်းမွန်တဲ့ အဆင့်နေရာရအောင်၊ မြှင့်တင်ဖို့ ဆိုတာလဲ မဖြစ်နိုင်ဘူး။ ဒါ့ကြောင့် လူတိုင်းရဲ့လှုပ်ရှားမှု၊ လူတိုင်းနဲ့ သက်ဆိုင်တဲ့ လှုပ်ရှားမှု၊ ဖြစ်အောင်လုပ်ကြရလိမ္မယ်။ လူ တိုင်း ပါဝင်နိုင်မယ့် နည်းလမ်းတွေကို ကြံဆတီထွင် ကြရလိမ္မယ်၊၊
ကျနော်တို့ဟာ ဘာမှ မစွမ်းဆောင်နိုင်တဲ့ သူတွေမဟုတ်သလို ၊ အတိုင်းအဆမရှိ စွမ်းဆောင် နိုင်ကြတဲ့သူတွေလဲ မဟုတ်ကြပါဘူး။ ဒီတော့ ကိုယ်နိုင်သလောက် တော့ ကိုယ် လုပ်ကြတာပေါ့ ။ ကိုယ့်တိုင်းပြည်ကို တကယ်ချစ်ဖို့ ဘဲလိုပါတယ်။

(၃)ဘာတွေဖြစ်နေတာလဲ၊
--၈၈ – လူထုတိုက်ပွဲ ကြီးက ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ မင်းကိုနိုင်၊ ကိုကိုကြီး စသည့် ခေါင်းဆောင်ကြီး ငယ်များကို မွေးထုတ်ပေးလိုက် ပါသည်။ NLD- ABSDF- စသည့် အဖွဲ့ အစည်းကြီးငယ် အမျိုးမျိုးကိုလဲ မွေးထုတ်ပေးခဲ့ပါသည်။ ၈၈-လူထုအုံကြွမှုကြီးကို စစ်အစိုးရက ပစ်ခတ်သတ်ဖြတ် နှိမ်နင်းခဲ့ လို့  လူထုတိုက်ပွဲ နောက်ဆုတ်ပေးခဲ့ ရပေမဲ့ ကျနော်တို့ နေနဲ့ အလုံးစုံ ဆုံးရှုံးခဲ့ ရတာမဟုတ်ပါဘူး။ တိုက်ပွဲရဲ့ အောင်သီးအောင်နှံ တွေအဖြစ် လူထုခေါင်းဆောင် တွေနဲ့ အစု အစည်း တွေ ယန္တယားတွေ ရထားလိုက်ပါတယ်။ ဒါတွေကို ထိမ်းသိမ်းကာကွယ်ပြီး အဆုံးစွန် အောင်ပွဲ အထိ တိုးချဲ့  ကြရပါမယ်။ အရည်အချင်း ရော အရည်အတွက်ပါ တိုးတက် အောင်လုပ်ကြရပါမယ်။
--ဒေါ်အောင်ဆန်းစုကြည်ကို တပြည်လုံးက ယုံကြည်အားထား ကြတယ်၊ နိုင်ငံတကာ လဲ အသိအမှတ်ပြုကြတယ် ဒါပေမဲ့ ကျနော်တို့ အောင်ပွဲကိုတော့ လွယ်လွယ်နဲ့ မြန်မြန် ရဖို့ မမျှော်မှန်းနိုင်သေးပါဘူး။


ဘာဖြစ်လို့လဲ---------ဒေါ်အောင်ဆန်းစုကြည် ဟာ ဘယ်လောက်ပဲ တော်တော် အရာရာကို ပြီးမြောက်စေနိုင်တဲ့ တန်ခိုးရှင် တော့ မဟုတ် ပါဘူး၊ သူတဦးတယောက် တည်းအစွမ်းနဲ့ ကျနော်တို့လိုချင်တာ အားလုံးကို ဖြည့်စွမ်း ပေးလိမ္မယ် လို့ မျှော်လင့်လို့ မရပါဘူး။ သူဘယ်လောက် ဉာဏ်ပညာ အမျှော်အမြင်နဲ့ ပြည့်စုံတယ်၊ စွန့်လွှတ်အနစ်နာခံတယ်၊ နိုင်ငံရေးအကွက် မြင်တယ်၊ ပြောကြရင်လဲ၊ သူဦး ဆောင်မောင်းနှင်ရမဲ့၊ အစုအစည်း အသင်းအဖွဲ့တွေက၊ အရည်အတွက်၊ အရည်အသွေး နဲ့ နည်းစနစ် တွေ၊ နိမ့်ကျညံဖျင်း နေတယ်ဆိုရင်၊ သူ့အရည် အချင်းကို၊ ပြခွင့်ရမှာ မဟုတ်ပါဘူး။ သူလဲဘဲ မသန်မစွမ်း ခေါင်းဆောင်ဘဝကို ပဲ ရောက်သွားပါလိမ္မယ်။ ထို့နည်းတူ တခြားခေါင်းဆောင်တွေလဲ ဘယ်လိုပေါ်လစီ ၊ ဘယ်လိုစတိုင် နဲ့ဘဲ လာလာ အစွမ်းပြခွင့် မရ၊ အစွမ်းမပြနိုင်တဲ့ ခေါင်းဆောင်တွေသာ ဖြစ်သွားပါလိမ္မယ်။

--ဒီလို ဘာကြောင့် ဖြစ်နေသလဲ ဆိုတော့---လွယ်လွယ်နဲ့ တိုတို ပြောရရင်၊ ကျနော် တို့တတွေရဲ့၊ ကယ်တင်ရှင် မျှော်တဲ့ အယူအဆ ကြောင့် ဘဲ ဖြစ်ပါတယ်၊ ဒီလိုပြောလိုက် တော့ နက်နက် ရှိုင်းရှိုင်း ၊ ရှည်ရှည်ဝေးဝေး မစဉ်းစားဘဲ၊ လူတိုင်းက ကိုယ်နဲ့ သိပ်မဆိုင် သလို နေလိုက်ကြ ပါလိမ္မယ်။ ကယ်တင်ရှင် မျှော်တဲ့ စိတ်ဓါတ်ဆိုတာ အချောင်သမား စိတ်ဓါတ်၊ အချောင်ခိုတဲ့ စိတ်ဓါတ်ကို ဆိုလိုတာပါ။ အဲဒါကြောင့် ၊ ဂဂ- တိုက်ပွဲကြီးက ရလိုက်တဲ့ အောင်သီးအောင်နှံတွေ ဖြစ်တဲ့ လူထုခေါင်းဆောင် တွေနဲ့ လူထုရဲ့ အဖွဲ့ အစည်း ယန္တယား တွေဟာ ကြုံလှီ သိမ်ဖျင်း သလို၊ ဖြစ်နေရတာပါ။ ထွားကြိုင်း အောင်မြင်၊ ခန့်ငြားတဲ့ အောင်သီးအောင်နှံ တွေရချင်တယ် ဆိုရင်တော့ ကျနော်တို့ က ပြင်ဆင်ဖို့ ကြိုးစားဖို့ လိုပါတယ်။ ရှင်းရှင်း လင်းလင်း ဖြစ်ဖို့ အတွက်၊ ကျနော့ ရဲ့ အမြင် ကို ပိုပြီးအသေးစိတ် ပြောရပါလိမ္မယ်။

--ကျနော်တို့ က ရံပုံငွေ တပြားမှ မထဲ့ချင်တဲ့ ပါးစပ်နဲ့သာ ထောက်ခံအားပေး သူတွေ ဆိုရင် ၊ ကျနော်တို့ရမဲ့ ခေါင်းဆောင်နဲ့ အဖွဲ့အစည်းတွေဟာ ငွေကြေးအရ ပြင်ပကိုအား ကိုးနေရတဲ့ ၊ သူများသြဇာမကင်းတဲ့ ခေါင်းဆောင်တွေ အဖွဲ့ အစည်းတွေဘဲဖြစ်မှာပေါ့။ သူတို့ကချမှတ်နိုင်တဲ့ ပေါ်လစီတွေ လုပ်ငန်းစဉ်တွေ ဆိုတာလဲ ဘယ်လိုလုပ်ပြီး ထက်မျက် ပြတ်သား နိုင်တော့မလဲ။ ကိုယ့်စိတ်ကြိုက် ဘယ်ဟုတ်တော့မလဲ။

--တချို့တွေဆိုရင် ဒီကနေတဆင့် တက်လို့ ၊ထောက်ခံရင် အစည်းဝေးတက်ရင်၊ သင်တန်း တက်ရင်၊ အဖွဲ့ဝင်ရင်၊ နေ့တွက် ဘယ်လောက်ရမလဲ၊ ဘာအခွင့်ရေးရမလဲ၊ လစာဘယ်လောက်ရမလဲ၊ လို့တောင် တောင်းဆိုတာမျိုး ကြားရတွေ့ရတာ၊ တွေရှိပါ တယ် ၊ ဒီတော့လဲ ဒီလူမျိုးတွေကို အုပ်ချုပ်ဖို့ ၊ ပြည်သူကို သေနပ်နဲ့ ထောက်၊ တိုင်းပြည် ဘဏ္တာကို မောင်ပိုင်စီးပြီး အုပ်စုလိုက် အခွင့်အရေးရှာတက်တဲ့ ဓါးပြသာသာ အစိုးရမျိုး ၊ ရတာမဆန်းလှဘူးထင်ပါရဲ့။

--ကျနော်တို့ တွေက အပင်ပမ်း ခံစရာ မလိုရင် နောက်ကလိုက်မယ်၊ အခွင့်အရေး ရ ရင် နောက်ကလိုက်မယ် ဆိုတဲ့၊ နောက်လိုက်တွေ ဆိုရင်၊ ကျနော်တို့ရမဲ့ ဦးဆောင်သူ တွေ ဟာလဲ၊ ကျနော်တို့ ကို ရရာနေရာ ကနေ လိမ်ညာခိုးဝှက် ကြွေးနေရတဲ့ သူတွေဘဲ ဖြစ်မှာပေါ့ ၊ တည့်တည့်မတ်မတ် ခိုင်ခိုင်မာမာ ဦးဆောင်မှု ပေးတဲ့ ခေါင်းဆောင်ဘယ် ဟုတ်တော့မလဲ။

