8/20/2009

စတိတ်မင့် ကာခြာ

ဒလက်တောရွာကို အလည်ရောက်လာတဲ့ လူတိုင်း သတိထားမိတာ တစ်ခုက ရွာသူရွာသားတွေ ဘယ်သွားသွား ဘောပင် ဒါမှမဟုတ် ခဲတံနဲ့ စာရွက် လေး၊ ငါးရွက်ကို အိတ်ထဲ ထည့်ထားကြတာပဲ။
သွားလေရာမှာလည်း စာရွက်ပေါ်မှာ တစုံတခုကို ခပ်မြန်မြန် ရေးနေကြတာကို တွေ့ရတတ်တယ်။ မသိတဲ့ လူတွေကတော့ နှစ်လုံး သုံးလုံးများ ထိုးကြသလား ထင်ကြမယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဖြစ်ပုံက ဒီလို။

ဒလက်တောရွာဆိုတာက ပြည်ခရိုင်၊ ရွှေတောင်မြို့ကနေ နွားလှည်းနဲ့သွားရင် လေးနာရီလောက်နှင်မှ ရောက်တဲ့ ရွာငယ်လေးတစ်ခုပါပဲ။ ခေတ်တွေ ဘယ်လို ပြောင်းပြောင်း ဘာမှ မပြောင်းလဲတဲ့ ရွာလေးတစ်ခုပေါ့။ ရွာဦးမှာ ထုံးစေတီရှိတယ်။ ဆရာတော် ရှိတယ်။ စာကျက်စာအံ ဘုန်းကြီး ကျောင်းသားတွေ ရှိတယ်။ တစ်ရွာလုံး သုံးတဲ့ ရေတွင်းကြီးရှိတယ်။ စပါးခင်း၊ ငွေတိုးချေးတဲ့လူ၊ အရက်ပုန်းဆိုင်၊ ဘဲခြံ၊ ဖုန်ထူတဲ့လမ်း စတဲ့ ရွာသင်္ကေတတွေ၊ ကာလသားခေါင်း၊ ကွမ်းတောင်ကိုင်၊ သူကြီးလို့ ပြောလို့ရတဲ့ ရွာလူကြီးတို့လည်း ရှိတယ်။

ဒီရွာသားတွေ ဂုဏ်ယူတာ တစ်ခုက အင်္ဂလိပ်၊ ဂျပန်တွေကို တိုက်တုန်းက နာမည်ကြီးတဲ့ ရွှေတောင်တိုက်ပွဲမှာ သူတို့ရွာက အရွယ်ရောက်တဲ့ ယောက်ျားတွေ အကုန်ဝင် တိုက်ဖူးတယ်ဆိုတာပါပဲ။ ဒါကြောင့် သူတို့ကိုယ် သူတို့ အာဇာနည်မျိုးရိုး၊ အာဇာနည်ရွာလို့ ထင်ကြတယ်။ အဲဒါက ကြာတော့ကြာခဲ့ပြီ။

မြန်မာပြည်တောင် ကျွန်ဘဝကလွတ်လို့၊ မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ်၊ ဒီမိုကရေစီခေတ်ဦး၊ ဒါတွေဖြတ်လို့ ဒီမိုကရေစီ အဖွံ့ဖြိုးဆုံး အာရှနိုင်ငံရယ် လို့တောင် ခေါ်နေကြပါပြီ။ ဒါပေမယ့် မြို့နဲ့ အဆက်အသွယ် မရှိသလောက် နည်းတဲ့ ဒလက်တောရွာကတော့ ဒါတွေ မသိလှဘူး။ တခါတခါ မြို့က ဆရာတော့် တပည့် ကျောင်းဆရာလေး ပေါက်လာမှ နည်းနည်းပါးပါးသိရတာ။

ဇာတ်လမ်း အစကလည်း အဲဒီ ကျောင်းဆရာလေး ကိုထွန်းဝါပါပဲ။ တရက် ကိုထွန်းဝါ ဆရာတော်ကို လာဖူးတော့ လက်ထဲမှာ အဘိဓာန်တစ်အုပ်လောက် နီးနီးထူတဲ့ စာအုပ်ကြီး တစ်အုပ်ပါလာတယ်။ ဆရာတော်က ဘာတုန်းဟဲ့ ဆိုတော့ “နအဖ လက်ထက် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ ကြေညာချက်များ” ဆိုတဲ့စာအုပ်ကြီး။ အဲဒီခေတ်တုန်းက ကြေညာချက် သိပ်ထုတ်ကြတော့ စုထားတဲ့လူက စာအုပ်တောင် ပြန်ရိုက်လို့ရတယ်။

အာဇာနည်စိတ်ရှိပြီး စစ်အစိုးရကိုမုန်းတဲ့ ဆရာတော်က ငါဖတ်ရအောင် တစ်ပတ်လောက်ထားခဲ့စမ်းဆိုတော့ ကိုထွန်းဝါလည်း တင်ပါ့ ပေါ့။ ထားခဲ့တယ်။ ဆရာတော်က မနက်လည်း ဒါဖတ်၊ ညလည်း ဒါဖတ်၊ ဆွမ်းစားပြီး လည်း ဖတ်နဲ့ နောက်ဆုံး ဘာတွေးမိလဲဆိုတော့ ကောင်းတယ်၊ ကြေညာချက်တွေဟာ ထိရောက်တယ်လို့ မြင်လာတယ်။ ငါလည်း ကြေညာချက်ထုတ်မယ်ဆိုပြီး အနားက ဘောပင်နဲ့ စာရွက်တစ်ရွက်ထဲ ချရေး လိုက်တယ်။

ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၁/၂၀၄၃

ငါ မနက်ဖြန် ကြည်တောရွာ တရားပွဲသွားရန် နွားလှည်းအလှူခံလိုသည်။
ကပ္ပိယကြီးမှ ရွာလူကြီး စိန်မောင်နှင့် စီစဉ်ရန် အထူးတိုက်တွန်းလိုက်သည်။
လှည်းမရ၍ ခြေလျင်ကြွရမှာကိုလည်း ငါစိုးရိမ်ကြောင်း အသိပေးတယ်။
ခြေလျင်ကြွ၍ မကျန်းမာလျင် သင်တို့ တာဝန်သာဖြစ်ကြောင်း ကြေညာလိုက်သည်။

ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်

ပြီးတော့ ကပ္ပိယကြီး ဦးတောက်ထွန်းကို ခေါ်ပေးလိုက်တယ်။ ကျောင်းဝ လူမြင်တဲ့နေရာမှာ ကပ်၊ မင်းလည်း ဖတ်တဲ့။ ဦးတောက်ထွန်းလည်း ဖတ်ပြီး အူကြောင်ကြောင် ဖြစ်သွားတယ်။ စကားပြောသလိုလို၊ စာရေးသလိုလို အရေးအသားနဲ့ ဘာကိုဆိုလိုမှန်းလည်း သေသေချာချာမသိ။ သူ့နာမည်လည်းပါတယ်။ ဦးစိန်မောင် နာမည် လည်း ပါတယ်။ သူနားလည်တာက မနက်ဖြန် ဟိုဘက် ၂ ရွာကျော်လောက်က တရားပွဲတစ်ခုကိုသွားဖို့ နွားလှည်း အလှူခံခိုင်းတာ။ ဦးစိန်မောင်ကို စီစဉ်ခိုင်း။ ဒါပဲ။ အရင်ကလည်း သူ စီစဉ်ပေးနေကြပါ။ အရင်ကတော့ တောက်ထွန်း လှည်းရှာကွာ ဆိုတာလောက်ပဲ။ ခုကာမှ ဘာတွေ ရေးထားမှန်းမသိ။ တိုက်တွန်းလိုက်သည်၊ စိုးရိမ်ကြောင်း၊ ကြေညာချက်။ အဆိုးဆုံးက အောက်ဆုံးမှာ ခပ်ကြီးကြီးရေးထားတဲ့ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော် ဆိုတာပဲ။

ဒလက်တော တရွာလုံးမှ ဒီကျောင်းနဲ့ သံဃာ ၆ ပါးရှိတာ။ ဒလက်တောနဲ့ မဆိုင်လို့ ဘယ်သူနဲ့ဆိုင်မှာတုန်း။ ဒါနဲ့ ဆရာတော်ကို ဝင်ဖူးပြီး လျှောက်တယ်။

“အရှင်ဘုရား - အရင်လိုပဲ လှည်းလိုလို့ ဦးစိန်မောင်ကို ပြောခိုင်းတာမဟုတ်လားဘုရား။ ဘာလို့ စာတတန်၊ ပေတတန်ဖွဲ့ရတာလဲ ဘုရား။ အကြောင်းထူးများရှိလို့လားဘုရား”

ဆရာတော်က အ တတ်ရန်ကောဆိုတဲ့ အကြည့်နဲ့ ကြည့်ပြီး

“ဒါ စာတတန်၊ ပေတတန်မဟုတ်ဘူးကွ။ ကြေညာချက်လို့ ခေါ်တယ်။ တချိန်က စစ်အစိုးရကို တော်လှန်စဉ်က ဒီလိုပဲ ကြေညာချက်တွေ လှိုင်လှိုင်ထုတ်ခဲ့ရတယ်ဟ”

“အရှင်ဘုရားက ဦးစိန်မောင်ကို တော်လှန်နေလို့လားဘုရား”

“နင့်အမေလင်ကို ငါတော်လှန်စရာလား။ ကြေညာချက်ဆိုတာ အဖွဲ့အနွဲ့မပါဘူး။ လိုရင်းကို ထိရောက်အောင် ပြောတဲ့ တောင်းဆိုချက်၊ အသိပေးချက်ကွ။ အချီအချ ပြောစရာမလိုတော့ဘူးလေကွာ။ မင်းတို့လည်း ကြေညာချက် ထုတ်ကြဟ။ စကားနည်းရန်စဲပေါ့ကွာ … ကဲ ကဲ … ခိုင်းထားတာလုပ်ချည်။ ငါ မနက်ဖြန်အတွက် ကြေညာချက် တစ်စောင် ထပ်ထုတ်ဖို့ လုပ်လိုက်ဦးမယ်”

