2/28/2012

FACT SHEET on Political Activities 2010 – 2012.




The 65th Union Day was celebrated on Feb 12, from 09:00 to 11:00 hr. On Feb 12, 1947 Panlong Agreement was signed between the Bama and the ethnics in small town of Shan State, Panglong.





The Celebration was organized by the 10 Fraternity Democracy parties and was held at N0.223 Shwe Gon Daing Road, Bahann Township, Yangon.


The 65th Union Day Celebration was attended by all 10 Fraternity Democracy Parties, USDP, NUP, Peace and Different Party, Karen Peoples’ Party, Rakhine National Party, 88 Generation [Aye Lwin Group], 88 Generation [Ye Htoon Group], and Yangon based 19 other aprties.


From Minn Ko naing’s 88 Generation, Ko Ko Gyi, Ko Mya Aye, Ko Jimmy, Ko Hay Kywe, all in all 22 attended the celebration.



With NDF and 88 Generation Thawun hlwas [formal messages], the Celebration was ended with rejoice.






























2/25/2012

အစိုးရနှင့် အတိုက်အခံ ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခဲ့ကြစဉ်က

မောင်ဝံသ



၁၉၆၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက်နေ့မှာ မြန်မာနိုင်ငံ ပါလီမန် ပြည်သူ့ လွှတ်တော် အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ မဲဆန္ဒနယ် ၂၅၀ အနက် သန့်ရှင်း ဖဆပလ အဖွဲ့က ၂၀၃ နေရာ နိုင်တယ်။ တည်မြဲ ဖဆပလ အဖွဲ့က ၃၉ နေရာ နိုင်တယ်။ ပမညတ အဖွဲ့က တစ်နေရာပဲ အနိုင် ရခဲ့ပါတယ်။


ရွေးကောက်ပွဲ ရလဒ်များ ကြေညာပြီး ရက် ၆၀ မကြာခင်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ အိမ်စောင့် အစိုးရက ဦးနု ခေါင်းဆောင်တဲ့ အစိုးရ အဖွဲ့ကို အာဏာ လွှဲပေးခဲ့တယ်။ ၁၉၆၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့မှာ တတိယ ပြည်သူ့လွှတ်တော် ညီလာခံ အစည်းအဝေးကို ကျင်းပပြီး အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း ဖြစ်ပါတယ်။


၁၉၆၀ ပြည့်နှစ် ဧပြီလက စပြီး တက်လာတဲ့ သန့်ရှင်း ဖဆပလ တစ်ဖြစ်လဲ ပြည်ထောင်စု ပါတီ အစိုးရဟာ တစ်နှစ်ခန့် အကြာ ၁၉၆၁ ခု ဧပြီလ ၁၁ ရက် နေ့စွဲနဲ့ ပါလီမန် ဒီမိုကရေစီ စနစ် ထွန်းကားရေး ကော်မတီ အစီရင်ခံစာဆိုတဲ့ စာတမ်း တစ်စောင်ကို အစိုးရ ပုံနှိပ်တိုက်က ပုံနှိပ် ထုတ်ဝေခဲ့တယ်။


ပါတီစုံ ကော်မတီ တစ်ရပ်ဖွဲ့စည်းခဲ့ပုံ


အဲဒီ အစီရင်ခံစာမှာ အပိုင်း ၆ ပိုင်း ပါတယ်။ အပိုင်း ၁ မှာ ကော်မတီ ဖွဲ့စည်းပုံကို ဖော်ပြတယ်။ (မူရင်း စာလုံးပေါင်း အတိုင်း)


“၁၉၆၀ ပြည့်နှစ် နိုဝင်ဘာလ ၂၈ ရက်နေ့စွဲပါ ဝန်ကြီးချုပ်ရုံး၊ အမှုတွဲ အမှတ် ၃၂၊ ခ-ပ ၆၀ မှ ကောက်နုတ်ချက် အမိန့်စာ၌ အစိုးရ အာဏာ ရရှိထားသော နိုင်ငံရေး ပါတီ တစ်ခုသည် မိမိ ရရှိထားသော အာဏာနှင့် အခွင့် အရေးများကို သုံးစွဲရာတွင် အခြား အာဏာ လက်မဲ့ နိုင်ငံရေး ပါတီများနှင့် တိုင်းသူ ပြည်သားများ အပေါ်တွင် မတရားမှုများ မပြုကျင့် နိုင်စေခြင်းငှာ အဆိုပါ အခွင့်အရေးများ သုံးစွဲခြင်းကို တိကျစွာ သတ်မှတ် ထားရှိရန် လိုအပ်သည့် အတွက် ကော်မတီ တစ်ရပ်ကို နိုင်ငံတော် သမ္မတက အောက်ပါ အတိုင်း ဖွဲ့စည်း လိုက်သည်ဟု ပါရှိပါသည်။


