3/24/2010

၂၀၁၀အကြိုနိုင်ငံရေးတိုက်ကွက်များ

နိုင်မွတ်ဒိပ် (မွန်သတင်းအေဂျင်စီ)

ပြည်ထောင်စုမြန်မာနိုင်ငံ၏ အနာဂတ်ကံကြမ္မာကို နှစ်နှစ်အတွင်း အဆုံးအဖြတ်ပေးရတော့မယ်။ အဆုံးအဖြတ်ပေးတဲ့နေရာမှာ နအဖများသာမဟုတ်ဘဲ ဒီမိုကစီရေအင်အားစုများနဲ့ တိုင်းရင်းသားအဖွဲ့အစည်းများလည်း ပါဝင်နေတယ်။ နအဖတို့အနေနဲ့ အနှစ်နှစ်ဆယ်အင်အားနဲ့ အသာစီးရနေတဲ့သဘော တွေ့ရတယ်။ အမေရိကန်မှာ ခေတ်စားနေတဲ့ ရက်ဇယ်လင်းနပန်းပွဲလို စည်းနဲ့ကမ်းနဲ့ မထိုးချင်ဘူး။ ပြိုင်ဘက်ကို အနိုင်ယူဖို့ နအဖက ဒိုင်ကိုတောင် အလဲထိုးချင်နေတယ်။
ဗေဒင်အားကိုးနဲ့ နအဖရူးနေတယ်လို့ ရေးချင်ရေးလို့ရတယ်။ ဒါပေမယ့် ဒါဟာ ထိပ်ပိုင်းကပဲ များတယ်။ တပ်တွင်းမှာ ဒါတွေကို ခွင့်မပြုဘူး။ နအဖရဲ့ကျောရိုးက တပ်မတော်ပဲ ဖြစ်တယ်။ တပ်မတော်ကို ပြည်သူတွေနဲ့ ရန်တိုက်ပြီး သူတို့အိတ်ထဲ လုံးလုံးလျားလျားဝင်လာအောင် စီမံထားတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ ဆိုရှယ်လစ်တပ်မှူးများနဲ့ အသွင်ကူးပြောင်းခဲ့တဲ့ လက်ရှိတပ်မတော်မှာလည်း ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ အငွေ့အသက် စိမ့်ဝင်နေရာယူဆဲလို့ ဆိုနိုင်တယ်။
ဗိုလ်ချုပ်ကြီးနေ၀င်းဟာ ဖဆပလအဖွဲ့ထဲမှာ ခိုကပ်နေရတဲ့ ဆိုရှယ်လစ်ဦးကျော်ငြိမ်းတို့နဲ့ပေါင်းပြီး ဦးနုအစိုးရကို မတည်မငြိမ်ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ ကွန်မြူနစ်ယိမ်းဗိုလ်ချုပ်ကျော်ဇော်ကို တီးဖို့ ဆိုရှယ်လစ်တပ်မှူးတွေကို သူ့ဝန်းကျင်မှာ ရံနေစေခဲ့တယ်။ ၀ါဒရေးရာကို မကျော်နိုင်တဲ့ကွန်မြူနစ်တွေကို ဗုဒ္ဓဘာသာနဲ့ ရန်တိုက်ပေးပြန်တော့ ကွန်မြူနစ်တွေ အထိနာခဲ့တယ်။
ဒါကြောင့် တပ်မတော်မှာ ညဉ်တစ်ခုစွဲကပ်နေပြီ။ အာဏာနဲ့ရာထူးကို ရယူချင်ရင် စစ်တိုက်တော်ဖို့မလို၊ နောက်တန်းက နေရာယူတတ်ဖို့ပဲလိုတယ်ဆိုတဲ့ သဘောတရား တစ်ခုပါပဲ။ ဒါလည်း အထောက်အထားတွေ အများကြီးပဲ။ တရုတ်ဖြူတွေကို ဗိုလ်ချုပ်ကျော်ဇော်နဲ့အတူ တိုက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတင်ဦး (ယခု အန်င်အဲလ်ဒီ ဗိုလ်ချုပ်ကြီးတင်ဦး) ဗျူဟာချမှတ်ပေးပြီး တိုင်းရင်းသားတွေကို တိုက်ခဲ့တဲ့ သီဟသူရစစ်မောင်၊ ဒီဗိုလ်ချုပ် ဗိုလ်ချုပ်ကြီးတွေရဲ့ အနေအထားကို ကြည့်ပါ။
ဗိုလ်ချုပ်ကြီးတင်ဦးနဲ့ သီဟသူရစစ်မောင်တို့ကို ခင်ညွန့်လက်စဖျောက်ခဲ့တယ်လို့ အများထင်စရာ ဖြစ်အောင် ဗိုလ်သာဂေါင် (သန်းရွှေ) က အကွက်ဆင်နိုင်ခဲ့တယ်။ ဒီလိုညစ်ပတ်တဲ့အပြုအမူတွေ ဒီကနေ့ထိ ရှိနေတုန်းပဲ။ တပ်မတော်ကို အချင်းချင်း ယုံကြည်စိတ်ချလို့မရတဲ့အနေအထားနဲ့ မပြိုကွဲအောင် ကြားကန်ထားတယ်။ တစ်ယောက်နဲ့တစ်ယောက် မခွာဝံ့ဘူး။ အမြဲတမ်း သတိအနေအထားနဲ့ နေနေရတယ်။ ဒီအနေအထားကြောင့်ပဲ တိုင်းမှူးတွေ၊ ဗျူဟာမှူးတွေ ဖင်တောင်မပူသေးဘူး တစ်နယ်ပြီး တစ်နယ် ထပြောင်းနေရတာပေါ့။
ဒီလိုအင်အားနဲ့ တည်ဆောက်ထားတဲ့ နအဖနဲ့ ယုံကြည်မှုတည်ဆောင်ချင်တဲ့ ဒီမိုကရေစီ အင်အားစုတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ ရှိသေးတယ်။ လေ့လာမိသလောက် အပြင်ပန်းက မာနေပေမယ့် အတွင်းသဘောမှာ ကေအဲန်ယူလည်း ပျော့ချင်နေတယ်။ ဒါကို နအဖကလည်း သိနေတယ်။ ကေအဲန်ယူကိုကိုင်ဖို့ ဒီကေဘီအေနဲ့ ကေအဲန်ယူခွဲထွက် အဖွဲ့တွေ ရှိပြီးသား၊ သူတို့ဆီ ရန်သူရောက်ဖို့ အဝေးကြီးလိုသေးတယ်။ တိုင်းရင်းသားတွေ ကြားမှာ သပ်လျှိုမှုတွေလည်း လုပ်တယ်။ အမျိုးသားရေးစိတ်ပြင်းထန်တဲ့ တိုင်းရင်းသား တွေဟာ နအဖအကွက်ထဲ ၀င်ကုန်တယ်။
နအဖရဲ့နောက်ထပ်တိုက်ကွက်တစ်ခုမှာ ဒီမိုကရေစီအင်အားစုတွေနဲ့ ကုလသမဂ္ဂကို ရန်တိုက်ပေးခြင်း ဖြစ်တယ်။ အစွန်းရောက်ဒီမိုကရေစီဘက်တော်သားတွေကို အသုံးချပြီး သဘောထားပျော့ပျောင်းတဲ့လူတွေကို ဆွဲထုတ်ခြင်းပင် ဖြစ်တယ်။ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ ဖြစ်ပေါ်နေတဲ့အခြေအနေမှာလည်း နအဖကို အများကြီး အထောက်အကူပြုနေတယ်။ ဒီမိုကရေစီအင်အားစုတွေမှာ ၀ါဒရေးရာနဲ့ တိုက်ပွဲ အသွင်သဏ္ဍာန်မတူညီမှု၊ တိုင်းရင်းသားတွေမှာ နယ်မြေထပ်မှုနဲ့ သမရိုးထက်ကျော်လွန်သော အမျိုးသားရေးမျှော်မှန်းမှုတို့မှာ နအဖအတွက် ထိုးဖောက်ဖို့ ကွက်လပ်များ ဖြစ်နေတယ်။ ဒီအချက်တွေကိုပဲ အမိအရကိုင်ပြီး လာရောက်သမျှ နိုင်ငံခြားသံတမန်တွေကို ခင်းကျင်းပြသလေ့ ရှိတယ်။
ကုလသမဂ္ဂအထူးသံတမန် မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာပြည်ကို အကောင်းမြင်စေလောက်တဲ့ အနေအထားမှာ ရှိနေတယ်။ လက်နက်နဲ့အုပ်ချုပ်နေတဲ့ မြန်မာပြည်ဟာ သူတို့အာဖရိကနိုင်ငံလောက် မမွဲသေးဘူး။ အာဖရိကမှာ လူကို ပုရွက်ဆိတ်သတ်သလို သတ်နေတယ်။ ရန်ကုန်မှာ သေနတ်သံတစ်ချက်မှ ဂမ္ဘာရီမၾကားရဘူး။ အမ်ားယုံၾကည္မႈတစ္ခုကေတာ့ ဂမ္ဘာရီဟာ လာဘ်ထိုးခံရခြင်းပါ။ ဒီထက် ညစ်ပတ်တဲ့နည်းတွေ နအဖမှာ အများကြီး ရှိသေးတယ်။
မင်္ဂလာဒုံမှာ မွေးထားတဲ့အလှပဂေးတွေ ရာပေါင်းများစွာ ရှိတယ်။ ဒီအလှပဂေးတွေဟာ သံတမန်တွေကို ပြုစုဖို့တာဝန် ယူရတယ်။ ကိုယ်ဖိရင်ဖိ ပြုစုမယ့်သတို့သမီးတွေပါပဲ။ မခိုင်လုံသော သတင်းရပ်ကွက်တွေအရ အမျိုးသားညီလာခံကိုယ်စားလှယ်အချို့လည်း ဒီကျော့ကွင်းကနေ မလွတ်ခဲ့။ ယူဂိုဆလပ်မှာ အင်ဒိုးနီးရှားသမ္မတဆူကာနို ခံရသလိုမျိုး ဂမ်ဘာရီမိသွားယင် နအဖရဲ့အကွက်ပေါ့။
နအဖရဲ့နိုင်ငံရေးကစားကွက်ဟာ ခပ်ညံ့ညံ့ပဲ ဖြစ်တယ်။ ရိုးရိုးနဲ့ရှင်းရှင်း တိုက်ကွက်ဆင်ခြင်းပဲ ဖြစ်တယ်။ နိုင်ငံခြားသံတမန်တွေအနေနဲ့ သူတို့ကို ခပ်အအသဘောမျိုးထင်အောင်လည်း နေတတ်တယ်။ ဒီကောင်တွေဆီက ပိုက်ဆံအိတ်ကို လိမ်စားလို့ရတယ်လို့ အိမ်နီးချင်းတွေထင်လောက်အောင်လည်း နေပြတတ်တယ်။ နအဖဟာ သူ့ပြည်သူပြည်သားတွေကို အပေါ်စီးကကိုင်နေပေမယ့် သံတမန်တွေကို အောက်ကြေးနဲ့ရိုက်ပါတယ်။ ဒီလူတွေကို တဖြည်းဖြည်းချင်း ချော့ယင် ရနိုင်ခြေရှိတယ်လို့ ထင်ရအောင်လည်း မူတတ်တယ်။ ခင်ညွန့်တုန်းက မူလွန်းလို့ အချောက်ပုံတောင် ပေါက်နေခဲ့သေးတယ်။
အကြမ်းဖျင်းအားဖြင့် သုံးသပ်ရယင် အတိုက်အခံတွေက သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး၊ ကြားဖြတ်အစိုးရတည်ထောင်ရေး၊ အနိုင်ရပါတီက လွှတ်တော်ခေါ်ရေး၊ အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေး၊ အသွင်ကူးပြောင်းရေး၊ ဗိုလ်ချုပ်တွေ စစ်တန်းလျားပြန်ရေး (၆)ချက် ကို အသေပိတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲထွက်ပေါက်ကိုပဲ နအဖက ပေးထားတယ်။ အဲဒီ ထွက်ပေါက်ကလည်း သူတို့မြုံးထဲဝင်မိတဲ့အဖြစ်မို့ အလွန်အန္တရာယ်များတဲ့အခြေအနေပဲ ဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ တစ်ခုတည်းသောထွက်ပေါက် ဖြစ်ကြောင်း အများထင် အောင်လည်း နအဖက စိတ်ဓာတ်စစ်ဆင်ရေးတွေ လုပ်နေတယ်။ ဘယ်အဖွဲ့၊ ဘယ်ပါတီ ကစပြီး ရွှေ့လာမလဲ စောင့်ကြည့်အကဲခတ်နေတဲ့အဆင့်လို့ ဆိုရမယ်။ ရွေးကောက်ပွဲမှာ ၁၉၉၀-တုန်းကလို ပါတီပေါင်းရာချီ ပေါ်ထွက်လာယင် နအဖအတွက် မုတ်ဆိတ်ပျားစွဲကိန်း ဆိုက်ဦးမှာပါ။
