5/20/2010

ဖိုတိုအက်ဆေး(ဗန်ကောက် မြို့တွင်းစစ် မေ ၁၃-မေ၂၀ )

ပုံပေါ်ကလစ်ပြီးချဲ့ကြည့်နိုင်သလို ပုံအားလုံး ဒေါင်းယူနိုင်ပါသည်။


တဖက်နှင့်တဖက်အပြန်အလှန် တိုက်ခိုက်မှုတွေဖြစ်ပြီးနောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တရက်ကြာ မြို့ပြစစ်ပွဲ အပြီးမှာ သေသူ ၃၅ ယောက်နဲ့ ဒဏ်ရာရသူ ၂၅၂ ယောက် ရှိသွားပြီလို့ အရေးပေါ် ဆေးကုသရေးဌာန အီရာဝမ်အဖွဲ့က ပြောပါ တယ်။
ကြာသာပတေးနေ့မှာ တပ်မတော်က ဆန္ဒပြနေရာကို ဆက်သွယ်နိုင်တဲ့ ထောက်ပံ့ရေးလိုင်းတွေကို ပိတ်ဆို့ပြီး အဲဒီဒေသကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။
ရှပ်နီဆန္ဒပြသမားတွေအပေါ်ဖိအားတိုးပေးဖို့ လုံခြုံရေးတပ်ဖွဲ့တွေက ပိတ်ဆို့မှုတွေ စလုပ်အပြီး တနာရီ မရှိတရှိလောက်မှာ အနီအဖွဲ့အကြံပေး တပ်မတော်အရာရှိ ဗိုလ်ချုပ် ခတ္တိယဆဝါ့စ်ဒီပိုလ်ဟာ ချူလာလောင်ကွန်း ဆေးရုံအနီးမှာ သတင်းထောက်တယောက်နဲ့ စကားပြောနေစဉ် သေနတ်ပစ်ခံရပြီး အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ နိုင်ငံခြားသတင်း ထောက်တွေနဲ့စကားပြောနေတုန်းမှာ နဖူး ကို အပစ်ခံရတာ။ ကျည်ဆံက လည်ပင်းနောက်ဇက်ပိုးကနေ ထွက် သွားပါတယ်။






ရှပ်နီကို ထောက်ခံအကြံပေးသော ဗိုလ်ချုပ်ခတ္တိယ ချောင်းပစ်ခံရစဉ် (၀ဲ)နှင့် ချောင်းမြောင်းလုပ်ကြံခြင်းမခံရမှီ(ယာစွန်ပုံ)

ဆေးဒဲန်းအပစ်ခံရတဲ့ သတင်းတွေ ပျံ့နှံ့သွားတဲ့အခါ ရှပ်နီစင်မြင့်ဝန်းကျင်က အခြေအနေတွေဟာ တင်းမာလာပါ တယ်။ သူတို့ဟာ ဆက်လက်တိုက်ပွဲဝင်ဖို့ သံန္နိဋ္ဌာန် ပြုကြပါတယ်။ “သေမင်းကသာ ဒီမိုကရေစီနဲ့ တရားမျှတမှုကို ဆောင်ကျဉ်းလာနိုင်တယ်ဆိုရင် ကျနော်တို့ သေဖို့အသင့်ပါပဲ၊ ကျနော်တို့ဒါကို ရင်ဆိုင်မယ်။ ကျနော်တို့ ကျည်ဆံတွေ ပွေ့ယူဖို့ ဒီနေရာမှာ ရှိနေကြပါတယ်” လို့ ဂျာတူ ပေါင် က ပြောပါတယ်။
ညနေ ၆ နာရီမှာ ဆန္ဒပြပွဲနေရာကို ပိတ်ဆို့ဖိုအ တွက် ရတ်ချာဖရာ ဆွန်လမ်းဆုံပတ်လည်က လမ်းမ ၃ ခုကို ပိတ်ပစ်ရေးစီမံကိန်းကို အရေးပေါ်အခြေအနေ ဆုံးဖြတ်ရေးဗဟိုအဖွဲ့က ကြေညာပြီးနောက်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ နာရီပေါင်းများစွာကြာ ဖြစ်ပွားခဲ့ပါတယ်။ ကြာသာပတေးနေ့ည အကြမ်းဖက်မှု တိုက်ခိုက်မှုမှာ ရှပ် နီဆန္ဒပြသမားတယောက် သေပြီး ၉ ယောက်ဒဏ်ရာရပါတယ်။



