8/31/2008

မိတ်ဆွေတို့ ဝတ္တရား

သင့်ကို အပေါ်ပြန်ရောက်အောင် စွမ်းဆောင်နိုင်တဲ့အခြေအနေဟာ ကျွန်ုပ်မှာ အခါခတ်သိမ်းရှိမည်မဟုတ်။

သို့ သော်....သင် အောက်ကိုကျမသွားအောင်တော့ ကျွန်ုပ်မလွဲမသွေ စဉ်းစားလုပ်ဆောင်မည်မလွဲပါ။







8/24/2008

AN IMPORTANT ASPECT OF BURMA’S HISTORY

-
Unfortunate for the country and the generations yet to come that the usurping generals are distorting Burma’s history by obliterating what they deemed best for them.

Since March 2, 1962 Burma Army rules the country illegally. Burma Army was constituted according to the Constitution adopted in 1947. Once that Constitution was abrogated, Burma Army automatically became a band of armed banditos.

The struggles to obtain independence from the British and from the Japanese are no small play, and, it is part and parcel of Burma whether one wants to recognize.

A long history of gradual progress in the political movement is something we ought to honor and cherish. Beginning with religious activity and then gradually developed into student activism, which later became the catalyst of the political movement and ultimately created an independence sovereign State.

In this struggles the role of Ko Aung San can never be obliterated, no-matter-what! As the Editor in Chief of Ou: Wei [The Cry of Peacock] he defied the British authorities.


(click on image for larger picture)



He had support of many student leaders who cooperated with him to remove the shackles of the British.








A few more glimpses of Ko Aung San before he took up armed struggles against the British.





-







Ko Aung San took up armed struggles against the British under the aegis of the Japanese Imperial Army.





The group photo with Comrades and Collaborators. Thirty Comrades marched in into Burma with the Japanese Imperial Army through Thailand.







Cooperating with the Japanese hoping that the Japs would give Burma “independence” but found later that it was a sham




Ko Aung San was now the General of the Burma Defense Army. Though independence was essentially on his mind, after all,he also was a human being; so he got married.









Ko Aung San changed sides. He joined hands with the British because, as he explained, British were winning.




Bogyoke, a straight talker, had few friends, but if necessary, he could mingle with people.









As peoples’ leader Bogyoke Aung San dared to walk down the street with no armed guards surrounded him at all.





Bogyoke Aung San, also known as Thakin Aung San along with other AFPFL leaders walked down the street to attend a mass meeting.





Attending function was part of a duty for a leader and Bogyoke Aung San performed well.





With Ko Aung San’s mentor Thakin Nu, they were together, from the students’ days later to the political fiefdom.





Bogyoke Aung San joined the Governor’s Executive Council in preparation for the independence of Burma.





Bogyoke at a Constitution Drafting Committee.







Bogyoke Aung San relentlessly endeavor for the rebuilding of the country.






Bogyoke Aung San at an official function.






Conferring with the ethnic leaders for independence of Burma.








With an ethnic leader; Bogyoke Aung San worked hand in hand with ethnic leaders that ultimately produced Panlong Agreement.





Bogyoke Aung San’s last public appearance at the Rangoon’s City Hall balcony where Thakin Nu presided the mass meeting just a few days before Bogyoke was assassinated by thugs with British collaboration.


Bogyoke Aung San was the Vice Chairman of the Governor’s Council. The British Government provided a motor vehicle for him. It was a British made, Wesley.













It is our inherent duty to honor the past and serve the future; and, with unswerving resolved we will challenge any attempt by any group in their attempt to distort the history of Burma. With best wishes to you all,

Maung Thar Kyaw

August 25, 2008.

8/20/2008

နေစရာမြေမရှိ ရှုစရာလေမရှိ

-
ဗမာပြည်တပြည်လုံးစစ်ဖနပ်အောက်ပြားပြားမှောက်နေသည်မှာရာစုနှစ်တ၀က်နီးပါးရှိခဲ့လေပြီ။
ကဗျာဆန်ဆန်ပြောရယင် စစ်ကျွန်အဖြစ်နွံနှစ်လာနေသည်မှာရွှေရတုတိုင်လုပြီ။
၂၀ရာစုဆိုသောကာလအပိုင်းအခြားတခုကိုဖြတ်သန်း၍ ၂၁ရာစုသို့ လည်းဝင်ခဲ့ပြီ ။
ကျွန်သက်ကား ရှည်ဆဲ။ ရဟန်းရှင်လူပြည်သူတရပ်လုံးကငုံ့ ခံနေကြတာတော့မဟုတ် နိုင်အားသမျှ တုံ့ ပြန်နေကြပါလျက် ရှေ့ခရီးကိုမျော်ကြည့်ပါကလည်းဝေးနေဆဲ။
ပြည်ပရောက်ဗမာပြည်သားတိုင်းရင်းသားအာလုံးကတခဲနှက် နိုးကြားစွာဆန့် ကျင် လာခဲ့သည်မှာလည်း အထင်အရှားပင်။ ပြည်တွင်းပြည်ပအားထုတ်မှုများ၏တခုသော ရလဒ်မှာ ဗမာ့အရေးကိုနိုင်ငံတကာက အလေးအနက်ထားစကားပြောလာခြင်းဖြစ်သည်။

ယနေ့ ကမ္ဘာတ၀န်းလုံးစံထားပြောနေကြသည့် အခြေခံလူ့ အခွင့်အရေးဟူသည် ဗမာပြည်အတွက် မှာတော့ စစ်အာဏာရှင်တို့ ကခွင့်မပြုလျင် “အသက်တောင်ရှုခွင့်မရှိ ” သည်ကို ခပ်ရေးရေးတော့မြင်လာကြလေပြီ။