ကပ္ပိယကြီးလည်း ဝတ်ဖြည့်ပြီး ဆင်းလာတယ်။ ဆရာတော့် ကြေညာချက်ကို ကျောင်းအဝင်ဝအနားက ခြံစည်းရိုးအစပ်မှာ ကပ်ပြီး ဦးစိန်မောင်အိမ်ဘက် ထွက်လာခဲ့တယ်။

“ဗျို့ ဦးစိန်မောင်။ ဆရာတော့်ကျောင်းဘက်လာဦးဗျ”

“ဘာလို့လဲကွ။ ဆရာတော်ခေါ်လို့လား”

ကပ္ပိယကြီးလည်း ဖြစ်ကြောင်းကုန်စင်ကို ရှင်းပြလိုက်တော့ သူ့ကိုယ်သူ သူကြီးထင်နေတဲ့ ဦးစိန်မောင်လည်း ကြေညာချက်ဆိုတာကို သိပ်သဘောကျသွားတယ်။ ဆရာတော့်ကျောင်းကို နှစ်ယောက်သား ဒုန်းဆင်းချသွား တာ ညနေ နေအတော်စောင်းမှ ပြန်လာတယ်။

မကြာပါဘူး။ ကျောင်းဝက ဆရာတော့် ကြေညာချက်အောက်မှာ ကြေညာချက် အသစ်နှစ်ခု ထပ်တွေ့ရတော့ပါပဲ။ တစ်ခုက ဦးစိန်မောင်၊ တစ်ခုက ကပ္ပိယကြီး။

စိန်မောင်ရဲ့ကြေညာချက်
၁။ ဆရာတော်သည် တရွာလုံးနဲ့ ဆိုင်တယ်ဆိုတာကို ခြွင်းချက်မရှိ ထောက်ခံတယ်။
၂။ ဘာသာရေးခေါင်းဆောင် ဆရာတော်ကို နွားလှည်းကူညီခြင်းဖြင့် ဝိုင်းရံကြ။
၃။ ရွာသားတွေလည်း ဆရာတော့်ကျောင်းကို ကူညီစေလိုတယ်။
ပုံ - စိန်မောင်၊ ဆရာတော့်ကျောင်း ပင်မနွားလှည်းအလှူရှင်များ အဖွဲ့ဝင်။

သူ့ကြေညာချက်အောက်မှာက ကပ္ပိယကြီး ဦးတောက်ထွန်းရဲ့ ကြေညာချက်ကို ဗလာစာရွက်ပိုင်းလေးပေါ်မှာ ခဲတံတုံးတုံးကြီးနဲ့ ရေးထားတာတွေ့ရတယ်။

ကပ္ပိယကြီးက ကြေညာသည်။

ဆရာတော့် တောင်းဆိုချက်ကို ချက်ချင်းလိုက်လျောသော ဦးစိန်မောင်ရဲ့ လုပ်ရပ်ကို ရွာသားများနဲ့အတူ လုံးဝကြိုဆို တယ်။ ဆရာတော့်ကျောင်း စည်ပင်သာယာရေးအတွက် အထောက်အကူကောင်းလို့ ယုံကြည် မျှော်လင့်၏။ ဆရာတော့် ကျောင်းအတွက် ရွာတွင်းရွာပ အတူပူးပေါင်းကြလော့။

တောက်ထွန်း၊ အကျိုးတော်ဆောင်ကြီး (ကပ္ပိယ)။

ဒီရွာကလေးမှာ ကြေညာချက်ထုတ်တဲ့ အလေ့အထက အဲဒီက စသွားတယ်။ ကြေညာချက်ထုတ်တာကို သိပ်သဘောကျနေတဲ့ ဆရာတော်နဲ့ ရွာလူကြီး ဦးစိန်မောင်တို့က တိုက်တွန်းတာနဲ့ တစ်ရွာလုံး စာရေး တတ်သူတိုင်း ကြေညာချက် ထုတ်ကြတော့တယ်။ စာရွက်ပေါ်မှာ ပြောချင်တာရေးပြီး ဆရာတော့်ကျောင်း ခြံစည်းရိုးမှာ သွားကပ်ကြတာပဲ။

ဖတ်မိတဲ့လူက သက်ဆိုင်တဲ့လူကို အကြောင်းကြား၊ သက်ဆိုင်တဲ့လူက သွားဖတ်၊ ကြေညာချက်ပြန်ထုတ်နဲ့ ပေါ့လေ။ ဘယ်လောက်တောင် ကြေညာချက် ထုတ်ကြသလဲဆို အောက်က ဥပမာတွေသာကြည့်တော့။

ဦးစိုးမောင်၊ ကြေညာချက်အမှတ် ၂.၂၃/၂၀၄၃
ရွာနောက်ဘက်က ငမြဲ င့ါသမီးကို ရည်းစား စကားလိုက်ပြောတာကို အပြင်းအထန် ကန့်ကွက်တယ်။ သူ့မှာ လူကြီးချင်း သဘောတူပြီးသားရှိတယ်ဟေ့။ သူကလည်း ယူမယ်ပြောပြီးသား။ နောက်နောင် ငမြဲ ထပ်မံပြုလုပ်ပါက ကျုပ်အပြစ် မဟုတ်ကြောင်း ကြိုပြောထားမည်။
စိုးမောင်၊ သမီးအဖေ။
………………………………………….
အရီးမြကလေး၏ ကြေညာချက်
ရွာထဲမှာ ကျွန်မ အတိုး ပေးစားနေသည်ဟု အတင်းများ ထွက်နေကြသည်။ ပေးသူ၊ ယူသူကြည်ဖြူတဲ့ အလုပ်ဖြစ်လို့ ဘာမှ ဝင်ပြောစရာ မလိုဘူးဟု ပြောချင်သည်။ ဆရာ့တော့်ကို လျှောက်ပြီးသား။ ဒါပဲ။ ဈေးသွားရင်း ဝင်ကပ်သည်။
အရီး။
………………………………………….
မူလလက်ဟောင်း “ဟောဒီကပဲပြုတ်” မှ အသိပေးခြင်း
တစ်ရွာလုံးက အားပေး ဝယ်ယူကြသော ကျွန်မ၏ ပဲပြုတ် ရောင်းဝယ်ခြင်းကို မနက်ဖြန် တစ်ရက် နားမည်။ ဘုရားကြီး သွားဖူးမလို့။ မနက်ဖြန်အတွက် ယနေ့ ကြိုရောင်းမည်။ လာဝယ်ကြနော်။ ဟောဒီက ပဲပြုတ်။ ဟဲဟဲ။
မိမိုး (ဥာဏ်ကြီးရေးပေးသည်)

အကျိုးဆက်က ဘာဖြစ်လာလဲဆိုတော့ အချင်းချင်း စကား သိပ်မပြောတော့ဘူး။ ကြေညာချက် တစ်စောင်ပဲ ထုတ်လိုက် ကြတော့တယ်။ အကြွေးမရတာ၊ လင်မယား ရန်ဖြစ်တာ၊ သူ့ခွေးကို ခဲနဲ့ထုလို့ မကျေနပ်တာ အစုံပဲ။ အချင်းချင်း တွေ့ရင်လည်း ဟိုကြေညာချက် သိပြီးပြီလား၊ ငါကတော့ ဒီလိုပြန်ကြေညာမယ်နဲ့ပဲ နှုတ်ဆက်ကြ တော့တယ်။

ကြေညာချက်တွေကိုလည်း ဆရာတော့် ကျောင်းဝမှာတင် ကပ်လို့ အဆင်မပြေတော့ဘူး။ ရွာအလယ်က ရေချမ်းစဉ်မှာလည်း ခွဲကပ်ကြရတယ်။ တနေ့ တနေ့ ရွာသားတွေလည်း ဆရာတော့်ကျောင်းနဲ့ ရေချမ်းစင် ပြေးနေကြတာပဲ။ အဲဒီမှာ ဘာတွေပေါ်လာလဲဆိုတော့ ကြေညာချက်ကို လိုက်ဖတ်ပြီး အကြောင်းကြားပေးတဲ့ မိဝိုင်းတို့လို ကလေးတွေရယ်၊ အဆင့်မီ ကြေညာချက် ရေးပေးသည် ဆိုတဲ့ ကျော်ကျော်ထွန်းတို့လို မတောက်တခေါက် စာလေး၊ ကဗျာလေး ရေးတတ်တဲ့လူတွေ ပေါ်လာတယ်။

စာမရေးတတ်၊ မဖတ်တတ်တဲ့လူတွေလည်း သူတို့အားကိုးနဲ့ ကြေညာချက်တွေ ထုတ်လာတော့တယ်။ စံချိန်တင် ကြေညာချက် ထုတ်ကြတဲ့နေ့ကတော့ အတိုးပေးတဲ့ အရီးမြကလေးနဲ့ ကြက်သားသည် ဒေါ်ဆင့်တို့ ရန်ဖြစ်ကြတဲ့နေ့ပဲ။ နှစ်ယောက်ရန်ဖြစ်တာ စကားသံတစ်လုံးမှ မထွက်ဘူး။ အရီးမြကလေးက အကြွေးတောင်းတဲ့ ကြေညာချက်ရေးပြီး ရေချမ်းစဉ်မှာ ကပ်တယ်။ ဒေါ်ဆင့် တွေ့တော့ စောတောင်းရပါ့မလား ဆိုပြီး ကန့်ကွက်တဲ့ ကြေညာချက် ထုတ်ပြန်တယ်။

အဲဒါ အဘွားကြီးနှစ်ယောက် ရေချမ်းစဉ်ရှေ့မှာ ဗလာအုပ်ထဲက စာရွက်တွေ တဗျင်းဗျင်း ဆွဲဖြဲပြီး ကြေညာချက် အပြန်အလှန် ထုတ်ကြတာ။ စကားတော့ တစ်လုံးမှ မပြောဘူး။ နောက်ဆုံး ဆရာတော့်ဆီက “အခုရပ်” ဆိုတော့ ကြေညာချက်ကို ကပ္ပိယကြီး လာကပ်သွားမှ နှစ်ယောက်သား ပြန်သွားကြတယ်။ အဲဒီအချိန်မှာ တစ်ယောက်ကို ကြေညာချက် ၄၀ ထုတ်ပြီး သွားပြီတဲ့လေ။

