4/30/2015

တာဝန်ယူမှု ကင်းမဲ့လာသော တပ်မတော်မှ လူကြီးအချို့

သစ္စာ
၂၀၁၅ ခုနှစ် ဧပြီ ၂၈ ရက် ===============================

ဒီလိုရေးလိုက်လို့ တပ်မတော် အကြီးအကဲတွေနဲ့ တပ်မတော်သား အရာရှိများ အားလုံးကို စော်ကားလိုက်တယ်လို့ မထင်ပါနဲ့။ ဒါပေမယ့် အရေးကြီးတာနဲ့ တကယ်တန်းလက်တွေ့ ဖြစ်နေတာတွေကို ရေးကို ရေးဖို့ လိုပြီထင်လို့ပါ။
ပြီးခဲ့တဲ့ တစ်ရက်က The Voice က လောက်ကိုင် တိုက်ပွဲအကြောင်း ရေးထားတာ ဖတ်လိုက်ရလို့ ကျွန်တော်လည်း အချို့သော အချက်အလက်တွေကို ပြည်သူတွေ သိအောင် ချပြသင့်တယ်လို့ ယူဆမိလို့ပါ။ ကျွန်တော် ရေးသားရတဲ့ ရည်ရွယ်ချက်ကလည်း မြန်မာ့တပ်မတော်ကို တကယ်တန်း ခေတ်မှီစေလိုတဲ့အတွက် မြန်မာ့တပ်မတော်သားတွေ အလကား အသက်တွေ သေကြေနေတာကို လျော့နည်းစေတဲ့အတွက်ဆို မမှားပါဘူး။




ယနေ့ ခေတ် ၂၁ ရာစုမှာ ကြည်းတပ်ထိုးစစ်ဆင်မှုဆိုတာ တကယ်တော့ ခေတ်အောက်နေပါပြီ။ ခေတ်မှီတဲ့ နိုင်ငံတွေက ကိုယ့်ကြည်းတပ် အင်အားကို ပြုံးတီးအောင် ဘယ်သူမှ ရင်ကော့ပြီး ကျားတက်မထိုးခိုင်းတော့ပါ။ infantry ခြေလျင်တပ်တွေဆိုတာ တကယ်တော့ ရန်သူ့စခန်းတွေ မြေပြင်မှာ ပြားပြားဝတ်သွားမှ တက်ရောက် သိမ်းပိုက်ဖို့ပဲ လိုအပ်တော့တာပါ။ ဟုတ်ပါပြီ ဘာတွေများက ခြေလျင်တပ် စစ်သည်တွေရဲ့ အသက်တွေ အများအပြား ကျဆုံးမှုတွေကို သက်သာရာ ရစေတာပါသလဲ။
air superiority လို့ခေါ်တဲ့ လေကြောင်းစိုးမိုးမှုပါ။ ရန်သူ့မြေပြင် စခန်းတွေကို တိကျတဲ့ GPS သုံးတဲ့ အမြောက်ကြီးတွေနဲ့ စိစိညက်ညက်ကြေအောင် ပစ်ခတ်မယ် တိကျတဲ့ ပဲ့ထိန်းဒုံးတွေနဲ့ ပစ်ခတ်ချေမှုန်းမယ် ဝေဟင်ကနေ တိုက်လေယာဉ်တွေကနေ ပစ်မလွဲတဲ့ ဝေဟင်က မြေပြင်ပစ် (Air to surface missile) တွေနဲ့ ပစ်ခတ်တိုက်ခိုက်မယ်။ ဆင့်ကဲဗုံး ကလပ်စတာ ဗုံးတွေနဲ့ ပစ်ခတ်မယ်။ မြေပြင်တစ်ခုလုံး မွစိညက်သွားညပီး ပရွက်ဆိတ်တစ်ကောင်တောင် အသက်ရှင်ဖို့ မလွယ်တော့တဲ့ အချိန်မှ မြေပြင်တပ်တွေက တက်ရောက် သိမ်းပိုက်မှာပါ။















