8/25/2010

*

အသက်က တော်တော်ကိုခပ်ငယ်ငယ် အရွယ်ကတော့နိုင်ငံရေးဆိုတာကိုစပီးစိတ်ဝင်တစားဖြစ်တဲ့အရွယ်မှာ အချိန်က၁၉၇၆-၇လောက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)အစိုးရကြီးစိုးတဲ့ကာလ အဲသည်ခေတ် အဲသည်အခါအရဆိုရင် အတော်ခဲခဲယဉ်းယဉ်းနဲ့ ရှားရှားပါးပါးလို့ပြောနိုင်တဲ့ ၁၉၄၇ အခြေခံဥပဒေ စာအုပ်ကို ဖတ်ခဲ့ရပါတယ်။ ဖတ်နေဆဲမှာရော ဖတ်ဖူးပီးအတော်ကြာအထိမှာရော ထိစပ်နေတဲ့ အသိုင်းအ၀ိုင်းမိတ်ဆွေ ကြားမှာ ၄၇ဥပဒေ မကောင်းကြောင်း ဒီဥပဒေရဲ့အားနဲချက်ကြောင့် တိုင်းပြည်အစိပ်စိပ် အမွှာအမွှာ ကွဲမလိုဖြစ်ခဲ့ကြောင်း စသည်စသည် ပြောကြဆိုကြတာ စကြားရပါတယ်။ ကိုယ်တွေကလဲ စူးစမ်းခြင်တဲ့ အရွယ်ဆိုတော့ စပ်စပ်စုစုနဲ့ပင်လုံစာချုပ်ဆိုတာရော လိုက်မွှေနောက်ခဲ့ဖူးပါတယ်။ ခွဲထွက်ခွင့်ဆိုတာ စာချုပ်မှာမတွေ့မိခဲ့ပါ။ မကောင်းဘူး ကောင်းတယ် ဒါကြောင့်ကွဲတယ် ဘာကြောင့်ကွဲတယ် အငြင်းဖလှယ်နေဖို့ ကာလဒေသကမသင့် သူ့ခေတ်သူ့စနစ်အောက်ပေကိုးလို့ဘဲ မှတ်ယူခဲ့ပါတယ်။

ဒီလိုနဲ့ ဆယ်စုတစုအစွန်းလောက် ၁၉၈၈-၉ မှာ အခြေအနေအလှည့်အပြောင်းတခုနဲ့နိုင်ငံရေးကို တကြိုက် ပြောနိုင်တဲ့ ကာလနဲ့ဒေသတခုကိုရောက်ပါတယ်။ ဒီမှာလဲအများစုက ၄၇ ဥပဒေဆိုရင် ဥပဒေရဲ့ အားနဲချက် ကြောင့် အာဏာအသိမ်းခံရတာ မကောင်းဘူးဆိုတဲ့စကားတွေ ကြားရပြန်ပါတယ်။ ဘယ်နေရာမှာ မကောင်းတာလဲပြော ဥပဒေလာအရကိုက မကောင်းတာတွေ့ရင် အခြေအနေနဲ့မကိုက်ညီယင် စလယ်ဆုံး တလုံးမကျန် ပြင်ဆင်ခွင့်ရှိတယ်။ ပြော ဘယ်နေရာမှာ မကောင်းတာလဲ ထောက်ပြကြ ၀ိုင်းဝန်းညှိနိုင်း ပြင်ဆင်ကြပါလားဆိုတော့လည်း ၄၇ ရော ပင်လုံရောမဖတ်ဖူးဘဲနှင့် မကောင်းကြောင်း အခိုင်အမာ ပြောနိုင်သည့် ပုဂ္ဂိုလ်ထူးများက အများစု။
၁၉၆၂ ခု မတ်လ ၂ရက်နေ့ မှာ သို့မဟုတ် ပြည်ထောင်စုကြီး မပြိုကွဲရေးအတွက် စစ်တပ်ကကယ်တင် လိုက်တယ် ဆိုတဲ့ တိုင်းပြည် ဂျောက်ထဲကျဖို့တလက္မအလိုမှာ ပြည်ထောင်စုမှ ခွဲထွက်ရေးမူ ရှမ်းမူဆိုတာ အန္တရာယ်ဖြစ်လောက်အောင် မရှိတဲ့အကြောင်း (၁၉၆၂ မတ်လတရက်က အသံလွင့်ရုံမှာ ပြုလုပ်တဲ့ ပြည်နယ်ပြည်မ ပြည်ထောင်စု အစိုးရ အစီးအဝေးမှာ ရှမ်းပြည်ကိုယ်စားလှယ်များက “ ရှမ်းမူအဆိုဟာ မိမိတို့ တင်ခြင်လို့တင်တာမဟုတ်ပါ ဗိုလ်ချုပ်က တပြည်လုံးကိုကိုယ်စားပြုပြီး ပြည်ထောင်စုမူနဲ့ပါတ်သက်လို့ တိုင်းရင်းသားတွေကို ပေးထားတဲ့ကတိအတိုင်း ရှမ်းနှင့်အခြားသောလူမျိုးစုများ မိမိတို့သဘောထားကို တင်နိုင်ပါတယ်လို့ ၀န်ကြီးချုပ်က ဖိတ်ကြားတဲ့အတွက်သာ မိမိတို့က ရှမ်းမူ ကိုတင်ရတဲ့အကြောင်း သဘောတူ မတူဆိုတာ အများသဘောသာဖြစ်ပြီး သဘောမတူရင် ခွဲထွက်မယ်ဆိုတာ မပါကြောင်း” ပြောခဲ့တာကို ) အများစုဘယ်သူကမှ တခုတ်တရ မပြောကြ မသိကြပါ။
နောက်ဆယ်စုတခုစွန်းတော့ စစ်အာဏာရှင်က ဖွဲ့စည်းပုံ ဥပဒေသစ်တခု လုပ်လိုက်တာ ဆယ်စုတခုလောက် ထပ်ကြာသွားပီး ခုတော့ နာဂစ်ဥပဒေ ပွဲထုတ် စင်တင်လာပါဘီ။ သူ့အစုတ်ပလုပ်ကိုပွဲထုတ်ဖို့ ၄၇နဲ့ ပင်လုံ ဓါတ်ပြားဟောင်းကလည်း စစ်အစိုးရမီဒီယာမှာ တကျော့ပြန်လာတာ မျက်စိနောက်နေတုံး ကိုဂျူးရဲ့ ပင်လုံ အခြေခံနဲ့၄၇ကိုတည်ပြီး တိုင်းရင်းသားအားလုံး ပျော်ပျော် ရွှင်ရွှင် ဥမကွဲ သိုက်မပျက် နိုင်ငံ တိုးတက်အောင် လုပ်နိုင်ဖို့ညွန်းတဲ့ ဆောင်းပါတပုဒ်ဖတ်မိပါတယ်။ ရင်ထဲမှာ ၄၇နဲ့ပင်လုံ မစွန်းရင်းလေးကလဲညှိနေတော့ ကိုဂျူးရဲ့စာရော ပင်လုံရော ၄၇ ရော အားလုံးရောပီး မျှဝေလိုက်ပါတယ်။

(၁)

သမိုင်းဝင် “ပင်လုံ စာချုပ်”