ထိုင်းစစ်တပ်မှ လုံမဏီ ဥယျဉ် ရှပ်နီစခန်းကိုဝင်စီးစဉ်၁၆။၀၅။၁၀

လက်ပစ်ဗုံးထိမှန်ခံရသော












ဗန်ကောက် စင်ထရယ်ဝေါလ်တ်(ယခင်ဝေါလ်ထရိတ် စင်တာ)ရှေ့မြင်ကွင်းများ။




တနေ့က ရှပ်နီတွေက ဒီပိတ်ဆို့မှုတွေကို ပြန်ဖွင့်ဖို့လုပ်တော့ တိုက်ခိုက်မှုတွေထပ် ဖြစ်ပါတယ်။ ရတ်ချာဖရာဆွန် လမ်းဆုံနဲ့ ဒင်ဒဲန်းနေရာကို ကျည်ဆံအစစ်နဲ့ပစ်ခတ်မယ့် အရေးပေါ်ဒေသ ၂ ခု အဖြစ်သတ်မှတ်ပြီး အမျိုးသား ရုပ်သံလွှင့်ဌာနက နာရီ ပေါင်းများစွာ ကြေညာပေးနေချိန်မှာ
အစိုးရအနေနဲ့ ရှေ့ဆက်သွားရမယ်။ နောက်ပြန်မဆုတ်နိုင်ဘူ။ ဘာလို့လဲဆိုတော့ တနိုင်ငံလုံးအကျိုးအတွက် ကျနော်တို့ လုပ်နေတာ ဖြစ်လို့ပဲလို့ ဝန်ကြီးချုပ် ဝေ့ချာချီဝအဖိဆစ်က ပြောပါတယ်။
ရှပ်နီတွေက ဆန္ဒပြပွဲတွေ ဆက်လုပ်နေတာနဲ့အမျှ လက်နက်ကိုင်အကြမ်ဖက်သမားတွေက ဆက်ရှိနေမှာဖြစ်ပြီး ပြည်သူလူထုနဲ့ အာ ဏာပိုင်တွေအတွက် ဆက်လက်ထိခိုက်နစ်နာနေမှာပဲ ဖြစ်ပါတယ်။ အန္တရာယ်တွေနဲ့ အကြမ်ဖက်မှုတွေက တဖြည်းဖြည်း မြင့်တက်လာ နေမှာ ဖြစ်တယ်။ ဆန္ဒပြပွဲတွေ ရပ်ပစ်တာက ဆုံးရှုံးမှုတွေကို တားဆီးကာကွယ်ဖို့တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ သူက ပြော ပါတယ်မစ္စတာ အဖိဆစ်က ပြည်သူလူထုကို ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့နေရာတွေကနေ ရှောင်ရှားကြဖို့ နဲ့ အာဏာပိုင်တွေနဲ့ပူးပေါင်း ဆောင် ရွက်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။












လေးဂွနဲ့ရိုင်ဖယ်



ရတ်ချာဖရာဆွန်လမ်းဆုံဝန်းကျင် လမ်းတွေပေါ်မှာ သောကြာနေ့ညက အသစ်တဖန် ပြစ် ဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေကစလို့ လွန်ခဲ့တဲ့ညနှောင်းပိုင်းက ပြည်သူ ၂၄ ဦး သေဆုံးပြီး ၁၈၇ ယောက် ဒဏ်ရာရပါတယ်။










