8/20/2008
နေစရာမြေမရှိ ရှုစရာလေမရှိ
-
ဗမာပြည်တပြည်လုံးစစ်ဖနပ်အောက်ပြားပြားမှောက်နေသည်မှာရာစုနှစ်တ၀က်နီးပါးရှိခဲ့လေပြီ။
ကဗျာဆန်ဆန်ပြောရယင် စစ်ကျွန်အဖြစ်နွံနှစ်လာနေသည်မှာရွှေရတုတိုင်လုပြီ။
၂၀ရာစုဆိုသောကာလအပိုင်းအခြားတခုကိုဖြတ်သန်း၍ ၂၁ရာစုသို့ လည်းဝင်ခဲ့ပြီ ။
ကျွန်သက်ကား ရှည်ဆဲ။ ရဟန်းရှင်လူပြည်သူတရပ်လုံးကငုံ့ ခံနေကြတာတော့မဟုတ် နိုင်အားသမျှ တုံ့ ပြန်နေကြပါလျက် ရှေ့ခရီးကိုမျော်ကြည့်ပါကလည်းဝေးနေဆဲ။
ပြည်ပရောက်ဗမာပြည်သားတိုင်းရင်းသားအာလုံးကတခဲနှက် နိုးကြားစွာဆန့် ကျင် လာခဲ့သည်မှာလည်း အထင်အရှားပင်။ ပြည်တွင်းပြည်ပအားထုတ်မှုများ၏တခုသော ရလဒ်မှာ ဗမာ့အရေးကိုနိုင်ငံတကာက အလေးအနက်ထားစကားပြောလာခြင်းဖြစ်သည်။
ယနေ့ ကမ္ဘာတ၀န်းလုံးစံထားပြောနေကြသည့် အခြေခံလူ့ အခွင့်အရေးဟူသည် ဗမာပြည်အတွက် မှာတော့ စစ်အာဏာရှင်တို့ ကခွင့်မပြုလျင် “အသက်တောင်ရှုခွင့်မရှိ ” သည်ကို ခပ်ရေးရေးတော့မြင်လာကြလေပြီ။
တဖက်မှာ ယျထာဘူတ ကျစွာပြောရလျှင် ပြည်သူကိုဖိနှိပ်သက်ရှည်လာတာနဲ့ အမျှ စစ်အာဏာ ရှင်တို့ ၏
့ဖိနှိပ်မှုနည်းပညာများဟာ စနှစ်တကျဖြစ်လာ ကျွမ်းကျင်လာပါတယ်။ ပြည်သူကိုတိရိစ္ဆန်များလိုပုံသွင်းတဲ့အဆင့် ရောက်လာပါတယ်။ဖိနှိပ်ထားတာခြင်းအတူကိုယ့်တော့ မဖိနှိပ်ဖူးလို့ တချို့ ကိုထင်စေပြီးတချို့ ကိုတော့ငါ့တော့ ဖိနှိပ်ထားတယ် သူတို့ တော့မဖိနှိပ်ဖူးလို့  ထင်နေစေတာမျိုး တချို့ ကိုဖိနှပ်ညှင်းပမ်းနေတာမြင်လျက် ဒင်းတို့ တော့လုပ်တာတောင်နဲသေး ဆိုတဲ့အသိမျိုးပေးထားတာတွေ နောကြေလာပါသည်။
အဖိနှိပ်ခံအခြင်းခြင်းဆင့်ကဲဖိနှိပ်ခွင့် ပေးပြီးဖါးတပိုင်းတွေမွေးထုတ်တာမျိုး ချည်နှောင်တတ်လာပါသည်။
အခွင့်ရေးဖြင့်သိမ်းသွင်းရာတွင် ဗမာ့သမိုင်း တလျောက် ခုခေတ်ခုအခါလောက် လွတ်လပ်စွာ လုပ်ကိုင်နိုင်သည့်အခါကာလမရှိဖူးပါဟုပြော၍ပင်ရသည်။