ကော်မတီ အဖွဲ့ဝင်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်” လို့ ဆိုကာ ပထစ၊ ဖဆပလ၊ ရတည (ရခိုင် တိုင်းရင်းသား၊ ညီညွတ်ရေး အဖွဲ့) နဲ့ ပမညတ အဖွဲ့တို့မှ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်း ထားပုံကို ဖော်ပြ ထားသည်။


သမ္မတဟောင်း ဒေါက်တာဘဦးက သဘာပတိ၊ အဖွဲ့ဝင်များ အဖြစ် နိုင်ငံတော် တရား ဝန်ကြီးချုပ်ဟောင်း ဦးသိမ်းမောင်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးတင်၊ ပထစ အဖွဲ့ ကိုယ်စားလှယ် ၆ ဦး ဝန်ကြီး သခင်တင်၊ ဝန်ကြီး ဗိုလ်မှူးအောင်၊ ဝန်ကြီး ဒေါက်တာ ဦးဧမောင်၊ ဝန်ကြီး စဝ်ခွန်ချို၊ ဗိုလ်မင်းခေါင်၊ ဗိုလ်တင်မောင်ကြီး၊ ဖဆပလ အဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး - ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ သခင်သာခင်၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ချစ်မောင်၊ ရတည အဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး- ဦးကျော်မင်း၊ ဦးလှထွန်းဖြူ၊ ဦးဘမြိုင်၊ ဦးစံထွန်းခိုင်၊ ဦးမောင်ဦးကျော်၊ ပမညတ အဖွဲ့မှ ကိုယ်စားလှယ် ၅ ဦး - မွန် ဦးဘိုချို၊ သခင်ချစ်မောင်၊ ဦးဘငြိမ်း၊ ဦးသိန်းဖေမြင့်၊ ဦးပီဝမ်းတို့ ပါဝင် ကြပါသည်။


အာဏာအလွဲသုံးနိုင်တဲ့ ကိစ္စရပ်များ


အပိုင်း ၂ မှာ ကော်မတီရဲ့ တာဝန် ဝတ္တရားများကို ဖော်ပြထားတယ်။ အပိုင်း ၃ မှာ ကော်မတီရဲ့ ဆောင်ရွက်ချက်များ ပါရှိ တယ်။ ဆောင်ရွက်ချက် အချို့ကို ဖော်ပြထားရာမှာ -


“အစိုးရ အာဏာ ရရှိထားသော နိုင်ငံရေး ပါတီ တစ်ခုသည် မိမိ အာဏာ ရရှိချိန် အတွင်း မည်ကဲ့သို့သော ကိစ္စရပ်များတွင် အာဏာကို အလွဲသုံးစား ပြုလုပ်လိုက ပြုလုပ် နိုင်ပါသနည်း” ဟူသော ပုစ္ဆာ၏ အဖြေကို ရှာဖွေရာတွင် ဖြစ်ပျက်ခဲ့သည့် အခြေ အနေ အရပ်ရပ်တို့ကို ထောက်ရှု၍ အောက်ဖော်ပြပါ အချက် အလက်များကို တွေ့ရှိခဲ့လေသည်။


(က) အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ပါလီမန် အတွင်းဝန်များသည် အစိုးရပိုင် ယာဉ်များကို အသုံးပြုခြင်း။


(ခ) နိုင်ငံရေး ပါတီ အနေနှင့် နိုင်ငံတော် အစိုးရ အသံလွှင့် ဌာနကို အသုံးပြုခြင်း။


(ဂ) အစိုးရ အရာထမ်း အမှုထမ်းများအား ပါတီနိုင်ငံရေး ကိစ္စရပ်များတွင် အသုံးပြုခြင်း။


(ဃ) အစိုးရဘုတ် အဖွဲ့နှင့် ကော်ပိုရေးရှင်းများတွင် နိုင်ငံရေး ပါတီဝင်များအား အဖွဲ့ဝင် လူကြီးများ အဖြစ် ခန့်အပ်ခြင်း။


