2/21/2010

Cyber Bus


Google bus
Internet giant Google has come up with a project, ‘Google Bus’ which has been especially designed for Tamil Nadu. It will hit the roads within two months. Google Bus will create awareness among the people of the various internet applications that would be of great benefit for the people. It will mainly focus on educating the people on how the usage of internet could help the people in improving their quality of living.Google Bus will help the police in monitoring the functioning of more than 600 internet browsing centres available in Chennai. This mobile bus comprises of computers and wireless internet connectivity. Less than 5% of the people are used to the different internet applications. So Google Bus will help the people to know more about the uses of internet and its applications. Google has chosen Tamil Nadu as it has good road facilities.

2/16/2010

BUS





တီ ကေ


ကျနော်နေထိုင်ရာဘန်ကောက်မြို့ တော်ကြီး မှာ ဖြစ်ပါသည်။ကျနော်နေသည့် ကျနော်၏ အခန်းကျဉ်း လေးနှင့် ကျနော်အလုပ်ရှိရာရုံးမှာ အနည်းဆုံး ၄၅ မိနစ် မှ နေ၍ကားလိုင်းအခြေအနေ နှင့် ကားပိတ်ဆို့ မှုအပေါ်မူတည် ပြီးတော့ ၁ နာရီ ၃၀ မိနစ်လောက်ကြာအောင်ကားစီးပြီးသွားရပါသည်။အများအားဖြင်တော့ ဘန်ကောက်မြို့  တော်ကြီး၏ ဆိုးရွားလှသောကားမီးခိုးများအား ရှောင်ချင်သောကြောင့် ကျနော်သည်အဲကွန်းကား ကိုသာစီးပြီး ရုံးသွားဖြစ်ပါသည်(တက္ကစီ စီးပြီးမသွားနိုင်တာလည်းပါသည်)
နေ့ စဉ် မနက် ၀၇း၀၀ နာရီမှာ အလုပ်သွားဖြစ်ပြီ ညနေ့ ပိုင်း ၀၄း၀၀ မှစပြီး ၀၆း၀၀အထိရှိနေသော ကားပိတ် ဆို့ မှုကိုရှောင်ချင်သောကြောင့် ညနေ ၆ နာရီနောက်ပိုင်းသာ ပြန်ဖြစ်သည်မှာများပါသည်။သို့ သော်လုံးဝလွတ် ကင်းသည်တော့ မဟုတ်သေးချေ။
ဘန်ကောက်၌ ကျနော်အလုပ်လုပ်နေသည့် နှစ်ပေါင်းများစွာသောကာလများအတွင်း ထိုင်းလူမျိုးများ ၏ထူးခြား သောဓလေ့ထုံးစံများကျနော်တို (့မြန်မာနိုင်ငံသားများ)နှင့်မတူသောအချက်များအားသတိ ထားမိပါသည်။ ထိုအ ချက်များသည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ၏ အစစအရာရာ မတူညီသော အခြေခံ မှစပြီးတော့ အခြားလူမှု့ ရေးအ ချက်များကြောင့်ဟုပြောဆိုလာပါကလည်း ကျနော် လက်ခံမည်သာဖြစ်ပါသည်။
ထိုအချက်များကတော့ တခြားမဟုတ်ပါ။ကားတစီးပေါ်၌ ရဟန်းတပါး တက်လာပါက ထိုရဟန်းထိုင် ရန်ခုံမဆို ထားနှင့် ထိုရဟန်းတော်၏သင်္ကန်းနှင့်မထိမိအောင်ပင်လူပများက ရိုသေသမှုဖြင့် ရှောင်ရှား ကြသည်။ နောက် တချက်မှာ ခလေးတစ်ယောက်နှင့်ယောကျာင်္းမိန်းမတက်လာလျင်ခလေးအတွက်ထိုင်ခုံနေရာဖယ် ပေးလေ့ရှိကြ ပါ သည်။ထို့ နောက်အဖိုးအို အဖွားအို ဗိုက်ကြီးသည်အမျိုးသမီးစသည် ဖြင့်နေရာဖယ်ပေးလေ့ရှိသည်ကို တွေ့ ရ ပါသည်။
ကျနော်တို့ ကိုယ် ကျနော်တို့ လူမျိုးကြီး ဗုဒ္ဓဘာသာထွန်းကားသည် နိုင်ငံတွင် မွေးဖွားနေထိုင်ပြီးလွန်စွာမှ ယဉ် ကျေးနေပါသည်ဟူ၍အထင်ရောက်နေသည့် အချို့ သောမြန်မာနိုင်ငံသားများအတွက်တော့လွန်စွာမှဂရုတစိုက် လေ့ကျင့်သင်ယူသင့်သည် ယဉ်ကျေးမှု ဓလေ့ထုံးစံများဖြစ်ပါသည်။
ကျနော်ကိုယ်တိုင်လည်း အနီးနားတွင် သက်ကြီးရွယ်အို အမျိုးသား အမျိုးသမီးကြီးတွေ ရပ်နေလျင် ထိုင်နေလို့  မရသည့် ထုံးစံကကျနော်ကိုယ်တွင်းမှာ ၀င်ရောက်မှန်းမသိဝင်ရောက်နေပြီဖြစ်ပြီး တခါတရံ ဤ အတွက်လည်း ကိုယ် ကို ကိုယ် လူမသိသူမသိကျေနပ် ဂုဏ်ယူမိပါသည်။ကြုံတုန်း ကျနော် ဗမာပြည်ရန်ကုန်မှာ လူမျိုးကြီး မပြီ သသည် ကားပေါ်က ဖြစ်ရပ်များအား စဉ်းစားမိ၊ကြားမိတိုင်းလည်း ကျနော်ကိုယ်တိုင် ဤ ဖြစ်ရပ်ကို ကျူးလွန်မိ သလို ရှာက်မိသည် အကြိမ်ပေါင်းများစွာရှိနေသည်ကိုလည်း ကျနော် ၀န်ခံပါသည်။