ဆန္ဒပြသမားတွေသေဆုံးရတာဟာ အကြောင်းရင်း ၄ ခုကြောင့်ဖြစ်တယ်။ ပထမက ရှပ်နီလုံခြုံရေးတွေ အချင်းချင်း တိုက် ခိုက် ကြလို့၊ ဒုတိယက လက်နက်တွေသုံးပြီး အကြမ်းဖက်သမားတွေက စတိုက်လို့။ တတိယက ရှပ်နီတွေကို မကျေနပ်တဲ့ အုပ် စုတွေက သူတို့ကို တိုက်ခိုက်ကြလို့နဲ့ စတုတ္ထက လုံခြုံရေးတပ်ဖွဲ့တွေက ရှပ်နီတွေကို သေစေလိုတဲ့ဆန္ဒမပါဘဲ ပစ်ခတ်ခဲ့လို့ ဖြစ်တယ်လို့ အရေးအပေါ် အခြေအနေဆုံးဖြတ်ရေးဗဟို၊ ပြောရေးဆိုခွင့်ရှိသူ Sansern Kaewkamnerd က ပြောပါတယ်။






















မေလ ၁၉ရက်နေ့ နေ့လည် ၁ နာရီခွဲက ရှပ်နီခေါင်းဆောင် ၇ ယောက်ဟာ ဘုရင့်ရဲတပ်ဖွဲ့ဌာနချုပ်က ရဲတွေဆီမှာ လက်နက်ချလိုက် ကြပါပြီ။ သူတို့က တော့ Jatuporn Prompan၊ Natthawut Saikua၊ Weng Tojirakarn၊ Wiphuthalaeeng Pattanaphumthai၊ Korkaew Phikulthong၊ Yosvaris Chuklom နဲ့ Nisit Sinthuprai တို့ ဖြစ်ပါတယ်။ နောက်ထပ်ဆုံးရှုံးမှုတွေ မဖြစ်အောင် တားဆီးဖို့အတွက် သူ နဲ့ တခြားခေါင်းဆောင်တွေ လက်နက်ချတော့မယ်လို့ ၁ နာရီ ၁၅ မိနစ်မှာ ရှပ်နီခေါင်းဆောင် Jatuporn Prompan က စင်မြင့်ပေါ်က နေ ကြေညာပါတယ်။ “ခင်ဗျားတို့အားလုံးကို ကျနော်တောင်းပန်ပါတယ်။ နောက်ထပ်ဆုံးရှုံးမှာတွေ ကျနော်မလိုချင်ဘူး၊ ကျနော်လည်း တကယ့်ကို ယူကြုံး မရ ဖြစ်မိပါတယ်။ ကျနော်တို့လက်နက်ချပါတော့မယ်” လို့ သူက ပြောပါတယ်။ အစိုးရဆန့် ကျင်ရေးဆန္ဒပြပွဲတွေ အဆုံးသတ်ပါပြီ လို့ လည်း သူက ကြေညာပါတယ်။





ထိုင်းစစ်တပ်က ဆန္ဒပြသူများ၏ ခံတပ်နီကို ၀င်ရောက် ရှင်းလင်းပြီးနောက် ဘန်ကောက် မြို့တော်တွင် အပြန်အလှန်ပစ်ခတ်မှုများ၊ မီးရှို့မှု၊ လုယက်မှုများ ဖြစ်ပေါ်နေသော ကြောင့် အစိုးရက ညမထွက်ရ အမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
ဘန်ကောက်မြို့၏ စီးပွားရေး အချက်အချာကျပြီး နိုင်ငံခြားခရီးသည် အများဆုံး လာရောက်သည့် ပသူးနမ်းဈေး၊ Central World၊ Carre four ၊ Big C ၊ Siam square ၊ Central Would၊ Zen ကုန်တိုက်ကြီးများ နှင့် ရွှေဆိုင်များ လုယက်ခံရသည်။ ထိုင်းနိုင်ငံစတော့ဈေးကွက် အဆောက်အဦး၊ ရုပ်ရှင်ရုံတခု၊ ရုပ်မြင် သံကြားဌာနချယ်နယ် သရီး နဲ့ ဘဏ်တော်တော်များများ၊ အရှေ့ တောင်အာရှမှာ အကြီးဆုံးကုန်တိုက်တခုဖြစ်တဲ့ Central World ကုန်တိုက်တွေအပါအ၀င် အနည်းဆုံးနေရာ (၁၇) ခု လောက်မှာ မီးလောင်ခဲ့ပါတယ်။