တဖက်မှာ ယျထာဘူတ ကျစွာပြောရလျှင် ပြည်သူကိုဖိနှိပ်သက်ရှည်လာတာနဲ့ အမျှ စစ်အာဏာ ရှင်တို့ ၏
့ဖိနှိပ်မှုနည်းပညာများဟာ စနှစ်တကျဖြစ်လာ ကျွမ်းကျင်လာပါတယ်။ ပြည်သူကိုတိရိစ္ဆန်များလိုပုံသွင်းတဲ့အဆင့် ရောက်လာပါတယ်။ဖိနှိပ်ထားတာခြင်းအတူကိုယ့်တော့ မဖိနှိပ်ဖူးလို့ တချို့ ကိုထင်စေပြီးတချို့ ကိုတော့ငါ့တော့ ဖိနှိပ်ထားတယ် သူတို့ တော့မဖိနှိပ်ဖူးလို့  ထင်နေစေတာမျိုး တချို့ ကိုဖိနှပ်ညှင်းပမ်းနေတာမြင်လျက် ဒင်းတို့ တော့လုပ်တာတောင်နဲသေး ဆိုတဲ့အသိမျိုးပေးထားတာတွေ နောကြေလာပါသည်။
အဖိနှိပ်ခံအခြင်းခြင်းဆင့်ကဲဖိနှိပ်ခွင့် ပေးပြီးဖါးတပိုင်းတွေမွေးထုတ်တာမျိုး ချည်နှောင်တတ်လာပါသည်။

အခွင့်ရေးဖြင့်သိမ်းသွင်းရာတွင် ဗမာ့သမိုင်း တလျောက် ခုခေတ်ခုအခါလောက် လွတ်လပ်စွာ လုပ်ကိုင်နိုင်သည့်အခါကာလမရှိဖူးပါဟုပြော၍ပင်ရသည်။
သူတို့ ကိုထောက်ခံ သူတို့ ကိုပံ့ပိုး သတိုးသီရိသုဓမ္မ မဏိဇောတဒရ - မယားအတွက် သီရိသုဓမ္မ သိနင်္ဂီ
လင်စုံမယားဖက် ဘွဲ့ ထူးအပြူးလိုက် ပလပ်စ်(ဘိုလို) ဟော်တယ်ဆောက်မလား ဇိမ်ခန်းဖွင့်မလား
ဘိန်းဖြူအတောင့်လိုက်သယ်လာတယ်လား ပြဿနာမရှိ (ကြည်စဉ်-အေးစေ)။

ဘယ်လိုဘဲဖြစ်ဖြစ် ဇကောလောက်မှစောက်မနက်ညားသော်လည်း တစုံတခုသောအတိုင်းအတာ အားဖြင့်တော့
ထိရောက်သည်။
ဗမာပြည်အရှေ့ ဘက်ပိုင်းတလျောက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များ စီးပွါးအခွင့်ထူးနှင့် အူမြူးကုန်ကြသည်။ချော့ခြောက် မြူဆွယ်ရာမပါသည့် အစုအစည်းများကို အင်အားသုံးခြေမှုန်း သည့်အခါ စစ်ဆင်ရေး ထောက်ကူစီမံချက်များကြောင့် ရွာများအဓမ္မရွေ့  ပြောင်းခြင်း ခံရသည်။
သတ်မှတ်အချိန် သတ်မှတ်နေရာတွင်မနေနိုင်သူများမှာ သူပုန်စာရင်း အသွင်းခံရပြီးဖြစ်ရာ တွေ့ ရာအရပ်တွင် ချေမှုန်းသုတ်သင်ခံရသည်။
တွေ့ အောင်ရှာ၍လည်း သုတ်သင်ခြေမှုန်းခိုင်းသည်။ မနုဿသားကောင်များဘ၀ အသက်လုပြေးရသည်။ ပုန်းရသည်။ ရိုးသားသောတိုင်းရင်းသားတို့ ၏ အသိတွင် ဤအရေးသည်သူတို့တိုင်းရင်းသားတို့ ၏အရေးမျှသာဖြစ်သည်။
ဗမာပြည်အနောက်ဖက်မှတိုင်းရင်းသားတို့ သည်လည်း ထိုနည်းနှင်နှင်။

သူတို့ သိသည်မှာ မြန်မာစစ်တပ်လာသည်။သူတို့ ရွာသူတို့ အိမ်ယာ လက်ငုတ်လုပ်ငန်းတို့ ဆုံးရှုံးရသည်။ အနိုင်အထက်ပြုကျင့်သတ်ဖြတ်ခံရသည်။သူတို့ ကိုးကွယ်ရာ ဘာသာရေးအထွတ်အမြတ်နေရာများ မီးရှိုဖျက်ဆီးခံရသည်။
မြန်မာလူကြီးကတွေခိုင်းသည်။
မြန်မာစစ်သားတွေလာလုပ်တာဖြစ်သည်။