သူတို့ ကိုထောက်ခံ သူတို့ ကိုပံ့ပိုး သတိုးသီရိသုဓမ္မ မဏိဇောတဒရ - မယားအတွက် သီရိသုဓမ္မ သိနင်္ဂီ
လင်စုံမယားဖက် ဘွဲ့ ထူးအပြူးလိုက် ပလပ်စ်(ဘိုလို) ဟော်တယ်ဆောက်မလား ဇိမ်ခန်းဖွင့်မလား
ဘိန်းဖြူအတောင့်လိုက်သယ်လာတယ်လား ပြဿနာမရှိ (ကြည်စဉ်-အေးစေ)။
ဘယ်လိုဘဲဖြစ်ဖြစ် ဇကောလောက်မှစောက်မနက်ညားသော်လည်း တစုံတခုသောအတိုင်းအတာ အားဖြင့်တော့
ထိရောက်သည်။
ဗမာပြည်အရှေ့ ဘက်ပိုင်းတလျောက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များ စီးပွါးအခွင့်ထူးနှင့် အူမြူးကုန်ကြသည်။ချော့ခြောက် မြူဆွယ်ရာမပါသည့် အစုအစည်းများကို အင်အားသုံးခြေမှုန်း သည့်အခါ စစ်ဆင်ရေး ထောက်ကူစီမံချက်များကြောင့် ရွာများအဓမ္မရွေ့  ပြောင်းခြင်း ခံရသည်။
သတ်မှတ်အချိန် သတ်မှတ်နေရာတွင်မနေနိုင်သူများမှာ သူပုန်စာရင်း အသွင်းခံရပြီးဖြစ်ရာ တွေ့ ရာအရပ်တွင် ချေမှုန်းသုတ်သင်ခံရသည်။
တွေ့ အောင်ရှာ၍လည်း သုတ်သင်ခြေမှုန်းခိုင်းသည်။ မနုဿသားကောင်များဘ၀ အသက်လုပြေးရသည်။ ပုန်းရသည်။ ရိုးသားသောတိုင်းရင်းသားတို့ ၏ အသိတွင် ဤအရေးသည်သူတို့တိုင်းရင်းသားတို့ ၏အရေးမျှသာဖြစ်သည်။
ဗမာပြည်အနောက်ဖက်မှတိုင်းရင်းသားတို့ သည်လည်း ထိုနည်းနှင်နှင်။
သူတို့ သိသည်မှာ မြန်မာစစ်တပ်လာသည်။သူတို့ ရွာသူတို့ အိမ်ယာ လက်ငုတ်လုပ်ငန်းတို့ ဆုံးရှုံးရသည်။ အနိုင်အထက်ပြုကျင့်သတ်ဖြတ်ခံရသည်။သူတို့ ကိုးကွယ်ရာ ဘာသာရေးအထွတ်အမြတ်နေရာများ မီးရှိုဖျက်ဆီးခံရသည်။
မြန်မာလူကြီးကတွေခိုင်းသည်။
မြန်မာစစ်သားတွေလာလုပ်တာဖြစ်သည်။
-
ထိုမြန်မာလူကြီး အတင်းတက်လုပ်နေသောစစ်အာဏာရှင်တစုသည်လူမျိုးစွဲ ဘာသာစွဲများမဟုတ်ကြပါ။
အာဏာစွဲ မှလွဲ၍ဘာဆိုဘာမှမသိပါ။
သူတို့ ကိုဆန့် ကျင်သည်ဟုယူဆလျှင် ဘယ်သူ့ ကိုမဆို ဘယ်နေရာမှာမဆို ရိုင်းစိုင်းရက်စက်စွာ အမြစ်လှန် ချေမှုန်းမည့် အာဏာရှုးစစ်ဘီလူးများသာလျင်ဖြစ်ပါသည်။
