10/30/2009

အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု နှင့် ဒီမိုကရေစီတပ်မတော်

ခိုင်အောင်ကျော် (စစ်တွေ)


အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေစာအုပ်တွေကို ထုတ်ဝေထားကြသည်မှာ တော်တော်များနေပြီထင်သည်၊ ပင်လုံစိတ်ဓါတ်ကို အခြေခံရမည်ဟုပြောကြ သော သူများသည်လည်း ယင်းစာအုပ်များကို ထုတ်ဝေသောသူများဖြစ်သည်။
သို့သော်၊ ၄င်းတို့အဆိုအရ စစ်အစိုးမှ လက်ညိုးထိုး ပြောခြင်းမှ လွတ်ကင်းစေရေး အတွက် ရေးသား ရခြင်းဖြစ်သည်ဟု နားနှင့်ဆတ်ဆတ် ကြားဖူးခဲ့သည်။
မည်သို့ပင်ဖြစ်စေ မည်သူကမျှ အတည်မပြုကြသေးသောကြောင့် ပြောစရာအကြောင်းမရှိခဲ့ကြ။



  • လွန်ခဲ့သော အပါတ်က မိတ်ဆွေတဦးက ပြည်ထောင်စုတပ်နှင့်အစိုးရဖွဲ့စည်းရေး အကြောင်းကို စာတမ်းတစောင်ပေးပို့ပြီး ဆွေးနွေးလာသည်။
    တချိန်တည်းမှာ ခေတ်ပြိုင်ဂျာနယ်မှ အယ်ဒီတာ့အာဘော်မှာလည်း ဖတ်လိုက်ရသည်။
    ထို့ကြောင့် ကျွန်တော် စိတ်ဝင်စားသော သို့မဟုတ် အမှန်တကယ်ပြုလုပ်ရန်လိုအပ်နေသော နိုင်ငံရေးစစ်မြေပြင် တခုမို့ ဆောင်းပါးရေးမိသားဖြစ်သွားသည်။
    အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေးအတွက် ပြည်ပတွင်လုပ်လို့မရ၊ပြည်ပတွင် လုပ်နိုင်သောနည်းလမ်းမှာ ပြည်ထောင်စုတပ်မတော် သို့မဟုတ် ဒီမိုကရေစီတပ်မတော် ဖွဲ့စည်းလျှင် ရသည်၊ ၄င်းနောက် ပြည်ထောင်စုအစိုးရဖွဲ့စည်းလျှင်ရသည်။
    ပထမအချက်အနေ ဖြင့် ပြည်ထောင်စုတပ်မတော်ကို ဖွဲ့စည်းရေးအတွက် အဓိက ဆောင်ရွက် ရန်လိုသည်၊ ယင်းသို့ဖွဲ့စည်းရေးမှာလည်း ခက်ခဲမည်ဟုမထင်မြင်ချေ၊ အကြောင်းမှာ
    တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများမှာ နယ်စပ်ဒေသ တနံတလျှားမှာ ရှိနေကြသည်၊ ယခုရှိနေသော ငါးပါတီအဖွဲ့ မဟာမိတ်အဖွဲ့ ဆိုသည်များမဖြစ်ရအောင် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းရန်လိုသည်၊
    ဥပမာအားဖြင့် အနောက်ဘက်ဒေသတွင် ချင်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးတပ်ဦး ( CNF ) နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကရှိသည်၊ ချင်းလူမျိုးများက CNF ကို ထောက်ခံကြသလို ရခိုင်လူမျိုးများကလည်း ALPကို ထောက်ခံကြသည်၊
    သည်တော့ သူတို့က ပြည်ထောင်စုတပ်တွင် ၀င်ရောက်မည်ဆိုသည့်အရေးမှာ ခက်ခဲမှုရှိနေ လိမ့်မည်မဟုတ်ဟု သုံးသပ်လို့ရသည်၊
    တချိန်တည်းမှာ အရှေ့ဘက်တွင်ရှိနေသော လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း မဟာမိတ်အဖွဲ့အစည်းများပီပီ လုံးဝ ခက်ခဲမည်မဟုတ်ဟုထင်သည်၊ ပြည်တွင်းတွင် နိုင်ငံလုံးကျွှတ်ညီလာခံကို ခေါ်ခိုင်းနေမည့်အစားပြည်ပတွင် တော်လှန်ရေးအဖွဲ့အစည်းလက်နက်ကိုင်များ
    ညီလာခံကို ပြုလုပ်ရန်လိုသည်၊ ယင်းကမှ ပြည်ထောင်စုတပ်ကို စစ်တိုင်းအလိုက် ခွဲခြားသတ်မှတ်ပြီး တော်လှန်ရေးစစ်မျက်နာကို ဖွင့်လှစ်ရန်သာရှိသည်၊
    ကောင်းပြီ။
    ပြည်ထောင်စုတပ်ကို ဖွဲ့စည်းပြီးပြ၊ီ
    ယင်းတပ်ကို စီမံခန့်ခွဲအုပ်ချုပ်သော ပြည်ထောင်စုအစိုးရ ရှိကိုရှိလာရမည်ဖြစ်သည်၊ဆိုတော့ ပြည်ထောင်စုအစိုးရကို မည်သို့ဖွဲ့စည်းမည်နည်း၊
    NCGUB က ယခုပြည်ပတွင် ရှိနေသော အစိုးရဖြစ်နေသည်၊ လူငါးဦးအစိုးရဟု
    လူေ ပြာများသောအဖွဲ့ဖြစ်သလို ပြည်ပမှာ ရှိနေသော အတိုက်အခံ အချင်းချင်းကြားမှာ ရေပန်းစားမှုမရှိ၊ သူတို့ရှိနေလျှင်လည်း အကြောင်းမဟုတ်၊ သူတို့ပါဝင်ခြင်း၊မပါဝင်ခြင်းမှာ သူတို့ပြသနာဖြစ်သည်၊
    ပြည်ထောင်စုတပ်၏ ဒီမိုကရေစီအစိုးရက ရှိနေရေးသည်သာ အရေးကြီးသည်၊
    ပြည်ပတွင် တိုင်းရင်းသားလူမျိုးများမှာ ထုနှင့်ထယ်နှင့် အခိုင်အခန့် ရှိနေနှင့်ပြီးဖြစ်သည်၊ ယင်းတိုင်းရင်းသားလူမျိုးတို့သည် သူတို့အချင်းချင်း အစိုးရတရပ်ကို ဖွဲ့စည်းရမည်ဖြစ်သည်။
    လူမျိုးတမျိုးစီ၏ ဆိုင်ရာအစိုးရတရပ်ကို ဖွဲ့စည်းရေးမှာ ခက်ခဲလွန်းမည်ဟုမထင်၊ အဘယ့်ကြောင့်ဆိုသော်
    လက်နက်ကိုင်တော်လှန်ရေးပါတီတိုင်းတွင် ခိုင်မာသောပါတီ ရှိနြေ့ပီးဖြစ်ရာ စနစ်တကျရွေးချယ် ဆုံးဖြတ်ကြရန်သာလိုသည်၊ ယင်းသို့ အစိုးရတရပ်ကို ဖွဲ့စည်းရေးအတွက် ပြည်သူလူထု၏ ထောက်ခံမှုများနှင့်အတူ ဖွဲ့စည်းနိုင်ကြပြီဆိုလျှင် ဒီမိုကရေစီတပ်မတော်ကို ထိန်းချုပ်သောအစိုးရဟု
    ပြည်သူအများက ထင်မြင်ယုံကြည်ထောက်ခံလာကြမည်ဖြစ်သည်။
    ထိုနည်းတူ အစိုးရ၏ ဂုဏ်အင်္ဂါနှင့်အတူ ယင်းအစိုးရတိုင်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရှိနေရန်အရေးကြီးသည်။
    ပြည်ထောင်စုမြန်မာနိုင်ငံလွပ်လွပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံညီလာခံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ပင်လုံစိတ်ဓါတ်ကို အခြေခံရန် ပြောဆိုကြသည်မှာ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများပင် ဖြစ်သည်။
    ထို့ကြောင့်ပင်လုံစိတ်ဓါတ်ကို အခြေခံသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမျိုးဖြစ်ရန် အရေးကြီးသည်။၁၉၄၇ ခုနှစ်ပြည်ထောင်စုမြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ တန်းတူရေးနှင့် ခွဲထွက်ရေးတို့ကို အတိအလင်း ဖေါ်ပြထားသည်၊
    ဗိုလ်ချုပ်အောင်ဆန်း၏အမြော်အမြင်ကြီးမားသော နိုင်ငံရေးစိတ်ဆန္ဒကြောင့် တန်းတူရေးနှင့် ခွဲထွက်ရေး ကို ဥပဒေတရပ်အဖြစ် ထည့်သွင်းရေးဆွဲထားခဲ့သောကြောင့် တိုင်းရင်းသားလူမျိုးတို့ လက်ခံသဘောတူခဲ့ကြသည်၊ ၄င်းမှာ ပင်လုံစိတ်ဓါတ်ဖြစ်သည်၊
    ဆိုရလျှင် ပင်လုံစိတ်ဓါတ်ကို ယခုအချိန်တွင် အကောင်အထည်ဖေါ်ဆောင်ကြရန် အရေးကြီးသည်၊ ဖက်ဒရယ်ကိုမကြိုက်သော သူများထက် ပင်လုံစိတ်ဓါတ်ကို အကောင်အထည်မဖေါ်ဆောင်ဝံ့သော သူများမဖြစ်မိရန် အရေးကြီးသည်။
    ယင်းစိတ်ဓါတ်ကို လက်တွေ့အကောင်အထည်ဖေါ်ဆောင်မှသာ တိုင်းရင်းသားလူမျိုးအချင်းချင်း နှင့် ဗမာလူမျိုးတို့၏ ဥမကွဲသိုက်မပျက် ခရီးရှည်တော်လှန်ရေးမှာ အောင်မြင်မှုများ ရရှိကြမည်ဖြစ်သည်။
    သို့ဖြစ်သောကြောင့် ပြည်ထောင်စုအစိုးရတွင် ဇွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ မရှိမဖြစ်အရေးကြီးသည်၊
    ပြည်ထောင်စုအစိုးနှင့် ပြည်ထောင်စုတပ်မတော် ရှိလာခြဲ့ပီဆိုလျှင် မြန်မာ့နိုင်ငံရေး အခြေအနေကို တမျိုးတဖုံ ပြောင်းလဲသွားနိုင်လိမ့်မည်ထင်သည်။
    အဘယ့်ကြောင့်ဆိုသော် မြန်မာနိုင်ငံလွပ်လွပ်ရေး ရရှိပြီးသည့် အချိန်မှစပြီး ယခုအချိန်ထိ လက်နက်ကိုင် တော်လှန်ရေး လုပ်လာခဲ့ကြသည်မှာ
    နှစ်ပေါင်း ၅၀ နီးပါးရှိလာခဲ့ပြီးဖြစ်သည်၊ အုပ်ချုပ်သူဖက်ကကော
    တော်လှန်သူဖက်ကကော ဒေသခံတိုင်းရင်းသားလူမျိုးတွေကော နိုင်ငံရေးသမားတွေကော
    သေကြ ကြေကြ အသက်ပေါင်းများစွာဆုံးရှုံးခဲ့ကြပြီးဖြစ်သည်။
    ခုအချိန်ထိ တိုက်တုံးခိုက်တုံး သေတုံးကြေတုံး၊ နိုင်ငံရေးသမားတွေ ထောင်ထဲမှာ နှိပ်စက်ခံနေဆဲ၊ ကျောငိးသားတွေ ဖမ်းဆီးခံနေဆဲ ၊သေကြေနေကြဆဲ၊ ယင်းပြသနာများ အဆုံးသတ်ရေးမှာ စုစည်းညီညွတ်စွာနှင့် တခုတည်းသော တပ်မတော် ပေါ်ပေါက်ရေး ဖြစ်သည်။ ပြည်ထောင်စုအစိုးရပေါ်ပေါက်ရေးဖြစ်သည်၊
    အကွဲကွဲအပြားပြား တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများက တိုက်နေခိုက်နေသေးသမျှ မည်သည့်အခါမျ နအဖ စစ်အစိုးရကို ဖြိုခွဲနိုင်မည်မဟုတ်၊
    မည်သို့ပင် ဆိုစေ ခုအချိန်မှာ အားလုံးတစုတည်းတိုက်ရတော့မည်၊တစုတည်း ရပ် ပြရတော့မည်၊ တစုတည်း လဲလဲသေသေ ရှိနေကြရမည်၊ အင်အားခိုင်မာတောင့်တင်းနေသောစစ်အစိုးရ၏ လက်နက်ခဲယမ်းမီးကျောက် အားသာမှုကို တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများက သိရှိလျှင်
    ပိုပြီးစုစည်းကြရန်လိုပါသည်၊
    ချုပ်ပြီးပြောရလျှင် စစ်အာဏာရှင်စံနစ်ကို ရာသက်ပန် အုတ်မြစ်ချမည့်ကို ရာသက်ပန် အုတ်မြစ်ချမည့် ၂၀၁၀ ရွေးကောက်ပွဲကို အကောင်းဆုံး ဖျက်ဆီးနိုင်သည့် နိုင်ငံရေးနည်းလမ်းတခုကို ယင်းကဲ့သို့ ကျင့်သုံးရန်လိုနေပြီဟုသာပြောချင်ပါသည် ။။။။။။။။။။။။။။။