တဖြည်းဖြည်းနဲ့ ကြေညာချက်တွေ ဖောင်းပွလာတော့ ဆရာတော်က ကြေညာချက်တစ်ရပ် ထုတ်လိုက်တယ်။

ဒလက်တောရွာဦးကျောင်း။ ကြေညာချက်အမှတ် ၈၅၂/၂၀၄၃

ငါနဲ့ စိန်မောင်ကလွဲပြီးကျန်တဲ့လူတွေ တစ်ယောက်ချင်း ကြေညာချက်မထုတ်နဲ့လို့ တားမြစ်လိုက်သည်။ သဘောတူရာ တူရာ အချင်းချင်းစုပြီး အဖွဲ့လိုက်ထုတ်ကြတော့။

မလိုက်နာသူကို ကြေညာချက် ထုတ်ပိုင်ခွင့် ရုတ်သိမ်းမယ်။ နားလည်တယ်နော်။
ကြေညာချက်များ ထိန်းသိမ်းရေးအဖွဲ့ နာယက၊ ဒလက်တောရွာလုံးဆိုင်ရာ ဆရာတော်။

ဆရာတော့်စကားဆိုတော့ မငြင်းရဲကြဘူး။ ကြေညာချက်တွေတော့ နည်းသွားတယ်။ အဖွဲ့တွေကတော့ နေရာတိုင်းမှာ ပေါ်လာတယ်။ ကြေညာချက်ထုတ်ရတာကို သဘောတွေ့နေတဲ့လူတွေဆိုတော့ တစ်ဖွဲ့က တစ်ခုထုတ်ပြန်လိုက်ရင် ထောက်ခံလိုက်ကြ၊ အမြင်မတူရင် ကန့်ကွက်လိုက်ကြ၊ စကားများလာရင် သတိပေးလိုက်ကြနဲ့။ ဖွဲ့ထားတဲ့ အဖွဲ့တွေကိုလည်း ကြည့်ပါဦး။

“ခြေတံရှည်အိမ်ရှင်များအဖွဲ့” ၊ “ဝက်မွေးသူများအဖွဲ့” ၊ “ကျောင်းတက်ဖူးသူများအဖွဲ့” ၊ “ရွာလမ်းမကြီး ဘေးဝဲယာနေသူများအဖွဲ့” ၊ “ခဏခဏ ဖျားသူများအဖွဲ့” ၊ “အသံချဲ့စက်ငှားသူနှင့် နွားလှည်းပိုင်ရှင်များအဖွဲ့” ၊ “လူပျိုသိုးကြီးများအဖွဲ့” ၊ “ရွာဦးကျောင်း အပေါ်ထပ်နေ သံဃာ သုံးပါးအဖွဲ့” စသည်ဖြင့်ပေါ့။ ရေးပြရင်တော့ မကုန်နိုင်ဘူး။ “ထုပ်ဆီးထိုးသူများအဖွဲ့” ဆိုတာတောင် ပါသေးတာလေ။

နောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ အဖွဲ့တွေ အချင်းချင်း ရန်စောင် လာကြတယ်။ အဖွဲ့တစ်ဖွဲ့က ကြေညာချက် ထုတ်ရင် ထောက်ခံတဲ့လူက မိတ်ဆွေ၊ သဘောထားမတူလို့ ငြိမ်နေရင်၊ ဝေဖန်ရင်တော့ အဲဒီအဖွဲ့နဲ့ ကမ္ဘာရန်ပဲ။ အချင်းချင်း ကြေညာချက်တွေနဲ့ တိုက်ကြ၊ တောင်းပန်ကြ၊ ခွဲလိုက်ကြ၊ ပေါင်းလိုက်ကြ၊ ဆရာတော်က ဝင်ဖြေရှင်း ရနဲ့ ရပ်ထဲရွာထဲလည်း အလုပ်မလုပ် ကြတော့ဘူး။ အလှူဖိတ်ရင်တောင်မှာ အဖွဲ့လိုက်ပဲ ဖိတ်တော့တာ။ ကြာလာတော့ ဆရာတော်လည်း စိုးရိမ်လာတယ်။ ဆရာတော့် ကျောင်းတောင် လာဘ် သိပ်မရွှင်တော့ဘူးလေ။

ဒီလိုနဲ့ မလာတာ ကြာသွားတဲ့ စာအုပ်ပိုင်ရှင် ကျောင်းဆရာလေး ကိုထွန်းဝါ တစ်ယောက် ဆရာတော့်ကို လာဖူးရင်း၊ စာအုပ်လည်း ပြန်ယူရင်း ရောက်ချလာတယ်။ ဆရာတော်လည်း ကိုထွန်းဝါကို တွေ့တယ်ဆိုရင်ပဲ ဝတ်ဖြည့်တာတောင် မစောင့်တော့ဘူး။

“မင်းနှယ့်ကွာ … ပျောက်သွားလိုက်တာ။ ငါ့မှာ မင်းကိုစောင့်နေတာ”

“တင်ပါ့ဘုရား။ တပည့်တော် ပြည်ကိုရောက်နေလို့ ဘုရား။ ဘာများ အကူအညီလိုပါသလဲဘုရား”

“အေး… အဖြစ်ကတော့ ဒီလိုကွ” လို့ အစချီပြီး ဒလက်တောရဲ့ ကြေညာချက် ရာဇဝင်ကို ရှင်းပြလိုက်တော့တယ်။ (ရှင်းပြရင်းတောင် ကြေညာချက် နှစ်စောင်ရေးပြီး ကပ္ပိယကြီးကို သွားကပ် ခိုင်းသေးတာ) ကိုထွန်းဝါလည်း ဇာတ်လမ်းကို နားထောင်ပြီး ပြန်လျှောက်တယ်။

“အရှင်ဘုရားက ကြေညာချက် စာအုပ်ပဲ တွေ့တာကိုးဘုရား။ တပည့်တော်မှာ နောက်တစ်အုပ် ရှိပါသေးတယ်။ အဲဒီမှာ ကြေညာချက်တွေ အဲလို လှိုင်လှိုင်ထုတ်ခြင်းရဲ့ အကျိုးဆက်တွေ ရေးထားတယ်ဘုရား”

“ဟေ… ဘာတဲ့လဲကွ”

“အဖွဲ့ခွဲတွေ အမျိုးမျိုးနဲ့ လုပ်ကြတော့ အားရှိတန်သလောက် မရှိဘူးဆိုတဲ့ သဘောပေါ့ဘုရား။ အခုပဲ ရွာကို ထိခိုက်နေပြီမဟုတ်လားဘုရား”

“အေး.. ဒါဆိုလျှောက်စမ်းပါဦး။ ငါလုပ်ရမတုန်း”

“အရှင်ဘုရား ကြေညာချက်ထုတ်ရမယ်ဘုရား”


“မင်းပဲ ကြေညာချက်က ထုတ်တိုင်းမကောင်းဘူးဆိုကွ”

“ဒီတခါ ထုတ်ရမှာကို ဒီလိုပါဘုရား” ဆိုပြီး ကိုထွန်းဝါက ဆရာတော်ကို ဆက်လျှောက်လိုက်တယ်။ မကြာပါဘူး။ ဆရာတော့်ဆီက ဒီကြေညာချက် ထွက်လာပြီး ဒလက်တောမှာ ကြေညာချက်တွေ ရပ်သွားတော့တယ်။

တရွာလုံးကို အသိပေးလိုက်သည်။ နောက်ထပ် ငါ တခုခု မပြောမချင်း ဘာကြေညာချက်မှ မထုတ်ရဘူး။ အဖွဲ့တွေ အကုန်လုံးကိုလည်း ဖျက်သိမ်းကြပါ။ အရင်လို ပြန်နေကြ။ မဟုတ်ရင် ငါ့ကြိမ်က ကျောမရွေးဘူး။
ဆရာတော်