 အဲဒီလိုပြောတော့ မြန်မာ့တပ်မတော်မှာ ဒီလိုလက်နက်တွေ ရှိလို့လားလို့ မေးနိုင်ပါတယ်။ မှန်တာပြောရရင်တော့ အတော်များများ ရှိပါတယ်။ ဒါပေမယ့် ဘာတွေ ဖြစ်နေလဲ။ ဘာကြောင်း အသုံးမပြုသလဲ။ ဘာကြောင့် မပစ်လဲ အဲဒါက အရေးကြီးတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဘင်္ဂလားပင်လယ်အော်မှာ တပ်မတော်ရေက လေ့ကျင့်ပါတယ်။ အဲဒီလေ့ကျင့်ခန်းမှာ Missile ၂ စင်းပစ်ခတ်လေ့ကျင့်ပါတယ်။ ဟုတ်ကဲ့... မထိပါ... တစ်စင်းမှ ပစ်မှတ်မထိပဲ လွဲချော်သွားပါတယ်။ ဒါ စိတ်ပျက်စရာထင်ပါသလား... စိတ်ပျက်စရာမဟုတ်ပါ။ စစ်ရေးလေ့ကျင့်မှုမှာ ပစ်မှတ်ကို မထိတာ စိတ်ပျက်စရာမဟုတ်ပဲ ယူတတ်ရင် ကောင်းတဲ့ သင်ခန်းစာပါ ရမှာပါ။ ဘာလို့လဲ ဆိုတော့ သူတို့က လက်တွေ့ပစ်ခတ်ဖူးသွားလို့ပါပဲ။ လက်တွေ့ပစ်ခတ်မှုဟာ simulator တွေနဲ့ ပစ်ခတ်တာနဲ့ အတော်ကွာခြားတယ်ဆိုတာ သိကြပါတယ်။
ခုလို လွဲချော်မှုကို သင်ခန်းစာယူမှ တကယ်တန်းတိုက်ပွဲဝင်တဲ့အခါ ထိရောက်စွာ ပစ်ခတ်ခြေမှုန်းနိုင်မှာပါ။
ဒါပေမယ့် ဒါက navy ရေတပ်တစ်ခုပဲ ရှိပါသေးတယ်။ ဒုံးပျံတွေ အများအပြားပိုင်ဆိုင်တဲ့ လေတပ်နဲ့ လေကြောင်းရန်ကာ တပ်ဖွဲ့တွေက တစ်ခါမှ ပစ်ခတ်မှုမျိုး ကောင်းကောင်းမွန်မွန်မလုပ်ဖူးကြပါ။ တကယ်တော့ ဒါက စိုးရိန်စရာပါ။
ခုလည်း တပ်မတော်နေ့တွေမှာ ထုတ်ထုတ်ပြတဲ့ ဒုံးတွေက expire ဖြစ်နေတဲ့ ဒုံးတွေပါ။ တိုက်ပွဲဖြစ်ရင် သုံးမရပါ။ အဲဒီလို expire ဖြစ်နေတဲ့ ဒုံးတွေကို အလှပြ စစ်ရေးပြမှာ ချီတက်တာကို ထုတ်ပြမယ့်အစား တကယ်တန်း ပစ်ခတ်လေ့ကျင့်ခိုင်းရင် လေကြောင်းရန်ကာကွယ်ရေး ဒုံးတပ်ဖွဲ့တွေအတွက်အလွန် ကောင်းမွန်တဲ့ အကျိုးအမြတ် ရမှာပါ။ အခုဆို ပခုံးထမ်း တာတိုပစ် igla missile တွေဟာ တစ်စင်းမှ မပစ်ခတ်လိုက်ရပဲ အများအပြား expire တွေ ဖြစ်ကုန်ပါတယ်။ စစ်လက်နက်မှာ expire ဖြစ်တာက အလွန် နှမျောဖို့ ကောင်းပါတယ်။
တကယ်တော့ အဲဒီ ဒုံးတွေ expire မဖြစ်ခင် ကောင်းကင်မှာ glider လို စက်မဲ့လေယာဉ်တွေ ပြည်တွင်းမှာတောင် အလွယ်တကူ ဝယ်နိုင်ပြီဖြစ်နေတဲ့ RC လေယာဉ်တွေကို လွှတ်တင်ပြီး စမ်းသပ် ပစ်ခတ်သင့်တာပါ။ ဒါပေမယ့် အဲဒါတွေ ပစ်ရင် တိုင်းပြည်ပိုက်ဆံတွေကုန်မယ်ဆိုပြီး တလွဲဆံပင်ကောင်း တာဝန်ယူ တာဝန်ခံမှု မရှိတဲ့ တပ်တော် ထိပ်ပိုင်းလူကြီးအချို့ကြောင့် လက်အောက်ငယ်သားတွေလည်း လက်တွေ့ပစ်ခတ် လေ့ကျင့်နိုင်ခြင်း မရှိပဲ လက်နက်တွေဟာ ဝမ်းနည်းဖွယ် expire တွေ ဖြစ်ကုန်ပြီး ဖျက်စီးပြစ်ရတော့တာပါပဲ။
မြောက်ကိုးရီးယားက နည်းပညာယူပြီး ဝယ်ထားတဲ့ ဟွဆောင်း တာတိုပစ် ပဲ့ထိန်း ဒုံးတွေဟာ အခု ကိုးကန့်တိုက်ပွဲမှာ အမှန်တကယ်ကို အသုံးဝင်တာပါ။ နယ်စပ်နဲ့ နီးတဲ့ ရန်သူ့စခန်းတွေကို ဟွာဆောင်းတွေနဲ့ စိစိညက်ညက်ကြေအောင် ပစ်ခတ်ပြမယ်ဆိုရင် မြန်မာ့တပ်မတော် ခြေလျင်တပ်သားတွေ အကျအဆုံး အခုထက် ၁၀ ဆ မက နည်းပါးသွားမှာပါ။ ဒါပေမယ့် မပစ်ပါ။ ဘာကြောင့်လည်း ပစ်ခတ်စမ်းသပ်ဖူးခြင်း လေ့ကျင့်ခြင်း မရှိလို့ မပစ်ရဲပါ တော်ကြာ ပစ်လိုက်မှ တရုတ်ကြီးရဲ့ ရွာကို တိုက်ရိုက်သွားမှန်လို့ ရွာလုံးကျွတ် မသာပေါ်မှ အကုန်နားကား သွားမှာ ကြောက်လို့ပါ။
