10/30/2010

ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရေးနေ့ အခန်းအနား
၁၉၄၈ခုနှစ် ဇန္န၀ါရီလ ၄ရက်

BURMA CELEBRATES INDEPENDENCE



Click on photo for movie record.

(BURMA INDEPENDENCE)



Click on photo for movie record.

(BURMA INDEPENDENCE)




၁၉၅၈ခု က ဆိုဗီယက်ယူနီယံ(USSR, Russian Federation) မော်စကို Tchaikovsky Concert Hall တွင် ကျင်းပသည့် ဆယ်နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ အခန်းအနား။

10TH ANNIVERSARY OF BURMA'S INDEPENDENCE


Click on photo for movie record.

10/25/2010

DPM Campaign for Nov 7, 2010 Election:

အောက်တိုဘာလ ၁၄ရက်နေ့က မြစ်သားမြို့နယ် မဲဆန္ဒနယ် ဒီမိုကရက်တစ်ပါတီ(မြန်မာ) ၏ ပြည်သူ့လွတ်တော် အမတ်လောင်း ဒေါ်အေးသန္တာမိုး အတွက် ပါတီ ဥက္ကဌ ဦးသုဝေ၊ အထွေထွေအတွင်းရေးမှူး ဒေါ်သန်းသန်းနု တို့ မဲဆွယ်တရားဟောစဉ်
FACT_SHEET_on_2010_Oct_26_Photo_Essay_for_public

Click for more

10/16/2010

ဒေါင်းနှင့်လဒ



ခေါင်းစဉ်နှင့်ပါတ်သက်၍
ကျားသားမိုးကြိုး ကမ္ဘာမကြေ မလိုတမာနဲ့ ပိုပိုနာနာပြောတယ်မထင်ကြပါနဲ့ဗျာ ရုပ်ဘဲကြည့်ကြည့် အလုပ်ဘဲကြည့်ကြည့် မိမိုက်ဖဆိုး ဓမြ (ဒါးပြ)မျိုး ဖမျိုးဖိုးတူ လူလဒမှန်း တန်းမြင်ကြမှာပါ။
ကမ္ဘာမကြေ လွန်တယ်ဆိုခြင်လေလဲ အရှိကိုအရှိအတိုင်းပြောရှာတာဘဲလို့သာမှတ်ယူပါခင်ဗျား။


၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်း တောင် ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံကြမည့်
တသီးပုဂ္ဂလ အမတ်လောင်း ကိုကောင်းမြင့်ထွဋ် (၃၅ နှစ်)(နိုင်ငံရေးအကျဉ်းသားဟောင်း) နှင့်
နအဖ စစ်အစိုးရ၏ ရန်ကုန် မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်သိန်းလင်း(၅၃နှစ်) ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) တို့၏ပုံ။

ကိုကောင်းမြင့်ထွဋ်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လူထုအုံကြွမှုကြီးတွင် ပါဝင်ခဲ့မှုကြောင့် အသက် ၁၃ နှစ် အရွယ်တွင် အဖမ်း ခံခဲ့ရသူဖြစ်သည်။ ၎င်းသည် ၁၉၈၈ ခုနှစ် နှင့် ၁၉၉၀ ခုနှစ်အကြားတွင် သုံးကြိမ်ဆက်တိုက် အဖမ်းခံခဲ့ရပြီး ၁၉၉၁ ခုနှစ်တွင် ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင်ဗီဒီယိုထုတ်လုပ်သူတဦးဖြစ်သည့် ကိုကောင်းမြင့်ထွဋ်သည် ပြီးခဲ့သည့် မတ်လတွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ရန် ခွင့်ပြု ခဲ့စဉ်က မြန်မာ့ ဒီမိုကရေစီ ကွန်ဂရက်အမည်ဖြင့် ပါတီတည်ထောင်ရန် အားထုတ်ခဲ့ဖူးသည်။ သို့ရာတွင် ဘဏ္ဍာငွေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြဌာန်းထားသော စည်းကမ်းချက်များနှင့်အညီ ပါတီဝင် စုဆောင်းရာ၌ အခက် အခဲများရှိသောကြောင့် ပါတီတည်ထောင်မည့် အစီအစဉ် မဖြစ်ခဲ့ဟု သိရသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အခုရွေးကောက်ပွဲက ကျနော်တို့ မြင်တွေ့လိုတဲ့ အပြောင်းအလဲတွေ ဖြစ်လာ လိမ့်မယ်လို့ ကျနော် မယုံကြည်ပါဘူး”ဟု ကိုကောင်းမြင့်ထွဋ် က ဆိုသည်ဟု www.irrawaddy.org/တွင်ဖေါ်ပြပါရှိ သည်။ “ဒါပေမယ့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ် ဒါမှမဟုတ် တစည(တိုင်းရင်းသား စည်းလုံးညီညွတ်ရေး) ပါတီက စစ်အရာရှိဟောင်း ကိုယ်စားလှယ်တွေအစား အစားထိုးရွေးချယ်စရာတခုတော့ လူထုကို ပေးသင့်တယ်လို့ ကျနော်ထင်တယ်”ဟုလည်း ၎င်းက ဆက်ပြောသည်။