-

ထိုမြန်မာလူကြီး အတင်းတက်လုပ်နေသောစစ်အာဏာရှင်တစုသည်လူမျိုးစွဲ ဘာသာစွဲများမဟုတ်ကြပါ။
အာဏာစွဲ မှလွဲ၍ဘာဆိုဘာမှမသိပါ။
သူတို့ ကိုဆန့် ကျင်သည်ဟုယူဆလျှင် ဘယ်သူ့ ကိုမဆို ဘယ်နေရာမှာမဆို ရိုင်းစိုင်းရက်စက်စွာ အမြစ်လှန် ချေမှုန်းမည့် အာဏာရှုးစစ်ဘီလူးများသာလျင်ဖြစ်ပါသည်။
အာဏာကိုထိပါးလာသည်နှင့်နိုင်ငံရေးအဖွဲ့ အစည်းဖြစ်စေ၊ လူမှုရေးအဖွဲ့ အစည်းဖြစ်စေ၊ နာရေးအသင်း ဖြစ်စေ၊
အေ့စ်ရောဂါသည်ကိုစောင့်ရှောက်သူဘဲဖြစ်ဖြစ်- အေ့စ်ရောဂါသည်ကိုဘဲဖြစ်ဖြစ်- ကုန်ဈေးနှုံး ကျဆင်းရေး ကြွေးကြော်သူ လူ့ အခွင့်အရေး၊ အလုပ်သမားရေး၊ စာပေလွတ်လပ်ခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ လူထုခေါင်းဆောင်- တိုင်းရင်းသားခေါင်ဆောင်- ကဗျာဆရာ- စူပါစတား- လူရွှင်တော်- မင်းသား- ဘာဆို
ဘာမှမရှောင်တယောက်ထဲရော- အဖွဲ့ ချုပ်ရော- ဘာသောညာသော လာမပြောနဲ့ ။ ဂုတ်ဆွဲ၍ အချုပ်ထဲထည့်-
သူတို့ လက်လုပ် ဥပဒေနဲ့ ချီတုတ်၍တမျိုး - လက်ကိုင်တုတ် လူမိုက်တအုပ်နဲ .တရားဥပဒေမဲ့ ရိုက်နှက် သတ်ဖြတ်စေ၍တသွယ် - အနယ်နယ်၌ နိုင်ထက်ကလူ မင်းမူနေသူများ သာလျှင်ဖြစ်ကြပါသည်။
သူတို့ ကိုယ်တိုင်မိရိုးဖလာ ဗုဒ္ဒဘာသာဝင်များ ဖြစ်ငြားပါရဲ့ နှင့် ကြားလို့ မှမတော် ကိုယ်တော်ခမျာ
ဓါတ်တိုင်မှာကြိုးတုတ်လို့ ဒုတ်နဲ့ အရိုက် ခံထိုက်သလားဗျာ။
မြန်မာ-မြန်မာခြင်းလဲညှင်းရုံမက သူ့ လူသူ့ စစ်သားများလဲ အဆင့်ဆင့် နိုင်ရာဗိုလ်ကျ ခွင့်မှအပ
မျှတတဲ့အခွင့်အရေး ဝေးပါသေးရဲ့ ။
ရှေ့ တန်းရောက်စစ်သားမယား နောက်တန်းမှာ (ကန်တော့ပါရဲ့ )ဖါခံစားရတယ်ဆိုတာ ရိုးများတောင်သွားပါပေါ့။
ခုအခါများမှာတော့ ရှေ့ တန်းပြန် စစ်သားလေး ရန်ကုန်မှာ ဖာခံရ လို့ နောက်တန်း ရောက်မှနောက် ပွင့်ဒဏ်ခံ နေရဆိုပါလား။
ရှေ့ တန်းစစ်ဆင်ရေးဆိုတာမှာလဲ တပ်မ တပ်တွေနဲ့ စကခတပ်တွေဟာတိုင်းဌာနချုပ်နယ်မြေတွေမှာ ပူးတွဲဝင် ယူရတာမို့  ဒေသတိုင်းမှူးကသူ့ အပိုင် တိုင်းတပ်တို့ ဒကစ တပ်တို့ကိုတော့ ဆက်ကြေးကောက် မြို့ရွာဒေသ အုပ်ချုပ်ရေး ကိစ္စတွေမှာ လူတွင်ကျယ်လုပ် ခေါင်းပုံဖြတ် နိုင်တဲ့အကွက်
တွေမှာထားပီး စစ်ရေးအရ ကြမ်းတမ်းတဲ့ ဒေသတွေဆိုရင် တပ်မ တပ်တွေနဲ့ စကခတပ်တွေ သာမိုးထဲရေထဲမှာ ငါးပိ
တောင်အနိုင်နိုင် နပ်မမှန် ဘဲ စစ်ဆင်ရေးဝင်ရ လေ့ရှိပါသည်.
..တဲ့။




မိသားစု စားဝတ်နေရေးဒဏ် တပ်တွင်း ကြီးနိုင်ငယ်ညှင်းဒဏ်မခံနိုင်လို့ နေ့ စဉ်နှင့် အမျှ
ထွက်ပြေးနေကြတာမှာ အခြားအဆင့်များသာမက အရာရှိများပါ ပါပါသည်။











ပြန်လည်ဖမ်းဆီးမိလာသော တပ်ပြေး၂ဥင်္ီး၏ ကံကြမ္မာ

ဒီကြားထဲ ကံဆိုးသူမောင်ရိုဟင် အမိမဲ့သားများခမြာမလဲ နအဖကနှိပ်စက်ကလူ ဒေသ သားချင်းကလဲ မိတ်ဖက်မယူ လူ့ အခွင့်အရေး ဆရာတို့ ပို့ သိတဲ့စာရင်းအရ ၂၀၀၇-၂၀၀၈အတွင်းမှာ ရခိုင်ဒေသက
ထွက်ခဲ့ကြတာ လှေအစီး၅၀၀ လူပေါင်း ၇၀၀၀ကျော် ရှိပါသတဲ့။
အဲဒီထဲက ထိုင်းကိုရောက်လာပြီး အဖမ်းခံရသူ ဒီနှစ်မေလအထိ လူ၁၂၀၀ကျော် မလေး နဲ့ အင်ဒိုနီးရှားကို ရောက်သွားတာက ၁၀၀၀ နီးပါး ကျန်တာကတော့ အလ္လာအသျှင်မြက်ရဲ့  အမိန့် တော်ခံသွားပြီလို့ သာ
ယျေဘူယ ယူဆကြပေတော့။