ကိုဂျူး

မြန်မာနိုင်ငံတွင် ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃ ခု ရှိသည်။ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ အခြေခံဥပဒေ၊ ဗိုလ်ချုပ်နေ၀င်း ရေးဆွဲခဲ့သော ၁၉၇၄ အခြေခံဥပဒေနှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ယခုရေးဆွဲ လိုက်သော ၂၀၀၈ အခြေခံဥပဒေ ဟု၍ သုံးခုရှိရာ၌ ဗိုလ်ချုပ်အောင်ဆန်း ရေးဆွဲခဲ့သော ၁၉၄၇ခုနှစ် အခြေခံ ဥပဒေသည် လူကြိုက်အများဆုံး၊ အမျှတဆုံးနှင့် အကောင်းဆုံး အခြေခံဥပဒေ ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် ခုတလော ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ဗမာပြည်မနဲ့ တောင်တန်း ဒေသနေ လူမျိုးစုတွေကြား ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်နဲ့ ယင်းစာချုပ်ကို အခြေခံပြီးရေးဆွဲတဲ့ ၁၉၄၇ အခြေခံ ဥပဒေကို နအဖစစ်အစိုးရက ထိပါးပုတ်ခတ် ပြောဆို တာတွေ ဖတ်ရတာ များလာလို့ နဲနဲဇာတ်ကြောင်း လှန်စရာ ရှိလာပါတယ်။
“ပင်လုံစာချုပ်” ဟာ မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ၁၉၄၇ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့မှာ ဗမာပြည်မ နဲ့ တောင်တန်း ဒေသနေ လူမျိုးစုတွေကြား ပေါင်းစည်း ညီညွတ်ရေး သဘောတူညီ စာချုပ်အဖြစ် ချုပ်ဆိုခဲ့တဲ့ စာချုပ်ဖြစ်ပါတယ်။ ဒီ “ပင်လုံစာချုပ်” ကိုအခြေခံတဲ့ ၁၉၄၇ အခြေခံဥပဒေအရ ဗြိတိသျှတွေဆီက မြန်မာနိုင်ငံ လွတ်လပ်ရေး ရယူခဲ့တယ်။ “ပင်လုံစာချုပ်” ချုပ်ဆိုတဲ့နေ့ကို ပြည်ထောင်စုဖွား တိုင်းရင်းသားတွေ သွေးစည်း ညီညွတ်မှုရတဲ့ နေ့ကြီး ရက်မြတ်အဖြစ် “ပြည်ထောင်စုနေ့” လို့ ခေါ်ဝေါ်ခဲ့တယ်။ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးရဲ့ အဓိက သော့ချက်ဟာ “ပင်လုံစာချုပ်” ပဲ ဖြစ်တယ်လို့ ဆိုရမယ်။
မှတ်မိသလောက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံမှာ “တောင်တန်း ဒေသ တိုင်းရင်းသား လူမျိုးစု ငယ်တွေကို ဗမာပြည်မ ကနေ ခွဲမထွက်ချင်အောင် ထားဘို့က ကျွန်တော်တို့ ဗမာ လူမျိုးကြီးတွေရဲ့ တာဝန်သာ ဖြစ်တယ်။ လွတ်လပ်ရေး ရပြီးနောက် ဆယ်နှစ်ကြာလို့မှ တိုင်းရင်းသားတွေက ပြည်မက ခွဲထွက်မယ် စကားပြောလာရင် ကျွန်တော်တို့ ဗမာတွေ ညံ့လို့ပဲ မှတ်” တဲ့။ သိပ်ကောင်းတဲ့ စကား။ အစ်ကိုကြီး တစ်ယောက်က ညီငယ်တွေကို ပြောသလို၊ ခေါင်းဆောင်ကောင်း တစ်ယောက်လို အာမခံ တာဝန်ယူတဲ့စကား ပြောခဲ့တာ။ တောင်တန်းသားတွေ ဘက်ကလဲ ပြည်မနဲ့ အင်အားချင်း ဘယ်လိုမှမယှဉ်နိုင်ဘူး၊ ကိုယ့်ဖာကိုယ် ရပ်တည်ဘို့လဲ မလွယ်ဘူး ဆိုတော့ ဗမာပြည်မကသာ ညှာညှာ တာတာ ဆက်ဆံရင် တောင်တန်း ဒေသတွေက ခွဲထွက်ခွင့် တောင်းစရာ အကြောင်း မရှိသလို ပြည်မနဲ့ မပေါင်းချင်စရာ အကြောင်း ဘာမှမရှိဘူး၊ တိုင်းရင်းသား လူမျိုးစု ငယ်တွေကို ဗမာပြည်မကနေ ခွဲမထွက်ချင်အောင် ထားဘို့ ဘာမှ မခက်ဘူး ဆိုတာ ဗိုလ်ချုပ်လဲ သိတယ်။
၁၈၈၅မှာ ဗြိတိသျှတွေက မြန်မာနိုင်ငံကို သိမ်းတော့ သီပေါဘုရင်ပိုင်နက် (Upper Burma) ကို သိမ်းပိုက် လိုက်ပြီလို့ ကမ္ဘာကို ကြေညာခဲ့တယ်။ တောင်တန်း နယ်မြေတွေမပါဘူး၊ တောင်တန်းဒေသလို့ သတ်မှတ်ခဲ့တဲ့ ချင်းတောင်တန်း၊ ကချင်တောင်တန်း၊ ရှမ်းကုန်းမြေမြင့်၊ ကရင် တောင်တန်းနယ်တွေဟာ သူတို့လူမျိုးစု ခေါင်းဆောင် (စော်ဘွား) တွေနဲ့ သူတို့အုပ်ချုပ်နေကြတဲ့ လူဦးရေနဲပြီး မဖွံ့ဖြိုးတဲ့ နယ်မြေလေးတွေ။ လူဦးရေများပြီး စစ်အင်အား ကောင်းတဲ့ ဗမာဘုရင်တွေရဲ့ အာဏာစက် အောက်မှာ နေရပေမဲ့ အမြဲတန်း ဗမာ ပိုင်နက်ထဲမှာ မဟုတ်ခဲ့ဘူး။ ဗမာနဲ့သူတို့တွေနဲ့ စာပေ၊ ယဉ်ကျေးမှု နဲ့ ဘာသာစကားလဲ မတူ ကြဘူး၊ တခြားစီ။ တရုပ်နဲ့ ဗမာလိုဘဲ။ မိတ်ကောင်း ဆွေကောင်းတွေလို အရိုအသေပေး၊ လက်ဆောင် ပဏ္ဍာပို့ သမီးကညာ ဆက်တဲ့ အနေအထား။ ဗမာရှင်ဘုရင်က တရုတ် ဧကရာဇ်တွေကို လက်ဆောင် ဆက်ရသလို တောင်တန်းသားတွေလဲ ဗမာ ရှင်ဘုရင် တွေကို လက်ဆောင် ဆက်ခဲ့ပေမဲ့ သူတို့လူမျိုးစု တွေဟာ ဘယ်တုန်းကမှ ဗမာရှင်ဘုရင်ရဲ့ လက်အောက်ခံတွေ မဟုတ်ဘူးလို့ ဆိုကြတယ်။ သူတို့တွေမှာလဲ ခိုင်လုံတဲ့ သက်သေ အထောက် အထားတွေ ရှိနေတယ်။ လေ့လာကြည့်ပါ။
ဗြိတိသျှတွေကလဲ ဒါကို အသိအမှတ် ပြုခဲ့လို့ တောင်တန်း ဒေသ အုပ်ချုပ်ရေးကို ဒီအတိုင်းထားတယ်။ ၀င်မစွက်ဘူး။ သူတို့ဟာ သူတို့ စေ့စပ်ပြီး သူတို့ အုပ်ချုပ်ရေးနဲ့ သူတို့ လွတ်လွတ် လပ်လပ် တလျှောက်လုံး နေခဲ့ရတယ်။ အင်္ဂလိပ်က လွတ်လပ်ရေး မပေးချင်လို့ စော်ဘွားတွေကို မြှောက်ပေးခဲ့တယ် ဆိုတာလဲ မဟုတ်ဘူး၊ သူတို့ကို ဗမာပြည်မနဲ့ ပေါင်းဘို့/မပေါင်းဘို့ လွတ်လွတ် လပ်လပ် ဆုံးဖြတ်ပိုင်ခွင့် ပေးခဲ့တယ်။