ဦးအောင်သိန်းလင်း၏ နောက်ခံသမိုင်းကြောင်းမှာမူ ၁၉၈၈ ခုနှစ်တွင် ဗိုလ်မှူးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် ခမရ ၁၀၁ ၏ တပ်ရင်းမှူးဖြစ်လာခဲ့သည်။ ထို့နောက် စက်မှု (၂) ဒု ၀န်ကြီးဖြစ်လာကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း(ကြံ့ဖွံ့) ၏ အလုပ်အမှုဆောင်တဦး လည်း ဖြစ်ခဲ့သည်ဟု သိရသည်။ ကြံ့ဖွံ့အသင်းကို ဧပြီလ တွင် ကြံ့ဖွံ့ပါတီ အဖြစ် အသွင်ပြောင်းခဲ့သည်။ ဦးအာင်သိန်းလင်း သည် ၂၀၀၃ ခုနှစ်၌ ရန်ကုန် မြို့တော်ဝန် ဖြစ်လာခဲ့သည်။ ဦးအောင်သိန်းလင်းသည် အစိုးရရာထူး၊ နိုင်ငံတော်ပိုင် ပစ္စည်း၊ လုပ်ငန်းများနှင့် နိုင်ငံတော်ပိုင် မီဒီယာ ကို မဲဆွယ်ပွဲအတွက် အသုံးပြုနိုင်သောကြောင့် ယင်းမဲဆန္ဒနယ်မြေတွင် တခြားကိုယ်စားလှယ်များထက် အဆမတန် အသာစီး ရ နေသည် ဟုလည်း သိရသည်။

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် စည်ပင်သာယာရေး အရာရှိကြီးများနှင့် ၀န်ထမ်းများအား မဲဆွယ်စည်းရုံးဟောပြောမှုကို ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်းမှ ရန်ကုန်မြို့တော်ခန်းမ စည်ပင်သာယာရေးကော်မတီ ရုံးတွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ ၄င်းမဲဆွယ် စည်းရုံးဟောပြောပွဲတွင် ပြောကြားသွားသော ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ စကားများမှာ အောက်ပါ အတိုင်းဖြစ်သည်။
`` ဒီနေ့ စည်ပင်ရုံးမှာ ရှိကြတဲ့ အရာရှိတွေနဲ့ ၀န်ထမ်းအားလုံးကို ကျုပ်ပြောမယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ သိကြလား´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ သိကြလား။ ခင်ဗျားတို့အားလုံး ခြင်္သေ့ကို မဲထည့်ရမယ်။ ခြင်္သေ့ကို မဲထည့်မှ ခင်ဗျားတို့၊ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ သားသမီးဆွေမျိုးတွေ ကောင်းစားမယ်။ ဘယ်သူ့ကို ထည့်မှာလဲ ခြင်္သေ့နဲ့ ခွပ်ဒေါင်း ဘယ်သူ့ကို ထည့်မှာလဲ´´ (မည်သူမှ မဖြေဆိုပါ) `` ခင်ဗျားတို့ ခြင်္သေ့နဲ့ ဒေါင်းမှာ ခြင်္သေ့ကိုပဲ မဲထည့်ရမယ်။ မသေမချင်း မှတ်ထားကြပါ။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့ ခြင်္သေ့ကို မဲမထည့်လို့ ဟိုကောင်မ နိုင်သွားရင် ခင်ဗျားတို့ ဘာဖြစ်သွားမလဲ သိလား´´ ( ၄င်းမှ အမျိုးသမီးဝန်ထမ်းများကို အစည်းအဝေးခန်းပြင်သို့ ထွက်ခိုင်းသည်။) ထို့နောက် `` ဒေါင်းနိုင်သွားရင် ဒီကို အမေရိကန်ကောင်တွေ ရောက်လာလိမ့်မယ်။ ပြီးရင် ဒီကောင်တွေက အလကားနေကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့ မအေတွေ၊ မိန်းမတွေ၊ နှမတွေ၊ သမီးတွေ တက်လုပ်ကြမှာ ခင်ဗျားတို့ အလုပ်ခံချင်ရင် ဒေါင်းကို မဲပေးကြ ကျုပ် တစ်ခုထပ်ပြောမယ်။ ခင်ဗျားတို့ စည်ပင်ကလူတွေအားလုံး ခြင်္သေ့ကို မဲမထည့်ရင် ဘယ်လိုအရေးယူမလဲဆိုတာ တွေ့ရမယ်။ ခင်ဗျားတို့အားလုံး ကျုပ်တို့ကိုပဲ မဲထည့်ကို ထည့်ရမယ်။´´ ဒါကတော့ ရန်ကုန်မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ ၀န်ထမ်းများအား ခြိမ်းခြောက် အကျပ်ကိုင်သော စစ်အာဏာရှင် စကားပင်ဖြစ်ပါသည်။ ၄င်းမှ ထိုသို့စကားပြောကြားနေစဉ်အတွင်း မည်သူတစ်ဦး တစ်ယောက်ကမှ ပြန်လည်ဖြေကြားသံ၊ ရှင်းလင်းတင်ပြသံတို့ကို လုံးဝမကြားရခဲ့ပါဟု အဆိုပါ အစည်းအဝေးကို တတ်ရောက်ခဲ့သော စည်ပင်ဝန်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါသည်။ (၄င်း ဗိုလ်မှူးချုပ်အောင်သိန်းလင်း၏ အစည်းအဝေးအတွင်း စကားပြောသံများကို အသံဖမ်းယူပေးခဲ့သော စည်ပင်သာယာအဆောက်အဦးဌာနမှ ၀န်ထမ်းအား အထူးပင်ကျေးဇူးတင်ရှိပါသည်။) http://www.wanna23.com/

ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ နိုင်ငံပိုင်သတင်းစာများတွင် ဦးအောင်သိန်းလင်းနှင့် တခြားသော ကြံ့ဖွံ့ပါတီ ခေါင်း ဆောင်များက နိုင်ငံပိုင် ဆောက်လုပ်ရေး လုပ်ငန်းများအား သွားရောက်စစ်ဆေးနေသည့် ဓာတ်ပုံများကို မကြာခဏ ထုတ်ဖော် ပြသနေသည့်အပြင် ၎င်းတို့အား ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များဟု မသုံးနှုန်းဘဲ အစိုးရအရာရှိများအဖြစ် ဖေါ်ပြနေ သည်။ အောက်တိုဘာလ အတွင်း ရန်ကုန်တိုင်း စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ထွန်းသန်းနှင့်အတူ ၎င်း၏ မဲဆန္ဒနယ်မြေ အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားသို့ ဦးအောင်သိန်းလင်း တက်ရောက်ဖွင့်လှစ်ပေးသည့်ပုံကို နိုင်ငံပိုင်သတင်းစာ များတွင် ဖော်ပြခဲ့သည်။ “ကျနော်ဝင်ပြိုင်မယ့် အမတ်နေရာမှာ သေချာပေါက် အနိုင်ရလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ် တဦးဖြစ်သူ ဦးတင်ထွန်းဦး ထုတ်ဝေသော မြန်မာတိုင်းမ်စ် အပတ်စဉ်စာစောင်၏ သတင်းဆောင်းပါး တပုဒ် တွင် ဦးအောင်သိန်းလင်းက ပြောဆိုခဲ့သည်။“တောင်ဥက္ကလာပမှာ ကျနော်အနိုင်ရတယ်ဆိုရင် ကျနော့် မဲဆန္ဒနယ်အတွင်းမှာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ တခြားရွေးချယ်တင်မြှောက်ခံ ကိုယ်စားလှယ်တွေလည်း အလားတူ လုပ်ဆောင်ကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟုလည်း ဦးအောင်သိန်းလင်းက ယင်း ဆောင်းပါး၌ ဆိုခဲ့သည်။

