ကိုယ်နှင့်သဟဇာတမမျှ ဘလော့ဂ်ကိုလည်းလည့်မကြည့်ဖြစ်
အလွန်နွမ်းနယ်သည့်ကာလများတွင် စိတ်အပမ်းဖြေ သံယောဇဉ်ဘလော့ဂ်တချို့ လည်ဖြစ်သည်မှ
လွဲ၍ပါတ်ဝန်းကျင်နဲ့ လည်း အဆက်အဆံကြဲနေသည်။ ဗြုံးကနဲနာဂစ်ကြီးဆိုင်းနဲ့ ဗုံနဲ့ 
အမြိုင်-ဆိုင်ဆိုင်ကြီးဝင်ချလိုက်တော့ငုတ်နေလို့ မရတော့ ဘလော့ဂ်လဲတောင်ခြစ်မြောက်ခြစ်လုပ်ဖြစ်သည် ဘလော့ဂ်သံယောဇဉ် ညီငယ်ရှမ်းကလေးကလည်း ဂျီတော့ကနေပူညံပူညံတောမေးတောင်မေး လပွတ္တာကဖုန်းနံပါတ်မေးလိုမေး အရုပ်တွေဆွဲခိုင်းလိုခိုင်း လုပ်ပေးရတာဂုဏ်ငယ်တယ်တော့မထင်နဲ့  တခါးခေါက်ပြီးကိုယ့်ဂျီတော့ထဲဝင်လာတာနဲ့ “ပြန်ပြီဗျို့ ”ဆိုပြီး လာတာ-မနဲလိုက်ဆွဲထားရတာ(ချစ်စရာကောင်းတာလေးတွေများပြောပြတာပါ) ကိုယ့်ခံစားချက်ကလည်း-မုန်တိုင်း နဂစ်ရဲ့ ကြမ်းတမ်းတဲ့ရိုက်ခတ် ဖျက်ဆီးမှုပုံရိပ်များကို စုဆောင်း ရရှိထားတဲ့ဓါတ်ပုံများ ဗီဒီအိုဖိုင်များစုစည်းပြီး မှတ်တမ်းစီဒီတခုလုပ်မယ် တတိုင်းတပြည်ထဲမှာ အတူနေကြသော်လည်းဒေသခြင်းကွာဝေးလို့ သိခွင့်မြင်ခွင့်မကြုံသူများ ပြည်ပမှာရောက်နေသော်လည်း အခြေအနေအရအင်တာနက် စသည် သတင်းနည်းပညာတို့ နှင့်လက်လှမ်းကွာသူများ သိခွင့်ကြည့်ခွင့် ရစေဖို့ လုပ်ပေးရန်စိတ်ကူးရသည်။
ဒါနဲ့ လက်လှမ်းမှီတဲ့ ထိုင်းမှာဆိုယင် မဟာချိုင် ပကျော့ ဗန်းစဖန် ရနောင်း က မြန်မာလှေလုပ်သားခြံ လုပ်သားများ ဟိုဖက်ကို နယ်ခြင်းဆက်နေတဲ့ တနင်္သာရီ ဘုတ်ပြင်း ကော့သောင်း မြိတ် ဒေသများဆီ
သို့ အခမဲ့ဖြန့် ဖြူးဖို့ စီစဉ်ဆောင်ရွက်တယ်။ ဂျီတော့မိတ်ဆွေ မလေးရှားNLD,LA ကညီငယ်
အသန်းတို့  ကိုအောင်ခင်ဆင့်တို့ ကလည်းဝန်းဝိုင်းပေးကြတယ်။ဒီလိုနဲ့ နယ်စပ်မှာအလုပ်ရှုပ်ပြီး
ဘလော့ဂ်နဲ့ ဝေးနေပြန်တယ်(နယ်မှာnet-connections မကောင်းလို့ )။
သတိရလို့ ကြည့်လိုက်တော့လဲ ရက်စွဲက၂၀ကျော်နေပြီထမင်းစားဖို့ လခရတဲ့အလုပ်ဖက်လှည့်ဦးမှ အလုပ်ပြုတ်သွားမှအခက်။ဒီလိုနဲ့ တပါတ်လောက်ဝေးနေရဦးမည့်ဘလော့ဂ်များကိုတသစွာနဲ့ 
အချိန်လုပြီး လည်မိတယ်။ရောက်တတ်ရာရာလျောက်သွားလိုက်တာ ဆောင်းရဲ့ ဘလော့ဂ်မှာသွားညိတယ်။ သူယောင်သီးဆိုတာနဲ့ ပါတ်သက်ပြီး ခမြာ စိတ်ဝင်တစားအလေးအနက်ထားနေတာသွားတွေ့ တော့ကိုယ်ကြုံဖူးတာလေးကွန်မင်းဝင်ပွတ်ခဲ့တယ်(စီဘောက်မဆံ့မှာစိုးလို့ )ဒါနဲ့ ဘဲ“ဆောင်း”က ဓါတ်ပုံလေးပြန်ရှာပြီးပို့ စ်တင်ပေးပါလားဆိုတာနဲ့ များစွာသောdata စီဒီဟောင်းတွေမွှေနောက်ရှာဖွေပြီး