ဒုတိယ ကမ္ဘာစစ် ပြီးတော့ စစ်ဒါဏ်ကြောင့် အတော်လေး မွဲသွားတဲ့ ဗြိတိသျှတွေဟာ မြန်မာအပါအ၀င် သူတို့ လက်အောက်ခံ ကိုလိုနီနိုင်ငံတွေ အားလုံးကို ဆက်မထိမ်းနိုင်တော့ဘူး အုပ်ချုပ်ရေး စားရိတ် အကုန် မခံနိုင်တော့လို့ လွတ်လပ်ရေး ပေးဘို့ ဗြိတိသျှ ပါလီမန်မှာ ပြောဆိုလာခဲ့ ကြတယ်။ သူတို့ ကိုယ်တိုင်တောင် အမေရိကန် ကောင်းမှုကြောင့် ဟစ်တလာရဲ့ နာဇီဂျာမဏီ လက်အောက် မရောက်ခဲ့ ရတာဆိုတော့ ကိုယ်ချင်းစာတတ် သွားတာလဲ ပါမှာပါ။ လွတ်လပ်ရေး လိုချင်လဲယူ၊ အစောင့်အရှောက်ခံ ဓနသဟာရနိုင်ငံထဲ နေချင်လဲနေဆိုတာ မြန်မာက လုံးဝလွတ်လပ်ရေးပဲ လိုချင်တယ်ဆိုတော့ ပေးမယ်လို့ မူအားဖြင့် သဘောတူ လိုက်တယ်၊ ဗိုလ်ချုပ်တို့က တောင်တန်းဒေသတွေ ဗမာပြည်မနဲ့အတူ လွတ်လပ်ရေး လိုချင်တယ် ဆိုတော့ ဗြိတိသျှအစိုးရက ဒါဖြင့် ပြည်မနဲ့ တောင်တန်းသားတွေနဲ့ သဘောတူ စာချုပ် ချုပ်ပြီးယူခဲ့ဆိုတော့ ဗိုလ်ချုပ်တို့ပြန်လာပြီး ပင်လုံမှာ တိုင်းရင်းသား ခေါင်းဆောင် တွေနဲ့ တွေ့ကြတယ်။
အဲဒီမှာ တောင်တန်းသား လူမျိုးစုငယ်တွေက ပြည်မနဲ့ပေါင်းပြီး လွတ်လပ်ရေးလဲ လိုချင်တယ် လူမျိုးကြီး ဗမာကိုလဲ မယုံဘူး၊ ကြောက်နေတယ်၊ ချီတုံချတုံ ဖြစ်နေတာ ဗိုလ်ချုပ်ကသိတော့ ခုနကပြောတဲ့ “Federal ပြည်ထောင်စု စနစ်နဲ့သွားမယ်၊ တန်းတူ ညီတူ ပြည်နယ်အဆင့် ဆက်ဆံမယ်၊ ဆယ်နှစ် ပေါင်းကြည့် မကြိုက်ရင် ဆက်မပေါင်းနဲ့” လို့ ရဲရဲအာမခံ လိုက်တယ်။ မှတ်သား လောက်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စကားဘဲ၊ တောင်တန်းသားတွေ ရှေ့ရေးအတွက် မပူရအောင် သူတာဝန် ယူလိုက်တာပဲ။ ဒီစကားကို အားလုံး သဘောတူလို့ လက်မှတ်ထိုးတယ်၊ ပင်လုံ စာချုပ်ချုပ်တယ်။ ဒီပင်လုံ စိတ်ဓါတ်ကို အခြေခံပြီး ၁၉၄၇ အခြေခံ ဥပဒေဆွဲခဲ့တယ်။ ဒီအခြေခံ ဥပဒေကို တင်ပြပြီး ဗြိတိသျှထံက လွတ်လပ်ရေး ရယူခဲ့တယ်၊ ပြောချင်တာက ၁၉၄၇ အခြေခံ ဥပဒေရဲ့ အသက် သွေးကြောဟာ “ပင်လုံစာချုပ်” သာဖြစ်တယ်။ ဖက်ဒရယ်မူဟာ တိုင်းရင်းသား လူမျိုးစုတွေ အတွက် အသက်တမျှ အရေးကြီးတဲ့ ကိုယ်ပိုင် အခွင့်အရေး ဖြစ်တယ်။ ဗမာတွေက ပေးမှ ရမဲ့ အခွင့်အရေး မဟုတ်ဘူးလို့ ဆိုတယ်။
တစ်ခု ပြောစရာ ရှိတာက ဒုတိယ ကမ္ဘာစစ် အပြီး ဗြိတိသျှ စစ်တပ်ထဲမှာလဲ မြန်မာနိုင်ငံကို လွတ်လပ်ရေး မပေးချင် သူတွေ ရှိတယ်။ ဂဠုန်ဦးစောတို့ သခင်ဗစိန်တို့ ဒေါက်တာ ဘမော်တို့နဲ့ နီးစပ်သူ နိုင်ငံရေး သမားတွေလဲရှိတယ်၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗမာ့ တပ်မတော်ဟာ ငါတို့ကို တိုက်ဖို့ ဖက်ဆစ်ဂျပန်နဲ့ ပေါင်းပြီး ဖွဲ့စည်းခဲ့တယ်၊ ခုဂျပန် စစ်ရှုံးတော့မှ ငါတို့ကိုလာပြီး မျက်နှာချိုသွေး နေတဲ့ နှစ်ထပ်ကွမ်း သစ္စာဖောက်တွေ၊ ဥပဒေအရ ခုံရုံးတင် အရေးယူရမယ်လို့ ခါးခါးသီးသီး သဘောထားတဲ့ စစ်ဗိုလ်တွေလဲ ရှိတယ်။ ဒါကြောင့် ဦးစောကို သေနတ်တွေ ခိုးပေးတာမျိုး ဖြစ်ခဲ့တာ။ ဗြိတိသျှစစ်တပ် ဘက်က ကြည့်တော့လဲ သူတို့ စစ်သားတွေက ဗမာပြည်ကို ဂျပန်တွေ လက်အောက်က ပြန်ရအောင် အသေခံတိုက် ယူထားရတာ။ ဒီလိုလွတ်လပ်ရေး ပေးလိုက်တာ ငါတို့ဘိုးဘွားတွေ တည်ထောင်ခဲ့တဲ့ နေမ၀င် အင်ပါယာကြီး ပြိုကွဲသွားမယ်၊ နိုင်ငံရေး သမားတွေက နာမည်ကောင်း ယူချင်လို့ နိုင်ငံရေး အကွက်ထွင်တာ၊ ခုခေတ် နအဖစကားနဲ့ ပြောရရင် ဗြိတိသျှ ပြည်ထောင်စု မပြိုကွဲရေးပေါ့၊ ဒီလို စစ်ဘက်က ဗြိတိသျှ နေမ၀င်အင်ပါယာကြီး မပြိုကွဲရေး အတွက် အကြီးအကျယ် ကန့်ကွက်ကြတဲ့ ကြားက မောင့်ဘက်တန်တို့ အက်တလီတို့ ဒေါ်မန်စမစ်တို့လို ပါလီမန်အထိ ပေါက်ရောက်တဲ့ လူကြီးတွေက ဗမာတွေဘက်က စာနာပြီး လွတ်လပ်ရေးပေးဘို့ သဘောတူ ရပ်တည်ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်မှာ မြန်မာ တစ်မျိုးသားလုံး ရှိနေတယ် ဆိုတာ လက်ခံတယ်။ ဗိုလ်ချုပ်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ တိုင်းရင်းသားတွေ အပေါ် ထားတဲ့ ရိုးသားဖြူစင်တဲ့ စိတ်ရင်း စေတနာကို သဘောပေါက် နားလည်တယ်၊ ဒါကြောင့် ၁၉၄၇မှာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသွားပေမဲ့ သူတောင်းဆိုခဲ့တဲ့ အတိုင်း မြန်မာပြည်မနဲ့ တောင်တန်း ဒေသတွေ မကျန် ၁၉၄၈ ဇန္န၀ါရီလ (၄)ရက်နေ့ မှာ ချောချော မောမော လွတ်လပ်ရေး ရခဲ့ပါတယ်။
ဒါပေမဲ့ ၁၉၆၂ခုနှစ် ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းပြီး နောက်ပိုင်း ဆိုရှယ်လစ် လမ်းစဉ်ပါတီ တစ်ခေတ်လုံး သူ့အကြိုက် ဖြစ်အောင် ဒေါက်တာ မောင်မောင်တို့လို အုပ်စုတွေက ၁၉၆၂ခုနှစ်မှာ ရှမ်းစော်ဘွားတွေက ၁၉၄၇အခြေခံဥပဒေနဲ့ ဖယ်ဒရယ်မူအရ ခွဲထွက်ဘို့လုပ်လာလို့ အချိန်မှီ အာဏာသိမ်း လိုက်ရတာ။ ပြည်ထောင်စု မပြိုကွဲအောင် ဗိုလ်ချုပ်နေ၀င်းက ကယ်တင်ရှင် သူရဲကောင်းဆိုပြီး သမိုင်းရေး ကြရာက တဖြေးဖြေး ပုံကြီးချဲ့လာပြီး ဒါဟာ တပ်မတော်ရဲ့ သမိုင်းပေးတာဝန်ဘဲ တွေဘာတွေ လုပ်ပြီး မြန်မာ့ တပ်မတော် သူခိုးသေဖေါ်ညှိ ခံလိုက်ရ တော့တယ်။ ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းတာ မှန်တယ်ဖြစ်အောင် နောင်မှ လူထုနားထဲ ရိုက်သွင်းတဲ့ ဆင်ခြေ စကားသာဖြစ်တယ်၊ အဲဒီ အချိန်တုန်းက ခွဲထွက်မယ်ဆိုတဲ့ စကားကို သူတိှု့မပြောဘူး စိတ်ထဲမှာလဲ မရှိဘူးလို့ စော်ဘွားတွေက ပြန်ချေပကြတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်နေ၀င်းနဲ့ စစ်အာဏာ ပိုင်တွေရဲ့ ရန်ကို ကြောက်ရလို့ နှစ်ပေါင်းများစွာ ဒီလို မဟုတ်ခဲ့ဘူးလို့ ဘယ်သူမှ ပြန်မပြောရဲ မရေးရဲ တော့ဘူး။