စုစည်းကျေးရွာ relocation site






စစ်တပ်က သူပုန်ရှင်းလင်းရေး စစ်ဆင်ရေးလုပ်တဲ့အခါ သူပုန်ကို ရိက္ခာဆေးဝါး သတင်း ဖြတ်တောက်ဖို့
့အတွက် ဒေသအတွင်းကရွာတွေကို အတင်းအကျပ်ရွှေ့ ပြောင်းခိုင်းပီး သူတို့ လက်လှမ်းမှီထိမ်းချုပ် နိုင်တဲ့
နေရာမှာအနေခိုင်းပါသည်။ဒါကိုစုစည်းကျေးရွာလို့ ခေါ်ကြပါသည်။
သူတို့ အတင်းအဓမ္မဖျက်လို့ ပျက်သွားတဲ့ရွာတွေဟာ နှစ်ပေါင်းရာနဲ့ ချီပြီးတည်ရှိလာတဲ့ရွာတွေ
ဖိုးဖွားဘီဘင်ကစပီး ဓါးမဦးချ လုပ်ကိုင်စားသောက်ခဲ့တဲ့လုပ်ကွက် လုပ်ငန်များရှိရာအရပ်ဆိုတာလောက်မှ
ှမတွေးတတ်တဲ့ ဗာလာနံဗိုလ်ချုပ်တစုအတွက် ရွာတရွာဖြစ်တည်လာဖို့ ဆိုတာ လိုအပ်တဲ့ရေခံမြေခံ
လမ်းပမ်းအဆက်အသွယ် မြစ်ချောင်းတောတောင် စားကျက် စားကွက်တွေအပြင် နေတဲ့လူမျိုးရဲ့ ရိုးရာ ဓလေ့စရိုက် အသက်မွေးဝမ်းကျောင်း အတတ်ပညာတို့ နဲ့ ရှက်နွယ်ပြီးမှနှစ်ပေါင်းများစွာ တိုးတက် ဖြစ်တည်ခဲ့ရတယ်ဆိုတာသိနိုင်စွမ်းရှိကိုမရှိရှာပါဘူး။

P:ဒီနေရာမှာ အထက်က စုစည်းကျေးရွာ ပုံနဲ့ ဆက်စပ်လို့ တခုပြောပရစေ
အတင်းပြောင်းခိုင်းပီးမီးရှို့ ဖျက်ဆီးခံရတဲ့ 
သူတို့ ရဲ့ မူလအိမ်ဆိုတာက ဒီလို လေးတိုင်စင် တဲမျိုးကိုပြောတာမဟုတ်။
ဝေးလံသီခေါင်သောဒေသဖြစ်သော်လည်း သစ်ကြီးဝါးကြီး ပေါရာအရပ်ဖြစ်၍ အိမ်ကြီးအိမ်ခိုင် တကဲ့အိမ်အစစ်တွေဖြစ်သည်။

ကြုံကြိုက်တိုက်ဆိုင်၍ဖတ်ရှုမိသော အထက်အမိန့် ဆိုတာနှင့် အလုပ် လုပ်ရသည့် စစ်သည်တော် အပေါင်းတို့
့စဉ်းစားကြပါ။
ဥယျဉ်ပန်းမန်နှင့်အိမ်ကြီးအိမ်ခိုင် ကိုမီးရှို့ ဖျက်ဆီးပြီး ပြည် သူကိုရိုက်နက်လို့ လွင်တီးခေါင်တွင်လေးတိုင်စင်နဲ့ အနေခိုင်းတဲ့ အမိန့် ရဲ့ အနှစ်သာရကို စစ်ရေးအမြင်နဲ့ ဘဲ ကြည့်တယ် ဆိုအုံးတော့ ရန်သူနဲ့ ပြည်သူ......။ ပြည်သူကိုကာကွယ်ဖို့  ရန်သူကိုသုတ်သင်လို့  အမိန့် ပေးတာပါဆိုတာ ရှေ့ 
နောက်ညီပါရဲ့ လား။



နေစရာမြေမရှိခေါ်စရာအဖေမရှိသူများ သတင်း
၂၀၀၈ခုမတ်လဆန်းမှာ ရက်ပေါင်း၂၀ကြာ စက်ပျက်ပြီး အိန္ဒိယသမုဒ္ဒရာထဲမှာမျောပါနေတဲ့ သစ်သားလှေငယ်တစင်းကို သီရိလင်္ကာရေတပ်ကတွေ့ ရှိကယ်ဆယ်ခဲ့ရာမှာ မြန်မာနိုင်ငံသားရိုဟင်ဂျာ၅၀နဲ့ ဘင်္ဂလားဒေ့ခ်ျသားရိုဟင်ဂျာ၂၀ အစာရေစာပြတ်နေတာကိုတွေ့ ရှိကယ်ဆယ်ခဲ့ရတယ်လို့
့အေပီသတင်းဌာနကမတ်လ ၃ ရက်နေ့ မှာ သတင်းထုတ်လွင့်သွားပါသည်။
အစပိုင်းတွင် ဖေါ်ပြထားသောရခိုင်မှထွက်လာသည့်လှေစီးဒုက္ခသည်များ၏တစိတ်တဒေသ ဖြစ်သော ဤသတင်းအပြည့်အစုံမှာ ဖေဖေါ်ဝါရီလ၉ရက်မှ၂၀ရက်နေ့အတွင်းလှေ ၅ စီးဖြင့် စစ်တွေမြို့နယ် ဂွေးလရာရွာမှ မလေးရှားသို့ သွားရန် ထွက်ခွါလာသူများဖြစ်သည်။
အဆိုပါစက်လှေ ၅စီးတွင်လူ ၉၀ ဦး၊ ၁၀၀ ဦး၊ ၁၁၁ ဦး၊ ၁၀၅ ဦး နှင့် ၁၂၅ ဦးစီဖြင့် စုစုပေါင်း ၅၃၁ ဦးပါ
ဝင်သည်။
လူတယောက်အတွက်ကျပ်ငွေတစ်သိန်း စီပေးရသည် ဟုသိရသည်။

ပထမအစီး(လူ ၉၀ပါ)သည်စက်ပျက်ကာ ရက်ပေါင်း၂၀မျောနေပြီး
လူ၂၀လမ်းတွင်သေ၍ လူ၇၀ ကိုကယ်ဆယ် ထားပြီးသီရိလင်ကာမြောက်ပိုင်းထရီကွန်မာလီဆိပ်ကမ်းတွင်
ဆေးဝါးကုသပေးခဲ့သည်။

ဒုတိယလှေ နှင့်စတုတ္တလှေမှာမည်သို့
့ဖြစ်သွားကြောင်း မသိရပါ။

၁၁၁ ဦးပါတတိယလှေနှင့် လူ၁၂ရ ဦးပါ ပဉ္စမမြောက်လှေ တို့ သည် ဖေဖေါ်ဝါ ရီလဒုတိယ အပါတ်နှင့် တတိယအပါတ်တွင်ထိုင်းရေပိုင်နက်အတွင်းသို့ ရောက်ရှိသွားသည်။