ဘန်ကောက်မြို့ မှာ တခါတုန်းကကျနော်စီးလာသည် ဘတ်စ်ကားအား ဟိုတယ်တခုမှ ထွက်လာသည် ကိုယ်ပိုင် ကားတစီးမှ ဘေးမှဝင်ရောက်တိုက်မိပါသည်။ထိုနောက် ထိုကားသည် နဂိုနေရာကို ပြန်လည် ရပ်နေပါသည်။ ကျနော် ဘတ်စ်ကား မှ စပါယ်ယာသည် ဆင်းကြည့်ပြီးနောက် ကားပေါ်သို့  ပြန်လည် တက်လာသလို ၀င်တိုက် သည့် ကားမှ မိန်းမပျို သည်လည်း ရှက်ကိုးရှက်ကန်း အမူအရာဖြင့် မိမိအမှား ကို သိသလို ပုံစံဖြစ်နေပါသည်။
ဤနေရာမှာ လည်း ကျနော် ထက်သက်ကြီးဝါကြီးတစ်ယောက်ပြောဖူးသည့် မင်းစဉ်းစားကြည့်စမ်း.. ကား တိုက် ပြီး ဘက်ကြည့်မှန်လေးတစ်ဖက်ပြုတ်ထွက်သွားတာနဲ ကားတွေပေါ်ကနေပြီး ကားစက်နိုးတဲ့ ဂေါက်တံကြီး တွေ ကိုင်ပြီး ဆဲဆို ရိုက်နှက်ကြတာ တို့ တိုင်းပြည်မှာဘယ်လောက်ရုပ်ဆိုး တဲ့ဖြစ်ရပ်တွေ လည်းလို့  ….ဆိုတဲ့စကား လေးကို သတိရမိပါတယ်။
ဒါကလဲ အင်မတန်ယဉ်ကျေးပါတယ်ဆိုတဲ့ လူမျိုးတစ်မျိုးရဲ့ အပြုအမူတော့ မဟုတ်တာသေချာပါတယ် ကျနော် ရေးနေတာတွေက ထိုင်းတွေကို မြောက်ပင့် ချီးမွမ်းရေးသားပြီး ကိုယ်တိုင်းပြည် နဲ့ ကိုယ်လူမျိုး တွေ ကိုနှိမ့်ချဖို့  လားဆိုတော့ မဟုတ်ပါဘူး။ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာကိုယ်အတွက်ဘဲကြည့်ခဲ့ကြတဲ့အတွက် ၊ဆင်းရဲ တွင်းထဲမှာ ဒုက္ခမျိုးစုံရောက်ခဲ့ရ တဲ့ ကျနော်တို့ လူမျိုးတွေကိုထိုင်းလူမျိုးတွေဆီကတင်မကတခြား သော နိုင်ငံလူမျိုးတွေရဲ့ မကောင်းတဲ့ အချက်တွေကို မယူဘဲ ကောင်းတဲ့အချက်လေးတွေကို ယူဖို့ နဲ့ ရှိနေပြီးသား ကောင်း တဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံလေးတွေကို မပျောက်ပျက်သွားအောင် ထိမ်းသိမ်းစေချင်တာက ကျနော်ရဲ့  စေတနာမှန်ပါ။
နေ့ စဉ် ကားစီးပြီးရုံးသွားစဉ် တွေခဲ့ရတဲ့အတွေ့ အကြုံလေးတွေထဲကတခုကတော့ ဘယ်လူမျိုးမဆို လား… လူသားသိပ်ပြီသတာဘဲလားဆိုတာ ကျနော် သေသေချာချာမသိတော့ တာသေချာပါတယ်… ဘာဖြစ်လို့ လဲ ဆိုတော့ ကျနော်ပြောသလို ကားတိုက်တာ ကားပျက်စီးသွားတာ..လူတွေကျပ်နေစဉ်မှာ တစ်ဦး နှင့်တစ်ဦး နေရာဖယ်ပေးအထုပ်မပေးနဲ့ လုပ်ခဲ့ကြတဲ့ ထိုင်းလူမျိုးတွေဟာ.. ကားပေါ်မှာလူနည်း လူရှင်းလာပြီဆိုတာ နဲ့  စတင်လှုပ်ရှားကြတော့တာပါဘဲ..အဲဒါက ဘာလဲဆိုတော့ထိုင်ခုံရဲ့ အတွင်းဖက် ကျရာ ပြုတွင်းပေါက်နဲ့ ကပ်ရက် နေရာကို ရွေ့ ကြတာပါဘဲ… ကျနော်နေ့ စဉ် စီးနေတဲ့ကား ဖြစ်တဲ့အ တွက် ဒီကားဟာ ဘယ်နေရာမှာ ကားဂိတ် ဆုံး တော့မယ်.. အခုထိုင်နေတဲ့ သူတွေထဲက ဘယ်သူတွေဟာ ဘယ်နေရာမှာ ဆင်းမယ် ပြီးတော့ ကားကလဲ ဂိတ်ဆုံးတော့မယ်ဆိုတာ ကျနော်လဲသိသလို အားလုံး သော ဒီကားစီးသူတွေလဲ သိကြမှာပါ… ဒါပေမဲ့……လူ သားပြီ သစွာပါဘဲ ကျန်နေသေးတဲ့ အချိန်လေး ငါးမိနစ် ဆယ်မိနစ်လောက်အချိန်လေးအတွက် အတွင်းဖက်နေ ရာ တွေကို ရွေ့ ကြပြောင်းကြတာများ ဆိုရင် ဒီဖက်ခုံကလူကဟိုဖက်ကူး ဟိုဘက်ကလူကလဲထိုင်ခုံ နည်းနည်း ပိုကောင်းတဲ့ နေရာကိုပြောင်း နဲ့ ကျနော်တို့ ငယ်ငယ်က ကစားတဲ့ တိုင်ဦးတန်း ကစားနေသလို ပါဘဲ……. အတွေးထဲပေါ်လာ အောင် စဉ်းစားသာကြည့်ပါတော့….ဘယ်လောက်များ အလုပ်ရှုပ်နေကြသလဲဆိုတာ…အဲဒီ အလုပ် ရှုပ်ချင်း ကလဲ အလွန်ဆုံး ဆယ်မိနစ်လောက် လုံးအတွက် ကိုယ်တချိန်လုံး လေးဆယ်ငါးမိနစ်လောက် ဖင်ပူ အောင်ထိုင်လာခဲ့တဲ့ နေရာလေးကို ရွေ့ ပြီးတော့ ပြောင်းနိုင်သေးတယ်ဆိုရင် ရာထူး ဂုဏ် ပိုက်ဆံ အစရှိ တဲ့အရာအားလုံးကိုအခြေခံတဲ့ နေရာထိုင်ခုံတလုံးအတွက်များဆိုရင် ဘယ်လောက် များတွန်းကြ တိုက်ကြ ခုတ်ကြ စောင်းမြောင်းကြမလဲဆိုတာစဉ်းစားမိရင် ကျနော် ဆင်းရမဲ့ မှတ် တိုင် ရောက်တော့ ကျနော်ကိုယ်တိုင် ကျနော် နေရာလေးကို နှမျောမိနေသေးပါတော့ တယ်…..