မျှဝေလိုက်ပါတယ်။
ဇတ်လမ်းအကျဉ်းက လွန်ခဲ့တဲ့ငါးနှစ်လောက်က ဗန်ကောက်မှနေတုံး ရင်းနီးတဲ့ရပ်ဝေးကကိုယ်တော်တပါးဗန်ကောက်ကို ရောက်လါတာနဲ့  ဆွမ်းကွမ်းအဆင်ပြေအောင် အိမ်မှာဘဲ
သတင်းသုံးပါလို့ ပင့်လိုက်တယ်။ အဖေါ်ကိုယ်တော်တပါးလဲပါတယ် ချုပ်ချိုင်းစောင်ဆိုတဲ့မြို့ မှာ
သတင်းသုံးနေတဲ့မြန်မာဇာတိ ထိုင်းဘုန်းတော်ကြီးပေါ့။ သူယောင်သီးကအဲဒီကိုယ်တော်ဆီမှာပါလာတာ။ ကိုယ်တော်ကဒီအသီးဟာတကယ်တော့ရဟန်းဆီမှာမရှိသင့်ဘူး ဒကာဆန္ဒရှိယင်ဆက်ခံထိမ်းသိမ်း နိုင်ပါတယ်လို့ စွန့် ပါတယ်။ ခပ်နောက်နောက်ကျနော်က တပည့်တော်မှာ အချိန်နဲ့ ငွေမလုံလောက်လို့ လူသားမိမ္မကိုမျှ ကွင်းကင်းနေရပါတယ် အရုပ်မိမ္မကိုအပိုဆောင်း၍ ပါတ်သက်ဝံ့ခြင်းမရှိပါ
အခြားထိုက်သူကိုစွန့် ပါဘုရား အထူးအဆန်းမို့ လို့ ဓါတ်ပုံလေးတော့ရိုက်ပရစေဆိုပြီးရိုက်ခဲ့ပေမဲ့ မေ့မေ့ပျောက်ပျောက်ဘဲထားခဲ့ပါတယ်။

အခု“ဆောင်း”နှင့်ဆက်နွယ်ပြီး
၁။အကြောင်းအရာတခုကိုအမှန်တကယ်ဟုတ်မဟုတ်။သဘာဝယုတ္တိကျမကျ စိတ်ဝင်စားတာ စူးစမ်း လေ့လာတာလုပ်သင့်တဲ့အလုပ်ပါ။
၂။သဘာဝမှာ ကိုယ်မသိဘူးမကြားဘူးမတွေ့ ဘူးတာတွေအများကြီးရှိတဲ့အပြင် ဘယ်သူမှ
မသိမကြားမတွေ့ ဘူးတာလဲရှိမှာပါ။
၃။The National Plant Data Center လိုနေရာရဲ့ မှတ်တမ်းမှာမ၀င်သေးတဲ့ အပင်လည်းရှိမှာပေါ့။
ဒါကြောင့်တိုင်းဆချင့်ချိန်၍ကိုယ်ပိုင်ဆုံးဖြတ်နိုင်ရန် ကိုယ့်အချိန်အလကားဖြစ်ရလေခြင်းဆိုတာမျိုးမဖြစ်ကြစေရန်ရည်ရွယ်ပါသည်။
ယခုweb page တွေမှာတွေ့ နေကြသည့်ပုံများစစ်မစစ်တော့မသိပါ။
ကျနော်တွေ့ ဖူးသည်မှာသစ်ရွက်သစ်ဥအသားအရည်မျိုးအဆင်းအရောင်ရှိပါသည်။
မျက်စိမျက်ခုံးတို့ လူက ဆွဲထားသလိုထင်ရ။အသေအခြာကြည့်လျှင်သစ်ရွက်မှအကျောကဲ့သို့ ဖြစ်သည်။
သဘာဝပစ္စည်းဖြစ်ကြောင်း ထင်ရှားသည်။
မျက်စိနှခေါင်း ပါးစပ်မျက်နှာ ရင်သား ချက် မအင်္ဂါ အပြည့်အစုံထင်ရှားစွာပါသည်။
“ဆောင်း”ရဲ့ စီဘောက်မှာ ထိုင်းရှေးဟောင်းဘုန်းကြီးကျောင်းတချို့ မှာသူယောင်သီးပြသထားတာ
ရှိတယ်လို့ ကြားဖူးပြီးကျနော်စုံစမ်းကြည့်ပါ့မယ်ဆိုတဲ့ကတိအရ ရှဖွေထားသောပုံ။ King Mongkut's Institute of Technology Ladkrabang BKK 10520, Thailand.

ရွှင်လန်းချမ်မြေ့ကြပါစေ။