(င) အစိုးရ ကြော်ငြာများကို သတင်းစာ တိုက်များသို့ ပေးပို့ခြင်း။


(စ) အစိုးရ အနေနှင့် ပေးနိုင်သော စီးပွားရေး အခွင့် အရေးများကို ချထားပေးခြင်း။


ဆိုတဲ့ အချက်တွေကို ဖော်ပြထားပြီး


“ကော်မတီသည် လက်ရှိ နိုင်ငံတော် အစိုးရ သက်ဆိုင်ရာ ဌာန အသီးသီးမှ ကျင့်သုံး လိုက်နာသော ဥပဒေများကို သာမက ပါလီမန် ဒီမိုကရေစီ စနစ်ကို လက်ခံ ကျင့်သုံးလျက် ရှိသော နိုင်ငံ အသီးသီးမှ အခြေခံ စည်းမျဉ်း ဥပဒေများ၊ အက်ဥပဒေများ၊ အစဉ်အလာများကိုပါ နှိုက်နှိုက် ချွတ်ချွတ် လေ့လာခဲ့ပြီးလျှင် အောက်ပါ အတိုင်း သဘော တူညီ ခဲ့ကြလေသည်” ဆိုကာ အပိုင်း ၄ သဘော တူညီချက်များ အဖြစ် အောက်ပါ အချက်တွေကို ဖော်ပြထားပါတယ်။


၁။ အစိုးရယာဉ်များကို အသုံးပြုခြင်း-


(က) အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ပါလီမန် အတွင်းဝန်များသည် ပါလီမန် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ကြေငြာသည့် နေ့မှစ၍ ယင်းရွေးကောက်ပွဲ ကျင်းပ ပြီးစီးသည့် နေ့အထိ အစိုးရပိုင် ယာဉ်များကို အစိုးရ လုပ်ငန်းနှင့် သက်ဆိုင်သော အရေးတကြီး အခြေအနေမှ ပေါ်ပေါက်သည့် ကိစ္စရပ်များ ဆောင်ရွက်ရန်မှ တစ်ပါး အစိုးရ အနေဖြင့် အသုံးမပြုရန်။


မှတ်ချက်- အရေးတကြီး အခြေအနေမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပိုဒ် ၉၄ (၁)တွင် ပြဌာန်း ထားသော စစ်မက်၊ နိုင်ငံတွင် ဆူပူမှု ပြည်ထောင်စု နိုင်ငံ၏ တည်တံ့မှုကို အန္တရာယ် ဖြစ်စေအံ့သော အထူး အရေးတကြီး အခြေ၊ ပြည်ထောင်စု နိုင်ငံကို ထိခိုက် နေသော စီးပွားရေး အရေးတကြီး အခြေတို့ကို ဆိုလိုပါသည်။


(ခ) အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ပါလီမန် အတွင်းဝန်များသည် ပါလီမန် အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် ကြေညာ သတ်မှတ် ထားသော အချိန် ကာလ မဟုတ်သည့် သာမန် အချိန် ကာလတွင် အစိုးရ ယာဉ်များကို အသုံးပြုရာ၌ မိမိတို့၏ သိက္ခာကို စောင့်စည်း ထိန်းသိမ်းလျက် အသုံးပြုကြရန် သဘော တူကြပါသည်။


၂။ အစိုးရ အသံလွှင့်ဌာနကို အသုံးပြုခြင်း-


(က) ပါလီမန် အထွေထွေ ရွေးကောက်ပွဲ အချိန်ကာလ မဟုတ်သည့် သာမန် အချိန် ကာလတွင် ပါလီမန်၌ မိန့်ကြားသော အစိုးရ သဘောထား မိန့်ခွန်းများနှင့် အစိုးရ ကြေညာ ချက်များကို ထုတ်ပြန် ကြေညာရန်မှ အပမည်သည့် နိုင်ငံရေး ပါတီ အသင်းအဖွဲ့နှင့် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်တို့၏ ကိုယ်ရေး ကိုယ်တာ ဝါဒဖြန့်မှုအတွက် နိုင်ငံတော် အသံလွှင့်ဌာနကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ရန်။


(ခ) ပါလီမန် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် အမတ်လောင်းများ အမည် တင်သွင်းလွှာကို စိစစ်ပြီးသည့် နေ့မှစ၍ လူမျိုးစု လွှတ်တော် ရွေးကောက်ပွဲ မကျင်းပမီ တစ်နေ့အထိ အောက်ဖော်ပြပါ အရည်း အချင်းများနှင့် ပြည်စုံသည့် တရားဝင် နိုင်ငံရေး အဖွဲ့အစည်း အသီးသီးတို့အား နိုင်ငံတော် အစိုးရ အသံလွှင့်ဌာန အသံလွှင့် ခွင့်ပြုရန်။


တရားဝင် နိုင်ငံရေး အဖွဲ့အစည်း ဆိုသည်မှာ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး စည်းမျဉ်း ဥပဒေများတွင် မည်သို့ပင် ဆိုထားစေကာမူ-


(၁) နိုင်ငံနှင့် လူမျိုးအတွက် ကောင်းမွန် တိကျ ခိုင်လုံသော ဝါဒနှင့် ရည်မှန်းချက် ရှိခြင်း၊


