5/21/2011

Obama lay out new Middle East diplomacy introduce



အမေရိကန် သမ္မတ အိုဘားမား က ဒီနေ့ ဝါရှင်တန် က သမ္မတ အိမ်ဖြူတော် မှာ ပြောကြားတဲ့မိန့် ခွန်းရှည် ကြီး မှာ အာရပ် နဲ့  အာဖရိက နိုင်ငံ တွေ ရဲ့  ဒီမိုကရေစီ ပြောင်းလဲမှု ကို ထောက်ခံပြီး ဒီနိုင်ငံ တွေ ရဲ့  ဒီမိုကရေစီ ရေး အတွက် အဘက်ဘက် က ကူညီဖို့ ဆုံးဖြတ် ထား တယ် လို့  ပြောကြား ခဲ့ပါတယ်။


သူ့ ရဲ့  မိန့် ခွန်းမှာ နှစ်ပေါင်းများ စွာ လက်နက် ကိုင် ပဋိပက္ခ နဲ့  အငြင်းပွားမှု ပြဿနာ မဆုံးနိုင်သေတဲ့ အစ္စရေး – ပါလက် စတိုင်း ပြဿနာ ကို ထည့်သွင်း ပြောကြား ရာမှာ လည်း အစ္စရေး အနေနဲ့  ခြောက်ရက် စစ်ပွဲ မတိုင် ခင် အရှေ့ ဂျေရူဆလင် ၊ အနောက် ဘက်ကမ်းခြေ နဲ့  ဂါဇာ ကမ်းမြှောင် ဒေသ တွေ ကို မသိမ်း ပိုက် ခင် အချိန် ထိ ပြန်ဆုတ် ပေးဖို့ ပြောကြား ခဲ့ပြီး ပါလက်စတိုင်းဒေ သ တွေ မှာ လူ့ အခွင့်အရေး မချိုးဖောက် ဖို့  ကို လည်း သတိပေး ပြောကြား ခဲ့ပါတယ်။


လက်ရှိ လူထု အုံကြွမှု တွေ ဖြစ်ပွား နေတဲ့ ဆီးရီးယား၊ ယီမင်နဲ့  လစ်ဗျား နိုင်ငံ တွေ နဲ့ ပတ်သက်ပြီး ပြောကြား ရာမှာ ဆန္ဒပြမှု တွေ အတွင်း လူ ၈၅၀ ကျော် ကို သတ်ပြစ်ခဲ့ တဲ့ ဆီးရီးယား သမ္မတအာဆတ် ရဲ့  လုပ်ရပ် တွေ ကို လက်မခံ နိုင် ဘူး လို့  သတိပေး ပြော ကြား ခဲ့ပါတယ်။


အီရန် နဲ့  ယီမင် နိုင်ငံ တွေ ရဲ့  လူထု အုံကြွမှု တွေ မှာ နိုင်ငံ ခေါင်းဆောင် တွေ အနေ နဲ့  ပြည်သူတွေရဲ့  ဆန္ဒ ကို လေးစား ဖို့ ဒီမိုကရေစီရေး အတွက် ပြုပြင် ပြောင်း လဲ ဖို့  ပြော ဆို ခဲ့ ပါတယ်။
ယမန် နေ့ က အယ်(လ)ကာယီးဒါ အကြမ်းဖက် အဖွဲ့ အစည်း ရဲ့  သတင်းဌာန ဖြစ်တဲ့ As – Sahabသတင်း ဌာန က နေ ထုတ်လွှင့် ခဲ့တဲ့ အိုစမာ ဘင်လာဒင် မသေ ခင် က အသံသွင်း ထား တဲ့ အခွေထဲ မှာ သေဆုံး သွား ပြီ ဖြစ်တဲ့ အကြမ်းဖက် ခေါင်းဆောင် က သူမသေ ခင်မှာ အာရပ် လူထု အုံကြွမှု နဲ့  ဒီမို ကရေစီ ရေးနိုးထ မှု များ ထောက် ခံ ကြောင်း ပြောကြား ခဲ့ပါတယ်။


အမေရိကန် သမ္မတ အိုဘာမား ဟာ အာရပ် ကမ္ဘာ နဲ့  ပတ်သက်ပြီး အမေရိကန် အစိုးရ ရဲ့  မူဝါဒသစ် ကို ယနေ့ မိတ် ဆက် လိုက် တာ လို့  လဲ အာရပ် ကမ္ဘာ က မှတ်ချက် ပေးကြပါတယ်။ အမေရိကန် သမ္မတ အိုဘာမား ရဲ့  မိန့် ခွန်း ပါ အစ္စရေး နိုင်ငံ ရဲ့  သဘောထား မှတ် ချက် ကို အစ္စရေး က ငြင်းပယ် လိုက် ပြီး ဒီအဆို ပြု ချက် ကို လက်မခံ နိုင်ဘူး လို့ အစ္စရေး အစိုးရက ထုတ်ဖော် ပြောကြားခဲ့ပါတယ်။


ဇိုင်ယွန် ၀ါဒီ အရိုးစွဲ တွေ က တော့ အို ဘား မား ရဲ့  မိန့် ခွန်း ဟာ စစ်မက် လိုလား တဲ့ ပါလက်စတိုင်းတွေ ကို မြှောက် ပေး ရာ ကျတယ်လို စွပ် ဆွဲ ပြီး ၊ ပါလက် စတိုင်း လို လား သူ တွေ က တော့ အမေရိကန် သမ္မတ အဆက် ဆက် ဟာ အာရပ် အာဏာရှင် တွေ ကို ပုလင်း တူ ဗူး ဆို့  လုပ် ခဲ့ တာကြောင့်အခု လို ရလာဒ် တွေ ပေါ် ပေါက် လာ တယ် ၊ အို ဘား မား ရဲ့  မိန့် ခွန်း ကတော့ ချီး ကျူး စရာ ကောင်းတယ် လက် တွေ ဖြစ်အောင် လုပ် ဖို့ ပဲ လိုတယ် လို့ ပြော ခဲ့ပါတယ်။



U.S. President Barack Obama could deliver a major policy speech as early as next week laying out his new Middle East strategy following the U.S. killing of Osama bin Laden and amid ongoing upheaval in the Arab world, U.S. officials said on Wednesday.
A key sticking point is whether Obama, who gained a boost in global stature with the death of the al Qaeda chief last week, will also use his coming address to present new proposals for renewed Israeli-Palestinian peacemaking, a source familiar with the administration's internal debate said.