--တချို့တွေဆိုရင် ဒီကနေ တဆင့်တက်လို့ ဒီနေရာမှာ အနေကြပ်လာရင် ဟိုနေရာကို ပြေး ၊ ဟိုးဘက်မှာ အခွင့်အရေးသာရင် ဟိုးဘက်ထပ်ပြောင်း ၊ လဲ လုပ်ကြပါသေးတယ်။ လုပ်ထုံးလုပ်နည်း မှားနေရင် ပြင်ဖို့၊ ဦးဆောင်မှု ပုံစံ မှားနေရင် ပြင်ဖို့၊ ခေါင်းဆောင် ဖေါက်ပြန်ရင် အစားထိုး လဲလှယ်တင်မြောက်ဖို့ ၊စတာတွေ အဖွဲ့တွင်းမှာ ဒီမိုကရေစီ နည်းကြကြိုးစား တာထက် စိတ်ဆိုးစိတ်ကောက် လုပ်ပြပြီး အဖွဲ့ကထွက် သွားကြတော့ အဖွဲ့အစည်းတွေ နဲ့ ယန္တယားတွေဟာ တိုးတက် ကြီးထွားမ လာ ဘဲ၊ ဆုတ်ယုတ် ကျဆင်းလာတာ လဲ မဆန်းပါဘူး။ ရွှေ့ကြ ပြောင်းကြသမျှ ကလဲ၊ ပိုပြီးအပင် ပမ်း ခံရမဲ့ နေရာ၊ စည်းစံနစ် ကြီးမဲ့နေရာ၊ စွန့်လွှတ်စွန့်စားရမဲ့နေရာ၊ ကို သွားကြတာမရှိ ဘဲ၊ ပိုသက်တောင့်သက်သာ ဖြစ်မဲ့နေရာ၊ ပိုဘေးကင်းလုံခြုံရာ၊ ပိုလို့ အခွင့်အလမ်း များတဲ့ နေရာ ကိုသာသွားကြတာ ဖြစ်ပါတယ်။ ဒါကိုလူမျိုး တမျိုးလုံး လိုလို ကလဲ ကျင့်သုံးလိုက်ရော၊ ကျနော်တို့ ဗမာပြည်ဟာ လာမဲ့ ကမBာ့အလှည့် အပြောင်းမှာ၊ ကျဆုံးအမျိုးသား တိုင်းပြည်ဖြစ်ဖို့ အလားအလာ သိပ်များသွားတာပေါ့။ ဒီလိုအမျိုးသား တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည် က ဖြစ်စေ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကဖြစ်စေ၊ ဦးဆောင် ကယ်တင်နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ တမျိုးသားလုံး လိုလို လူအများစုက အချောင်ခိုတဲ့စိတ်ဓါတ် မွေးပြီဆိုရင် ရလာမဲ့ ရလဒ်ပါဘဲ။

--ကျနော်တို့တွေဟာ ဘာမှအနစ်နာခံစရာ မလိုဘူး၊ စွန့်လွှတ်စွန့်စားစရာမလိုဘူး၊ ဆိုရင်တော့ လုပ်မယ်၊ တက်ကြွ တယ် ဆိုတဲ့ အဖွဲ့ဝင်တွေ၊ လှုပ်ရှားသူတွေ၊ ဖြစ်ပြီး၊ တခုခုတော့ စွန့်လွှတ်စွန့်စား ရမယ်၊ အနာခံရမယ်၊ ဆိုရင်တော့ တွန့်ဆုတ်ငြင်းပါယ် ကြ တယ်၊ မသိကြိုးကျင် လုပ်နေကြတယ် ဆိုရင်တော့။ ကျနော်တို့ရဲ့ အစုအစည်း တွေ ယန္တယားတွေ ကို ဦးဆောင်ရမဲ့ ခေါင်းဆောင်တွေဟာ လဲ ဘာတိုက်ပွဲကိုမှ ဖြစ်ဖြစ် မြောက်မြောက် မတိုက်နိုင်တဲ့ ခေါင်းဆောင်တွေဘဲ ဖြစ်လာမှာပေါ့။

--တချို့တွေကတော့ ၊ အခွင့်အရေးရဖို့ဆိုရင် လုပ်မယ်၊ အောင်မြင်ကြော်ကြားဖို့ ဆိုရင် လုပ်မယ်၊ ဘေးကင်းလုံခြုံတယ် ပျော်စရာလဲ ကောင်းတယ် ဆိုရင် လုပ်မယ်ဆိုတာ အထိ ဖြစ်လာတော့ ၊ ကျနော်တို့ရဲ့ အစုအစည်း ယန္တယားဆိုတာတွေဟာ၊ အုပ်စုဖွဲ့ထား တာတွေနဲ့ ခေါင်းဆောင်ဆိုတာလဲ အုပ်စုဗိုလ်တွေ ဘဲ ဖြစ်လာ တော့မှာပေါ့။ မှန်တယ် မှားတယ် ဆိုတာနဲ့ မတိုင်းတာဘဲ၊ ကိုယ့်ကို ဘယ် လောက် အလိုလိုက်တယ် ဆိုတာနဲ့ တိုင်းပြီး ၊ကိုယ့်လိုအပ်ချက် ရှိသမျှ အတွက်သာ လုပ်ကြ ကိုင်ကြတာ ဆိုရင်။ ပြီးတော့ လုပ်ငန်းစဉ်ကို ကြိုက်လို့၊ ပေါ်လစီကို ကြိုက်လို့၊ ကိုယ်ရည်ကိုယ်သွေးနဲ့ စံပြအမူအကျင့် ကိုကြိုက်လို့၊ ထက်မျက်မှု နဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို ကြိုက်လို့၊ ဝန်းရံလာကြတာမျိုး မဟုတ်ဘူးဆိုရင်၊ အဝန်းရံခံရတာ မျိုး မဟုတ်ဘူးဆိုရင်၊ ကျနော်တို့ ရလာမဲ့၊ ခေါင်းဆောင်ဆိုတာ အုပ်စုရဲ့ နောက်မြီးဆွဲ၊ အနှစ်မရှိတဲ့ တောက ကြက်ဆူပင်လို အုပ်စုဗိုလ်တွေ ဘဲ ဖြစ်တော့မှာပေါ့ ။

---ဒီတော့ကျနော်တို့ အနေနဲ့ ထက်မျက်တောက်ပြောင်တဲ့ ကြိုင့်ခိုင်အားကောင်း တဲ့ ခေါင်းဆောင်တွေ အစုအစည်းတွေ ယန္တယားတွေ ရချင်တယ် ဆိုရင်၊ ကျနော်တို့ကိုယ် ၌ က ပြင်ဆင်ကြိုးစားကြရ ပါလိမ္မယ်။ ဒီအထိ ပြောလိုက်လို့ ကျနော်တို့ရဲ့ အခြေအနေက မျှော်လင့်ချက် ကုန်နေပြီ လို့တော့မထင် ပါနဲ့။ မျှော်လင့်ချက်တွေ အများကြီး ရှိနေသေးလို့ ပြောနေရေးနေတာ ဖြစ်ပါတယ်။

-- ဦးဆောင်မှု နေရာ မှာ ရောက်နေတဲ့ သူများကလည်း ဘုန်းရှင် ကံရှင် အယူအဆ ကို စွန့်လွှတ် ဖို့ လိုပါတယ်။ ကျန်တဲ့ သူတွေကို အသိအမှတ်ပြု ဖို့ လိုပါတယ်။ဒီ ဘုန်းရှင် ကံရှင် အယူအဆက ဘာဆိုးကျိုးတွေ ပေး သလဲဆိုတော့၊ အဖွဲ့အစည်း တွေ အတွင်းမှာ စည်းလုံးမှု နဲ့ ပူးပေါင်းဆောင်ရွက်မှု တွေ ပျက်ပြား စေလို့ ဖြစ်ပါတယ်။ အဓိက ထိခိုက်စေတာက စိတ်ဓါတ်ပိုင်း နဲ့ အတွေးအခေါ် ပိုင်းကိုဖြစ်ပါတယ်။
ခေါင်းဆောင်အကြီးအငယ် နဲ့ ကြွယ်ဝမှု အခွင့်အလမ်း အနည်းအများပေါ်မူတည်ပြီး ရောဂါအနု အရင့် ကွဲကြပေမဲ့ ကျနော်တို့ ဗမာပြည်က လူတွေထဲမှာ အတော် ကျယ်ကျယ် ပြန့်ပြန့် ရှိနေတဲ့ ပြဿနာ ဖြစ်ပါတယ်။

-- အာဏာလည်း လက်ထဲမှာ ရှိနေပြီးတော့ တိုင်းပြည်ရဲ့ ဘဏ္ဍာပေါ် လဲ ခွ ထိုင် ထား တဲ့ စစ်ဗိုလ်များမှာတော့ အဆိုးဝါး ဆုံးနဲ့ ထင်ထင် ရှားရှား ရှိနေတာပေါ့ ၊ ဒီမိုကရေစီ ဘက်တော်သား တွေမှာလဲ မကင်းပါဘူး ၊ ဘာဖြစ်လို့ ဒီ ဘုန်းရှင်ကံရှင် အယူ အဆကို စွန့်လွှတ် ဖို့ ပြောရတာလည်း ဆိုတော့ တိုင်းပြည်နဲ့ လူမျိုး အတွက် ကောင်းကျိုး မပေး ဘဲ ဆိုးကျိုးတွေပေးနေ လို့ ဖြစ်ပါတယ်။

-- ဒီ ဘုန်းရှင်ကံရှင် အယူအဆ ရှိသူတွေဟာ အခွင့်အရေး တွေကိုတော့ ကိုယ့် ဘိုး ဘွား ပိုင်လို သဘောထားကြပြီး၊ တာဝန်ဝတ္တရားတွေကို တော့ ကိုယ်နဲ့ မဆိုင်သလို လုပ်နေကြတော့ အများနဲ့ ညှိနှိုင်းအလုပ်လုပ် ဖို့ က မဖြစ် နိုင်တော့ဘူးပေါ့ ၊ အဲဒီလိုလူ တွေနဲ့က ဘယ်လိုလူတွေဘဲ အတူနေလို့ ၊အတူ အလုပ်လုပ် လို့ ဖြစ်မလဲဆိုတော့ ရွှေးစရာလမ်း မရှိလို့ ကြေနပ်သည် ဖြစ်စေ မကြေနပ်သည် ဖြစ်စေ ခိုင်းတာလုပ်၊ ပေး တာယူ၊ အပိုးကျိုးကျိုးနေ ဆိုတဲ့ သူတွေဘဲ ရှိတော့တာပေါ့ ။ ဒီလိုနဲ့တော့ အင်အားတွေ တိုးချဲ့ ဖို့ ပူးပေါင်းဆောင် ရွက်မှုတွေ တိုးချဲဖို့ ဘယ်ဖြစ်နိုင်တော့မလဲ။ ရသမျှ ရှိသမျှ ပူးပေါင်းဆောင်ရွက်မှု ကလဲ စိတ်စေတနာ အပြည့်နဲ့ ဘယ်ဟုတ်တော့မလဲ၊ အကောင်းဆုံး ဆိုတာမျိုး ဘယ်မျှော်လင့်လို့ ရမလဲ။ ဒီတော့လဲ အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည်တွေ နိမ့်ကြလာရတာ အထူးအဆန်း မဟုတ်တော့ပါဘူး။