တိုင်းရင်းသားတွေ ဘက်က ပြန်ကြည့်တော့လဲ ပြည်မက ဗမာတွေက သူတို့ကို မတရား အနိုင်ကျင့်တာ ခံနေရတာဘဲ၊ ဒါကြောင့် သူတို့ထက် အဆပေါင်းများစွာ အင်အားကြီးမားတဲ့ ဗမာ စစ်တပ်တွေကို နှစ်ပေါင်း လေးဆယ်ကျော် ယနေ့ထိ ခုခံ တိုက်ခိုက် နေတာ၊ အလကား မမှတ်နဲ့၊ ပြည်မကြီးက ဗမာ့တပ်မတော်လို လေယဉ်ပျံတေ၊ွ သင်္ဘောတွေ၊ သံချပ်ကားတွေ၊ ခေတ်မှီအမြှောက် လက်နက်တွေ သူတို့မှာ မရှိဘူး၊ သူတို့လဲ မနိုင်နိုင်မှန်း၊ သေမယ်မှန်း သိတာပေါ့။ သူတို့မှာလဲ ဆီလျှော်ခိုင်လုံတဲ့ အကြောင်း ပြချက်တွေနဲ့ တရားသောစစ်ကို ဆင်နွဲနေသူတွေ။ သူတို့မြေ သူတို့လူမျိုးအတွက် အသက်ပေး ကာကွယ်နေကြတဲ့ မျိုးချစ် အာဇာနည် သူရဲကောင်း တွေဘဲ။
တိုင်းရင်းသားတွေက ဗမာ ဗိုလ်ချုပ်ကိုယုံလို့ ပြည်မနဲ့ ပေါင်းတာ။ တနေ့သောအခါမှာ ဗမာကဒီလို စကားဖျက်မယ် ဆိုတာသိရင် စကထဲက ဗမာနဲ့ မပေါင်းဘူး ငြင်းလို့ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဒီအခွင့်အရေး ပေးမယ်၊ ပြည်မနဲ့ပေါင်းလို့ ကမ်းလှမ်းလို့ သူတို့ ပြည်မနဲ့ လက်တွဲခဲ့တယ်။ ဒီအခွင့်အရေး ဆက်ပေးရင် ဆက်လက်တွဲမယ်၊ ဒီအခွင့်အရေး ပေးတဲ့ ပင်လုံစာချုပ်ကို သွားဖျက်ရင် မြန်မာ့သမိုင်းမှာ ကျွန်တော်တို့ မဟာဗမာတွေ စကား မတည်ဘူး ဆိုပြီး သိက္ခာကျမယ်၊ သူတို့ကလဲ ရှိတဲ့အင်အားနဲ့ ရအောင်ပြန်တောင်း နေမှာဘဲ။ လူမျိုးစုငယ်တွေ ဘက်က ကိုယ်ချင်း စာကြည့်ကြပါ။
ပြည်မက ဗမာစစ်ဗိုလ်ကြီးတွေ ပြောနေတဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတာ သူတို့ လူမျိုးစုတွေ ပိုင်ဆိုင်တဲ့ နယ်မြေ၊ သံယံဇာတတွေကို လိုချင်တဲ့ လောဘကြောင့် အကြောင်းပြ ကောင်းယုံ လာပြောနေတယ်။ တကယ်တန်း ဒီအသီး အပွင့်တွေကို ပြည်မက ဗမာတွေ အတွက် ယူသွားနေကြပြီး သူတို့မှာ ကားပေါ်တင်ပေးရတဲ့ အလုပ်ကြမ်း သမား သာဖြစ်နေကြ ရတယ်လို့ သူတို့ကမြင်တယ်။ ရေနံနဲ့ သဘာဝဓါတ်ငွေ့တွေ၊ ကွန်းသစ်တောကြီးတွေ၊ ငါးပုဇွန်တွေ၊ ကျောက်မျက် ရတနာတွေ၊ ဓါတ်သတ္တုတွေ၊ ရေအား လျှပ်စစ်တွေ၊ သူတို့မြေကထွက်တဲ့ အဖိုးတန် သယံဇာတတွေ ဘယ်ရောက် ကုန်လဲ သူတို့နယ်မြေ ဖွံ့ဖြိုးရေးမှာ မသုံးဘူးဆိုတဲ့ သဘော။ အစပိုင်းကတော့ စစ်ဗိုလ်ကြီးတွေရဲ့ လွဲမှားတဲ့ စီးပွားရေး စီမံကိန်းတွေကြောင့် သူတို့ပိုင်တဲ့ ဒီသံယံဇာတတွေ အလကားဖြစ် ပျောက်ပျက် ကုန်ရတာ။ ပြည်မကလဲ ကောင်းကောင်း မသုံးရဘူး။ ခုခေတ်တော့ စီးပွားရေး စီမံကိန်းတင် မကတော့ဘဲ စစ်ဗိုလ်တွေရဲ့ အိတ်ကပ်ထဲ ထည့်တဲ့ စီမံကိန်းတွေကြောင့် ပိုဆိုးကုန် တော့တယ်။ တိုင်းရင်းသားတွေက ကျွန်အောက်က သားပေါက်ဘ၀ ရောက်ကုန်တယ်လို့ ခံစားလာရတယ်။
ဒီကိစ္စ တပ်မတော် ခေါင်းဆောင် အဆက်ဆက် ချာလပတ် ရမ်းနေတာ ကြာလှပြီ၊ ဘာမှ မလုပ်တတ် တော့ဘူး။ ညှိညှိ နှိုင်းနှိုင်း မလုပ်ဘဲ စစ်သားပီပီ စစ်အင်အား ကြီးတယ်ဆိုပြီး လက်ရုံးရည် အားကိုးနဲ့ နှစ်ပေါင်း လေး-ငါးဆယ် စစ်ဖိတိုက်လာတာ လူမျိုးစု တိုင်းရင်းသား ငယ်တွေလဲ သေလိုက်တာ သောက်သောက်လဲ၊ တိုင်းပြည် ဘဏ္ဍာ ငွေတွေလဲ ကုန်လိုက်တာ နိုင်ငံလဲမွဲ၊ တပ်မတော် အစိုးရ အနေနဲ့ ပင်လုံစာချုပ်နဲ့ Federal မူကို လာမပြောနဲ့ မရဘူး၊ မဆွေးနွေးဘူးလို့ လူဆိုးကြီးလို မလုပ်သင့်ဘူး။ ကိုယ်မလုပ်တတ်တာနဲ့ သမိုင်းဝင် ပင်လုံ စာချုပ်ကို သွားမဖျက် သင့်ဘူး။ တပ်မတော် သမိုင်း တရားခံ ဖြစ်လိမ့်မယ်။
ကိုယ်နဲ့ ကိုယ့်အဖွဲ့အစည်း အရာမရောက် နေရာပျောက် သွားမှာစိုးပြီး တိုင်းပြည်ကို မလိုအပ်ဘဲ ချည်တုပ် ထားရာက တိုင်းပြည်လဲ ဘယ်မှ မရောက် တိုးတက်မှု နှေးကွေး သူများနောက်က လိုက်နေရတာ ကြည့်ရင် မြင်နိုင်တယ်။ သေနတ် ခါးကြားထိုး ထစ်ကနဲဆို ပစ်မယ် ခတ်မယ် လုပ်နေတဲ့ ခေါင်းဆောင်တွေကြောင့် လူမျိုးစုတွေကလဲ ဗမာဆို ရွံကြောက်ကြီး ဖြစ်သွားပြီ။ အနာနဲ့ ဆေးမတည့်လို့ တိုင်းပြည်နာတာဘဲ အဖတ်တင်ပြီး အောင်မြင်မှု မရခဲ့ဘူး။ ဒီထက် ကြာလာရင် တကယ်ခွဲထွက်ကုန် ကြလိမ့်မယ်။
ပင်လုံစာချုပ်က သိပ်ကြာသွားပြီ၊ ခေါတ်နဲ့ လျှော်ညီအောင် ပြင်ချင်တယ်ဆိုရင် ပြည်ထောင်စုလဲ မပြိုကွဲအောင် တိုင်းရင်းသား တွေလဲ မနစ်နာရအောင် နှလုံးရည်သုံး ညှိနှိုင်း တိုင်ပင်ပြီး ပြင်သင့်တယ်။ စစ်ရေး စွမ်းရည် သက်သက် နဲ့တော့ မရတော့ဘူး၊ ကျွန်တော်တို့ ပြည်မသားဗမာတွေ တောင်ပေါ် တိုင်းရင်းသားလူမျိုးစု ညီအစ်ကိုတွေ အပေါ် အနစ်နာခံရ လိမ့်မယ်။ တိုင်းပြည် ခေါင်းဆောင်တွေ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ တပ်မတော် ခေါင်းဆောင်တွေ အတူတကွ တွေ့ဆုံ ဆွေးနွေးပြီး နှစ်ဦး နှစ်ဘက် အနာခံပြီး ကျိုးစားကြမှ စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပြန်ရမယ်။ တိုင်းရင်းသားအားလုံး ပျော်ပျော် ရွှင်ရွှင် ဥမကွဲ သိုက်မပျက် နိုင်ငံ တိုးတက်အောင် လုပ်နိုင်တာ ဒီတစ်နည်းပဲ ရှိတယ်။ နို့မို့တော့ ပြည်သူတွေ မျက်ရည် ပေါက်ကြီးငယ် ကျနေရဦးမှာဘဲ။ မြန်မာ့ တပ်မတော်မှာ တွေ့ဆုံ ဆွေးနွေးရေး လုပ်ရဲတဲ့ နှလုံးရည် သမားတွေ များများလို နေတယ်။
စေတနာဖြင့်၊
ကိုဂျူး