တီကေ


*ခရက်ဒစ်..

၁။လိုက်ဖက်ညီသရုပ်ပေါ်နိုင်ရန် ဟိုအရုပ် ဒီအရုပ် တွေ့ကရာ ကောက်ဆက်သည်။
၂။ကာယကံရှင်၏ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် မျက်နှာကို ကွယ်ပေးထားပါသည်။

2/08/2010

စောထဒဏ္ဍာရီ ဖြန့်ချီရန်အသင့်

စောထဒဏ္ဍာရီဆီးရီးစ် ဒုတိယတေးမြည်း
ဖိုင်ဒေါင်းရန်-
အချိန်လွန်ကာနှုတ်ဆက်ပြီးမှ ပြည်ဖုံးကားလိုက်ကာကြားက ခေါင်းပြူပီး သီချင်းလာဆိုတဲ့ ”ငြိမ်းစေ“ ရဲ့ ခံစားမှုတေးကို
အချိန်လွန်ကာနှုတ်ဆက်ပြီးမှ လိုက်ကာမကျ မီးမငြိမ်း ဆိုင်းမရပ်လို့ အညွန်းမဲ့ဇတ်ကို အတိုင်းမဲ့ကဖြစ်နေတဲ့
“ကမ္ဘာမကြေ”
သရုပ်ပြ ဖြတ် ထုတ် ဆက် သည်။
-

စောထစခန်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး တပ်ရင်း ၂၁၀၊ ၂၁၄ မှ

ကျဆုံး၊ သေဆုံး၊ ပျောက်ဆုံးသွားခဲ့ရသော ခွပ်ဒေါင်းရဲဘော်များအား ဤပို့စ်ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။

2/03/2010

စောထဒဏ္ဍာရီ

တရွေ့ရွေ့ တိုက်စားကျော်လွန်နေတဲ့ အချိန်ကာလ ခရီးမှာ နောက်ကိုလည်ပြန် ကြည့်မယ်ဆိုယင် အနှစ်၂၀စွန်းခဲ့ပါပြီ။
လက်နက်မဲ့ပြည်သူကို ”သံကိုသံခြင်း“ ရယ်လို့ ရဲရဲတောက် မိန့်ခွန်းနဲ့ ခြိမ်းခြောက်ရင်း အကြမ်းဖက်ဖြိုခွဲရင်းက အလွန်တိုတောင်းတဲ့ကာလတခုအတွင်း အာဏာရှင်မင်းဆက် ၃ဆက်ပြောင်း-ပြုတ် ခဲ့ရတဲ့ နောက်မှာ
ကျားကန်လို့မရအောင် ဗုံးဗုံးလဲကျတဲ့ မဆလနဲ့ မဆလနွယ်ဖွါး အစိုးရ ပြည်ဖုံးကားချ အစားထိုးဖို့
ကျားထိုးလို့နေရာယူတဲ့စစ်တပ် အာဏာရှင် တပင်ထူ မင်းမူပြန်တဲ့အခါမှာ။

