6/19/2008

ကိုယ်တိုင်လဲတာဝန်ပျက် ကူညီသူကိုလဲနှောက်ရှက်

နာဂစ်မုန်တိုင်းဒဏ်သင့်ဒေသအတွင်း နေရာအနှံအပြား၌ လူနှင်ကျွဲနွားတိရိစ္ဆာန်တို့ ၏အလောင်များမှာ ရှင်းလင်းသိမ်းဆီးနိုင်ခြင်းမရှိသေးဘဲအချို့ အလောင်းများမှာပင်လယ်ပြင်၌ စုန်ဆန်မျောပါနေပြီး ရေလှိုင်းသင့်ရာကမ်းသောင်များတွင်တင်ကျန်ခြင်း ပုတ်ပွဆွေးမြေ့အပိုင်းပိုင်း ကြေကာပျေက်ပျက် သွားခြင်းများကြောင့်အနံ့ အသက်ဆိုးဝါးမှုနှင့် ရောဂါပိုးမွားတို့ ၏ခြိမ်းခြောက်မှုရှိနေသည်။


ထိုသို့ ဆိုးဝါးနေသည့်အခြေအနေကို အစိုးရကြီးကြပ်သည့်တာဝန်ရှိအဖွဲ့ အစီး တခုကမျှ နိုင်နင်းစွာစနစ် တကျ
အစီအစဉ်ချမှတ်၍ လုပ်ဆောင်ခြင်းမရှိပေ။ နီးစပ်ရာ ကျေးရွာများက စေတနာ့ဝန်ထမ်းအစုများ ကအလောင်းများရှင်းလင်း သင်္ဂြိုလ်ခြင်း မြေမြုပ်ခြင်း ပြုနေကြ ရသည်။့
မီးရှို့ သင်္ဂြိုလ်ခြင်းပြုရန် လောင်စာ အခက်အခဲ၊မြေမြုပ်ရန် နေရာအခက် အခဲများ လည်းကြုံတွေ့ ရမှုရှိသည်။
ထိုအခြေအနေတွင် အချို့ စေတနာ့ဝန်ထမ်းများစုစည်းထည့်ဝင်၍မြေနေရာဝယ်ကာမြေမြုပ်ခြင်း
ပြုရသည်။သို့ သော်ပြီးခဲ့သောစနေနေ့ ၁၄၊၀၆၊၀၈ က မြေမြုပ်သဂြီုလ်နေသည့်သူအချို့ ပျောက်သွားပြီး
၁၇၊၀၆၊၀၈တွင်မှ ၄င်းတို့ ကို အာဏာပိုင်တို့ ကဖမ်းဆီးသွားခြင်းဖြစ်ကြောင်းပြန်လွတ်လာသူအချို့ ထံမှ သိရသည်။

မည်မျှဖမ်းဆီးခံရသည်၊မည်သူတွေဖမ်းဆီးခံရသည်၊မည်သည့်အတွက်ဖမ်းဆီးခံရသည်၊ မည်မျှပြန်လွတ်လာ၍မည်မျှအဖမ်းခံရဆဲဖြစ်သည်။မည်သည့် နေရာတွင်ဖမ်းဆီးထားသည် ဆိုသည့်အချက်အလက်များမည်သူမျှအတိအကျမသိကြပါ။
မစ္ဖိမသတင်းဌာန၏ ဗုဒ္ဓဟူးနေ့၊ ဇွန်လ 18 2008 15:58 - နန်းဒေဝီ ထုတ်ပြန်သောသတင်းအရ “မြန်မာထရီဗျုး” ဂျာနယ် အယ်ဒီတာချုပ်(အမှုဆောင် အရာရှိချုပ်လည်းဖြစ်သူ) ဦးအောင်ကျော်ဆန်း
(၄၅ နှစ်) အပါအဝင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် အတွင်းရှိ လူသေ ရုပ်အလောင်းများကို
လိုက်လံ သိမ်းဆည်းကာ မြေမြှုပ်ပေးနေသူ ၆ ဦးထက်မနည်းကို ပြီးခဲ့သည့် စနေနေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ဟုသိရသည်။
အဆိုပါမစ္ဖိမသတင်းဌာနမှနန်းဒေ၀ီ၏ သတင်းတွင်-