အာဏာကိုထိပါးလာသည်နှင့်နိုင်ငံရေးအဖွဲ့ အစည်းဖြစ်စေ၊ လူမှုရေးအဖွဲ့ အစည်းဖြစ်စေ၊ နာရေးအသင်း ဖြစ်စေ၊
အေ့စ်ရောဂါသည်ကိုစောင့်ရှောက်သူဘဲဖြစ်ဖြစ်- အေ့စ်ရောဂါသည်ကိုဘဲဖြစ်ဖြစ်- ကုန်ဈေးနှုံး ကျဆင်းရေး ကြွေးကြော်သူ လူ့ အခွင့်အရေး၊ အလုပ်သမားရေး၊ စာပေလွတ်လပ်ခွင့်၊ ကိုးကွယ်ယုံကြည်ခွင့်၊ လူထုခေါင်းဆောင်- တိုင်းရင်းသားခေါင်ဆောင်- ကဗျာဆရာ- စူပါစတား- လူရွှင်တော်- မင်းသား- ဘာဆို
ဘာမှမရှောင်တယောက်ထဲရော- အဖွဲ့ ချုပ်ရော- ဘာသောညာသော လာမပြောနဲ့ ။ ဂုတ်ဆွဲ၍ အချုပ်ထဲထည့်-
သူတို့ လက်လုပ် ဥပဒေနဲ့ ချီတုတ်၍တမျိုး - လက်ကိုင်တုတ် လူမိုက်တအုပ်နဲ .တရားဥပဒေမဲ့ ရိုက်နှက် သတ်ဖြတ်စေ၍တသွယ် - အနယ်နယ်၌ နိုင်ထက်ကလူ မင်းမူနေသူများ သာလျှင်ဖြစ်ကြပါသည်။
သူတို့ ကိုယ်တိုင်မိရိုးဖလာ ဗုဒ္ဒဘာသာဝင်များ ဖြစ်ငြားပါရဲ့ နှင့် ကြားလို့ မှမတော် ကိုယ်တော်ခမျာ
ဓါတ်တိုင်မှာကြိုးတုတ်လို့ ဒုတ်နဲ့ အရိုက် ခံထိုက်သလားဗျာ။
မြန်မာ-မြန်မာခြင်းလဲညှင်းရုံမက သူ့ လူသူ့ စစ်သားများလဲ အဆင့်ဆင့် နိုင်ရာဗိုလ်ကျ ခွင့်မှအပ
မျှတတဲ့အခွင့်အရေး ဝေးပါသေးရဲ့ ။
ရှေ့ တန်းရောက်စစ်သားမယား နောက်တန်းမှာ (ကန်တော့ပါရဲ့ )ဖါခံစားရတယ်ဆိုတာ ရိုးများတောင်သွားပါပေါ့။
ခုအခါများမှာတော့ ရှေ့ တန်းပြန် စစ်သားလေး ရန်ကုန်မှာ ဖာခံရ လို့ နောက်တန်း ရောက်မှနောက် ပွင့်ဒဏ်ခံ နေရဆိုပါလား။
ရှေ့ တန်းစစ်ဆင်ရေးဆိုတာမှာလဲ တပ်မ တပ်တွေနဲ့ စကခတပ်တွေဟာတိုင်းဌာနချုပ်နယ်မြေတွေမှာ ပူးတွဲဝင် ယူရတာမို့  ဒေသတိုင်းမှူးကသူ့ အပိုင် တိုင်းတပ်တို့ ဒကစ တပ်တို့ကိုတော့ ဆက်ကြေးကောက် မြို့ရွာဒေသ အုပ်ချုပ်ရေး ကိစ္စတွေမှာ လူတွင်ကျယ်လုပ် ခေါင်းပုံဖြတ် နိုင်တဲ့အကွက်
တွေမှာထားပီး စစ်ရေးအရ ကြမ်းတမ်းတဲ့ ဒေသတွေဆိုရင် တပ်မ တပ်တွေနဲ့ စကခတပ်တွေ သာမိုးထဲရေထဲမှာ ငါးပိ
တောင်အနိုင်နိုင် နပ်မမှန် ဘဲ စစ်ဆင်ရေးဝင်ရ လေ့ရှိပါသည်.