-ဒူးထောက် လက်မြောက်လို့ ရာဇ၀င်အရိုင်းမခံနိုင် ဖေါ့ဖယောင်းလို ပျော့ပြောင်းခဲ့တဲ့ စာသင်ခန်းထဲက
လက်တွေနဲ့ ဓါးကိုဓါးခြင်းရယ်လို့မာန်ထူ သမိုင်းပေးတာဝန်ကို လက်ဆင့်ကမ်းယူရင်း ဒေါင်းအလံ တလူလူလွင့်လို့ ကျောင်းသားတပ်မတော် ဖြစ်တည်ခဲ့တဲ့သမိုင်း။
သမိုင်းစာတမျက်နှာမှာတော့ မြန်မာပြည် ဝေးသီခေါင်ဖျား တောတောင်ကြားက စောထဆိုတဲ့ ရွာမှုန်လေးတရွာ
မာန်ဟုန်စွေးသွေးနဲ့ ရန် အကုန် သိမ်း- ငြိမ်းစေရမယ်လို့ - ဟုန်းဟုန်းထခဲ့ဖူးပါတယ်။

လည်အပြန်တလှည့်တခါမှာ တကွေ့တခနပေမဲ့ စောထသမိုင်းရဲ့ ဒိုင်ယာယီများဟာ တစိမ်းတရံတွေကြား
ဒဏ္ဍာရီတွေပွါးနေဆဲပါ။.......

*(စောထရဲဘော်အပေါင်းအတွက် ကမ္ဘာမကြေ မျှဝေခံစားသည်)



ငြိမ်းချမ်းရေးမိုးရေ

Key; E ( Go Go ) Lyric; AK + ငြိမ်းစေ
Intro; / E _ _B_ / Dbm _Abm _/ A _ B _ / E _ B 0 /
D/E A/B Em/Gbm G/A
I. စွေလာတဲ့ မိုး' . ကလေးလို . . လေပြေသာ အနုးညံ့ ဆုံးမို့  . .
Gbm/Abm Em/Gbm D/E Bm/Dbm Gbm/Abm Bm/Dbm
ကမ္ဘာမြေပြင်ကို သွန်းဖြိုးပေးပါ . . ထာဝစဉ်သူသာ ပြိမ်းချမ်းရေးရှာဖွေ' . . ဘို့ လေ .
Em/Gbm G/A Gbm/Abm A/B
အချိန်လွန်ကာ နုတ်ဆက်ပြီးမှ . . မှာ'ချင်တာ မပြီး "သေးလို့ လေ . .
D/E Bm/Dbm G/A Em/Gbm
တဖန်ပြန်လာကာ . . ငြိမ်းချမ်းရေးရှာ ဖွေ' . .တဲ့နေ့  . .
A/B Em/Gbm D/E Bm/Dbm
အိုလူသား . . ဒီ . အလွမ်းမျက် ရည် . တွေကိုဆေးကြောပေးပါ . .
Gbm/Abm Em/Gbm G/A Gbm/Abm
နေရာတကာမှာ တရားမျှတစွာ . . . ပျော်ကာရွှင်ကာ သောကမရှိတာ . .
A/B Gbm/Abm //Bm/Dbm _ A/B _ //
ဘယ်သူဘယ်မှာ . . ဘယ်မနေချင်မလဲလေ . .
Gbm/Abm A/B // D/E _ A/B _ //
ဘယ်သူဘယ်မှာ . . ဘယ်မနေချင်မလဲလေ . .
// Bm/Dbm _ Gm/Am _ // G/A _ A/B _ // D/E _ A/B 0 //
II. ယုံကြည်တဲ့ ငြိမ်း' ချမ်းရေးကို . . ညီညီညာညာ ခရီးဆက်ကြစို့  . .
ရန်ကိုရန်က ခြိမ်းခြောက်ခြင်းတွေ. . ရာဇ၀င်ပြင်ကာ အမုန်းလက်နက်တွေ ရုပ်သိမ်းစေ . .
ငိုသံတွေအားလုံးတိတ်ဆိတ် . . ရယ်သံတွေကို အစားထိုးဘို့ လေ . . .
ဒီသံသရာရဲ့  . . လွတ်မြောက်ရေးးရှာ ဖွေ ' . . ကြစေ . .
အိုလူသား . . ဒီအဆိုး အညစ် တွေကို' ဆေးကြောလိုက်ပါ . .
အချိန်မှီပြင်ကာ . . လောကကြီးမှာ . . မပြေလည်နိုင်တာ . . မရှိတော့တဲ့အခါ . .
း (ဘယ်အခါမှာမဆို . . ကမ္ဘာမှာစစ်ငြိမ်းစေ . . )း
III. စွေလာတဲ့ မိုး' . ကလေးလို . . လေပြေသာ အနှုးညံ့ ဆုံးမို့
ကမ္ဘာမြေပြင်ကို သွန်းဖြိုးပေးပါ . . ထာဝစဉ် သူသာ ပြိမ်းချမ်းရေးရှာဖွေ... . ဖို့ လေ ..
အချိန်လွန်ကာ နုတ်ဆက်ပြီးမှ . . မှာ'ချင်တာ မပြီး "သေးလို့ လေ
ဒီသံသရာရဲ့  . . လွတ်မြောက်ရေးးရှာ ဖွေ ' . . ကြစေ . .
အိုလူသား . . ဒီအဆိုး အညစ် တွေကို' ဆေးကြောလိုက်ပါ . .
အချိန်မှီပြင်ကာ . . လောကကြီးမှာ . . မပြေလည်နိုင်တာ . . မရှိတော့တဲ့အခါ . .
(ဘယ်အခါမှာမဆို . . ကမ္ဘာမှာ စစ်ငြိမ်းစေ . . ) ၎
--------------------------------
အင်အားသစ်ရဲ့ည