ဒီမိုကရေစီအင်အားစုတွေနဲ့တိုင်းရင်းသားအင်အားစုတွေဟာ ဒီအပေါက်ကို မ၀င်မိဖို့ အရေးကြီးသလို ဒီတစ်ခုတည်းသော နအဖထွက်ပေါက်ကိုလည်း ပိတ်နိုင်အောင် ဆောင်ရွက်သင့်တယ်။ ဒီထွက်ပေါက်ကို မပိတ်နိုင်ရင်၊ သို့မဟုတ် မြုံးသွင်းခံရယင် ကျန် (၆) ပေါက်လည်း ပိတ်သွားမယ့်သဘောပဲ။
ဒီအခြေအနေမှာ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေဟာ ဘုံရန်သူ နအဖကို ရင်ဆိုင်ဖို့ စုစည်းညီညွတ်သင့်ပြီ။ နအဖရဲ့အခြေခံဥပဒေကို အံတုနိုင်တဲ့ အခြေခံဥပဒေတစ်ခု လိုအပ်နေပြီ။ နိုင်ငံတကာမှာ နအဖကို ရင်ဆိုင်နိုင်တဲ့၊ ရင်ဆိုင်ဝံ့တဲ့ စင်ပြိုင်အစိုးရတစ်ခု လိုအပ်နေပြီ။
ဒီအစိုးရယန္တရားလည်ပတ်နိုင်ဖို့ စင်ပြိုင်တပ်မတော်တစ်ခု တည်ဆောက်ဖို့ လိုအပ်နေပြီ။ တိုင်းရင်းသားတွေရဲ့အားနဲ့ ဗိုလ်ချုပ်အောင်ဆန်းက လွတ်လပ်ရေး ရယူခဲ့သလို ဒီတစ်ချီမှာလည်း တိုင်းရင်းသားတို့ရဲ့အင်အားနဲ့ ဗိုလ်ချုပ်အောင်ဆန်းလို ဒုတိယအာဇာနည်တစ်ဦး လိုအပ်နေပါပြီ။ လွတ်လပ်ရေးရယူတုန်းက အပြန်အလှန်ယုံကြည်မှုအရ ခွဲထွက်ခွင့်ကိုတောင် လိုက်လျောခဲ့တယ်။ ဒါပေမယ့် ဘယ်တိုင်းရင်းသားတွေကမှ ခွဲထွက်မယ်လို့ မပြောခဲ့ပါဘူး။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုပဲ တောင်းဆိုခဲ့ခြင်း ဖြစ်တယ်။
ဒီတော့ကာ လက်ရှိနအဖကို အံတုနိုင်တဲ့ အခြေခံဥပဒေလို့ဆိုရင် ဖက်ဒရယ် ပြည်ထောင်စုဥပဒေပဲ ဖြစ်မယ်။ လက်ရှိနအဖကို ရင်ဆိုင်နိုင်တဲ့ စင်ပြိုင်အစိုးရလို့ဆိုရင် ဖက်ဒရယ်စင်ပြိုင်အစိုးရပဲ ဖြစ်မယ်။ လက်ရှိနအဖလက်ကိုင်တုတ်တပ်မတော်ကို ထိုးစစ်ဆင်ဖို့ ဖက်ဒရယ်တပ်မတော်တစ်ခု လိုအပ်မယ်။ နယ်စပ်တလျှောက်လုံးမှာ ရှိနေတဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေမှာ အင်အား (၅)သောင်းကျော် ရှိတယ်။
ကျောင်းသားတပ်မတော်အင်အားနဲ့ပေါင်းပြီး ဖက်ဒရယ်တပ်မတော် ဖွဲ့စည်းရင် ဖြစ်နိုင်ခြေ အများကြီးရှိတယ်။ ဒီအချက်ကို အကောင်အထည်ဖော်နိုင်ယင် အာဆီယံအပါအ၀င် ကမ္ဘာ့နိုင်ငံများရဲ့အာရုံကို အများကြီးဆွဲဆောင်နိုင်မှာ ဖြစ်တယ်။ ဖက်ဒရယ်အစိုးရ တရားဝင်ကြောင်း ပြည်တွင်းခေါင်းဆောင်တွေ ထောက်ခံမှုရရင် ပြည်တွင်းမှာရော ကုလသမဂ္ဂမှာပါ နအဖနေရာကို ၀င်လုလို့ရနေပြီ။
ဝေဖန်လိုတာက ပြဿနာကို ဖြေရှင်းလိုရင် ပြဿနာကို ခွဲခြမ်းစိတ်ဖြာတတ်ရမယ်။ ပြည်ထောင်စုမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့နိုင်ငံရေး ပြဿနာပါ။ လတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေးပြဿနာကို တစ်စေ့တစ်စောင်း အကဲခတ်ကြည့်ရင် နယ်နိမိတ်ပြဿနာနဲ့ မျိုးနွယ်စုပြဿနာ ဒီစစ်အေးလွန်ပြဿနာနှစ်ရပ်အပြင် မြန်မာပြည်လွတ်လပ်ရေးရကတည်းက ဘယ်အချိန်ဘယ်အခါမှ မဖြေရှင်းရသေးတဲ့ အမျိုးသားရေးမူဝါဒပြဿနာလည်း ပင်ကိုယ်အတိုင်း တည်ရှိနေသေးတယ်။ နှစ်ပေါင်း (၆၀) ကြာမြင့်ခဲ့လို့လည်း ပဋိပက္ခများလည်း အမြစ်တွယ်နေပါပြီ။
မြန်မာပြည်သမိုင်းမှာ သွေးထွက်သံယိုနည်းနဲ့ အသွင်ကူးပြောင်းခဲ့တာပဲ များတယ်။ ဒါကို သင်ခန်းစာယူပြီး အကြမ်းမဖက် မေတ္တာလက်နက်နဲ့ အသွင်ကူးပြောင်းစေရမယ်လို့ အားခဲခဲ့တဲ့၊ နအဖကို အံတုခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်လည်း နှစ်ပေါင်း (၂၀) သာ ကြာခဲ့တယ်၊ အောင်မြင်မှုအရိပ်အရောင် အခုထိ မမြင်သေးဘူး။ သမရိုးကျနည်းနဲ့ နအဖကို တိုက်လို့မရတော့ဘူးဆိုတာ နားလည်သင့်ပြီ။ ဒါကြောင့်ပဲ နအဖကို သွေးတိုးစမ်းတဲ့အနေနဲ့ ဒီအပတ်ထဲမှာပဲ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ဗိုလ်ချုပ်ထောမွန်က ဂျပန်ကို သွားပြီး လူလုံးပြခဲ့ တယ်။ ဒါဟာ နိုင်ငံရေးကစားကွက်တစ်ခု ဖြစ်ကြောင်း သိသာတယ်။
တိုက်ပွဲအသွင်သဏ္ဍာန်ပြောင်းလာနိုင်တယ်လို့ နအဖကလည်း တွက်ချက်ပြီးသား ဖြစ်နေမယ်။ သိလို့လည်း စစ်ထွက်တွေကို တိုင်းရင်းသားနယ်မြေထဲ စိမ့်ဝင်စေပြီး အဓိကရုဏ်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်။ မြန်မာပြည်နိုင်ငံရေးပြဿနာကို ဘာကြောင့် ဖြေရှင်းရခက်သလဲ။ ပြဿနာကို ကိုယ်တိုင်ဖန်တီးပြီး ပြဿနာထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတဲ့ ခေါင်းဆောင်တွေက ပြဿနာကို လုံးဝမဖြေရှင်းချင်လို့ ဖြစ်ကြောင်း နိုင်ငံရေးသုတေသီတွေ သဘောပေါက်ကြတယ်။ ဒါဆို ငြိမ်းချမ်းရေးဆိုတာ အလှမ်းဝေးနေသေးတယ်လို့ ဆိုရမယ်။
မြန်မာနိုင်ငံအစိုးရအဆက်ဆက်တို့က ဗမာတွေကို ပြန်ကိုင်ဖို့ လိုအပ်တဲ့အချိန်မှာ တိုင်းရင်းသားတွေကို အသုံးချလေ့ရှိတယ်။ ဖဆပလခေတ်ကတည်းကစပြီး နအဖခေတ် အဆုံးပါပဲ။ ယခုအချိန်မှာလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပေါင်း (၁၇)ဖွဲ့စာရင်းကို ပြပြီး ဒီမိုကရေစီသမားတွေကို လှုပ်လို့မရလောက်အောင် ကိုင်တွယ်နိုင်ခဲ့ တယ်။ ဒီမျှ အကျိုးပြုခဲ့တဲ့ ဒီတိုင်းရင်းသားအဖွဲ့တွေဟာ အမျိုးသားညီလာခံမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ဘာမှ ပြောပိုင်ခွင့် မရှိခဲ့ဘူး။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မစုစည်း မိအောင်လည်း သတိအနေအထားနဲ့ နအဖက စောင့်ကြည့်နေခဲ့တယ်။
ဒီနိုင်ငံရေးအလှည့်အပြောင်းမှာ ဒီတိုင်းရင်းသားအဖွဲ့အစည်းတွေက အခရာကျပြီး နိုင်ငံရေး ပါရမီရှိမှု၊ ပါးနပ်မှု၊ နအဖရဲ့တိုက်ကွက်ကို တွက်ချက်နိုင်မှုတို့နဲ့ ပေါင်းစပ်နိုင်ရင် နအဖတို့အတွက် အန္တရာယ်များနိုင်တယ်။ နအဖတို့အနေနဲ့ ရန်သူလို့ ပြောင်သတ်မှတ်ထားတဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိတ်တဆိတ် သတ်မှတ်ထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကို ရွေးကောက်ပွဲထွက်ပေါက်တစ်ပေါက်ထဲ ပေးထားတဲ့အတိုင်း သူတို့အတွက်လည်း ဒီတစ်ပေါက်ပဲ အသက်ရှုလို့ရမယ့်အနေအထား ဖြစ်နေတယ်။ ဒီ ၂၀၁၀ တိုက်ကွက်မှာ နှစ်ဦးနှစ်ဖက် ၅၀%စီပဲ အသာစီးရနိုင်မယ်။ ကြံ့ဖွံ့နဲ့စွမ်းအားရှင်အားကိုးနဲ့ နအဖကြိမ်းနေပေမယ့် ဒီအင်အားစုတွေက သူတို့သခင်တွေကို သိပ်ပြီးသစ္စာရှိလှတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။ အချိန်မရွေး နအဖက ကိုယ့်ရှူးကိုယ်ပတ်နိုင်တဲ့ အနေအထား ဖြစ်တယ်။ ဒီလိုအနေအထားမျိုးဖြစ်ပေါ်လာအောင်…
၁။ တွေ့ဆုံဆွေးနွေးရေးအမြင်တွေ ကြံ့ဖွံ့၊ စွမ်းအားရှင်အပါအ၀င် တပ်မတော်သားများ အားလုံး သိရှိသဘောပေါက်လာစေရန် ၀ါဒဖြန့်နိုင်ရမယ်။ ပြည်သူတွေနဲ့တပ်မတော်ကြား ရန်တိုက်ပေးနေမှုကိုလည်း လှည်းနေလှေအောင် မြင်းစောင်းမကျန် ပြည်သူပြည်သားများနဲ့ တပ်မတော်သားများ သဘောပေါက်လာကြရန် ဘက်ပေါင်းစုံ ရှင်းပြနိုင်ရမယ်။
၂။ ကုလသမဂ္ဂနဲ့အာဆီယံကို အသုံးချပြီး သံတမန်ရေးရာချဲ့ထွင်နေမှုကို ရပ်တန့်စေအောင် တိုင်းရင်းသားအဖွဲ့အစည်းများအားလုံးနဲ့ ဒီမိုကရေစီဘက်တော်သားများပူးပေါင်းကာ ဖက်ဒရယ်အစိုးရတစ်ရပ် ထူထောင်ပြီး နအဖရဲ့တရားဝင်မှုကို စိန်ခေါ်ရမယ်။
၃။ စစ်အစိုးရနဲ့ တစ်ဖွဲ့ချင်း ဘယ်တော့မှ မဆွေးနွေး၊ ဖက်ဒရယ်စင်ပြိုင်အစိုးရအနေနဲ့သာ ဆွေးနွေးရမယ်။