    မြန်မာနိုင်ငံသူနိုင်ငံသားတွေကို ကယ်ထုတ်ချင်သည့် ဆန္ဒရှိသူများ
    ကွဲပြားနေသော လက်နက်ကိုင်အဖွဲ့အစည်းများကို စုစည်းပေးရန်လိုသည်။

ဒီမိုကရေစီစနစ်ဆီသို့ တည်ဆောက်ချင်သည်ဆိုပါက တိုင်းရင်းသားလူမျိုးများ အစိုးရရှိနေပြီး ပြည်ထောင်စုအစိုးရ ရှိနေရန်လိုသည်။


ပြည်ထောင်စုအစိုးရ ရှိနေက ပြည်ထောင်စုတပ်မတော် ရှိနေရန်လိုပါသည်၊၊



ခိုင်အောင်ကျော် (စစ်တွေ)

10/29/2009

အမှန်အတိုင်းမြင်နိုင်မှ ဘာလုပ်ရမယ်ဆိုတာကို


နိုင်ငံရေးခေါင်းဆောင်တွေကို ထောင်ထဲထည့်ပစ်တာ၊ သစ္စာဖောက်တွေ မွေးထုတ်တာ၊ ခွဲထုတ်တာ၊ ကိုယ့်အတွင်းက ကွဲပြဲတာ၊ တယောက်တပေါက် ပြောနေတာတွေဟာ နအဖအဖို့ အကျိုးရှိသလောက် ရှိနေတယ်ဆိုတာ ဝန်ခံရမှာပါ။ နအဖအဖို့ ချောချောမွေ့မွေ့ မဟုတ် တောင်မှ သူတို့လုပ်ချင်တာတွေကို လုပ်နိုင်နေပါတယ်။ ဒါဟာ ကိုယ့်ဖက်က အားမရှိလို့ဆိုတာ အထူးပြောစရာမလိုပါဘူး။
ဒီလို အင်အားချိန်ခွင်လျှာကို ပြောင်းလဲမပစ်နိုင်သရွေ့ ဘာမှဖြစ်မလာနိုင်ဘူးဆိုတာ သတိပြုရပါမယ်။ ကိုယ့်ဖက်က သိသိသာသာကြီး အားနည်းနေရင် လူထုကိုလည်း လှုပ်နှိုးနိုင်မှာမဟုတ်ပါဘူး။ ထိရောက်တဲ့ လှုပ်ရှားမှုကြီးတွေလည်း ဆင်နွှဲနိုင်မှာမဟုတ်ပါဘူး။ အခုလိုအနေအထားမှာ နအဖကို အပြတ်အလဲ ထိုးနိုင်မယ့် တိုက်ပွဲကြီး သူ့အလိုလို ပေါ်လာမယ်လို့ မျှော်လင့်လို့မရပါဘူး။ စက်တင်ဘာသံဃာ့အရေးအခင်းဟာ မထင်တဲ့နေရာက မထင်ဘဲ ပေါ်ထွက်လာတာဆိုတော့ နအဖရော အတိုက်အခံတွေပါ ပြင်ဆင်မှုမရှိ၊ အလစ်အငိုက် ခံလိုက်ရသလို ဖြစ်သွားပါတယ်။ အတိုက်အခံတွေအဖို့ တိုက်ပွဲကို တခြားနယ်ပယ်တွေထဲ မတိုးချဲ့နိုင်ခဲ့ဘူးဖြစ်ခဲ့ရပါတယ်။ သံဃာတော်တွေဟာ အထီးကျန် တိုက်ပွဲဝင်ရသလို ဖြစ်သွားခဲ့ပါတယ်။ တန်ဘိုးမသေးတဲ့ သင်ခန်းစာပါ။

(ရဲဘော် ဖိုးသံချောင်း၏ စာစုတခုမှ ကောက်နှုတ်ချက် )

  • ၁၉၉၉-ခုလောက်က The Asian age သတင်းစာက သိပ္ပံ နဲ့ နည်းပညာ အခန်းမှာ စာတိုလေး တခု ဖတ်မိခဲ့ဘူးပါတယ်။ ဆိုလိုချက်ကတော့ တကမ္ဘာလုံးက တိုင်းပြည်တွေ အမေရိကန်လူနေမှု အဆင့် အတန်း မျိုး ရဖို့ဆိုရင် ဒီ ကမ္ဘာကြီးဟာ လေးဆလောက် ပိုကြီးဖို့လိုတယ် ဆိုတဲ့ အကြောင်းပါဘဲ။
    ဒီနေ့တိုင်းပြည်တွေ အားလုံးကလဲ တိုးတက်ဖွံ့ဖြိုးရေး ချမ်းသာကြွယ်ဝရေး အတွက် အသဲအသန် ပြိုင် ဆိုင်ကြိုးစား နေကြတာလဲ အားလုံးအသိပါဘဲ။ အထက်ပါ သတင်းအရဆိုရင် နည်းပညာ၊ အရင်းအနှီး၊ အပြင် သဘာဝသယံဇာတ အတွက်ကိုလဲ အလုအယက် ပြိုင်ဆိုင်နေကြရအုံးမယ်လို့ နားလည်လို့ ရ ပါတယ်။ ဒီတော့ ကျနော်တို့ကသာ အားနည်းချက် ရှိနေရင်တော့ ကျနော်တို့ရဲ့ သယံဇာတတွေကို တခြားသူတွေက ယူငင်သုံးဖွဲဖို့ အခွင့်အလမ်း ပိုများများရ ကြမှာ ဖြစ်ပါတယ်။
    ကျနော်တို့ တိုင်းပြည် မှာ ပြည်တွင်းစစ် ဖြစ်နေတာ၊ တိုင်းပြည်ပြန်လည် တည်ဆောက်ရေး နဲ့ ပါတ်သက်လို့ စစ်အာဏာပိုင် များနဲ့ ကျန်ပြည်သူလူထု စိတ်ဝမ်းကွဲပြီး ဒီမိုကရေစီ တောင်းဆိုမှု တိုက် ပွဲဖြစ်နေတာ၊ ဒါတွေကြောင့် တည်ငြိမ်အေးချမ်းပြီး စုစည်းညီညွတ်တဲ့ အားပြည့်မန်ပြည့် အမျိုးသား နိုင်ငံ အဖြစ်မရပ်တည်နိုင်သေး တာဟာ ကျနော်တို့ရဲ့ အားနည်းချက် ဖြစ်ပါတယ်။ ဒါကြောင့် ပဲ ကျနော် တို့ရဲ့ သယံဇာတတွေကို ထိုက်ထိုက် တန်တန်ဈေးရအောင် ကျနော်တို့ အတွက် ထိုက်ထိုက် တန်တန် အကျိုးရှိအောင် မလုပ်နိုင် ပဲဖြစ်နေကြပါတယ်၊ နောက်ဆုံး ကျနော်တို့ တိုင်းသူ ပြည်သား များ ရဲ့ လုပ်အားတွေတောင်မှ သူများ နည်းတူ တန်ကြေးမရှိ အကျိုးမရှိဖြစ် နေ ကြရပါတယ်။ ဒီအပေါ်မှာ အိမ်နားနီးခြင်းများ အပါအဝင်အ ခြား တိုင်းပြည်တွေ က အကျိုးရှိနေကြပါတယ်။
    ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာ ကို ဖြေရှင်းဖို့ အမျိုးမျိုး အဖုံဖုံ ကြိုးစားလာခဲ့ကြတာ နှစ် ၂ဝ-ရှိလာ ပါပြီ၊ ဒါပေမဲ့ မအောင်မြင်သေးပါဘူး။ အခုကျနော် တင်ပြမဲ့ ကြံဆချက် ကလဲ ဒီ ပြဿနာကို ဖြေရှင်းဖို့ ကြိုးစားချက်တခု ဖြစ်တယ် ဆိုတာကို ကြိုကြိုတင်တင် ဝန်ခံပါတယ်။
    အမျိုးသားရင်ကြားစေ့ရေး နဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာရေးကို ကျနော်တို့ ပြောနေကြတာက အားလုံးရဲ့ အကျိုးစီးပွါး အတွက်ဖြစ်တယ်၊ ရေရှည် အမျှော်အမြင် ကြောင့်ဖြစ်တယ်။ ယှဉ်ပြိုင်မှုတွေ သဲသန်ပြင်းထန်တဲ့ ဒီကနေ့ ကမ္ဘာကြီးထဲမှာ ကျနော်တို့ တိုင်းပြည်ဟာ အားမန်ပြည့်တဲ့ ယှဉ်ပြိုင်နိုင် စွမ်းကြီးတဲ့ စည်းလုံးညီညွတ်တဲ့ အမျိုးသားနိုင်ငံ ဖြစ်လာစေဖို့ ပြောနေတာဖြစ်ပါတယ်။ ဒါမှသာ ကျ နော်တို့ရဲ့ သယံဇာတတွေ၊ ကျနော်တို့ ပြည်သူလူထုရဲ့ အကျိုးစီးပွါးတွေကို ကျနော်တို့ ကာကွယ်နိုင် မှာဖြစ်တယ်။
    ဗမာတိုင်းရင်းသားတွေနဲ့ ကျန်တိုင်းရင်းသားတွေကြား နိုင်ငံရေးခြားနားမှု ပြဿနာတွေကို အနာဂတ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်တူညီစေခြင်း ဖြင့် ဖြေရှင်းနိုင်မယ်လို့ မျော် လင့်ပါတယ်။ လက်ဝဲ လက်ယာ အုပ်စု ပြဿနာ နဲ့  စစ်အုပ်စု နဲ့ ကျန်အင်အားစုများရဲ့ ပြဿနာ က တော့ တယောက် ကို တယောက် အသိအမှတ် ပြုရေးနဲ့ နေရာပေးရေးနဲ့ ဖြေရှင်းရမယ် လို့ မျော်လင့်ပါတယ်။
    တတိုင်းပြည်လုံး ပြည်သူတွေအတွက် အကောင်းဆုံး ဖြစ်အောင်နဲ့ ပြဿနာတွေ (နိုင်ငံရေး ပြဿနာတွေ) ဖြေရှင်းနိုင်ဖို့အတွက် ကတော့ ဘယ်လိုအနာဂါတ်မျိုး တည်ဆောက်မလဲ ဆိုတဲ့ အပေါ် သဘောတူကြ ဖို့ ဖြစ်ပါတယ်။ ဘယ်လိုပြည်ထောင်စုမျိုး ဘယ်လိုအနာဂါတ်မျိုး တည်ဆောက် မယ်ဆို တာကို အကျ အန အကျေအလည် သဘောတူနိုင်ကြရင် အခြေအနေတွေ ပြောင်းလဲ ဖို့ အတွက် စလုပ်လို့ ရမယ်လို့ ယုံကြည်ပါတယ်။
    တပြည်လုံးမှာရှိ တဲ့ ပြည်သူတွေ ၊အင်အားစုတွေ ဆိုပေမဲ့၊စစ်အုပ်စုနဲ့ ကျန်အင်အားစုတွေနဲ့ ကွာခြားပါတယ်၊ စစ် အုပ်စုက နိုင်ငံရေးအာဏာ ရယူပြီး တိုင်းပြည်ကို လက်တွေ့  အုပ်ချုပ်နေတဲ့ ကြီးမားတဲ့လက်နက်ကိုင် အင်အားစု ကြီးဖြစ်တယ်။ မြန်မာတိုင်းရင်းသားတွေ အပါအဝင် ကျန်အုပ်စု တွေကတော့ လက်နက်အင်အား ၊လူ၊ငွေကြေး ၊အစစ (ချို့တဲ့) အကန့်အသတ် ရှိတဲ့ အာဏာ လက်မဲ့ အတိုက်အခံ များဖြစ်ကြပါတယ်။ စစ်အုပ်စုဟာ တတိုင်းပြည်လုံး ၊ ပြည်သူ တရပ် လုံး ရဲ့ အကျိုးစီးပွား နဲ့ သဘောဆန္ဒတွေကို ဆန့်ကျင် တာ၊ မျက် ကွယ်ပြုတာ၊ အသိအမှတ် မပြု တာ ကြောင့် ကျနော် တို့ အနေနဲ့ စစ်အုပ်စု ကို ဆန့်ကျင် တိုက်ခိုက် နေရတာ ဖြစ်ပါတယ်။
    ကျနော်တို့က စစ်အုပ်စုကို ၊ အားလုံးအတွက် ကောင်းမွန်တဲ့ အနာဂတ် အတွက် ညှိနှိုင်း ချင် တယ်။ အားလုံးအတွက် နေပျော်မဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို အတူတကွ သဘောတူ ဝိုင်းလုပ် စေ ချင်တယ်။ အားလုံးအတွက် တရားမျှတပြီး အာမခံချက်ရှိတဲ့ နိုင်ငံရေးစနစ်မျိုးမှာ နေစေ့ ချင်တယ်။ ၂၁ ရာစု မှာ ဗမာပြည်ရဲ့ အဆင့်နေရာ ကောင်းမွန်တိုးတတ် ရေး အတွက် ညီညွတ်စွာ ဝိုင်းလုပ်စေ ချင်တယ်။ ဒါပေမဲ့--
    စစ်အုပ်စုဟာ အဏာလက်ရှိ ဖြစ်နေတယ် အကြီးမားဆုံးလက်နက်ကိုင် အင်အားစုဖြစ်တယ်။ တိုင်းပြည်ကို လက်တွေ့ အုပ်ချုပ်နေတယ်ဆိုတဲ့ သူရဲ့  အနေအထားပေါ်မှာ မာနကြီးစွာနဲ့ ကျန်တဲ့ အင်အား စုတွေ လူပုဂ္ဂိုလ် တွေ ကို မထေ မှဲ့မြင်လုပ်နေတယ်။ အသိအမှတ် မပြုဘူး ဆန့်ကျင်တယ် အနာဂတ်ပြည်ထောင်စု အရေးကိုလဲ သူ့အနေအထား ကောင်းရေးနဲ့ ကျန်အင်အားစုများကို နေရာ မပေးရေး ဆက်လက်ချိုးနှိမ်ထားရေး သဘောထားနဲ့ ဘဲလုပ်နေတယ်။ ဒါ့ကြောင့် ကျနော်တို့က စစ် အုပ်စုကို တိုက်နေရတာ ဖြစ်တယ်။
    စစ်အင်အားအပေါ်မှာ မာနတက်လှတဲ့ စစ်အုပ်စုကို ကျနော်တို့ စစ်ရေးဖိအား မပေးနိုင်လို့ မဖြစ်ဘူး၊ သူ့ရဲ့ စစ်အင်အား မာနကို ရိုက်ချိုးနိုင်မှသာ သူ့ကို အမျိုးသား နိုင်ငံရေးလမ်းကြောင်း ပေါ် ပြန်ဆွဲ ခေါ်နိုင်မှာ ဖြစ်တယ်။ စစ်အုပ်စုကိုစစ်ရေးဖိအားပေးနိုင်တဲ့ ပေးနေတဲ့ ပေးခဲ့တဲ့ ကျနော်တို့တော်လှန်ရေး အစု အဖွဲ့တွေ စုဖွဲ့မိဖို့ လက်တွဲချိတ်ဆက်ဖို့သာ လိုပါတယ်။ အခြေအနေနဲ့အချိန်အခါကလဲ လက်တွဲ ချိတ်ဆက်ဖို့တောင်းဆိုနေပါတယ်)