ဒီ စစ်လက်နက်တွေ ဝယ်တာ ဘာလို့လဲ ဒီစစ်လက်နက်တွေကို ထုတ်လုပ်တာ ဘာလို့လဲ။
ရှင်းရှင်းလေးပါပဲ စစ်ပွဲအောင်နိုင်ချင်လို့ပေါ့...
စစ်ပွဲအောင်နိုင်ဖို့ ဘာလုပ်ရမလဲ လေ့ကျင့်ရပါတယ်။
ဟုတ်ပြီ လေ့ကျင့်မှုများတဲ့ စစ်တပ်ဟာ အောင်မြင်ခြင်းပဲ။
ကျွန်တော် ဥပမာတစ်ခုပေးမယ် need for speed game ကစားပြီး ကားမောင်းသူတစ်ဦးဟာ ပြင်ပမှ တစ်ခါမှ မမောင်းဖူးပဲ ချက်ခြင်းလက်ငင်းကြီး ကားမောင်းကျွမ်းကျင်ဖို့ဆိုတ မဖြစ်နိုင်ပါ။
ပြင်ပမှပါ တကယ်တန်းမောင်းဖို့ လိုပါတယ်။ တိုက်မှာကြောက်လို့ မမောင်းဘူး game နဲ့ simulator ပဲ မောင်းမယ် ပြိုင်ပွဲမှ တကယ်ကားတက်မောင်းရင် ရှုံးဖို့သာ ပြင်ထားပါတော့။
တကယ်တန်း လက်တွေ့မှာ တွေ့ကြုံရတဲ့အခက်အခဲတွေ ကားအင်ဂျင်တုန်ခါမှုတွေ စတီယာရင်ရဲ့ တုန်ခါမှုတွေ စသည်ဖြင့် ကြုံနိုင်စရာ အများအပြားပါ။
အခု စစ်ရေးမှာလည်း ထိုနည်းလည်းကောင်းပါ။
ကျွန်တော်တို့ လေတပ်ဆိုလည်း ယနေ့တိုင် air to air missile တွေ တစ်စင်းမှ လက်တွေ့ပစ်ခတ်ဖူးခြင်း မရှိပါ။ အကြောင်းပြချက်က ပိုက်ဆံတွေ ကုန်မှာစိုးလို့ပါတဲ့။ ဒါကြောင့် လေသူရဲတွေကို simulator နဲ့သာ ပစ်ခတ် လေ့ကျင့်ခိုင်းပါတယ်။ တကယ်တန်း လေကြောင်းတိုက်ပွဲဖြစ်လာရင် ကိုယ့်ဖက်က လက်တွေ့ ပစ်ခတ်လေ့ကျင့်ခြင်း မရှိခဲ့တာက တိုက်ပွဲမှာ အောင်နိုင်ဖို့ နည်းသွားပါတယ်။
ဒါကြောင့် တလွဲဆံပင်ကောင်းပြီး ကိုယ့်ရာထူးတည်မြဲရေးအတွက် အထက်ကို ဖားချင်လို့ အဘ တကယ်ပစ်ရင် ပိုက်ဆံတွေကုန်ပါတယ် simulator နဲ့ လေ့ကျင့်ပြိး expire ဖြစ်လည်း တပ်မတော်နေ့ စစ်ရေးပြတော့ ထည့်သုံးပေါ့ ဆိုတဲ့ စိတ်ဓါတ်တွေကို ပြောင်းဖို့ လိုနေပါပြီ။
လေတပ်ကလည်း ကိုယ့်မှာ ရှိတဲ့ missile တွေကို expire မဖြစ်ခင် လေသူရဲတွေကို ပစ်ခတ်လေ့ကျင့်ခိုင်းသင့်သလို လေကြောင်းရန်ကာတို့ ဒုံးတပ်ဖွဲ့တို့ကလည်း ကိုယ့်မှာရှိနေတဲ့ pechora တွေကိုလည်း expire မဖြစ်ခင် မောင်းသူမဲ့ လေယာဉ်တွေ grounded ဖြစ်နေတဲ့ အသုံးပြုလို့လဲ မရတော့တဲ့ F-7 တိုက်လေယာဉ် အချို့ကို ပစ်ခတ်လေ့ကျင့်သင့်ပါတယ်။
အခုတော့ ထိပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်ကြီး များက ပိုက်ဆံကုန်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မပစ်ပဲထား expire ဖြစ်တော့ စစ်ရေးပြပွဲမှာ သုံးတာပေါ့ဆိုတဲ့ စိတ်ဓါတ်တွေ ယူဆချက်တွေကြောင့် မိမိတပ်မတော်သားများဟာ ကျည်ဆံကို ရင်ကော့ရင်း အသက်ပေါင်းများစွာ မသေသင့်ပဲ သေကျေကျဆုံးခဲ့ရပါပြီ...
အချိန်တန်တော့ အဲဒီခေါင်းဆောင်တွေကပဲ ငြိမ်းချမ်းရေးဆိုတဲ့ စားပွဲဝိုင်းတွေမှာ ကိုယ့်စစ်သည်တွေကို အပိုင်းပိုင်းပြတ်အောင် ပစ်ခတ် သတ်ဖြတ်နေတဲ့ သူပုန်ဗိုလ်တွေနဲ့ ဝိုင်ခွက်ခြင်း တိုက်ပြီး ချီးယား လုပ်ကြမှာပါပဲ မဟုတ်လား...
သစ္စာ
၂၀၁၅ ခုနှစ် ဧပြီ ၂၈ ရက်