ကမ္ဘာစိုးမင်း

8/15/2009

ဝက်မြီးဆွဲဗျူဟာ














အာဆီယံအသင်းဝင် နိုင်ငံ ၅ နိုင်ငံ ခရီးစဉ် မြန်မာနိုင်ငံသို ရောက်ရှိနေသည့် အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်သည် စစ်အစိုးရမှ အလုပ်နှင့် ထောင်ဒဏ် ၁၈ လ ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ယနေ့ တွေ့ဆုံခဲ့သည်။ ဆီးနိတ်အမတ်သည် ယနေ့ အစောပိုင်းက စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်တွင်အန်အယ်ဒီ ခေါင်းဆောင် ၃ ဦး အပါအဝင် ပါတီပေါင်း ၁၀ ပါတီမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့သည်။နေပြည်တော်တွင် ၎င်း၏ ပါတီခေါင်းဆောင်များနှင့် မစ္စတာဝက်ဘ်သည် တွေ့ဆုံခဲ့ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုခဲ့သော်လည်း အသေးစိတ်ကို ထုတ်ဖော်ပြောဆိုခြင်း မပြုဟုသတင်းများကဆိုသည်။
မစ္စတာဝက်ဘ်၏ ခရီးစဉ်မစမီက VOA သို့ပြောဆိုရာတွင် NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အဖိတ်ခံရ တဲ့ ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ ခဏ ဆွေးနွေးတိုင်ပင်ခွင့် ရပါတယ်။ ဆွေးနွေးတိုင်ပင်ခွင့် ရတဲ့အထဲမှာ ဒီကိစ္စ ဟတ်မဟုတ်ဆိုတာ နံပါတ်တစ် မသေချာဘူး၊ နံပါတ်နှစ်က ဒီကိစ္စဆိုရင် ကျနော်တို့ အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ်က ဂျင်မ် ၀က်ဘ်ရဲ့ ခရီးစဉ်ကို လုံးဝ စိတ်မ၀င်စားဘူး။ ဘာကြောင့်လဲဆိုတော့ သူဟာ ကျနော်တို့ မြန်မာနိုင်ငံ ပြည်သူလူထုအတွက် နိုင်ငံရေးအရ သဘောထားမှန်တာ တခုမှ မတွေ့ဘူး။ သူက Sanction ကို ကန့်ကွက်တဲ့လူ၊ သူ့ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ လုံးဝ ဖော်ပြတာ မရှိဘူး။ ဒီအချက်အလက်တွေအရ ကျနော်တို့ စိတ်ဝင်စားမှု မရှိဘူး။”ဟုပြောကြားခဲ့သည်။
မြန်မာပြည်၏ နိုင်ငံရေး ဝေဖန်သုံးသတ်ချက် ဆောင်ပါးများရေးလေ့ရှိသူ လယ်ရီ ယေဂင် (Larry Jagan)က “အမေရိကန် ဆီးနိတ် အထက်လွှတ်တော်အမတ် မစ္စတာဝက်ဘ်၏ ခရီးစဉ်မှ အကြီးအကျယ် မျှော်လင့်ထားခြင်းသည် အမြော်အမြင်မဲ့ရာ ရောက်ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ခွင့်ရသည်ဆိုလျှင်ပင် သူ့ခရီးစဉ်မှာ သူ့အတွက် အလွန်ထူးခြားလှပါသည်။ ကုလအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီဆိုလျှင် အစောပိုင်းက တွေ့ဆုံခွင့် ရခဲ့သေးသော်လည်း နောက်ပိုင်းတွင် တွေ့ဆုံခွင့် မရတော့ပါ။ ဘာဖြစ်မည်လဲဆိုသည့် ကိစ္စတွင် အဓိကကျသော အချက်မှာ မစ္စတာဝက်ဘ်ကိုယ်တိုင်က စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်တဦး ဖြစ်နေခြင်းပင် ဖြစ်သည်။ သူသည် မရိန်းတပ်ဖွဲ့ဝင်ဟောင်းတဦး ဖြစ်သည်။ ဤအချက်က အရပ်သားများကို ရွံရှာမုန်းတီးလေ့ရှိသူ ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံခွင့်ရရေးအတွက် အထောက်အကူပြုနိုင်ဖွယ် ရှိပါသည်။”ဟုသုံးသတ်ထားသည်။
မည်သို့ပင်ဖြစ်စေ မစ္စတာဝက်ဘ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် တခုကျော်အတွင်း မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခဲ့သည့် အမေရိကန် အဆင့်အမြင့်ဆုံး အရာရှိတဦးဖြစ်ပြီး၊ ယခု ခရီးစဉ်သည် အမေရိကန် သမ္မတ မစ္စတာအိုဘားမား အစိုးရ၏ အရှေ့တောင်အာရှတွင် ဧကစာကျင့်နေသည့် မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒများ ချမှတ်ရန် ပြန်လည်သုံးသပ်ရေးအတွက် အသုံးဝင်လိမ့်မည်ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူများက ခန့်မှန်းကြသည်ဟုလည်းအဆိုရှိနေစဉ်အတွင်း
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် ပြီးခဲ့သည့် အင်္ဂါနေ့က ထောင်ဒဏ် ၇ နှစ် ချမှတ်ခံခဲ့ရသူ မစ္စတာ ဂျွန်ယက်တောအား လူသားချင်း စာနာသည့် အနေဖြင့် မနက်ဖြန်တွင် အမေရိကန်နိုင်ငံသို့ ပြန်ပို့တော့မည် ဖြစ်သည်။ သူ၏ ကျန်းမာရေး အခြေအနေအရ မြန်မာ နိုင်ငံတွင် ထောင်ဒဏ် ၇ နှစ် ကျခံရမည့်အစား အမေရိကန်နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးရန် အာဏာ ပိုင်များက အမိန့်ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှီပြီး သူ့ကို မြန်မာနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် ဆီနိတ်တာအမတ် မစ္စတာဝက်ဘ်နှင့် ပြန်လည် လွှဲပြောင်းပေးမည် ဖြစ်သည်။ မစ္စတာဝက်ဘ်၏ ခရီးစဉ် မတိုင်ခင်ကတည်းက အာဏာပိုင်များ အနေဖြင့် လွှဲပြောင်းပေးရန် ဆုံးဖြတ်ပြီး ဖြစ်သော်လည်း မစ္စတာဝက်ဘ်နှင့် မြန်မာအာဏာပိုင်များ တွေ့ဆုံမှုအတွင်း ထိုကဲ့သို့ သဘောတူဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ မစ္စတာ ယက်တော (အသက် ၅၃ နှစ်) သည် မနက်ဖန် တနင်္ဂနွေနေ့တွင် ပြည်နှင်ဒဏ် ပေးခံရမည် ဖြစ်ပြီး စစ်လေယာဉ်တစီးဖြင့် ဘန်ကောက်သို့ ပို့ရန်အစီအစဉ်ရှိသည်ဟုသိရသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် ယနေ့ တွေ့ဆုံရာတွင် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည် လွတ် မြောက်ရေးအတွက်လည်း တောင်းဆိုခဲ့သည် ဟုလည်းသူ၏ ကြေညာချက်တွင် ရေး ထားသည်။






Senator wins release of US prisoner in Myanmar

AP - Saturday, August 15, 2009 2:17:37 PM
U.S. Sen. Jim Webb won the release Saturday of an American prisoner convicted in Myanmar and sentenced to seven years in prison for swimming secretly to the residence of detained democracy leader Aung San Suu Kyi, the senator's office said.
Yettaw, 53, is to be officially deported Sunday, when he will fly with Webb on a military plane to Bangkok, according to a statement from Webb's office.
Before his conviction on Tuesday, Yettaw had spent a week in a prison hospital for epileptic seizures. He is also said to suffer from asthma and diabetes.
During Webb's visit to Myanmar -- the first by a member of the U.S. Congress in more than a decade -- the senator also secured a rare visit with Suu Kyi, who was convicted along with Yettaw and sentenced to 18 more months under house arrest. She has been detained for 14 of the last 20 years.
The junta may have approved the meeting with Suu Kyi to mitigate the torrent of international criticism against Myanmar following the trial and Tuesday's verdict. In July, authorities barred U.N. Secretary-General Ban Ki-moon from meeting with Suu Kyi during a two-day visit.
Webb, the statement said, requested that Suu Kyi be released during a meeting with junta leader Senior Gen. Than Shwe on Saturday. It was the first time the reclusive general had met with a senior U.S. official.
"It is my hope that we can take advantage of these gestures as a way to begin laying the foundations of goodwill and confidence building in the future," Webb was quoted as saying.
On Saturday, the 64-year-old Nobel Peace laureate was driven from her residence to a nearby government guest house for a 40-minute meeting with Webb, then reporters saw her taken home by car.
Webb, who is chairman of the Senate Foreign Relations Committee's East Asia and Pacific Affairs Subcommittee, described the meeting as "an opportunity ... to convey my deep respect to Aung San Suu Kyi for the sacrifices she has made on behalf of democracy around the world."
The senator, who arrived in Myanmar's capital of Naypyitaw on Friday, was scheduled to address reporters in Yangon on Sunday.
The visit -- particularly the meetings with senior officials and Suu Kyi -- was unusual because of the poor state of relations between Myanmar, also known as Burma, and the U.S. Many critics said it was bad timing for outreach -- only days after the junta flouted international appeals that Suu Kyi be cleared of the latest charges. It also drew criticism from activists who say it confers legitimacy on a brutal regime.
While Washington has traditionally been Myanmar's strongest critic, applying political and economic sanctions against the junta, President Barack Obama's new ambassador for East Asia, Kurt Campbell, recently said the administration is interested in easing its policy of isolation. Webb has said that "affirmative engagement" could bring the most change to Myanmar, concerning those who think a hard line is the best approach.
Britain's ambassador to the United Nations suggested Webb's visit could help persuade the junta to free Suu Kyi.
"If the Americans can get the generals to see that their country's interest is reflected in taking interest in reconciliation, releasing Aung San Suu Kyi and holding free and fair elections, that would be very helpful." John Sawyers told BBC Radio 4 on Saturday.
But in a letter to Webb, dissident groups warned the junta would use the senator's trip for its own ends.
"We are concerned that the military regime will manipulate and exploit your visit and propagandize that you endorse their treatment on Daw Aung San Suu Kyi and over 2,100 political prisoners, their human rights abuses on the people of Burma, and their systematic, widespread and ongoing attack against the ethnic minorities," the letter said. Daw is a term of respect for older women in Myanmar.
Possibly reflecting a similar wariness, a spokesman for Suu Kyi's National League for Democracy said the party "has no interest in Jim Webb because he is not known to have any interest in Myanmar affairs." He did not elaborate.
Official media, however, appeared to herald Webb's arrival. The nightly broadcast led with the visit, reporting that the senator met with Prime Minister Gen. Thein Sein on Friday, and returned to the subject several times during the night.
Myanmar has been under military rule since 1962. The junta called elections in 1990 but refused to honor the results when Suu Kyi's party won overwhelmingly.
------
Associated Press writers Foster Klug and Greg Katz in London contributed to this report from Washington