ဒီ ပြည်ထောင်စုတပ် ( Federal Army) က ကျနော်တို့ရဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းပေး မှာလည်း ဆိုတာကို ဒီလို စဉ်းစားကြည့်မိ ပါတယ်။

  • ပထမဆုံး ထင်သာမြင်သာရှိတဲ့ စစ်ရေးကိစ္စ မှာ ဆိုရင် တပြည်လုံးကိုဖြန့်ခွဲချထားတဲ့ သူ့တပ်တွေကို သူတို့ရဲ့ စစ်ရုံးချုပ်ကနေ လိုအပ် သလို တပြည်လုံးမှာ စစ်ဆင်ကစားနိုင်တယ်။ တပြည်လုံးမှာ ပြန့်ကြဲတည်ရှိနေတဲ့ ကျနော်တို့ တော် လှန်ရေးတပ်တွေက တော့ ကိုယ်နယ်မြေရဲ့ အပြင်ကို ထွက်ပြီးစစ်မကစား နိုင်သလို တပြည်လုံးရဲ့ စစ် ရေး လိုအပ် ချက် အတွက်ကိုလည်း ကိုယ့်နယ်မြေထဲကနေ စစ်မကစားပေးနိုင်ကြဘူး။ တပြည်လုံး အ တွက် ကိုယ်စားပြုမဲ့ ပြည်ထောင်စုတပ်ကတော့ တပြည်လုံးစစ်ရေးလိုအပ်ချက် အတွက် ကျနော် တို့ရဲ့ စစ်ရုံးချုပ်က လိုသလို စစ်ကစား ပေးနိုင်မှာ ဖြစ်တယ်။
  • စစ်အာဏာရှင် အောက်က ပြည်သူ့ဘက်ကို ပြောင်းချင် နေတဲ့ မျိုးချစ်စစ်သည် များအတွက် ပြောင်း လာစရာ နေရာရှိလာမှာ ဖြစ်တယ်။ ဒီလိုနည်းနဲ့ သူ့အတွင်းမှာ ပြဿနာဖြစ်နေတဲ့ စစ်ပြေး တပ်ပြေး ကိစ္စကို ပိုပို ဆိုးလာစေပြီး သူ့ကို တဘက်လှည့်နဲ့ စစ်ရေးဖိအား ပေးလာနိုင်မှာဖြစ် တယ်။
  • ပြည်ထောင်စုတပ်ဟာ ကျနော်တို့ ကြားတွေထဲမှာရှိနေတဲ့ ပြဿနာများအတွက် ကြားခံပေးထားမဲ့ အရာတခုဖြစ်လာ နိုင်သလို ပြဿနာ တွေ ဖြေရှင်းဖို့ ဆုံချက်တခု အဖြစ်လည်း အသုံးကြနိုင်သလို စည်လုံးညီညွတ်ရေးရ ဖို့အတွက် နားလည်မှုနဲ့ ယုံကြည်မှု တည်ဆောက် ရေးအတွက် ပေါင်းကူး အဖြစ်လည်း အသုံးကြ နိုင်ပါတယ်။

    ဒီ ပြည်ထောင်စုတပ်ကို ဘယ်လိုတည်ဆောက် ယူကြမလဲ။
    စစ်ရေးလိုအပ်ချက်အတွက် မဟာမိတ်တွေ တပ်ပေါင်းစုတွေတော့ အမျိုးမျိုးဖွဲ့ဘူးကြတဲ့ အတွေ့အကြုံ ရှိကြပါတယ်၊ တကယ့် လိုအပ်ချက်ကို မြင့်မြင့်မားမား မဖြည့်ဆည်းပေးနိုင် ခဲ့ပါဘူး။ အဲဒီ အရင်နည်း တွေနဲ့တော့ အလုပ်မဖြစ်ဘူးဆိုတာ နားလည်မိပါတယ်။ ကျနော်တို့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ဆိုရင် အချိုးကြ စစ်သားထည့်ဝင်ကြတဲ့ နည်း တံဆိပ်ပြောင်းကပ်တဲ့ နည်း တွေ မဟုတ်ဘဲ ပြည်ထောင်စုတပ် အတွက် သီးသန့် သင်တန်းခေါ်ယူတာဖြစ်စေ တပ်သားသစ်ခေါ်ယူတာ ဖြစ်စေ လုပ် တာကနေစကြရပါမယ်။ အဲဒီလို လုပ်နိုင်ဖို့ အတွက် ပြည်ထောင်စုတပ်ရဲ့ ဒီဇိုင်း နဲ့ အခြေခံသဘောကို
    ကြိုပြီးသဘောတူ ထားကြရပါမယ်။ အဲဒီ သဘောတူညီမှုကို တာဝန်ခံနိုင်ကြဖို့အတွက် အနာဂါတ် ပြည်ထောင်စု တည်ဆောက်မှုအပေါ်မှာ ကြိုပြီးသဘောတူကြရပါမယ်။ အနာဂါတ် ပြည်ထောင်စု ပုံစံ ကတော့ ဖက်ဒရယ်ပြည်ထောင်စု ဘဲ ဖြစ်ပါလိမ္မယ်။ ဒါတွေကို ကျနော့်သဘောကတော့ တခုပြီးမှ တခု လုပ်ဖို့လဲ မဟုတ်ပါဘူး၊ အားလုံးပါအောင် ညှိပြီး ညီပြီးမှ လုပ်ဖို့လဲ မဟုတ်ပါဘူး၊ ရတဲ့နေရာက စညှိပြီး ညီ သလောက်က စလုပ်ကြဖို့ဘဲ ဖြစ်ပါတယ်။ စေတနာမှန်တယ် လုပ်တာမှန်တယ်ဆိုရင် ကျနော်တို့ သေးသေး ကစလဲ ကြီးလာမှာဘဲ နဲနဲကစလဲ များလာမှာဘဲ ကျနော်တို့က ကျနော်တို့ရဲ့ အင်အားကြီး လာမှာ။ ကျနော်တို့နဲ့ ညီတဲ့သူတွေ များလာမှာကို မကြောက်ဖို့ဘဲ လိုပါတယ်။
    နောက်တခုက ကျနော်တို့ အနေနဲ့  ပြဿနာ အတော်များများကို လက်ငင်းဖြေရှင်း ဖို့ လိုတယ်လို့  ယူဆပါ တယ်၊ ဘယ်ကိုဦးတည် ပြီးဖြေရှင်းကြရမလဲ ဆိုတော့၊ အနာဂါတ် ပြည်ထောင်စု ဗမာ နိုင်ငံတည် ဆောက် ရေးကို ဦးတည်ပြီး လုပ်ကြရပါ မယ်။ အလုပ်ဖြစ်အောင်လုပ်နိုင်ဖို့ ကျနော်တို့မှာ တိကျ ရှင်းလင်းတဲ့ ပေါ်လစီ ရှိရပါမယ်၊ ဘုံအခြေခံနဲ့ ဘုံရည်မှန်းချက် ရှိရပါမယ်၊ ဘုံလုပ်ငန်းစဉ် ရှိရ ပါမယ်။ ဒါက အများပြောနေကြ အတိုင်း ကျနော်ပြောကြည့်တာပါ၊ တကယ်ပြောချင်တာက ဘာဖြစ်အောင် လုပ်ကြ မလဲ၊ ဘယ်လိုလုပ်ကြမလဲ ဆိုတာ စဉ်းစားချက်နဲ့ သဘောတူချက်တွေ ရှိထား ကြဘို့ပါဘဲ။ လက်လှမ်းမှီ တဲ့ အနီးဆုံး အသေးဆုံး တွေကနေ စလုပ်ကြရပါမယ်။ ကိုယ့်ရဲ့ အနာဂါတ် တည်ဆောက်ရေး အတွက် အမျိုးသားရင်ကြားစေ့ရေးကို ကိုယ့်ဘေးနားမှာ ရှိတဲ့လူနဲ့ စလုပ်ကြဖို့ ပါဘဲ။
    ကျနော်တို့ရဲ့ စစ်ဦးစီးချုပ်ရုံးကို ဖွဲ့စည်းဖို့က ရိုးရိုးရှင်းရှင်း နဲ့  မရနိုင်သေးပါဘူး၊ ကြားခံ စစ် ကော်မရှင် လိုဟာမျိုး တခု လိုအပ် နိုင်ပါတယ်။ စစ်ကော်မရှင်ကို မူလ ကတည်းက ရှိခဲ့တဲ့ လူမျိုးစု တော်လှန်ရေး အဖွဲ့ တွေထဲက စစ်ရေးခေါင်းဆောင်တွေ ထဲက သင့်တော်တဲ့ အရေအတွက်ကိုသတ် မှတ် သဘောတူ ပြီး စလုပ်ကြရပါမယ်။ အဲဒီအောက်မှာမှ စစ်ဦးစီးချုပ်ကို ရွေးချယ် ခန့်ထားကြရ လိမ္မယ်ထင်ပါတယ်။ စစ်တပ်ကို အရပ်သား အုပ်ချုပ်မှုက ကွှပ်ကဲ ရမယ် ဆိုတာ အတွက် နဲ့  အမှန် တကယ် စောင့် ကြည့် အကဲဖြတ် နိုင် ရေးအတွက် ထောက်လှန်းရေး သတင်း တွေကို စစ်ကော်မရှင် ကို တက်ခိုင်းပြီး တပ်မှူး အဆင့်ဆင့် အစီ ရင်ခံစာ ကို တော့ စစ်ဦးချုပ်ဆီ တက်ခိုင်းရပါမယ်၊ ပြီးတော့ သုံးသပ်အကဲဖြတ်ခြင်း၊ စစ်ဆင်ရေးစီမံချက် ရေးဆွဲ ခြင်း၊ ဆုံးဖြတ် ချက်ပေးခြင်း၊ စတာတွေကို စစ် ကော် မ ရှင်နဲ့ စစ်ဦးစီးချုပ် တို့က အတူ ပူးပေါင်းဆောင်ရွက်ကြရပါမယ်။