“ကိုအောင်ကျော်ဆန်းကို အခုထိ မလွှတ်သေးဘူး။ ဘိုကလေးမှာ ဖမ်းတာလို့ ပြောတယ်။
ရန်ကုန် ပို့လိုက်ပြီလို့တော့ ကြားတယ်။ အခု ဘယ်မှာ ဆိုတာလဲ သူ့ဇနီးသည်က မသိတော့ စိတ်ပူနေတယ်။
လိုက်ပြီး မေးနေတာပဲ။ ဘယ်မှာလဲဆိုတာ မသိရသေးဘူး” ဟု အမည်မဖော်လိုသူ မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။

သူက “ဘိုကလေးကို သွားလိုက်ပြန်လိုက်ပါပဲ။ စုစုပေါင်းတော့ ၃ ခေါက်လောက် ရှိသွားပြီ။
အခု နောက်ဆုံး အခေါက်မှာ အဖမ်းခံလိုက်ရတာ။ သူနဲ့ အတူတူ အလုပ်လုပ်တဲ့ သူတွေကိုတော့
မနေ့ကပဲ စစ်ဆေး မေးမြန်းတာတွေ လုပ်ပြီးတော့ ပြန်လွှတ်လိုက်တယ်လို့ ကြားတယ်” ဟု ဆက်ပြောသည်။

ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး အသေးစိတ် မသိရသေးသော်လည်း လေဘေး ဒုက္ခသည်များကို ဝိုင်းဝန်းကူညီနေသူ
စေတနာရှင်များအား အာဏာပိုင်များဘက်က မေးမြန်းစစ်ဆေးခြင်း၊ လိုက်လံတားဆီး နှောင့်ယှက်ခြင်းများ အပြင် ဖမ်းဆီးခြင်းအထိ လုပ်ဆောင်လာသည့်အပေါ် စာပေအနုပညာရှင် အသိုင်းအဝိုင်းက ဝေဖန် ပြောဆိုကြသည်။

အပတ်စဉ်ထုတ် ဂျာနယ် အယ်ဒီတာတဦးက “သူတို့ (အစိုးရ) ကိုယ်တိုင်က မလုပ်နိုင်တဲ့ ကိစ္စတွေကို လူထုဘက်က စေတနာရှင်တချို့က တဖက်တလမ်းကနေ ကူညီပံ့ပိုးပေးတာ ကောင်းတဲ့အချက်ပါ။
ဒါကို လိုက်ပြီး နှောင့်ယှက်တာမျိုး၊ တားဆီး ပိတ်ပင်တာမျိုးလုပ်တာ ဒုက္ခ ရောက်နေတဲ့ လေဘေး ဒုက္ခသည်တွေ ပိုပြီး ဒုက္ခ ရောက်စေပါတယ်” ဟု ပြောသည်။
-ဟုဖေါ်ပြပါရှိသည်။

ဂျွန်လ ၁၇ရက်နေ့ ထပ်မံရရှိသောသတင်းအရအဖမ်းခံရသူ ၇ ယောက်တွင် အလောင်းကောက်သင်္ဂြိုဟ်သည့် အဖွဲ့ကိုဦးဆောင်သည့် မြန်မာထရီဗြွန်းဂျာနယ် ထုတ်ဝေသူ ဦးအောင်ကျော်ဆန်းနှင့် ဒေါက်တာ နေ၀င်းတို့ အပါအ၀င် ဗကသ အဖွဲ့မှ ကိုလင်းထက်နိုင်၊ မနှင်းပွင့်ဝေ၊ ကိုဟိန်းရာဇာထွန်း တို့ပါဝင်ပြီး အခြားသူများ၏အမည်များ မသိရသေးပေ။ ဒေါက်တာ နေ၀င်းသည် မနှင်းပွင့်ဝေ၏ ဖခင်ဖြစ်သည်။



ယခုလအတွင်း စစ်အစိုးရက နိုင်ငံကျော် လူရွှင်တော် ဇာဂနာ၊ အားကစားအယ်ဒီတာ ဇော်သက်ထွေး၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် ဗကသ အဖွဲ့ဝင်များအပါအ၀င် မုန်တိုင်းကယ်ဆယ်ရေးလုပ်ဆောင်နေသူ ၂၀ ခန့်ကို အကြောင်းပြချက် တစုံတရာမပေးဘဲ ဖမ်းဆီးထားသည်။




















No comments:

Post a Comment