8/14/2009

နှလုံးသားက စကားပြောလာတဲ့အခါ

၁။ ရင်ဘတ်အောင့်တာမပျောက်ရင် ခါတိုင်းအောင့်နေကြပုံစံမဟုတ်ဘဲရင်ဘတ်အောင့်နေပြီး စက္ကန့်အနည်း ငယ် အတွင်း သက်သာသွားခဲ့ရင် နှလုံးရောဂါကြောင့်ရင်ဘတ်အောင့်တာ မဟုတ်ပါဘူး။
ဒါဟာ အစာအိမ်မှ အက်ဆစ်တွေအစာမျိုပြွန်ကိုဆန်တက်တာကြောင့်ရင်ပူတာပါ။ ရင်ဘတ်အောင့်တာ တဖြည်း ဖြည်း ပိုဆိုးလာပြီး အနည်းဆုံးမိနစ်အနည်းငယ်ခန့်ထိ မပျောက်မှသာနှလုံးရောဂါအတွက် စိုးရိမ်ရမှာပါ။
၂။ အသက်ရှုမဝရင် လူအများစုမှာ အသက်ရှူမဝတာဟာ စိတ်ဖိစီးမှုများတာကြောင့် ဖြစ်တာပါ။ အသက်ရှူလို့မရတဲ့ ခံစားမှုမျိုးဟာ Hyperventilation ကြောင့်ဖြစ်ပြီး သွေးထဲမှာ ကာဗွန်ဒိုင် အောက်ဆိုဒ်တွေနည်းသွားပါတယ်။ Treadmill စက်မှာ လမ်းလျှောက်နိုင်ပြီး လမ်းလျှောက်အပြီး အခြေအနေ ပိုမဆိုးရင် မစိုးရိမ်ရပါဘူး။
လူနာဟာဒီနေ့မှာနေကောင်းနေပြီး နောက်တစ်နေ့မှာ လှေကားတက်ရင်လှေကားထစ်တွေမှာနားပြီး အသက်ဝအောင်ရှူပြီးမှ လှေကားထစ်တွေ တက်လို့ရတယ်ဆိုရင် စိုးရိမ်စရာအခြေအနေပါ။
၃။ တစ်ခါမှမခံစားရဖူးသောခန္ဓာကိုယ်အထက်ပိုင်းနာကျင်ရင် ရှေးဦးစွာမေးရိုးမှာနာတာ၊ တံတောင်ဆစ်မှာနာတာ၊ ဒါမှမဟုတ် သွားနာတာတွေအနေနဲ့ လက္ခဏာ ပြတတ်ပါတယ်။ ဒါဟာနှလုံးသွေးကြောပိတ်တာကြောင့် နာကျင်တာဖြစ်ပြီး အာရုံကြောမှ တစ်ဆင့် ဘယ်ဘက် လက် ဒါမှမဟုတ် မေးရိုးကိုနာကျင်တာတွေ ရောက်သွားတာပါ။ ဒီလို တစ်ခါမှ မခံစားရဖူးတဲ့ နာကျင်မှု အသစ် တွေ ခံစားရရင်လျစ်လျုရှုမထားပါနဲ့။တစ်ခါတစ်ရံ နှလုံးတိုက်ခိုက်ခံရတာဟာ ရင်ဘတ်အောင့်တဲ့လက္ခဏာမပြတတ်ပါဘူး။
ခွဲခြားနိုင်သောနည်းလမ်းနှစ်ခု
အောက်ပါတို့မှာ သင်ခံစားနေရတဲ့ ဝေဒနာကို လျစ်လျူရှုသင့်သလား ဒါမှမဟုတ် ဆရာဝန်ကို ပင့်ရမလားဆိုတာကို ခွဲခြားနိုင်တဲ့နည်းလမ်းနှစ်ခုပါ။
၁။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
နှလုံးသန်မာဖို့ လေ့ကျင့်ခန်းမှန်မှန်လုပ်နေရင် ကောင်းတဲ့နာကျင်တာနဲ့မကောင်းတဲ့နာကျင်တာတွေကို သင်ခွဲခြား သိရှိနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှားလုပ်နေရင်းနဲ့ ခံစားရတဲ့ ဝေဒနာ ပိုဆိုးလာရင်ဆရာဝန် ပင့် သင့်ပါတယ်။
၂။ သင့်မှာရှိသောဖြစ်နိုင်ချေများကိုလေ့လာပါ။ သင့်မိဘတွေဟာ အသက်၉၀ အရွယ်ထိ အသက်ရှင်နေပြီး သင့်ရဲ့သွေးတွင်း ကိုလက်စထရောအဆင့်ဟာ ပုံမှန်ဖြစ်နေရင် တံတောင်ဆစ်မှာ နာနေတာဟာ တင်းနစ်ကစား တာကြောင့်ဖြစ်နိုင်ပါတယ်။ သင်ခံစားရတဲ့ဝေဒနာဟာ နှလုံးရောဂါမှန်း မသေချာရင် ဆရာဝန်နဲ့ပြဖို့အမြဲသတိရပါ။
(၂၀၀၈ခုနှစ် ဇူလိုင်လ ၉ရက်နေ့ထုတ် Good Health ဂျာနယ်)
About Heart Attacks

There are other symptoms of an heart attack besides the pain on the left arm.
One must also be aware of an intense pain on the chin, as well as nausea and lots of sweating, however these symptoms may also occur less frequently.
Note: There may be no pain in the chest during a heart attack.
The majority of people (about 60%) who had an heart attack during their sleep, did not wake up. However, if it occurs, the chest pain may wake you up from your deep sleep.

If that happens, immediately dissolve two aspirins in your mouth and swallow them with a bit of water.


Afterwards, phone a neighbor or a family member who lives very close by
- say "heart attack!"
- say that you have taken 2 aspirins.
- take a seat on a chair or sofa near the front door, and wait for their arrival and...
~ do NOT lie down ~
A Cardiologist has stated that, if each person, after receiving this e-mail, sends it to 10 people, probably one life can be saved!

I=20 have already shared the information-- What about you?
Do forward this message; it may save lives!

Heart Attacks And Drinking Warm Water
(ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း)

This is a very good article. Not only about the warm water after your meal, but about Heart Attacks . The Chinese and Japanese drink hot tea with their meals, not cold water, maybe it is time we adopt their drinking habit while eating.


တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ ကျနော်တို့လဲသူတို့ ဆီကလိုထမင်းစားစဉ် ရေ နွေး သောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ (ဒီဆောင်းပါးလေးဟာ အလွန် ကောင်း မွန်တဲ့ ကျန်းမာရေး နဲ့ ပက်သက်တဲ့ ဆောင်းပါးလေးပါ။) ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက် ပါတယ်။

For those who like to drink cold water, this article is applicable to you. It is nice to have a cup of cold drink after a meal. However, the cold water will solidify the oily stuff that you have just consumed. It will slow down the digestion. Once this 'sludge' reacts with the acid, it will break down and be absorbed by the intestine faster than the solid food. It will line the intestine.. Very soon, this will turn into fats and lead to cancer. It is best to drink hot soup or warm water after a meal.


ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက် သက်ရောက်မှု
တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။ အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။

Common Symptoms Of Heart Attack... A serious note about heart attacks - You should know that not every heart attack symptom is going to be the left arm hurting . Be aware of intense pain in the jaw line .
(အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့် တဲ့  လက္ခာတွေ အားလုံးမှာ ဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာ လဲ သတိထားသင့်ပါတယ်။)

You may never have the first chest pain during the course of a heart attack.Nausea and intense sweating are also common symptoms. 60% of people who have a heart attack while they are asleep do not wake up. Pain in the jaw can wake you from a sound sleep. Let's be careful and be aware. The more we know, the better chance we could survive.


နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ သင်ဟာ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်းကို ခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်းနဲ့ ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။
၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည် နိုးထ လာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု့  က သင့် ကို နိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့ တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲတာ က ကျွန်တော် တို့  ဆက်လက် အသက်ရှင်ရပ်တည်ဖို့ အခွင့်အရေးကောင်းဖြစ်ပါတယ်။

မူလဘာသာပြန်ဆိုသူTshwe04
(ဆီလျှော်အောင်ဘာသာပြန်ဆိုထားပါသည်ကို အထားအသို အနည်းငယ်တည်းဖြတ် ပြင်ဆင်ထားပါသည်။)

8/09/2009

သက်သေခံဓါတ်ပုံများကပြသော ပုလိပ် လူသတ်မှု


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မြန်မာနိုင်ငံနှင့် နယ်စပ်ခြင်း ထိစပ်သည့်အာသံ မဏိပူရ် ပြည်နယ် အင်ဖါမြို့တွင် ရဲက မစ္စတာစံဂျစ်(Chongkham Sanjit )
အား စတင်ဖမ်းဆီးစဉ်။

ဆေးရုံလုပ်သား မစ္စတာစံဂျစ်သည် အိန္ဒိယ ခွဲထွက်ရေးလှုပ်ရှားမှု အဖွဲ့ဝင်ဟောင်းတဦးဖြစ်သည်။
သူသည် သူ့အဖွဲ့အစည်း နှင့်ပါတ်သက်ခြင်းမရှိတော့ပါ ဟု သူ့မိသားစုကပြောသည်။


သူ့အား လက်နက်ကိုင် ရဲအထူးတိုက်ခိုက်ရေးတပ်များဖြင့်
လာရောက်ဖမ်းဆီးခံရချိန်တွင်မစ္စတာစံဂျစ်တွင်မည်သည့်
လက်နက်မျှကိုင်ဆောင်မထားဘဲ အေးဆေးစွာရှင်းပြရင်း
ရဲအရာရှိခေါ်ရာသို့လိုက်ပါသွားကြောင်း ဓါတ်ပုံဆရာ
Tehelka ၏ပုံစာတွင်တွေ့နိုင်သည်။














သို့ရာတွင် ရုတ်ချည်း အခြေအနေပြောင်းလဲသွားပြီး
လက်နက်ကိုင် ရဲများက သူ့အားချုပ်နောင်ကာ ဆိုင်လွတ် တခုအတွင်းတွန်းထိုးခေါ်ဆောင်သွားသည်။






အချိန်အနည်းငယ်ကြာပြီးနောက် Tehelka က ရဲများ
မစ္စတာစံဂျစ်ကို ဆေးဆိုင်တဆိုင်အတွင်းသို့ တွဲသွင်းသွားသည့်ပုံကိုရိုက်ယူခဲ့သည်။


နောက်မိနစ်အနည်းငယ်တွင် မစ္စတာစံဂျစ်၏ အလောင်းကို ဆေးဆိုင်အတွင်းမှ ရဲက ဒရွတ်တိုက်ဆွဲထုတ်လာသည့်ပုံကို၎င်း
မစ္စတာစံဂျစ်၏အလောင်းကိုထရပ်ကားတစီးပေါ်သို့
ရဲကပစ်တင်ထားသည့်ပုံကို၎င်း ရိုက်ကူးခဲ့သည်။