ပိတောက်မြေ မှလာသည်။


(၂)



ပင်လုံစာချုပ်




မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့် စပ်ဖများအားလုံးတို့အပြင် ရှမ်းပြည် နယ်များ၊ ကချင်တောင်တန်းဒေသများနှင့် ချင်းတောင်တန်းဒေသတို့မှ ကိုယ်စားလှယ်များတို့ တက်ရောက်ကြသော ပင်လုံမြို့တွင်ကျင်းပသည့် အစည်းအဝေးကြီးတရပ်တွင် …

ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည်
လွတ်လပ်ရေးကို ပိုမို၍ လျှင်မြန်စွာ ရရှိလိမ့်မည်ဟု အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်
တို့သည် ကန့်ကွက်သူမရှိဘဲ အောက်ပါအတိုင်း သဘောတူညီကြလေသည်။

၁။ တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) ၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်
များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

၂။ ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်
တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင် ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏ အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ် ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

၃။ အဆိုပါ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့် လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံနှစ်ဦးက ကူညီ
စေရမည်။ ရှေးဦးစွာ ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီး သက်ဆိုင်သည့်
နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြား နယ်စပ်ဒေသ
အားလုံးတို့၏ ကိစ္စရပ်များကို ဆောင်ရွက်စေရန်ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

၎။ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသ
များ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

၅။ အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်
ဖြ စ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့် နည်းနှင့်မဆို တစုံတရာလက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများ အတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

၆။ ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်
၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း
ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက်
အထ မြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ
အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း (၂) ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်
ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ
ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

၇။ နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိ အမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

၈။ ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

၉။ ဤစာချုပ်တွင် သဘောတူညီကြသည့်အစီအစဉ်မှာ မြန်မာပြည် အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူ
အညီကို ထိခိုက်ခြင်းမရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေး
အစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူအစီအစဉ်များကို ထားရှိကျင့်သုံးရန် ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

မြန်မာနိုင်ငံတော်အစိုးရ
(ပုံ) အောင်ဆန်း ၁၂-၂-၄၇ ။


ကချင်ကော်မတီ


(ပုံ)ဆမားဒူးဝါးဆင်ဝါးနောင် မြစ်ကြီးနား (ပုံ)ဇော်ရစ် မြစ်ကြီးနား (ပုံ) ဒိန်ရတန် မြစ်ကြီးနား (ပုံ)ဇော်လ ဗန်းမော် (ပုံ)ဇော်လွန်း ဗန်းမော် (ပုံ)လဗန်းဂရောင်း ဗန်းမော် ။
ချင်းကော်မတီ


(ပုံ)ဦးလွှာမှုန်း အေတီအမ်။အိုင်တီအက်(စ်)အမ်၊ ဖလမ်း။ (ပုံ)ဦးသောင်ဇာခပ်အေတီအမ်၊ တီးတိန်။ (ပုံ)ဦးကွယ်မန်း အေတီအမ်၊ ဟားခါး။
ရှမ်းကော်မတီ
(ပုံ)ခွန်ပန်းစိန် တောင်ပိုင်းစပ်ဖလုံ (ပုံ) စပ်ရွှေသိုက် ညောင်ရွှေစပ်ဖလုံ (ပုံ)စပ်ဟုံဖ မြောက်ပိုင်းသိန္နီစပ်ဖလုံ (ပုံ)စပ်နွံ လဲချားစပ်ဖလုံ (ပုံ)စပ်စံထွန်း မိုင်းပွန်စပ်ဖလုံ (ပုံ)စပ်ထန်းအေး သာမိုင်းခမ်းစပ်ဖလုံ (ပုံ) ဦးဖြူ သထုံစပ်ဖလုံ၏ ကိုယ်စားလှယ် (ပုံ)ခွန်းဖုံးမြောက်ပိုင်းသိန္နီ (ပုံ)ဦးတင်ဧ (ပုံ)ဦးထွန်းမြင့် (ပုံ) ဦးကြာပု (ပုံ)ဦးခွန်စော (ပုံ)စပ်ရစ်ဖ (ပုံ)ဦးခွန်ထီး။