    ဒီလောက် ဆိုရင်တော့ ပါဝင် ပါတ်သက် ကြမဲ့ စစ်ရေးသမားတွေ အဖွဲ့အစည်းတွေ အသီးသီး ကို ထိုက်သင့်တဲ့ လေးစားမှုနဲ့ လက်ခံနိုင်လောက်တဲ့ ယုံကြည်စိတ်ချမှု ပေးနိုင်လောက်မယ် ထင်ပါ တယ်။ မလုံလောက်သေးရင်လဲ တကယ်လိုလိုချင်ချင်နဲ့ ညှိကြတယ် ဆိုရင် အလုပ်ဖြစ်နိုင်လောက်တဲ့ ဒီဇိုင်း နဲ့ နည်းလမ်းက ရလာမှာပါ။
    ရှေ့တန်းက စစ်သားတယောက်ရဲ့ သေနပ်က ကျည်ဆံထွက်နေဖို့ နောက်တန်းက လူ ခုနှစ် ယောက် လောက်က ဝိုင်းလုပ်ပေးနေဖို့ လိုတယ် လို့ကြားဖူးပါတယ်။ အခုလဲ ကျနော်တို့ရဲ့ ပြည်ထောင် စု တပ်မတော်အတွက် ရိက္ခာ၊ ယူနီဖေါင်း၊ ဆေးဝါး၊ လက်နက်၊ သတင်း၊ စတဲ့ လိုအပ်ချက်တွေ ကို ဘယ်လို လုပ်ကြမလဲ ဆိုတဲ့ ပြဿနာ ရှိလာပါပြီ။ ဒီလိုအပ်ချက်နဲ့ ကျနော်တို့ရဲ့ ပြည်သူတွေ နိုင်ငံရေး အဖွဲ့ အစည်းတွေ ကြားမှာ အဆက်အစပ် ပြုဖို့ ( စီမန်ခန့်ခွဲရေး ယန္တယား တခု ) ဗြူရိုကရေစီ ယန္တယား တခု လိုအပ် လာပါတယ်။
    ဗြူရိုကရေစီ ယန္တယား တည်ဆောက်ရေးဟာ စစ်အာဏာရှင်စံနစ် ဆန့်ကျင်ရေး လုပ်နေ ကြတဲ့ ကျနော်တို့ ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ၊အဝန်းအဝိုင်း အတွင်းမှာ ရှိနေတဲ့ ပြဿနာ အတော် များများကို ဖြေရှင်းပြီး ကျနော်တို့ကို ကျနော်တို့ နောက်တဆင့် တိုးတက်အောင် လုပ်ဖို့ အခြေအနေ ပေး လာမှာ ဖြစ်ပါတယ်။ ဒီ ဗြူရိုကရက် ယန္တယား တည်ဆောက်ရေး ကို အောင် မြင် အောင် လုပ်နိုင်တယ် ဆိုရင် စစ်အာဏာရှင် စံနစ်ရဲ့ အစိုးရ ယန္တယား ကို ဒီမိုကရေစီ စံနစ်ရဲ့ အစိုး ရယန္တယား နဲ့ အစားထိုးပစ် နိုင်မယ်။ ဒီနေ့ ကျနော်တို့ တိုင်းပြည်ရဲ့ အကြပ်အတည်း ပေါ်ကနေ အမြတ်အစွန်း ထုတ်ယူနေချင်လို့ စစ်အစိုးရကို ဖယ်ရှားလိုက်ရင် အာဏာ ဟာကွက် ဖြစ်သွားပြီး ဒေသတည်ငြိမ်ရေး ပျက်သွားတော့ မယောင် ပြောနေ ကြတဲ့ သူတွေရဲ့ စကားကိုလဲ ရိုက်ချိုးနိုင်ပြီး သားသွား ဖြစ်မယ်။
    ကျနော်တို့ ဒီမိုကရေစီရေး လှုပ်ရှားသူများ အနေဖြင့် ပြည်သူလူထုနဲ့ ဆက်စပ်ပြီး ဒီမိုကရေစီ စတင်ကျင့်သုံး လေ့ကျင့်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ချင်တဲ့ ကျနော်တို့တွေ ဖက်ဒရယ် စံနစ် စတင် ကျင့်သုံးလေ့ကျင့်ဖို့ အတွက်တော့၊ ကျနော်တို့ရဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ နဲ့ အဖွဲ့အစည်း တွေရယ်။ ပြီးတော့ ပြည်သူလူထု၊ ဗြူရိုကရေစီယန္တယားနဲ့၊ ပြည်ထောင်စုတပ်မတော်ကို ဘယ်လို ဆက်စပ် တည်ဆောက်လည်ပါတ်ကြမလဲ ဆိုတာက နေ အဖြေတွေ အများကြီးကို ပေးလိမ္မယ်လို့ ယုံကြည်ပါတယ်။
    တိုင်းချစ် ပြည်ချစ် စိတ်ရှိပြီး တက်ကြွတဲ့ ဗြူရို ကရက် တွေကို ဗြူရို ကရက် ကောင်း လို့  ခေါ်ပါမယ်။ သူတို့ က ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ တွေကို ထိမ်းသိမ်းပြီး ယန္တယား ကို ပုံမှန် လည်ပတ် စေရ ပါမယ်။ အပေါ် ကလာရင် အောက်ချပေးလိုက်၊ အောက်က လာရင် အပေါ်တင် ပေးလိုက် ဆိုတာလောက် ဘဲ လုပ်ချင် တဲ့၊ ဘာကိုမှ မဆုံးဖြတ်တဲ့ ၊ဘာကိုမှ တက်တက် ကြွကြွ တာဝန်ယူမှုမရှိ တဲ့၊ ဗြူရိုကရက် မျိုး ကျနော်တို့  ခုချိန်မှာ၊ မလိုသေး ပါဘူး။ ကိုယ့်ရဲ့  ကျွမ်းကျင် မှု၊ နဲ့  အရေးပါမှု ကို ရှေ့ တန်းတင် မာနတက် ပြီးတော့ အပေါ်က ဖိအားပေး တာ လဲ မကြိုက်ဘူး၊ အောက်က ဖိအားပေး တာလဲ မကြိုက်ဘူး၊ ဆိုတဲ့ ဗြူရိုကရက် မျိုး လဲ အလုပ် မဖြစ်သေး ပါဘူး။ ထစ်ကနဲ့  ရှိရင် ပညာ ပြလိုက်မယ် ဆိုတဲ့ ရင့်ကျက်မှု နည်းသူတွေ နဲ့ လည်း အလုပ် မဖြစ်နိုင်သေး ပါဘူး။( အဲဒီလိုစဉ်းစား လိုက်ရင် လူကောင်းရဖို့  ဘယ်လောက် ခက်သလဲ၊ ဆိုတာကိုက ကျနော်တို့  လူမျိုး ဘယ်လောက် ငယ်သေး သလဲ၊ ဘယ်လောက်ဆင်းရဲ သေးသလဲ ဆိုတာကို ပြတာ ဘဲပေါ့ဗျာ။)

    တခုခု ပြုလုပ်ဖန်တီးတော့မယ် ဆိုရင် စိတ်ကူးအမြင်က အရေးကြီးပါတယ်။ စိတ်ကူးအမြင် အား နည်းရင် ဖန်တည်းပြုလုပ်တဲ့ အရာကလဲ မပြီမပြင်ဖြစ်တတ်ပါတယ်။ ပုံတူကူးချတာ၊ လုပ်နေကြမို့ အကုန် အလွတ်ရနေတာမျိုးသာ မဟုတ်လို့ကတော့ စိတ်ကူးအမြင်လွဲရင် လွဲသလောက် အကုန်လွဲ တော့တာပါဘဲ။ ကြီးမားကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့ ကိစ္စမှာတော့ ပိုလိုအပ်တာပေါ့။ အခုကျနော်တို့ရဲ့ တိုင်းပြည်မှာ ဒီမိုကရေစီ တည်ဆောက်ကြမယ်။ (အခု လက်ရှိဗမာပြည်ဟာ ကျနော်တို့ အတွက် အဆင် မပြေလို့ နေပျော်ထိုင်ပျော် မဖြစ်လို့ အားလုံးအတွက် အဆင်ပြေမဲ့ နေပျော်ထိုင်ပျော် ဖြစ်ပြီး အားလုံးအတွက် လုံခြုံအေးချမ်းပြီး တိုးတက် ဖွံ့ဖြိုးမှုကို ပေးနိုင်မဲ့ တိုင်းပြည်ဖြစ်ချင်လို့။) ဒီမိုကရက် တစ် တိုင်းပြည် ဖြစ်အောင်လုပ်ကြမယ်။ အဲဒီလို စဉ်းစားလိုက်တော့ ခုကျနော်တို့ရဲ့ ပြဿနာကို ကျနော်ကတော့ အနာဂါတ်ပြည်ထောင်စု တည်ဆောက်ရေး ပြဿနာ လို့ ကြည့်မြင်မိပါတယ်။
    အဲဒီ စိတ်ကူးပုံရိပ်ပေါ်ကနေ ကြည့်လိုက်တဲ့ အခါကြတော့ ခုတွေ့နေရတဲ့ အခက်အခဲတွေ အတော် များများကို ဖြေရှင်းကျော်လွှားဖို့ စိတ်ကူးက တမျိုးဖြစ်လာရပါတယ်။

