3/23/2009

ဖြစ်မှဖြစ်ရလေ





ခင်ဗျားတို့ဗမာမင်းမျိုးမင်းနွယ် ရွှေဘိုမင်းရဲ့သမီး ဆိုတာရဲ့ web site ဆိုပြီး နိုင်ငံခြားသားမိတ်ဆွေ တယောက်ကအီးမေးလ်တစောင်ပို့လာလေရဲ့။
ဟာ......ဒီလူ့နှယ် တောက်တီးတောက်တဲ့ ဘယ်က porn site ကြီးများ ပို့လိုက်တာလဲ။


“About Chrissie
100% Burmese (Parents born in Rangoon) Chrissie however was born and raised in (the way less exotic) town of Yorkshire- England. She ended up moving to....... ”

“She is the flirty, cheeky, daughter of Lord Wunna, Honoury niece to H.R.H Prince Shewbohmin of Burma (in exile,) and daughter of 2 Doctors....”
ဟာ..အဟုတ်ကြီးကိုပြောနေတာပါကလား ...။
အဲဒီမှာတခုသွားသတိရတယ်။ လွန်ခဲတဲ့ ၁၀နှစ်လောက်က (အင်္ဂလန်က ဗိုလ်အောင်ဒင်တို့သယ်လာတယ် ထင်ရဲ့ အတိအကျတော့မမှတ်မိတော့ဘူး ) သူ့ကိုယ်သူ ရွှေဘိုမင်းဆက် ဆိုတဲ့ East London College
ကဆရာတယောက်အကြောင်း...


Shwebomin Lord Wunna
a teacher
at East London College, Leytonstone and reportedly holds masters degrees in business administration, political philosophy, thermodynamics and international relations.




ကုန်းဘောင်ဆက် ဆင်ဖြူရှင်မင်းတရားဟာသူ့အဖွားရဲ့အဖိုးရဲ့အဘေးတော်တယ်ဆိုပြီး(grandmother's great-great-grandfather) ဗမာပြည်သားတွေအကျိုးများစေပွားစေဖို့ သာလွန်မင်းဝင်စား မင်းတရားသန်းရွှေ
ကို ဆက်သွယ်နေကြောင်း စသည်စသည်..အသေးစိတ်တော့မှတ်လောက်တယ်မထင်လို့ “မမှတ်” မိဘူး။

အခုဟာက သူ့သမီးလို့ ဆိုနေလေတော့ သူ့ဖါသာ ရွှေဘိုမင်းဖြစ်ဖြစ် ရွှေဘိုမြင်းဖြစ်ဖြစ် အနဲဆုံးကတော့
ဗမာသမီး ဗမာမပေကိုး ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ.. လုပ်ကြပါအုံး ..ကမ္ဘာမကြေရဲ့ ဘော်ဘော်များ
ဒီမှာတော့ဒီလိုပြောကုန်ဘီ မင်းတို့သိတာများရှိရင် မျှကြပါအုံးဆိုပီး စစ်ကူလေးခေါ်လိုက်မိတာ ။

အောင်မယ်မင်း ပြန်ပို့လာလိုက်ကြတာများ
Bo ki: Remember Shwebominn, a sout yoo from England who wanted to make a deal with the SLORC? ဆိုတာမျိုးကစပီး ယိုးဒယားကပုံ အမေရိကားကပုံ ပြူးနေ ပြဲနေ လူတကာနဲ့ မက ခွေးတိရိတ္ဆန်
တောင်ချမ်းသာမပေး အောင်မယ်လေး...လေး














































အောင်မယ်လေးဗျ ကမ္ဘာမကြေ

ကိုယ့်မျက်နှာ ကိုယ်သာ ဓါးနဲ့လှီးလိုက်ခြင်ပါပေါ့ ဟယို့

No comments:

Post a Comment