Key; C ( Slow Go Go ) Lyric: ငြိမ်းစေ
Intro: (C_ _ _/ Am_ F_ / Gsus4_G_ _/):
C Am_ F_ C
I အမှတ်တမဲ့နဲ့ ရောက်လို့လာတဲ့ သံယောဇဉ်လေးရယ်
G Am_ Em_ G
ရင်မှာလေ မေ့လို့ မရနိုင်ခဲ့ပါ
C Am_F_ C
II လွမ်းမိတဲ့ အင်းလျာ့းရင်ခွင် ပြန်မရောက်နိုင်တော့ပါ
G Am_ Em_ G
ထာဝစဉ်သာ တောင်းတလို့ နေရမှာ
C Am_ F_ C
III အများအကျိုးအတွက် ရှေ့ ဆက်ချီတက် စွန့် စားသူလေးရေ
G Am_ Em_ G
ကြင်နာစွာ အားပေးလို့ နေသွားမှာ
C Am F Em_ G_
CHO: ကြိုးစာရင်းနဲ့  ယုံကြည်ချက်ကို ဖြည့်စွမ်းလို့ သွားမယ်လေ
C Am F Em_ G_
ရဲရင့် ခြင်းည အောင်မြင်ခြင်းတွေ အရောက်လှမ်းလို့  အရယူလေ
C Am F G
အနမ်းများရဲ့ည ကျော်ဖြတ်ခြင်းတွေ အင်အားသစ်တို့ ဖြစ်ပါစေ
( Cmaj7 / Fmaj7 / Cmaj7 / Fmaj7 /) 3 ( G _ _ _/ Am x G x Fmaj7 x / F x x x /)
VI ပုခုံးထက်မှာ ခေါင်းကလေးမှီလို့  သီကျူးတဲ့သီချင်းသံ
ရည်ရွယ်သူ အေးမြရစေဘို့ ပါ
V မောပန်းလို့  နွမ်းလျနေချိန် တို့ သီချင်းသံလေးတွေ
ရင်ခွင်မှာ ငြိမ်းအေးရစေသားကွယ်

III / CHO / ENDING: IV ..V…III…..။
--------------------
ငြိမ်းချမ်းရေးသံစဉ်

Key: C (Country) Lyric: ငြိမ်းစေ + ဖိုးချို
Intro: / Am _ _ _/ Em _ _ _ / F _ _ _ / G _ G 0 /
F Gm F C
I. မှိုင်းညို့ တဲ့တောနက်တနေရာဝယ် . . ကျူးရင့်တဲ့ ခွပ်ေါးင်းသံသာတင့်မောဖွယ် . .
F Gm F C
ဒေါင်းအိုးဝေ ကွန်းထောက်ခိုရာ မြေ . . စွန့် ခဲ့ရ့ ဘ၀တွေ အသွယ်သွယ် ဂုဏ်တင့်တယ် . .
Bb C Dm Am
Cho 1: အဆင်းရနံ့  သင်းမွှေးကြည်လဲ့ . . ဖြူစင်စွာ ပေးဆပ်လို့  သွားမယ် . .
Bb C Dm / Am _ C _ /
ငြိမ်းချမ်းရေး အစစ်အမှန် တရားတွေ . . ဒီမြေကဘာပေါ် လွမ်းရစ်ခြုံသိုင်းစေ . .

Music: // F _ _ _ / Gm _ _ _ / F _ _ _ / F_ _ _ /
/ Bb _ _ _ / C _ _ _ / Dm _ _ _ / Am _ C0 //
II. လူ့ ဘ၀ရဲ့  အစိတ်အပိုင်း အချိန်ခါမှာ . . နူးညံ့တဲ့ မေတာ ကိုယ်စီ စွန့် ကျဲစေ .
ရိုးသားခြင်း အရင်းခံ တည်ကြည်စေ . . အေးမြတဲ့ ဘ၀တွေ အသချေ် ပွင့်ဖူးစေ . .

Cho 2: အတုအစစ်အလှရဲ့  နှိုင်းယှဉ်ခြင်း . . ဟန်ဆောင်သူတွေ အလှမ်းဝေးကွာလွန်းနေ . .
ငြိမ်းချမ်းရေးသံစဉ်များ . . ဒီမြေကဘာပေါ် အကြွင်းမဲ့ ပိုင်စိုးစေ. .
Ending: ( II ) :// C _ _ _/ Dm _ _ _ / F _ _ _ / G _ _ _ //:
--------------------------
ယုံကြည်ရာ

Key: G Lyric: ငြိမ်းစေ
Intro: G _ D _ Em _ Bm _ Melody: James CoBayne

Em Bm C_ D _ G D Em_D _ G D Em _ D _
I. ရယူခြင်းရယ် . . ပေးဆပ်ရင်းနဲ့  . . စွန့် လွတ်ကာ ခရီးနှင် . .
Em Bm C_ D _ G D Em_D _ G D Em _ D _
မှန်းတဲ့လမ်းဆီ . . ရောက်လုနီးပြီ . . လှမ်းလက်ညီ ကြစေ . .
G Bm Em D
ယုံကြည်ခြင်း ခိုင်မြဲစေ
G D Em Bm
CHO; ( အသွေး အသားမှာစိမ့်ဝင်ရင်း . . ရင်းနှိးစွာ . .
G D Em _ Bm _ C D G_ D _
နှလုံး သားမှာ ဖြစ်စေသော လှမ်းဆက်ရာ . . ထာဝရ . ပွင့်ဖူးစေ )