    ခုအချိန်မှာ စစ်အာဏာရှင် တိုက်ဖျက်ရေး၊ ဒီမိုကရေစီရရှိရေး၊ လူ့အခွင့်ရေးရရှိရေး၊ တိုင်းရင်းသား အခွင့်ရေး ရရှိရေး၊ ဆိုပြီး အမျိုးမျိုး ကြွေးကြော်နေကြပါတယ်။ အဲဒီ စိတ်ကူးအမြင် တွေနဲ့ စဉ်းစားကြံဆပုံ အမျိုးမျိုးက ကျနော်တို့ရဲ့ အရေးတော်ပုံကို အားရကြေနပ် လောက်တဲ့ တိုးတက်မှု မပေးသေးပါဘူး။ စစ်အာဏာရှင် တွေကိုနိုင်ဖို့ အတွက် ကျနော်တို့ညီညွှတ်ကြဖို့ လိုတယ်၊ လို့ ပြောကြပါတယ်။ အဲဒီ ညီ ညွှတ်ရေးကို လဲ အလုပ်ဖြစ်လောက်အောင် မရသေးပါဘူး။ ကျန်တိုင်းရင်းသားများ မှာလဲ သူတို့ အရေး ကိစ္စ တွေ (ပြဿနာ လို့ ကျနော်မသုံးမပါဘူး) ရှိကြပါတယ်၊၊ မြန်မာတိုင်းရင်းသားတွေ မှာလဲ သူတို့ ရဲ့  အရေး တွေ နဲ့ မျှော်မှန်းချက် တွေရှိ ကြပါတယ်၊၊ မြန်မာတွေနဲ့ ကျန်တိုင်းရင်းတွေ တဘက်ကို တဘက် မယုံသင်ကာ တာနဲ့ အသာစီး ယူထားချင်တာတွေ လဲရှိကြပါတယ်။ မြန်မာတွေက စစ်အစိုးရ ဖယ်ရှားရေး ဒီမိုကရေး ကို အဓိကနဲ့ ပထမ လုပ်ချင်တယ်။ကျန်ကိစ္စတွေကို နောက်မှ ပြောကြလုပ်ကြ တာပေါ့ဆိုတာမျိုး ထားချင်တယ်။ ကျန်တိုင်းရင်းသား များကတော့ ခွဲထွက်ခွင့် အပါအဝင် နယ်မြေပြဿနာ အပါအဝင် လူမျိုးစု ပြဿနာ တွေကို အရင်ပြောဆိုပြီး ခိုင်မာတဲ့ ဂတိစကား ရထားချင်တယ်။ တချိန်တည်း မှာဘဲ တဘက်ကိုတဘက် မယုံသင်ကာ လည်းရှိနေကြတယ်။ အဲဒါကြောင့် ဗမာတပြည်လုံး ရဲ့ ပြဿနာ ဘုံရန်သူကို ရင်ဆိုင်ရေး တိုက်ဖျက်ရေး ပြဿနာ တွေမှာ တကယ့်ပူးပေါင်း ဆောင်ရွက်မှု ကို မရနိုင်ကြဘူးဖြစ်နေပါတယ်။
    ဒါတွေကို ကျော်လွန်ပြီး ဗမာတပြည်လုံး မှာရှိတဲ့ ပြည်သူတွေ ကြီးမားတဲ့ စည်းလုံးညီညွှတ်မှု ရှိမှသာ ကျနော်တို့ အောင်မြင်မှု ရမှာဖြစ်ပါတယ်။ ကျနော့်အနေနဲ့ အနာဂါတ်ပြည်ထောင်စု တည်ဆောက်ရေး ပြဿနာ လို့ ကြည့်မြင်ပြီး စဉ်းစားလိုက်တော့ ပြဿနာ အတော်များများကို လက်ငင်းဖြေရှင်းဖို့ လိုတယ်လို့ ယူဆမိပါ တယ်၊ ဘယ်ကိုဦးတည် ပြီးရှင်းရမလဲ ဆိုတော့၊ အနာဂါတ် ပြည်ထောင်စု ဗမာနိုင်ငံတည်ဆောက် ရေး ကို ဦးတည်ပြီး လုပ်ကြရပါမယ်။ ဟုတ်ပါတယ်။ ပထမဆုံး ကိုယ်ဘာဖြစ်ချင်တယ် ဘာလုပ်ချင်တယ် ဆိုတာ ရှင်းရှင်း လင်းလင်း ဖြစ်နေဖို့ လိုပါတယ်။ ရိုးရိုးသားသား လဲ ဖြစ်နေကြရင်တော့ ပိုကောင်းတာပေါ့။

    ပဌမဆုံးအနေနဲ့ ကျနော်တို့က ကိုယ်ဘယ်လိုဗမာပြည်မျိုးမှာ နေချင်သလဲ ဆိုတာ စဉ်းစားကြည့်ရ ပါမယ်။ ပြီးတော့ကိုယ်နဲ့ အနီးဆုံးလူတွေနဲ့ စပြီး ညှိကြည့်တာပေါ့။ အတိတ်က ပြဿနာတွေကို အတတ်နိုင်ဆုံး ချန်ထားခဲ့ပြီး အနာဂါတ်ကို များများအာရုံစိုက်ပြီး ပြောကြ ညှိကြရမှာပေါ့။ သေချာတာကတော့ ခုစစ်ဗိုလ်တွေ ကြိုးစားနေသလို ကိုယ့်အတွက်အကောင်းဆုံး တွေနဲ့ ကိုယ်ကြိုက်တွေချည့်ဘဲ ဆိုတဲ့ ဒီဇိုင်းကိုတော့ အများက ကြိုက်မှာမဟုတ်ဘူး လက်ခံမှာမဟုတ်ဘူး ဆိုတာပါဘဲ။ တကယ်လိုလိုချင်ချင် နဲ့သာ ပြောဆိုညှိနှိုင်းကြမယ် ဆိုရင်တော့ သူကြိုက်ကိုယ်ကြိုက် အများလက်ခံနိုင်ပြီး အလုပ်ဖြစ်လောက်တဲ့ ဒီဇိုင်းကရလာမှာပါ။
    အလုပ် လုပ် ဖြစ်ဖို့ဆိုရင် သိပ်ယေဘူယျ ဆန်တဲ့သဘောတူညီမှုမျိုးတွေ လောက်နဲ့ မရနိုင်ပါဘူး။ အလုပ်ဖြစ်လောက်တဲ့ သဘောတူညီမှု ရအောင်ညှိကြဖို့ဆိုရင်လဲ သိပ်အသေးစိတ် ဂဂျီဂဂျောင် ကြနေလို့လဲ မဖြစ်ပါဘူး။ ပြဿနာ တွေ မရှိသယောင် ဟန်ဆောင်ကြဖို့ မလိုပါဘူး။ လက်တွေ့ အလုပ်ဖြစ်အောင် ကတော့ ဖြေရှင်းကြရပါမယ်။ ပြဿနာတွေ အကုန်ရှင်းပြီးမှ စလုပ်မယ်ဆိုတာမျိုးလဲ မဖြစ်ထိုက်ပါဘူး။ အဲဒီလိုနည်းနဲ့ တန်းညှိကြည့်လိုက်ရင် ဘယ်သူတွေကတော့ မညီချင်လို့ကို မညီနေတာဘဲ၊ အလုပ်မလုပ်ချင်လို့ကို အလုပ်မဖြစ်ချင်လို့ကို မလုပ်ဘဲ နေတာဘဲ ဆိုတာလဲ ပေါ်လာနိုင်ပါတယ်။
    ကျနော်တို့ကြားထဲမှာ နယ်မြေပြဿနာတွေ ရှိပါတယ်၊ အခွင့်အရေးပြဿနာတွေ ရှိပါတယ်၊ စီးပွါးရေး ပြဿနာတွေ ရှိပါတယ်။ ဒါတွေကို အတက်နိုင်ဆုံး ပွင့်ပွင့်လင်းလင်း ချပြကြပြီး ညှိနှိုင်းဖြေရှင်း ကြဖို့ လိုပါတယ်။ အဲ ဒါတွေ ပြေလည်လာသလောက် အခြင်းခြင်းကြားက ညီညွှတ်ရေးကလည်း ပိုပြီးအားကောင်း လာမှာဖြစ်ပါတယ်။ အရေးကြီးတာကတော့ အခြင်းခြင်းကြားထဲမှာ ကိုယ်ကအသာစီး ရယူထားချင်တာကို အဓိက မထားဘဲ စစ်အာဏာရှင် စံနစ်ကို တိုက်ဖျက်နိုင်အောင် ညီညွှတ်ရေးရဖို့ကို အဓိကထားပြီး လုပ်ကြမယ် ဆိုရင်တော့ ရကိုရ မှာပါ။ ညှိလို့ရသလောက်မှာ သတ်သတ်မှတ်မှတ် လုပ်ငန်းတာဝန်ခွဲဝေပြီး ဆက်လုပ် ကြတာပေါ့။ တဦးခြင်းကိုက ကြီးငယ်မရွှေး တာဝန်ကို သတ်သတ်မှတ်မှတ် ယူကြရပါမယ်။
    ဆွေးနွေးညှိနှိုင်းလို့ ရလာတာတွေက ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအတွက် အခြေခံတွေနဲ့ လုပ်ထုံးလုပ် နည်းတွေ အတွက် အခြေခံတွေ ဖြစ်လာရပါမယ်။ အဲဒီကနေ အနာဂါတ် ပြည်ထောင်စု အခြေခံဖွဲ့စည်းအုပ် ချုပ်ပုံ အထိ မျှော်မှန်းပြီး လုပ်ကြရပါမယ်။ ဒီလိုနည်း နဲ့  ကျနော်တို့  မှာ တိကျ ရှင်းလင်းတဲ့ ဘုံအခြေခံ နဲ့  ဘုံရည်မှန်းချက် အဖြစ် ဖွဲ့ စည်းပုံအခြေခံ ဥပဒေ နဲ့  အနာဂတ် ပြည်ထောင်စု ကိုရလာနိုင်ပါတယ်၊၊ ဘာအတွက် ကျနော်တို့  စစ်တိုက်ကြမလဲ ဒါအတွက် တိုက်ကြမယ်၊ ဘယ်အပေါ်မှာ အခြေခံပြီး ညီညွှတ်ကြမလဲ ဒီအပေါ်မှာ အခြေခံပြီး ညီညွှတ်ကြမယ်။ မှန်တယ်မှားတယ် တိုင်းဖို့  စံ(ပေတံ)ရလာပါမယ်။