ထိုင်းအပိုင်ကော့လောင်ကျွန်သို့ စက်ပျက်ကာရောက်လာသည့် လူ၁၂ရ ဦးပါ ပဉ္စမမြောက်လှေ ကိုဒေသခံများကလှေတစီး ရေနှင့်စားနှပ်ရိက္ခာများကူညီလိုက်သဖြင့်
ဖေဖေါ်ဝါရီလကုန်တွင် ထိုင်းရေမှ ထွက်၍ဆက်လက်ခရီးဆက်သွားသည်။

































တိုင်းပြည်တခုတွင်တော်လှန်ရေးတရပ်ပေါ်ပေါက်ရန် အခြေခံအချက်(၄)ချက်လိုအပ်ပါသည်။
၁။တည်ဆဲအစိုးရကို ဒီမိုကရေစီနည်းလမ်းအရတရားမျှတစွာဖြုတ်ချခွင့်မရှိခြင်း။
၂။တည်ဆဲအစိုးရသည် ပြည်သူလူထုအားအညှာအတာကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်စွာအုပ်ချုပ်ခြင်း။
၃၊ပြည်သူလူထု တရပ်လုံးကိုအကျင့်ပျက်ပြားစေခြင်း။
၎။သွားလာရခက်ခဲပြီးတောတောင်ထူတပ်ခြင်းစတဲ့ အချက် ၄ချက်လုံးဟာ ကျနော်တို့ ဗမာပြည်မှာ ပြည့်စုံနေပါတယ်။
ရဟန်းရှင်လူတိုင်းရင်းသားးပြည်သူများတက်ကြွတဲ့ အနေအထားမှာရှိနေပါတယ်။
ပြည်သူအများကချစ်ခင်တဲ့ခေါင်းဆောင် လေးစားတဲ့ခေါင်းဆောင် အစဉ်အလာရှိတဲ့ခေါင်းဆောင်အတွေအကြုံရှိတဲ့ခေါင်းဆောင်ကြီးငယ်လဲရှိနေပါတယ်။
ဘာလိုနေသလဲလို့ မိဘသဖွယ်လေးစားရတဲ့ နိုင်ငံရေး ၀ါရင့်ပုဂ္ဂိုလ်တယောက်ကိုမေးဘူးပါတယ်။
သူ့ အဖြေက “Concerted Effort ပါတဲ့။


ရွှင်လန်းချမ်းမြေ့ပါစေ။ စုစည်း ဆောင်ရွက်မှု ကိုလှမ်းတက်နိုင်ကြပါစေ။

8/19/2008

Will there be NATIONAL RECONCILIATION in Burma?

-

-No one in the right mind could deny Burma owed colossal amount of gratitude to Bogyoke Aung San for his sacrifices. We all could hardly overcome the unfathomable remorse from his untimely demise. Again, no one in the right mind could deny the fact that he was one of the main architects who founded Burma Army that has reached the current formidable stature in the region.


But the poignant point is that his only daughter Aung San Su Kyi, time and again, is put under house arrest for several years by the army that her father helped founded. If we just hone in our minds on Bogyoke Aung San and raise a question: “how would he feel to witness that the army he had helped raised is putting her one and only daughter under long house arrest”? Is it not too cruel or insolent or is it not amount to slapping the face of the one who we owed debts of gratitude much?

Besides, articles in the Burmese newspapers run by the junta, of course, they were written by individual independent writers, not junta’s cronies, and, one of the main themes of the articles is that: “the crow of the hen will not bring the dawn” or in Burmese “Kje’ Ma tun lou. mou: ma lin: boo” depicting Aung San Su Kyi being woman could not help steer the country. It is arguable that would the crow of the rooster sure to bring dawn?

There are several Hens in our neighboring countries as well as in Europe, and in the United States taking the role of bringing the dawns to their respective countries through their crows. In India Madam Sonia Gandhi has taken up the role of the matriarch once held by Indira Gandhi. Soniaji had brought back the ruling Congress Party to regain the current stature; Bangladesh had been ruled by two Ladies alternately; Sri Lanka was once under Mother-Daughter governments; Madame Bhutto was elected as the Prime Minister of male-dominant Pakistan until the Pakistan military toppled her unfairly; New Zealand has female Prime Minister; Germany has female Chancellor; the chance of seeing Madame Segolene Royal as the president of France that would have been the first ever woman president of France was narrowly missed; Ms. Nancy Pelosi has become the first female Speaker of the USCongress; the U.S. State Department has been under three lady Secretaries of State; Britain has a lady as the foreign minister and United Kingdom was once under Iron Lady Mrs. Thatcher for more than a decade; France had Madame Michelle as the Minister of Defense; Norway had Ms. Kristin Krohn Devold, as the Defense Minister; Madame Tansu Ciller was once the Prime Minister of Turkey to name a few Hens that have brought dawn with their crows and some might bring dawn if they are allowed to crow.

If Aung San Su Kyi could not bring dawn this would be a personal loss and people could remove her through ballot box if democracy is restored as promised, but, holding her under detention for so long has become a national as well as international cause unnecessarily.

In the male dominant Latin America, Argentina has first female minister of defense, Ms. Nilda Garre who announced recently that “the rules of secrecy cannot be transformed into an obstacle to truth and justice” that concerned the former military officers could no longer use the cloak of state secrecy laws as an excuse not to testify about illegal abductions, torture and disappearances under junta rule; Chile’s President Madame Michelle Bachelet, she herself was former minister of defense, has selected Madame Vivianne Blanlot as her Defense Minister. Vivianne was booed loudly when she went as the government envoy to the military funeral for ex-dictator Pinochet; she did not even winced a muscle but declared “I am the one who is in charge”, the next day she stripped Pinochet’s grandson of his army capacity for defending Pinochet’s iron-fisted rule at his funeral eulogy; Uruguay’s defense minister Ms. Azucena Berruti sacked her army chief last year for unauthorized meetings with political foes of the president; Ecuador had Ms. Guadalupe Larriva as the minister of defense and she was one of the seven women in a cabinet of 17; Colombia had Ms. Martha Lucia Ramirez as the minister of defense but resigned after feuding with the generals; these were the Hens in the Machismo Latin America where
they no longer consider the Hens are the softies. These countries have proven themselves that their countries are no longer sexist.