(၃)
အခြေခံဥပဒေ ဒေါင်းလုဒ် လင့်ခ်
http://www.mediafire.com/?j0mv1yywjdq

8/06/2010

အလွမ်း ဖန်စီမက် (သို့) ဂျော်နီ တိုက်ဒေါင်း သူရဲကောင်း

၁။
> အောင်ဆန်းသူရိယဘွဲ့ရတဲ့ ဗိုလ်ကြီးတိုက်ချွန်းတယောက် ဗိုလ်ချုပ်အောင်ဆန်းနဲ့တွေ့ မှဘဲ ကိုယ်ကျိုးနည်းရတဲ့ အဖြစ်ကြုံရပါတော့တယ်။
> ၁၉၄၀ မှာ ချင်းအမျိုးသား ဗိုလ်တိုက်ချွန်းတယောက်စစ်တပ်ထဲစ၀င်ခဲ့ပါတယ်။ ရဲဘော် သုံးကျိပ် ဂျပန်နဲ့ပေါင်းပြီး ဗြိတိသျှတပ်တွေကိုတိုက်တော့ ဗိုလ်တိုက်ချွန်းက ဗြိတိသျှတပ်တွေနဲ့ အတူအိနွိုယကိုပါသွားပါတယ်။ နောက်တော့ ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးမှာ စစ်မြေပြင် ထောက်လှမ်းရေး၊ လေထီးတပ်သား၊ တိုက်ခိုက်ရေး စသဖြင့် ကျရတာဝန်တွေမှာရွပ်ရွပ်ချွန် ချွန်ကျေပွန်ခဲ့သူတဦးပါ။
> အဖြစ်ကတော့ဒီလိုပါ . .
> ချင်းသနက(၁) တပ်ရင်းတရင်းလုံး ထောက်ကြံ့နားက ပေါက်ကုန်းရွာမှာ ယာယီတပ် ရင်းစိုက်စဉ်ကဖြစ်ပါတယ်။ ဒုရင်းမှုး ဗိုလ်မှုးကပ်ကျောင်းက ဒီနေ့တပ်ရင်းကို ဗိုလ်ချုပ်အောင် ဆန်းလာမှာဖြစ်ကြောင်း၊ ဗိုလ်တိုက်ချွန်းရဲ့ ကင်းတပ်ဖွဲ့တွေက ဗိုလ်ချုပ်ကိုကြိုဆိုတန်းစီ အလေးပြုရမှာဖြစ်ကြောင်းတာဝန်ပေးပါတယ်။ ဗိုလ်တိုက်ချွန်းဟာ ဗိုလ်ချုပ်အောင်ဆန်းကို မမြင်ဘူးပေမဲ့လဲ အတော့်ကိုဘဲ လေးစားကြည်ညိုရင်းစွဲစိတ်တာကြောင့်၊ တပ်းရင်း သန့်ရှင်ရေးက အစသူကိုယ်တိုင် အပင်ပန်းခံပြုလုပ်ကာ အမှိုက်တစမကျန်ဂရုတစိုက်လုပ်ကာ၊ တန်းစီအလေးပြုမည့် သူ့ကင်းတပ်ကိုလဲ ခါးပါတ်၊သေနပ်၊ဖိနပ်ကအစ အသေအချာ တိုက်ချွတ် စေပြီး အကောင်းဆုံး စည်းကမ်းအကျဆုံး အလေးပြုရန် အကျအနစီစဉ်ထားပါတယ်။
> ဗိုလ်ချုပ်တို့ဘယ်အချိန်လာမှာကို အတိအကျပြောမထားတာကြောင့် တမျှော်မျှော်နဲ့ စိတ်စောနေကြပါတယ်။ ဗိုလ်တိုက်ချွန်းကတော့ ကိုယ့်ယူနီဖောင်း ကိုယ်ပြန်ကြည့်ကာ ပြောင် လက်နေသော ခါးပါတ်ခေါင်းနဲ့ စစ်ဖိနပ်တို့တွင် အရိပ်ပေါ်နေပြီး ယူနီဖောင်းမှာ တောင့်တင်းပြီး လွန်စွာသပ်ရပ်နေသည်ကိုပီတိဖြာလျှက် ဗိုလ်ချုပ်ကိုသာ မျှော်နေမိပါတော့တယ်။
> ဒါပသိ နေ့လည် (၁၂)နာရီလောက်မှာတော့ ပြသနာတခုဝင်လာပါတယ်။
> ဖျင်နီတိုက်ပုံ ခပ်နွမ်းနွမ်း၊ ပုဆိုး အကွက်ကြီးဝတ်ကာ ဖော့ဦးထုပ်ဆောင်းထားတဲ့ လူတယောက်ဟာ လက်ထဲမလဲတုတ်ကောက်ကိုင်လျှက် တပ်ရင်းထဲအတင်းဝင်မယ်လုပ်နေ လို့ ဂိတ်စောင့် ကင်းရဲဘော်ဆီ အမြန်ပြေးသွားပြီး ထိုလူကိုဟန့်တားရပါတယ်။
> ထိုလူက " ရဲဘော် . . ရဲဘော် . .ကျုပ်ဝင်ခဲ့ချင်တယ်"
> ကျနော် အတော်ပင် စိတ်ခုသွားပါတယ်၊ ဘယ်နဲ့ဗျာ၊ မြေကြီးမှာဘာအရာမှမထင်စေအောင် အသေအချာလှဲကျင်းထားတဲ့ ဂိတ်အ၀င်ဝအလယ်တည့်တည့်မှာရပ်လို့၊ တုတ်ကောက်ကလဲ မြေမှာထောက်ထားလိုက်သေး၊ ဒါကြောင့် ကျနော်က
> " ခင်ဗျားဝင်ခွင့်မရှိဘူး၊ ဒီနေ့ ကျနော်တို့ လူကြီး တယောက်လာဖို့ရှိတယ်။ "
> " ဒီလမ်းအလယ်မှာ မရပ်ပါနဲ့၊ လမ်းဘေးကို သွားပါ"
> " မလာနဲ့ . . မလာနဲ့ . . လမ်းဘေးမှာနေပါ"
> ထိုသူကခပ်အေးအေးပင်ပြုံးကြည့်နေပြီးလျင်၊
> " မဟုတ်ဘူးအထဲကိုဝင်ချင်လို့ပါ " ပြောကာရှေသို့တိုးလာလေသည်။
> ကျနော်လည်း အရေးကြီးသောနေ့မို့ အတင်းတားနေ၏
> " ဟေ့လူ . . ဘယ်လိုလဲ၊ ပြောတာမရဘူးလား၊ ကျုပ်တို့လူကြီးတယောက်လာမယ်၊ ဘေးမှာရပ်နေပါ "
> " မေဂျာ ကပ်ကျောင်းရှိလား၊ ရှိရင်တွေ့ချင်တယ်၊ မေဂျာကပ်ကျောင်းကို သွားခေါ်ပေးပါ၊ သူ့မိတ်ဆွေကတွေ့ချင်တယ်လို့ ပြောပါ "
> " မြတ်စွာဘုရား၊ ဘယ်လိုလူနဲ့လာတွေနေပါလိမ့် " ဟု ညီးတွားရင်း၊ ဇွတ်ပါလား၊ မေဂျာကပ်ကျောင်းရဲ့ အသိမိတ်ဆွေ ဖြစ်မှာပဲ လို့ ကျနော်တွေးမိပြီး။
> " ကောင်းပြီ၊ ဗိုလ်မှုးခေါ်ခဲ့မယ်၊ ခင်ဗျား ဒီမှာ ခဏနေခဲ့ပါ "
> ဗိုလ်မှုးကပ်ကျောင်းထံ သတင်းပို့ရန် ထွက်သွားသော်လည်းစိတ်မချဖြစ်ကာ ခပ်လှမ်းလှမ်း ရောက်မှသူ့ကိုပြန်လှည့်ကြည့်ရာ၊ ထိုသူမှာ မရယ်မပြုံးလှမ်းကြည့်နေ၏ ။ ဗိုလ်မှုးကပ်ကျောင်း ထံသတင်းပို့၊ ဗိုလ်မှုးကပ်ကျောင်း တပ်ရင်းရုံးခန်းကအထွက် လှမ်းကြည့်လိုက်သည်နှင့် မျက်လုံးပြူး မျက်ဆံပြူးဖြစ်နေလေ၏၊
> ပြီးတော့ ကျနော့်ကိုချက်ချင်းအမိန့်ပေးလိုက်ပါတယ်။
> " ဟေ့ . . အဲဒါ ဗိုလ်ချုပ်အောင်ဆန်းပဲ တိုက်ချွန်း၊ ကင်းတပ်ဖွဲ့ တန်းစီ . . အလေးပြုပါ "
> ကျနော့်ငယ်ထိပ်ကို မြွေပေါက်ရင်တောင်မှ သည်လောက်ထိတ်လန့်မိမည်မထင်ပါ။ ကျနော့် ကင်းတပ်ဖွဲ့ နေရာယူတန်းစီပြီးသောအခါ၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗိုလ်မှုးကပ်ကျောင်းတို့ တပ်ရင်းဝမှ လမ်းလျှောက်ဝင်လာကြရာ၊ တပ်ဖွဲ့က သေနပ်မြှောက် အလေးပြုခြင်းကို ခံယူပြီး ဗိုလ်ချုပ်ကပြုံးနေပြီး ခေါင်းတဆတ်ဆတ်ညိတ်ကာ ကျနော့်အားနုတ်ဆက်ပါတယ်။
> " ကောင်းတယ်ရဲဘော် . . ၊ မင်းတာဝန်ကျေတယ်၊ ရဲဘော်ဆိုတာဒီလိုမှပေါ့ကွ "
> ဟု ဗိုလ်ချုပ်ကပြောသွားသော်လညှ်း ဗိုလ်တိုက်ချွန်းတယောက်မှာ ဇောချွေးများပျံ လျှက်။
> အော် . . ဗိုလ်ချုပ်တယောက်ဆိုတော့ အဆောင်အယောင်တွေနဲ့ ရှေ့ကားနောက်ကား ကိုယ်ရံတော်ရဲဘော်တွေ ခြံရံပြီး ကားတန်းကြီးဖြင့် တပ်ရင်းအတွင်းဝင်လာ ကြလိမ့်မည်ဟု တွေးထင်နေသော ဗိုလ်တိုက်ချွန်းတယောက် တက်တက်စင်အောင်လွဲခဲ့ရတဲ့ အဖြစ်ပါကလား၊
> (တကသိုလ်စိန်တင်၏ ဗိုလ်ကြီးအောင်ဆန်းသူရိယတိုက်ချွန်း စာအုပ်မှ)
> ဗိုလ်သန်းရွှေတို့နဲ့တော့ကွာပါ့၊ ဟိုတနေ့က သူများနိုင်ငံကိုသွားပြီး သံခင်းတမာန်ခင်း ယတြာသွားချေတာတောင် သက်တော်စောင့်တွေ အခြွေအရံတွေ လေယျာဉ်ပျံ နှစ်စီးအပြည့် တင်ပြီး မျက်နှာကရှစ်ခေါက်ချိုးနဲ့ အိနွိုယနိုင်ငံရဲ့ လုံခြုံရေးအစီအမံတွေကို စော်ကားလှောင် ပြောင်လိုက်သလို မြန်နိုင်ငံပြည်သူအများရဲ့ငွေတွေ အလဟသပ်ဖြုန်းပစ်နေခြင်းဖြစ်ပါတယ်။
> တကယ်တော့ ကျနော်အနေနဲ့ ဒီအာဏာရူးတွေအကြောင်း ဒီစာပိုဒ်မှာ ထည့်မရေးချင် သော်လည်း ဒီစာရေးလက်စနဲ့ ဒင်းတို့ရဲ့အိနွိုယခရီးစဉ်သတင်းတွေဖတ်ရင်း အတော့်ကို မျက်စိစူးလို့ထည့်ရေးလိုက်မိခြင်းသာတည်း။