    ရ လာမည့် ဖွဲ့ စည်းပုံ ကို လိုက်နာ ကျင့်သုံးမဲ့ လွှတ်တော်၊ ပါလီမန်၊ အစိုးရအဖွဲ့၊ စတာတွေ တည် ထောင် ရပါမယ်။ အဲဒီ ဖွဲ့ စည်းပုံ နဲ့ အစိုးရ ကို သစ္စာခံပြီး၊ လိုက်နာဆောင်ရွက် မည့် တပ်မတော်တရပ်နဲ့ ယန္တယား ( ဗြူရိုကရက် ယန္တယား ) တရပ်ကိုလဲ တည်ဆောက်ယူ ရပါမယ်။ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေ၊နဲ့ ပြည်ထောင်စု အစိုးရ ကို သစ္စာခံတဲ့ ၊ ပြည်ထောင်စု တပ်မတော် တရပ်ဟာ၊ကျနော်တို့ရဲ့ နိုင်ငံရေး သဘာဝ ဝန်းကျင် အနေအထား (Political Environment ) အပြောင်းအလွှဲ အတွက် အများကြီး အလုပ်လုပ် လာပါလိမ္မယ်။ အရေးကြီးတာက ညှိလို့ရသလောက်က စလုပ်။ လုပ်လို့ရသလောက်ပေါ် အခြေခံပြီး ထပ်ညှိ တစိုက်မတ်မတ် လုပ်ကြဖို့ပါဘဲ။
    အန္ဒရယ်တွေကတော့ ဆင့်ကဲဆင့်ကဲ လုပ်သွားကြရမဲ့ အပြာင်းအလွှဲတွေအတွင်းမှာ ကွဲမဲ့လူတွေရဲ့ တုံးခုမဲ့ ကိစ္စနဲ့ ပေါက်မဲ့လူတွေရဲ့ ကိုယ့်မြင်းကိုယ်စိုင်း ကိုယ်လိုရာ ဆွဲပြေးကြမဲ့ ကိစ္စတွေဘဲဖြစ်ပါတယ်။
    နောက်စဉ်းစားချက် တခုက ဒီလိုပါ တတိယ နိုင်ငံရောက်၊ ဒီမိုကရေစီ အင်အားစု တွေ အနေနဲ့ အရေးတော်ပုံ ကို သံယောဇဉ် မကုန်ကြပါဘူး။ တနည်းနည်း နဲ့  ပါတ်သက်ချင် ကြပါတယ်၊ ပတ်သက်ကြောင်း ပြချင်ကြပါတယ်၊ ဒါပေမဲ့ အများစုဖြစ်တဲ့ တချို့ ဟာ အကြောင်း အမျိုးမျိုး ကြောင့် ဟိုလူကိုတော့ မထောက်ခံ နိုင်ဘူး၊ ဒီအဖွဲ့ စည်းနဲ့တော့အဆင်မပြေ ဘူး၊ ဆိုတာတွေ ရှိနေ ကြပါတယ်၊ ဒီဗမာတွေဟာ လုံလောက်တဲ့ အကျိုး အကြောင်းရှိ ရင်တော့ တတ်နိုင်သလောက် အားပေးထောက်ခံကြမှာပါ။ ဆိုလိုချင်တာက ပြည်ထောင်စုအစိုးရနဲ့  ပြည်ထောင်စု တပ်မတော် အနေနဲ့  ရံပုံငွေ ကောက်လို့  ရနိုင်ပါတယ်။
    လူသိပ် များများ ကို မဟုတ်ပေမဲ့၊ (၁၉၉၉)လောက်က ရံပုံငွေ မကောက်ခံချင်ဘူးလို့  သဘောထားရှိ တဲ့ လူတွေကို မေးကြည့် မိထားတာ ရှိပါတယ်။ ၁၊ ၊ လိုက်ကောက်ရမှာ အောက်ကျတယ်။ ၂၊ ၊လူတွေက ထည့်မယ်လို့  မထင်ဘူး။ ၃၊ ၊ နာမည်ခံလေးဘဲ ရမယ်၊ လုံလောက်အောင် ရမယ်လို့ မထင်ဘူး။ ၄၊ ၊ ငွေ လေး နည်းနည်းပါးပါး ထည့်ပြီး မြို့ ပေါ်နေတဲ့ လူတွေက တော်လှန်ရေး လုပ်နေတဲ့ သူတွေကို ဆရာ လာလုပ် တာ၊ ဝေဖန်တာ မခံ နိုင်ဘူး။ ၅၊ ၊ ငွေထည့်တဲ့ သူတွေကို စါရင်း ပြန်ရှင်း ပြမနေနိုင်ဘူး။ ၆၊ ၊ တာဝန်ခံ ပြီးကောက်ပေး မဲ့လူမရှိဘူး - -အစရှိ တဲ့ အကြောင်းပြချက်တွေ ရပါတယ်၊ ကျနော့် အနေနဲ့ တော့ အဲဒါတွေ အကုန်လုံးဟာ ဖြေရှင်းလို့  ရတဲ့ ကိစ္စတွေဘဲ ဖြစ်ပါတယ်။ နည်းစံနစ် ပြည့်စုံမှန်ကန်ဖို့ တော့ လိုမှာပေါ့ ။ အခု တော့လဲ အဖွဲ့ အစည်းတချို့အနေနဲ့ ငွေလိုက်အလှူခံရ ကောက်ရတဲ့ အတွေ့အကြုံတွေ အတော်ရနေပါပြီ။
    ဒါပေမဲ့ ကျနော်တို့ ဗမာပြည်က လူတွေအနေနဲ့ ကွန်မြူနတီ စုရုံးမှုမှာ အတော်အားနဲ ပါသေးတယ် နိုင်ငံတကာမှာ တရုတ်၊ ကုလား၊ တိဘက်၊ ဗီယက်နန် စသည်ဖြင့် (Community center) တွေ အတော်ကောင်း တာတွေ့ရပါတယ်။ ခု ဗမာက စပြီး လိုက်လာပါ ပြီ။ ဒီကိစ္စမှာ ချင်းလူမျိုးတွေက အများကြီး ရှေ့ရောက်တာ တွေ့ရပါတယ်။ community အစုအစည်း ပေါ်လာတော့ ဦးဆောင်မှု ဖေါ်ယူလာရပါ တယ်၊ ပေါ်လာရပါတယ်။ တချို့  နေရာတွေမှာ ပုံမပေါ်သေးပါဘူး။ အင်နဲ့ အားနဲ့  ပေါ်လာအောင် စနစ်တကျ ဖြစ်လာအောင် အားပေးကြရပါမယ်။ အနာဂါတ်ပြည်ထောင်စုကို ယုံကြည်တဲ့ ကျနော်တို့က (Community Leader ) တွေကို ဖက်ဒရယ်ပြည်ထောင်စုအစိုးရရဲ့  ကိုယ်စားလှယ်တွေ ၊ကောင်ဆယ်လာတွေ၊ သံအမတ် တွေ ဖြစ်လာအောင် လုပ်ကြရပါမယ်။ ဒေသခံအစိုးရတွေ၊ အဏာပိုင်တွေက၊ တရားဝင် အသိအမှတ် ပြုရင် ပြည်ထောင်စု အစိုးရကလဲ တရားဝင် အသိအမှတ်ပြု ခန့်ထားရပါမယ်။ ဒေသခံ အာဏာပိုင်တွေက တရားဝင် အသိအမှတ် မပြုသေးရင်လဲ ကိုယ့်ဗမာလူမျိုးတွေက အသိအမှတ်ပြု ဆက်ဆံလာဖို့  အနိမ့်ဆုံးထား ကြိုးစား ရပါမယ် အဲဒါနည်းလမ်းများစွာ ရှိပါလိမ္မယ်။
    ဒီလိုနည်းနဲ့ နိုင်ငံရေး၊ စီမံခန့်ခွဲရေး အလုပ်တွေ အများကြီး ပေါ်လာပါမယ်။ အဲဒီ ဗြူရိုကရေစီ ယန္တယား တည်ဆောက်ရေးဟာ ကျနော်တို့ ရဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ စစ်အာဏာရှင်စံနစ် ဆန့်ကျင်ရေး လုပ်နေတဲ့ အဝန်းအဝိုင်း အတွင်းမှာ ရှိနေတဲ့ ပြဿနာ အတော်များကို ဖြေရှင်းပြီး ကျနော်တို့ ကို ကျနော်တို့ နောက်တဆင့် တိုးတက်အောင် လုပ်ဖို့ အခြေအနေပေးလာမှာ ဖြစ်ပါတယ်။ ဘာတွေလဲလို့ ရေတွက် ကြည့်မယ်ဆိုရင် ---
    - အလုပ်များတဲ့ သူတွေ မှာ မနိုင်မနင်းတွေဖြစ်ပြီး ထောင့်မစေ့နိုင်လို့ လစ်ဟာနှောင့်နှေး မှုတွေဖြစ်နေရတာ။
    - အလုပ်မရှိတဲ့သူတွေ ဘေးထိုင်ဘိုင်ကျ ဘုပြောဖြစ်နေရတာ။
    - တီထွင် ဖန်တီး ဦးဆောင်မှု ပေးရတဲ့ နိုင်ငံရေးခေါင်းဆောင် အလုပ် နဲ့ ပုံမှန်လှည်ပတ် နေအောင် ထိမ်းသိမ်း ရတဲ့ စီမံခန့်ခွဲသူရဲ့ အလုပ်လို သဘာဝမတူတဲ့ အလုပ်တွေကို လူတဦးထဲက လုပ်နေရတာ တွေ။
    - တော်လှန်ရေးနယ်ပယ်မှာ ရှေ့ကလုပ်နေတဲ့သူတွေကို အားမလို အားမရနဲ့ စောင့်ကြည့်နေရတာက လွဲလို့ လုပ်စရာမရှိဖြစ်နေတာ စတာတွေဖြစ်ပါတယ်။
    နောက်မြင်မိတာ တခုကတော့ ဒီနေ့  အချိန်တွေမှာ ပြည်ပကို အကြောင်း အမျိုးမျိုး နဲ့  ရောက်နေ တဲ့ ဗမာတွေ ၂သန်းခွဲ ကျော်မယ်လို့ ခန့်မှန်းပါတယ်၊ သူတို့တွေက ဗမာပြည်ဟာ သူတို့ပြည်လို့ သဘောထား နေသေးရင် ဗမာပြည် အစိုးရ ကလဲ သူ တို့ကို ကိုယ့်ပြည်သား တွေလို့ သဘောထား ရပါလိမ္မယ်။ ကျနော်တို့ ရဲ့ ပြည်သူ သားတွေ ကံအတော်ဆိုး ပါတယ်၊ ရောက်ရာ နေရာမှာလဲ မျက်နှာငယ်ကြ ပါတယ်။ လက်ရှိ အုပ်ချုပ်နေတဲ့ စစ်အစိုးရကလဲ အခွန်ကောက်ဖို့နဲ့ သူတို့အပေါ်က အမြတ်ထုတ် ဖို့ လောက်ဘဲ စိတ်ဝင်စား ပါတယ်။ သဘာဝဘေး စစ်ဘေး ဒါမှမဟုတ် ပြဿနာ တခုခု ဖြစ်ခဲ့ရင် တခြားတိုင်းပြည် အစိုးရ တွေက သူတို့ ပြည်သူတွေဘက်က ရပ်ခံတယ်၊ ကာကွယ်ဖို့၊ ကယ်တင်ဖို့၊ လုပ်ကြတယ် ကျနော်တို့ ဗမာပြည်သား တွေမှာ တော့ ခိုကိုး ရာမဲ့ ဖြစ်ကြပါတယ်၊ ကိုယ့်တိုင်းပြည် အစိုးရကို တိုင်ကြား အကူအညီ တောင်းခံဖို့ထက် ဒီအစိုးရ သိမသွားအောင် ဖုံးကွယ်ပုံးအောင်း နေဖို့ ကြိုးစား ကြရပါတယ်။
    ကျနော်တို့ ရဲ့ ပြည်ထောင်စု အစိုးရ က ဒီကိစ္စ တွေကို ဘယ်လို သဘောထား ကြမလဲ။ ဒါဟာ အရေး ကြီး ပါတယ်၊ ၁-၁၊ ဘယ်လောက် လူစဉ်မှီတဲ့ အစိုးရ ဖြစ်လာမလဲ၊ ၂-၂၊ ဘယ်လောက် အင်အားရှိတဲ့ အစိုးရ ဖြစ်လာမလဲ၊ ၃-၃၊ ဘယ် လောက် အထိ ပြည်သူကို ကိုယ်စားပြုနိုင်တဲ့ အစိုးရ ဖြစ်လာမလဲ။ ဆိုတာ တွေကို အဆုံးအဖြတ် ပေးတဲ့ ကိစ္စ ဖြစ်လာ နိုင် ပါတယ်။
    ၁-၁၊ အစိုးရ တာဝန် ဝတ္တရား များ ထမ်းဆောင် နိုင်စွမ်း ၊ အစိုးရ ဟု အသိမှတ်ပြု ဆက်ဆံ ခံရမှု၊ တုံ့ ပြန် အရေးယူ နိုင် သည့် အတိုင်းအတာ၊- -စသည် များ ကို ဆိုလို ပါသည်။
    ၂-၂၊ ပြည်သူ ထောက်ခံမှု အတိုင်းအတာ၊ ငွေကြေးအင်အား၊ လူအင်အား၊ အဆက်အသွယ် များ၏ အမျိုးအစားနဲ့  အတိုင်းအတာ၊ စစ်အင်အား၊ - -စသည်များကို ဆိုလိုပါသည်။
    ၃-၃၊ ပြည်တွင်း၊ ပြည်ပ ဗမာများ ကို ဘယ်လောက် သြဇာ လွှမ်းမိုးသလဲ၊ ပြည်သူ အစိတ်အပိုင်း ဘယ်လောက်များ များနဲ့  နယ်မြေဧရိယာ ဘယ်လောက်အထိမှာ ဆန္ဒမဲ ကောက်ယူ နိုင်စွမ်း ရှိသလဲ၊- - စသည်များကို ဆိုလိုပါသည်။ ဒါတွေအတွက်လဲဘဲ ပြည်ထောင်စုတပ်က အဓိက မောင်းနှင်အား ဖြစ်လာ ပါလိမ္မယ်။
    အခုအချိန်မှာတော့ စစ်အုပ်စုက အမျိုးသားရင်ကြားစေ့ရေးကို မျက်ကွယ်ပြုပြီး စစ်အာဏာ ခိုင်မာရေးကို အတည့် အလင်း လုပ်လိုက်ပြီဆိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ (အပစ်ခတ်ရပ်စဲ၊ မရပ်စဲ) အားလုံးကို နအဖက ဖျက်သိမ်းရေး လုပ်ပါလိမ့်မည်။ ဒီမိုကရေစီ နည်းကြ လူမျိုးစု အခွင့်အရေးများ မျှော်လင့်စရာ မရှိပါဘူး။ အဖျက်သိမ်းမခံချင်လျှင် ခုခံကာကွယ်ရေးလုပ်ကြရပါမည်။ တစ်ဦးချင်း တစ်ဖွဲ့ ချင်း ခုခံကာကွယ်ရေးလုပ်ရန် အခက်ခဲအများကြီး ရှိပါသည်။ စုပေါင်း၍ လုပ်လျှင် ဖြစ်နိုင်ချေပိုရှိပါသည်။ စုပေါင်း အစီအစဉ် အနေအဖြင့် ပြည်ထောင်စုတပ်သည် နည်းလမ်း တစ်ရပ် ဖြစ်ပါ သည်။ ကျနော်တို့ အနေဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို လက်တွေ့ကြကြ လက်ခံကျင့်သုံးကြဖို့ဘဲ လိုပါသည်။
    ကျနော်တို့က ပြည်ထောင်စုတပ် ဖေါ်သည့် လုပ်ငန်းဖြင့် ဦးဆောင်၍ ဖြစ်စေ၊ န အ ဖ က စစ်ရေး နိုင်ငံရေးအရ ချေမှုန်း၍ ဖြစ်စေ၊ ကမ္ဘာ့အင်အားကြီးများ၏ ကမ္ဘာ့စံစနစ်သစ် New world order ) တွက်လွန်ဆွဲပွဲ ကြောင့် ဖြစ်စေ၊ အခြေအနေများပြောင်းတော့မည်။ ပြောင်းနေပါသည်။ ဒါကိုကျနော်တို့ ဒီမိုက ရေစီ အင်အား စုများလဲ ရှောင်လွှဲ၍ ရမည် မဟုတ်ပါ။ ယခု ၂ဝဝ၉ ခုနှစ် ထဲမှာတော့ အခြေအနေတွေကို အား လုံးဘဲ တွေ့မြင် ထိသိ ခံစား နေကြရပြီး ဖြစ်ပါသည်။ အပြောင်းအလွဲတွေက မြန်ပါသည်၊ ကျနော်တို့ အမှီလုပ် ကြရ ပါမည်။ ကိုယ်ကိုတိုင်က ကိုယ်ရောက်နေတဲ့ နေရာက စလုပ်ကြဖို့ ဖြစ်ပါသည်။ ကျနော်တို့ရဲ့ အနာဂါတ် ကို ကျနော်တို့ ကိုယ်တိုင် တည်ဆောက်ယူကြပါစို့။