ဆက်စပ်သော ပို့စ်အဟောင်း ပြန်ဖတ်ရန်လင့်ခ်။

ညီညွှတ်ခြင်းသည် အင်အား ၂၀၀၉ နိုဝင်ဘာ
အမှန်အတိုင်းမြင်နိုင်မှ ဘာလုပ်ရမယ်ဆိုတာကို ၂၀၀၉။အောက်တိုဘာ

အနာဂါတ်ဖက်ဒရယ်ပြည်ထောင်စု နှင့် ဒီမိုကရေစီတပ်မတော် ခိုင်အောင်ကျော် (စစ်တွေ) ၂၀၀၉။စက်တင်ဘာ

ဘိုးဘွားအမွေ ကျနော်တို့ နှင့် အနာဂါတ် ဗမာပြည် ၂၀၀၉။စက်တင်ဘာ
ဧ၀ံမေသုတံ-၂၀၀၉။စက်တင်ဘာ

3/21/2010

“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်”

(ဦးဝင်းတင်)

“ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်။ ပါတီကို သံခြေကျဉ်းခတ်တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ဘူး” ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီ CEC အစည်းအဝေးကနေပြီးတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ NLD ပါတီ မှတ်ပုံတင်ရေး မတင်ရေး အဆုံးအဖြတ်ကို မချမှတ်သေးဘဲ လာမယ့်မတ်လ ၂၉ ရက်နေ့မှာမှ CEC အဖွဲ့တင်မက တနိုင်ငံလုံး မှာရှိတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်CC တွေကိုပါ အစည်းအဝေးဖိတ်ခေါ်ပြီး သဘောထားတွေကို ဆွေးနွေးခြင်း၊ ချပြ ခြင်းတွေ လုပ်ပြီးမှ အားလုံးလျှို့ဝှက်မဲပေးပြီး ဆုံးဖြတ်မှာဖြစ်တယ်လို့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်း တင် က ဗွီအိုအေကို ပြောကြားခဲ့ပါတယ်။ မတ်လ ၂၉ ရက်နေ့ အစည်းအဝေးမှာ ပါတီရပ် တည်ရေးအတွက် ဦးစားပေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထားကိုပါ ထည့် သွင်းဆွေးနွေးကြရင် ဦးဝင်းတင်က သူ့ရဲ့သဘောထားကတော့ ပါတီမရှိလည်း နိုင်ငံရေးရှိနေဖို့က အရေးကြီးတယ်လို့ ပြောကြားပါ တယ်။
ဦးဝင်းတင်နဲ့ ဗွီအိုအေ ဝိုင်းတော်သား ကိုရော်နီညိမ်းတို့ရဲ့ ဆက်သွယ်မေးမြန်းချက်ကို တင်ဆက် ပေးလိုက်ပါတယ်။
ဗွီအိုအေ။ ။ လာမယ့်မတ်လ ၂၉ ရက်နေ့ အစည်းအဝေးဟာ အကယ်၍များ ဆရာ၊ ပါတီရပ်တည်ရေးကို ဦးစားပေးပြီးတော့ အများက ရွေးချယ်လိုက်တယ်ဆိုရင် ဆရာ့အနေနဲ့ ဘယ်လိုသဘောထားရှိပါသလဲ ဆရာ။
ဦးဝင်းတင်။ ။ ကျနော်ကတော့ ဒီလိုရှိပါတယ်။ ကျနော်တို့ ဒီအဖွဲ့အစည်းကို တည်ထောင်တဲ့သူထဲမှာ ကျနော် လည်း တယောက် အပါအဝင် ဖြစ်ပါတယ်။ ကျနော်ပါတီအပေါ်မှာ သံယောဇဉ်ရှိပါတယ်။ ဒီပါတီရဲ့ အရှည်တည်တံ့ရေး၊ ခိုင်မြဲရေးကို လိုလားပါတယ်။
သို့သော် ကျနော်ကတော့ ဘယ်လိုတွက်လဲဆိုတော့ ဘာပဲ ပြောပြော ဒီစစ်အစိုးရက အခုလုပ်နေတာက ကျနော်တို့ရဲ့ ပါတီတွင်းကိစ္စ ကို ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်မျိုးကို မောင်းထုတ်ဖို့ လုပ်တယ်။
ဘာပြလဲဆိုလို့ရှိရင် ကျနော်တို့မှာ ဘာမှကို နိုင်ငံရေးမရှိ လောက်အောင်လုပ်တာ။ ကျနော့်သဘောက ဘာလဲ ဆိုတော့ ပါတီတရပ်ဟာ နိုင်ငံရေးရှိရမယ်။ နိုင်ငံရေးမရှိရင် ဒီပါတီဟာ ဘာမှအ သုံးမကျဘူးလို့ ယူဆတယ်။ ကျနော့် ပုဂ္ဂိုလ်သဘော ခံယူချက်။ အဲတော့ နိုင်ငံရေးရှိပြီးတော့ ပါတီမရှိရင်တောင်မှ လှုပ်ရှားလို့ရတယ်လို့ ကျနော် ယုံတယ်။ နိုင်ငံရေးမရှိဘဲနဲ့ ပါတီရှိနေလို့ အလကားပဲ။ ပါတီသာရှိပြီးတော့ နိုင်ငံရေးမရှိရင်လည်း ခေါင်း မရှိတဲ့လူလိုပဲဖြစ်မှာပဲလို့ ကျနော် ပြောခဲ့တယ်။ အဲဒါကြောင့် ပါတီကို သံခြေကျဉ်းခတ် တဲ့ လုပ်ငန်းမျိုးကို ကျနော် လက်မခံနိုင်ပါဘူး။ ကျနော့်သဘောထားက ဒါပါပဲ။
ဗွီအိုအေ။ ။ ဆရာ ဒီကနေ့အစည်းအဝေးအခြေအနေ ကျနော်တို့ကို နည်းနည်းပြောပြပေးပါလား ခင်ဗျ။
ဦးဝင်းတင်။ ။ CEC ကနေ ဆုံးဖြတ်တာမဟုတ်ဘဲနဲ့ တပြည်လုံးမှာရှိတဲ့ မကြာခင်တုန်းကဖွဲ့လိုက်တဲ့ CC တွေနဲ့ အကုန်လုံးပေါင်းပြီး တော့ CC ရယ်၊ CEC ရယ် အားလုံးစုစုပေါင်း ၁၂၈ ယောက်ရှိမှာပေါ့၊ အဲဒီပုဂ္ဂိုလ်တွေ အကုန်လုံး စုပေါင်းဆွေးနွေးပြီးတော့ ကျနော်တို့ မှတ်ပုံတင်မယ် သို့မဟုတ်ရင်လည်း မတင်ဘူးပေါ့ဗျာ၊ အဲဒါကို ဆုံးဖြတ်မယ်ဆိုပြီးတော့ ကျနော်တို့ စီမံတယ်၊ အဲ ... ရက်က မတ်လ ၂၉ ရက်နေ့ပေါ့။ ၂၉ ရက်နေ့ ၃၀ ပေါ့။
ဗွီအိုအေ။ ။ အဲတော့ ဆရာ၊ မတ်လ ၂၉ ရက်နေ့ကို ခုနဆရာပြောသလို တပြည်လုံးမှာရှိတဲ့ NLD၊ ကျန်တဲ့ CC အဖွဲ့ဝင်တွေကော အစုံအညီ လာရောက်နိုင်မယ့် အနေအထားရှိပါသလား ဆရာ။
ဦးဝင်းတင်။ ။ စစ်အစိုးရကလည်း သူတွက်မှာပေါ့ဗျာ၊ ဒီဟာက ကျနော်တို့ကနေပြီးတော့ မှတ်ပုံ မတင်ဘူးဆိုပြီးတော့ ဆုံးဖြတ်မယ့်ပွဲမျိုး ဖြစ်မယ်လို့ထင်ရင် သူတို့ မပေးဘဲ နေကောင်းနေမယ်ပေါ့ဗျာ။ အဲ သို့မဟုတ်ရင်လည်း မှတ်ပုံတင်မယ့် အနေအထားရှိမယ်ဆိုရင် မှတ် ပုံမတင်ချင်တဲ့သူက နည်းနည်း ပဲရှိမယ်ထင်ရင်လည်း လွတ်ပေးရင် ပေးမှာပေါ့၊ ဒါကတော့ စစ်အစိုးရရဲ့ လုပ်ထုံးလုပ်နည်းပုံသဏ္ဍာန်ပဲ ဖြစ်မှာပဲ။ သို့သော် ကျနော်တို့ကတော့ စစ်အစိုးရရဲ့ စရိုက်လက္ခဏာတွေ၊ အ ကျင့်တွေကိုတော့ ထည့် မတွက်တော့ဘူး။ ကျနော်တို့တွက်နေတာက ဘာလည်းဆိုရင် ဒီဟာက ဘာပဲပြောပြော ဒီမိုကရေစီနည်းကျ လုပ်ရမယ်။ ကျနော်တို့အဖွဲ့က ဒီမိုကရေစီအဖွဲ့အစည်း။ အဲတော့ ဒီကိစ္စကလည်း အခုဟာ ဒီမှတ်ပုံတင် ဥပဒေတို့ ဘာတို့ဆိုတာကြီးက ဒီမိုကရေစီနည်းကို လုံးဝ မကျဘဲနဲ့ ဘယ်လိုမှ လက်ခံ နိုင်ခြင်း မရှိဘူး၊ ဒါကြောင့် ကျနော်တို့က ဒီဟာကို ဒီမိုကရေစီနည်းကျ ပါတီအောက်ခြေက အခုဖွဲ့လိုက်တဲ့ CC တွေနဲ့ ဆုံးဖြတ်မယ်ဆို ပြီးတော့ ကျနော်တို့က ခေါ်ခြင်းပဲဗျ။ ဒါပဲ။ အဓိကက ဒါပဲ။
ဗွီအိုအေ။ ။ ဟုတ်ကဲ့ပါဆရာ၊ အဲ့တော့ ပြန်ပြီးတော့ မတ်လ ၂၉ ရက်နေ့ကိစ္စကို ပြန်ပြီးကောက်မယ်ဆိုလို့ရှိရင် အဲဒီမတိုင်ခင်ကော ဆရာတို့ CEC အနေနဲ့ကျတော့ရော ဘယ်လိုများပြင်ဆင်ထားမယ်လို့ CEC မှာ စိတ်ကူး ထားပါသလဲ ဆရာ။
ဦးဝင်းတင်။ ။ ဒီလိုရှိတယ်ဗျ၊ ကျနော်တို့ ဆွေးနွေးမှာကတော့ ဒီအတောအတွင်းမှာ ကျနော်တို့ CEC တွေကြားထဲမှာ အထပ်ထပ် ဆွေးနွေးရမယ့် အကြောင်းကိစ္စကတော့ ဒီဥပဒေတွေဟာ လက်ခံ နိုင်တဲ့ဥပဒေတွေလား၊ လက်မခံနိုင်တဲ့ ဥပဒေတွေလား၊ အဲ လက်မခံ နိုင်ရင် ဘာကြောင့်လဲ။ လက်ခံနိုင်ရင် ဘာလဲဆိုတာ ဒါ ကျနော်တို့လုပ်မှာပဲ။ သို့သော် ကျနော်တို့ CEC တွေကနေပြီးတော့ ဟာ … မှတ်ပုံတင်မယ်၊ မတင်ဘူး ဆိုတာကို ဆုံးဖြတ်ပြီးတော့ အောက်ခြေထုကို ချပြမှာ မဟုတ်ဘူး။ အောက်ခြေထုကလည်း သူတို့ သဘောထားတွေ သူတို့ တက်လာခဲ့၊ ကိုင်စွဲပြီးတက်လာခဲ့။ ကျနော်တို့ CEC တွေကလည်း ကျနော်တို့ရဲ့ သ ဘောထား တွေကို ကျနော်တို့ ညှိနှိုင်းပြီးသား လုပ်ထားမယ်၊ အဲဒါတွေ အကုန်လုံးနဲ့ ပေါင်းစည်းပြီးတော့ ဒီ ၁၂၀ သော ပုဂ္ဂိုလ်များ ဒါ မဲခွဲ ဆုံးဖြတ်မှာပဲဗျ။ လျှို့ဝှက်မဲနဲ့ ဆုံးဖြတ်မှာပဲ။
ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ဗွီအိုကေက ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ် ခင်ဗျာ။

ဦးဝင်းတင်နှင့် ဗွီအိုအေ အင်တာဗျူး (မတ်လ ၁၅ ရက် ၂၀၁၀ ပြည့်နှစ်)

3/20/2010

လူထုစိန်ဝင်း၏ အမြင် - အန်အယ်လ်ဒီနှင့် ၂၀၁၀ ရွေးကောက်ပွဲ

မိုးမခ၀က်ဘ်ဆိုက် (မတ် ၁၉၊ ၂၀၁၀)
“ရွေးကောက်ပွဲဥပဒေကို ကြေညာတဲ့နေ့က စပြီးတော့ တယောက်ပြီး တယောက် လူငယ်တွေရော လူကြီးတွေ ရော လာလာပြီးတော့ မေးကြတယ်။ မေးကြတဲ့အကြောင်းကတော့ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲ ၀င်မယ် ထင်သလား။ ပါတီမှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲလည်း မ၀င်ဘူးဆိုပြီးတော့ ရွှေဂုံတိုင်ကြေညာစာတမ်းကိုပဲ ဆုပ်ကိုင်ပြီး ရပ်တည်သွားမလား ဆိုတဲ့မေးခွန်းကို တယောက်ပြီး တယောက်မေးကြတယ်။ မေးကြတဲ့သူတိုင်း ကိုလည်း တခုတည်းသော အဖြေကိုပဲ ကျနော်ပေးခဲ့တယ်။
အဲဒါဘာလဲဆိုတော့ အန်အယ်လ်ဒီဟာ ပါတီလည်း မှတ်ပုံတင်မှာပဲ၊ ရွေးကောက်ပွဲလည်း ၀င်မှာပဲဆိုတဲ့ အဖြေ ပဲ။ ဘာကြောင့်ဒီလို တပ်အပ်ဖြေလိုက်သလဲဆိုတော့ နှစ် (၂၀) ကာလအတွင်း အန်အယ်လ်ဒီ ဌာနချုပ် ခေါင်း ဆောင်တွေရဲ့ ရပ်တည်ချက်ဟာ ထင်ရှားနေတယ်။ သူတို့ရပ်တည်ချက်ကဘာလဲဆိုရင် အစိုးရ မကြိုက်တာ မှန်သမျှ ဘာမှမလုပ်ဘူး၊ အစိုးရခိုင်းတာပဲ လုပ်မယ်။ ဒါသူတို့ရဲ့ အနှစ် (၂၀) လုံး ရပ်တည်ချက်ပဲ။ အဲဒီအနှစ် (၂၀) အတွင်းမှာ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စတွေ ပေါ်ပေါက်လာတဲ့ အခါတိုင်းမှာလည်း အန်အယ်လ် ဒီဟာ မသိကျိုးကျွန်ပြုနေခဲ့တာပဲ။
ပြောမယ်ဆို အန်အယ်လ်ဒီဟာ ပဲခူးက လမ်းပြကြယ် ဦးအေးမြင့်ဆိုတဲ့ လူတယောက်လောက်တောင်မှ တိုင်း ပြည်အကျိုးကို ဆောင်ရွက်တာမျိုးကို မတွေ့ရဘူး။ ဦးအေးမြင့် ဆောင်ရွက်လို့သာ ကလေးစစ်သားတွေ မိဘ ရင်ခွင်ထဲကို ပြန်ရောက်လာတာမျိုးတွေ့ရတယ်။ တခါ လယ်ယာအသိမ်းခံရရုံတင်မက အဖမ်းခံရပြီး ထောင်ထဲ ရောက်သွားတဲ့ လယ်သမားတွေ ဦးအေးမြင့် ဆောင်ရွက်လို့ပဲ ထောင်က ပြန်လွတ်လာကြတယ်။ ဒီကိစ္စမျိုးမှာ အန်အယ်လ်ဒီဟာ သူတို့နဲ့ ဘာမှမဆိုင်သလိုပဲနေတယ်။ သူတို့ရဲ့ တခွန်းတည်းသော အပြောကတော့ ပါတီရေ ရှည်တည်တံ့ရေးအတွက် သူတို့ဟာ ဒီလိုလုပ်ရတာလို့ ပြောတယ်။