Music: G _ D / Em _ Bm _ / G _ D _ / Em _ Bm _ / C _ D _ / G _ D _ /

II. မိုးယံထက်မှာ . . သန့် စင်ခြင်းနဲ့  ရွက်လွှင့်ကာ ခရီးနှင် . .
နှစ်သိမ့်ခြင်းရယ် . . ခွင့်လွှတ်ရင်းနဲ့  . . အမုန်းတရားတွေ ငြိမ်းစေ . .
ယုံကြည်ခြင်း ခိုင်မြဲ .. စေ

CHO;း( အသွေးအသားမှာစိမ့်ဝင်ရင်း. . နွေးထွေးစွာ . .
အစွန်းတရားတွေ ကင်းစင်သော . . လှမ်းဆက်ရာ ထာ ၀ရ ဆောင်ကြဉ်းစေ)း
အာ ဂါတ ဆိတ်သုန်းစေ
--------------------
သမီးလေးအတွက်ရာဇ၀င်သစ်

Key; G ( Country ) Lyric: ငြိမ်းစေ

Intro; G_ _ _ /D _ _ _/ C _ _ _/G - D x C x /
G Em G Em
I. ရေဆန်လေဆန် ဆူးကြမ်းတဲ့ခရီးတွေ ရင်ဆိုင်ယှဉ်ပြိုင် နင်းတက်ရှေ့ဆက်
G D C D /G _ / Dx Cx /
တို့ ရဲ့ ကိုယ်ပိုင်ဘ၀တွေ အားလုံးပဲ ပေးဆပ် ခဲ့ပါတယ်
G Em G Em
II. ယုံကြည်ရည်ရွယ် လှမ်းဆုပ်မဲ့ပန်းတိုင် နှစ်ကိုယ်တူရင်ဆိုင် တက်လှမ်းရင်းနဲ့ 
G D C D /G _ / D x C x /
သမိုင်းတခေတ် ရာဇ၀င်သစ်ကို အဆုံးစွန်းထိ လက်ဆင့်ကမ်းနေမယ်
G C Em G Em _ _ _ /
Choး ( နံရံတံတိုင်းကြားမှာ ခါးသီးတဲ့ နေ့ ရက်များကို မကြောက်တမ်း ကျော်ဖြတ်ရင်း
C Em G B7 _ _ _ /
ခက်ထန်တဲ့ ရက်စက်မှုတွေ အံတု ချေဖျက်ရင်း
C Am D Em G C D _ _ _ /
သူရဲကောင်းမောင်နှံ အတောင်ပံ ခတ်သံ မာန်ဟုန်ချီ ၀ဲလွင့်ပြန့် နေဆဲ
G D C Em D _ _ _ /
ဂုဏ်ယူတယ်…..သမီးလေးရေ မင်းကလေးက တို့ ရဲ့ အားမာန် ပေါ့
G D C Em D _ _ _ /
မှာချင်တယ်…… သမီးလေးရေ သမိုင်းကြွေးကို ဆပ်ဘို့ မမေ့ပါနဲ့ 
(G C Em D /G _ D x C x /):
# :(ယုံပါကွယ် စိမ်းလမ်းတဲ့ နေ့ ရက်များဟာ တို့ုအတွက်ဖြစ်စေမယ် )း
ငြိမ်းချမ်းတဲ့
:(G _ _ _ / C _ _ _ / D_ _ _ / D _ Dx C x ) : /. . C x x x /

( I ) ( II ) CHO (#): Fine . . .
# :( ယုံပါကွယ် စိမ်းလမ်းတဲ့ နေ့ ရက်များဟာ တို့ အတွက်ဖြစ်စေမယ် )း
ငြိမ်းချမ်းတဲ့

# လူမမယ်အရွယ် ၆ လသမီးလေးအား ခွဲရစ်စေပြီး မတရား ဖမ်းဆီးနှစ်ရှည် ထောင်ချခံနေရရှာသော ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ နှင့် မနီလာသိန်း တို့ အား လေးစား ဂုဏ်ပြု ခံစားခြင်း ။
--------------
ခွင့်ပြုပါ. . အမေ

Key; C ( Slow Go Go ) Lyric: ငြိမ်းစေ + Austin Minn
Intro; :(C _ / Am_ /Dm_ / G _ ):
C Am Dm G
I. အမေရေ …. အမေရေ……သောကနဲ့  တမ်းတမျက်ရည်
C Am Dm G
အမေရေ….. အမေရေ…… နှလုံးသွေးနဲ့  ပေးဆပ်ခဲ့ပြီ
C Am Dm G C _ / Am_ / Dm _/ G _
အမေရေ…..အမေရေ……. အများအကျိုးအတွက် အနိုင်းမဲ့မေတာဝေ . .
C Am Dm G
II. အပြစ်မဲ့တဲ့ ဘ၀တွေကို ဖေးကူရင်းလေ
C Am Dm G
ရိုင်းစိုင်းတဲ့ မိတ်စာတွေကို ငြိမ်းချုပ်စေဘို့ လေ
C Am Dm G
အမေရဲ့ သား ရည်ရွယ်ချက်တွေ ပြည့်ဝဘို့ လေ
C Am Dm G C _ / Am _ / Dm _ / G _
အမေ့ရင်ခွင်ထဲက ခေတ်တခဏ သွားခွင့်ပြုပါ အမေ…