Obama, who will meet Prime Minister Benjamin Netanyahu at the White House on May 20, is considering giving the speech before he leaves on a trip to Europe early in the week of May 22, a senior administration official said.
The administration, seeking to counter criticism it has struggled to keep pace with turmoil in the Arab world, has been crafting a new U.S. strategy for the region since shortly after popular uprisings erupted, toppling autocratic rulers in Egypt and Tunisia and engulfing Libya in near-civil war.
The killing of bin Laden in a U.S. raid on his Pakistan compound will give Obama a chance to make the case for Arabs to reject al Qaeda's Islamist militancy and embrace democratic change in a new era of relations with Washington.
Though Obama has made repairing U.S. ties with the Muslim world a key thrust of his foreign policy, one U.S. official said the coming address would be "about political change in the Middle East and North Africa, not about Islam."
The timing of the speech has not yet been set, U.S. officials stressed.

5/20/2011

နှလုံးအိမ်အတွင်းက တိုက်ပွဲ -Conqueror 2

ကျနော်တို့မှာ ရှည်လျှားတဲ့ အတိတ်သမိုင်းကြောင်းတွေ ရှိခဲ့ကြပါသည်။ များသော အားဖြင့် ကျနော်တို့ရဲ့ နိုင်ငံ ရေးကို အတိတ်ပေါ်မှာ အခြေခံပြီး ပြောကြလုပ်ကြ ပါသည်။ နေ့စဉ် လက်တွေ့ ဘဝ တွေကို ဖြတ်သန်းရင်း၊ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားကြ ရင်းက အဖြစ် အပျက်အသစ်တွေ ပြဿနာအသစ် တွေလဲ ထပ်၍ ထပ်၍ ရလာနေပါသည်။ ပြေလည်သွားတာ ကတော့ နည်းသေးသည်ဟု ထင်ပါသည်။ ထပ်ဖြစ်ပျက် တွေ့ကြုံ တာတွေ ကြောင့် နာစရာတွေ ပြောစရာတွေကလဲ ထပ်များလာပြန် သည်။ ဒီလို အတိတ်က အနာအဆာ အဖုအထစ်တွေကို ပွေ့ပိုက် ထားကြ ယုံနဲ့တော့ ကျနော်တို့ တိုးတက်အောင်မြင် မလွယ်ပါ။ အနာဂါတ်ကို မျော်မှန်း ကမ်းလင့်တဲ့ လုပ်ဆောင်မှု တွေလဲ လိုပါလိမ့်မည်။ နောက်တခုက ရှည်လျားတဲ့ ဖြစ်စဉ် အတွင်းက ပြောင်းလဲဖြစ်ပေါ်မှုတွေကို အသိအမှတ်ပြု လက်ခံဖို့ပါ။ အနေအ ထား တချို့တွေဟာ လွတ်လပ်ရေးယူကာစ ၁၉၄၈ တုံးကနဲ့ မတူတော့ ပါဘူး၊
လက်ရှိအနေအထားကို အသိအမှတ်ပြုပြီး လုပ်ဆောင်ကြရပါမယ်။ အမျိုး သား ပြန်လည်ရင်ကြားစေ့ရေးလို့ ပြောနေကြတဲ့ အမျိုးသားစည်းလုံးညီညွတ် ရေးကို အမျိုးသား (နိုင်ငံ) ပြန်လည်တည်ဆောက်ရေး nation rebuilding အမြင်အ ထိတိုးချဲ့ ကြည့်ပြီး လုပ်ကြမယ်ဆိုရင် ပြည်သူ့ လွတ်တော်လို နေရာက အခြေခံ ကြပြီး လက်တွေအားဖြင့် ထင်သာ မြင်သာလဲ ဖြစ်နိုင်ပါတယ်။ တကယ် လုပ် ကြမယ် ဆိုရင်ပေါ့။
လတ်တလော ဖြစ်ပေါ်မှု တွေကို ကြည့်မယ်ဆိုရင် တိုင်ရင်းသား ၆ ဖွဲ့ စုဖွဲ့မှုက စလိုက်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ UNFU …. ညီညွတ် သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC….. ဖက်ဒရယ်ပြည် ထောင်စု တပ်မတော် ….. ဆိုတာရဲ့ အဆင့်ဆင့် ဖြစ်ပေါ် နေမှုကို ကြည့်ရင် သူ တို့လဲပကတိ အခြေအနေနဲ့ လုပ်ဆောင်ချက်တွေရဲ့ အတွေ့အကြုံကို လက်တွေ့ ကြကြ တုံ့ပြန်နေတယ်လို့ နားလည်လို့ ရပါတယ်။ http://www.mizzimaburmese.com/interview/7556-unfc--.html ။ နောက်တပိုင်းက NCUB အခြေပြုတဲ့ ကြိုးပမ်းချက်တွေက တော်လှန်သော ပြည်သူ့ လွတ်တော် ဆိုတာ ပေါ်လာခဲ့ပြီး ထပ်မံတိုးချဲ့ အားဖြည့်ဖို့ ကြိုးစားနေကြတာကို တွေ့ရ ပါတယ်။ UNFC မှာ အခြေခံ အဖွဲ့နဲ့ ဆက်စပ်အဖွဲ့ဝင် ဆိုပြီး ၂ ဆင့်ခွဲထားတာ ကို တွေ့ရသလို တော်လှန်သောပြည်သူ့လွတ်တော်ကလဲ တိုးချဲ့ရေးအစီအစဉ် ကို ပထမပိုင်း ဒုတိယပိုင်း တတိယပိုင်း ဆိုတာမျိုး ခွဲခြားလုပ်ဆောင်သွားဖို့ ကြိုးစားနေတာ တွေ့ရပါတယ်။ ဒီအစု ၂ ခုရဲ့ ကြံဆ ကြိုးစားချက် လမ်းကြောင်း တွေဟာ တူညီတဲ့ အခြေအနေနဲ့အချိန်အခါတွေကို တုံ့ပြန်ရင်း ဖြစ်လာကြတာ မို့ နီးစပ်ဆင်တူ ဖြစ်နေကြတယ် ထင်ပါတယ်။ ဦးဆောင်မှုပိုင်း (လူပုဂ္ဂိုလ် ) တွေ၊ စုဖွဲ့မှုလမ်းကြောင်းတွေ တော့ မတူကြဘူးပေါ့။ ဒါတွေကို ပိုပီးအားကောင်း တဲ့ စုဖွဲ့မှု နဲ့ တပေါင်းတည်းသော လမ်းကြောင်းအဖြစ် ပေါင်းစပ်ကြဖို့ဆိုရင် ကျနော်တို့ လက်တွေ့ကြတဲ့ နိုင်ငံရေးချဉ်းကပ်စုရုံးမှုနဲ့ ကြီးမားကျယ်ပြန့်တဲ့ စိတ်နှလုံးတွေထားကြဖို့ ထားကြဖို့ လိုပါတယ်။ နည်းနာ ပိုင်းအနေနဲ့တော့ ဗြိတိသျှ ပါလီမန် နိုင်ငံရေးက ရှဲဒိုးကက်ဘိနက် ပုံစံမျိုးပေါ့။ http://kabarmakyay.blogspot.com/2009/11/blog-post_11.html ။ အခြေခံအားဖြင့်တော့ ကိုယ်စီမှာ ရှိနေတဲ့ နိုင်ငံရေး အင်အား၊ အနေအထားနဲ့ လိုချင်ဆန္ဒတွေကို ချပြီး ပွင့်ပွင့်လင်းလင်းညှိကြတာပါ။ ဆွေးနွေးကြတာကတော့ တံခါးပိတ် အစည်း အဝေး မှာပါ အခြေခံ စည်းကမ်းကတော့ ဆွေးနွေးချက်တွေကို အပြင်ကို ဘယ်လိုမှ မပေါက်ရ ပါဘူး။
