
ကံဆိုတဲ့အကြောင်းတရားကနေ..ဖြစ်ပေါ်လာတဲ့..သံသရာ
စက်ဝန်းကြီးတစ်ခုကို..တွေးတောမိတဲ့ အကြောင်းတစ်ရား
တစ်ခုပါ..။
ကံဆိုတာ သတ်မှတ်ထားပြီးသား..အရာတစ်ခု..။ ရှိပြီးသား
အရာတစ်ခု..။ အဲဒီကမှတစ်ဆင့် လူတွေရဲ့စိတ်ဆိုတာ ဖြစ်
ပေါ်လာတယ်..။ စိတ်ရဲ့စေစားရာကြောင့် လူတွေလောဘ၊ မောဟ၊ ဒေါသ ၊စတဲ့ မီးသုံးမျိုးတောက်လာတယ်..။
အဲဒီကမှတစ်ဆင့်.. ၀ဋ် ဆိုတဲ့ အကျိုးတစ်ရားကို ရောက်သွား
ပါတယ်။ ဒီသံသရာစက်ဝန်းကြီးထဲမှာ လူတွေဟာ အမျိုးမျိုး
အဖုံဖုံလည်ပတ်နေကြတယ်..။ ဒီလိုသုံးသပ်မိတာ..ဥပမာ တစ်ခုကို သာဓကယူပြီး တွေးတောမိပါတယ်..။
တစ်သိန်း ပါရမီဖြည့်ကျင့်လာပြီးတဲ့နောက်.. နောက်ဆုံးဘ၀ ပရိနိဗ္မာန်စံယူတော်မူခါနီးအချိန်ခါတွင်ဝဋ်၏အတုန့်အလှည့်
ကိုခံစားရတော်မူလေသည်။ ပါရမီနုစဉ်ချိန်ခါဘ၀တုန်းက......... နွားဘ၀သို့ရောက်တော်မူစဉ်.မိခင်နွားမကြီး
ရေသောက်ဆင်းတော်မူသည်ကို.. ဘေးမှဖြတ်ပြေး ဆော့ခြင်းကြောင့် ရေနောက်သွားခဲ့သည်။
မိခင်နွားမကြီးမှာ သားတော်နွားကလေးကို နို့ချိုတိုက်ကျွေးတော်မူပြီးခါစ ဆာလောင်မွတ်သိပ်စွာ ရေနောက်
ကိုသောက်တော်မူရလေသည်။ ဤဖြစ်စဉ်တော်ကြောင့် နောက်ဆုံးဘ၀တွင် ၀မ်းတော်လား၍ အားအင်ကုန်ခမ်း
သဖြင့် ရေကြည်တစ်ပေါက် သောက်တော်မူလိုရာ ရေကြည်မရ ရေနောက်သာရတော်မူလေသည်။
ဤအကြောင်းအရာကိုကြည့်ခြင်းအားဖြင့် နွားဘ၀ရောက်သည့် ကံ...ထိုမှတစ်ဆင့် နွားကလေးသည် ဗိုက်ပြည့်ပြီးချိန် နွားကလေးတို့သဘာဝ
ဆော့ချင်စိတ်ကလေး...ပြေးလွှားဆော့ချင်မိတဲ့စိတ်ကလေး..

ဒီစိတ်ကလေးကတစ်ဆင့် ပြေးလွှားမိတဲ့
လောဘ..မောဟမီးတောက်လေး..
ဒီကမှတစ်ဆင့် နောက်ဆုံးဘဝ
ဝဋ်ခံစား ရခြင်း ၀ဋ် ....။
ထိုမှ ညီတော်အာနန္ဒာရေခပ်စဉ် လှည်းသား ငါးရာ ဖြတ်သန်းသွားကိုသွားရမည့် ကံ .. ထိုကံစေ့စော်ခြင့်ကြောင့် ဖြတ်သန်းသွား
ချင်တဲ့ စိတ်...ဖြတ်သန်းသွားသည့် လောဘ...မောဟ မီးတောက်.. ရေနောက်ရသည့် ၀ဋ်ဟောင်းချေသည့် ၀ဋ်
ကြွေးသစ်တစ်ခု..။ဒီလိုသံသရာစက်ဝန်း
ထဲက လှည့်ပတ်နေတဲ့ အကြောင်းအကျိုး
လေးခုကို သုံးသပ်မိပါတယ်..။
ဒီလည်ပတ်မှု သံသရာကိုကြည့်ခြင်းဖြင့်
လူ့ဘ၀ ဖြစ်တည်မှု ၊ ပျက်ဆီးမှု ၊ အရာ
အားလုံးတို့ဟာ
ဒီသံသရာစက်ဝန်းကြောင့် ဖြစ်ပေါ်ရတယ်လို့ မြင်မိပါတယ်..။
လူ့ဘ၀မှာ ကံတရားက ပုံသေသတ်မှတ်ပြီးသား ထိုမှစိတ် ၊ စိတ်မှတစ်ဆင့် လောဘ ၊ မောဟ ၊ ဒေါသ ၊ စတဲ့
မီးတောက်သုံးမျိုး တောက်လာတယ်..။ အဲဒီကမှတစ်ဆင့် ၀ဋ်ဆိုတာ ဖြစ် လာပါတယ်..။
ဒါကိုကြည့်ခြင်းဖြင့် ဒီသံသရာကိုဖြတ်မယ်ဆိုရင် ဒုတိယအဆင့်ဖြစ်တဲ့ စိတ်ကို ဖြတ်ရမယ်..။