ကောင်းမွန်သောအနာဂါတ်ကို မျှော်မှန်းလျှက်
ဗလ

ပြည်ထောင်စုတပ် ရှိမှ ဖြစ်မယ် (စာခေါင်းစဉ်)

10/03/2009

တရုတ်ကွန်မြူနစ်ပါတီ နှစ် ၆၀ ပြည့်အခန်းအနား ၂၀၀၉ခု အောက်တိုဘာလ ၁ရက်

အောက်တိုဘာလ(၁)ရက်နေ.ဟာ တရုပ်နိုင်ငံရဲ. တရုတ် ကွန်မြူနစ်နိုင်ငံတော် တည်ထောင်ခဲ့တာ နှစ်(၆၀) ကိုရောက်ရှိခဲ့ပါပြီ။ အဲဒီ နှစ်(၆၀)ကို အကြမ်းအား ဖြင့် မော်စီတုန်းလမ်းစဉ် (၁၈၉၃-၁၉၇၆) “ပထမပိုင်းနှစ်(၃၀) ” နဲ. တိန်.ရှောင်ဖိန် (၁၉၀၄-၁၉၉၇)ရဲ. ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒ Policy of reform and of opening doors ရဲ.“နောက်ပိုင်းကာလ အနှစ်(၃၀)” ဆိုပြီး ခွဲကြည့် နိုင်ပါတယ်။
၁၉၇၈ခုနှစ် တိန်.ရှောင်ဖိန်ရဲ. ပြန်လည်တည်ဆောက်ရေးနဲ. တံခါးဖွင့်ဝါဒ ကနေ တရုတ်နိုင်ငံဟာ ဈေးကွက်စီးပွါးရေးနဲ. ပုဂ္ဂလိကပိုင်ကုန်ထုတ်လုပ်မှု နဲ. ကမ္ဘာ့စီးပွါးကွက်ထဲကို ခြေလှမ်းကြဲကြဲနဲ့ တွန်းတွန်းတိုက်တိုက် တိုးဝင်လာခဲ့ရာမှာ စက်မှုကဏ္ဍ၊ လယ်ယာကဏ္ဍတွေမှာ လွတ်လပ်စွာပိုင်ဆိုင်ထုတ်လုပ်ခွင့် ကြောင့်အမြတ်ပေါ်အောင်စီမံခန့်ခွဲနိုင်လာကြပါတယ်။
စီးပွါးရေးကဏ္ဍအသီးသီးရဲ. အဓိကမဏ္ဍိုင်အားလုံးဟာ အမြတ်အစွန်းကို ရည်ရွယ်ထုတ်လုပ်လာကြတဲ. အတွက် တရုတ်နိုင်ငံစီးပွါးတက်မှု အရှိန်အဟုန်ကတော့ သိသိသာသာပြောင်းလဲလာပါတယ်။

နှစ်၆၀ခရီးရဲ့ ဒီမှာဖက်အခန်းအနားလေးတင်ပေးလိုက်ပါတယ်။

နှစ်၆၀ခရီးရဲ့အစပိုင်းကာလလေးလဲကြည့်နိုင်အောင်

10/02/2009

“ကြယ်ခြွေတဲ့လက်”