ဒီနေရာမှာ ကျနော်တို့ ဗမာတွေ အတွက်တော့ ပြဿနာ ပဲထင်ပါရဲ့။ အတော် များတဲ့ တချို့က အစည်းဝေးမှာ ဘာတွေဘယ်လိုပဲ ဆွေးနွေးသဘောတူ ထား ပါစေ သူကြိုက်ရင် လိုက်နာမယ် လိုက်လုပ်မယ် သဘောမတူရင်တော့ လုပ် ချင်ရာလုပ်မယ် ပြောချင်ရာ ပြောမယ် ဆိုတဲ့ စိတ်သဘောထားရှိနေကြပါတယ်။ တချို့ကတော့ ဆွေးနွေးစဉ်မှာ ကိုယ်တိုင်က သဘောတူ တက်ကြွခဲ့ပေမဲ့ အပြင် လဲရောက်ရော ဘေးက ပြောလို့ ဖြစ်ဖြစ် နောက်စိတ်ကူးပေါ်လို့ ဖြစ်ဖြစ် စိတ် ပြောင်းသွားတယ်ဆိုပါတော့ ။ ထင်ရာမြင်ရာ ပြောတော့ လုပ်တော့တာပါပဲ။ ဒါကြောင့် အစည်းဝေးတချို့တွေမှာ အသံတွေဖမ်း ဗီဒီယိုတွေရိုက် မှတ်တမ်းတွေ တင်နဲ့ လုပ်ထားကြရပြီး၊ ဖေါက်လွဲ ဖေါက်ပြန်ဖြစ်တဲ့ အခါ ပြန်ဖွင့်ပြကြရ ရှင်း လင်းကြရ၊ လုပ်ကြရပါတယ်။ ဘာမှတ်တမ်းမှတ်ရာမှ မထားတဲ့ လူကြီးလူကောင်း သဘောတူညီချက်ဆိုတာမျိုးကတော့ မပြောပါနဲ့တော့…… ဒီလိုအဆင့် အတန်း တွေကို ကျော်ဖြတ်ပြီး ရင့်ကျက် တည်ကြည်တဲ့ စိတ်သဘောထားနဲ့ လုပ်ဟန် တွေ ဖြစ်လာအောင်လုပ်ဖို့ ဆိုတာလဲ အမျိုးသားရေး တာဝန်တရပ်လောက် အရေးကြီးနေပါတယ်။ ရွေးကောက်ပွဲ လုပ်ပြီး အနိုင်ရပါတီကို အာဏာလွဲမပေး တဲ့ အလွန်သစာမဲ့ တည်ကြည်မှုကင်းမဲ့တဲ့ လုပ်ဟန်ကနေစပြီး။ လိုချင်တာရရင်ပြိးရော ပြောချင်တာပြော လုပ်ချင်ရာ လုပ် ဆိုတာက အမျိုးသား လက္ခဏာ ဖြစ်လာမယ်ဆိုရင်တော့ တမျိုးသားလုံးအခုလို အောက်ကျ နောက်ကျ ဖြစ်နေတဲ့ ဘ၀က လွတ်အောင်လုပ်ဖို့ မလွယ်ဘူးပေါ့။ ဒါဟာလဲ ကိုယ်စီတာဝန် အဖြစ် လူတိုင်းရဲ့ နှစ်လုံးအိမ် အတွင်းမှာ တိုက်ရမဲ့ ပွဲပါပဲ။
ဒီစေ့စပ်ညှိနှိုင်း စည်းရုံး စုစည်းတဲ့ အဆင့်ကို အောင်မြင်သွားပြီဆိုရင်တော့ အင်တိုက်အားတိုက် ရှေ့တိုးဆောင်ရွက်ကြဖို့ တွေ ဖြစ်လာမယ် ထင်ပါတယ်။ ဘာတွေရှေ့တိုးလာမှာလဲ ဆိုတော့ UNFC ရဲ့ ဆက်စပ် အဖွဲ့ဝင်တွေ အခန်းပို ကျယ်ပြန့် တိုးတက်လာပီး ဖက်ဒရယ်တပ်မတော် တည်ဆောက်မှု တိုးတက် အားကောင်းလာပါမယ်။ NCUB ဘက်အပိုင်းက လုပ်နေတဲ့ ပြည်သူ့လွတ်တော် တိုးချဲ့ရေး ဒုတိယပိုင်း တတိယပိုင်းတွေ အသက်ဝင်လာပြီး ကွန်မြူနတီ ခေါင်း ဆောင်တွေ တော်လှန်တဲ့ ပြည်သူ့လွတ်တော်ထဲ ရောက်လာပါမယ်။ နိုင်ငံရေး အစဉ်လာရှိသူတွေနဲ့ အများလေးစားအသိအမှတ်ပြုခံရသူတွေ လွတ်တော်ထဲ ရောက်လာပါမယ်။ ဒီလိုနည်းနဲ့ တိုင်းပြုပြည်ပြု လုပ်ငန်းဆိုတာ၊ အမျိုးသား နိုင် ငံ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဟာ လူတစု လက်ထဲ တဦးကောင်းတ ယောက်ကောင်း လက်ထဲကနေ လူအများလက်ထဲကို ရောက်လာပါမယ်။
အခုအထိတော့ လွတ်တော်တိုးချဲ့ရေးအတွက် ဒုတိယပိုင်း၊ တတိယပိုင်း တွေ မှာ ဘယ်လို အရည်အချင်းသတ်မှတ်ချက်မျိုးထားမလဲ၊ နည်းလမ်းနဲ့ စည်းကမ်းတွေ ဘယ်လိုရှိကြရမလဲ အသေးစိတ်တွေကို ဆွေးနွေးနေကြတုံးပါပဲ။ ကျနော့် သ ဘောဆန္ဒ ပြောရရင်တော့ ကွန်မြူနတီက ရွေးကောက်လွတ်လိုက်မဲ့ လူကို လက် ခံဖို့ပါပဲ။ တချို့ကတော့ စစ်အုပ်စုရဲ့လူတွေ ပါလာမှ စိုးရိမ်တယ်ပေါ့။ ကျနော်က လူအများစုသဘောကို ယုံတာပါ၊ မကောင်းတဲ့ လူကိုတော့ ကွန်မြူနတီမှာရှိတဲ့ လူအများစုက မဲပေးမယ်မထင်ဘူး။ ရွေးကောက်ပီးမှ ဖေါက်လွဲ ဖေါက်ပြန် ဖြစ် ရင်လဲ နောက်ရွေးကောက်ပွဲမှာ ပြုတ်မှာပဲ။
ဒီလိုနဲ့ တော်လှန်သောလွတ်တော်ကြီး လုပ်လိုက်ရင် ဒီမိုကရေစီရရောလားလို့ မေးရင်တော့ အဲဒီလွတ်တော်နဲ့ ယန္တာယားက တိုင်းပြုပြည်ပြု လုပ်ငန်းတွေနဲ့ ဒီမိုကရေစီအောင်မြင်ရေး၊ ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတွေ ကို ဘယ်လိုလုပ်ဖို့ အခွင့်အလမ်းတွေ ရှိလာမယ်ဆိုတာ ဆက်ဆွေးနွေးကြ ရပါမယ်။ ဦးအေးဆောင်က မြို့မှာသပိတ် တောမှာတိုက်ပွဲ ---- ဆောင်းပါးရေးပြီး အသေးစိတ် နည်းနာပိုင်းကိုတော့ သူ့ကို တိုက်ရိုက် ဆက်သွယ် ဆွေးနွေး နိုင်ပါတယ်လို့ ဆိုပါတယ်။ ကျနော်ကတော့ အကောက်အယူနဲ့ နည်းနာပိုင်း တွေ အတော်များ အထိ ဒီစာမှာပဲ ဆက်ဆွေးနွေးမယ်လို့ စဉ်းစားထားပါတယ်။