-- စင်ကာပူဝန်ကြီးချုပ် ဟောင်းရေးတဲ့ ( အာရှသားတွေ စဉ်းစားတတ်ပါစ ) ဆိုတဲ့ ဆောင်းပါးထဲမှာ-
- - အောင်မြင်တဲ့ လူ့ဘောင်မှာ အလုပ်လုပ်တဲ့ အခွင့်ထူးခံတွေ ရှိပါ တယ်၊ အဲဒီ အခွင့်ထူးခံတွေဟာ သူတို့ရဲ့ လူ့ဘောင်တွေဆီက ရယူဖို့ထက် အဲဒီ လူ့ဘောင်တွေကို ပေးဆပ်ဖို့ ပိုထက်သန် ကြသူတွေပါ။ မအောင်မြင်တဲ့ လူ့ဘောင်တွေ မှာတော့ အကျင့်ပျက် ခြစားနေတဲ့ အခွင့်ထူးခံတွေသာ ရှိပါတယ်၊ -အကျင့်ပျက်ခြစားမှု ဟာ အထောက်အထားနဲ့ ခိုင်ခိုင်မာမာ သက်သေထူဖို့ အင်မတန်ခက်လှတာမို့ မသိမသာလေးနဲ့ အင်မတန်ပျက်စီး သွားစေတဲ့ သဘောမျိုးကို ဆောင်ပါတယ်။ ပြီးတော့လဲ လူထုလူတန်းစား တိုင်းကို အဆင့်တိုင်းမှာ ပျက်စီးသွားစေတာမျိုးပါ။ နောက်ပြီးတော့ အကျင့်ပျက်ခြစား မှုကြောင့် စီးပွါးရေးသက်သက် ကိုသာ ထိခိုက်စေတာ မဟုတ်ပါဘူး။ လူမှု ရေးရော အသိစိတ်ဓါတ် ပိုင်းကိုပါ ထိခိုက်ပျက်စီး စေတာပါ။ အကျင့်ပျက် ခြစားမှုကနေ အဆိုးမြင် ဝါဒနဲ့ အထင်မကြီးတဲ့ စိတ်ကို ပွါးများ လာစေပါတယ်။ ---စသည်ဖြင့် ရေးထားပါတယ်။ သူ့ရဲ့ အကောက်အယူ အတိုင်း ဆိုရင်တော့ ကျနော်တို့ ဗမာတွေရဲ့ လူ့ဘောင် လူ့အဖွဲ့အစည်းမှာ အကျင့်ပျက် ခြစား နေတဲ့ အခွင့်ထူးခံတွေ အတော်များနေတဲ့ လက္ခဏာပါဘဲ။ ဒီအထိ ပြောလိုက်လို့ ကျနော်တို့ရဲ့ အခြေအနေ က မျှော်လင့်ချက် ကုန်နေပြီ လို့တော့ မထင် ပါနဲ့။ မျှော်လင့် ချက် တွေ အများကြီး ရှိနေသေးလို့ ပြောနေရေးနေတာ ဖြစ်ပါတယ်။

(၄)ဘယ်လိုလုပ်ကြမလဲ။
---ဒီတော့ကျနော်တို့ အနေနဲ့ ထက်မျက်တောက်ပြောင်တဲ့ ကြိုင့်ခိုင်အားကောင်း တဲ့ ခေါင်းဆောင်တွေ အစုအစည်းတွေ ယန္တယားတွေ ရချင်တယ် ဆိုရင်၊ ကျနော်တို့ကိုယ် ၌ က ပြင်ဆင်ကြိုးစားကြရ ပါလိမ္မယ်။

-- အဲဒါတွေကြောင့် ကျနော်တို့တွေအနေနဲ့ လက်ရှိအခြေအနေတွေကို မကြေနပ် နှိုင် ကြဘူး ပိုကောင်းတဲ့ ပိုတိုးတက်တဲ့ အားရကြေနပ်စရာ ကောင်းတဲ့ အခြေအနေကို လိုချင်တယ်ဆိုရင် တော့ အပေါ် အောက် အလယ် ရှိသမျှ နေရာတိုင်းက လူတိုင်းဟာ ကိုယ်တိုင်မှာလဲ တာဝန်ရှိတယ် လို ခံယူကြပြီး ပြုပြင်ပြောင်းလွဲ ကြရပါလိမ္မယ်။ ကျနော်တို့ရဲ့ အနာဂါတ်ဟာ ကျနော်တို့ ရဲ့ လုပ်ကိုင် ဆောင်ရွက် ဖန်တီးမှုတွေ အပေါ်မှာ သာ တည်ပါတယ်။
ကောင်း မွန်သော အနာဂါတ် ဝန်းကျင် ကိုမျှော်လင့်လျှက်

ဗလ

9/20/2009

ဧ၀ံ မေ သုတံ

စစ်အစိုးရက ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာထားသော်လည်း ပါတီဖွဲ့စည်းရေး၊ ရွေးကောက်ပွဲ ကော်မရှင်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများ မကြေညာသေးပါ။
၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ အမှန်တကယ် ကျင်းပဖြစ်မည် မဖြစ်မည်ကိုလဲ မည်သူကမျှ ကံသေ ကံမ မပြောနိုင်ပါ။ အရာအားလုံးသည် အရှက် သိက္ခာ ကင်းမဲ့သော အတ္တရူး လူ့တိရစ္ဆာန်အာဏာရှင်တဦးထံ ၌သာ ရှိနေသေးသည်ကို မငြင်းနိုင်ပါ။ စစ်ဖက်ဝန်ထမ်းများ အရပ်ဖက်ဝန်ထမ်းများအပါအ၀င် ရဟန်းရှင်လူ ပြည်သူအပေါင်းမှာလည်း “ဂုတ်ပေါ် ဒါးမိုး ”အခြေအနေမှာ ရှိနေပါသည်။
မြန်မာပြည် ဒီမိုကရေစီရေးအတွက် ပေါင်းစည်း ညီညွတ်အောင် ကြိုးစားရင်း ဒီမိုကရေစီ အရင်ရအောင် လုပ်ပြီးမှ ညီညွတ်အောင်လုပ်တာက ပိုသင့်မယ်ထင်တယ်ဟု ၀ါရင့်ဘလေါ့ဂါတယောက် တလောက ညီးသွားသလို ကျနော်တို့ရဲ့ညီညွတ်ရေးကလဲ အသိခေါက်ခက် အ၀င်နက်နေဆဲဖြစ်ပါသည်။

အတ္တရူး လူ့တိရစ္ဆာန် အာဏာရှင်နှင့် အာဏာရှင်အရိုက်အရာခွဲတန်းအလှည့်မျော် စစ်မလှိုင်တစုက ဥပဒေပြုရေးအာဏာ တရားစီရင်ရေးအာဏာ အုပ်ချုပ်ရေးအာဏာတို့ကို ထင်သလိုသုံးပြီး နိုင်ငံတော်အကြမ်းဖက် ၀ါဒနှင့် ရမ်းကားနေသည့်အပြင် နိုင်ငံတကာအသိုင်းအ၀ိုင်းကို နားလှည့် ပါးရိုက်လုပ်ကာသူတို့ ပိုမိုအခိုင်အမာဖြစ်စေမည့် အခြေခံဥပဒေကို ဇွတ်အတင်း အတည်ပြု ခဲ့ပြီးဖြစ်သည်။ဆက်လက် ၍ ၂၀၁၀ ရွေးကောက်ပွဲနှင့်သရဖူဆောင်းမည့်ခြေလှမ်းကိုလည်း အထင်း သားမြင်သာနေပါသည်။သူတို့စိတ်ကြိုက် ရေးဆွဲထားပြီးဖြစ်သည့် ၂၀၀၈ အခြေခံ ဥပဒေအရ ကျင်းပမည့်၂၀၁၀ ရွေးကောက်ပွဲဆိုသည်မှာ တရားမျှတစေရန် သူတို့စစ်တပ်ကြီးတခုလုံးဘေးထွက်ထိုင်ပေးကာ ကုလသမဂ္ဂအမှူးပြုသောနိုင်ငံတကာကြီးကြပ်ရေးလက်သို့ထိုးအပ်ကာ ကျင်းပစေသည့်တိုင် မြန်မာပြည်သူတို့အတွက်မည်သို့မှထူးလာမည်မဟုတ်။၂၀၀၈ အခြေခံ ဥပဒေကိုပြန်လည်သုံးသပ်ပြင်ဆင်ရန် တောင်းဆိုမှုဆိုသည်မှာလည်းကျွဲပါးစောင်းတီးသည်ကမှ ရွံ့လူးခိုက်နှင့်ကြုံလျှင် စည်းဝါး လိုက်သယောင်ရှိဦးမည်။

သူကတော့ လူထု ဆန္ဒခံယူပွဲနှင့် အတည်ပြုခဲ့သည့် အခြေခံ ဥပဒေကို ဖျက်လိုဖျက်ဆီး မလုပ်ကြရန်(၆၄) နှစ်ပြည့် တပ်မတော်နေ့ အခမ်းအနားတွင်ပြောကြားခဲ့သေးသည်။

ထို့ကြောင့် ထိုစစ်အာဏာရှင်တို့အားဖယ်ရှားပြစ်ရေးသာကျနော်တို့အတွက် တခုတည်းသော အဓိက နည်းလမ်း ဖြစ်သည်။ အရင်းမှလှန် အမြစ်မှတူးကာ ဖယ်ရှားနိုင်မည်လား တစခြင်းတလွာခြင်းခွာ၍ ဖယ်ရှားနိုင်မည်လား ဆိုသည်က အခြေအနေအပေါ်တည်ပါမည်။
မည်သို့ပင်ဖြစ်စေအခြင်းခြင်းညီညွတ်မှု နားလည်မှု အပေးအယူမျှဖို့ အရေးအလွန်ကြီးသည်ကို ကျနော်တို့အားလုံး နှစ်နှစ်ကာကာ သဘောပေါက်ဖို့လိုက်နာကျင့်ကြံဖို့ နည်းလမ်းရှာဆောင်ရွက်ဖို့ နောက်ဆုံအခြေအနေကိုလည်းရောက်နေပါပြီ။