မှတ်ချက်**
အထက်ဖေါ်ပြပါအချို့သော ဓါတ်ပုံများကို
ဒေသတွင်းသတင်းစာများက မဖေါ်ပြရဲပါ။

“ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ” ၂

၁၉၈၈ ၈လပိုင်း၈ရက်နေ့မှာ မြန်မာကျောင်းသားအရေးအခင်းဖြစ်တယ်။
၂၆နှစ်ကြာ ဖိနှင်းထားတဲ့ စစ်ဖိနပ်အောက်က ရုန်းထတော်လှန်မှုဟာ
လူမဆန်တဲ့အာဏာရှင်တို့ရဲ့အပြင်းအထန်ဖိနှိပ်မှုကြားက ပြည်သူ
တရပ်လုံး တခဲနက်အုံကြွလာတာ ဖြစ်ပါတယ်။
ဒီအရေးအခင်းရဲ့သူရဲကောင်းအပေါင်းတို့အား “ကမ္ဘာကြေသော်လည်း
ဥဒါန်းမကြေ” ၂ အမည်ဖြင့် အဲဒီကာလက ဖူးတက်စ လူငယ်ကျောင်းသူ
တဦးအဖြစ် ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တိုက်ပွဲဝင် ရဲမေသူရဲကောင်းတဦးရဲ့
ရင်တွင်းဖြစ်ကဗျာတပုဒ်နဲ့ ထုတ်နှုတ်လို့အမှတ်တရ ဂုဏ်ပြု ဦးညွှတ်
အပ်ပါသည်။

“ကမ္ဘာမကြေဘူးဟေ့”

8/08/2009

မင်းမော်ကွန်း သံဃာတော်တွေကို တောင်းပန်ပြီ

အခုရက်ပိုင်း အင်တာနက်စာမျက်နှာတွေ အီးမေးတွေထဲမှာ နာမည်ကြီးသရုပ်ဆောင်မင်းမော်ကွန်းနဲ့အဖွဲ့က ကိုယ်လုံးတွေပေါ် လက်မောင်းတွေပေါ်မှာ ထိုးထားတဲ့ ဆေးမင်ကြောင်အရုပ်တွေကို ဖေါ်ပြတဲ့အနေနဲ့ သင်္ကန်းတွေ ချွတ်ရိုက်ထားတဲ့ပုံတွေ တဦးနဲ့တဦးပို့ပြီး ဝေဖန်တာတွေဖြစ်ပေါ်နေပါတယ်။ ဆရာတော်တပါးကဆိုရင် ဒီလုပ်ရပ်က သင်္ကန်းအရေခြုံပြီး သာသနာကိုစော်ကားတယ်ဆိုတဲ့ ဆောင်းပါးရေးလာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃကိုယ်စားလှယ်အဖွဲ့က အတွင်းရေးမှုးဆရာတော် ဦးထာဝရက စစ်အစိုးရကိုယ်တိုင် စက်တင်ဘာ လှုပ်ရှားမှုမှာပါတဲ့ သံဃာတော်တွေကို ရဟန်းအတုအယောင်လို့စွပ်စွဲလို့ မပြီးခင်မှာ ဒီလိုနာမည်ကြီးသရုပ်ဆောင်တယောက်ရဲ့ အပြုအမှုပေါ်လာတဲ့အတွက် ဒီလို မလုပ်သင့်ပါဘူးလို့ ဝေဖန်လိုက်ပါတယ်။"ဘုရားရှင် ကိုယ်တော်မြတ်ကိုယ်တိုင်က အင်္ဂုတ္တရ ပါဠိတော်မှာ ဟောထားခဲ့တာက ဘာဟောလည်းဆိုတော့ ဒါ သံဃာဆိုတာ သင်္ဂေါဟောတိ ဒုတ်သိလောနာမဆိုတာ သံဃာတို့မြင်ရင် ဒုတ်သီလ ပုဂိုလ်ရယ်လို့ မရှိဘူးပေါ့။ အစိုးရစော်ကားသလို ရုပ်ရှင်အနုပညာသည်တယောက်အနေနဲ့ပေါ့လေ ဒီလိုသံဃာတွေကို အစိုးရအလိုကျ စော်ကားတာကတော့ ဦးဇင်းတို့ ရဟန်းသံဃာတွေအနေနဲ့ လုံးဝ သည်းခံနိုင်တဲ့တရားကတော့ မရှိပါဘူး၊ ဒါပေမယ့် ဦးဇင်းတို့ကတော့ ဘာသာတရားအရကတော့ ဘာသာနည်းနဲ့ပဲ ပြန်ပြီးတော့ဆုံးမရမှာပါပဲ၊ အဓိကကတော့ ပြည်သူလူထုအနေနဲ့ပေါ့လေ တကယ်လို့ ဒီလို အနုပညာမျိုးတွေ အစိုးရကို ဖားတဲ့ အနုပညာရှင်မျိုးတွေရှိရင်တော့ သူတို့ရဲ့ကားတွေ သူတို့နဲ့ ပတ်သက်တဲ့ဥစ္စာတွေကို လုံးဝ မကြည့်ကြပါနဲ့လို့ ဦးဇင်းတို့အနေနဲ့ကတော့ မေတ္တာရပ်ခံချင်တာပေါ့ဗျာ ပြည်သူလူထုကို။ ထင်ယောင်ထင်မှား ဖြစ်နေတဲ့ တိုင်းပြည်ရဲ့ အခြေအနေကလည်း အရမ်း အဆိုးဆုံးအခြေအနေမှာ ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အနုပညာရှင်တွေဟာ တိုင်းပြည်ရဲ့ ရှေ့ဆောင်လမ်းပြ ပုံစံမျိုးတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့တွေကလည်း တာဝန်သိတယ်ဆိုရင်တော့ ရုပ်ရှင်သရုပ်ဆောင် တယောက်အနေနဲ့ပေါ့နော် ဒီလိုမျိုးကိစ္စကို လုံးဝ မလုပ်သင့်ဘူးလို့ ဦးဇင်းအနေနဲ့မြင်တာပဲ" လို့ မိန့်ပါတယ်။အခုလိုတွေသံဃအသိုင်းအဝိုင်းနဲ့ ဗုဒ္ဓဘာသာအသိုင်းကြားမှာဖြစ်နေတဲ့အတွက် သရုပ်ဆောင် အကယ်ဒမီမင်းမော်ကွန်းကို ဘာရည်ရွယ်ချက်နဲ့ ဒီပုံရိုက်ဖြစ်ခဲ့တာလဲလို့ မေးကြည့်တဲ့အခါမှာတော့"သာသနာဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ သံဃာဆိုတာလည်း စော်ကားစရာ မရှိပါဘူး၊ ကျနော်တို့ရင်ထဲမှာ အမြဲတမ်း ယုံကြည်ကိုးကွယ် ဆည်းကပ်ရမယ့်အရာပါပဲ။ ကျနော်တို့တွေမှာ တက်တူးထိုးတယ်ဘာညာဆိုတာက ဒါက လူငယ်သဘာဝပါ လွန်ခဲ့တဲ့ ၅ နှစ် ၆ နှစ်လောက်ကတည်းက ထိုးထားတာပါ။ နောက် အဲဒီနှစ်က ကျနော့်သားကို ရှင်ပြုတဲ့နှစ်ပါ၊ ကျနော်က အဲဒီမှာ သူငယ်ချင်းတွေနဲ့ အားလုံးစုပြီးတော့မှ ကျနော်လည်း ရဟန်းဒကာပေါ့နော်၊ သားလည်းရှင်ပြု ကျနော်ကိုယ်တိုင်လည်း ဝတ်ဆိုတော့ အဲလို ဝတ်တာပါ၊ နောက် ကျနော်တို့ ဘုန်းကြီးကျောင်းမှာ သန့်ရှင်းရေးလုပ်ကြရင်းနဲ့ အမှတ်တရ ရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးပါ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်းကပါ။ အဲဒီတော့ သူတို့ပြောတယ်ဆိုလို့ရှိရင် နောက်ကို ဆင်ခြင်ဖို့ပဲရှိပါတယ်ခင်မျာ့။ တခြားရည်ရွယ်ချက် ဘာမှ မရှိပါဘူးခင်မျာ့။ ကျနော်တို့တကယ် လူငယ်သဘာဝ အမှတ်တရလေး လုပ်မိတဲ့သဘောပါ၊ အဲဒီအတွက်ကိုလည်း ကျနော်က ဒီသံဃာတော်တွေကို တောင်းပန်ပါတယ်။မင်းမော်ကွန်းက သူတမင်ရည်ရွယ်တာမဟုတ်ပဲ အပျော်သဘောနဲ့ ရိုက်ခဲ့တဲ့အတွက် မတော်ဘူးဆိုရင် နောက်ဆင်ခြင်ပါ့မယ်" လို့ တောင်းပန်စကား ပြောသွားပါတယ်။တမင်ရည်ရွယ်လို့ပဲဖြစ်စေ အပျော်သဘောပဲဖြစ်စေ လုပ်ခဲ့တဲ့ ဒီလုပ်ရပ်အပေါ် သံဃဝိနည်းရူထောင့်အနေနဲ့ ဘယ်လိုအကျိုးအပြစ်များ ရှိနိုင်သလဲလို့ မြင်းခြံ သံဃမဟာနာယက အဖွဲ့မှာ ဝိနည်းကိစ္စတွေဖြေရှင်းပေးနေတဲ့ တိုက်ကုန်းကျောင်းဆရာတော် ဦးဇောတိပါလကို လျှောက်ထားကြည့်ခဲ့ပါတယ်။"ရဟန်းတော်တွေ တောင်းပန်လို့တင်ကြေသွားမဲ့ကိစ္စတော့မဟုတ်ဘူး။ သာသနာတော်ကို အယောင်ဆောင်ပြီးတော့ သူတို့လုပ်ပါတယ်ဆိုရင် ဒီအပြစ်က သူ့တော့ အကျိုးပေးတတ်တယ်ဗျ အကယ်၍ သူက အပျော်သက်သက်လုပ်ပါတယ်ဆိုရင်တော့ အပြစ်ကနည်းနည်းတော့ အကျိုးပေးတဲ့နေရာတော့ သိပ်မကြီးလောက်ဘူးထင်တာပဲ သိက္ခာပုဒ်လွန်ကျူးလာတဲ့ပုဂ္ဂိုလ်ဆို ဥပမာတခု ဘုရားဟော ထားတဲ့ အာနာပါတိမောက်ပုဒ်လွတ်ကျူးထားတဲ့ပုဂ္ဂိုလ်တဦးဟာ အကယ်၍များ တရားအားထုတ်လို့ရှိရင် ဒီဘဝမှာ သူက ဝီစိကိစ္စ နိပ်စက်တတ်တော့ သမာဓိမရနိုင်ဘူးပေါ့ တရားထူးရနိုင်ဖို့ခဲယဉ်းသွားတာပေါ့ သာသနာတော့ နည်းနည်းအရှိန်အဝါတော့ အထင်မြင်သေးစရာတော့ဖြစ်လာတာပေါ့" လို့ ဆရာတော်က မိန့်ပါတယ်။သရုပ်ဆောင်မင်းမော်ကွန်းကတော့ ဒီပုံဟာ စက်တင်ဘာသံဃလှုပ်ရှားမှုမတိုင်ခင်ကတည်းက ရိုက်ခဲ့တာပါလို့ပြောပါတယ်။ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းနဲ့ သံဃာတော်တွေကြားက မကျေနပ်မှုအတွက် သူ့အနေနဲ့ နောက်နောင် ဒီလို ကိစ္စတွေကို မလုပ်တော့ပါဘူးလို့ တောင်းပန်စကားပြောဆိုသွားတယ်ဆိုတော့ သူ့ရဲ့ ပရိတ်သတ်တွေ ကျေနပ်ကြမယ်လို့ ထင်ပါတယ်နော့်။