ပြည်သူပြည်သားအတွက် အရေးကြီးတဲ့အချိန်မှာ ပြည်သူလူထုအတွက် ဘာမှမလုပ်ဘဲ ရပ်တည်နေရင် အဲဒီပါ တီဟာ ဘာအဓိပ္ပါယ်ရှိမှာလဲ။ “ပါတီတခုရဲ့ တန်ဖိုးဆိုတာ ပြည်သူလူထုအကျိုးကို ဘယ်လောက် သယ်ပိုးရွက်ဆောင်သလဲ ဆိုတဲ့အချက်နဲ့ တိုင်းတာရတယ်။ ဒီနေ့ အန်အယ်လ်ဒီဌာနချုပ်ရဲ့ လုပ်ဆောင် ချက်တွေကို ကြည့်ရင် တစညတို့ ကြံ့ဖွံ့တို့နဲ့ ဘာမှမထူးတော့ဘူး …”
အစိုးရခိုင်းတာပဲ လုပ်မယ်။ အစိုးရမကြိုက်တာ မလုပ်ဘူး။ ဒါ ဆိုရင်တော့ တစညနဲ့လည်း တူတူပဲ၊ ကြံ့ဖွံ့နဲ့လည်း အတူတူပဲ။
တခါတုန်းက ဆရာပြောခဲ့ဖူးတယ်။ အန်အယ်လ်ဒီပါတီဟာ အသက် ၈၀ ကျော်တွေ ၉၀ ကျော်တွေ ဖြစ်ကုန် ကြပြီ မျက်စေ့မမြင်တဲ့သူလည်း မမြင်တော့ဘူး။ နားမကြားတဲ့သူလည်း မကြားတော့ဘူး။ အစည်းအဝေး လုပ် ရင်းနဲ့ ထိုင်ရင်းနဲ့ ငုတ်တုတ်ကြီး မေ့နေတဲ့သူလည်း မေ့နေကြပြီ။ အသက်အရွယ်တွေ အိုမင်းနေကြပြီ။ လူငယ် တွေနဲ့ အစားထိုးသင့်တယ်လို့ ပြောခဲ့တယ်။ အဲဒီမှာ စကားလုံးတလုံး သုံးလိုက်တယ်။ အန်အယ်လ်ဒီပါတီဟာ နိုင်ငံရေးပါတီတခု၊ ဌာနချုပ်တခုနဲ့ မတူဘူး။“နိုင်ငံရေးပါတီ ဆိုတာ အမြဲတမ်း နိုင်ငံရေးအကြောင်း လူမှုရေးအကြောင်းတွေ ဆွေးနွေးငြင်းခုံနေကြတယ်။ ဘယ်နိုင်ငံရေးပါတီမဆို။ အန်အယ်လ်ဒီပါတီမှာတော့ အကုန်လုံးဟာ တိတ်ဆိတ်နေတာပဲ။ ဒါကြောင့်မို့လို့ ဆွံ့အနားမကြားကျောင်းနဲ့ တူတယ်လို့ …”
အဲဒီတုန်းက ပြောခဲ့တယ်။ ပြောတော့ တော်တော်လေးကိုပဲ သူတို့ တီကို ဆားနဲ့ တို့လိုက်သလို ဖြစ်ပြီး မခံချိမခံသာတွေ ဖြစ်ကုန်ပြီး မိုက် မိုက်ရိုင်းရိုင်း တုံ့ပြန်တာတွေလည်း ကြားရတယ်။
အဲဒီလိုပြောပြီးတော့ ဒုတိယတခေါက် ထပ်ပြီးတော့ ပြောဖို့ ရှိသေးတယ်။ အဲဒီ ပြောမယ့်ဟာကတော့ ဌာနချုပ် ကိုအမြောက်နဲ့ ပစ်ကြ၊ အဲဒါကို ဒုတိယအကြိမ်ပြောဖို့ ရည်ရွယ်ထားတာ။ အဲဒီအခြေအနေမှာ အန်အယ်လ်ဒီပါ တီအပေါ်မှာ တဘက်က ပရက်ရှာ(ဖိအား)တွေလည်း သိပ်များလာတယ်။ အဲဒီအတွက် ခဏလေးတော့ စောင့် နေလိုက်ဦးမယ် ဆိုပြီးစောင့်နေလိုက်တာ။စောင့်နေလိုက်တဲ့အတွက် “ဌာနချုပ်ကို အမြောက်နဲ့ထုကြဆိုတာကို မပြောလိုက်ရဘူး အဲဒီတုန်းက ပြောလိုက်ရရင် တော်တော်ကောင်းမယ်ဆိုပြီး အခုနောင်တရမိတယ် …”
ဘာကြောင့် ဌာနချုပ်ကို အမြောက်နဲ့ထုခိုင်းတာလဲ ဆိုတော့ အန်အယ်လ်ဒီဌာနချုပ်ဟာ အနှစ် (၂၀) အတွင်းမှာ ဘာတခုမှ တိုင်းပြည်အတွက် ပြည်သူလူထုအ တွက်လုပ်တာမရှိခဲ့ဘူး။ ပါတီဌာနချုပ်ဟာလည်း ဒီမိုကရေစီပါတီတခုနဲ့ မတူဘူး။ မဆလပါတီနဲ့ ဘာမှ မထူး တော့ဘူး။ တယောက်ထဲကနေပြီးတော့ အကုန်လုံးကို စီမံခန့်ခွဲပြီး အမိန့်ပေးနေတာ။ အဲဒီအမိန့်ပေးနေတာကို ပြန်ပြီးတော့ ပြောလား ဆိုလား ငြင်းလား ခုံလားလည်း ဘာမှမရှိဘူး။ အဲဒီတော့ အန်အယ်လ်ဒီဌာနချုပ်ဟာ တ တိုင်းပြည်လုံးမှာရှိတဲ့ အန်အယ်လ်ဒီ အောက်ခြေပါတီဝင်တွေနဲ့ လုံးဝကင်းကွာပြီးတော့ တခြားစီဖြစ်နေပြီ။
အဲဒီတော့ သာမန်အားဖြင့် အပြင်မှာ နောက်ရင်းပြောင်ရင်း လူငယ်တွေကို ပြောလေ့ရှိတယ်။ အန်အယ်လ်ဒီ လက်ရှိ ရှိနေတဲ့ (၈၀) ကျော် (၉၀)ကျော် စီအီးစီတွေအစား တက်တက်ကြွကြွနဲ့ ရဲရဲတောက် လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင်တောင်မှ အန်အယ်လ်ဒီဟာ ဒီ့ထက် အဆတရာလောက်ကို ပိုပြီးတော့ ကောင်းသွားမယ်လို့ ပြောခဲ့တယ်။
“အန်အယ်လ်ဒီမှာ အင်မတန်တော်ပြီး အင်မတန် သတ္တိရှိကြတဲ့ အန်အယ်လ်ဒီပါတီဝင် ပီသတဲ့ အမျိုးသမီးတွေ တပြည်လုံး အများကြီးရှိကြတယ် …”
လူတွေကို မသိပေမယ့်လို့ နာမည်တွေကို ကြားဖူးနေပြီး ခေါင်းထဲမှာစွဲနေတဲ့ နာမည်တွေ မန္တလေးက ဒေါ်ဝင်း မြမြတို့၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးတို့၊ ရန်ကုန်က နော်အုန်းလှတို့၊ ဘားအံက နန်းခင်ထွေးမြင့်တို့၊ မကွေးက ဒေါ်ခင်စောဌေးတို့၊ ဒေါ်အုန်းမြတို့၊ ခင်စန္ဒာဝင်းတို့ဆိုတဲ့ နာမည်တွေ အဲဒီအမျိုးသမီးတွေဟာ တကယ်တမ်း ပြည်သူလူထုအတွက် တက်တက်ကြွကြွ အလုပ်လုပ်ကြတယ်။ ဘယ်ပြဿနာပဲ ဖြစ်ဖြစ် ငြိမ်မနေကြဘူး သူတို့ ၀င်ပါကြတယ်။ ကလေးစစ်သားကိစ္စလည်း ၀င်ပါကြတာပဲ။ လယ်ယာမြေ အသိမ်းခံရတဲ့ကိစ္စလည်း ၀င်ပါကြ တာပဲ။ နာဂစ်ကိစ္စဆိုလည်း တက်တက်ကြွကြွ ၀င်လုပ်ကြတာပဲ။ အဲဒီအမျိုးသမီးတွေနဲ့ အစားထိုးလိုက်ရင် တောင်မှ အန်အယ်လ်ဒီဟာ ပိုကောင်းသွားမယ်ဆိုပြီး နောက်ပြောင်ပြီး အပြင်မှာ ပြောလေ့ရှိတယ်။
အဲလိုပြောရလောက်အောင်ပဲ လက်ရှိ အန်အယ်လ်ဒီရဲ့ ခေါင်းဆောင်မှု စီအီးစီတွေဟာ ဘာမှကိုပဲ သုံးမရ လောက်အောင် ဖြစ်နေတယ်။ ဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲဥပဒေ ထွက်လာတဲ့အခါ သေချာပေါက် အစိုးရအ ကြိုက် လိုက်လုပ်မှာပဲလို့ ဆရာက ယူဆပြီး မှတ်ပုံလည်းတင်မှာပဲ ရွေးကောက်ပွဲလည်း ၀င်မှာပဲလို့ ပြောလိုက် တယ်။ရွေးကောက်ပွဲ ၀င်တာ ကောင်းတယ် မကောင်းဘူး၊ မှတ်ပုံတင်တာ ကောင်းတယ် မကောင်းဘူးလို့ ဆရာက ပြောတာမဟုတ်ဘူး။ ဒါက မည်သူမဆို နိုင်ငံသူနိုင်ငံသားတိုင်း လွတ်လွတ်လပ်လပ် ဆုံးဖြတ် ပိုင်ခွင့်ရှိတဲ့ ကိစ္စ၊ ဆရာ့အနေနဲ့ အကောင်းအဆိုး ဘာမှ ဝေဖန်စရာ အကြောင်းမရှိဘူး။ ရွေးကောက်ပွဲ ၀င်မယ့် သူတွေကိုလည်း ဆရာ ဘာမှပြောစရာ အကြောင်းမရှိဘူး။ အန်အယ်လ်ဒီပါတီအနေနဲ့ကတော့ မူမရှိတဲ့အဖြစ်ကို ထောက်ပြတာ ပါ။
“သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင် ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ …”

ဘယ်လိုမူမရှိလဲဆိုတော့ အမျိုးသားညီလာခံကနေပြီး သပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက် လာခဲ့တာ။ အခုတကယ်ဆိုရင် ရွေးကောက်ပွဲဝင်တော့မယ်ဆိုရင် အမျိုးသားညီလာခံက ထွက်လာတာ ကျနော် တို့မှားပါတယ်ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ကြေညာချက် သူတို့ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင်ကြေညာ စာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့်မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေညာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။ ဒီအနှစ် (၂၀) အတွင်းမှာ ကြေညာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေညာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓာတ်မရှိဘူး။ ဒီတော့ သူတို့ဟာ မူ မရှိတဲ့ နိုင်ငံရေးပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင် ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ။ အဲဒါကြောင့် ဆရာက အန်အယ်လ်ဒီဟာ ရွေး ကောက်ပွဲလည်း ၀င်မှာပဲ ပါတီလည်း မှတ်ပုံတင်မှာပဲလို့ ပြောလိုက်တာ။
သူတို့ပါတီကို ဒေါ်အောင်ဆန်းစုကြည် မပါဘဲ အန်အယ်လ်ဒီဟာ ရွေးကောက်ပွဲဝင်ခဲ့ရင် နောက်ဆုံးမှာ သူတို့ပဲ ခွက်ခွက်လန်အောင် ရှုံးပြီးတော့ အရှက်ကွဲကြမှာ။ ၁၉၉၀ ရွေးကောက်ပွဲတုန်းက တစညက (၇) နေရာ အနိုင်ရ တယ်။ ဒီတကြိမ်ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီဟာ (၇) နေရာမပြောနဲ့ (၃) နေရာ (၄) နေရာတောင် အနိုင်ရ မယ်လို့ ဆရာတော့ မထင်ဘူး။ ဘာလို့ဆိုတော့ “အန်အယ်လ်ဒီပါတီဟာ လူထုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီလို့ နားလည်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် မပါတဲ့ အန်အယ်လ်ဒီဟာ အသက်ဝိညာဉ်မရှိတဲ့ အဖွဲ့ အစည်းပဲ ဖြစ်မယ် …”
သူတို့ဘယ်လိုနည်းနဲ့မှ ရွေးကောက်ပွဲမှာ နိုင်မှာမဟုတ်ဘူး။ နိုင်တာ ရှုံးတာထား၊ ရွေးကောက် ပွဲ ၀င်တာမ၀င်တာလည်း သူတို့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ခွင့်ရှိပါတယ်။ ဒါတွေကို ကောင်းတယ် မ ကောင်းဘူးလည်း မပြောဘူး၊ မှတ်ပုံတင်သင့် မတင်သင့်လည်း ဆရာမပြောဘူး။ အန်အယ်လ်ဒီ ရွေးကောက်ပွဲ ၀င်မလား၊ မ၀င်ဘူးလားလို့ လာလာမေးကြတဲ့သူတွေကို အဲလိုဖြေလိုက်တာ။ အဲလိုဖြေရတဲ့ အကြောင်းရင်းကို ဆရာ ရှင်းပြတာ။
ဒါက တလျှောက်လုံးပေါ့လေ မောင်စူးစမ်းတို့ပြောခဲ့တဲ့ စကားရှိတယ်။ ရွေးကောက်ပွဲမှတပါး အခြားနည်းလမ်း မရှိပြီ။ ရွေးကောက်ပွဲဆိုတာဟာ ထွက်ရပ်လမ်းမဟုတ်ဘူး။ အခြားနည်းလမ်းတွေနဲ့လည်း အကျပ်အတည်းမှ လွတ်မြောက်အောင် လုပ်လို့ရတာ ရှိနိုင်တယ်၊ ရှိအောင်လည်း ရှာရမယ်။ ဒါနိုင်ငံရေးပါတီတွေရဲ့ တာဝန်ဖြစ် တယ်။ ၈၈ တုန်းက အန်အယ်လ်ဒီ မရှိခဲ့ပါဘူး။ ၈၈ ကြောင့် အန်အယ်လ်ဒီပါတီဆိုတာ ပေါ်ပေါက်လာတာ။ အခု အန်အယ်လ်ဒီမှာ စီအီးစီ လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ ၈၈ တုန်းက ဒီလူတွေ ဘယ်မှာရှိသလဲ။ ၈၈ ကြောင့်မို့ သူတို့ ဟာ စင်ပေါ်ရောက်လာတဲ့သူတွေပါ။ “အန်အယ်လ်ဒီ မရှိလည်း ၈၈လို တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြီးမားတဲ့ အုံကြွမှုကြီးတခုဟာ ဖြစ်ပေါ်လာခဲ့တာပဲ …”
အခုလည်း ၈၈ လိုပဲ အန်အယ်လ်ဒီမရှိလဲဘဲ တိုင်းပြည်က ဘာမှမဖြစ် ပါဘူး။ အန်အယ်လ်ဒီရှိနေလည်း ဘာမှ မဖြစ်ပါဘူး။လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ်က အင်တာနေရှင်နယ် ဟယ်ရယ်ထရီဗြွန်းမှာ ဆရာဆောင်းပါးရေးခဲ့တယ်။ အခြေအ နေဟာ ဒီအတိုင်းသာသွားလို့ရှိရင် နောက်ဆုံးမှာ လူတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး သည်းမခံနိုင်တဲ့အဆုံး အုံကြွမှု တွေ ပေါ်လာနိုင်တယ်။ အဲဒီလို “သွေးချောင်းစီးမှုတွေ မဖြစ်စေချင်တဲ့အတွက် အားလုံးဟာ နိုင်ငံရေးပါတီရော အစိုးရရော လူကြီးလူကောင်းတွေ စကားပြောကြပါ။ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာကြပါလို့ ဆရာ ရေးခဲ့ဖူးတယ် …”
ဒါတွေကို ဆရာတို့က ကြိုပြီးတော့မြင်နေလို့ပဲ။
၇၄ ခုနှစ်တုန်းကလည်းပဲ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မရှိတာနဲ့စာရင် ရှိတာက ကောင်းတာပေါ့လို့ဆိုပြီး တော့တခဲနက်ထောက်ခံခဲ့ကြတာပဲ။ ရွေးကောက်ပွဲတွေ တခုပြီး တခုလုပ်ခဲ့တာပဲ။ သို့သော်လည်း အဲဒါတွေ ဟာ ကောင်းတဲ့ရလဒ် ရခဲ့သလား။ မရခဲ့ဘူး။ မရခဲ့လို့ပဲ ၈၈ နဲ့ အဆုံးသတ်သွားခဲ့တာပဲ။ အခုလည်းပဲ ဒီရွေး ကောက်ပွဲကြောင့် ရလဒ်ကောင်းတွေ ထွက်လာမယ်လို့ ဘယ်လိုမှ ပြောလို့မရဘူး။ လက်တွေ့ ပြည်သူလူထုရဲ့ အခြေခံစားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးဘူး။ မရှိရင် နောက်ဆုံးမှာ လူတွေဟာ ငတ်လာ ရင်တော့ ဘယ်သူမှ ငြိမ်နေကြမှာမဟုတ်ဘူး။ ဒီလို ၈၈ တုန်းကလို သွေးချောင်းစီးမှုတွေ ဖြစ်လာမှာကို စိုးရိမ် တယ်။ မဖြစ်စေချင်ဘူး။ မဖြစ်စေချင်တဲ့အတွက် အဲဒါကြောင့်လည်း စကားပြောကြပါ။ ဆွေးနွေးကြပါလို့ ပြော နေရခြင်းဖြစ်တယ်။
“ဒါမလုပ်ရင်ဘာလုပ်မလဲဆိုတာ တိုင်းသူပြည်သားတွေရဲ့ တာဝန်မဟုတ်ဘူး။ နိုင်ငံရေးသမားတွေ၊ တိုင်းပြည်ကို ဦးဆောင်နေသူတွေရဲ့ သူတို့ရဲ့တာဝန်ဖြစ်တယ်။ ဒီတာဝန်ကို သူတို့ဟာ ကျေပြွန်အောင် ထမ်းဆောင်ဖို့အတွက် သူတို့ဟာ ဒီနည်းလမ်းတွေကို ရှာရမှာပဲ …”