( I ) :( C / G / Bb9 / Am / Ab+ / G / D9 / F / Gsus4 /G / ):
III ဝေးလွန်းတဲ့ ဘ၀တွေကို နီးနိုင်ဘို့လေ
နိမ့်ကျတဲ့ ဘ၀တွေကို မြှင့်တင်နိုင်ဘို့ လေ
အမေရဲ့ သား ယုံကြည်ချက်တွေ နှင်းဆက်ဘို့ လေ
ဘ၀ရေဆန်ခရီးကို ကူးခတ်လို့ ပေးဆပ် သွားမယ် အမေ… C _ / Am _ /Dm _ /G _
( I ) Am / Dm / G ( II ) Am / Dm / G ( I ) Am / Dm / G
အမေရေ… အမေရေ . . . . . အမေရေ. . . .အမေရေ . .
သားရှိခိုးကန်တော့လိုက်ပါတယ် . . အမေ . . . fine ….

---------
တာကြီးအတွက်သီချင်း

Key ; A ( Go Go ) Lyric: ငြိမ်းစေ
Intro ; :(A - - - / Gbm - - -/Bm - - -/E - - -):
A Gbm E
ဒီသီချင်းနဲ့  မင်းကလေးကို ဦးညွတ်လိုက်ပါရစေ
A Gbm E Bm A / E
အရွယ်မတိုင်ခင် မြင့်မြတ်စွာစွန့် လွတ်ရဲဝံ့သူ ဘယ်ဆီများရောက်လို့ နေသလဲကွယ်
A Gbm E
ပညာရှာရင်းနဲ့  မိဘရင်ခွင်ဆိုးနွဲ့ ရမယ့်အချိန်
A Gbm E Bm A / E
တော်လှန်ရေး သွေးကြွေးကို အသက်နဲ့ ပေးခဲ့သူ ရာဇ၀င်မော်ကွန်းထွန်းသစ်စေခဲ့တယ်

A Gbm E
CHO: ( တာကြီး …. တာကြီး . . . ညီလေးရေ :
A Gbm A Gbm
ဘယ်ဆီကို မင်းရောက်နေနေ တိုင်တည်ကာ ကတိသစွာတည်
E Gbm Bm E
အာဇာနည်သူရဲကောင်း မင်းကို အစဉ်သာလေးစား ဂုဏ်ယူနေပါတယ် )

(A / E / Bm / E / A / E / Bm / E / Bm / D ) (A / Gbm / Bm / E )
# ရှိုမြောင်ကြားမှာ ရိုးမအပေါ်ထိုးစစ်ဆင်နွဲရင်းလေ
ကံကြမာရေ မင်းကလေးအပေါ် အဆုံးအဖြတ်စောလွန်းတယ် ငါတို့ အားလုံး လွမ်းဆွတ်ကြေကွဲပြီ
# ညီအကိုအရင်းထက် မင်းကလေးကို အားလုံးချစ်ကြတယ်
တခါတလေများ မိဘတွေ တမ်းတမျှော်လင့်တတ်သူ ဘယ်လိုမှမေ့မရ နိုင်ဘူးကွယ်

(CHO): တာကြီး . . .တာကြီး… ညီလေးရေ…..Fade out…,

# ကျဆုံးလေပြီးသော စောထစခန်းမှ အငယ်ဆုံးရဲဘော် တာကြီး (ခေါ်) ကျော်စွာအောင် အား
လေးနက်စွာ ဦးညွှတ် အလေးပြု လွမ်းဆွတ် တမ်းတခြင်း
-----------
ခံယူခြင်း

Key: F ( Fulk ) Lyric: ငြိမ်းစေ + AK
Intro : Drum 2 bars / Bb_ C _/ F _ C _ / Bb _ C _ / F_ C _ /
F C Dm _ C _ / F _ C _ /
I. ယုတ်တိရှိသွားပြီ . . လမ်းမထွက်လျှောက်ရင်းက
F C Dm _ C _ / F _ C _ /
လက်ခုပ်သံများမြည် . . အခွင့်သင့်သမျှ ပေးဆပ်ရ
F C Dm _ C _ / F _ C -_ /
တခုခုတော့ ကျန်ခဲ့ပြီ . . သက်ရောက်မှု တော့ ရှိရမည်

F C Dm _ _ _/ Bb _ / C _ / F _ C _ /
CHO: ပညာသင်ချိန် ငယ်စဉ်တုန်းအခါ . . ပျော်စရာတွေဟာ ပညတ်ချိန်ကအမှား '.
F C Dm_ _ _/ Bb _ / C _/ F _ C _/
လိုချင်တာတွေ အိပ်မက်ထဲမှာ . . ရဖို့  အတွက့် မိဘတွေဆီက .