အာအက်ဖ်အေမှ နားထောင်ပြီး ပြန်လည်တင်ပြပါတယ်၊၊

အညာနွေတမာမြေ

ဘုန်းဘုန်းပြောတာမှန်တယ်

ရုပ်ရှင် သရုပ်ဆောင် မင်းမော်ကွန်း ဘာကြောင့်များ သာသနာတော်ကို စော်ကားလိုက်တာလဲ

*ရေးသူ-အရှင်စန္ဒောဘာသာစာရ*


ငမိုက်သားတစုကဗုဒ္ဓသာသနာကိုညှိးနွမ်းအောင်ပြုလုပ်ထားတဲ့ဓါတ်ပုံများကိုတွေ့ရမှာဖြစ်ပါတယ်။ငမိုက်သားတွေထဲကအချို့ကတော့ ပြည့်စုံ၊ ဖျာကြီး (ခ)မြင့်သိန်း၊ မိုးကျော်ကျော်၊ ၀ဏ္ဏခွာနီး၊ မင်းမော်ကွန်း၊ ဗန်ဒိန်း၊ တရုတ်ကြီး ၊ သူရ လို့သိရပါတယ်။





မြတ်စွာဘုရားသာသနာတော်ကို ယနေ့ထိတိုင် တည်တန့်နေသည်မှာ ၀ိနည်းကျင့်ဝတ်များကြောင့်ဖြစ်ပါတယ်၊ ဘုရားရှင်က ရှေ့ရေးကိုမျှော်တွေးပြီး စည်းကမ်းရှိရှိနဲ့ ရဟန်းတော်တွေကို ဘယ်လိုနေရ မယ်၊ဘယ်ကိုဆွမ်းဘုဉ်းပေးရမယ်၊ ဒကာ ဒကာမတွေနှင့် ဆက်ဆံရင် ဘယ်လိုမျိုး ဆက်ဆံရမယ်၊ သင်္ကန်းဝတ် ရာမှာ မြို့တွင်း ရွာတွင်းသွားရင် သင်္ကန်းရုံသွားရမယ်၊ နောက်ဆုံး အိမ်သာတက်တာကစ ဘယ်လို တက် ရမယ်ဆိုတာမျိုးအထိ ၀ိနည်းစည်းကမ်းချက်တွေ ဘုရားရှင်က ချမှတ်ခဲ့ပါတယ်၊ ကိုရင်ငယ်တွေ လိုက်နာရမည့် စည်းကမ်းနှင့် ရဟန်းတော်များ လိုက်နာရမည့် ၀ိနည်းဆိုပြီး အသေချာကို အထူးပညတ်ချက် ဥပဒေများ ထားခဲ့ပါတယ်၊၊
အဲဒီ ၀ိနည်းတရားတော်နှင့် အညီ လိုက်နာကျင့်သုံးပြီး သီလကောင်းအောင် နေရသလို၊ စာသင်ခြင်း ( ပရိယတ္တိ)နှင့် တရားဘာဝနာ ပွားများခြင်းဆိုတဲ့ (ပဋိပတ္တိ) အကျင့်ကောင်းတွေကိုလည်း အားထုတ်ရတယ်၊ သမာဓိနှင့် ပညာ အရာမှာ တိုးတက်လာအောင် ရဟန်းတရားကို အားထုတ်ပြီးမှ ရဟန်းဝတ်ရကျိုး၊ ခေတ္တ ဒုလ္လဘ၀တ်ရကျိုး နှပ်မှာပါ၊၊
မြတ်စွာဘုရားက သာသနာတော်ရဲ့ အသက်သည် ၀ိနည်းပဲလို့ ဟောခဲ့ပါတယ်၊ စည်းကမ်းမလိုက်နာပဲ ၀ိနည်းစည်းကမ်း ဖောက်ဖျက်မလိုက်နာရင် လက်ရှိဘ၀မှာ ဒဏ်ပေးရမယ်၊ ဒီဘ၀သေလို့ရှိရင်လည်း ငရဲရောက်မည်ဟုဘုရားရှင်က ဟောခဲ့သည်မို့ အခုလို သာသနာ့ဘောင်မှာ မင်းမော်ကွန်းနှင့် အနုပညာသမားများ အုပ်စုရဲ့ သင်္ကန်းဝတ်ပြီး ဆေးမင်ချောင် အရုပ်တွေထိုးခြင်း အပေါ်ပိုင်း ဧကသီ အပေါ်ရုံမပါဘဲ သရုပ်ပျက်စရိုက်ဆိုးကို ဘာသာတရားကို မြတ်နိုးသူတိုင်း စိတ်မကောင်းဖြစ်ကြရပါတယ်၊ သင်္ကန်း အောက်ပိုင်းအ၀တ်ကို ဒူးနှင့် အောက်ကို လက်လေးသစ်၊ကွာအောင်ဝတ်ရမယ်၊ အပေါ်ရုံက လက်ရှစ်သစ် အကွာဝေးရုံရမယ်၊ သင်္ကန်းကို ရိုသေစွာ ၀တ်ရုံရမည်ဟု စည်းကမ်းချက်ရှိပါတယ်၊ အခုဟာက လုံးဝကို သင်္ကန်းမပါသည့်ပြင် အရုပ်တွေက တကိုယ်လုံးထိုး စတိုင်မျိုးစုံနှင့် ရိုက်တာကို အားလုံးမြင်နိုင်ပါတယ်၊၊
ရဟန်းသံဃာဆိုတာ မကြည်ညိုသေးသော ဒကာ ဒကာမများကို သာသနာတော်ကို ကြည်ညိုလာအောင် နေရမယ်၊ကြည်ညိုပြီးသား ဒကာ ဒကာမများကိုလည်း ပိုမိုကြည်ညိုလာအောင် နေထိုင်ရတာပါ၊ အကျင့်ကောင်းတွေနှင့် ကိုယ်မူအရာ၊ နုတ်အမှုအရာ တွေက မြင်ရသူတိုင်း ကုသိုလ်ရအောင် နေထိုင်ပြောဆိုတတ်မှသာ သင်္ကန်းခေတ္တ၀တ်တဲ့သူနှင့် စီစဉ်ပေးတဲ့ ကိုယ့်မိဘဆရာသမားလည်း အကျိုးများမှာပါ၊၊
မြန်မာနိုင်ငံမှာ မတရားအာဏာကိုယူလာတဲ့ စစ်အစိုးရကလည်း ရဟန်းသံဃာများကို အထင်သေး အမြင်သေးဖြစ်အောင် နည်းပေါင်းစုံနှင့် ဖန်တီးနေတာပါ၊ သံဃာထုထဲဝင်ပြီး စနစ်တကျဝင်ရောက်ဖျက်ဆီးနေခြင်းများနှင့် အနုပညာသမားများကို အသုံးချပြီး ဒီထဲမှာ သာသနာတော်ကို ကြည်ညိုချင်ဟန်ဆောင်ကာ ပေါ်လစီကားတွေရိုက် ရုပ်ရှင်ထဲမှာတော့ ဦးချနေသော်လည်း တကယ်ဘ၀မှာတော့ သံဃာတော်တွေက ထောင်ထဲမှာ ၀ါဆိုနေရတာပါ၊၊
လူထုက သံဃာကို မကြည်ညိုနိုင်အောင် စစ်အစိုးရက ဖန်တီး၊နောက်တော့ သံဃာတွေပျက်ဆီးတာတွေ လူတွေကိုပြ၊ သံဃာတွေ နိုင်ငံရေးမလုပ်ရင်ပြီးရော ကားပွဲစား၊ကျောက်ပွဲစား၊ချဲဒိုင်မျိုး စတဲ့ မဟုတ်တာတွေ လုပ်ချင်ရာ လုပ် စစ်အစိုးရက ဖန်တီးပေးထားတယ်၊ လောဘကြီးတဲ့ ဘုန်းကြီးဆိုရင်လည်း ကားတွေ ပေး၊ကျောင်းဆောက်ပေးတော့ သဘောတွေကျနေရော၊ အမျိုးသမီးတွေ ရုန်းရုန်းနဲ့ နေရတာကို ၀ါသနာပါရင် နေပေစေဆိုပြီး စစ်အစိုးရက လွတ်ပေးထားတယ်၊ တချို့ ဒီမိုကရေစီ နာမည်ရှိတဲ့ ကိုယ်တော်ဆိုရင် မပျက် ပျက်အောင် ငွေတွေ မာတုဂါမတွေနှင့် ဖျက်ဆီးရေးများလုပ်တယ်၊အရမ်းယုတ်မာတဲ့ လုပ်ရပ်တွေကို စစ်အစိုးရက လုပ်နေတာပါ၊ ဒါတွေကို အရမ်းရိုးသားတဲ့ လူထုက စစ်အစိုးရက ဒီလိုဖြစ်လာအောင် နောက်ကွယ်က လုပ်နေတယ်ဆိုတာ သိမယ်မဟုတ်ပါဘူး၊