(၂) နိုင်ငံနှင့် အဝန်း အဖွဲ့ခွဲများ၊ အဖွဲ့ဝင်များ ပြည့်စုံ လုံလောက်စွာ ရှိခြင်း၊


(၃) အရပ်ရပ်၌ အမတ်လောင်းများ လုံလောက်စွာ ပါဝင် ယှဉ်ပြိုင် နိုင်စွမ်း ရှိခြင်း၊ ဟူသော အရည်အချင်း အင်္ဂါရပ်များနှင့် ပြည့်စုံသော နိုင်ငံရေး အဖွဲ့ အစည်းကို ဆိုလိုပါသည်။


ရှင်းလင်းချက်- အရပ်ရပ်၌ အမတ်လောင်းများ လုံလောက်စွာ ပါဝင် ယှဉ်ပြိုင်နိုင်စွမ်း မရှိခြင်း ဆိုရာ၌ ပြည်သူ့ လွှတ်တော်တွင် အမတ်လောင်း ဦးရေ ၁၅၀ထက် မနည်း ပါဝင် ယှဉ်ပြိုင်နိုင်ခြင်းကို ဆိုလိုပါသည်။


(ဂ) အထက် ဖော်ပြပါ အဂါင်္ရပ် ၃ခုနှင့် ပြည့်စုံသော နိုင်ငံရေး အဖွဲ့ အစည်းများအား ပါလီမန် ရွေးကောက်ပွဲတွင် ပြည်သူ့ လွှတ်တော် အမတ်လောင်းများ၏ အမည် တင်သွင်းလွှာကို စိစစ်ပြီးသည့် နေ့မှစ၍ လူမျိုးစု လွှတ်တော် ရွေးကောက်ပွဲ မကျင်းပမီ တစ်ရက် အချိန်ကာလ အတောအတွင်း နိုင်ငံရေး အဖွဲ့တစ်ဖွဲ့အတွက် နိုင်ငံတော် အစိုးရ အသံလွှင့်ဌာနမှ တစ်ကြိမ်လျှင် တစ်နာရီထက် မပိုသော စုစုပေါင်း အကြိမ် ၅ကြိမ်ထက် မများဘဲ တူမျှသော အသံလွှင့်ခွင့်ကို ချမှတ်ပေးရန် …. စသည်ဖြင့် ဖော်ပြထားပြီး အပိုင်း ၅မှာ ' သဘော တူညီချက်များကို အကောင် အထည်ဖော်ရန် နည်းလမ်း' ၊ အပိုင်း ၆မှာ ' နိုင်ငံတော် အစိုးရထံ တင်ပြ အကြံပေးချက်များ ' ပါရှိပါသည်။


အထက်ပါဖော်ပြပါ တင်ပြ အကြံပေး ချက်တွေကို အကောင် အထည် ဖော်နေချိန်မှာပဲ ၁၉၆၂ခု မတ်လ ၂ရက်မှာ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေး ကော်စီက အာဏာသိမ်း လိုက်လို့ အစီအစဉ် တွေကလည်း နိဌိတံ သွားပါ တော့တယ်။


အာဏာရပြီး အကျင့်မပျက်အောင်


အသိမ်းအဆည်း ကောင်းတဲ့ မိတ်ဆွေ တစ်ယောက်ဆီကရတဲ့ အစီရင်ခံစာ စာအုပ်ငယ် ကလေးမှာ ပါရှိတဲ့ အချက်တွေဟာ အာဏာရ ပါတီများ အကျင့်မပျက်အောင် ထိန်းကွပ်ဖို့ ကြိုးပမ်းချက် ဖြစ်နေတာကို တွေ့ရလို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်ရပါသည်။ လွန်ခဲ့တဲ့ နှစ် ၅၀နီးပါးခန့်က အာဏာရနဲ့ အာဏာမဲ့ ပါတီများရဲ့ တိုင်းပြည် အကျိုး ရှေးရှုပြီး ပူးပေါင်း ဆောင်ရွက်မှု တစ်ရပ် ကိုလည်း တစေ့တစောင်း တွေ့လိုက်ရကြောင်း ပါဗျာ။


ကိုးကားချက်-


၁။ ပါလီမန် ဒီမိုကရေစီ စနစ်ထွန်းကားရေး၊ ကော်မတီ အစီရင်ခံစာ၊ ၁၁ဧပြီ ၁၉၆၁၊ အစိုးရ ပုံနှိပ်တိုက်၊ သိမ်ဖြူလမ်း၊ ရန်ကုန်မြို့။


၂။ မြန်မာ့နိုင်ငံရေး၊ တတိယတွဲ၊ မြန်မာ့ သမိုင်း ဖြစ်ရပ် အမှန်များ ရေးသားပြုစုရေး အဖွဲ့၊ ၁၉၉၁။



http://padaukmyay.blogspot.com/