There was once Daw Aung San Su Kyi announced that she and the junta, the then SLORC, had reached some understanding and “as the other party has not revealed she would also follow suit” but she urged the people to have trust in her according to the news report. But that was foiled after her British husband visited soon after her announcement, and, after his return from Rangoon he declared at the Don Muang airport, Bangkok that “there is no understanding between the junta and my wife”; that was the end of that episode. Now the influential husband is dead, so the process of discussion or negotiation or what-so-ever could probably be restarted without any foreign intrigues?

Daw Aung San Su Kyi was once barred from visiting places in the country. Her trips to Siriam, Bassein and Mandalay were all forcefully barred. But later on she was allowed to make a tour de force of the entire country with full permission or official connivance from the junta?
Something went wrong at some point, quite unknown up to this point, when her motorcade was attacked at De Pai Yinn and since then she has been incarcerated until now. Only after that incident the public have the full view or knowledge how deep the two sides had reached a cordial relationship and understanding when the photographs of the State Dinner given to Aung San Su Kyi attended by top members of the junta and the NLD EC; State sponsored tour of the structural development at certain areas exclusively for Aung San Su Kyi and her top Party Executives, etc. were published in the State-run newspapers.
The two sides had more than once walked on the friendship path and it is a general belief of the masses that it could be done once more that could lead to national unity.
A prominent person from Rangoon pointed: “we all are breathing not as of birthright but because we are allowed to breath by the junta”. If that is the case, the junta is the principal institution that is fully responsible to rekindle the national unity through national reconciliation.

No matter what, it is obvious that the Senior General is the supremo who has the absolute authority [The’ u: hsan bain], and no magnanimity could be initiated from any one but him. He could forge national reconciliation if he wishes, as many believe.

The most important issue to tackle at this juncture is how to preserve the Union? By hook or by crook, the defragmentation of the Union must be prevented, and, military alone would not serve the purpose. The country needs political solution. Without the genuine support of the political leaders the efforts of the junta would not bear fruits; so also, without the support of the Armed Forces no political institution could forge any political progress.

Many have said “there would be an enormous explosion or implosion against military rule unless the energy of the people could be channeled into economic productivity”. Let us prevent that eminent fury, and let us hope that soon the junta would offer olive branch to the political institutions to channel the energy of the masses into economic productivity.

Sadly enough, thinking about Aung San Su Kyi reminds a story as told by Premier Zhou Enlai of the Peoples’ Republic of China quite sometimes ago that was revealed by Khun Sirin Phathanothai in her book “The Dragon’s Pearl”: ‘A man was on a long journey and after a time he ran out of food. He struggled on, but there was nothing to eat, and he was becoming desperate. Finally he met a family on the road, and he asked them for some bread. The old lady in the family gave him three mantou, which was all she had. The man was still hungry, though, and barely paused to express any thanks. Then he passed another house by the road and went in and asked for food. The people there gave him half of a bun. Now he was full and felt satisfied for the first time in a long while. That half burn saved his life, he said, thanking the family profusely’. Khun Sirin was another Hen who was one of the conduits in forging the friendship bridge between the Peoples’ Republic of China and Thailand since she was a minor.

Let us, for the sake of our beloved country, re-examine our history. We would find Bogyoke Aung San as “the old lady in the family who gave us three mantou, which was all he had”.

Maung Thar Kyaw









8/14/2008

နှိုးဆော်ချက်

မြန်မာ Chatter များအတွက် အထူးသတိပေးချက်

Myanmar Online ဟုခေါ်သော Network တစ်ခုမှ ပြုလုပ်ထားသည့် #ygnchat ဆိုသော Chatting Server တစ်ခုသည် spy module ကို အသုံးပြုပြီး .. Chatter များ၏ Private log များကို ခိုးယူကြည့်ရှုနေပါသည်။ ထို Chat မှ Admin Oper Op များသည် Chatter များ Private ကို ခိုးကြည့်ကာ မိန်းကလေးများ၏ ဖုန်းနံပါတ်များကို မှတ်သားပြီး ဖုန်းဆက်ခြင်း ၊ Email များကို ခိုးယူ၍ Email များ အတင်းပို့ခြင်း ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ကြည့်ရှု၍ အတင်းပြော ရယ်မောခြင်းများ ပြုလုပ်နေပါသည်။ ထို့အပြင် Nick register လုပ်ထားသော Password များကို ကြည့်၍ Chatter များ၏ Email များကို ၀င်ရောက်က ကိုယ်ရေးကိုယ်တာ ကိစ္စများကို ခိုးယူကြည့်ရှုကြသဖြင့် Nick register Password နှင့် Email Password များကို အတူတူ မဖြစ်စေရန် အထူးသတိထားရန် လိုအပ်ပါသည်။ သူတို့အသုံးပြုထားသော IRC Module များကို ကြည့်ချင်တယ်ဆိုရင် ဒီ Command လေးကို #ygnchat server တွင် ရိုက်ကြည့်ပါက မြင်တွေ့နိုင်မည်ဖြစ်ပါသည်။ /module ဆိုသော Command ကို ရိုက်ကြည့်ပါက အောက်တွင်ပြထားသော စာများပေါ်လာမည် ဖြစ်ပါသည်။ ထိုပေါ်လာသော စာသားများသည် သူတို့အသုံးပြုထားသော module များ ဖြစ်ပါသည်။

irc.myanmaronline.net.mm *** spy (real-time spying) [3RD] ဆိုသော module ကို ထိပ်ဆုံးတွင် တွေ့ရမည် ဖြစ်ပါသည်။ ထို module သည် Chatter များ၏ Privacy ကို တန်ဖိုးထားသော မည်သည့် IRC မှ အသုံးပြုခြင်း မရှိပါ။ ထို့ကြောင့် မြန်မာလူမျိုးအချင်းချင်း ကွန်ပြူတာတွင် သူတို့တော်သည် တတ်သည်ဆိုတိုင်း အခုလို အင်တာနက်ကို အသုံးပြုပြီး အလွဲသုံးစားပြုလုပ်နေသော Myanmar Online #ygnchat Server တွင် အတက်နိုင်ဆုံး Chatting မပြုလုပ်ဘဲ နေကြပါရန် အထူးသတိပေးအပ်ပါသည်။ ဤသတင်းအား သင်၏ သူငယ်ချင်းများကို Forward လုပ်ပေးခြင်းဖြင့် ထိုသူတို့၏ မတရားပြုလုပ်မှုများကို တားဆီးကြပါရန် ...။