ဆက်ပါမယ်
ကောင်းမွန်သော အနာဂါတ် ကို မျော်မှန်းလျက်
ဗလ

5/14/2011

နှလုံးအိမ်အတွင်းက တိုက်ပွဲ -Conqueror-

ဗလ
-
အခုတလောတော့ စေ့ဆော်မှုတွေ အများကြီးက၊ ဒီစာကို ရေးဖို့တွန်းအားဖြစ် လာခဲ့ပါတယ်။ လက်ရှိ ဖြစ်ပေါ် တိုးတက်မှုတွေနဲ့ ဦးဆောင်မှုတွေ ကို အားမလို အားမရ ဖြစ်တာတွေနဲ့ လမ်းကြောင်းသစ်အတွက် စူးစမ်းကြံဆ ဆွေးနွေးလာ နေကြတာကို တွေ့ရတော့ ဘာ့ကြောင့်ဘယ်လိုဖြစ် နေတယ်ဆိုတာနဲ့ အရွေ့က ဘယ်အဆင့် ဘယ်နေရာကို ရောက်နေပြီး ဘယ်ကို ဦးတည်နေတယ်ဆိုတာကို ဆွေးနွေးဖို့ လိုလာပြီ ထင်မိပါတယ်။
ကျနော်တို့ တိုင်းပြည်မှာ ယခုအခါ စည်းလုံးညီညွတ်မှု ပျက်ပြီး၊ အစိတ်စိတ် အ ပိုင်းပိုင်း ဖြစ်နေတာ အထင်အခြား ဖြစ်ပါသည်။ စစ်အာဏာရှင်များ အပိုင်းနဲ့ ကျန်တဲ့သူများအပိုင်း ကတော့ သိသာ ထင်ခြားတဲ့ ကွဲပြားမှု ဖြစ်ပါသည်။ အမျိုး သားနိုင်ငံ တည်ဆောက်ရေး အခြေခံ အမြင်နဲ့ နိုင်ငံတခုတည်းက အမျိုးသား တွေပဲ လို့သာမကြည့်ရင် ရန်ဘက်သဘောဆောင်တဲ့ ကွဲပြားမှု ဖြစ်နေတာလဲ ငြင်းပယ်လို့ မရပါဘူး။
စစ်အာဏာရှင်အစုကလွဲလို့ ကျန်တဲ့ အစုတွေအတွင်းက ကွဲပြားမှု နဲ့ ပဋိပက္ခ တွေကို မိတ်ဘက် သဘော ဆောင်တဲ့ ကွဲပြားမှု နဲ့ ပဋိပက္ခ တွေပါလို့ ယေဘူယျ ပြောကြပေမဲ့ လူတိုင်းက အစုတိုင်းက အဲဒီလို တသဘောထဲ ထားကြရဲ့လား ဆို တာ ကျနော်တော့ မသေခြာပါဘူး။
၂ဝ၁ဝ ရွှေးကောက်ပွဲ စည်းမျဉ်းဥပဒေတွေ ထုတ်ပြန်လိုက်ပြီးတဲ့ ဒီအချိန်မှာ စစ်အစိုးရ နအဖ အုပ်စုရဲ့ သဘော ထားက ပိုလို့ သိသာထင်ခြား ဖြစ် လာတာက ဘယ်အုပ်စု ဘယ်အတိုက်အခံကိုမှ စေ့စပ်ညှိနှိုင်းဖို့ အမျိုးသားရေးအတွက် ရင် ကြားစေ့ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ သဘောထားမရှိဘူး ဆိုတာနဲ့၊ အားလုံးကို အကြွင်းမဲ့ လက်နက်ချဖို့ တောင်းဆိုရင်း အမြစ်ပြတ် ခြေမှုန်းရေးကိုဘဲ ဆက်လုပ် နေတယ် ဆိုတာပါဘဲ။ ဒီတော့ သူတို့က ကျနော်တို့ကို ရန်ဘက်လို့ပဲ သဘော ထားတာ ထင်ခြားတာပေါ့။ ကျနော်တို့ကကော ……..
အဲဒီလိုအချိန်မှာ ကျနော်တို့ရဲ့ ကြိုးပမ်းချက်က ၉၀-ခုနှစ် ရွှေးကောက်ပွဲ ရလဒ် ထိန်းသိမ်းရေးနဲ့ စစ်အင်အားအပေါ်မှာ မာန်တက်လွန်းတဲ့ နအဖကို စစ်ရေး ဖိအားပေးနိုင်ဖို့ ဖြစ်ပါတယ်။ လုပ်ငန်း အနေနဲ့တော့ ပြည်သူ့ပါလီမန်ဖွဲ့ရေးနဲ့ ဖက်ဒရယ် တပ်မတော် ထူထောင်ရေးဖြစ်ပါတယ်။ ဒီနှစ်ခုကို ခွဲပြောနေပေမဲ့ တ ကယ်ကြတော့ တဆက်တစပ်တည်းကိစ္စ ဖြစ်ပါတယ်။ ဒါကိုကျနော်တို့ ရှောင် တခင် အရေးပေါ်ထ လုပ်ကြတာလဲ မဟုတ်ပါဘူး၊ ကြိုးပမ်းခဲ့ ကြတာ ကြာပါပြီ။ ဒါကိုတော့ နောက်ကြောင်း နဲနဲ ပြန်လိုပါသည်။