ဒီစိတ်ကမှတစ်ဆင့် ဆင့်ပွားဖြစ်ပွားနေတဲ့ လောဘမီးတောက်တွေ ကိုသတ်နိုင်မှာဖြစ်တယ်..။ ပုထုဇဉ်လူတိုင်းဟာ လောဘမီးကိုလည်း မငြိမ်းသတ်နိုင်သေးသလို စိတ်ကိုလည်းမဖြတ်နိုင်သေးပါဘူး..။
စိတ်ကိုပြတ်အောင်ဖြတ်နိုင်ခြင်းဟာလည်း နိဗ္မာန်ကို လှမ်းမျှော်နိုင်ခြင်းပါ..။ မမြဲတဲ့ဖြစ်ပျက်သဘောလေးကို
ဆင်ခြင်သုံးသပ်ရင်း စိတ်ကိုဖြတ်နိုင်အောင်ကြိုးစားနိုင်ဖို့ လောဘ၊ ဒေါသ၊ မောဟ စတဲ့ မီးတောက်တွေကို
ငြိမ်းနိုင်သမျှငြိမ်းအောင် နည်းနိုင်သမျှနည်းအောင် ကြိုးစားရမယ်...။တစ်ကယ်တော့ လူ့ဘ၀ဆိုတာ ဖြစ်ပြီး
ပျက်တယ်လို့ ပြောဆိုကြတဲ့အတိုင်း မွေးဖွားခြင်းနဲ့ရှင်သန်းခြင်းဟာ တစ်ကယ်ကို အချိန်တိုခဏလေးပါ..။
လူ့သက်တမ်းကို တစ်ရာလို့သတ်မှတ်ထားကြပေမယ့် တစ်ကယ်တမ်း ရှင်သန်ဖြစ်တည်ခြင်းနဲ့ သေဆုံး
ပျက်ဆုံခြင်းဟာ တစ်စက္ကန့်ရဲ့ အပုံတစ်ရာပုံ တစ်ပုံ ဖြစ်တဲ့ လျှပ်တစ်ပျက်ကလေး အတွင်းမှာပဲ ဖြစ်ပျက်သွား
ခြင်း ဖြစ်တယ်..။ ဒါကြောင့် ဖြစ်ခြင်းနဲ့ပျက်ခြင်းဟာ လျှပ်တစ်ပျက်အတွင်း ဖြစ်ပေါ်တဲ့အတွက်ကြောင့် လူ့ဘဝ
မှာ ရှိတဲ့ ဖြစ်ခြင်းပျက်ခြင်းကို နေ့တိုင်း ၊ အချိန်တိုင်း ဖြစ်ပျက်နေပါတယ်..။ ဒါကြောင့် လူတိုင်းရဲ့ ဦးနှောက်
အသိဥာဏ် မှတ်သားမှုဟာလည်း တစ်ကယ်တမ်း ဖြစ်ပျက်နေပါတယ်..။ လ၀ါဆိုပြည့်နေ့မိုးလင်းအစောမှာ
တွေးတောကြားနာ မိတဲ့အတွေးတစ်ခုလေးပါ..။ဒီလိုတွေးတောပေမယ့် ကျနော်ဆိုတဲ့ ပုထုဇဉ်လည်း
စိတ်ကိုပြတ်အောင်မဖြတ်နိုင်သေးပါဘူး ...။ ကျနော်တွေးမိတဲ့အတွေးလေးဖြစ်တဲ့အတွက် မှန်ချင်မှ လည်း
မှန်မည်။ ကျနော်ရေးသားထားသော စာသားများ တစ်ချို့နေရာများ မှားနေမယ်ဆိုရင် ပြင်ဆင်ဖြည့်စွက်၍
ဖတ်ရှုပေးပါလို့ တောင်းပန်အပ်ပါတယ်..။ ကျနော့်အတွေးလေးကို မှားနေတဲ့နေရာ များအား သူငယ်ချင်းတို့
မှ အမြင်အတွေးများဖြင့် ပွင့်လင်းစွာ ဝေဖန်ပေးကြပါလို့ ပြောပါရစေ..။ဒီလမြတ်ဝါဆိုမှာ ထူးခြားစွာ မွေးဖွား
လာတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပါတယ်..။ သူငယ်ချင်းတစ်ယောက်၏ ၂၄နှစ်ပြည့်မွေးနေ့လေးနှင့် ဘလော့ဂါ
ကဗျာလွယ်အိတ်လေး သားဖြိုးတို့၏ ၂၂ ပြည့်မွေးနေ့လေးဖြစ်ပါတယ်..။
ထူးခြားတဲ့သူငယ်ချင်းနှစ်ယောက်လုံးနှင့်အတူ သြကာသလောက ၊ သတ္တ လောက သားအားလုံး စိတ်ချမ်းသာ
ပျော်ရွှင်ကြပါစေ..။ ပျော်ရွှင်ငြိမ်းချမ်းကြပါစေလို့...ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်....။ အားလုံးပဲအဆင်ပြေပျော်ရွှင်ကြပါစေ...။
-
ပန်းခရေ(ရင်တွင်းဖြစ်)
ပန်းခရေ at 8:10 AM on Jul 17, 2008
ပိုစ့်ကိုဖတ်သွားပါတယ်အလွန်ကောင်းပါတယ်
ReplyDeleteခင်မင်လျက်
မသက်ဇင်