တပိုင်းတစ မျှဝေပါရစေ (ကြယ်တွေကြွေနေတဲ့ တိုင်းပြည် )
ကြယ်ဆိုတာ ကိုယ်ပိုင် အလင်းရောင်ရှိတယ်။ သူတို့ရဲ့ နေရာဟာ မြင့်မားတဲ့ကောင်းကင်ကြီးပဲ။ ရာသီဥတု ကြည်လင်တဲ့ ညတွေဆိုရင် အရောင်လက်နေတဲ့ ကြယ်တွေဟာစိန်တွေလိုပဲ တဖျပ်ဖျပ် လက်နေတယ် ဆိုတာ လူတိုင်း သိကြသလို၊ မြင်လည်း မြင်ဖူးကြပါတယ်။
စစ်အာဏာသိမ်းခဲ့သည့် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့က သေနတ်မှန်ထားသောကျောင်းသူလေးကို သယ်ယူပြေးလွှားနေသည့် ဒေါက်တာ စောလွင်နှင့် ဒေါက်တာ မင်းသိန်းကျမတို့တိုင်းပြည်မှာ ရှိတဲ့လူငယ်များစွာဟာလည်း ကြယ်တွေလို ပါပဲ။ ကိုယ်ပိုင်အရည်အချင်း အထင်အရှားရှိကြတယ်။
ဉာဏ်ပညာ ထက်မြက်တယ်။စိတ်ဓာတ်မြင့်မားကြတယ်။ ဒါပေမယ့် ၀မ်းနည်းဖို့ ကောင်းတာက အဲ့ဒီကြယ် တွေဟာ တဖြုတ်ဖြုတ်နဲ့ ကြွေနေတယ်။ ဒါကြောင့် ကျမက ကြယ်တွေ ကြွေနေတဲ့ တိုင်းပြည်လို့နာမည်ပေးထားတယ်။
၁၉၈၈ ခု စက်တင်ဘာ ၁၈ ရက် နေ့က အဖြစ်အပျက်တွေကို ပြောလိုက်တာနဲ့လူတိုင်းမြင်ဖူးပြီးသား ဖြစ်တဲ့ ဓာတ်ပုံ တပုံ အကြောင်း ပြောပြချင်ပါတယ်။
အဲဒီ ဓာတ်ပုံက သေနတ်မှန်ပြီး ဒဏ်ရာရနေတဲ့ အင်္ကျီအဖြူ လုံချည်အစိမ်းနဲ့ကျောင်းသူလေးကို ဂျူတီကုတ်အဖြူဝတ် ထားတဲ့ ဆရာဝန်နှစ်ဦးက ဆွဲပြေးနေတဲ့ပုံပါ။ဒီဓာတ်ပုံကိုမမြင်ဘူးတဲ့လူမရှိပါဘူး။ မြင်တဲ့လူတိုင်း ခံပြင်းဒေါသ ဖြစ်ကြပါတယ်။ အဲဒီဓာတ်ပုံထဲက ဆရာဝန်နှစ်ဦး ဘယ်ကိုရောက်သွားတယ် ဆိုတာ သိတဲ့လူနည်းမယ်လို့လည်း ကျမထင်ပါ တယ်။
ရှေ့ကနေကျောင်းသူလေးရဲ့ ခြေထောက်ကို ဆွဲမထားတဲ့ဆရာဝန်ရဲ့ နာမည်ကဒေါက်တာစောလွင်၊ ခေါင်းကိုမထား တဲ့ ဆရာဝန်က ဒေါက်တာမင်းသိန်းဖြစ်ပါတယ်။သူတို့နှစ်ဦးစလုံးဟာ ပညာချွန်သူတွေဖြစ်ကြပါတယ်။
ဒေါက်တာစောလွင်ဟာ ဆယ်တန်းစာမေးပွဲအောင်တုန်းက သင်္ဃန်ကျွန်းတမြို့နယ်လုံးမှာ ပထမရခဲ့ပါတယ်။ သူ့အစ်မ ကလည်း ဆရာဝန်ပါပဲ။
ဒေါက်တာမင်းသိန်းကလည်း ဆေးကျောင်းမှာ ထိပ်တန်းကကျောင်းသားပါ၊ သူ့ညီကိုဝင်းသိန်းလည်း ဆရာဝန် တယောက် ပါပဲ၊ သူတို့ရဲ့ဖခင်ကလည်းဌာနတခုကညွှန်ကြားရေးမှူး အဆင့်ရှိတဲ့သူပါ။
ဒေါက်တာမင်းသိန်းဟာ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောခိုသွားခဲ့ပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး(ABSDF)မှာဆေးမှူးတာဝန် ထမ်းဆောင်ခဲ့ပြီး တာဝန်နဲ့ ပြည်တွင်းကို ပြန်ရောက်ခဲ့ပါ တယ်။
အဲဒီ အချိန်အတွင်းမှာပဲ ဗိုလ်ချူပ်ခင်ညွန့်က တောတွင်းက ပြန်ရောက်လာသူတွေအနေနဲ့န၀တ ကို သတင်းပို့ဖို့ လိုကြောင်း၊ သတင်းပို့လာခဲ့လျှင် အရေးမယူပါကြောင်းသတင်းစာ ရှင်းလင်းပွဲကနေ ပြောတာကြောင့်စိုးရိမ်တတ်တဲ့ ဒေါက်တာမင်းသိန်းရဲ့ အဖေကသူကိုယ်တိုင်စစ်ဒေသကို အကြောင်းကြားခဲ့ပါတယ်။ စစ်ဆေးဖို့ မခေါ်ခင်မှာ ဒေါက်တာမင်းသိန်း က ဒေါက်တာ စောလွင်ကို သူတာဝန်နဲ့ ပြန်လာကြောင်းကို ပြောပြခဲ့ပါတယ်။နောက်တနေ့မှာ ဒေါက်တာမင်းသိန်းကိုမေးမြန်း စရာရှိတယ်ဆိုပြီး ခေါ်သွားပါတော့တယ်။
တပတ်လောက်ကြာတော့ ဒေါက်တာမင်းသိန်းကို ထောက်လှမ်းရေးစခန်းကနေပြန်လာပို့ပေးပါတယ်၊ မိဘတွေဆီ သေချာအပ်နှံသွားခဲ့ပါတယ်၊ သို့သော်လည်း ဒေါက်တာမင်းသိန်းတယောက် ခြေလက်တွေဖောယောင်ပြီး ဆီးမသွား နိုင်တော့ပါ၊ ဒါကြောင့်ကိုဝင်းသိန်း (ဒေါက်တာ မင်းသိန်းရဲ့ညီ)က ဒေါက်တာ စောလွင်တို့ မောင်နှမကိုအကြောင်း ကြားခဲ့ပါတယ်၊ ဒေါက်တာ စောလွင်ရောက်လာတော့ ဒေါက်တာ မင်းသိန်းကပြောပြပါတယ်။ သူ့ကို ထောက်လှမ်းရေး က ဆေးတလုံး ထိုးပေးလိုက်တယ်တဲ့၊ဘာဆေးလဲဆိုတာတော့ မပြောဘူးတဲ့၊ သူအခုဖြစ်နေတာတွေက အဲဒီ ဆေးကြောင့်ဖြစ်မယ်လို့ဆိုပါတယ်။ အခုသူ ဗိုက်ကြီးတင်းနေပြီး အသက်ရှုရတာ ကြပ်နေတယ်လို့ ပြောပြခဲ့ပါတယ်။
ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းကဆေးရုံတင်ဖို့ စီစဉ်နေစဉ်မှာပဲ ထောက်လှမ်းရေးကဆေရုံတင်မယ်ဆိုရင် စစ်ဆေးရုံကိုပဲ တင်ခွင့်ရှိကြောင်း၊ စစ်ဆေးရုံမှာကုသဖို့စီစဉ်ထားကြောင်း အကြောင်းကြားလာပါတယ်။ ဒေါက်တာ မင်းသိန်းက စစ်ဆေးရုံမှာဆိုရင်ဆေးကုမခံနိုင်ဘူးလို့ဆိုပြီး အိမ်မှာပဲနေမယ်လို့ ပြောပါတယ်၊ အဲဒါနဲ့ ဒေါက်တာစောလွင်နဲ့ ကိုဝင်းသိန်းတို့ကပဲ ကုသပေးခဲ့ပါတယ်။ ဒေါက်တာ မင်းသိန်းဟာဘယ်ဆေးရုံကိုမှ တက်ရောက်ကုသခြင်း မရှိခဲ့ဘဲနောက်တနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။
ဒေါက်တာ မင်းသိန်းဆုံးလျှင်ဆုံးခြင်း ဒေါက်တာ စောလွင်နဲ့ ကိုဝင်းသိန်းတို့ကသူတို့ရဲ့ ဆရာ ဆရာဝန်ကြီး တဦးကို အကြောင်းကြားပြီး အဲဒီ ဆရာကြီးနဲ့အတူရင်ခွဲစစ်ဆေးခဲ့ကြပါတယ်၊ အဖြေကတော့ ကျောက်ကပ် အရမ်းကြုံ့သွား တာတဲ့။ ဒေါက်တာစောလွင်တို့က မျက်မြင်သက်သေ ဖြစ်ခဲ့ကြပါတယ်။ ဒါကို သိသွားတဲ့ ထောက်လှမ်းရေးကရင်ခွဲ စစ်ဆေးတဲ့ ဆရာဝန်ကြီးကိုမပေါက် ကြားစေရပါဘူးဆိုပြီးလက်မှတ်ထိုးခိုင်းခဲ့လို့ ထိုးခဲ့ရပြီး ဒေါက်တာ စောလွင်က တော့ထွက်ပြေးခဲ့ရပါတယ်။
ဒေါက်တာ စောလွင်ထွက်ပြေးရတဲ့အတွက် သူ့ကို အားထားနေရတဲ့ ဆင်းရဲသားလူနာတွေဒုက္ခရောက်ခဲ့ကြရတာ ကျမမျက်မြင်ပါ၊ အဲဒီအချိန်က ဒေါက်တာစောလွင်ဆေးခန်းမှာကျမကူလုပ်ပေးခဲ့ပါတယ်၊ ဆင်းရဲတဲ့လူနာတွေကို ပိုက်ဆံမယူတဲ့အပြင်သူ့ရဲ့ဆေးဝါးတွေကိုပါ ပေးလိုက်ပါသေးတယ်။ ကင်ဆာ ဝေဒနာရှင် တဦးကိုလည်းဆေးဖိုးဝါးခ အကုန်ခံပြီး ဆေးကုသ ပေးခဲ့တာကျမရှေ့တင်ပါ။
၁၉၉၄ ခုနှစ်ထဲမှာ ဒေါက်တာ စောလွင်ကြောင့် ပင်စင်ပေးခံခဲ့ရတဲ့သူ့ရဲ့အဖေနှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တိမ်းရှောင်နေတဲ့ဒေါက်တာစောလွင်ပြန်ရောက်လာခဲ့ပါတယ်၊ ဘာမှထူးခြားမှုမရှိတဲ့အတွက် ထောက်လှမ်းရေးမေ့နေလောက်ပြီဆိုပြီး အစိုးရဆေးရုံမှာ အလုပ်လျှောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဘိုကလေးမြို့နယ် အတွင်းက တိုက်နယ်ဆေးရုံတရုံမှာ တာဝန်ကျခဲ့ပါတယ်၊ အစပိုင်းမှာဘာမှမဖြစ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောက်လှမ်းရေး က မကြာခဏ စစ်ဆေး မေးမြန်းခဲ့ပါတယ်။
၁၉၉၅ ခုနှစ်ထဲမှာ စစ်မေးတာ ပိုစိပ်လာပြီး စိတ်အနှောင့်အယှက်လည်းပိုဖြစ်လာပါတယ်၊ မခံနိုင်တဲ့အဆုံးမှာ ဒေါ်အောင်ဆန်းစုကြည် ခေတ္တ လွတ်မြောက်စဉ်မှာတွေ့ရအောင် ခွင့်ယူပြီးရန်ကုန်တက်လာခဲ့ပါတယ်။ သို့သော် အန်တီနဲ့မတွေ့ဖြစ်ခဲ့ပါ။ ဒါကြောင့် ဘိုကလေးကို ပြန်လာခဲ့ပါတယ်။ ဘိုကလေးကိုရောက်ရောက်ချင်း မ၀တ အတွင်း ရေးမှူးက ခေါ်လို့သွားတဲ့အခါမှာ မ၀တ ရုံးခန်းတွင်းစစ်ထောက်လှမ်းရေး ၃ ယောက်နဲ့ အချိန်အတော်ကြာ တွေ့ဆုံခဲ့ ရပါတယ်။ အဲဒီနောက်ဒေါက်တာ စောလွင်တယောက် ညှိုးညှိုး ငယ်ငယ်နဲ့အိမ်ပြန်လာခဲ့ပါတယ်။
အတူနေသူတွေရဲ့ ပြောပြချက်အရ ဒေါက်တာ စောလွင်ဟာ စိတ်ဒုက္ခရောက်စရာရှိနေပုံရပါတယ်၊ သိသိသာသာ စကားနည်းသွားတယ်လို့လည်း ဆိုပါတယ်။ မေးရင်လည်းစကားလွှဲသွားပြီး ဘာမှသေချာမပြောခဲ့ပါဘူး။ အဲဒီလို မပြောတာကလဲဘယ်သူ့ကိုမှသူလိုမဖြစ်စေချင်လို့ မပြောတာလို့ ယူဆရပါတယ်။
အဲဒီနောက် ခွင့်ဆက်ယူပြီး ပစ္စည်းတွေသိမ်းဆည်းနေပါတယ်၊ ဒါပေမယ့် နောက်၂ရက်အကြာမှာ ဆရာ ဒေါက်တာ စောလွင် အခန်းက တိတ်ဆိတ်နေပြီး လှုပ်ရှားသံမကြားရလို့အတူနေသူတွေက စိုးရိမ်ပြီး တခါးဖျက်ဝင်ခဲ့ရာ သူ့ကိုယ်သူ (ကြိုးဆွဲချ)သတ်သေနေခဲ့ပါတယ်။ ဆရာ သေဆုံးရခြင်း အတွက် ကျမတကယ် နှမြောဝမ်းနည်းမိပါတယ်။ ဆရာဟာလူတော်လူကောင်းတဦးပါ။
ကျမတို့ (မြန်မာ)ပြည်မှာကြယ်တွေကြွေနေပါတယ်၊ ဘယ်သူ့မှာတာဝန်ရှိပါသလဲ၊ အဖိုးတန်သားတွေဆုံးရှုံးရတဲ့ မိဘ တွေရဲ့ခံစားချက်က ဘယ်လောက်များနာကျင်နေမလဲ၊ကျမတို့ရဲ့အဖိုးတန် လူငယ်တွေ ဘယ်လောက်အထိများ ဆုံးရှုံးနေရဦးမှာလဲ……။
ဒီဆောင်းပါးနဲ့ အညတြ သူရဲကောင်းများကို ဂုဏ်ပြုအပ်ပါတယ်။
ခင်ငြိမ်းသစ်
*ခင်ငြိမ်းသစ်သည် မကြာသေးခင်က ထိုင်း -မြန်မာနယ်စပ်သို့ ရောက်ရှိလာသောနိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သည်။*