4/06/2015

ကမ်းဇော်သီးနှင့် ကမ်းဇော်ဆီ


မိတ်ဆွေတယောက်က မှာလို့ သမီးက ကမ်းဇော်စေ့ တပြည် ကျပ် ခြောက်သောင်း ခုနှစ်သောင်းနှင့် ၀ယ်ကျိတ်ပေးလိုက်ရာ ဆီစစ်စစ်ရသဖြင့် မိတ်ဆွေမှာ အလွန်ဝမ်းသာသွားပါသည်။


ကမ်းဇော်သီးနှင့် ကမ်းဇော်ဆီသည် အလွန် ဆေးဖက်ဝင်သဖြင့် ပြည်တွင်းတွင် သုံးစွဲသူ ပိုမိုများပြားလာသည့်အပြင် ကိုရီးယားနိုင်ငံမှပင် လာရောက် ၀ယ်ယူသောကြောင့် ကမ်းဇော်စေ့နှင့် ကမ်းဇော်ဆီ ဈေးကောင်းလျက်ရှိ သည်ဟု သမီးက ပြောသည်။

 
သုံးစွဲမှု များပြားလာခြင်းနှင့် အတူ ဈေးကွက်အတွင်း ကမ်းဇော်ဆီ အရောများ၊ အတုများ များပြား လာသည်။