10/01/2010

ထလော့ ရခိုင်……ရခိုင် ထလော့


သမိုင်း သုတေသီ ရမ္မာဝတီ အရှင်ပညာစာရကိစ္စက မပြီးပြတ်သေး။ ပြည်တွင်း ပြည်ပ ရခိုင်တွေကတော့ အင်အားတွေစုပြီး တွန်းလှန် နေကြဆဲဖြစ်တယ်။ တနည်းအားဖြင့် ပြောရရင် ခုခံ ကာကွယ်နေကြဆဲ ဖြစ်တယ်။ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ စသည်ဖြင့်၊ တဖက်ကလည်း လက်မှတ်ထိုး တောင်းဆိုတဲ့အလုပ်ကို လုပ်နေကြဆဲ။ ဘာဘဲဖြစ်ဖြစ် ပုံစံမျိုးစုံ အသွင်မျိုးစုံနဲ့ အလွှာပေါင်းစုံက ရခိုင်တွေအနေနဲ့ ခုခံကာကွယ်ရေး အလုပ်တွေကို သမိုင်း တာဝန်တရပ်အနေနဲ့ လုပ်ကြလိမ့်မယ် ယုံကြည်ပါတယ်။ အမျိုးထိရင် မချိအောင် နာတတ်တဲ့ ရခိုင်တွေအတွက် စိန်ခေါ်မှု တရပ်လည်း ဖြစ်နေပြန်တယ်။
အချို့ကလည်း မတရားတဲ့ အမိန့်အာဏာ အောက်က မတရားဖမ်း အမှုစီရင်ခြင်းဟာ မမှန်မကန်တဲ့ အဖြေ (မတရားတဲ့ ဆုံးဖြတ်)ချက်တွေဘဲ ထွက်လာလိမ့်မယ်လို့ မျှော်လင့်နေကြ၊ စိုးရိမ်နေကြတယ်။ အထူးသဖြင့် ဆရာတော်ကို ထောင်ထဲမှာ ရခိုင်သမိုင်းပညာရှင် ပဏ္ဍိတ်ဦးဦးသာထွန်းလို သတ်ပစ်ကြမှာကို အရမ်းစိုးရိမ်ကြတယ်။ တဖက်မှာလည်း အနာဂတ် ကြယ်ပွင့်လေးတွေရဲ့ အနာဂတ်၊ ပြီးတော့ ရခိုင့်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေ ။ ကျနော်တဦးတယောက်ထဲ အထင်ပြောရရင် နအဖ စစ်အုပ်စုအနေနဲ့ အရမ်းလွယ်လွယ်ကူကူ ကိုင်တွယ်လို့ရမယ့်ကိစ္စလို့ မြင်ပုံရပါတယ်။ တကယ့်တကယ် လက်တွေ့မှာတော့ နအဖထင်သလို လွယ်လွယ်ကူကူ ကိုင်တွယ်လို့ရမှာမဟုတ်ဘူး။ ယမ်းပုံ မီးကျမယ့်ကိန်း ဖြစ်နေတယ်။ ထိရဲ ထိကြည့်ပါလို့ နအဖကို ပြန်လည် စိန်ခေါ်ရမှာဖြစ်တယ်။ အမှန်ကတော့ အရမ်းထိလွယ် ရှလွယ်တဲ့ကိစ္စဆိုတာကို ဒီအချိန်မှာ နအဖလည်း နားလည် သဘောက်ပေါက်လောက်ပြီ ထင်ပါတယ်။ ရန်ကုန်မှာ ကျောင်းတက်နေတဲ့ ရခိုင်ကျောင်းသား ကျောင်းသူတွေရဲ့ တောင်းဆိုချက်တွေဟာ ရခိုင်ပြည်ရှိ ကျောင်းတွေထိ ကူးစက်လာနိုင်ပါတယ်။ ရခိုင်ပြည်က ကျောင်းထိုင် ဆရာတော် (၁၅) ပါးရဲ့ မေတ္တာရပ်ခံချက်ကို ဥပေက္ခာပြုပြီး ဆရာတော်ဦးပညာစာရကို ထောင်ချခဲ့မယ်ဆိုရင် ရခိုင်တပြည်လုံးရှိ ရဟန်း သံဃာတော်တွေအထိ ကူးစက်သွာနိုင်ပါတယ်။ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဟာလည်း ရခိုင်လူထုကို လှုပ်ခါနိုင်ပါတယ်။ ဒီအဖွဲ့အစည်းတွေရဲ့ နိုးကြား ထကြွမှုဟာ ရခိုင်တပြည်လုံးကို ဦးဆောင်နိုင်ပါတယ်။ လူမျိုးရေးကို နွယ်လာတဲ့အတွက်ကြောင့် ဗမာ့စစ်တပ်ထဲက ရခိုင်တွေ အရှင်နာဂိဓမော်ကွန်းကိုတော့ မမေ့လောက်သေးပါဘူး ။