သာသနာတော် သန့်ရှင်းချင်ရင် မသန့်ရှင်းတဲ့ စစ်အုပ်ချုပ်ရေး ယန္တယားကို အဆုံးသတ်မှ ဖြစ်မှာပါ၊ဘာဖြစ်လို့လဲဆိုတော့ ကိုယ်အာဏာမြဲရေးအတွက် သာသနာကို အသုံးချနေလို့ပါပဲ၊ ဒါတွေကို ပြောမယ်ဆိုရင် ရှည်နေမယ်၊ ဘုန်းဘုန်းပြောချင်တာက အနုပညာသမားတွေပါ၊ အနုပညာသမားရဲ့ ဂုဏ်သိက္ခာနှင့် တန်ဘိုးဆိုတာ ရှိပါတယ်၊၊
ဒါရိုက်တာ ဦးသုခရိုက်တဲ့ တပါးသီလ ဇတ်လမ်းမျိုးဟာ မြန်မာပြည်နှင့်တကွ နိုင်ငံခြားရောက် တကမ္ဘာလုံးမှာရှိတဲ့ မြန်မာများအားလုံးရဲ့ စိတ်မှာ တပါးသီလ ဆောက်တည်ရုံနှင့် ဒီလောက် ဘ၀မှာအေးချမ်းရင် ငါးပါးစလုံးသာ ဆောက်တည်ရင် ဘယ်လောက်ထိ ဘ၀တွေမှာ ငြိမ်းချမ်းမလဲဆိုတဲ့ အသိဥာဏ်များ ရပြီး ဇတ်ကားကြည့်တဲ့ အကျိုးက အနှစ်ချုပ်လိုက်တော့ သူတော်ကောင်းဖြစ်သွားတယ်၊၊
အနုပညာသမားဆိုတာ လူထုကို လေးစားရတယ်၊ မှန်ကန်တဲ့ အသိတွေပေးရတယ် တပြိုင်တည်းမှာပင် မှားတဲ့ အရာတွေကို ရှောင်ရတယ်၊ မင်းမော်ကွန်းနှင့် အပေါင်းပါတွေက အခုလို ကြည်ညိုဖွယ် မဖြစ်တဲ့ သရုပ်ပျက် စရိုက်မျိုးကို လုပ်ခြင်းအားဖြင့် သူရဲ့ တန်ဘိုးဘာမှမရှိတော့ပါဘူး၊ သူရဲ့အဖေ ဇင်ဝိုင်းမှာလည်း တာဝန်ရှိတယ် သားသမီးမကောင်းတော့ မိဘခေါင်းဆိုသလို၊ သူတို့အုပ်စုကို သင်္ကန်းဝတ်ပေးတဲ့ ဘုန်းကြီးနှင့် ကျောင်းတိုက်ကလည်း တော်တော် အသုံးမကျဘဲ ညံ့ဖျင်းတယ်၊ ၀တ်ပေးတဲ့ ဘုန်းကြီးက ဒါတွေအခုလို သရုပ်ပျက် ဖြစ်ခဲ့တာကို သိချင်မှ သိမယ်၊ ဘယ်လိုပဲဖြစ်ဖြစ် သာသနာတော်မှာ ဘယ်လိုမှ လက်မခံနိုင်တဲ့ ကိစ္စဆိုတာ အသိဥာဏ်ရှိတဲ့ လူတိုင်း နားလည်သဘောပေါက်မှာပါ၊ လူထုကို အသိဥာဏ်ပေး ဇာတ်ကားရိုက်နေတဲ့ မင်းမော်ကွန်းဟာ ဘယ်လို လူမျိုးလည်းဆိုတာ သူရဲ့ လုပ်ရပ်က သက်သေပြနေပါတယ်၊
စလေ ဦးပုည ပြောသလို ယခုခါမှု၊ လူလည်းဖြစ်လာ၊ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား၊ ဟောကြားမည့်သူ၊လူလည်းမရှား၊ သို့ပါလျက်သားနှင့်မှု အမိုက်တကာဗိုလ်မင်း၊ အဖျင်းတကာ့ ဗိုလ်ချုပ်၊ အပါယ်လေးဆီ၊ မြစ်နဒီတွင်၊ ပလုံမြုပ်လို့၊ လူယုတ်ကြီးတွေ ဖြစ်ချိမ့်မည် ဆိုသလို လူဘ၀ခေတ္တရောက်နေချိန်မှာ လူယုတ်ကြီးတွေ မဖြစ်ရအောင် နေရမယ်၊ မိမိသူတပါး နှစ်ဦးသားစလုံး အကုသိုလ်တွေမဖြစ်စေပဲ ကုသိုလ်တွေသာ ဖြစ်ရန် နေထိုင်ကျင့်သုံးရန် အထူးလိုပါတယ်၊၊
အနုပညာသမားတိုင်းဟာ ကိုယ့်ကောင်းသလို ကိုယ့်လို ဘ၀တူသမား အနုပညာသမားများကိုယ်လည်း ထိန်းသိမ်းပေးရမယ်၊ အနုပညာသမား အမှားတခုဟာ သာမာန်မဟုတ် မှတ်တမ်းဗီဒီယိုရိုက်ထားသည်မို့ သက်သေတခုဖြစ်နေပါတယ်၊ အဲဒီအမှားတွေကို ပြည်သူတွေက အပြစ်ပေးလို့ ရလာသည့် အချိန်ဆိုတာ ရှိလာမှာပါ၊ ဒါဟာ အမှန်တရားပါ၊ ဘုန်းဘုန်းတို့ အမှတ်တမဲ့ မနေပါဘူး သာသနာတော်ကို ဘယ်သူတွေ ဆေးဆိုးပန်းရိုက်လုပ်၊စော်ကားနေတယ်ဆိုတာ မှတ်တမ်းတင်နေပါတယ်၊၊
မင်းမော်ကွန်းအနေနဲ့ အခုလိုမျိုး အမှားတွေကို ဆက်လက်မလုပ်မိရန် သတိထားစေချင်တယ်၊ အနုပညာ သမားသိုင်းအ၀ိုင်းကလည်း ကိုယ့်လူထဲက မသင့်တော်တဲ့ အပြုအမှုတွေကို လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်စေချင်တယ်၊ မဟုတ်တာတွေလုပ်ပြီး ဖုံးကွယ်တယ်ဆိုတာ ရေရှည်မရပါဘူး အင်တာနက်ပေါ်မှာ ပေါ်ထွက်လာမှာပါ၊ တတိုင်းပြည်လုံးက အလေးမြတ်ပြုနေသည့် သာသနာတော်ကို စော်ကားရင် ဆော်ကားသူကို သံဃာထုအနေဖြင့် အရေးယူရမှာပါ၊ မင်းမော်ကွန်းဇတ်ကားတိုင်းကို တိုင်းနှင့်ပြည်နယ် (၁၄)ခုစလုံး လက်မခံပဲ သံဃာထုနှင့် လူထုက သပိတ်မှောက်မှုတွေ လုပ်သွားရပါလိမ့်မယ်၊
အမှားတခုကို ကျူးလွန်ပြီးရင် တောင်းပန်ဝန်ချရပါတယ်၊ ဒါကြောင့် မင်းမော်ကွန်းနှင့် အပေါင်းအဖော်အားလုံးက ပြည်တွင်း ပြည်ပဆရာတော်များနှင့် သာသနာကို မြတ်နိုးကြသော ပြည်သူလူထုကို ကျေနှပ်အောင် ပြန်လုပ်ပေးရပါမယ်၊ မလုပ်ရင်တော့ ဒီလို သာသနာတော်ကို စော်ကားတဲ့ မှတ်တမ်းဟာ ဆက်လက်တည်ရှိနေမှာပါ၊၊
*အရှင်စန္ဒောဘာသာစာရ*
ashincandobhasacara@gmail.com
ဖုံး ( 502) 749- 8066

8/01/2009

ကိုရာဇွန်အကီနို(ရ၆နှစ်)

အကြမ်းမဖက်သောလူထုဆန္ဒတိုက်ပွဲကို ဦးဆောင်၍ ဖိလစ်ပိုင်အာဏာရှင်မားကို့စ်၏ အနှစ်၂၀အာဏာရှင်ဘ၀ကို အဆုံးသတ်စေရုံမက အရှေ့ဥရောပ ကွန်မြူနစ်စနစ်ကို ချုပ်ငြိမ်းစေခဲ့ သူ လူထုဒီမိကရေစီခေါင်းဆောင် ဖိလစ်ပိုင်သမတဟောင်း ကိုရာဇွန်အကီနို သည် ယနေ့ စနေနေ့ (၂၀၀၉ခု သြဂုတ်လ ၁ရက်)နံနက်ပိုင်းတွင် ကင်ဆာ ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သွားပါကြောင်း မြန်မာ့ဒီမိုကရေစီ ပရိတ် သတ်သိစေရန် ကျန်ရစ်သူမိသားစုကိုယ်စား ကျနော်ကမ္ဘာမကြေမှ သတင်း ပါးအပ်ပါသည် ခင်ဗျား။
Former President Corazon Aquino