..တဲ့။
မိသားစု စားဝတ်နေရေးဒဏ် တပ်တွင်း ကြီးနိုင်ငယ်ညှင်းဒဏ်မခံနိုင်လို့ နေ့ စဉ်နှင့် အမျှ
ထွက်ပြေးနေကြတာမှာ အခြားအဆင့်များသာမက အရာရှိများပါ ပါပါသည်။
ပြန်လည်ဖမ်းဆီးမိလာသော တပ်ပြေး၂ဥင်္ီး၏ ကံကြမ္မာ
ဒီကြားထဲ ကံဆိုးသူမောင်ရိုဟင် အမိမဲ့သားများခမြာမလဲ နအဖကနှိပ်စက်ကလူ ဒေသ သားချင်းကလဲ မိတ်ဖက်မယူ လူ့ အခွင့်အရေး ဆရာတို့ ပို့ သိတဲ့စာရင်းအရ ၂၀၀၇-၂၀၀၈အတွင်းမှာ ရခိုင်ဒေသက
ထွက်ခဲ့ကြတာ လှေအစီး၅၀၀ လူပေါင်း ၇၀၀၀ကျော် ရှိပါသတဲ့။
အဲဒီထဲက ထိုင်းကိုရောက်လာပြီး အဖမ်းခံရသူ ဒီနှစ်မေလအထိ လူ၁၂၀၀ကျော် မလေး နဲ့ အင်ဒိုနီးရှားကို ရောက်သွားတာက ၁၀၀၀ နီးပါး ကျန်တာကတော့ အလ္လာအသျှင်မြက်ရဲ့  အမိန့် တော်ခံသွားပြီလို့ သာ
ယျေဘူယ ယူဆကြပေတော့။
စုစည်းကျေးရွာ relocation site
စစ်တပ်က သူပုန်ရှင်းလင်းရေး စစ်ဆင်ရေးလုပ်တဲ့အခါ သူပုန်ကို ရိက္ခာဆေးဝါး သတင်း ဖြတ်တောက်ဖို့
့အတွက် ဒေသအတွင်းကရွာတွေကို အတင်းအကျပ်ရွှေ့ ပြောင်းခိုင်းပီး သူတို့ လက်လှမ်းမှီထိမ်းချုပ် နိုင်တဲ့
နေရာမှာအနေခိုင်းပါသည်။ဒါကိုစုစည်းကျေးရွာလို့ ခေါ်ကြပါသည်။
သူတို့ အတင်းအဓမ္မဖျက်လို့ ပျက်သွားတဲ့ရွာတွေဟာ နှစ်ပေါင်းရာနဲ့ ချီပြီးတည်ရှိလာတဲ့ရွာတွေ
ဖိုးဖွားဘီဘင်ကစပီး ဓါးမဦးချ လုပ်ကိုင်စားသောက်ခဲ့တဲ့လုပ်ကွက် လုပ်ငန်များရှိရာအရပ်ဆိုတာလောက်မှ
ှမတွေးတတ်တဲ့ ဗာလာနံဗိုလ်ချုပ်တစုအတွက် ရွာတရွာဖြစ်တည်လာဖို့ ဆိုတာ လိုအပ်တဲ့ရေခံမြေခံ
လမ်းပမ်းအဆက်အသွယ် မြစ်ချောင်းတောတောင် စားကျက် စားကွက်တွေအပြင် နေတဲ့လူမျိုးရဲ့ ရိုးရာ ဓလေ့စရိုက် အသက်မွေးဝမ်းကျောင်း အတတ်ပညာတို့ နဲ့ ရှက်နွယ်ပြီးမှနှစ်ပေါင်းများစွာ တိုးတက် ဖြစ်တည်ခဲ့ရတယ်ဆိုတာသိနိုင်စွမ်းရှိကိုမရှိရှာပါဘူး။
P:ဒီနေရာမှာ အထက်က စုစည်းကျေးရွာ ပုံနဲ့ ဆက်စပ်လို့ တခုပြောပရစေ
အတင်းပြောင်းခိုင်းပီးမီးရှို့ ဖျက်ဆီးခံရတဲ့ 
သူတို့ ရဲ့ မူလအိမ်ဆိုတာက ဒီလို လေးတိုင်စင် တဲမျိုးကိုပြောတာမဟုတ်။
ဝေးလံသီခေါင်သောဒေသဖြစ်သော်လည်း သစ်ကြီးဝါးကြီး ပေါရာအရပ်ဖြစ်၍ အိမ်ကြီးအိမ်ခိုင် တကဲ့အိမ်အစစ်တွေဖြစ်သည်။
ကြုံကြိုက်တိုက်ဆိုင်၍ဖတ်ရှုမိသော အထက်အမိန့် ဆိုတာနှင့် အလုပ် လုပ်ရသည့် စစ်သည်တော် အပေါင်းတို့
့စဉ်းစားကြပါ။