….. ကျနော်တို့ရဲ့ သုံးသပ် ကြံဆချက်က ဒီလိုပါ…. နအဖကို တွေ့ဆုံဆွေးနွေး ရေး အတွက်နဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ၀ိုင်းပီးပြောနေ ဖိအားပေးနေကြ တာ ကြာပါပြီ။ တွေ့ဆုံ စကားပြောဖို့ကို ရောက်မလာသေးတာက လုံလောက် တဲ့ ဖိအား မပေးနိုင်ကြသေးလို့ ဆိုပါစို့။ ဖိအားထပ်တိုးပေးဖို့ ဆိုရင် ကျနော်တို့ ဘက်က အားပျော့..လျော့ကြသွားခဲ့တဲ့ စစ်ရေးဖိအားကို ပြန်တိုးပေးနိုင်ရင် ကောင်းမယ်လို့ တွက်ကြပါတယ်။ တပြည်လုံး ကိုဖြန့်ခွဲ ချထားတဲ့ သူ့ရဲ့ စစ်အင်အားတွေနဲ့ တပြည် လုံးမှာ ပြန့်ကျဲ တည်ရှိနေတဲ့ တော်လှန်ရေးအင်အား စုတွေရဲ့ အကြားမှာ သူ့ရဲ့ အရေးကြီးတဲ့အားသာချက် တခုက ဗဟိုအမိန့်ပေး စံနစ် ရှိခြင်းဖြစ်ပါသည်။ အဲဒါ ကြောင့် တဖွဲ့ခြင်း တစုခြင်းကို လှည့် ပါတ်ခြေမှုန်း ရေးလုပ်နေတဲ့ နအဖကို။…. အစည်းဝေးဆုံးဖြတ်ချက်တွေနဲ့ ၊ စာရွက်တွေအပေါ် ဘယ်လောက်ပဲ ညီညွတ် ရေး ရှိနေနေ တပြည်လုံး တတိုင်းအတာနဲ့ စစ်ကစား ပြီး မတုံ့ပြန်နိုင်တာ ကျနော်တို့မှာ ဗဟိုအမိန့်စံနစ် မရှိလို့ဖြစ်ပါတယ်။ ဒီလိုအပ် ချက်ကို ဖြည့်ဆည်း ဖေါ် ဆောင်ဖို့နဲ့ နအဖရဲ့တခြား အားနည်းချက်တွေကို ထိုးနှက်နိုင်ဖို့ ကျနော်တို့ ဘက်က ဖက်ဒရယ်တပ်မတော် ထူထောင်နိုင်ဖို့ လိုပါ တယ်။ လက်နက်ကိုင်တပ် တခု အတွက် နိုင်ငံရေးဦးဆောင်မှုနဲ့ နိုင်ငံရေးအရ ထိန်းချုပ်မှု လိုပါတယ်။ ဖက်ဒရယ်တပ်မတော်အတွက် နိုင်ငံရေးဦးဆောင်မှုနဲ့ နိုင်ငံရေးအရ ထိန်းချုပ်မှု ကတော့ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ဖက်ဒရယ်အစိုးရ ပါ။… ဒီသုံးသပ်ကြံဆချက်ကို နီးစပ်သက်ဆိုင်တဲ့ သူတွေကြား အပြန်ပြန် အလှန် လှန် ဆွေးနွေးပြိးတော့ လုပ်ငန်းစဉ် အကောင်အထည် ဖေါ်ဖို့တော့ အဲဒီအချိန် က ရှိနေပေးနေတဲ့ အခြေအနေအရ NCUB / NCGUB တို့ အကြား ဆွေးနွေးညွှိနှိုင်း မှုတွေကနေစခဲ့တာပါ။ အကြိမ်ကြိမ်ပဲ ဆွေးနွေး ညွှိနှိုင်းမှု တွေမှာ တိုးတက်မှုရတယ် ကောင်းတယ် သဘောတူတယ် ဖြစ်လာမှာပါ ဆိုတဲ့ တုံပြန် သတင်းတွေရခဲ့ပေမဲ့ MPU/NCGUB တို့ရဲ့ အီတလီ အစည်းဝေး ဒပ်ဗလင် အစည်း ဝေးတွေမှာ တိုးတက်မှုမရတော့ ကျနော်တို့ အနေနဲ့ အခြားနည်းလမ်းရှာဖို့ ကျယ် ပြန့်တဲ့ ထုထဲမှာ ချပြပြီး အတွေးအခေါ်အရ ပြင် ဆင်ဖို့ စပြီးလုပ်ဆောင် ခဲ့ကြပါတယ်။ http://kabarmakyay.blogspot.com/2009/10/blog-post_29.html ကိုကြည့်ပါ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို အရင်ကသိခဲ့သူတွေက ဘယ်သူမှ အထင်တကြီး မရှိခဲ့ပါ ဘူး။ ပြန်ပြောကြသလောက် ခပ်ညံညံ ကိုယ်ရည်ကိုယ်သွေးနဲ့ ဘာမှ ထူးချွန်ပြောင် မြောက်မှု မရှိခဲ့တဲ့ လူတယောက်ပါပဲ။ သူဦးဆောင်နေတဲ့ နအဖကို လူတော်တွေ ပညာတတ်တွေ အများကြီး ပါဝင်တဲ့ ဒီမိုကရေစီ လိုလားသူတွေ စစ်အာဏာရှင်စံနစ် ဖျက်သိမ်းလိုသူတွေက ဘာလို့မနိုင်ကြတာလဲ။ ကျနော့ အမြင်မှာတော့ အဖွဲ့အစည်း ယန္တယားရဲ့ သဘောပါ။ ကျနော်တို့ရဲ့ နှလုံးအိမ် အတွင်းက အတ္တတွေ ကိုယ်ကျိုးတွေ အစွဲတွေကို နိုင်အောင်တိုက်ပြီး ဘာဖြစ်လို့ သူတို့ ရဲ့ အဖွဲ့ အစည်း ယန္တယား ထက် သာတဲ့ စုဖွဲ့မှုမျိုး ရအောင် မကြိုးစားရမှလဲ။
( အပိုင်း ၂ ကို ဆက်ရေးပါမည် )

