7/25/2008

မြန်မာစစ်အစိုးရ၏ နည်းဗျူဟာများ အစီအစဉ်များကို စီးပွားရေးရှုထောင့်မှ အဖြေထုတ်ကြည့်ခြင်း

မြန်မာစစ်အစိုးရ၏ နည်းဗျူဟာများ အစီအစဉ်များကို စီးပွားရေးရှုထောင့်မှ အဖြေထုတ်ကြည့်ခြင်း
ဒေါက်တာ အားဒက်မောင်း ထောင်မန်း (Dr Ardeth Maung Thawnghmung)
-
နိဒါန်း

၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်းအပေါ် မြန်မာစစ်အစိုးရ၏ အကြမ်းဖက် နှိမ်နင်းခဲ့မှုကြောင့် နိုင်ငံတကာက အကြီးအကျယ် ပြစ်တင်ရှုတ်ချသလို အခြားသော တုံ့ပြန်မှုများလည်းရှိခဲ့သည်။ သို့ရာတွင် ထိုတုံ့ပြန်မှုများနှင့် ပတ်သက်သည့် ဝေဖန်ချက်နှင့် မူဝါဒပိုင်းဆိုင်ရာ အဆိုပြုချက် အများစုမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ကိစ္စတခုထည်းကိုသာ အဓိက ဇောင်းပေးထားသည်။
တနည်းဆိုရလျှင် ထိုသို့ နိုင်ငံတကာမှ အဆိုပြုထားသည့် စိုးရိမ်မှုများကိုကြည့်လျှင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပတ်သက်၍ စိုးစဉ်းမျှ သို့မဟုတ် စိုးရိမ်ကြောင့်ကြမှုမျှပင် မဖော်ပြပေ။ စီးပွားရေးအရ ပြုပြင်ပြောင်းလဲမှု မရှိခြင်းသည် ပြည်သူတရပ်လုံး ဆန္ဒပြခြင်း၊ ဆန့်ကျင်ခြင်း များ၏ အဓိက နာကြည်းချက်ဖြစ်သည်။ ယခု ဆောင်းပါးသည် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေး အကျပ်အတည်း၏ အရင်းခံအကြောင်းကို မီးမောင်းထိုးပြရန် ကြိုးစားထားခြင်းဖြစ်သလို အမြဲ လိုလိုဖြစ်ပေါ်နေသော ခက်ခဲသည့် စီးပွားရေးပြဿနာရပ်များကို ၁၉၈၈ လွန် မြန်မာစစ်အစိုးရ များ မည်သို့ဖြေရှင်းရန် ကြိုးပမ်းပုံကိုလည်း ဆန်းစစ်ထားသည်။
စစ်အစိုးရ၏ လုပ်ဆောင်ချက်များ နောက်ကွယ်တွင် ထိုအချက်များကြောင့် မြန်မာပြည်သူများ အပေါ် ဂယက်ရိုက်မှု၊ စီးပွားရေးအပေါ် ဂယက်ရိုက်မှု၊ စစ်အစိုးရ တည်မြဲရေးအပိုင်းနှင့် အနာဂတ် အလားအလာကိုလည်း အကဲဖြတ်သွားမည်ဖြစ်သည်။
ယခုဆောင်းပါးသည် စစ်အစိုးရ၏ စီးပွားရေးစီမံခန့်ခွဲမှု မှားယွင်းမှုများ၊ အားနည်းချက်များနှင့် မြန်မာပြည်သူတရပ်လုံး၏ လိုအပ်ချက်နှင့်အကိုက်ညီဆုံးဖြစ်မည့် စီးပွားရေးပြောင်းလဲမှုများကို စစ်အစိုးရအနေဖြင့် တာဝန်ယူလုပ်ကိုင်ရေး ဖိအားပေးရန် တီထွင်ကြံဆရမည့် နည်းဗျူဟာ သစ်များ လိုအပ်ပုံကိုလည်း အသားပေး ဖော်ပြသွားမည်ဖြစ်သည်။

အပြည့်အစုံကိုPdf format ဖြင့်ဖတ်ရန်

1 comment:

  1. Who knows where to download XRumer 5.0 Palladium?
    Help, please. All recommend this program to effectively advertise on the Internet, this is the best program!

    ReplyDelete