(လူထုစိန်ဝင်း)

3/17/2010

သူတို့ဆီက သူတို့တတွေ

ဗန်ကောက်အခြေအနေကတော့ ပုံမှန်ပါဘဲ။ ပုံမှန်ဆိုတာ ဟိုမရောက်ဒီမရောက် ဖြစ်နေတာပါ။၂ရက်၃ရက်အတွင်းက သွေးထွက်သံယိုတွေ ဖြစ်လိုက်သေးပေမဲ့ စစ်တပ်ကပစ်လို့မဟုတ်ပါဘူး။ရှပ်နီတွေက သူတို့ဖါသာသွေးတွေဖေါက်ပီး ၀န်ကြီးချုပ်အိမ်ခေါင်းရင်းမှာ သွားသွန်ကြလို့ပါ။
http://www.youtube.com/user/aungsanhtay69?feature=mhw4#p/u/5/FyilUtWAua4 အကျယ် တ၀င့်ကိုတော့ဒီမှာကလစ်ကြည့်ပါ။


သဘိတ်ရဲ့ စိန်ခေါ်မှု အထွဋ်အထိပ်နေ့





ဖြစ်တဲ့ တနင်္ဂနွေနေ့ အတွေ့အကြုံနဲ့ ကျနော့်ခံစားမှုအတွေးလေး ရေးဖြစ်ပါတယ်။



တနင်္ဂနွေနေ့၁၄။၀၃။၂၀၁၀။


ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိချာချီဝ အစိုးရကို ဖြုတ်ချဖို့ ရည်ရွယ်ချက်နဲ့ ဆန္ဒပြ ဖို့အတွက် ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသက ဒေသခံထောင်ပေါင်းများစွာဟာ ဘန်ကောက်မြို့တော်ကို ရောက်လာနေကြပါတယ်။ ထရပ်ကားတွေ၊ တခြားယာဉ် အမျိုးမျိုးတွေနဲ့ ရောက်လာကြသူတွေကို လုံခြုံရေး အာဏာပိုင်တွေက ရှာဖွေနေကြတာဟာ ဆိုရင် ဘန်ကောက်မြို့အ၀င် အဝေးပြေးလမ်းတွေ ပေါ်မှာ ပြည့်နှက်နေခဲ့တာပေါ့။
၆၀၀,၀၀၀ ကနေ ၇၀၀,၀၀၀ ကြားလောက်ရှိမယ့် အင်္ကျီအနီဝတ် ဆန္ဒပြသူ ဒီမိုကရေစီ ညီညွတ်ရေး တပ်ဦး (UDD) အဖွဲ့ကို ထောက်ခံသူတွေက မြို့တော်ဘန်ကောက်မှာ ဆန္ဒပြပွဲတွေကို သွားရောက် အားပေးခြင်း ပူးပေါင်းပါဝင်ခြင်းများပြုကြပါတယ်။
အစိုးရကတော့ စစ်တပ်က နေ၀င်မီးငြိမ်းအမိန့် ထုတ်ပြန်ဖို့နဲ့ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ခွင့်ရှိတဲ့ ပြည်တွင်းလုံခြုံရေး ဥပဒေတရပ်ကို ပြဋ္ဌာန်းခဲ့ပြီး ဘန်ကောက်မြို့မှာတော့ စစ်သား၊ ရဲနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၅၀,၀၀၀ လောက် ကင်းလှည့်နေကြတာ ဒီနေ့ဟာ၃ရက်မြောက်နေ့ဖြစ်ပါတယ်။

ကျနော်ကတော့ လူစုလူဝေးမြင်ရင် သေနတ်နဲ့ပစ်တတ်တဲ့ တိုင်းပြည်က လာသူမို့ စဖြစ်တဲ့နေ့ ကတည်းက အိမ်ထဲကအိမ်ပြင်မထွက်ပါဘူး။ ဒါပေမဲ့ဒီနေ့မနက် ၁၁နာရီလောက်မှာ တခြားမြိုတမြို့မှာ နေတဲ့ မြန်မာအမျိုးသမီး မိတ်ဆွေတယောက်က သူတယောက်ထည်း အိပ်စ်ပရက်စ်ဝေးပေါ်က ထွက်ပေါက် မှား ဆင်းမိလို့ လမ်းတွေပိတ်ထားတဲ့ကြားထဲရောက်သွားပီး ဘယ်ကထွက်ရမယ်မှန်းမသိ ဖြစ်နေတယ်လို့ ဖုန်းဆက်ပြောလာပါတယ်။ ဒါနဲ့ လမ်းမပေါ်မှာမနေနဲ့ ၀င်လို့ရတဲ့လမ်းသွယ်တခုထဲဝင်ရပ်ထား လမ်းနံပါတ် ပြော ကျနော်လာခဲ့မယ်ဆိုပြီး အိမ်ကမထွက်မဖြစ်ထွက်ရပါတော့တယ်။ မထွက်ခင် ၀တ်ထားတဲ့အင်္ကျီ သပိတ်သမားတွေရဲ့အနီမျိုးဆင်ဆင်မဖြစ်ဖို့ လုံခြုံရေးအရမသင်္ကာဖြစ်စေမဲ့ လွယ်အိပ်တွေဘာတွေမပါဖို့ ကအစ အတော် သတိထားခဲ့ပါသေးတယ်။

ကားလမ်းတွေတချို့ပိတ်နေတာမို့ အချိန်မကုန်အောင် လှေဆင်း စီးပါတယ်။ ရောက်လာတဲ့လှေပေါ် တက်ပီး ထိုင်မိမှ သတိထား မိတာ
က လှေပေါ်ပါသူ တ၀က်မကဟာ အင်္ကျီနီတွေနဲ့ သဘိတ်ပွဲ သွားမဲ့
သူတွေ တချို့ဆိုမိသားစုအလိုက် ကလေးတွေတောင်ပါသေး။
ကလေးတွေပါအင်္ကျီ အနီလေးတွေ ပေးဝတ်လို့။
သာကြီးယာကြီး ဘုရားပွဲ သွားသလားများ မှတ်ရတယ်။





သာကြီးယာကြီးဆိုလို့ တဆက်ထဲ တွေးမိတာက ကျနော်ဖြတ်သွားခဲ့ဖူးသော ကျနော်မှတ်သား ခဲ့ဖူးသော
ထိုင်းတို့အကြောင်းဖြစ်သည်။

ထိုင်းလူမျိုးတို့သည် သဘာဝစရိုက်အားဖြင့် အလွန်အေးဆေးသည့်လူမျိုးဖြစ်သည်။ ပျော်တတ်သည်။

အပျော်ကြိုက်သည်။ သွေးဆူတတ်သော ရန်လိုတတ်သောစရိုက်မရှိ။ စပ်စပ်စုစုမရှိ ဖါသိဖါသာနေတတ်သည်။

အလွန်ကိုသီးခံစိတ်ရှိသည်ဟုဆိုနိုင်သည်။ (သီးမခံနိုင်တော့သည့်အဆင့်ရောက်ပြီဆိုလျှင်တော့ သွေးအေး အေးနှင့်ရက်စက်တတ်သည်။ )
အပြောင်းအလဲသိပ်မကြိုက်။ ရိုးရိုးဘဲတွေးသည် ရိုးရိုးဘဲလုပ်မည် သိပ်မထွင်ဘူးဆိုသည့် အထဲကဖြစ်သည်။


ပျော်တတ်သည် အပျော်ကြိုက်သည် ဆိုရာမှာ ဆိုင်းသံကြားရင် အလိုလို လှုပ်လှုပ်ရွရွ ဖြစ်လာတတ် တာလဲပါသည်။ ခနခနအမြဲ တွေ့ဖူးတာတခု ပြောပြရလျှင် ဈေးရောင်းပွဲလိုဟာမျိုး ဘာမဆိုင် ညာမဆိုင် သူ့ဖါသာ ဈေးဆွယ်ဂီတဖွင့်ထားတာ ခပ်မြူးမြူး ခပ်ကြယ်ကြယ်လေးတော့ရှိတာပေါ့ အဲဒါ အဲဒီရှေ့ကွက်လပ်မှာ အသလွတ်ဝင်ကနေကြတာ ပျိုပျိုအိုအို ကျားမ ဆိုဒ်အစုံ။ ဘိုက်ကြီးသယ်မ ဘိုက်ကြီးကားကားနဲ့ကနေတာကြည့်မလား ပခုံးပေါ်ခလေးထမ်းရက်ကနေတဲ့ကလေးအဖေကြည့်မလား အိုး အစုံတွေ့မယ်မှတ်။


(ပုံများအပေါ်ကလစ်နှိပ်ပြီးချဲ့ပါ)




သီးခံတတ်သောအကြောင်းနဲ့ပါတ်သက်ပီး ယဉ်တွေ ကားတွေလူတွေ အပြန်အလှန် သီးခံနားလည်ပေးတာတွေ တလောက ဘတ်(စ်) ဆိုပီး တီကေ ရေးသွားသေးသည်။



အလွန်အကျွံ များပြား ရှုပ်ထွေးပြီး ပြည့်ကြပ်နေသည့်ယဉ်ကျောတွေထဲမှာ တဦးနှင့်တဦး တစီးနှင့်တစီး လက်ကလေးမြောက်ပြ ခေါင်းကလေးငြိမ့်ပြ ကိုယ်ကလေးညွတ်ပြနှင့် တဖြေးဖြေး တိုးဝင် လိုင်းဝင် လိုင်းပြောင်း နားလည် သီးခံမှုအပြည့်အ၀နှင့် နေ့တာဓူဝ သွားလာနေကြသည်မှာ ချီှးမွှန်းလောက်ပါပေသည်။




တယောက်ယောက်က အကြောင်းအမျိုးမျိုးကြောင့် မှားနေသည့်တိုင် အသာလေး လျော့ပေး







စောင့်ပေး ရှောင်ပေးတိမ်းပေး ခြင်းဖြင့် ကျနော်တို့ဆီမှာ ဂေါက်ဆွဲ ဒါးထုတ် ဒုတ်မိုး ပြနာမျိုးကို ငြိမ်းခြမ်းစွာ ဖြတ်သန်းနေကြသည်။


မတော်တဆယဉ်ခြင်းပွတ်မိချိတ်မိ ဆောင့်မိ တိုက်မိ မှုများတွင် သေနာကျိုးကန်း မယ်မယ်ရရ မဖြစ်လျှင် ယဉ်ထိမ်းရဲတောင် ၀င်မရှုတ် ဒိုင်လုပ်ပေးပြီး အခြင်းခြင်းနားလည်မှုဖြင့် ညှိနှုင်း ပြီးပြတ်စေလိုက်သည်သာ။








လူစည်ကားရာလမ်းကျဉ်းကျဉ်းမှာ ဗန်းခင်းပြီး ဈေးရောင်းသူကရောင်း လမ်းလည်ခေါင် ဂစ်တာတီးပြီး သဒ္ဒါကြေးရှာသူကရှာ (အပေါ်တန်းဝဲပုံ)



မီးခဲတရဲရဲနဲ့ အကင် အဖုတ်သယ်က (လ၀မ်လွန်ခရပ်) အပူလေးသတိထားပါခမြ ဆိုတာလေးနဲ့တရွေ့ရွေ့။ အလေးအလံတင်တွန်းလာတဲ့လှည်းက ခြေထောက်လေးများသတိထားပါခမြ(လ၀မ်ခါခရပ်)။

လမ်းသွား လမ်းလာများလဲ ဒီလိုဘဲ ရှောင်ပီးတိမ်းပီး သွားလိုက်သည်သာ ရှုပ်ရန်ကောဟု ဘယ်သူမှမညူစူ သူ့အလုပ်သူလုပ် ကိုယ်လမ်းကိုယ်သွား။