ကမ်းဇော်ဆီကို ၀မ်းဗိုက် အတွင်း တွင် ဖြစ်ပေါ် တတ်သော ရောဂါများ၊ အဖု အကျိတ်များ၊ အစာအိမ်အနာ၊ ချောင်းဆိုး သွေးပါရောဂါများ၊ အပူလောင်အနာများ၊ မီးပူလောင်ခြင်းများ၊ ပန်းနာရင်ကျပ်၊ မီးယပ်ရောဂါ အမျိုးမျိုး၊ အစာမကြေ ပျို့အန် ခြင်း၊ အကြောရောဂါများ၊ နားအူခြင်း၊ နားအတွင်း အနာဖြစ်ခြင်း၊ နာတာရှည် လူနာ များ အိပ်ရာအပူလောင်နာဖြစ်ပေါ်ရန် အရေပြား နီမြန်းခြင်း စသည့်ရောဂါများ အတွက် အထူးသင့်လျော်သော ဆေးစွမ်းကောင်း တစ်ခုဖြစ်ကြောင်း ကျနော်တို့ မိဘစဉ်ဆက် စကားဖြင့် သိမှတ်ဖူးပါသည်။

မြန်မာနိုင်ငံတွင် ကမ်းဇော်ပင်ကို တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ မြိတ်ခရိုင်နှင့် ဘုတ်ပြင်းမြို့နယ် အတွင်း၌သာ တွေ့ရပြီး ပင်လယ် ကမ်းစပ်တွေမှာ ၊ ရွှံ့နွံ အိုင်တွေမှာ အပေါက် အရောက် များတယ်။ သူ့ဘာသာသူ အလေ့ကျ ပေါက်တယ်။ ကုန်းပေါ်မှာ ပေါက်တာနည်းတယ်။ အခုတော့ မြိတ်က သစ်တော ဦးစီးဌာနက စိုက်မယ်လို့ ပြောတယ်   




သမီးတို့ ခြံမှာ စိုက်သင့်တယ်လို့ အကြံပေးမယ်စိတ်ကူးပီး လေ့လာကြည့်တော့ မြေမရွေး စိုက်နိုင်တယ်လို့ သိရတယ်။ မြိတ်မြို့ရှိ ကမ်းဇော်ပင်သည် သုံးနှစ် တစ်ကြိမ် အသီးသီးကြောင်း ဒေသခံ တို့က ပြောသည်။ကုန်းကမ်းဇော်နှင့်ရေကမ်းဇော်ဆိုပြီး ၂ မျိုးရှိပါတယ်။ အရောင်နှင့် အသီးပုံစံ အနည်းငယ် ကွာနိုင်ပေမယ့် အကျိုးအာနိသင်ခြင်း အတူတူဖြစ်ပါတယ်။


ကမ်းဇော်ပင်သည် ပုံမှန်အားဖြင့် ရွက်ပြတ်တောများတွင် ပေါက်ရောက်တတ်ပြီး အိန္ဒိယတွင် အပင်တစ်ပင်လျှင် ကမ်းဇော်ဆီ တန်ချိန် ၁၈၀,၀၀၀ ထွက်ရှိနိုင်ကြောင်း၊ အပင်၏ ပျမ်းမျှအမြင့် ပေ ၇၀ အထိ ရှိပြီး ရှစ်နှစ်သားမှ ၁၅ နှစ်သားအတွင်း အပင်အရွယ် ရောက်ကြောင်း၊ နှစ်ပေါင်း ၆၀ အထိ အသီးသီးကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဒေသအများအပြားတွင် စိုက်ပျိုးကြကြောင်း နှင့် မည်သည့် မြေ အမျိုးအစားတွင် မဆို စိုက်ပျိုးနိုင်ကြောင်း စိုက်ပျိုးရေး ၀က်ဘ်ဆိုက်များ တွင် ဖော်ပြထားသည်။

 
ကမ်းဇော်ပင်ရဲ့ ရုက္ခဗေဒအခေါ်ကတော့ Bassia Longifola Linn ဖြစ်ပြီး သူ့ရဲ့မျိုးရင်းကတော့  Sapotaceaeလို့သိရပါတယ်။မြန်မာအမည်အနေနဲ့ကတော့ရေမယ်ဇယ်(ရေမည်စည်)လို့ ခေါ်ပြီး သက္ကတဘာသာနှင့်ဇဍပပ္ဖ၊ မဓုက၊ အင်္ဂလိပ်အမည် Honey Tree, Mahua of Southern India / Mahuah Tree တို့ဖြစ်ကြ ကြောင်းလည်း သိရပါတယ်။
 ကမ်းဇော်ပင်ရဲ့ ပုံပန်းသဏ္ဍာန်ဟာ မယ်ဇယ်ပင် (မည်စည်)ပင်နှင့် တူပြီး အစေးထွက်ခြင်း၊ အဆီခဲ၍ အ၀ါရောင်ရှိခြင်းစသည့် မယ်ဇယ်ပင်နှင့်အလုံးစုံတူနေတာကြောင့်ဟိန္ဒူဘာသာအားဖြင့်(ှဇလမဟူအာ)
လို့လည်း ခေါ်ဝေါ်ကြောင်း သိရှိရပါတယ်။