ထိုစစ်အာဏာရှင်တို့အားဖယ်ရှားပြစ်ရေးအတွက် ၂၀၁၀ရွေးကောက်ပွဲကို ဆန့်ကျင်တားဆီးရမည်မှာ မလွဲမသွေ ပြုလုပ်ရမည့်တိုက်ပွဲတရပ်ဖြစ်သည်။ခုအချိန်မှာ၂၀၁၀ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ တရားဝင် ကြေညာ ပြင်ဆင်လုပ်ကိုင်နေတဲ့ ပါတီများနဲ့ နိုင်ငံရေးသမားများလည်းရှိနေပါသည်။(နအဖ၏ လံရှူးများစကားထဲထည့်မပြောပါ)ဒါကြောင့် ကျနော်တို့ထဲမှာဘဲ ဆန့်ကျင်ဖက် ဖြစ်နေတယ်ဆိုတဲ့ ပြဿနာတရပ်ကိုလည်းအကျယ်ကြီးကို ကြားနေရပါတယ်။

ကျနော့အမြင်ကို ပြောရရင်တော့ဒါဟာဆန့်ကျင်ဖက်လမ်းနှစ်ခုမဟုတ်ပါ။

ထိပ်တိုက်ပြဿနာတရပ်လည်းမဟုတ်ပါ။

လမ်းကြောင်းတခုထဲပေါ်က ရှေ့ဆင့်နောက်ဆင့်အလုပ်တွေသာ ဖြစ်ပါတယ်။ကျနော်တို့၂၀၁၀ရွေးကောက်ပွဲကို တားဆီးဆန့်ကျင်တိုက်ပွဲဝင်မှု အောင်မြင်တဲ့အခါ ရွေးကောက်ပွဲဝင်ရေးဆိုတာ မရှိနိုင်တော့ပါ။ ဒါ့အတွက်ဘာ့ကြောင့်ကျနော်တို့ခြင်း အင်အားအပျက်ခံငြင်းခုံဆန့်ကျင် တွန်းတိုက် နေကြမှာလဲ။တဆက်ထဲမှာဘဲ သဘောသဘာဝအရ တိုက်ပွဲဆိုတာ အနိုင်အရှုံးရှိမြဲဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို ကျနော်တို့ တခဲနက်ဆန့်ကျင်ခဲ့ပါတယ်။ အရှိန်အဟုန်နဲ့ “ဗုတ်နိုး” ခဲ့ပါတယ်။ နအဖက ဗြောင်လိမ်ပြီး ဗြောင်ဘဲစားသွားပါတယ်။ ဒါကြောင့် ဒီတိုက်ပွဲမှာ ကျနော်တို့ အမျော်အမြင်ကြီးကြီး အပေးအယူ အချိတ်အဆက် ရှိရှိနဲ့ စစ်အာဏာရှင်ဖယ်ရှားပြစ်ရေးအဓိကရည်မှန်းချက်ကို မျက်ခြေပြတ်မခံဘဲ ခိုင်မာပြည့်စုံစွာတိုက်ပွဲဝင်ဖို့သာ ပြင်ဆင်သင့်ပါတယ်။တနည်းအားဖြင့် အမြစ်လှန်ခြေမှုန်းကြပါမယ်။ တစစီခွါတလွာစီလှီးဖြတ်မဲ့သူများ အရံအသင့်ရှိနေပါစေ။နွေးထွေးစွာကြိုဆိုရန် မသင့်ပါ(သ)လား။

အရှည်တည်တန့်မယ့်ဒီမို ကရေစီ အတွက်လိုအပ်တဲ့ ခေါင်းဆောင်မှုအရည် အသွေးတွေကိုရိုးသားမှုရှိရှိ ပွင့်လင်းမြင်သာမှုရှိရှိ တာဝန်ခံမှုရှိရှိ လုပ်ကိုင်နိုင်ဖို့ပြင်ဆင်ထားရပါမယ်။ ကျနော်တို့ဟာ အများ စုံညီသဘောထားကျအောင် စည်းရုံးနိုင်စွမ်း ရှိသူတွေ၊ သဘောထားအမြင် ကျယ်ပြန့် မျှတ သူတွေဖြစ်ဖို့လိုပါတယ်။ တရားမျှတရေးကို ဦးထိပ်ပန်ပြီးအများ ပြည်သူအကျိုးစီးပွားကို ဦးစား ပေးလုံးပမ်းသူတွေ ဖြစ်ရပါမယ်။ ဒါ့အပြင် မတူညီတဲ့ ရပ်တည်ချက်တွေကိုလည်း သဘောထား ကြီးကြီး သည်းခံ နိုင်သူတွေဖြစ်ဖို့ အခြားသူတွေရဲ့ အယူအဆ ပြောစကားတွေကို နာကြားနားထောင်နိုင်ဖို့လည်းလိုပါမယ်။
ဒါကြောင့် ခုရက်ပိုင်းအတွင်း သတင်းပရိတ်သတ်တွေ သတင်းဌာနတွေနဲ့ နိုင်ငံရေး အသားပေး ဘလော့ဂါများ အကြား ရေပန်းစားခဲ့တဲ့ “ဒီမိုကရက်တစ်ပါတီ” အမည်ဖြင့် ပါတီတရပ် ဖွဲ့စည်းပြီး လာမည့် ၂၀၁၀ ရွေးကောက် ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သတင်းများကို နားထောင် ဖတ်ရှု (ဂျီတော့လ်ခ်စသည်က)မေးမြန်း ကြားသိ ရသည်များမှ ကျနော် သတိထားမိတဲ့ ကွဲလွဲမှုလေးတချို့နဲ့ ထွက်ပြီးသတင်းများမှာ ကျယ်ကျယ်ပြန်ပြန့် မပါ သေးတဲ့ အချက်အလက်အချို့ကို ကျနော်ကြားသလို မျှဝေလိုက်ပါတယ်။


ကွဲလွဲမှုလေးတချို့ကတော့ (ဗွီအိုအေ မြန်မာသတင်း16 September 2009) နိုင်ငံရေးသမားကြီး ဦးသုဝေကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားရာမှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ - မြန်မာပြည် (United Democratic Party of Myanmar) နဲ့ UDP ပါတီလို့ ပြောသွားတာကြားလိုက်ရပီး တကယ်ပါတီရဲ့အမည်မှန်က ဒီမိုကရက်တစ်ပါတီ လို့ ကြားသိရပါတယ်။

နောက်တခုက သတင်းတွေထဲမှာ ၀ါရင့်နိုင်ငံရေးသမား နှစ်ဦး၏ သတင်းစာရှင်းလင်းပွဲလို့ ကြားသိရပြီး အမှန်က ဒီပွဲကို ကျောင်းသား လူငယ်အဖွဲ့ဆိုတာက စီစဉ်ပြီး ဖိတ်ကြားလို့ ဦးသုဝေ ဦးဝင်းနိုင်တို့ တက်ရောက်ပြောကြားတာ လို့ ကြားသိရပါတယ်။( ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး မြို့နယ် အာဏာပိုင်ထံမှ ခွင့်ပြုချက် မယူခဲ့သဖြင့် ဥပဒေချိုးဖောက်သည်ဟုဆိုကာ သတိပေး လက်မှတ်ရေးထိုးခိုင်းခြင်းခံရရာမှာတော့ အဲဒီကျောင်းသားလူငယ်အဖွဲ့ရဲ့ တာဝန်ရှိသူတွေ ပါမပါမသိရပါ။) နောက်အနည်းငယ်ကွဲလွဲမှုကတော့ သတင်းများမှာ တက်ရောက်သူ လူ၂၀ခန့်လို့ ဆိုပေမဲ့ တကယ်တက်ရောက်သူ ၆၀ ကျော်ရှိလို့ ထိုင်စရာမပေးနိုင်လို့ နဲနဲအဆင်မချောဖြစ်သွားတာတွေ့ရတယ်လို့ ကြားရပါတယ်။
ဆက်လက်ပီး အဲဒီပွဲမှာ ဦးသုဝေပြောကြားခဲ့တဲ့ မိန့်ခွန်းအပြည့်အစုံကို တင်ပေးလိုက်ပါတယ်။

(၁၄-၉-၀၉)နိုင်ငံရေးသမားခေါင်းဆောင်များမှ၊ ပြည်သူသို့ ပြောကြားလိုသော သတင်းစကားနှင့် မည်သို့ သော ခေါင်းဆောင်မျိုးဖြစ်ကြောင်း၊ ပြည်သူတို့ လေ့လာသုံးသပ်နိုင်ရန် ပေါင်းကူးပေးမည့် ကျောင်းသား လူငယ်အဖွဲ့၏ ဖိတ်ကြားချက်အရ၊ ဒီမိုကရက်တစ်ပါတီဥက္ကဌ ဦးသုဝေ ပြောကြားသောမိန့်ခွန်း။

မင်္ဂလာပါခင်ဗျား၊ ဒါလောက်များတဲ့ သတင်းဌာနပုဂ္ဂိုလ်များကို တွေ့ရလိမ့်မယ်လို့ ကျနော် မမျှော်လင့်ခဲ့ပါ ဘူး။ အခုလို တွေ့ရတာ အလွန်ဝမ်းသာပါတယ်။ ကျနော့်ကို လူငယ်ကျောင်းသားများက (၂၀၁၀) ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ကျနော့်သဘောထားကို ပြည်သူသို့ ပြောပြပေးပါလို့ ဖိတ်တဲ့အတွက် ကျနော် ရောက်ရှိလာခြင်း ဖြစ်ပါ တယ်။ ကျနော်တို့ နိုင်ငံရဲ့ စစ်အစိုးရဟာ အင်ဒိုနီးရှားကို အတုယူတာပါလို့ တချို့ကပြောတယ်။ တချို့ကလဲ တောင်အာဖရိကကို အတုယူ၊ လက်တင်အမေရိက၊ တရုတ်ကို တုတာလို့ ပြောသံကြားရပါတယ်။ ကျနော် နားလည် သလောက်တော့၊ ဘယ်နိုင်ငံ၊ ဘယ်သူ့ကိုမှအတုမခိုးပါဘူး။ သူတို့ အတွေးအခေါ်၊ သူတို့ ယုံကြည်ချက်နဲ့ လုပ်တာပါ။ မဆလမှ ဆင်းသက်လာတာဖြစ်လို့၊ မဆလ နည်းဟန်ရှိတယ်လို့တော့ ပြောနိုင်ပါတယ်။ မတူတာက စီးပွားရေး စနစ်လောက်ပါပဲ။ ဒီခေတ်စီးပွားရေးဟာ တစ်ပါတီအာဏာရှင်ပဲဖြစ်ဖြစ်၊ ကွန်မြူနစ်အာဏာရှင်ပဲဖြစ်ဖြစ်၊ အာဏာရှင် တွေအားလုံးလိုလို၊ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးကြတယ်။ မပြောင်းရင် ခေတ်နောက်ကျမှာ ကျန်ရစ်ခဲ့မှာပါ။ ဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံလဲ ပြောင်းကိုပြောင်းရပါတယ်။ ပြောင်းတဲ့ အတွက်လဲ အားလုံး စီးပွားရေးတိုးတက်လာကြပါတယ်။ စနစ်တကျ လိမ်လိမ်မာမာ လုပ်တတ်သူတွေက ပိုတိုးတက်တာပေါ့။ တစ်ကမ္ဘာလုံး ဂလိုဘယ်လိုင်ဇေးရှင်းဆိုတော့၊ တစ်ကမ္ဘာလုံးဆက်သွယ်ပြီး