ဒီလောက် ရှုပ်ယှက်ခပ်နေတဲ့ လမ်းထဲကားဝင်လာလဲ သူ့ဟာနဲ့သူ ရှဲပေးခြဲပေး ဘာမှပူညံပူညံမရှိ ဟွန်းသံတောင် တချက်မကြားရ။ ၀န်အပြည့်တင်လာတဲ့ လက်တွန်းလှည်းနဲ့ စာတိုက်ဝန်ထမ်း စာပို့လုင် ဆိုက်ကယ် လူအုပ်ထဲကအရှောင်အတိမ်း ဈေးသည်ကလဲ သူ့ခုံစွန်းလေးရုပ်ပေး ဈေးဝယ်ကလည်း ဖယ်တန်တာဖယ် ဟန်ချက်ညီလှုပ်ရှားမှု ဒုတိယတန်းဝဲပုံမှာ မျှဝေခံစားကြည့်ပါ။



တခါးပိတ်ထားတဲ့အိမ်ရှေ့/ဆိုင်ရှေ့ မျက်နှာအလှပြင်ဆိုင်နဲ့အလှည့်စောင့်နေသူ။















ကုန်းမှာလည်းကုန်းအလျောက် ရေမှာလဲရေအလျောက် တစီးအ၀င်အထွက် လူအတင်အချ နားလည်မှုနှင့် ဆလိုးဒေါင်းချ ဆိုင်းပေးထားသော တူးမြောင်းကျဉ်း ပါစင်ဂျာမော်တော်များ။
အပြောင်းအလဲသိပ်မကြိုက်။ ရိုးရိုးဘဲတွေးသည် ရိုးရိုးဘဲလုပ်မည် -

အများစု စားလေ့စားထရှိသော ကွေ့တယို ဟုခေါ်သော ဆန်ခေါက်ဆွဲပြုတ်တမျိုးကို
ဗန်ကောက်မြို့ မြောက်ဖက် မိုင်လေးရာအဝေးလောက်က ချင်းမိုင်မြို့မှာ တပွဲဝယ်
ဗန်ကောက်မြို့ တောင်ဖက် မိုင်လေးရာအဝေးလောက်က ရနောင်းမြို့မှာ တပွဲဝယ်
ဗန်ကောက်မြို့ လယ်နှင့် ဗန်ကောက်မြို့ရဲ့ အရပ်လေးမျက်နှာမှာ တပွဲစီဝယ်ခဲ့။
ဈေး လဲအတူတူ အတိုင်းအဆလဲအတူတူ အရသာလဲ တထပ်ထည်းဖြစ်ကိုဖြစ်နေစေရမည်။

ဟိုဟာလေး ပိုထည့်ပါ ဒါလေးလျော့ထည့်ပါ သွားမပြောနှင့် သူမလုပ်တတ်တော့

အခန့်မသင့်လျှင် ခင်ဗျားကိုမရောင်းဘူးလို့တောင်ပြောခြင်ပြောလွှတ်မည်။
မလွဲသာလုပ်ပေးလဲ အစပ်အဟပ်မတဲ့ တော့။
သိပ်မထွင်ဘူးဆိုရာမှာ သူနှင့်မဆိုင်ဟု ထင်လျှင် လုံးဝစိတ်မ၀င်စား သူမသိတဲ့ဟာဆိုလျှင် သိခြင်စိတ်ကိုမရှိ။
ဆိုပါစို့ ဖလင်သုံး ကင်မရာရှိသူ သာမန်လူတယောက် ဒီကင်မရာနဲ့ ရိုက်လာတာလဲမနဲတော့။
သူ…. သူ့ ကင်မရာထဲ ဖလင်တခါမှမထည့်ဖူး ထည့်လည်းမထည့်တတ် ထည့်တတ်ခြင်စိတ်လဲ တခါမှမဖြစ်ဖူး။

ဓါတ်ပုံရိုက်ရန်လိုသောအခါ ဓါတ်ပုံဆိုင်ကိုသွားမည်။ ဓါတ်ပုံဆိုင်မှာ ဖလင်ဓါတ်ခဲ ကင်မရာနှင့် ဆက်စပ်ရာ အားလုံးရောင်းသည်။

အဲဒီမှာ ဖလင် ဓါတ်ခဲစသည် လိုတာဝယ်မည်။ ဆိုင်ကအားလုံးအသင့် ထည့်ပေးလိုက်သည်။ ကင်မရာတွေကလည်း ဖိုးကပ်စ်လုပ်ဖို့မလို အာပါချာရွှေ့စရာမရှိ စပိညှိစရာမလို

ခလုပ်နှိပ်ရုံ နောက်တကွက် မော်တာကရွှေ့ပေးအုံးမည်။ “ခြောက်-ရှစ်”။

ခြောက်-ရှစ်နေသမျှရိုက် ခြောက်ပီး မရှစ်တော့ရင်ကုန်ဘီ။ ဆိုင်ပြန်သွား ကင်မရာထိုးပေးလိုက် ဟိုက ဖလင်ထုတ် ပုံကူးပီး အသင့်။ အများစုဟာအကြောင်းအရာတောတော်များများမှာ ဒီလိုဘဲသွားသည်။

နေလည်းနေနိုင်သည်။ ဆိုပါအုံးစို့ အလုပ်သမားတယောက်။ သူ့စက်ခုံမှာခလုပ်၎ခုရှိသည်။

သူအလုပ်ဝင်သည့်နေ့က သူ့အားသင်လိုက်သည်မှာ ခလုပ် အစိမ်းနှိပ် ရှေ့ရွေ့သွားမယ်။
ခလုပ်အပြာနှိပ် နောက်လည်မည်။ ခလုပ်အ၀ါနှိပ် မူလနေရာနေမည်။ ဒီဖက်မှာ ခလုပ်အနီတခုရှိသည်
မင်းနဲ့မဆိုင် မထိနဲ့ ။ မှာသည့်အတိုင်း အစိမ်းနှိပ် ရှေ့ရွေ့- ခလုပ်အပြာနှိပ် နောက်လည်-
မူလနေရာ ခလုပ်အ၀ါနှိပ် အလုပ်လုပ်လာသည်နှစ်ပေါင်း၂၀ရှိဘီ။
ခလုပ်အနီကိုတခါမှလက်လည်းမတို့ စိတ်မှာလည်းမတွေး။ သူနှင့်မဆိုင်ဟုဆိုထားသည်လေ။ ကျနော်တို့လူမျိုးကတော့ ကျနော်အပါအ၀င် အဲဒီခလုပ်အနီကို နှိပ်ရင်ဘာဖြစ်မလည်း ဘာကြောင့်မနှိပ်ခိုင်းတာလဲ မသိရသမျှ အိပ်လို့လည်းမပျော် စားလို့လည်းမ၀င် အလုပ်လုပ်လို့လည်း ဖြောင့်မည်မဟုတ်။

သူတို့တတွေကား ဖေါ်မြူလာသမားများဖြစ်သည်။ ဖေါ်မြူလာအတိုင်းဘဲ သွားသည် အပို အလိုမရှိ ။







ဒါကြောင့်ဘဲသူတို့အလျှင်အမြန်တိုးတက်မှုရလာသည်ဟု ဆိုနိုင်သည်။








ဦးဆောင်သူချပေးရာ တက်ညီလက်ညီလိုက်သည်။ တယောက်တပေါက်မဟုတ်။

ထို့ကြောင့် နှစ်၅၀အတွင်း အာရှမှာ ကျားတကောင်အဖြစ်နေရာယူနိုင်ခြင်းဖြစ်သည်။







နှစ်၅၀အတွင်းဗန်ကောက်၏ အပြောင်းအလဲ

3/13/2010

သူတို့ဆီမှာ

ကျနော်ရောက်နေတဲ့ ဗန်ကောက်မြို့တော်မှာ လူတသန်းချီတက်ဆန္ဒပြမည်ဟု ရှပ်နီတို့ကြိမ်းဝါးထားသော Anti-Government Protesters Rally ယနေ့စတင်သည်။
ရှပ်နီများက ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် ပြုလုပ်ရန် တောင်းဆိုထားသည်။

မြို့တော်သို့ ပစ်ကပ်ကားများဖြင့် သွားကြမည်။ ခရီးထွက်မည့် လူ ၅ သောင်းစာရင်း ရထားပြီးဖြစ်သည်ဟု ရှပ်နီ UDD ပြောရေးဆိုခွင့်ရှိသူက လွန်ခဲ့သည့် သီတင်းပတ်ထဲတွင် သတင်းစာဆရာများသို့ ပြောသည်။

ညီညွတ်သောတပ်ဦး (UDD) သို့မဟုတ် ရှပ်နီများ၏ အန္တရာယ်နှင့် ပတ်သက်၍ ထောက်လှမ်းရေး အစီရင်ခံစာများကို အခြေခံပြီး အစိုးရကလည်း လုံခြုံရေး သတိပေးမှုများ လွန်ခဲ့သည့် ရက်များကပင် ထုတ်ပြန်ခဲ့သည်။
ဝန်ကြီးချုပ် အဘီဆစ်က လူထုကို စိတ်အေးသက်သာရှိစေရန် ပန်ကြားလိုက်သည်။ ” လူထုကြီးအနေနဲ့ မထိတ်လန့်ကြပါနဲ့” ဟု ဗုဒ္ဓဟူးနေ့က ပြုလုပ်သော ထိုင်းရုပ်မြင်သံကြား အင်တာဗျူးတွင် ပြောကြားသွားသည်။ မြို့တော် မတည်ငြိမ်ဖြစ်အောင် ဆန္ဒပြသူတွေ မလုပ်နိုင်အောင် ငြိမ်းချမ်းသော နည်းလမ်းများဖြင့် လုံခြုံရေးတပ်ဖွဲ့များကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဒုဝန်ကြီးချုပ် မစ္စတာ Suthep က ကတိပေးသည်။ ”တကယ်လို့များ ညှိလို့နှိုင်းလို့မရဘဲ သူတို့က လမ်းပိတ်ထားတာကို မဖယ်ပေးဘူးလို့ ငြင်းရင် ရေနဲ့ပက်တာ၊ မျက်ရည်ယိုဗုံးနဲ့ ပစ်တာ လုပ်ပြီးတော့ပဲ လူစုခွဲမှာပါ” ဟု မစ္စတာ Suthep က ပြောသည်။ဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်ကို အစိုးရက ကာကွယ်စောင့်ရှောက်သွားမည်ဟု ပြောသည်။

မြို့တော်လုံခြုံရေးအတွက် ယနေ့နှောင်းပိုင်းမှ တနင်္ဂနွေအထိ ဘန်ကောက်နှင့် အနီးပတ်ဝန်းကျင် အခရာကျသော ဒေသများတွင် ပြည်တွင်းလုံခြုံရေးအက်ဥပဒေ (ISA) ကို အစိုးရက ထုတ်ပြန်လိုက်သည်။
ISA အောက်တွင် စစ်သားအများစုဖြစ်သည့် ၅ သောင်းသော လက်နက်မဲ့ လုံခြုံရေးတပ်ဖွဲ့များကိုလည်း တပ်စွဲထားပြီးဖြစ်ကြောင်း နိုင်ငံလုံခြုံရေး စီမံခန့်ခွဲရေး တာဝန်ခံ ဒုဝန်ကြီးချုပ် Suthep Thaugsuban က ပြောသည်။ ယူနီဖောင်းဝတ် SWAT အဖွဲ့များသာလျှင် လက်နက်ကိုင်မည်ဟု သူက ပြောသည်။ဤဥပဒေက စစ်တပ်ကို အာဏာကုန် ပေးထားသဖြင့် အပြည်ပြည်ဆိုင်ရာ တရားသူကြီးများ ကော်မရှင် အပါအဝင် လူ့အခွင့်အရေးအဖွဲ့များက တာဝန်ခံမှု မရှိသော၊ မလိုအပ်ဘဲ လုပ်ဆောင်ချက်တခုဟု မြင်ကြသည်။ လွန်ခဲ့သည့် ၁၂ လအတွင်း ၇ ကြိမ်တိုင် ဒီဥပဒေကို ကျင့်သုံးခဲ့သည်။







အကြမ်းမဖက်ကြေး ဆိုင်းဘုတ်တင်ပီး ဆန္ဒပြမည်ဟု









ယနေ့ နံနက်၁၁နာရီ နောက်ပိုင်းခန့်တွင် ဘန်ကောက်မြို့လယ်မှာရှိသော ကျောင်းများနှင့် တက္ကသိုလ်များကို ပိတ်လိုက်ပြီး ဈေးဝယ်စင်တာများလည်း ပိတ်ထားကြသည်။
လက်နက်ကိုင် စစ်သားအုပ်စုလေးများက စီးပွားရေးအချက်အခြာကျ ဒေသများတွင် ကင်းလှည့်နေကြပြီး၊ အဓိကကျသော လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းကြီးများ၊ မြေအောက်နှင့် မိုးပျံရထားဘူတာရုံများကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်။ စစ်သားများ တင်ဆောင်ထားသော ထရပ်ကားကြီးများက မြို့တော်၏ အချက်အခြာကျသော နေရာများတွင် နေရာယူထားကြသည်။ ပုဂ္ဂလိက လုံခြုံရေးအစောင့်များက ဈေးဝယ်ကုန်တိုက်ကြီးများ၏ အဝင်များတွင် ဈေးဝယ်များကို ပိုမိုကြပ်မတ် ရှာဖွေလျက်ရှိသည်။











ရှပ်နီများ၏အစီအစဉ်တွင် မတ်လ ၁၂ရက်မှ ၁၄ရက်အထိ နေရာ၆နေရာတွင် စုရုံးမည်ဖြစ်သည်။
၁။ The King Taksin momument ၀င်းဝင်းယိုင်အ၀ိုင်း။
၂။ .The Lak Si junction လပ်စီ လမ်းဆုံ(ဗဟိုစုရပ်)။
၃။ Lumpini Park လုံပဏီပန်းခြံ။
၎။ Thong Song Hong Police Station off Kamphaengphet 7 Road ထောင်စောင်ဟွန်ရဲစခန်းအရှေ့။
၅။ Bang Na intersection ဘန်န
၆။ Thai-Japanese stadium In nearby provinces -Outside Nonthaburi city hall မှ Khlong 4-Lam Luk Ka Roadနှင့် Lam Luk Ka Road-East outer ring road -Outside Samut Prakan city hall အထိ
စုဝေးလှုပ်ရှားမည်ဟုဆိုသည်။











အကဲဆတ်လှသည့် အခြေအနေမှသည် ထိန်းမနိုင် သိမ်းမရဖြစ်မှာကို စိုးရိမ်နေကြသော်လဲ ယနေ့ညနေပိုင်းအထိ တစုံတရာသွေးထွက်သံယိုမရှိသေးပါ။
အကယ်၍ အေးချမ်းစွာပီးဆုံးပြီး ချီတက်သူများ လူစုခွဲသွားသည်ဆိုဦးတော့ ဆန္ဒပြမှုများ အဆုံးသတ်ဖွယ်မရှိ။ ရည်ရွယ်ချက်အရ နယ်များကို ပြန်လည်ဆုတ်ခွာပြီး ခရိုင်အာဏာပိုင်များကို ဒေသခံများက အရေးယူလုပ်ဆောင်ရေး ဖြစ်သည်။


March 11, 2010 22:53 pm

MARCH 14 MASS RALLIES

Will Thaksin be saved?