လွတ်လပ်ရေးရပြီး နောက်ပိုင်း ရခိုင်ပညာရှင်တွေ တနည်းနည်းနဲ့ သတ်ပစ်ခံခဲ့ရဖူးတဲ့ သမိုင်းအတွေ့ အကြုံတွေ ရှိနေပြီးသားပါ ။ အထူးသဖြင့် ရခိုင့်သမိုင်းတွေကို ရခိုင်လူထုသိအောင် ကမ္ဘာကသိအောင် ဖော်ထုတ်တဲ့ ရခိုင်ပညာရှင်တွေ သုတေသီတွေ သတ်ပစ်ခံခဲ့ရတဲ့ သမိုင်းအတွေ့အကြုံက ရှိပြီးသားပါ။ ဒီတခါထိရင် ရခိုင်တွေ ဘာလုပ်မလဲ။ ရခိုင်သမိုင်းတွေကို ရခိုင်တွေပြန်လည် သိရှိလာအောင် ကြိုးပမ်းမှုတွေအားလုံးဟာ မဟာလူမျိုးကြီးဝါဒဘက်က ရပ်သူတွေအတွက်ကတော့ မဟာရန်သူဖြစ်မှာ သေချာပါတယ်။ ဒီဆရာတော်ကတော့ ပိုမိုထူးခြားတယ်။ လေလွင့်သွားမယ့် မိဘမဲ့ကလေးငယ်တွေကို ထိန်းချုပ်ထားနိုင်တယ်။ ပြီးတော့ အနာဂတ် ပျောက်မသွားအောင် အနာဂတ်ကို လမ်းညွန် ပေးနိုင်သူဖြစ်တယ်။ လူငယ်တွေရဲ့သဘာဝက အနာဂတ်ရဲ့ ကြယ်ပွင့်တွေဖြစ်တယ်။ သိပ္ပံမောင်ဝစကားနဲ့ ပြောရရင် အနာဂတ်မှာ သမ္မတလောင်း၊ ၀န်ကြီးချုပ်လောင်း၊ ပညာရှင်လောင်းတွေ မပါဘူးလို့ ဘယ်သူတတ်အပ်ပြောနိုင်မှာလဲ။ ထို့အတူ ရခိုင်စာပေဆန်းသစ်ရေးကို ကိုယ်တိုင် ကြိုးပမ်းနေပြီး ကစဥ့်ကလျားဖြစ်နေတဲ့ ရခိုင်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေကို စုစည်းထိမ်းသိမ်းနေတာ ဖြစ်တယ် ။ ဒီလို ထူးခြားချက်တွေက လည်ချောင်းထဲက ဆူးတချောင်းလိုဖြစ်နေမှာ သေချာပါတယ်။ ရခိုင်တွေအတွက်တော့ “ဆူး” တချောင်း မဟုတ်ပါဘူး ။ “ဆောက်” တချောင်းသာဖြစ်တယ်။ အနာဂတ်ကို ထုဆစ်နေတဲ့ ဆောက်တချောင်း ။
အနာတ်ကြယ်ပွင့်တွေဖြစ်တဲ့ ဒီကလေးငယ်တွေက နင်းချေပစ်ဖို့ ရခိုင်ပြည်နဲ့အဝေးဆုံးကို ဆွဲထုတ်သွားပြီ ။
ဒေသခံလူထုက ဒီကလေးငယ်တွေကို တာဝန်ယူဖို့ ပြောနေတဲ့ကြားက ဗမာပြည်ကို အဓမ္မ ပို့ပစ် လိုက်ခြင်းဟာ ရခိုင်တွေ လက်ပိုက် ကြည့်နေလို့ မရဘူးဆိုတာကို ပြသ လိုက်တာဖြစ်တယ် ။
ရခိုင်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေကော ဘယ်မှာလဲ။ ဆရာတော်ကိုလည်း လုပ်ကြံဖန်တီးပြီး ဖမ်းထားတယ်ဆိုတာ တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာပါတယ် ။ ပြန်မလွတ်ဘဲ အဓမ္မထောင်ချပစ်ရင် ဘာလုပ်မလဲ ။ ဒါတွေကတော့ ရခိုင်ပြည်သူ ပြည်သားအတွက် တကယ့်စိန်ခေါ်မှုတရပ်ဖြစ်ပါတယ် ။ ဒီနေရာမှာတော့ ဆရာတော်လွတ်မြောက်ရေး ၊ ဗမာပြည်ကို အဓမ္မခေါ်ယူသွားတဲ့ ကလေးငယ်တွေ မူလနေရာကို ပြန်လည်ရောက်ရှိရေး ၊ အဓမ္မသိမ်းယူထားတဲ့ ရခိုင့်သမိုင်းအမွေအနှစ်တွေ မူလနေရာကို မပျောက်မရှိ ပြန်လည်ရောက်ရှိရေးနဲ့ မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်း ပြန်လည်ရှင်သန်လှုပ်ရှားရေးအတွက် ခုခံကာကွယ်ရေးကို အရှိန်မြှင့်လုပ်ဆောင်ဖို့လိုအပ်တယ် ။ ဒါတွေဟာ ရခိုင်လူထုအတွက် သမိုင်းကတင်ပေးလိုက်တဲ့ သမိုင်းပေးတာဝန်တခုဖြစ်တယ် ။ ။