ဆန္ဒပြပွဲများ ပြီးဆုံးသွားပြီဟု အစိုးရက ပြောဆိုသော်လည်း နိုင်ငံအရှေ့မြောက်ပိုင်းရှိ အူဒွန်ဌာနီပြည်နယ်၊ ခွန်ကန်ပြည်နယ် နှင့် ချင်းမိုင်မြို့သို့ ကူးစက်လာနေပြီဖြစ် ကြောင်း သိရသည်။
ခုံခေးန်နဲ့ဥဒေါင်ထနီက ရှပ်နီထောင်ပေါင်းများစွာ ကတော့ လက်နက်ချဖို့ ငြင်းဆန်ကြပြီး ဘန်ကောက်က UDD ဆန္ဒ ပြသမားတွေအပေါ် အစိုးရရဲ့နှိမ်နှင်းဖြိုခွင်းတာကို မကျေနပ်ကြောင်း ပြတဲ့အနေနဲ့ မြို့တော်ခန်းမကို ဝင်ရောက်စီးနင်းခဲ့ပါတယ်လို့ ရုပ် မြင်သံကြား သတင်း များက ဆိုပါတယ်။ ခုံခေးန်မှာ ရှပ်နီ ၁၀၀၀ ကျော်ဟာ မြို့တော်ခန်းမအ၀င်ဂိတ်ကြီးမှာရှိတဲ့ ရဲနဲ့အုပ်ချုပ်ရေးအရာရှိ အတားအဆီးတွေကို ချိုးဖျက်ကျော် ဝင်ကြပါတယ်။ သူတို့နဲ့အတူ ကားတာယာတွေနဲ့ ဓါတ်ဆီတွေယူလာပြီး အစိုးရအနေနဲ့ လွှတ်တော် ဖျက်သိမ်းရေးဆိုတဲ့ သူတို့တောင်း ဆိုချက်ကို မတုံ့ပြန်ဘူးဆိုရင် မြို့တော်ခမ်းမကို မီရှို့ပစ်မယ်လို့ ခြိမ်းခြောက်ကြပါတယ်။ ဥဒေါင်ထနီမှာ ရှပ်နီ ၅၀၀၀ ကျော်လောက်ဟာ အတားအဆီးတွေနဲ့ ရဲ၊ စစ်သားနဲ့ စေတနာ့ဝန်ထမ်းတွေပါတဲ့ ပိတ်ဆို့မှုတွေကို ချိုးဖျက် ကျော်လွှားပြီး မြို့တော်ခမ်းမထဲကို ဝင်ကြသည်။


ရှပ်နီအရေးပြီးဆုံးသည့်တိုင် ထိုင်းပြည်တွင်းရေးမှာ ဆက်လက်မတည်မငြိမ်ဖြစ်နေဦးမည်ဟု စိးုရိမ်နေကြဆဲပင်ဖြစ်သည်။

--------------------------------------- -------------------------------------------- ---------------


၂၀။၀၅။၁၀ ကိုခင်ဦး ၏ကွန်မင့်အမးအတွက် ဖြည့်စွက်ခြင်း


ဒီ၂လအတွင်း ဗီဒီယို ကလစ်တွေမှာ ထိုင်းစစ်သားတွေဟာ တကယ့်တကယ်ဘဲ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနေသလို တပ်စိတ်အလိုက် အသဲအသန်အရေးတကြီးနေရာယူတာတွေ ပစ်မှတ်ရှာတာတွေ မြင်ရပီး စစ်သားတွေကလည်း စိုးရိမ်တကြီး ထိပ်ထိပ်ပြာပြာနဲ့ ကျီးကန်းတောင်းမောက် သတိ အပြည့်ဖြစ်နေကြပါတယ်။

