8/09/2009

သက်သေခံဓါတ်ပုံများကပြသော ပုလိပ် လူသတ်မှု


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မြန်မာနိုင်ငံနှင့် နယ်စပ်ခြင်း ထိစပ်သည့်အာသံ မဏိပူရ် ပြည်နယ် အင်ဖါမြို့တွင် ရဲက မစ္စတာစံဂျစ်(Chongkham Sanjit )
အား စတင်ဖမ်းဆီးစဉ်။

ဆေးရုံလုပ်သား မစ္စတာစံဂျစ်သည် အိန္ဒိယ ခွဲထွက်ရေးလှုပ်ရှားမှု အဖွဲ့ဝင်ဟောင်းတဦးဖြစ်သည်။
သူသည် သူ့အဖွဲ့အစည်း နှင့်ပါတ်သက်ခြင်းမရှိတော့ပါ ဟု သူ့မိသားစုကပြောသည်။


သူ့အား လက်နက်ကိုင် ရဲအထူးတိုက်ခိုက်ရေးတပ်များဖြင့်
လာရောက်ဖမ်းဆီးခံရချိန်တွင်မစ္စတာစံဂျစ်တွင်မည်သည့်
လက်နက်မျှကိုင်ဆောင်မထားဘဲ အေးဆေးစွာရှင်းပြရင်း
ရဲအရာရှိခေါ်ရာသို့လိုက်ပါသွားကြောင်း ဓါတ်ပုံဆရာ
Tehelka ၏ပုံစာတွင်တွေ့နိုင်သည်။














သို့ရာတွင် ရုတ်ချည်း အခြေအနေပြောင်းလဲသွားပြီး
လက်နက်ကိုင် ရဲများက သူ့အားချုပ်နောင်ကာ ဆိုင်လွတ် တခုအတွင်းတွန်းထိုးခေါ်ဆောင်သွားသည်။






အချိန်အနည်းငယ်ကြာပြီးနောက် Tehelka က ရဲများ
မစ္စတာစံဂျစ်ကို ဆေးဆိုင်တဆိုင်အတွင်းသို့ တွဲသွင်းသွားသည့်ပုံကိုရိုက်ယူခဲ့သည်။


နောက်မိနစ်အနည်းငယ်တွင် မစ္စတာစံဂျစ်၏ အလောင်းကို ဆေးဆိုင်အတွင်းမှ ရဲက ဒရွတ်တိုက်ဆွဲထုတ်လာသည့်ပုံကို၎င်း
မစ္စတာစံဂျစ်၏အလောင်းကိုထရပ်ကားတစီးပေါ်သို့
ရဲကပစ်တင်ထားသည့်ပုံကို၎င်း ရိုက်ကူးခဲ့သည်။



မှတ်ချက်**
အထက်ဖေါ်ပြပါအချို့သော ဓါတ်ပုံများကို
ဒေသတွင်းသတင်းစာများက မဖေါ်ပြရဲပါ။

No comments:

Post a Comment