စာကြွင်း ။ ။ အရှင်နာဂိဓမော်ကွန်းကို စိန်ခေါ်လိုက်တာဖြစ်တယ် ဆောင်းပါး Arakan Review မှာ ရေးပြီး နောက်ပိုင်း ပြည်တွင်းနဲ့ရော ပြည်တွင်းနဲ့ဆက်စပ်နေသူတွေရော တပ်ထဲက ရခိုင်အချို့နဲ့ရော စကားတွေပြောဖြစ်ပါတယ်။ တပ်ထဲက ရခိုင်တွေ လက်ပိုက်ကြည့်မနေဖို့ ကျနော်ရေးတော့ ပြည်ပက လက်နက်ကိုင်အဖွဲ့စည်းတချို့ ထုတ်ပြန် ကြေငြာချက်လေး တစောင်တောင်မထုတ်ပြန်တာကို ထောက်ပြကြတယ်။ တဖက်ကလည်း ပြည်တွင်းထဲက ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ၀ိဇ္ဇာပညာရပ်များ အထူးပြု ရခိုင်ကျောင်းသား ကျောင်းသူများ (တက္ကသိုလ်များ – ရန်ကုန်) နဲ့ ရခိုင်ပြည် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ပြည်က ကျောင်းထိုင်ဆရာတော်ကြီး (၁၅) ပါး လက်မှတ်ထိုး တောင်းဆိုခြင်း တွေနဲ့ နှိုင်းယှဉ်ပြကြတယ်။ ကျနော်ကတော့ ကျနော့် ဗီဇအတိုင်း နားဘဲထောင်နေခဲ့ပါတယ်။ ဆိုတော့ ပြည်ပ မှာရှိတဲ့ ရခိုင် အသိုင်းအ၀ိုင်း (နယ်သာလန်) ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ပြည်ပ) ဗဟိုနဲ့ ဂျပန်ဌာနခွဲ၊ ရခိုင် အမျိုးသမီးများ အစည်းအရုံး၊ ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီတို့ကို ကျနော့် ဆောင်းပါးမှာ တခုတ်တရ မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ထို့အတူ အနာဂတ် ရခိုင်သမိုင်းမှာလည်း သမိုင်းအဖြစ်ကျန်ခဲ့မှာ သေချာပါတယ်။ ဆရာတော် လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆိုချက်ကိုလည်း ကျနော် လှမ်းကြည့် ဖြစ်ပါတယ်။ ဘယ်သူတွေ ထိုးထားသလဲပေါ့၊ ဒေါက်တာအေးကျော်၊ ဒေါက်တာအေးချမ်းစတဲ့ ကျနော်သိတဲ့ ပုဂ္ဂိုလ်တွေပါသလို ကျနော်သိတဲ့ အရမ်းကို မျိုးချစ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေ နာမည်လုံးဝ (လုံးဝ) ပါမလာတာတွေကိုလည်း တွေ့ရပါတယ်။ နိုင်ငံခြားသားတွေ နာမည်ကိုတောင် တွေ့ရပါ လျက်နဲ့ မျိုးချစ်ပုဂ္ဂိုလ်ကြီးတွေ နာမည် မတွေ့ရတော့ စိတ်ထဲမှာ ကသိ ကအောက် ဖြစ်ပေမယ့် ဒါဟာ သမိုင်း ဆိုတာကို နားလည်လိုက်တယ် ။ ။


ခိုင်လင်း (မေဃ၀တီ)၁၅ ၊ ၉ ၊ ၂၀၁၀ ၁၀း ၁၀