ကျေးဇူးတင်ပါသည်
မြန်မာလူမျိုးကိုချစ်သော မြန်မာလူမျိုးတစ်ယောက်



ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှ ကူးယူဖေါ်ပြပါသည်။


***
#ygnchat Chatting Server သည် hi5 ကဲ့
သို့ သောဆိုရှယ်နက်ဝပ်တို့ မှတဆင့်လည်း
ဝန်ဆောင်မှုရှိသည်ကိုတွေ့ ရပါသည်။
လောလောဆယ် hi5 အ၀န်းအ၀ိုင်းအတွင်း
လူ၂၅၀ခန့် #ygnchat အုပ်စုတွင်ပါဝင် သုံးစွဲနေကြပြီဖြစ်သည်။


-ယ္ခုသတင်းနှင့်ပါတ်သက်၍ Myanmar Online ကိုကာလရှည်ကြာစွာသုံးစွဲနေဆဲသူတချို့ နှင့်လေ့လာသူ
အချို့ က ကောလဟာလသတင်းဖြစ်နိုင်သည်ဟုထောက်ပြပြောဆိုသည်များလည်းရှိပါသည်။
မည်သို့ ပင်ဖြစ်စေ သတင်းမှန်နေပါက ဆိုးကျိုးများမည်ဖြစ်၍ သုံးစွဲသူများခြင့်ချိန်သုံးသတ်နိုင်ရန်တင်ပြပါသည်။

ကိုလျာရှည်၏ဘလော့ဂ် http://www.koshershay.co.cc/ တွင်ဖတ်ခဲ့ရသော Myanmar Online နှင့်
ပါတ်သက်သည့်အမြင်များ။ ။


Anonymous said...
I know about this case well.it is just rumor about MyanmarOnline(MOL).This email is started by staffs from Aero Cyber Cafe because MOL announced its users that Aero Cyber Cafe stealing email passwords of their customers.So,staffs from Aero get angry and attackin MOL.
August 14, 2008 11:23 AM
Anonymous said...
I checked MOL ygnchat but I didnt see any spying module..we can check by typing /moduleI also dont think MOL operators are that dumb to install that module coz anyone can check whether if it exists.
August 14, 2008 11:42 AM
Ch-[V] said...
d har gyi ka.. kaw la har la lo htin dar pal .. i lal chatting win nay dar.. kyar par p .. ae lo myo tot ta khar mha ma phit fu par bu ... Internet so dar ko sa thi dar.. ae d MOL yet chatting ko win yin net.. ta sint pee ta sint .. a myin kyal pee.. Internet ko thone dat lar tar phit lo..d sa gar har.. lone wa kaw la har la pal phit par dal . thu doe pyaw ta lo lal /module ko yite kyi par p.. bar mha ma see par bu
August 14, 2008 12:24 PM

8/02/2008

ဒေါင်းလေ၊ ဒေါင်းလွင့် နှင့် ဒေါင်းရေပေါ်ဆီ များသို့

-
တုံချိချိ အမေအိုနဲ့ အမေ့ကို ကံရှိသလောက်
လူ့ဘဝမှာ သက်တမ်းစေ့လေး နေနိုင်စေဘို့
ကော်ဖီရောင် အသားအရေနဲ့ မဝရေစာ ဘဲစားရလို့
အဟာရ ချို့တဲ့နေတဲ့ ပိန်လှီလှီ ခန္ဓာကိုယ်ကို အရင်းပြုပြီး
အိမ်သားတွေ မရိပ်မိအောင် အလုပ်ကျွေး ပြုနေတဲ့
ဆယ့်ရှစ်နှစ် အရွယ် နှမငယ်ကို
မြို့တော်ရဲ့ အစွန် အဖျား ကျူးကျော် ကွက်သစ်ကြားမှာ
ခဏ ဆိုပြီး ထားရစ်ခဲ့ကာ နေဝန်းနီနီ ပေါ်ထွက်တဲ့
သူရဲကောင်း တော်လှန်သူတွေရှိတဲ့ လွတ်မြောက်နယ် မြေကို
မျှော်လင့်ချက်တွေ တလှေကြီးပိုက်ပြီး သူဆိုက်ဆိုက် မြိုက်မြိုက် ရောက်ခဲ့တယ်လေ။

မြို့အနားမှာကျက်စားတဲ့ ကိုကိုမြို့သား
တောထဲရောက်စ
တောသဘာဝ သိပ်မကျသေးတော့
တောသူတောင်သား တိုင်းရင်းသားတွေ
ရှာဖွေမျှတ ကျွေးခဲ့ကြတဲ့
အသားငါးဖါးတွေကို
ငါးဆိုရင်လည်း အရိုးကများသေး
မျောက်ဆိုရင်လည်း ချေးကခါးသေး
ဝါးမျိုမကျ ထွေးအံရဘူးပြီ။

အတန်းကျောင်းတက်စဉ်က ကိုလူလည်မြို့သားတွေနဲ့
အတူနေခဲ့ဘူးတော့ မျက်လုံးလေး နဲနဲကျယ်ပြီး
လူရေလည်ခဲ့ ဘူးသူ ဘိုစာလေး စကားမှာညှပ်ပြော
ရက်စ် အော် နိုး ပေါ့နော…