ကမ်းဇော်ပင်ဟာ အရှေ့တောင်အာရှနိုင်ငံဒေသမှာ အများဆုံး ပေါက်ကြပါတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ နီပေါလ်နှင့် ဘင်္ဂလာဒေ့ရှ်တို့မှာ ပိုမိုပေါက်ရောက်နေကြပါတယ်။
 

ကမ်းဇော်ပင်ရဲ့ ပုံပမ်းသဏ္ဍာန်

 
အပင်ကြီး အမျိုးအစားဖြစ်ပြီး အမြင့်ပေ(၁၀၀)ကျော်အထိ ရှိပြီး နှစ်ရှည်ပင်
အမျိုးအစားဖြစ်ပါတယ်။  သူ့ရဲ့ အရွက်က အစိမ်းရင့်ရောင်ရှိပြီး အရွက်ထိပ်ပိုင်း
ချွန်ပါတယ်။ရွက်လွှဲအလှည့်ကျထွက်ပြီးအရွက်အရှည်မှာအလျား(၈)လက္မ၊ အနံ(၂)
လက္မခန့်ရှိကြောင်း သိရပါတယ်။ မြင်သာတဲ့ ပုံသဏ္ဍာန်ကတော့ ငှက်မွေး
သဏ္ဍာန်ဖြစ် ပါတယ်။

အပွင့်ပွင့်ချိန်

တပို့တွဲလနှင့် တပေါင်းလတို့မှာ အ၀ါနုရောင် အပွင့်လေးတွေ စပွင့်လာပြီး
တပေါင်းလ နှင့် တန်ခူးလတို့မှာတော့ အသီးစသီးတယ်လို့ ဆိုပါတယ်။
 
အသီးရဲ့ အရောင်က အစိမ်းရောင်ဖြစ်ပြီး ရင့်မှည့်သည့်တိုင် အစိမ်းရောင်
အတိုင်းပဲရင့်မှည့်တယ်လို့သိရပါတယ်။ကဆုန်လနှင့်နယုန်လတို့မှာတော့
အသီးများကြွေကျချိန် ဖြစ်ပြီး အ  စေ့ကို ကောက်ယူကြရကြောင်းသိရှိရပါတယ်။

  စေ့ ပုံစံ

  စေ့ပုံစံက အညိုရင့် ကျွန်းသားရောင်ဖြစ်ပါတယ်။ ခရာ  စေ့ နှင့် ပုံသဏ္ဍာန်
တူသော်လည်း ကမ်းဇော်စေ့က နှစ်ဆခန့် ပိုကြီးကြောင်းနှင့် အလွန်မွှေးပျံ့ပြီး
အဆီ ထုတ်ယူပါကလည်း အစေ့ရဲ့ အမွှေးနံ့အတိုင်းပဲ ရှိနေတယ်လို့ သိရပါတယ်။

 
ဆေးအဖြစ် အသုံးဝင်ပုံများ

(
၁) အစာအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာနှင့် မီးယပ်ရောဂါများအတွက် ကမ်းဇော်ဆီစစ်စစ်ကို ထမင်းပူပူနှင့် နယ်စားပါ။ ဆေးအဖြစ် လက်ဖက်ရည်ဇွန်းနှင့် မနက်၊ ည သောက်သုံးလျှင် ရောဂါပျောက်ကင်းပါသည်။

(
၂) ထိခိုက်၊ ရှနာ၊ ပွန်းပဲ့ စသည့် ဒဏ်ရာအမျိုးမျိုး၊ အပူလောင်ခြင်း၊ ခွဲစိပ်ခြင်း၊ အနာစိမ်းပေါက်ခြင်း၊ ပြည်တည်ခြင်း၊ အကျိတ်၊ အဖု စသည့် အနာများကို ကမ်းဇော်ဆီဖြင့် တစ်နေ့ ၃ ကြိမ် လိမ်းပေးပြီး အ၀တ်ပါးပါးဖြင့် စည်းထားပါ။ ၂ ရက်အတွင်း အနာချောက်၍ တစ်ပတ်အတွင်း အမာရွတ်ပါမကျန်အောင် ပျောက်ကင်းပါသည်။