ရင်းနှီးမြှုပ်နှံကြတယ်။ ရောင်းတယ်၊ ၀ယ်တယ် စုပေါင်း လုပ်ကြတော့၊ အနည်းဆုံး အထိုက်အလျောက် စီးပွားဖြစ်ကြတာဘဲ။ အဲဒီ အာဏာရှင်တွေက အုပ်ချုပ်ရေးအာဏာ ကိုသာ လက်မလွှတ်ကြသေးတာပါ။ ဘာပဲပြောပြော၊ ဒီမိုကရေစီမဟုတ်တဲ့ အဓမ္မ၀ါဒီအစိုးရတွေဟာ၊ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့နေရာမှာ တူကြတော့၊ သူ့နိုင်ငံကို ငါအတုယူသလိုလို၊ ငါ့နိုင်ငံကို သူအတုယူသလိုလို ထင်ကြတာဖြစ်ပါတယ်။

နိုင်ငံသမိုင်းအဖြစ်အပျက်တွေမှာ၊ ကျနော်တို့နိုင်ငံနဲ့ ခပ်များများတူတဲ့ အင်ဒိုနီးရှားနိုင်ငံအကြောင်းကို ကျနော်ပြောပါမယ်။ ကျနော်တို့ မြန်မာနိုင်ငံဟာ ဗြိတိသျှကိုလိုနီအဖြစ်၊ နှစ်(၁၀၀)ကျော်နေခဲ့ရသလို၊ အင်ဒိုနီးရှား နိုင်ငံလဲ၊ ဒတ်ခ်ျတို့ရဲ့ ကိုလိုနီအဖြစ် အနှစ်(၃၀၀)ကျော်နေခဲ့ရပါတယ်။ မြန်မာ့လွတ်လပ်ရေးရည်ရွယ်ပြီး ဗိုလ်ချုပ် အောင်ဆန်းတို့၊ ဗြိတိသျှအစိုးရကို အံတုဆန့်ကျင်ခဲ့သလို၊ တချိန်တည်းမှာဘဲ၊ အင်ဒိုနီးရှားမှာ အသက်(၂၆)နှစ်ရွယ် ဆိုကာနိုက၊ အင်ဒိုနီးရှားအမျိုးသားရေးပါတီကို ထောင်ပြီး၊ ဒတ်ခ်ျအစိုးရကို အံတုပါတယ်။ အဖမ်းခံရတယ်။ သူ့ကြွေး ကြော်သံက ဒို့နိုင်ငံ၊ ဒို့လူမျိုး၊ ဒို့ဘာသာစကား။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်တော့၊ မြန်မာနိုင်ငံကို ဂျပန်တွေဝင်ရောက်သိမ်းပိုက်သလို၊ အင်ဒိုနီးရှားကိုလဲ ဂျပန် တွေ သိမ်းပိုက်လိုက်ပါတယ်။ အင်ဒိုနီးရှင်း ထောင်ပေါင်းများစွာကို စစ်တပ်ထဲအတင်းသွင်းပြီး အရှေ့တောင် အာရှ စစ်ပွဲတွေအတွက် ခေါ်သွားတာ ရာထောင်ချီပြီး သေကြေပျောက်ဆုံးကုန်တယ်။ ဂျပန်ကို အင်ဒိုနီးရှားလူထုအခွန် တော်တွေပေးရတယ်။ အင်ဒိုနီးရှားအလံလဲ မထောင်ရဘူး။ နိုင်ငံတော်သီချင်းလဲ ဆိုခွင့်မပေးဘူး။ (၁၉၄၅)ခုနှစ် ဂျပန်လက်နက်ချတော့၊ ဆိုကာနိုနဲ့ ဟာတာတို့က အင်ဒိုနီးရှားလွတ်လပ်ရေးကို ကြေညာ လိုက်တယ်။ သို့သော် ကိုလိုနီအရှင်ဟောင်း၊ ဒတ်ခ်ျရောက်လာပြီး အုပ်ချုပ်တယ်။ ဒတ်ခ်ျအစိုးရကို ဆက်တော်လှန် တော့၊ (၁၉၄၉)ခုနှစ်မှာ လွတ်လပ်ရေးရတယ်။ အဲဒီအချိန်ကစပြီး၊ ပါလီမန်ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်ခဲ့တာ (၁၉၅၉)နှစ်ထိ (၁၀)နှစ်ကြာတယ်။ ပါလီမန်ဒီမိုကရေစီစနစ်ကို အသုံးပြုရာမှာ အတွေ့အကြုံ ရင့်ကျက်ခြင်းမရှိသေး တဲ့ နိုင်ငံရေးသမားတွေ ခေါင်းဆောင်တဲ့အတွက် အောင်မြင်သင့်သလောက် မအောင်မြင်ဘူး။ ဆိုကာနိုရဲ့ ၀ါဒက အနောက်နိုင်ငံနယ်ချဲ့ကို တိုက်ခဲ့သူပီပီ၊ အနောက်ဆန့်ကျင်ရေးဝါဒဖြစ်နေတယ်။ သူ့မိန့်ခွန်းတစ်ခုမှာ အမေရိကန်ကို ရည်ရွယ်ပြီါးသ အသ့ ငူ တငအ့ ပသကမ ငေိ…လို့ပြောခဲ့တယ်။ မြန်မာ့တပ်မတော်ဟာ တော်လှန်ရေးမှပေါက်ဖွားလာခဲ့သလိုဘဲ၊ အင်ဒိုနီးရှားတပ်မတော်လဲ တော်လှန်ရေးမှ ပေါက်ဖွားတာဖြစ်တယ်။ တော်လှန်ရေးပြီးတော့ နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံအုပ်ချုပ်ရေးအစိုးရအဖွဲ့တွေမှာ ပါကြတယ်။ စစ်ခေါင်းဆောင်တွေက တပ်မတော်မှာ ဆက်လက် ဦးဆောင်ကြတယ်။ ဒါကြောင့် အုပ်ချုပ်ရေး၊ စစ်ရေးခေါင်းဆောင်တွေဟာ လုပ်ဖော်လုပ်ဖက်တွေ ဖြစ်ကြတယ်။ ပါလီမန်ဒီမိုကရေစီစနစ်အရ၊ တပ်ဟာ အရေး မပါတဲ့နေရာ ရောက်နေတယ်။ ကာကွယ်ရေးဝန်ကြီးဟာ အရပ်သားဖြစ်လို့၊ တပ်အရောင်မှေးမှိန်နေတဲ့အတွက် ဗိုလ်ချုပ်တွေက မကျေနပ်ဖူးပေါ့။ အင်ဒိုနီးရှားအစိုးရအုပ်ချုပ်ရေးဟာ လွတ်လပ်ရေးရပြီး (၁၀)နှစ်ကြာတဲ့အခါ၊ ထိထိရောက်ရောက်မအောင် မြင်တော့ ဆိုကာနိုက ပÍ္စသီလဆိုတဲ့ါကငိနိနာသခမခေပ စနစ်ကို ချမှတ်ပါတယ်။ နိုင်ငံရေး၊ စီးပွားရေးတွေအားလုံး အစိုးရသြဇာအောက်မှာ ထားလိုက်တာပေါ့။ စစ်တပ်ကလဲ ပူးတွဲအုပ်ချုပ်ရေးဆိုပြီး လွှတ်တော်မှာ ၁^၃ ပုံ၊ အုပ်ချုပ် ရေးမှာ ၁^၅ ပုံ၊ အထက်ဆုံးအဖွဲ့မှ အောက်ကျေးရွာအထိဝင်ပါတယ်။ အဲဟိုတုန်းက ဆိုကာနိုရဲ့အားဟာ စစ်တပ်၊ ကွန်မြူနစ်ပါတီ၊ မူဆလင်ဘာသာရေးအဖွဲ့တွေနဲ့၊ နိုင်ငံသား တရုတ်စီးပွားရေးသမားတွေဖြစ်တယ်။ ဆိုကာနိုဆိုတာက အင်ဒိုနီးရှားနိုင်ငံရဲ့သူရဲကောင်း၊ လွတ်လပ်ရေး ဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီးဆိုပြီး ကြည်ညိုလေးစားခြင်းခံရတယ်။ ပြီးတော့ ဆိုကာနိုဟာ အပြောအဟောကောင်းတဲ့ နေရာမှာ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်စာရင်းဝင်ဖြစ်တယ်။ သို့သော်လဲ လောကမှာ အခြေအနေတွက အမြဲပြောင်းနေပါတယ်။ ကံဇာတာကျလာပြီဆိုရင် မကောင်း ကျိုးတွေ ဖြစ်လာတော့တာဘဲ။ ဆိုကာနိုရဲ့ အားတစ်ခုဖြစ်တဲ့ မူဆလင်ဘာသာရေးအဖွဲ့တွေက အင်ဒိုနီးရှားကို အစ္စလာမ်နိုင်ငံအဖြစ် ကြေညာဖို့လုပ်တယ်။ အဲဒါကို စစ်တပ်နဲ့ကွန်မြူနစ်ပါတီက လက်မခံဘူး။ တစ်ခါ စီးပွားရေးသမားမှာ ဘယ်လိုဖြစ်သလဲဆိုတော့ အစိုးရက စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတယ်။ စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးတဲ့ တရုတ်စီးပွားရေးသမားတွေကို စီးပွားရေးလုပ်ငန်းအားလုံးချပေးပြီး ဝေစားကြတယ်။ ဆိုကာနိုရဲ့ အနီးကပ်ဗိုလ်ချုပ်ကြီး(၂)ယောက်ဆိုရင် စီးပွားရေးဗိုလ်ချုပ်ကြီးတွေလို့ ထင်ရှားတယ်။ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဆိုပါတော့ အရင်းအနှီးက (၁၀၀)ပို့လို့ရတယ်။ ဒါပေမယ့် ဗိုလ်ချုပ်တွေ၊ တရုတ်ကုန်သည်ကြီးတွေနဲ့ ဆက်သွယ်လုပ်ရမှာဆိုတော့ ရှယ်ရာထည့်ပေးထားရတယ်။ အဲဒါနဲ့ စစ်ဗိုလ်ချုပ်တွေရော၊ တရုတ်ကုန်သည်ကြီးတွေပါ အလွန်ချမ်းသာကုန်တယ်။ လူထုကြီးကတော့ စားရမယ့်၊ သောက်ရမယ့်၊ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတော့ မကျေ မနပ်ဖြစ်ပြီး တရုတ်နဲ့အင်ဒိုနီးရှင်းလူမျိုးရေး ပဋိပက္ခဖြစ်ကြပါတယ်။ ဘန်ဒွန်းမှာ တရုတ်ဆိုင်နဲ့ အိမ်တွေ (၁၅၀၀) လောက် ပျက်စီးသွားအောင်ဖျက်ဆီးခံရပါတယ်။ တစ်ခါ စစ်တပ်ထဲမှာ ဗိုလ်ချုပ်ကြီးတွေက အကျင့်ပျက်ပြီး ချမ်းသာနေတော့ တပ်နာမည်ပျက်တယ်။ နိုင်ငံ တိုးတက်မှု နှောင့်နှေးစေတယ်ဆိုပြီး စစ်ဗိုလ်ငယ်တွေက တော်လှန်ကြတယ်။ သူပုန်အစိုးရလို့ ကြေညာပြီး၊ စစ်ဗိုလ်ချုပ်ကြီးတွေကို ပြန်ပေးဆွဲတယ်။ သတ်ပစ်ကြတယ်။ စစ်ဗိုလ်ချုပ်တွေ အများအသတ်ခံရတယ်။ နောက်ဆုံး စစ်ဦးစီးချုပ်ကိုပါ ပြန်ပေးဆွဲသွားတယ်။ ကျန်တဲ့ စစ်ဗိုလ်ချုပ်တွေက ရှေ့တန်းမထွက်ရဲကြတော့ဘူး။ အဲဒီအချိန်မှာ အထူးတပ်ရဲ့ဗျူဟာမှူးလေး ဗိုလ်မှူးချုပ် ဆိုဟာတို ရှေ့တန်းထွက်ပြီး တပ်ကို စည်းရုံးတယ်။ ရေတပ်၊ ရဲတပ် တို့ကိုလဲ သူ့လက်အောက်မှာ ထားလိုက်တယ်။ ဆိုကာနိုရဲ့ါကငိနိနာသခမခေပ နဲ့ ပူးတွဲ အုပ်ချုပ်ရေးတို့ကို အခွင့်အရေး ယူပြီး အရပ်သားတွေနေရာမှာ တပ်နဲ့အစားထိုး တိုးချဲ့ ဖွဲ့စည်းလိုက်တယ်။ ဒီလို အခြေအနေတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့အချိန်မှာ ကွန်မြူနစ်ပါတီက အာဏာသိမ်းဖို့ ကြံတယ်။ အင်ဒိုနီးရှားကွန်မြူနစ်ပါတီဟာ ရုရှား-တရုတ်ပြီးရင် ကမ္ဘာမှာ အင်အားအကြီးဆုံးပါ။ ကေဒါ (၃)သိန်းနဲ့ ပါတီဝင် (၂)သန်းကျော်ရှိတယ်။ အာဏာသိမ်းဖို့ ကြံတယ်ဆိုတဲ့ ကွန်မြူနစ်ပါတီကို ဆိုဟာတိုရဲ့ စစ်တပ်ရယ်၊ ပြည်သူ့စစ်လို့ ခေါ်ရမလားမသိ၊ အရပ်သားလက်နက်ကိုင်တွေက ရက်ရက်စက်စက် အစုအပြုံလိုက် သတ်ပစ်လိုက်တာ (၁)သန်း ကျော်သေတယ် လို့ဆိုတယ်။ ဆိုဟာတိုက ဆိုကာနိုနဲ့ သွားတွေ့ပြီး ကွန်မြူနစ်ပါတီကို နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှား ပစ်ကြောင်း ကြေညာခိုင်းတယ်။ ဆိုကာနိုဟာ နိုင်ငံတော်ရဲ့ဖခင်၊ အမျိုးသားခေါင်းဆောင်ကြီးဆိုတော့ မာနရှိမှာပေါ့။ သူ့ကို ထောက်ခံတဲ့ ပါတီလဲဖြစ်နေပြန်တော့ ဘယ်ကြေညာမှာလဲ။ ဒါနဲ့ ဆိုကာနိုကို ဖမ်းဆီးလိုက် ပါတယ်။ အရင်က လျှမ်းလျှမ်းတောက်ခဲ့တဲ့ ခေါင်းဆောင်ကြီးဟာ သေတဲ့အထိ မထင်မရှားနဲ့ နေသွားရရှာတယ်။ ဆိုဟာတိုက (၁၉၆၅)ခုနှစ်မှာ သမ္မတအာဏာယူပြီး အာဏာကို ခိုင်မာအောင် ကြိုးစားတယ်။ တစ်မိန့် တစ်အာဏာစနစ်ကို ထူထောင်တယ်။ တပ်ထဲမှာ သစ္စာရှိတဲ့လူတွေကိုသာထားပြီး သူ့အမိန့် မတည်တဲ့ စစ်ဗိုလ်တွေ ကို သံအမတ်ခန့်တဲ့လူ ခန့်တယ်။ ရာထူးချတယ်၊ ရွှေ့တယ်။ ဖြုတ်တဲ့လူ ဖြုတ်တယ်။ တပ်နဲ့ ဝေးအောင် ထားတယ်။ စီးပွားရေးကိုလဲ သူ့လူတွေနဲ့၊ သားသမီးအမျိုးတွေလက်ထဲမှာ ထားတယ်။ ဂိုကာ ပါတီမှာလဲ သူ့လူတွေပဲ ခန့်တယ်။ လွှတ်တော်မှာ အတိုက်အခံမရှိရဘူး။ ဆိုဟာတိုရဲ့ လမ်းစဉ်ကို နားလည်အောင်ဆိုပြီး တပ်မတော်သားတွေ၊ ၀န်ထမ်းတွေ၊ ဆရာတွေ၊ ဆရာဝန်တွေ အားလုံးမွမ်းမံသင်တန်းတက်ကြရတယ်။ ရွေးကောက်ပွဲကို (၅)နှစ်တစ်ကြိမ် ကျင်းပပေးပါရဲ့။ လူထုထောက်ခံတဲ့ နိုင်ငံရေးပါတီကို အမျိုးမျိုး ကန့်သတ် ချုပ်ချယ်တယ်။ နိုင်ငံရေးပါတီ(၁၇)ခု မိမိပါတီဝင်တွေကိုယ်တိုင်က ဖျက်သိမ်းပစ်အောင် ဖိအားတွေပေးတယ်။ နိုင်ငံရေးဆိုတာကိုတောင် မကောင်းတဲ့ အဓိပ္ပါယ်ဖြစ်အောင် လုပ်ပစ်တယ်။ အားလုံးကိုလဲ သူသံသယရှိတယ်။ ဘယ်သူ့ကိုမှ မယုံဘူး။ ဘယ်လိုပဲ ပိုင်အောင်လုပ်လုပ်၊ ကံတတ်တဲ့အချိန် ကံကျတဲ့အချိန်ရှိတယ်။ ပြဿနာပေါ်ချင်တော့ စီးပွားရေး ကလဲ ကျတယ်။ ဆန်အထွက်ကလဲ လျော့သွားတယ်။ ကုန်ဈေးနှုန်းကလဲ တက်တယ်။ သတင်းစာ(၁၂)စောင်ကိုလဲ ပိတ်ပစ်လိုက်တယ်။ ပြည်သူရာပေါင်းများစွာကိုလဲ ဖမ်းလိုက်တယ်။ (၁၉၉၈) တက္ကသိုလ်မှာ ကျောင်းသား (၄)ယောက်ကို ပစ်သတ်လိုက်တယ်။ အဲဒါကြောင့် ကျောင်းသားတွေအုံ ကြွပီး ဆန္ဒပြကြတယ်။ စစ်တပ်ကို နှိမ်ခိုင်း ပေမယ့် တပ်ကကျောင်းသားတွေကို စာနာပြီး ရှောင်သွားတယ်။ ဆိုကာနိုကို ဆန့်ကျင်ခဲ့စဉ်က ဆိုဟာတို အသုံးပြုခဲ့ တဲ့ ဗိုလ်ချုပ်တွေကပဲ ကျောင်းသားတွေကို အားပေးအားမြှောက်ပြုနေတယ်။ ဆိုဟာတို ကျချိန်ရောက်လာပြီဖြစ်လို့၊ စစ်တပ်အပါအ၀င် လူတန်းစားအသီးသီးက ဆန့်ကျင်ကြတယ်။ ဆိုဟာတိုက နိုင်ငံပြုပြင်ရေးတွေ လုပ်ပေးပါမယ်။ ရွေးကောက်ပွဲအသစ်လဲ ကျင်းပပေးပါမယ်။ အဲဒီရွေးကောက်ပွဲမှာ သူလဲ အရွေးမခံတော့ဘူးလို့ ကြေညာပါရဲ့။ ဒါပေမယ့် သူ့ကို ဘယ်သူမှ မယုံတော့ဘူး။ ဒါနဲ့ ဆိုဟာတိုက အစိုးရအဖွဲ့သစ်ကို ဖွဲ့တယ်။ သူခန့်လိုက်တဲ့ ၀န်ကြီးတွေ၊ စစ်ဗိုလ်တွေက အစ၊ ဘယ်သူမှ လက်မခံကြဘူး။ နှုတ်ထွက်လိုက်ကြတယ်။ ကက်ဘိနက် မှာ ဆိုဟာတိုတစ်ယောက်ပဲ ကျန်တယ်။ အရင်တုန်းက ဆိုဟာတိုနားမှာ ၀ိုင်းဝိုင်းလည်နေတဲ့ လူတွေ၊ ဆိုဟာတိုကျွေးမွေးထူထောင်ပေးခဲ့တဲ့ လူတွေအားလုံး၊ ဆိုဟာတို အနားက ဖယ်ခွာသွားကုန်ကြပါတယ်။ စိတ်ဓါတ်အကြီးအကျယ်ကျသွားတဲ့ ဆိုဟာတိုဟာ ခေါင်းငိုက်စိုက်နဲ့ သမ္မတ ရာထူးမှ နှုတ်ထွက်လိုက်ပါတော့တယ်။ ဒုသမ္မတ ဟာဘီဘီက သမ္မတရာထူးတက်ယူပြီးတဲ့အချိန်မှာတော့ နိုင်ငံရေး အကျဉ်းသားတွေအားလုံးလွှတ်လိုက်ပါတယ်။ သတင်းလွတ်လပ်ခွင့်တွေရလာတယ်။ နိုင်ငံရေးပါတီတွေလဲ အသီးသီး ပေါ်လာကြတယ်။ ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်တယ်ဆိုပါတော့။ သို့သော် ဒီမိုကရေစီအသီးအပွင့်တွေ သီးပွင့် လာပြီး ပြည်သူတွေစားသုံးနိုင်ဖို့က ပြည်သူတွေကိုယ်တိုင်ကြိုးစားယူရအုံးမှာ ဖြစ်ပါတယ်။ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အပြောင်းအလဲဟာ၊ ရှောရှောရှုရှု၊ လွယ်လွယ်ကူကူမဟုတ်ပါဘူး။ အရှေ့ဥရောပ၊ လက်တင်အမေရိက၊ အင်ဒိုနီးရှား အပါအ၀င် အတွေ့အကြုံများအရ ပြည်သူတွေလိုချင်တဲ့ ဒီမိုကရေစီ ချက်ချင်းရဖို့တော့ ခက်ပါတယ်ဗျာ။ ကဲ..