The last time Thaksin Shinawatra said "Please save me" in earnest, his political party was on the....


March 11, 2010 22:26 pm

WEEKEND'S MASS RALLIES

Fake police or military will be prosecuted : Suthep

Impersonators of police or military officers would face legal action, Deputy Prime Minister Suthep Thaugsuban


March 11, 2010 23:05 pm
COUP OR NO COUP?
PM ready to quit rather than allow coup
Prime Minister Abhisit Vejjajiva yesterday pledged to overcome the ongoing political volatility, control the....





March 12, 2010 9:50 am
PRO-THAKSIN DEMONSTRATIONS
Ayutthaya's Wang Noi gateway to Bangkok a security risk
First Army Area commander Lt Gen Kanit Sapithak on Friday voiced concern about the security risk at Wang Noi....





3/09/2010

ဧကံ သမယံ ၂

၂၀၁၀ မတ်လ ၈ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတို့ကို ထုတ်ပြန်ခဲ့ပါသည်။အတော်လေး အသေးစိတ်ရေးထားပြီး အများပြည်သူ သိလိုသည်များကားမပါသေး။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုဘယ်တော့ဖွဲ့မှာလဲ။ ပါတီများစတင်မှတ်ပုံတင်ရမည့်သတ်မှတ်ရက် မှတ်ပုံတင်ကြေး တသီးပုဂ္ဂုလမှတ်ပုံတင်ခြင်းစသည်ဖြင့် မပါသေးပါ။
ကော်မရှင်ဥပဒေ၊ အခန်း(၂) ပုဒ်မ (၄) ပုဒ်မခွဲ (ခ) -ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသောပုဂ္ဂိုလ်အဖြစ် (နအဖ)စစ်အစိုးရ က ယူဆသူဖြစ်ရမည် - ဟူသော အချက်ကို မထည့်လျှင်လည်းကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို (နအဖ)စစ်အစိုးရ စိတ်ကြိုက်ရွေးချယ် ခန့်အပ်တာဝန်ပေးမည်ဖြစ်ကြောင်း အားလုံက သိပြီးဖြစ်သည်။ နအဖလူမဟုတ်လျှင်မည်သည့်ပုဂ္ဂိုလ်မျှ ကော်မရှင်အဖွဲ့ဝင် ဖြစ်လာစရာ အကြောင်းမရှိပါ။

နိဒါန်းအပါအဝင် အခန်း(၁)မှ အခန်း(၅)အထိ ဖွဲ့စည်းထားပြီး၊ ဥပဒေပုဒ်မပေါင်း (၂၇)ခု ပါရှိသည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်လျှောက်ထားသူက အခန်း (၂) ပုဒ်မ (၆) ၊ ပုဒ်မခွဲ(က)မှ (စ)အထိ ပြဌာန်းထားချက်များကို စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း ဝန်ခံချက်ကို ဝန်ခံချက်လက်မှတ် ထိုးရမည်ဖြစ်ရာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရေး” ကိုသဘောတူခြင်းဖြစ်သည်။ထိုကြောင့် ပါတီမှတ်ပုံတင်သည်နှင့် စစ်အစိုးရသည် အားလုံးကို ချုပ်ကိုင်ထားလိုက်ပြီးဖြစ်မည်။
ယင်းအချက်ကို လက်ခံနိုင်ခြင်းမရှိလျှင်လည်း နိုင်ငံရေးပါတီမဖြစ်တော့ပါဟု နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေရဲ့  နောက်ဆုံးအပိုဒ် ၂၇ အရ - “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေး တည်ဆောက်ရေးအဖွဲ့  ဥပဒေ အမှတ်၊ ၄/၈၈) ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်” ဆိုပြီးအတိအလင်း ပါဝင်နေခြင်းဖြင့် ယခင်နိုင်ငံရေးပါတီ အဖြစ်တရားဝင်ရပ်တည်နေတဲ့ ပါတီ တွေဟာ တရားမဝင်တော့ဘူးလို့ပြောပြီးသားပါ။

အခုထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ကိုအဓိက ရိုက်ချက်ဖြစ်တယ်လို့ပြောနိုင်ပါတယ်။
ပုဒ်မ( ၂၇)မှာ “နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ” (နဝတ) ဥပဒေအမှတ် ၄/၈၈ကို ရုပ်သိမ်းလိုက်သည်ဟု ဖေါ်ပြထားသည်။ ယင်းရုတ်သိမ်းချက်အရ တည်ဆဲနိုင်ငံရေးပါတီများ ရုပ်သိမ်းခံလိုက်ရသည့် အနေအထားဖြစ်ပါသည်။
ပုဒ်မ(၂၅) မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တရားဝင်တည်ရှိဆဲ နိုင်ငံရေးပါတီ(၁၀)ခုအတွက် ပြဌာန်း ထားချက်ပင် ဖြစ်ပါသည်။ ရက်ပေါင်း (၆၀)အတွင်း မှတ်ပုံတင် ပြန်လည်လျှောက်ထားရမည်။ ကော်မရှင်က ခွင့်ပြုလျှင် ဆက်လက် တည်ရှိမည်၊ သတ်မှတ်ရက်အတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီသည် အလိုအလျောက် ပျက်ပြီးဖြစ်သည်”ဟု ဆိုသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ရက်ပေါင်း(၆၀) အချိန်ရမည်။ အဖြေပေးရလိမ့်မည်။ မပေးလျှင် အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်လိမ့်မည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘယ်လိုအဖြေ ပေးမည်လဲ။

ရက်၆၀၏ ပထမနေ့ ခလုပ်ကို နအဖကအမြန်နှိပ်တော့မည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အချိန်ဆွဲနေ ၍ မရတော့ပါ။
တိုင်းပြည်နှင့် လူထုသို့ ရှင်းလင်းပြတ်သားသည့် အဖြေကို ပေးရတော့မည်။
ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်း ဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေတို့ကို စောင့်ပြီးလေ့လာစရာ မလိုတော့။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CEC တွေအားလုံး တွေ့ဆုံပြီး စဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် တွေ့ဆုံခွင့်ရဖို့စီစဉ်နေရန်အချိန်မရှိတော့ပါ။


တိုင်းပြည်နှင့် လူထုသို့ ဒီမိုကရေစီအရေး ဆက်လက်တိုက်ပွဲဝင်ရမည့် တိုက်ပွဲမဟာဗျူဟာနှင့် နည်းပရိယာယ်ကို ချပြရတော့မည်။

မဟုတ်လျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)ကို ပြန်လည်သုံးသပ်ပြင်ဆင်ပေးရန် တောင်းဆိုထားသည့် “ရွှေဂုံတိုင်ကြေညာ ချက်” ။

သက်ဆိုင်သူအားလုံး ပါဝင်ရေး/ တရားမျှတရေးဆိုသည့် စကားလုံးများမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားတော့မည်။
ကျနောတို့ ပြည်တွင်းပြည်ပ အင်အားစုများ အနေနှင့် တိကျပြတ်သား ခိုင်မာသည့် တုက်ပွဲဝင်နည်းဗျူဟာ တခုကို ညီညွတ်စွာချမှတ်ပီးတညီတညွတ် လိုက်နာပူးပေါင်းဆောင်ရွက်ရန်အချိန်ကျနေပါပြီခင်ဗျား။

3/06/2010

ဧကံ သမယံ

စစ်အစိုးရ ရေးဆွဲထားသော အခြေခံဥပဒေသည် ပြည်သူလူထု၏ သဘောဆန္ဒ ပါဝင်ခဲ့ခြင်း မရှိသည့်အပြင် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပါတီသည်လည်း ပါဝင်ခွင့် မရှိသဖြင့် ထိုအခြေခံဥပဒေသည် တဖက်သတ်ဖြစ်ခြင်း၊ တရားမျှတမှု မရှိခြင်းနှင့် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေခြင်းသည့် အခြေခံဥပဒေသာ ဖြစ်သော ကြောင့် လက်မခံနိုင် ဆန့်ကျင်တိုက်ဖျက်မည့်သူများ -
စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတဖွယ် အခြေအနေ မမြင်ရသော်လည်း၊ လက်ရှိ စစ်အစိုးရ ခေါင်းဆောင်များ ၏ တသွေး တသံ တမိန့်ကို လျော့ဆင်းကျဆင်းသွားစေလိမ့်မည်၊ အမှန်တကယ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် အခြေအနေများ ကိုတဖြေးဖြေး တစတစ ဆွဲယူရန် အစတခု ရနိုင်မည်။အနှစ်၂၀လုံးလုံး ဘာတခုမှ ပြောခွင့်မရသည့် အခြေအနေမှ ပြောခွင့်ရသည့်အဆင့် တဆင့်တိုးလာမည် အစရှိသည့် အယူအဆရှိသူများ-
မတူညီသောအမြင်များ အယူအဆများ ရှိပါမည်။ ဖြတ်သန်းနေကြရသော အနေအထား အခြေအနေများလည်း မတူနိုင်ကြပါ ဦးတည်ရာ တူဖို့တော့လိုပါသည်။ နည်းပရိရာယ်ပိုင်းကို သိမ်မွေ့စွာချဉ်းကပ်ဖို့လိုပါမည်။
လက်ရှိအခြေခံတွင် ဘယ်လိုမှငြင်းမရတာက ကျနော်တို့တတွေ မညီကြပါ။ မညီမှတော့ပြိုင်တူလဲမတွန်းနိုင် ဘယ်မှလဲမရွေ့။ ဘယ်တော့မှလဲ ရွေ့မည်မဟုတ်။

အခြင်းခြင်းညီညွတ်မှု နားလည်မှု အပေးအယူမျှဖို့ အရေးအလွန်ကြီးသည်ကို ကျနော်တို့အားလုံး နှစ်နှစ်ကာကာ သဘောပေါက်ပြီး လိုက်နာကျင့်ကြံဖို့ နည်းလမ်းရှာဆောင်ရွက်ဖို့ တွန်းသူတွေတွန်းကြ ဆွဲသူတွေလဲဆွဲကြ လားရာလေးသာညီပါစေဖို့ ပထမ ဧ၀ံ မေ သုတံ တွင် ရေးခဲ့ပါသည်။


ဧ၀ံ ဤသို့ မေ ကျွှနှ်ုပ်သည် သုတံ ကြားရ၏။

ကြားခြင်းကိုမျှဝေပါသည်။

ကြားခြင်းမှသိခြင်းဖြစ်မည်။ သိခြင်းကိုဆင်ခြင်သုံးသပ်ပြီး သိမြင်ခြင်းကိုဖြစ်စေမည်။ သိမြင်ခြင်းမှ ဝေဖန်ပိုင်းဖြတ်ကာ မိမိလုပ်သင့်ရာရာကို ဆုံးဖြတ်ဆောင်ရွက်နိုင်ကြစေဟု ရည်ရွယ်ကာ ဧ၀ံ မေ သုတံ ကိုရေးခဲ့ပါသည်။

သူကြား ကိုယ်ကြား မတူတဲ့ကြားခြင်းများကို စုံစုံ စေ့စေ့ ကြားသိခြင်းဖြင့် အမှန်ဘ၀ရောက်စေလိုပါသည်။ သံသယမထောက်စေခြင်ပါ။

ထိုကြောင့်

ဧကံ သမယံ

ထိုအခါများတွင် ဘာတွေ ဖြစ်ရှိနေသည်ကို ခွဲခြား လေ့လာနိုင်ကြရန် ယောင်ကားမဟုတ်သော အချက်အလက်များ ရှာစု ဝေငှ လိုက်ပါသည်။

----------



ဒီမိုကရက်တစ်ပါတီ၊ ဌာနချုပ် အလုပ်အမှုဆောင်များနှင့်ဗဟိုကော်တီဝင်များ ၂၀၀၉ ခု ဇွန်လ ၁၄ရက်



အလုပ်အမှုဆောင်များနှင့်ဗဟိုကော်တီဝင်များ

၅ကြိမ်မြောက်အစီးအဝေး




ဒေါ်သန်းသန်းနုနှင့် ဘီဘီစီ














မြင်းခြံမြို့နယ် သို့စည်းရုံးရေးခရီးစဉ် အတွင်း ဒေသခံများ၏ ဆွေးနွေးမေးမြန်းမှုနှင့် ဦးစိန်ဝင်းဟန်၏ ဆွေးနွေးရှင်းလင်းခြင်း မြင်ကွင်း













ဒီမိုကရက်တစ်ပါတီ၊ ဌာနချုပ် အလုပ်အမှုဆောင်များနှင့်ဗဟိုကော်တီဝင်များ ပထမအကြိမ်အစည်းအဝေးတွင်ပြောကြားသော သဘာပတိ ဦးသုဝေမိန့်ခွန်း။
-

ဒီမိုကရက်တစ်ပါတီ၊ ဌာနချုပ် အလုပ်အမှုဆောင်များနှင့်ဗဟိုကော်တီဝင်များ စတုတ္ထအကြိမ်အစည်းအဝေးတွင်ပြောကြားသော သဘာပတိ ဦးသုဝေမိန့်ခွန်း။ (၂၂-၈-ဝ၉)
-