> ၂။
> ဖန်း . .ဖန်း . .ဖန်း . . တပ်ရင်းရုံး မြောက်ဘက် ခွဲ(၁) ဘားက သေနပ်သံကြားလို့ ပြေး
> ကြည့်မလို့လုပ်တုန်း ကျော်ဦး တယောက်အမောတကောရုံးပေါ် ပြေးတက်လာပါတယ်။
> ကျနော်က " ဟေ့ကောင်ဘာဖြစ်လာတာလဲ " လို့ ဆီးမေးတော့။
> ကျော်ဦးက " သရဲ . .သရဲ တွေ့လို့ သာတီအိတ် နဲ့ပစ်ပြီးပြေးလာခဲ့တာ " သူကဆိုပါတယ်။
> "ခွီး တိုက်မယ်ခိုက်မယ်နဲ့တလျှောက်လုံး တိုက်ပွဲဆာနေတဲ့ကောင်က သူရဲကြောက်ရလားကွ" ဟု ကျနော်ကမာန်တော့ သူက ရယ်ကျဲကျဲနဲ့ ၊
> " တခွဲလုံး ဗွီဒီယို သွားကြည့်နေကြတာ ကျနော်တယောက်ထဲ ဘားစောင့်ကျန်ခဲ့တာဗျ "
> ဟု ပြန်ပြောလေ၏။
> သြော် တကယ်တိုက်ရဲ၊ သေရဲသော သူရဲကောင်းတယောက် သရဲတော့ကြောက်တတ်လေ၏၊ ဟုသတိရကာ သူ့ကိုအလေးအနက် ဦးညွှတ်အလေးပြုလိုက်ပါတယ်။
> ရှစ်လေးလုံးပြည့်သူအရေးတော်ပုံကြီးမစခင်မှာ သူ့အကို ထွန်းထွန်းဦး ရှိရာ အာအိုင်တီ မှာ ခဏရောက်နေရင်း ကျော်ဦးတယောက် အဆွဲခံထိခဲ့ပါတယ်။ သူ့အကိုဖြစ်သူအာအိုင်တီ ကျောင်းသားကအဖမ်းခံမထိဘဲ၊ ဒီကောင်ကအဖမ်းခံရတယ်ဆိုတာကို ကျနော်တို့က " မင်းက အူတူတူနဲ့ လုံထိမ်းမျက်စိနောက်အောင်ဘာသွားလုပ်မှန်းမှမသိတာ " ဟုဆီးပြောကြရာ ရယ်ကျဲကျဲမျက်နှာဖြင့်သာခပ်မဆိတ်နေလေ၏။ အဲဒါပြန်လွတ်လာပြီး နယ်ကိုပြန်ရောက်လာတော့ အရေးတော်ပုံကြီးစနေပါပြီ၊ ဒါကြောင့် သူ့ကိုစင်ပေါ်တက်ပြီး ရန်ကုန်မှာ ထောင်ထဲ ရောက်ခဲ့ရတဲ့ အတွေအကြုံ ပြောပြခိုင်းတာကို လုံးဝမပြောပါဘူး။ စင်ပေါ်မှာစကားပြောဘို့ ၀ါသနာမပါဘူးဆိုပြီး ဘူးငြင်းပါတယ်။ သူက ဒီကောင်တွေကို တိုက်မှရမှာ ကျနော့်ကို လုံခြုံရေး တိုက်ခိုက်ရေးတာဝန်ပဲပေးပါ လို့သာတွင်တွင်ပြောခဲ့သူပါ။ နောက်တော့ သူနဲ့အတူ ကျောင်းသား၊လူငယ်(၅၀)ဟာ မြရာပင်အနီး တောင်ပေါ် ယာခင်းတခုမှာ အခြေခံစစ်သင်တန်း တက်ရောက်နေပါတော့တယ်။ မြို့နယ်အတွင်း ဆနွုပြပွဲတွေမှာ သူလုံးဝမပါနိုင်ခဲ့ပ၊ဲ ညပိုင်းမှာတော့ ရပ်ရွာလုံခြုံရေးတာဝန်ကို စိတ်ပါလက်ပါ ဆောင်ရွက်ပါတော့တယ်။ စစ်အာဏာသိမ်းပြီးနောက် တောခိုလာပြီးတော့လဲ၊ တိုက်ခိုက်ရေးပဲ အားသန်လို့ တပ်ခွဲမှုး တာဝန်ကို သူကျေပွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။
> သူ့ကို ရဲဘော်တွေအားလုံးက ကျော်ဦးကနေ "ဖန်စီမက်" လို့နာမည်ပြောင်းပေးထားပါ တယ်။ သူငှက်ဖျားထလာရင် သူ့ရင်ဘတ်ပေါ် လက်တင်ကာလက်ချောင်းကလေးများကို စနွုယားတီးသလို လှုပ်နေရင်း " အမေ . . အမေ . . အမေရေ . ." ဟုညည်းတွားနေတတ်ပြီး၊ သူ့ကို ကွီနီးတိုက်ရင်သူမသောက်ပါ၊ အဲဒီတုန်းက ငှက်ဖျားအတွက် ဖန်စီမက်ဆေးပြားကိုလဲ သုံးလေ့ရှိခဲ့ပါတယ်။ အဲဒီ့ ဖန်စီမက် ရယ်၊ သဘောင်္သီးထောင်းငြုပ်းသီးစပ်စပ် ရယ်စားပြီးတာနဲ့ ချက်ချင်း လုံးဝအဖျားမရှိတော့ဘဲ ထထိုင်ကာအကောင်းပကတိပြန်ဖြစ်လို့သွားပါတယ်။ ဒါကို အစွဲပြုလို့ သူ့ကို ဖန်စီမက် လို့ခေါ်ခြင်းဖြစ်ပါတယ်။
> နောက်ထပ်နာမည်တခုကိုတော့ သူကိုယ်တိုင်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ဘန်ကောက် မှာ ယူအန်ကို ရဖြူဂျီလျှောက်တော့။ ဒီရုံးကလူတွေလည်း သိတ်စိတ်ချယုံလို့မဖြစ်သေးပါဘူး နာမည်လွဲပြီးလျောက်မှဟုဆိုကာ သူ့နာမည်ကို ကျော်နီ ဆိုပြီးရေးထည့်လိုက်ရာကနေ နာမည်အသစ်နောက်တခုရလို့လာပါတယ်။ ဂျော်နီဆိုတဲ့ တိုက်ဒေါင်း သူရဲကောင်းကို သတိတရရှိရင်းက သူနာမည်ပြောင်းတဲ့ကိစွုဆက်ရရင် သူဘယ်လောက်ရိုးသားတယ်ဆိုတာ တွေ့ရပါတယ်။ ခပ်တည်တည်နဲ့ အမည်ဆိုတဲ့အကွက်မှာ ကျော်နီ လို့နာမည်ပြောင်း ထားပြီးကာမှ အခြားအမည်ဆိုတဲ့အကွက်မှာ သူနာမည်ရင်း ကျော်ဦး ကိုထပ်ဖြည့်ရေး လိုက်ပါတယ်။ ဒါကြောင့် အားလုံးက၀ိုင်းပြောကြသောအခါ သူထုံစံအတိုင်း ရယ်ကျဲကျဖြင့် " ဟုတ်သားဘဲ ကျနော်လဲ မလိမ်ချင်တာနဲ့ " ဟုဆိုလေ၏်။ အဲဒီ့ ကျော်ဦး (သိုမဟုတ်) ဖန်စီမက် (သို့မဟုတ်) ကျော်နီ ကနေပြီးတော့ နောက်ဆုံး ဂျော်နီ လို့နာမည်တွင် လာရခြင်းဖြစ်ပါတယ်။
> ကိုယ်ပိုင်နယ်မြေတခု တောင်ပိုင်းတွင်စိုက်ထူအခြေချပြီး လက်နက်ကိုင်တော်လှန်ရေး ကိုထိထိရောက်ရောက် အရှိန်အဟုန်မြှင့်တင် ခရီးဆက်သွားနိုင်မှာဖြစ်တယ်ဆိုတာကို အခိုင် အမာတွေ့မြင်လာခဲ့ပါတယ်။ ဒါကြောင့် အလယ်ပိုင်း မယ်နာပလော တော်လှန်စစ်ဒေသကနေ တောင်ပိုင်းကိုယ်ပိုင်နယ်မြေ ထူထောင်ရေးအတွက် ကျနော်တိုတပ်းရင်က ရဲဘော်အချို့ကိုဘန် ကောက်မှာ စုထားချိန် ဂျော်နီလည်းတယောက်အပါအ၀င်ဖြစ်ပါတယ်။ အခြား ရဲဘော်တဦးကို လည်း သင်တန်းမှုး၊ တိုက်ခိုက်ရေးမှုး စတဲ့တာဝန်တွေနဲ့ တောင်ပိုင်းတပ်တခုမှာ စတင် ခြေကုတ်ယူပြီးဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဌာနချုပ်က ခေါင်းဆောင်ကြီးက သူထင်ရာတွေစွတ် လုပ်နေခဲ့တာကြောင့် ခါးပြတ်ပြီး ကိုယ်ပိုင်နယ်မြေထူထောင်ရေး အိမ်မက်တခု ပျက်ခဲ့ရပါ တယ်။ အဲဒီ့နောက် အိနွိယမှာ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားမျာအဖွဲ့ချုပ် (ABSL) ဖွဲ့လိုက်တဲ့ ပြီးအခါ်၊ ထိုင်းမှာ လည်း ABSL ထိုင်းဖွဲ့စည်းတည်ထောင်ကြတော့ ဂျော်နီ ဟာ ဗဟိုအလုပ်အမှုဆောင် ကော်မီတီဝင်အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။
>
> ၃။
> မှတ်မှတ်ရရ မယ်နာပလော တိုက်ဒေါင်းနဲ့ ဘုရားသုံးဆူ တိုက်ဒေါင်း တို့ထိပ်တိုက်တွေ့ ခဲ့ ကြပုံကလေးကို ပြောပြချင်ပါသေးတယ်။
> ကျနော်တို့ ABSL ထိုင်းလန်းမှာ အဖွဲ့ချုပ်ခေါင်းစီးကို ထိုင်းမှာရှိနေပြီး ကျောင်းသား အဖွဲ့တွေက အမြင်မရှင်းဖြစ်ကြပါတယ်။ အဖွဲ့ချုပ်ဆိုတော့က သူတို့အားလုံး အဖွဲ့ချုပ်အောက်ကိုဝင်ရမလိုလို နဲ့ ၀ိဝါဒ ဖြစ်စရာကြုံ နေကြပါတယ်။ ဒါကြောင့် ဘန်ကောက်မြို့ သမာဆတ်ယူနီဗာစီတီမှာ ABSL ထိုင်းရဲ့ ညီလာခံမှာ ONSOB နဲ့ အခြားကျောင်းသားအဖွဲ့အစည်းအာလုံးက ခေါင်းဆောင်များကိုဖိတ်ကာ အကျေအလည် ဆွေးနွေးကြပါတယ်။ သို့သော် ညီလာခံခန်းမအ တွင်းမှာ တယောက်တပေါက်နဲ့ လိုရင်းညီညွတ်ရေးကို ခရီးမရောက်ဖြစ်နေပါတာကြောင့်၊ ညီလာခံကို ခဏနားစေလိုက်ပြီး အဖွဲ့လိုက်ကိုယ်စားလှယ်ရွေးချယ်ကါ သီးသန့် ဆေွးနွေး ကြပါတယ်။ ဒီတော့ ဂျော်နီ တယောက်စိတ်မရှည်ဖြစ်ကာ . .
> " ဟေ့ ဒီမှာ ငါ့တို့လက်တွေက သေနပ်ကိုင်လာတဲ့လက်တွေကွ ကျောင်းသားအချင်းချင်း ညီညွတ်ရေး ဆွေးနွေးတာသိတ် အရစ်ရှည်မနေကြနဲ့ "
> ဟုအသံမာမာနဲ့ ရာဇသံလိုလို အမိန့်လိုလို ပြောလိုက်ပါတယ်။
> ဒီတော့ဘယ်ရမလဲ ဘုရားသုံးဆူတိုက်ဒေါင်း အရပ်ရှည်ပြီးစိတ်တိုတတ်သော ONSOB ကိုယ်စားလှယ် ကိုကျော်သက်(ညောင်တုန်း) ကလည်း . .
> " အေး ငါတို့ကလက်တွေလည်း . . ကိုင်လာတာမဟုတ်ဘူးကွ၊ မင်းလိုဘဲသေနပ်ကိုင် တိုက်လာတဲ့ကောင်တွေဘဲ " " ငါတို့လည်းညီညွတ်ချင်လို့မင်းတို့နဲ့လာညှိနေတာပေါ့ " လို့ပြန်အော်လိုက်ပါတယ်။
> အဲဒါ သူတိုနှစ်ယောက်ကို ဖြန်ဖြေပေးပြီးတော့ ဘုရားသုံးဆူနယ်မြေကတိုက်ဒေါင်း နဲ့ မယ်နာပလောနယ်မြေကတိုက်ဒေါင်း ချစ်ကြည်ရေးမှတဆင့် ကျောင်းသားညီညွတ်ရေး
> " သမာဆတ်စာချုပ် " ကိုအောင်မြင်စွာ ချုပ်ဆိုနိုင်ပြီး ဘန်ကောက်ကျောင်းသား ညီညွတ်ရေး တည်ဆောက်ခဲ့ကြဘူးပါတယ်။
>
> ၄။