ကျနော်တို့ တိုင်းပြည်အကြောင်းကို ကျနော်ဆက်ပြောပါမယ်။ စစ်အစိုးရအုပ်ချုပ်နေတာ အနှစ်(၂၀) ရှိသွားပါပြီ။ ပြည်သူကငြီးငွေ့နေပါပြီ။ အစိုးရပေါ်လစီကလဲ မိမိအာဏာတည်မြဲရေး ပေါ်လစီ ဖြစ်နေတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေ တကယ်ကြိုးစားနိုင်တဲ့ အခွင့်အလမ်းတွေမရှိ။ တကယ် အကူအညီ ရနိုင်တဲ့ နိုင်ငံတွေနဲ့ ချစ်ကြည်မှုကမရှိ၊ အကူအညီကမရ။ ရန်ဖြစ်တဲ့ ပေါ်လစီဖြစ်နေတယ်။ ပြည်သူတွေ အလုပ် အကိုင်ရရှိဖို့၊ စားဝတ်နေရေးကြောင့်ကြမှုကင်းဖို့၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြည့်စုံဖို့၊ ပြည်သူတွေက မျှော်လင့်နေကြပါပြီ။ ဒါကြောင့် အပြောင်းအလဲကို တကယ်လိုချင်နေကြတာ ဖြစ်ပါတယ်။ ဒီလို အပြောင်းအလဲကို တောင့်တနေချိန်မှာ အစိုးရက (၂၀၁၀) ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ ကြေညာတယ်။ ဒီရွေးကောက်ပွဲနည်းအားဖြင့်၊ နိုင်ငံနဲ့ပြည်သူတို့အတွက် ကျနော်တို့ တစ်စုံတစ်ခု အကျိုးပြုနိုင်လိမ့် မယ်လို့ ယူဆပြီး၊ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ ဒီမိုကရက်တစ်ပါတီကို ဖွဲ့စည်းလိုက်ကြပါတယ်။ ရွေးကောက်ပွဲ ၀င်ရေးရည်ရွယ်ချက်က အဓိက(၂)ချက်ပဲ ကျနော်တင်ပြချင်ပါတယ်။ ပထမအချက်က တိုင်းပြည်မှာ ယိုယွင်းပျက်စီး နေတာဟူသမျှကို ထိထိရောက်ရောက်ပြင်ဆင်နိုင်ဖို့။ ပြည်သူလူထုရဲ့ အသံကျယ်ကျယ်လောင်လောင် ကြားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါကို ကျနော်နည်းနည်းချဲ့ပြီး ပြောပါမယ်။ နိုင်ငံရဲ့ ပြဿနာတွေအပေါ် နိုင်ငံရေးသမားတွေကချည့် သဘောထားတွေထုတ်ထုတ်ပြီး ပြောနေကြတယ်။ ပြည်သူတွေ ပြောမယ့်အသံကိုလဲ ကျနော်တို့ အလေးထားရမယ်။ ကိုယ်ကသာပြောပြီး ပြည်သူကို ချန်ထားရင် အဲဒါ ဒီမိုကရေစီမဟုတ်ဘူးလေ။ ဒီမိုကရေစီလို့ တစာစာအော်နေပေမယ့် လက်တွေ့အလုပ်က ဒီမိုကရေစီဆန်ရမယ်။ အပြောတစ်မျိုး၊ အလုပ်တစ်မျိုး၊ ကိုယ့်အကျိုးချည့်ပဲကြည့်ပြီး ပြည်သူ့အကျိုးဘက်ကစဉ်းစားမပေးရင် မမှန်ဘူး။ ပြည်သူ့ဆန္ဒထုတ်ဖော်ဖို့ အကောင်းဆုံးနည်းလမ်းဟာ ရွေးကောက်ပွဲဘဲ။ ကျနော် ရှင်းပြပါမယ်။ (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲတုန်းက မဲဆန္ဒပေးခဲ့တဲ့သူတွေရယ်၊ အဲဒီရွေးကောက်ပွဲ တုန်းက အသက်မပြည့်လို့ မဲမပေးလိုက်ရသူတွေဆိုပြီး ၂ မျိုးရှိပါတယ်။ ကိုးဆယ်ခုနှစ်မဲပေးစဉ် အသက် ၃၀-၄၀ ရှိတဲ့ ပုဂ္ဂိုလ်တွေ အခု (၂၀၁၀)မှာ အသက် ၅၀-၆၀ဖြစ်နေပြီ။ သူတို့ မဲပေးခဲ့ပြီးတဲ့နောက် ဒီအနှစ်(၂၀)အတွင်းမှာ သူတို့တွေ့ကြုံခံစားရတဲ့ အခြေအနေပေါ်မှာ သူတို့သဘောထားတွေ ပြောဖို့လိုတယ်။ ပြောခွင့်ပေးရမယ်။ အမှန် ကတော့ (၄)နှစ်တစ်ကြိမ် သူတို့သဘောထားတွေ ထုတ်ဖော်ခွင့်ပေးရမှာပါ။ သူတို့သဘောထားတွေဟာ အခြေအနေ ပြောင်းသလို၊ ပြောင်းနိုင်ပါတယ်။ ဒါကြောင့် သူတို့လက်ရှိ သဘောထားပြောခွင့်ပေးရမယ်။ ဟိုအနှစ် (၂၀)တုန်းက သဘောထားကို တသမတ်တည်း၊ လှေနံဒါးထစ် မှတ်လို့မရဘူး။ တစ်ခါ (၁၉၉၀)ခုနှစ် ရွေးကောက်ပွဲတုန်းက အသက်မပြည့်လို့ မဲမပေးနိုင်ခဲ့သူတွေ၊ ဥပမာ-အသက်(၁၆-၁၇)နှစ် လူငယ်တွေဟာ အခု(၄၀)နားရောက်ကုန်ပြီ။ ပြီးတော့ သူတို့လို အင်မတန်တက်ကြွတဲ့ သက်တန်းအရွယ် တွေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက်လောက်ရှိတယ်။ လူဦးရေ (၅၆)သန်းဆိုရင် သူတို့(၂၈)သန်းရှိတာပေါ့။ အဲဒီ(၂၈)သန်းသောတက်ကြွတဲ့ အရွယ်လူငယ်တွေရဲ့ ဆန္ဒထုတ်ဖော်ခွင့် ပေးရမယ်။ အဲဒီ လူငယ်လူရွယ်တွေကို ပြောခွင့်မပေးဘဲ ငါပဲပြောမယ်၊ ငါ့ပါတီပဲပြောမယ် လုပ်နေရင် ဒီမိုကရေစီစနစ်နဲ့ မအပ်စပ်ပါဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲဆိုတဲ့ တံခါးပေါက်က မဲပေးခွင့်ရှိတဲ့ ပြည်သူတွေအားလုံး ၀င်ကြပါစေ။ ၀င်နိုင် အောင် ရွေးကောက်ပွဲကို ကျနော်တို့ကြိုဆိုရမယ်။ ရွေးကောက်ပွဲ တရားမျှတမှုရှိတာ မရှိတာ နောက်တစ်ပိုင်း။ အဲဒါကို နိုင်ငံရေးပါတီကချည်း စဉ်းစားရမှာ မဟုတ်ဘူး။ ပြည်သူကလဲ စဉ်းစားရမယ်။ ဆုံးဖြတ်ရမယ်။ ရွေးကောက်ပွဲဟာ ပြည်သူတစ်ရပ်လုံးနဲ့ ဆိုင်တာ မဟုတ်ဘူးလား။ တရားမျှတအောင် ပြည်သူတွေကလဲ အများကြီးပံ့ပိုးနိုင်တယ်။ မတရားတာတွေ၊ မသမာတာတွေကို တွေ့အောင်ရှာပြီး ကန့်ကွက်ရမယ်။ တားဆီးရမယ်။ အဟန့်အတားမလုပ်ရင် မတရားလုပ်မယ့် သူတွေက လုပ်သွား မှာပေါ့။ ဒါကြောင့် ဒီမိုကရေစီဆိုတာ ကိုယ်တိုင်ပါဝင်ပြီးလုပ်ရပါမယ်။ သူများလုပ်ပေးလိမ့်မယ်ဆိုပြီး နို့သက်ခံယူဖို့ စောင့်မနေပါနဲ့။ ကျနော်တို့ ဒီမိုကရက်တစ်ပါတီက ရွေးကောက်ပွဲဝင်မယ်ဆိုတာ၊ ဒီမိုကရေစီထွန်းကားရေးအတွက် ကိုယ်တိုင် လုပ်ဖို့ ၀င်တာပါ။ ဒါပေမယ့် ကျနော်တို့ချည်းလုပ်ရင် ကျနော်တို့ လုပ်သလောက်ပဲရမှာပေါ့။ ပြည်သူတွေ ကိုယ်တိုင် ပါဝင်လုပ်မှ ဒီမိုကရေစီ ပြည့်ပြည့်ဖြိုးဖြိုးကြီးကို ရမှာ။ ဒါကြောင့် ကျနော်ထပ်ပြောပါမယ်။ ဒီကာလမှာ ပြည်သူတွေ တွေဝေမနေပါနဲ့တော့။ ရွေးကောက်ပွဲမှာ ကိုယ်တိုင်တက်တက်ကြွကြွ မဲပေးမယ်လို့ ဆုံးဖြတ်ပါ။ ဒီမိုကရေစီလိုချင်ရင်တော့ ဒီမိုကရက်တစ်ပါတီကို မဲပေးပါ။ အဲဒါ တိုက်ရိုက်အကျဆုံးပြောတာပါ။
ကျေးဇူးတင်ပါတယ်။