အော်….နောက်ဆုံးတော့ တိုက်ဖေါ်တိုက်ဖက် ငတ်ဖေါ်ငတ်ဖက်
ကိုဒေါင်းနဲ့ ငှက်ကို နယ်ခြားနဲ့ တောင်ကြားမှာချန်
တောထဲမှာ အနေခက် မြို့ကို တက်ခဲ့ရပြန်ပြီ။

မာကျူရီမီးများရဲ့အောက် မြို့ကြီးများရဲ့ အကွေ့အကောက်
မြို့သူများရဲ့ မာယာတွေကြား မနစ်ပါးအောင် လူးလွန့်ရုံးကန်
အချိန်တန် တော့ အတွဲကလေးနဲ့ငြိ ဒါပေမယ့်လေ…
ကိုယ့်ကိုယ်ကို အနစ်အမွန်းမခံ သင်တန် သင် ဖတ်တန် ဖတ်
အဲဒါမှ အငတ်ခံရတဲ့ ဘဝ က တရံမလပ် လွတ်မယ်မဟုတ်လား။

အကွေ့ အကောက် အနိမ့် အမြင့် အတက် အဆင်း
အလိမ် အကျစ် အဆင့်ဆင့်ကို အနှစ်နှစ် ဖြတ်သန်း
ရမ်းရော်ကာ မှန်းမျှော်ကြည့်သော် အော်… အနှစ် နှစ်ဆယ်တောင် ရှိတော့မှာပါလား….

တချို့လည်း အာဇာနည် အဖြစ် သေရစ်ခဲ့ကြပြီ
တချို့လည်း ခြေလက် ကိုယ်အင်္ဂါ စွန့်ခဲ့ရပြီ
တချို့လည်း ပညာတတ်တွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း အကယ်ဒမစ် (Academic) တွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း စစ်ရေးကျွမ်းကျင်သူတွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း နိုင်ငံရေး ကျွမ်းကျင်သူတွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း သတင်းသမား (Journalist) တွေဖြစ်ခဲ့ကြပြီ
တချို့လည်း NGO တွေဖြစ်ခဲ့ ကြပြီ
တချို့လည်း Project နဲ့ လုပ်စားတဲ့ နိုင်ငံရေးသမားတွေ ဖြစ်ခဲ့ကြပြီ
တချို့လည်း နိုင်ငံတကာဆုရတဲ့ လူ့အခွင့်ရေးသမားတွေ ဖြစ်ကြပြီ
တချို့လည်း (နိုင်ငံရေး) အဖွဲ့ကြီးတွေမှာ အကောင်ကြီးတွေ ဒါရိုက်တာ ကြီးတွေ ဖြစ်ကြပြီ
တချို့လည်း အမေရိကန် နိုင်ငံသားတွေ ဖြစ်ကြပြီ
တချို့လည်း ……………
တချို့လည်း ……………
တချို့လည်း ……………ဖြစ်ခဲ့ကြပြီ ဖြစ်ကြပြီ….

ဒီလိုနဲ့ သူတို့ကိုယ် သူတို့
ပြန်ကာမြင်ကြည့် ငါဆရာလို့ ထင်မိ
ငါသာသိတယ်လို့ ထင်ယောင် ငါ အကောင် အကောင် ပေါ့၊

ဒါပေမယ့်
သူတို့မေ့ သူတို့မသိတော့တာက…

အဟာရပြည့်အောင် ထမင်းရည်တောင်
မှန်အောင် မသောက်နိုင်တဲ့ အမေအို
ဘဝ တပါးကို ပြောင်းသွားပြီး ဆိုတာရယ်၊

တမိသားစုလုံး ရဲ့ ဝန်ကို မနိုင့်အနိုင် ထမ်းရင်း
အေ့စ် လို့ အခေါ် ကိုယ်ခံအား ကျဆင်းတဲ့ ရောဂါနဲ့
မရဏ မင်း ခေါ်ရာနောက် ကောက်ကောက်ပါအောင်
လိုက်သွားရရှာတဲ့ နှမ ငယ်ရယ်၊

လောကဓံရဲ့ ခါးသီးတဲ့ အနှိပ်စက် မျှမတတဲ့ ကံကြမ္မာ တွေကြောင့်
လူ့ဘောင်ကိုစွန့်ခွါ သာသနာ့ ရိပ်ကို
ခိုဝင်သွားတဲ့ မောင်ဘွား ရွှေဝါရောင် အရေးခင်းမှာ
ပြည်သူဘက်က မျှတခံစားမိပြီး မေတ္တာသုတ်ရွတ်ကာ စကြံ င်္လျှောက်
မီးလျှံတောက်တဲ့ အကြည့်တွေရယ် လက်မှာကွယ် ဝါးလုံးအဆစ်ပိတ်
ထိုဝါးလုံးပိတ်နဲ့ (မင်းညီမောင်) ဒို့ ဘုန်းဘုန်း ထိပ်ကိုရွယ်
သက်ညှာမယ် ဒင်း (စွမ်းအားရှင်) တို့ စိတ်မကူးဘဲ
အုံး ကနဲခွဲ ဘုံး ကနဲလဲပြီး ဦးခေါင်းတော်က သွေးတွေရယ်
မြို့ရဲ့လယ် ပေတရာလမ်းကို သွေးပင်လယ် အဖြစ် လွှမ်းကာလေ
မရဏာ လမ်းကို ပြည်သူတွေအတွက် ရှေ့ကကြွလှမ်း
ကြွလှမ်း သွားပြီဆိုတာရယ်၊

အဲဒီလို သူတို့ရဲ့ အမေ
နှမငယ် နဲ့ မောင်ဘွား ဘာရယ် ကြောင့် များ
လူ့ပြည်မှာနေ မအားဘဲ သေ… သေ သွား ကြသလဲ ဆိုတာ
သူတို့မေ့ သူတို့ မသိ (အခုတော့)
သူတို့ သိလည်း မသိချင်တော့ဘူးထင်ပါတယ်။ ။

မောင်း၊ ၈၈