ဥယျဉ်ပန်းမန်နှင့်အိမ်ကြီးအိမ်ခိုင် ကိုမီးရှို့ ဖျက်ဆီးပြီး ပြည် သူကိုရိုက်နက်လို့ လွင်တီးခေါင်တွင်လေးတိုင်စင်နဲ့ အနေခိုင်းတဲ့ အမိန့် ရဲ့ အနှစ်သာရကို စစ်ရေးအမြင်နဲ့ ဘဲ ကြည့်တယ် ဆိုအုံးတော့ ရန်သူနဲ့ ပြည်သူ......။ ပြည်သူကိုကာကွယ်ဖို့  ရန်သူကိုသုတ်သင်လို့  အမိန့် ပေးတာပါဆိုတာ ရှေ့ 
နောက်ညီပါရဲ့ လား။
နေစရာမြေမရှိခေါ်စရာအဖေမရှိသူများ သတင်း
၂၀၀၈ခုမတ်လဆန်းမှာ ရက်ပေါင်း၂၀ကြာ စက်ပျက်ပြီး အိန္ဒိယသမုဒ္ဒရာထဲမှာမျောပါနေတဲ့ သစ်သားလှေငယ်တစင်းကို သီရိလင်္ကာရေတပ်ကတွေ့ ရှိကယ်ဆယ်ခဲ့ရာမှာ မြန်မာနိုင်ငံသားရိုဟင်ဂျာ၅၀နဲ့ ဘင်္ဂလားဒေ့ခ်ျသားရိုဟင်ဂျာ၂၀ အစာရေစာပြတ်နေတာကိုတွေ့ ရှိကယ်ဆယ်ခဲ့ရတယ်လို့
့အေပီသတင်းဌာနကမတ်လ ၃ ရက်နေ့ မှာ သတင်းထုတ်လွင့်သွားပါသည်။
အစပိုင်းတွင် ဖေါ်ပြထားသောရခိုင်မှထွက်လာသည့်လှေစီးဒုက္ခသည်များ၏တစိတ်တဒေသ ဖြစ်သော ဤသတင်းအပြည့်အစုံမှာ ဖေဖေါ်ဝါရီလ၉ရက်မှ၂၀ရက်နေ့အတွင်းလှေ ၅ စီးဖြင့် စစ်တွေမြို့နယ် ဂွေးလရာရွာမှ မလေးရှားသို့ သွားရန် ထွက်ခွါလာသူများဖြစ်သည်။
အဆိုပါစက်လှေ ၅စီးတွင်လူ ၉၀ ဦး၊ ၁၀၀ ဦး၊ ၁၁၁ ဦး၊ ၁၀၅ ဦး နှင့် ၁၂၅ ဦးစီဖြင့် စုစုပေါင်း ၅၃၁ ဦးပါ
ဝင်သည်။
လူတယောက်အတွက်ကျပ်ငွေတစ်သိန်း စီပေးရသည် ဟုသိရသည်။
ပထမအစီး(လူ ၉၀ပါ)သည်စက်ပျက်ကာ ရက်ပေါင်း၂၀မျောနေပြီး
လူ၂၀လမ်းတွင်သေ၍ လူ၇၀ ကိုကယ်ဆယ် ထားပြီးသီရိလင်ကာမြောက်ပိုင်းထရီကွန်မာလီဆိပ်ကမ်းတွင်
ဆေးဝါးကုသပေးခဲ့သည်။
ဒုတိယလှေ နှင့်စတုတ္တလှေမှာမည်သို့
့ဖြစ်သွားကြောင်း မသိရပါ။
၁၁၁ ဦးပါတတိယလှေနှင့် လူ၁၂ရ ဦးပါ ပဉ္စမမြောက်လှေ တို့ သည် ဖေဖေါ်ဝါ ရီလဒုတိယ အပါတ်နှင့် တတိယအပါတ်တွင်ထိုင်းရေပိုင်နက်အတွင်းသို့ ရောက်ရှိသွားသည်။
ထိုင်းအပိုင်ကော့လောင်ကျွန်သို့ စက်ပျက်ကာရောက်လာသည့် လူ၁၂ရ ဦးပါ ပဉ္စမမြောက်လှေ ကိုဒေသခံများကလှေတစီး ရေနှင့်စားနှပ်ရိက္ခာများကူညီလိုက်သဖြင့်
ဖေဖေါ်ဝါရီလကုန်တွင် ထိုင်းရေမှ ထွက်၍ဆက်လက်ခရီးဆက်သွားသည်။
တိုင်းပြည်တခုတွင်တော်လှန်ရေးတရပ်ပေါ်ပေါက်ရန် အခြေခံအချက်(၄)ချက်လိုအပ်ပါသည်။
၁။တည်ဆဲအစိုးရကို ဒီမိုကရေစီနည်းလမ်းအရတရားမျှတစွာဖြုတ်ချခွင့်မရှိခြင်း။
၂။တည်ဆဲအစိုးရသည် ပြည်သူလူထုအားအညှာအတာကင်းမဲ့စွာ ရက်စက်ကြမ်းကြုတ်စွာအုပ်ချုပ်ခြင်း။
၃၊ပြည်သူလူထု တရပ်လုံးကိုအကျင့်ပျက်ပြားစေခြင်း။