သြဂုတ်လ(၃၀) ရက် ငါးကြိမ်မြောက်အစီးအဝေး

ဥက္ကဌ ဦးသုဝေ(အလယ်) အလုပ်အမှုဆောင် ဒုဥက္ကဌ ဦးရဲထွန်း(၀ဲ) ဒုဥက္ကဌ ဦးဘတင့်ဆွေ(ယာ)



(မျက်မှန်နှင့် ပုဝါချထားသူ)ဒေါ်သန်းသန်းနု နှင့်ဝဲဖက်ကပ်လျက်ထိုင်နေသူမှာ ဦးငြိမ်းဖြစ်သည်။
ဒေါ်နေရီဗဆွေ (ဓါတ်ပုံ၏ယာစွန် )









အမှတ်(၆) ဦးဝိဇ္ဖာလမ်း၊ ရေကျော်ရပ် ပုဇွန်တောင်မြိုနယ်ရှိ စုရပ်အိမ်တွင် စက်တင်ဘာလ (၁၆)ရက်နေ့က

ပြုလုပ်သည့်ဆွမ်းကပ်အလှူ။

ကိုနေမျိုးဝေ စုဆောင်းပေးထားသော ရွေးကောက်ပွဲ ၀င်မည် ဆိုသူတို့၏ ဆက်သွယ်ရန် ဖုန်းနံပတ်များ

1. ဦးကိုကို 064-50410 / 09-2165036

2. ဦးကိုကိုနိုင် 01-580480

3. ဦးကျော်စိုးလင်း 01-244924

4. ဦးခင်မောင်ထွေး တဆင့် 064-24751

5. ဦးစိုးကြွယ် တဆင့် 01-629463

6. ဦးညိုမင်းလွင် 01-578503

7. ဦးညွန့်မောင် 01-244924

8. ဦးဌေးဝင်း တဆင့် 01-710553

9. ဦးတင်မောင်အေး 01-243633 / 09-503452

10. ဦးတင်လှ တဆင့် 01-593259

11. ဦးတင်ဟန် တဆင့် 064-24751

12. ဒေါ်နန်းရွှေကြာ တဆင့် 02-57618 / 02-57109

13. ဦးနေမျိုးဝေ 09-8610719

14. ဦးမျိုးခိုင် တဆင့် 01-611272 / 01-610083

15. ဦးမြင့်အောင် 01-645001

16. ဦးရဲမင်း တဆင့် 02-57618 / 02-57109

17. ဦးလှမြင့် 068-21398

18. ဦးဝင်းဇော် 064-24259 / 09-2201141

19. ဦးသန်းမင်းစိုး တဆင့် 01-291375

20. ဦးသန်းအေး တဆင့် 09-8590990

21. ဦးသိန်းတင်အောင် 01-682581

22. ဦးအုန်းလွင် 01-296693 / 09-5197648

23. ဦးအောင်ဘွား 01-296693 / 09-5197648

24. ဦးအောင်မျိုးဥိး 01-500610

25. ဦးအောင်သန်းတင့် တဆင့် 063-50642

26. ဦးကျော်မြင့် 09-5333193

27. ဦးသုဝေ 09-5084963

28. ဦးကြည်ဝင်း 01-637076

29. ဦးရဲထွန်း ( အငယ် ) 01-556554

30. ဦးသိန်းကြည် 063-50641

31. ဦးထွန်းအောင်ကျော် 01-504882 / 01-505307

32. ဦးလှသိန်း 01-504882

33. ဦးငြိမ်းမောင် 01-504882

34. ဦးရဲထွန်း ( အကြီး ) 09-5185511 / 01-538669

35. ဦးတင်ထွန်းမောင် 01-540987

36. ဦးဌေး 09-8534539

37. ဦးရွှေအုံး 01-510541 /01-510764

38. ဦးတင်အုံး တဆင့် 01-662461

39. ဦးတင်ဝင်း 045-48321

40. ဦးဘိုမောင်း တဆင့် 01-553869

41. ဦးမျိုးသန့် တဆင့် 09-6570445

42. ဒေါ်ချိုချိုကျော်ငြိမ်း 09-5161173

43. ဦးတင်စိုး 01-504882


9/14/2009

အကုသိုလ်ဗျို့

ကမ္ဘာအေးဘုရားလမ်းက အစုစပ် လုပ်ငန်းရှင် (၇)ယောက်ပေါင်းဖွင့်ထားတဲ့ စားသောက်ဆိုင်တဆိုင်ကို ဗိုလ်သန်းရွှေရဲ့မြေးဖိုးလပြည့်က အပိတ်ခိုင်းလို့ ပိတ်လိုက်ရကြောင်း ဆိုင်ရှင်တွေကလဲ ဆိုင်ရာပိုင်ရာနည်းနဲ့ ဆောင်ရွက်ပြီး မကြာခင်ပြန်ဖွင့်ခဲ့ကြောင်း ဒါကိုဖိုးလပြည့်သိတဲ့အခါ ဆိုင်ဖွင့်ခွင့်ပိတ်ရုံမက သိန်းထောင်ချီ တန်တဲ့ အဆောက်အဦးကိပါ ဖြိုဖျက်ခိုင်းခဲ့ကြောင်း စကားကြုံလို့ မကြာခင်ကမှ ရန်ကုန်ကပြန်လာတဲ့ မိတ်ဆွေတယောက်က ပြောပါတယ်။အဲဒီတုံးက နားသာထောင်လိုက်ပီး ထွေထွေထူးထူးပြန်မပြောဖြစ်ပါဘူး။

နိုင်ငံရေးဦးတည်ချက် စီးပွါးရေးဦးတည်ချက်တို့ တရားဥပဒေအထက်မှာဘယ်သူမှမရှိဘူးတို့ လဒပါးစပ်က ထွက်တဲ့နတ်စကား လူကြားကောင်းအောင် ပြောခြင်ရာပြော။ အရှက်မရှိ ဥပဒေမဲ့ လုပ်ခြင်ရာလုပ်နေကြတဲ့ အထဲက ရိုးနေတဲ့ ဇတ်လမ်းတပုဒ်ပေါ့လေ။

ဒီမနက်တော့ ပြည်တွင်းက သူငယ်ခြင်း “ဆင်နားရွက်” တယောက်နဲ့ဂျီတော့ခ်မှာ စကားစပ်မိပြန်တယ်။

ဖြစ်ကြောင်းရယ်ကုန်စင်က ဂလိုဆိုဘဲ။

ရန်ကုန် ကမ္ဘာအေးဘုရားလမ်း အနုပညာဦးစီးဌာနပိုင်မြေပေါ်မှာ ဗိုလ်ချုပ်ကြီးသား ဝန်ကြီးသားခုနှစ်ဦးပေါင်း ဖွင့်ထားပြီး စီးပွားရေး လုပ်ငန်းရှင်တချို့လည်း၊ ရှယ်ယာ ပါဝင်ထားတဲ့ “7 Lekker” ဟာ ခေတ်မှီ စားသောက်ဆိုင် တဆိုင်ဖြစ်ပီး စားဖိုမှူးကြီးများကို နိုင်ငံခြားမှ ငှါးရမ်းအသုံးပြုထားခြင်း ထုံးစံအတိုင်း ထူးရှယ်များနှင့် ပြီးပြည့်စုံခြင်း တီု့ကြောင့် အလွန်မတန်ဈေးကြီးလှတာမို့ လူသာမာန်တို့အဖို့ အနားတောင်မကပ်နိုင်ပါဘူးလို့ဆိုကြပါတယ်။
လာရောက်စားသောက်နိုင်ကြသူ တွေကတော့ ဗမာစကားမပီတဲ့ မိုးကျရွှေကိုယ်များ ဗိုလ်ချုပ် ညွန်ချုပ် ၀န်ကြီး အဆင့် အသိုင်းအဝိုင်းနဲ့၊ သူတို့နဲ့နီး စပ်တဲ့၊ စီးပွားရေး အသိုင်းအဝိုင်းမှ ဖြစ်ကြပါတယ်။

အခုဖြစ်တဲ့အခင်းရဲ့ဇစ်မြစ်က လွန်ခဲ့တဲ့ လပိုင်းမှာ အင်းယားလမ်း ဘွဲ့နှင်းသဘင် ခန်းမဆောင် အနောက်ဖက် ပညာရေးဝန်ကြီးဌာနပိုင် မြေနှင့် အဆောက် အဦးတခုကို ဖိုးလပြည့်ကလျှို့ဝှက်ပိုင်ဆိုင်တဲ့ Night Club တခု သူ့ရဲ့ နောက်လိုက်ဗိုလ်ပါများနဲ့ ဖွင့်လှစ်ဖို့ မွန်းမံပြင်ဆင်နေတဲ့ သတင်း ပေါက်ကြားပီး အင်တာနက်ပေါ်က ၀ိုင်းဝန်းတိုက်ခိုက်ကြတာကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒေါ်မကြိုင်တို့ နားကိုပေါက်သွားလို့ဟန့်တားခြင်း ခံလိုက်ရတာကြောင့် ဒေါသထွက်ပြီး တခြားသူတွေရဲ့ စီးပွားရေးလုပ်ငန်းများကို၊ လိုက်လံစုံစမ်းပြီး၊ မပိတ် ပိတ်အောင် နည်းမျိုးစုံသုံး ဆောင်ရွက်နေတာလို့ဆိုပါတယ်။၊
ဘာဘဲဖြစ်ဖြစ် ဒီသတင်းဟာ သတင်းကောင်းတခုလို့ဆိုနိုင်ပါတယ်။ ဘယ်သူခွဲခွဲ ဒို့မကွဲဘူးဆိုတဲ့ ထိပ်ပိုင်းဗိုလ်ချုပ်ကြီး တွေဟာ ကိုလ်ကျိုးစီးပွားကို ထိခိုက်လာသမို့ စူပွစူပွလုပ်သံတွေကြားလာရပါတယ်။
ဒါပေမဲ့ ငရွှေမျက်စောင်းကလဲ “အကောင်၃ပါး”မရွေးဘူးဆိုတော့ မျိုဖြုတ်ခံစရင်းရှည်တခု တိုးမလာဘူလို့လဲမဆိုနိုင်ပါဘူး။

နေပူတော်ရုံကြီးမှာ ဆက်လက်ရှုစားကြပါစို့။


7 Lekker
No131 Kabaaye Pagoda Road
Golden Valley 1 Ward,
Bahan Tsp Yangon
Ph 704189


ဓါတ်ပုံကို gg.yangon မှရရှိပါသည်