II. ဘ၀ကအရွယ်ရောက်ပြီ . . စိတ်ရှိသမျှလုပ်ခွင့် မရ
အရှေ့ ကလူပြောသည် . . မတရားမှုကလက်ပိုက် မရ
ဒါဆိုဖြစ်သင့်တာလုပ်မည် . . မျိုးဆက်သစ်တို့  အကျိုးရှိစေ
CHO: ဒဏ်ရာတွေကို မျိုသိပ်ထားကာ . . ခိုင်မာတဲ့စိတ်နဲ့ ရှေ့ ဆက်ခံယူသွား
လိုချင်တာတွေ လူ့ တန်ဖိုးးပါ . . ရဖို့  ခဏတော့ ဒုက္ခ ရင်ဆိုင်သွား .

----------
စောထဒဏ္ဍာရီ

Intro: Em_ _ _/ Em _ _ _ / C _ _ _ / Em _ _ _ / C_ _ _ / D_ _ _ /( Em _ _ _/)4 Lyric: ငြိမ်းစေ
အဆောင်ရှေ့ မှာ သီချင်း သွားဆိုကြမယ်ဆိုတော့
ပြန်လည် ငေးမောကြည့်သူတွေ ဟို'ဝေးဝေးမှာ ကျန်နေခဲ့ကြပါပြီ
ဒီဝန်းကျင်မှာ တစိမ်းတွေနဲ့  ခြောက်သွေ့ လို့  နေခဲ့ရပါပြီ
ဒါဟာ နေရာဟောင်း .. ဒို့ ပိုင်ဆိုင်ခဲ့တဲ့ မြေ
မရေရာတဲ့ ညတွေရယ်… မသေခြာတဲ့ မနက်ဖြန်ကို….လှမ်းလျောက်နေကြဆဲ..
(G _ D _ / Em _ _ _ / Em _ _ _ /)2
အာရုဏ်ထက်မှာ အလင်း ရောက်လာလိမ့်မယ် ဆိုတော့ . .
အဖြေရှာ လမ်းခင်းပေးသူတွေ ဟိုဝေးဝေးမှာ ကြွေနေခဲ့ ကြပါပြီ ..
ဒီလမ်းပေါ်မှာ သွေးစတွေပြန့်ကျဲ ခြောက်လှန့် လို့  ကျေကွဲရလေပြီ . .

ဒါဟာ နေရာဟောင်း . . . ဒို့ ပိုင်ဆိုင်ခဲ့တဲ့ မြေ . .
တွယ်ရာမဲ့ ညတွေရယ် . . အဖော်မစုံတဲ့ မနက်ဖြန်ကို . . လှမ်းလျောက်နေကြဆဲ . .
မကြေညာပဲ သိမ်းဖျက်ရတဲ့.. မျောလွင့်ခြင်းတွေရယ်..

တခါးတချပ်ကို မှားခေါက်မိရင်း . . .စေညွှန်ရာဆီ ဦှးလှုည့်ကြလေပြီ. . . ငြိမ်းချမ်းရေး . .
တနေရာတော့ရှိလိမ့်မယ် ငါတို့ အတွက် . . . .ငြိမ်းချမ်းရေး….
သွေးစွန်းလက်ကို ခေါင်းငုံ့ ပွေ့ ဖက် … . . .
ငါတို့ နှလုံးသွေးနဲ့ ဆေးကြောရမဲ့. . . အပစ်မဲ့ဝိဥာဉ်များနဲ့ စတေးကြရမဲ့. . . ငြိမ်းချမ်းရေး . . .
--------
စစ်မဲ့ငြိမ်းချမ်းရေး

Key: D ( Rock ) Lyric: ဒေဗီ
Intro: D _ _ _ //8 G _ _ _ / Gsus4 _ _ _ /C _ 0 0 0 0/
D
I. ဗမာပြည်ကဗုံးနဲ့  သေနပ်သံတွေ . . နာဂါဆာကီ အတိတ်ရဲ့ /က အရိပ်တစေတွေ .
D
II. ပင်လယ်နီမှာသွေး ချောင်းစီးကာနေ . . လူတွေသေအောင် သတ်တဲ့စစ်ကိုလေ . .
D G
CHO: ( ဒို့ ညီအကိုတွေ တားဆီးကြလေ . . . ဒို့ ညီအကိုတွေ တိုက်ဖျက်ကြလေ . .
C D
ဒို့ ညီအကိုတွေ သွေးစည်းက်ြမယ်လေ . . )
D
III. သံလွင်ချီကာ ဂျိုးဖြူငှက်ငယ်တွေ . ကဘာမြေတခွင်မှာ . . မြူးပျံဝဲစေသော်ဝ် . .

( G _ _ _/ G _ _ _ / D _ _ _ / D _ _ _/)4
စကားပြော- မိခင်တွေရဲ့ မျက်လုံးနဲ့  . . . ချစ်သူတွေရဲ့ မျက်လုံးမှာ . . .
မျက်ရည်တွေ ဖုန်းလွမ်းစေသောစစ်ကို . . မုန်းတယ် . .
ဟီရိုရှီးမားနဲ့ နာဂါဆာကီ အတိတ်က အရိပ်တစေတွေ ခြောက်လှန့်နေဆဲ . .
( G _ _ _/ G _ _ _ / D _ _ _ / D _ _ _/)3 /C _ 0 0 0 0 /
I. II. III. CHO . စကားပြော
လူပျောက်နေတဲ့လမ်းမတွေနဲ့  . . လမ်းပျောက်နေတဲ့ကလေးငယ်တွေရဲ့  . .
အနာဂါတ်ဘဝတွေကို . . ချေမွ ရိုက်ချီုးနေသော စစ်ကို . . မုန်းတယ် . . Fade Out . .
၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