၎။သွားလာရခက်ခဲပြီးတောတောင်ထူတပ်ခြင်းစတဲ့ အချက် ၄ချက်လုံးဟာ ကျနော်တို့ ဗမာပြည်မှာ ပြည့်စုံနေပါတယ်။
ရဟန်းရှင်လူတိုင်းရင်းသားးပြည်သူများတက်ကြွတဲ့ အနေအထားမှာရှိနေပါတယ်။
ပြည်သူအများကချစ်ခင်တဲ့ခေါင်းဆောင် လေးစားတဲ့ခေါင်းဆောင် အစဉ်အလာရှိတဲ့ခေါင်းဆောင်အတွေအကြုံရှိတဲ့ခေါင်းဆောင်ကြီးငယ်လဲရှိနေပါတယ်။
ဘာလိုနေသလဲလို့ မိဘသဖွယ်လေးစားရတဲ့ နိုင်ငံရေး ၀ါရင့်ပုဂ္ဂိုလ်တယောက်ကိုမေးဘူးပါတယ်။
သူ့ အဖြေက “Concerted Effort ပါတဲ့။
ရွှင်လန်းချမ်းမြေ့ပါစေ။ စုစည်း ဆောင်ရွက်မှု ကိုလှမ်းတက်နိုင်ကြပါစေ။
3 comments:
  1. မင်္ဂလာပါ အကို
    တင်ပြချက် ကောင်းတယ်။ ဒါဗေမဲ့ အကိုက ရေးရင်းနဲ့ ဒေါသ ထွက်လာသလား ဒါမဟုတ် စာလုံးတွေေ၀၀ါသွားလို့လား တော့မသိဘူး။ တဖြည်းဖြည်းနဲ့ ကြီးကြီးလာတယ်။
    ရွှင်လန်းချမ်းမြေ့ပါစေ...
    ReplyDelete
  2. ဟုတ်ကဲ့
    အဲဒီပို့ စ်ရေးလက်စရပ်နေရတာရယ် ခရီထွက်လာတာရယ်နဲ့ တန်းလန်းကြီးဖြစ်နေတာ။
    ကနေဒါမြန်မာကလည်း စိတ်ဝင်စားစရာခေါင်းစဉ်
    ပေးထားပီးအကြာကြီးပစ်မထားနဲ့ လေ လို့ အော်ထား
    တော့၂၀ရက်ညကအပီးလုပ်ဖို့ ဆုံးဖြတ်ပီးထိုင်ကာမှတညလုံအခြားကိစ္စတွေကတခုပီးတခုဝင်နေတာ။့မနက် ၇နာရီမှာ လဲခရီးတခုက ရှိသေး
    သွားနေပီ စက်ကလဲ လေးလာ မျက်စိကလဲဝါးနဲ့ 
    စာလုံးကြီးကြည့်ပီးလုပ်တာ။ပီးတဲ့အချိန် ထွက်သွား
    ရတော့၂၁ရက်တရက်လုံး နက်နဲ့ စက်နဲ့ ဝေးသွားပီး
    အခုပြန်ပြင်ပေးထားပါတယ်။
    ကြည့်ပီးလိုတာပြောပေးကြပါအုံး
    ယုန်ကလေး ၊ကိုလူလ သိုင်းQ:ဗျို့ 
    ReplyDelete
  3. Just a question ! How do you know these people from Arakan or how long had being there ? Do you have any acknowledge of so call Rohingyas (or) Bangali? I wishes you to get info at
    http://www.rakhapura.com
    by
    truly and honestly , that's will helping up bro.also
    http://arakaneagle.blogspot.com
    "shouldn't access to Bangali ( so call Rohingya) just the case's reason of against to SPDC"
    please spend afew hours for Union Of Burma on concerning to Sittagonian or Bangali ( so call Rohingyas).
    Cheers Bro
    ReplyDelete