အပစ်ရပ်အဖွဲ့တွေကို အသွင်ပြောင်းဖို့ နအဖ က ဖိအားပေးကြိုးစားလာတာ နှစ်ပေါက် လာပြီဖြစ်ပေမဲ့ သိပ်တော့ အောင်အောင် မြင်မြင် မရှိသေးဘူးလို့ ပြောနိုင်ပါတယ်။ အန်န်အယ်ဒီ ခြေမှုန်းဖျက်ဆီးရေးလုပ်လာတာ ၉ဝ-ခုရွေးကောက်ပွဲ ရလဒ် ဖျက်သိမ်း ရေးလုပ်လာတာတော့ အတော်အတန် အောင်မြင်သားဘဲလို့ ပြောမယ်ဆို ဖြစ်နိုင်ပေမဲ့ သူတို့လိုချင်တဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှုကတော့ တယ်အဆင်ပြေပုံမပေါ်သေးပါ။
မဆလခေတ် တလျှောက် တိုင်းပြည်မွဲပြာကြအောင် လုပ်ခဲ့လို့ လိမ်ခဲ့ ခိုးခဲ့လို့ စစ်အုပ်စု ကို လူထုက အကြည်ညိုပျက်ခဲ့ အယုံအကြည်ပျက်ခဲ့ပါတယ်။ ၈၈- လူထုအုံကြွမှုကြီး ကို ပြစ်ခတ်သတ်ဖြတ် နှိမ်နှင်းခဲ့လို့ စစ်အုပ်စုကို လူထုက ရွံမုန်းနာကြည်းခဲ့ပါတယ်။ ၈၈-နောက်ပိုင်းမှာလဲ ပြစ်မှုတွေ တသီကြီးထပ်လုပ်ထားပြီး လိပ်ပြာမ လုံဖြစ်နေတဲ့ စစ်အုပ်စု။ လက်နက်အင်အား အသာစီးကြောင့် စစ်မာန်တက်နေတဲ့ စစ်အုပ်စု။ ဆုပ်ကိုင်ထားမိတဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး စီးပွါးရှာရင်း လောဘဇောတက် နေတဲ့ ဒီစစ်အုပ်စုဟာ နိုင်ရင်ပြီးရော ဆိုတဲ့ အတွေးအခေါ်နဲ့ တရားနည်းလမ်းမဲ့၊ အမျှော်အမြင်မဲ့၊ ညစ်ချင်တိုင်းညစ်ပြီး လုပ်ခဲ့ပါတယ်။လုပ်နေပါတယ်။
ဒါကြောင့်ကိုဘဲ နိုင်ငံတကာကလဲ သူ့ကို အသိအမှတ်ပြုဖို့က ပိုခက်နေပြန်တယ်။
ဒီအဖြစ်တွေကြည့်ပြီး ဝတ္ထုလေးတပုဒ်ကို သွားသတိရမိပါတယ်။ ပြင်သစ်၏တော် လှန်ရေး အပြီး နပိုလီယန် တက်လာစ အချိန်ကာလကို နောက်ခံ ပြုပြီးရေးဖွဲ့ထားတဲ့ ဘာသာပြန် ဝတ္ထုပါ။ တိုက်ဆိုင်တဲ့ ဇာတ်ကွက် ကတော့ အုပ်ချုပ်သူအသစ် အဖြစ် တက်လာတဲ့ နပိုလီယန်ဟာ ကျန်တဲ့ ဥရောပက ထီးပြိုင်နန်းပြိုင်တွေက သူ့ကို အသိ မှတ်ပြုတာကို သိပ်လိုချင်နေတဲ့ အတွက် သံတမန် နည်းလမ်း အမျိုးမျိုး နဲ့ ကြိုးစားနေ တဲ့ ဇာတ်ကွက် လေးပါဘဲ။ တိုတိုပြောရရင် သူလွှတ်လိုက်တဲ့ စေတမန် တဦးက အင်္ဂလန်က ပြန်ယူလာတဲ့ စာထဲမှာ ပြင်သစ်ပြည်ကြီးကို ဘယ်သူက အုပ်ချုပ်နေတယ် ဆိုတာထက် ဘယ်လို အုပ်ချုပ်နေတယ် ဆိုတာကိုဘဲ အင်္ဂလန် အနေနဲ့ စိတ်ဝင်စား ပါတယ်…. လို့ ရေးထား လို့ နပိုလီယန်က စိတ်ပျက်တာကို စာယူ လာတဲ့ တမန်လေး က စာရဲ့ ဆိုလိုရင်းကို ပြန်ရှင်းပြတဲ့ ဇာတ်ကွက်ပါဘဲ။ အဲဒီအချိန်က ဥရောပရဲ့ နိုင်ငံ ရေးစံနစ်က ပဒေသရစ် စံနစ်ဖြစ်ပါတယ်။ ဒီအချက်အလက်က သမိုင်းဖြစ်ရပ် အ ထောက်အထား ရှိမရှိ နဲ့ ဘယ် လောက်မှန်တယ် ဆိုတာကို ကျနော်မသိပါဘူး။ ပဲရစ်ကွန်မြူး လူထုတော် လှန်ရေးကြီးနဲ့၊ လူဝီဘုရင် နန်းဆက်ကို ဖြုတ်ချလိုက်ပြီး ဒီလူထုတော်လှန်ရေးကြီး ကြောင့် သြဇာ အာဏာ တက်လာတဲ့ နပိုလီယန် က နောက်တော့ ရာဇဘိသိပ်ခံယူပြီး နန်းဆက် ထူထောင်လို့ ပြင်သစ်ဟာ ပဒေသရာဇ် စံနစ် အောက်ကို ပြန်ရောက် သွားဘူးပါတယ်။
တကယ်တော့ နိုင်နေပြီးသားကို အနိုင်မယူတတ်လို့ ပွဲက ရှည်နေ တာပါ။ နအဖစစ် အုပ်စုသာ အမှန်တကယ် မျိုးချစ်စိတ်ဓါတ်ရှိပြီး အမျိုးသားနိုင်ငံတည်ဆောက်ရေး အမျော်အမြင်နဲ့သာ လုပ်တတ်ခဲ့မယ်ဆိုရင် အတိုက်အခံတွေလို့ ဆိုဆို ဒီမိုကရေစီရေး တက်ကြွလှုပ်ရှား သူတွေလို့ပြောပြော ကျန်တဲ့သူတွေအတွက် လုပ်စရာ တောင်ရှိမှာ မဟုတ်တော့ပါဘူး။ ============