သူတို့ ဘယ်သူတွေနဲ့ တိုက်ပွဲဖြစ်နေတာလဲ။




ခင်ဗျားပို့စ်-မှာတော့ ဓါတ်ဆီပုလင်းရယ် လေးဂွရယ် ဗျောက်အိုးရယ်တာယာမီးရှို့တာရယ် လုပ်သေနယ်တလက်နလက်ရယ် စစ်သားဆီကလူအုပ်နဲ့လုထားတဲ့ ဆယ့်ခြောက်တလက်နလက်ရယ် ဘဲတွေ့ပါလား။




ဒုစစ်ဦးစီး အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ဒါဖုံရတ်ထနာဆူဝမ်အပါအဝင် တပ်မတော်အရာရှိကြီးတွေရုပ်မြင်သံကြား ဌာနကိုသွားပြီး စစ်တပ်ရဲ့ လုပ်ရပ်တွေကိုဆင်ခြေပေးထုတ်လွင့်ရာမှာ
“ရှပ်နီခေါင်းဆောင်တွေက သတင်းတွေပုံဖျက်ပြီး ပရိတ်သတ်ထင်ယောင်ထင်မှားဖြစ်စေဖို့ ဒီအဖြစ်အပျက်တွေထဲက ဆုံးရှုံးမှုတွေကို လက်နက်တခုလို အမြတ်ထုတ်နေပါတယ်။ ဆန္ဒပြတာတွေက ဘာလို့အကြမ်းဖက်မှုတွေအဖြစ်ပြောင်းသွားတာလဲ ဆိုတာကိုတော့ သူ တို့က မပြောပါဘူး။ အရပ်သားတွေထဲမှာ ပုန်းနေတဲ့ လက်နက်ကိုင်စစ်သွေးကြွတွေအကြောင်းလည်း မပြောပြပါဘူး “ လို့ ဒုဗိုလ်ချုပ်ကြီး ဒါဖုံက ပြောပါတယ်။


ရှပ်နီခေါင်းဆောင်တွေကတော့ ဒီအကြမ်းဖက်မှုထဲမှာ နောက်ဆုံး ဒဏ်ရာရတဲ့သူတွေမှာ ဘာလက်နက်မှ မရှိတာကြောင့် အရေးပေါ်အခြေအနေဆုံးဖြတ်ရေး ဗဟိုက မုသားလိမ်ပြောနေတာပါလို့ သူတို့က ပွင့်ပွင့်လင်းလင်းပြောဆိုကြပါတယ်။


ဖြစ်စဉ်တရပ်လုံးမှာကြည့်ရင်ဆန္ဒပြသမားတွေက တိုင်ယာတွေကို မီးရှို့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကို ဓါတ်ဆီဗုံးတွေ၊ ခဲတွေ လေးခွ ဗျောက်အိုးတွေနဲ့ ပစ်ပါတယ်။ အချို့ဓါတ်ပုံတွေမှာ လက်လုပ်သေနပ်အတို
တလက်နှစ်လက် အမ်၁၆ အမ်၇၉ တလက်နှစ်လက် တွေ့ရပေမဲ့ စစ်ခင်းနိုင်တဲ့ လက်နက်တပ်ဆင်မှုမျိုး တော့ မတွေ့မိပါဘူး။ ကိုခင်ဦးပြောတဲ့အခြေအနေကို ကျနော့ထင်ကြေးသက်သက်ပြောရရင် လူအုပ်ကြီးကို အကာအကွယ်ယူပြီး သူတို့နောက်မှာ လက်နက်ကိုင်စစ်သွေးကြွတွေရှိနေတယ်လို့ စစ်သားတွေထံ သတင်းရောက်ထားပုံရပါတယ်။