“ဗန်ကောက်မြို့ မြန်မာသံရုံးမှာ တလူလူလွင့်ခဲ့တဲ့ တိုက်ဒေါင်းအလံ”



> ကိုးလေးလုံး(၉၉၉၉) အောက်တိုဘာစိန်ခေါ်မှုကြီးဟာ နိုင်ငံတကာအစိုးရအားလုံးနဲ့ ပြည်သူအားလုံးက ထောက်ခံအားပေခဲ့ကြသလို၊ မြန်မာကျောင်သားများဟာအကြမ်းဖက် သမားတွေမဟုတ်ဘူးဆိုတာသက်သေပြခဲ့တာဘဲဖြစ်ပါတယ်။ ပြည်သူတရပ်လုံးရဲ့ဂရုဏာ တွေကို သိမ်းကြုံးရယူခဲ့ကြပါတယ်။ ကိုးလေးလုံးလှုပ်ရှားမှု ဘန်ကောက် မြန်မာစစ်အုပ်စု သံရုံးကို ရှစ်လေးလုံးကျောင်းသားများ သိမ်းပိုက်လိုက်ခြင်း တော်လှန်ရေးတရပ်လုံးရဲအကျိုး၊ အောင်မြင်မှုကြီးတရပ်ပါဘဲ။
> ဂျော်နီ ကသူဆုတ်ကိုင်ထားတဲ့ ရပ်တည်ချက်ကို အခိုင်အမာယုံကြည်စွာစွဲကိုင် တိုက်ပွဲဝင် သွားခဲ့တာဘဲဖြစ်ပါတယ်။ နိုင်ငံတကာမှာ တခါမှမဖြစ်နိုင်သေးတဲ့ လုပ်ရပ် ဗျူဟာမြောက် သေသပ်ပိယိစွာ ဦးဆောင်စီးနင်းနိုင်ခဲ့ပြီး သွေစွန်းဘို့ကိုမဆိုနဲ့ သံရုံးဝန်ထမ်း တွေအပါအ၀င်၊ ဧည့်သည်များပါ မည်သူတဦးတယောက်မှ ထိခိုက်အနာတရ မရှိခဲ့လေအောင် နှလုံးရည်ရော လက်ရုံးရည်ပါ ပြည့်စုံတဲ့ သူရဲကောင်းတယောက်အဖြစ် ဦးညွှတ်အလေးပြုပါ၏။
>
> လွမ်းစရာကောင်းတဲ့ ဖန်စီမက်၊ (ပူသူ . . အအေးကွက်လိုက်ရှာ) အစရှိတဲ့ သန်းနိုင်ရဲ့သီချင်းကို ဂစ်တာတီးတဲ့အခါတိုင်း သီဆိုတီးခတ်လေ့ရှိသူ . . အခုတော့ . . သူရဲကောင်း ဂျော်နီ တယောက် (သူဆိုနေကြသီချင်းစာသားထဲကလို) အမှောင်လမ်းကလေးထက်မှာ . . ငွေလမင်းကလေး . . မလင်းဘဲ . .ဲဖြစ်နေလေရော့မလား . . ။
>
> ကျဆုံးသွားကြလေသော ရှစ်လေးလုံးသူရဲကောင်း အပေါင်းကိုဂုဏ်ပြုကြပါ၊
> ကျဆုံးသွားကြလေသောရှစ်လေးလုံးသူရဲကောင်းအပေါင်း၏သစွုာကိုစောင့်သိထိမ်းသိမ်းကြပါ၊
>
> ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေး ဆိုတဲ့ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲကို . .
အရှိန်အဟုန်မြှင့်တင်ကြပါ၊
> မျောက်ကို မျောက်မြီးနဲ့ ပြန်ချီဖမ်းတဲ့နည်းသုံးပြီး စစ်ခေါင်းဆောင်တွေကျူးလွန်ခဲ့တဲ့ပစ်မှုတွေနဲ့
ဒင်းတို့ကိုတရားပြန်စွဲပြီး နိုင်ငံတကာရာဇ၀တ်ခုံရုံးတော်မှာ အပစ်ပေးအရေးယူကြပါ၊ . . ။
>
> ရှစ်လေးလုံးစိတ်ဓာတ် ထာဝစဉ်ရှင်သန်နိုင်ကြပါစေ။
>
မောင်မောင်စိုး
၁ -၂၆၀- ၄၂၆၄၁၂၁

> စကားချပ်။
> ဂျော်နီ ကိုအမှတ်တရနဲ့ မှတ်တမ်းတင်ဂုဏ်ပြုနိုင်ရန် သူ့အကြောင်းကိုစာအုပ် တအုပ်ထုတ်ဝေဘို့ သူနဲ့ထိတွေ့ဆက်ဆံဘူးသူတွေကို အင်တာဗျူးတွေလုပ်နေပါတယ်။ ရှစ်လေးလုံးမျိုးဆက်များဟာ နေရာဒေသအမျိုးမျိုးမှာ တိုက်ပွဲပုံစံအမျိုးမျိုးနဲ့ အသက်ပေး တိုက်ပွဲဝင်သွားကြပါတယ်၊ တိုက်ပွဲဝင်နေကြဆဲပါ။ သူရဲကောင်းအားလုံးကို စာအုပ်မှတ်တမ်း တင်ဂုဏ်ပြုရန် အခက်အခဲများစွာရှိသော်လည်း၊ မိမိတို့နှင့်နီးစပ်ရာ ကျဆုံး သူရဲကောင်းများကို တဆင့်တဆင့်မေးမြန်း ပြုစုရေးသားလျင်ကား အားလုံး၏ဂုဏ်ပြု မှတ်တမ်းများထွက်ပေါ်လာ ရမည်မှာမလွဲပါ၊ ဒါကြောင့် ကျနော်တို့ဒေသ၊တပ်ရင်းများမှ အသက်ပေးကျဆုံး၊ပျောက်ဆုံး တိုက်ပွဲဝင်သွား ကြကုန်သောသူရဲကောင်း(၆၅)ဦး၏ မှတ်တမ်းမျာကိုပြုစုလျက်ရှိပြီး စောထ ဖောင်ဒေးရှင်း အနေနဲ့စာအုပ်ထုတ်ဝေသွားမှာဖြစ်ပါတယ်။
>

History is a history: violence or non-violence.
His resistance was his history of his struggle against oppression: violence or non-violence. He will always be remembered in history for his courageous resistance.
Those who deny and condemn that history are deceiving themselves; they are not true to themselves; they are guilty of deception. Those guilty of deception are also guilty of untruth. Those guilty of untruth can not embrace a principle of nonviolence, because that principle of nonviolence is also a principle of truth. Truth and deception can not walk the same path.

Resistance is freedom.
Freedom is never given; it has to be fought and won. Freedom is not a destiny; it is a path; it lives in the fights to walk that path. To resist is to fight because resistance is freedom. His resistance was his freedom.

Resistance to oppression is the law of truth.
For wherever there is oppression there will always be a resistance because oppression of any kinds can never be legitimate. For as long as there is oppression there can be no truth because oppression and truth can not coexist. So to resist oppression is to follow the law of truth.

History in the waiting
Burma is still writing its history – a history of struggle of the oppressed people against the oppressive military dictatorship. It is a history that we have been writing for the last 48 years. Still we are no where near finishing writing it.

Burma is still in the waiting to write a new history – a history of civilisation. Until we finish writing a history of struggle against oppression, we can not yet start writing a history of civilisation.

Contributor’s note
My attributes to Ko Kyaw Oo (Kyaw Ni) are about a cause, not personal.

Zaw Naing Wynn (Nyi Nyi Khant)
Australia
5 August 2010