(
၃) မြွေ၊ ကင်း၊ ပျား၊ ပုရွက်ဆိတ်၊ ပိုးကောင်အမျိုးမျိုး စသည့် အဆိပ်ရှိသည့် အကောင်များကိုက်လျှင် ကမ်းဇော်ဆီကိုသာ လိမ်းပေးလိုက်ပါ။ ချက်ချင်း အဆိပ်ပြေသွားပြီး သက်သာပျောက်ကင်းပါသည်။ ( ပျားကိုက်၍ ကမ်းဇော်ဆီဖြင့် လိမ်းပေးလိုက်သဖြင့် ၁၀ မိနစ်အတွင်း ပျားအဆိပ်ပြေပြီး နာကျင်ခြင်းလုံးဝမရှိပဲ ပျောက်ကင်းခဲ့သည်မှာ ကိုယ်တွေ့ဖြစ်ပါသည်)

(
၎) ကိုယ်လက်ကိုက်ခဲခြင်း၊ အဆစ်အမြစ်များ ကိုက်ခြင်း၊ အကြောတက်ခြင်း၊ ညောင်းညာခြင်းများအတွက် ကမ်းဇော်ဆီကို ပါးပါးလိမ်း၍ အနည်းငယ် နှိပ်နှယ်ပေးလျှင် ချက်ချင်းသက်သာ ပျောက်ကင်းစေပါသည်။

(
၅) ဗိုက်အောင့်ဗိုက်နာ၊ လေထိုးလေအောင့်၊ နှလုံးအားနည်း၊ ပန်းနာရင်ကျပ်နှင့် အစာမကြေခြင်းများအတွက် ပျားရည်အနည်းငယ်နှင့် ရောစပ်၍ လက်ဖက်ရည်ဇွန်းဖြင့် တစ်နေ့ ၂ ကြိမ် သောက်သုံးပါက ရောဂါ သက်သာပျောက်ကင်းစေပါသည်။

ကိုဗက- ပရိုမိုးရှင်း

ကမ်းဇော်ဆီကြိတ် ရာမှ ရရှိသော ကြိတ်ဖတ်များကို သုံးစွဲပုံမှာကမ်းဇော်ဆီကဲ့သို့ပင်
ကျယ်ပြန့်လှပါသည်။

ရောဂါအမျိုးမျိုးအတွက် စား/လိမ်း ၍ရပါသည်။
သနပ်ခါးဖြင့်သွေးလိမ်းနိုင်ပါသည် (ဒူးနာ/အပူနာ/ဝက်ခြံ စသဖြင့်)ဆီအမျိုးမျိုးဖြင့်လဲရောလိမ်းနိုင်ပါသည်
လေဖြတ်သူများ အုန်းဆီဖြင့်ရော၍ ဦးရေထဲစိမ့်ဝင်အောင် လိမ်းပေးနိုင်ပါသည်။
ဒူးနာ ခါးနာ အနာပေါက် သူများလဲ နှမ်းဆီ,မုန်ညှင်းဆီ,သံလွင်ဆီ ဆီတစ်မျိုးမျိုးစိမ်၍လိမ်းပေးနိုင်ပါသည်။
ကွမ်းစားသူများ ကွမ်းယာထဲထည့်ဝါးခြင်းဖြင့် ပါးစောင်ကင်ဆာ,သွားဖုံးကင်ဆာ, လျှာကင်ဆာ များကိုကာကွယ်ပေးပါသည်။
အဆီမသောက်ချင်သော အသည်းရောဂါ သမားများနှင့် အဆီသောက်ရန် ငွေကြေး မတတ်နိုင်သော သူများလဲ တစ်နေ့၃,၄ကြိမ် (တစ်ခါသောက် ကော်ဖီဇွန်း၁ဇွန်း)ရေအေးဖြင့်သောက်နိုင်
ပါသည်။
နေ့စဉ်ကျန်းမာရေးကောင်းမွန်ရန်ရေနွေးဖြင့်လဲ လက်ဖက်ခြောက် အစား
ထည့်၍ သောက်ပေးနိုင်ပါသည်။်