ဒီတော့ သူ့အကြောင်းနဲ့သူ စစ်အာဏာရှင် အုပ်စုက မလုပ်ချင်တဲ့၊ မလုပ်နိုင်တဲ့၊ မလုပ်တတ်တဲ့၊ ဒီအမျိုးသားနိုင်ငံတည်ဆောက်ရေးကို ကျနော်တို့ အတိုက်အခံ အင် အားစုတွေက လုပ်ကြမယ်။ အဲဒီ အမျိုးသားနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်နဲ့ စစ်အာဏာရှင် တွေကို အနိုင်ယူကြမယ်ဆိုပါတော့………….. ကျနော်တို့ရဲ့ အခွင့် အလမ်းတွေနဲ့ အခက်အခဲတွေကို ကြည့်ကြရအောင်ပါ။ ပြီးတော့ ကျနော်တို့ ကြံဆ ထားတဲ့ လုပ်ငန်းစဉ်စီမံချက်နဲ့ ဖြစ်တန်ခြေရှိမယ် ထင်တဲ့ နည်းနာတွေကိုလဲ ဆက် ဆွေးနွေး ကြည့်ကြတာပေါ့။……..
အနှစ် ၂၀- ကျော် အတွေ့အကြုံနဲ့ ကြိုးစားရုန်းကန်မှုတွေ ပြီးတဲ့နောက်မှာ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ကြရမယ်ဆိုတာကို အကျယ်အပြန့် သဘောတူကြပြီး၊ ပြည်ထောင်စုကို ပြန်လည်ဖွဲ့စည်းကြရမယ် ဆိုတဲ့ အယူအဆကိုလဲ စိတ်ဓါတ်အရ အတွေးအခေါ်အရ အတော်ပြင်ဆင်ပြီး ဖြစ်နေပါသည်။-- ထို့ကြောင့် ပြည်တွင်းက လူတွေက ၂၁-ရာစု ပင်လုံလို့ ဟစ်သံပေးနေတဲ့ အချိန်မှာ ပြည်ပနဲ့ စစ်အာဏာရှင် လောင်းရိပ်က လွတ်နေတဲ့သူတွေက အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု ပုံစံ(ဒီဇိုင်း) ကို ပွင့်ပွင့်လင်းလင်း ၀ိုင်းဝန်းရေးဆွဲဖို့ သင့်နေပါပြီ။ ရေးဆွဲရမဲ့ နေရာကတော့ တော် လှန်တဲ့ပြည်သူ့ လွတ်တော် လို့ပဲခေါ်ခေါ် ၊ ဖက်ဒရယ်လွတ်တော် လို့ပဲခေါ်ခေါ်ပေါ့။
စစ်အာဏာရှင်တွေကို ကိုယ်စားပြုတဲ့ ကြံဖွတ် လွတ်တော်ကို ယှဉ်ပြိုင်ရမဲ့ ကျနော်တို့ ပြည်သူတွေရဲ့ လွတ်တော်မှာ ဖြစ်သင့်ပါတယ်။ အဲဒီလွတ်တော်ကို ကျနော်တို့ ရဲ့ နှလုံးအိမ် အတွင်းက ရှုပ်ထွေးတွေဝေမှုတွေကို အနိုင်တိုက်ရင်း တည်ဆောက် ကြရမှာပါ။
ပထမဆုံးအနေနဲ့ ၉၀-ခု လွတ်တော် အမတ်များအနေနဲ့ ရောက်နေတဲ့ နေရာက နိုင်ငံသားကို ခံယူထားတယ်ဆိုရင် စင်ပြိုင် အစိုးရမှာ ပါသင့်သေးရဲ့လား။ လွတ်တော်မှာ ပါသင့်သေးရဲ့လားလို့ ကိုယ့်ကို ကိုယ် မေးသင့် ရှင်းသင့်ပါတယ်။ ပါသင့်တယ်ဆိုရင် အနာဂါတ် ဖက်ဒရယ် ဗမာပြည်ထောင် စုဟာ နိုင်ငံ နှစ် နိုင်ငံရဲ့ နိုင်ငံသား ကို တချိန်တည်းမှာ ခံယူခွင့်ရှိတယ်ဆိုတဲ့ ဥပဒေမျိုး ပြဌာန်းရပါမယ်။ မပါဝင်သင့်ဘူးဆိုရင်တော့ စစ်အစိုးရနဲ့ သူတင်ကိုယ်တင် တိုက်ကြရမဲ့ ဒီအနာဂါတ် အမျိုးသားနိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်မှာ ကန့်လန့် ကန့်လန့် ၀င်လုပ် မနေတော့ပဲ ထွက်သွားလိုက်ပါတော့။
နောက် တဆင့် အနေနဲ့က အနှစ် ၂၀ ကျော် လှုပ်ရှားမှု အတွင်းက ခေါင်းဆောင် များ ဖြစ်ပါတယ်။ အဖွဲ့ချုပ်တွေ တပ်ပေါင်းစုတွေမှာ ထပ်တလဲလဲ ပါနေကြတဲ့ ဒီခေါင်း ဆောင်များ အနေနဲ့ စစ်အုပ်စုက နှစ်စဉ် ဗိုလ်သင်တန်း ဆင်းပွဲတွေမှာ သူတို့ရဲ့ မျိုးဆက်တွေ မွေးထုတ်နေတာ သတိထားသင့်ပါတယ်။ ကိုယ်လုပ်ပေးလို့ ဖြစ်လာ တာတွေမဟုတ်ပေမဲ့ တကယ်ဖြစ်ပေါ်တိုးတက်မှု တွေကို အသိအမှတ်ပြုပြီး လူသစ်တွေ မျက်နှာသစ်တွေကို ကျနော်တို့ရဲ့ လွတ်တော်မှာ ထဲ့သွင်းပေးသင့်ပါတယ် ဥပမာဆိုပါတော့ နိုင်ငံတကာရောက် ဗမာကွန်မြူနတီ ခေါင်းဆောင်တွေ၊ အမျိုးသားတည်ဆောက်ရေး လှုပ်ရှားမှု (ဥပမာ- ပြည်သူ့ဂုဏ်ရည် ဆုပေးရေး လှုပ်ရှားမှု )၊ ကန်ပင်းလှုပ်ရှားမှုတွေမှာ ဦးဆောင်မှုလုပ်လာသူတွေ၊ အများအကျိုးဆောင် လုပ်ငန်း တွေမှာ ထင်ပေါ်လာသူတွေကို ဘယ်လိုနည်းနဲ့ ပြည် သူ့လွတ်တော်မှာ ပါဝင်ခွင့်တွေ ဖန်တီးပေးမလဲ ဆိုတာ စဉ်းစားကြရပါမယ်။ ဒီလိုနည်းနဲ့ လူထုနဲ့ နိုင်ငံရေး၊ နိုင်ငံရေးနဲ့ လူထု တထပ်တည်း ဖြစ်လာအောင်လုပ်ဖို့ လိုတယ်ဆိုတာ အစောပိုင်းတည်းက ကျနော်တို့ ဆွေးနွေးခဲ့ဘူး ပါတယ် ။ နဲနဲ စိတ်ဝင်စားမယ်ဆိုရင် ဒီနေရာကိုကလစ်ပြီး အကျယ်ကြည့်နိုင်ပါကြောင်း။

လွတ်တော်ကို လူထုရဲ့ လွတ်တော် အမှန်တကယ် ဖြစ်ဖို့နဲ့ ဒီမိုကရေစီ ပိုပြီး အသက် ၀င် ကျယ်ပြန့်လာအောင်ဘယ်လို လုပ်ကြမလဲလို့ ကျနော်တို့ရဲ့ ကြံဆချက်ကိုတော့ နောက် အပိုင်း မှာ ဆက်ဆွေးနွေးပါမယ်။

ကောင်းမွန်သော အနာဂါတ် ကို မျော်မှန်းလျက်
ဗလ



ကျနော်တို့မှာ ရှည်လျှားတဲ့ အတိတ်သမိုင်းကြောင်းတွေ ရှိခဲ့ကြပါသည်။ များသော အားဖြင့် ကျနော်တို့ရဲ့ နိုင်ငံ ရေးကို အတိတ်ပေါ်မှာ အခြေခံပြီး ပြောကြလုပ်ကြ ပါသည်။ နေ့စဉ် လက်တွေ့ ဘဝ တွေကို ဖြတ်သန်းရင်း၊ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားကြ ရင်းက အဖြစ် အပျက်အသစ်တွေ ပြဿနာအသစ် တွေလဲ ထပ်၍ ထပ်၍ ရလာနေပါသည်။ ပြေလည်သွားတာကတော့ နည်းသေးသည်ဟု ထင်ပါသည်။ ထပ်ဖြစ် ပျက်တွေ့ကြုံ တာတွေကြောင့် နာစရာတွေ ပြောစရာတွေကလဲ ထပ်များ လာပြန်သည်။ ဒီလို အတိတ်က အနာအဆာ အဖုအထစ်တွေကို ပွေ့ပိုက်ထားကြ ယုံနဲ့တော့ ကျနော်တို့ တိုးတက်အောင်မြင် မလွယ်ပါ။ အနာဂါတ်ကို မျော်မှန်း ကမ်းလင့်တဲ့ လုပ်ဆောင်မှု တွေလဲ လိုပါလိမ့်မည်။