(၁၇.၁ဝ.ဝ၉) အမျိုးသမီးနှင့် လူငယ်အစည်းအဝေးတွင် ပြောကြားသော ဥက္ကဌ ဦးသုဝေမိန့် ခွန်း။

-

(၇)ကြိမ်မြောက် ဒီမိုကရက်တစ်ပါတီ အလုပ်အမှုဆောင် အစည်းအဝေးတွင် ပြောကြားသော ဥက္ကဌဦးသုဝေ မိန့် ခွန်း

-

(၁၂)ကြိမ်မြောက် အလုပ်အမှုဆောင် + ဗဟိုကော်မတီများ အစည်းအဝေးတွင်၊ သဘာပတိ ဦးသုဝေ ပြောကြားသော မိန့်ခွန်း နေ့စွဲ၊ ၆-၁၂-ဝ၉

-

တောင်ဥက္ကလာပမြို့ နယ် ဒီမိုကရက်တစ်ပါတီ အလုပ်အမှုဆောင်ဖွဲ့ စည်းသည့် အခမ်းအနား သို့ ဗဟိုအလုပ်အမှုဆောင် ကိုယ်စားလှယ်များ တက်ရောက်ပြီး ဥက္ကဌ ဦးသုဝေပြောကြားသည့်မိန့် ခွန်း။

၂ဝဝ၉ခုနှစ်၊ သြဂုတ်လ (၃ဝ)ရက်။

.
ဦးသုဝေ ပါတီက ရွေးကောက်ပွဲ ၀င်ရခြင်း အကြောင်းပြချက်များ..။ မြတ်လေးငုံဘလေါ့ဂ်

-

ယခင်က ပူးပေါင်းလုပ်ကိုင်ကြမည်ဟု သဘောတူဆောင်ရွက်ခဲ့ဖူးသည့် ကနေဒါအခြေစိုက် UDP ပါတီနှင့်
ဦးသုဝေတို့ နောက်ဆုံးဆက်သွယ်မှု ပေးစာများ ကြေငြာချက်များ။






ဦးသုဝေ နှုတ်ထွက်စာလက်ရေးမူ
















ဦးသုဝေနှင့်ပါတ်သက်၍ UDP ကြေငြာချက် ကလစ်ပြီးဖတ်ရန်





ဦးသုဝေမှ SPDC သို့



3/04/2010

ဧ၀ံမေသုတံ-၂-

ဒီမိုကရက်တစ်ပါတီနှင့် စိန်ခေါ်မှု

ကျော်လင်းဦး ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၃ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၁၁ မိနစ်

၂ဝ၁ဝ ရွေးကောက်ပွဲ ကျင်းပဖို့ သိပ်မလိုတော့တဲ့ အချိန်မှာပဲ ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ UDP ပေါ်ထွက်လာခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီဟာ လွတ်လပ်ရေးခေတ်ဦးက နိုင်ငံရေးသမားတွေရဲ့ သားသမီးတွေနဲ့ တပည့်တပမ်းတွေက ဦးဆောင်ဖွဲ့စည်းထားတာလို့ ဆိုရမှာပါ။ ဒီအုပ်စုဟာ ၁၉၈၈ ခုနှစ် အာဏာသိမ်းအပြီး ပေါ်ပေါက်လာတဲ့ နိုင်ငံရေးရပ်ဝန်းမှာ တကွဲတပြားစီ ဖြစ်ခဲ့ပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ပြင်ဆင်ရာမှာ အားလုံးကို တတ်နိုင်သလောက် စုစည်းထားတာ တွေ့ရပါတယ်။ ပါတီ ဥက္က္ကဋ္ဌက ဦးသုဝေ၊ ဒုဥက္က္ကဋ္ဌတွေက ဦးရဲထွန်းနဲ့ ဦးဘတင့်ဆွေ၊ အထွေထွေအတွင်းရေးမှူးကတော့ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ သမီး ဒေါ်သန်းသန်းနုနဲ့ တွဲဘက်အထွေထွေအတွင်းရေးမှူးက ဒုဝန်ကြီးချုပ်ဟောင်း ဦးဗဆွေရဲ့ သမီး ဒေါ်နေရည်ဗဆွေပါ။ ဟိုတချိန်က ဆိုရှယ်လစ် နိုင်ငံရေးသမား ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်းလည်း အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။ဒီနေ့ UDP ပါတီမှာ ပါဝင်သူတွေကို တဦးချင်း ကောက်ကြောင်းဆွဲကြည့်မှ UDP အကြောင်းကို ပိုမိုသိရှိနိုင်မှာ ဖြစ်ပါတယ်။ ပါတီကို စတင်တည်ထောင်သူတွေဟာ မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ သူ့ဒေါင့်ကနေသူ ပါဝင်ခဲ့သူတွေချည်း ဖြစ်ပါတယ်။ လွတ်လပ်ပြီး ခေတ်တုန်းက အာဏာရ ဖဆပလ အသိုင်းအဝိုင်းက လာသူတွေချည်းဖြစ်လို့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေးပိုင်းဖြတ်မှုတွေဟာ ဒီနေ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရာမှာ အသုံးဝင်ပါလိမ့်မယ်။ ဒါကြောင့် ပါတီကို စတင်တည်ထောင်သူတချို့ရဲ့ ရပ်ပုံလွှာကို ဦးစွာ ဆန်းစစ်ကြည့်သင့်ပါတယ်။
ဦးသုဝေ UDP ဥက္က္ကဋ္ဌ
ဦးသုဝေဟာ ဟိုတချိန်က ဦးကျော်ငြိမ်းရဲ့ လူယုံတဦးပါ။ ကျောင်းသားဘဝက DSO လို့ခေါ်တဲ့ ဖဆပလ အစိုးရဘက်တော်သား ကျောင်းသားအုပ်စုမှာ လှုပ်ရှားခဲ့ပြီး နောက်ပိုင်းမှာ ဦးကျော်ငြိမ်းရဲ့ ကိုယ်ရေးအတွင်းဝန် ဖြစ်လာခဲ့ပါတယ်။ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတဲ့နောက် ဦးနုဟာ ၁၉၆၉ ခုနှစ်မှာ အိန္ဒိယကို ဘုရားဖူးထွက်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင်းပြည်ပြင်ပကို ထွက်လာပြီး ပါလီမန်ဒီမိုကရေစီပါတီကို တည်ထောင်ကာ ဗိုလ်နေဝင်းအစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့ပါတယ်။ အဲဒီ တော်လှန်ရေးမှာ ဦးသုဝေလည်း ပါဝင်ခဲ့ပါတယ်။ ဖဆပလ အကွဲအပြဲမှာ တဖက်စီ ရှိခဲ့တဲ့ ဦးနုတို့ အုပ်စုနဲ့ စစ်အာဏာရှင်စနစ် ဖြုတ်ချရေး တိုက်ပွဲမှာတော့ ပြန်လည်ပူးပေါင်းပြီးပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဦးနုရဲ့ လက်နက်ကိုင်တော်လှန်ရေး လည်း အကွဲအပြဲတွေနဲ့ အဆုံးသတ်ခဲ့ပြီး ၁၉၈ဝ လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ ဦးနေဝင်းက ပြန်ခေါ်တဲ့အခါ ဦးသုဝေလည်း ရန်ကုန် ပြန်ရောက်သွားပါတယ်။ ၁၉၈၈ ခုနှစ်မှာ ဦးသုဝေဟာ လက်ဟောင်း နိုင်ငံရေးသမား တဦးအနေနဲ့ ရှေ့တန်းကို ပြန်ထွက်လာပါတယ်။ လက်ရှိ စစ်အုပ်စုက အာဏာသိမ်းပြီး ပါတီတွေ ထောင်ခွင့်ပေးတဲ့အခါ ဒီမိုကရေစီပါတီကို တည်ထောင်ပြီး အရင်ဦးဆုံး ပါတီမှတ်ပုံတင်ခဲ့သူလည်း ဖြစ်ပါတယ်။ ဦးသုဝေဟာ ဆိုရှယ်လစ်စနစ်ကို ယုံကြည်သူဖြစ်ပြီး ဆိုရှယ်လစ်စနစ် တည်ဆောက်ဖို့အတွက် ဒီမိုကရေစီနည်းအရသာ သွားရမယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူ့ကိုယ်သူ ဆိုရှယ်ဒီမိုကရက်တဦးလို့ သတ်မှတ်ထားသူပါ။ ဆိုရှယ်ဒီမိုကရက်တွေဟာ ဥရောပက နိုင်ငံရေးအခင်းအကျင်းမှာတော့ လက်ဝဲဆန်သူတွေဖြစ်ပေမယ့် နှစ်ပေါင်း ၄ဝ ကျော် ဒီမိုကရေစီ ဆိတ်သုဉ်းနေတဲ့ မြန်မာနိုင်ငံအတွက်တော့ ဒီမိုကရေစီစနစ်ကို တည်ဆောက်လိုသူ ဖြစ်တဲ့အတွက် ကြိုဆိုရမှာပါ။ ပါတီမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေနဲ့ ရွေးကောက်ပွဲတွေ မထွက်သေးတဲ့အတွက် ဒီမိုကရက်တစ်ပါတီရဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို တရားဝင် သိခွင့်မရသေးပါဘူး။ ဒါပေမဲ့ ဦးသုဝေက လက်ရှိ စစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ စစ်တပ်က နိုင်ငံရေးကနေ စနစ်တကျဆုတ်ဖို့ စီစဉ်ခြင်း ဖြစ်တယ်လို့ သုံးသပ်ပါတယ်။ စစ်တပ်က ဒီလို စနစ်တကျ နောက်ဆုတ်တာကို အားပေးဖို့အတွက် ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ရတာလို့ ဆိုပါတယ်။ အများက စစ်တပ်ရဲ့ ရိုးသားမှုကို သံသယရှိနေချိန်မှာ ဦးသုဝေကတော့ ပါလီမန် ဒီမိုကရေစီခေတ်က ဖဆပလ နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ ဒုတိယမျိုးဆက်တွေကို စုစည်းပြီး ဒီမိုကရက်တစ်ပါတီအနေနဲ့ ရှေ့တန်းကို ထွက်လာခဲ့တာပါ။
ဦးရဲထွန်း
ဒီမိုကရက်တစ်ပါတီရဲ့ ဒုတိယ ဥက္ကဋ္ဌ တဦးကတော့ ဦရဲထွန်း ဖြစ်ပါတယ်။ လွတ်လပ်ပြီးခေတ်က တရားရေးဝန်ကြီး ဦးချန်ထွန်းရဲ့သား ဖြစ်ပြီး ဒေါက်တာဗမော်ရဲ့ သမက်လည်း တော်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဦးရဲထွန်းကို လက်ယာသမားအဖြစ် လူသိများပြီး အမေရိကန် လိုလားသူလို့ ဆိုပါတယ်။ အာဏာသိမ်းပြီးနောက် ဗိုလ်ခင်ညွန့်ရဲ့ သတင်းစာ ရှင်းလင်းပွဲတွေမှာ ဦးရဲထွန်းကို အမေရိကန်နဲ့ပေါင်းပြီး တိုင်းပြည်ဖျက်ဆီးသူအဖြစ် စွပ်စွဲခဲ့ဖူးပါတယ်။ ဒါကြောင့် ၈၈ အရေးအခင်းကိုလည်း လက်ဝဲ-လက်ယာပေါင်းပြီး အာဏာကို ဖြတ်လမ်းနည်းက ရယူဖို့ ကြိုးစားတာလို့ ဗိုလ်ခင်ညွန့်က စွပ်စွဲခဲ့ပါတယ်။ ဦးရဲထွန်းက နိုင်ငံရေးသမားတဦးအဖြစ်နဲ့ ရှေ့တန်းထွက်ပြီး လုပ်ကိုင်ဖို့ထက်စာရင် နောက်ကနေပြီး ကြိုးကိုင်ချင်သူလို့ သူ့ရဲ့ အပေါင်းအသင်းတွေက ဆိုပါတယ်။ ၈၈ အရေးအခင်းတုန်းကလည်း မကသ လို့ခေါ်တဲ့ မင်းဇေယျာ ဦးဆောင်တဲ့ ကျောင်းသားအုပ်စုနဲ့ နီးစပ်ခဲ့ပါတယ်။ အဲဒီအမှုနဲ့ပဲ စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာပါ။ လက်ယာသမား ဦးရဲထွန်းတယောက် ဦးသုဝေနဲ့တွဲပြီး ဒီမိုကရက်တစ်ပါတီမှာ ပါလာတာကို တချို့က သဘောမကျကြပါဘူး။ ဒါပေမဲ့ လက်ယာအုပ်စု အားနည်းလှတဲ့ မြန်မာ့နိုင်ငံရေးမှာ ဦးရဲထွန်းကလည်း နိုင်ငံရေးပါတီတရပ်ကို ဦးဆောင်ဖွဲ့စည်းတဲ့ထဲမှာ ပါဝင်လာတဲ့အတွက် အနာဂတ်မြန်မာ့နိုင်ငံရေးမှာ အသွေးအရောင် စုံလင်လာမှာတော့ အမှန်ပါပဲ။ ပုဂ္ဂလိကလွတ်လပ်ခွင့်တွေကို ပိုမိုအားပေးပြီး အစိုးရရဲ့ လက်တံတွေ လျှော့နိုင်သမျှ လျှော့တဲ့ အစိုးရပုံသဏ္ဍာန်မျိုးကို အားသန်သူတွေအတွက်တော့ ဦးရဲထွန်းဟာ လက်ယာလမ်းကို စတင်ဖောက်သူ တဦး ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီးတဲ့အနောက် စစ်အုပ်စုနဲ့ နီးစပ်ခဲ့တယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့်လည်း မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ သူ့ကို နိုင်ငံရေးသိက္ခ္ခာမဲ့သူအဖြစ် ကင်းပွန်းတပ်သူတွေလည်း မရှားပါဘူး။
ဒေါ်သန်းသန်းနု၊ ဒေါ်နေရည်ဗဆွေနှင့် ဒေါ်ချိုချိုကျော်ငြိမ်း
ဒေါ်သန်းသန်းနုဟာ ပြည်ပမှာပဲ တောက်လျှောက်နေထိုင်ခဲ့ပြီး သက္ကရာဇ် ၂ဝဝဝ ခန့်မှာ ပြည်တွင်း ပြန်ဝင်ခဲ့တာပါ။ ၁၉၉၅ ခုနှစ်မှာ ဦးနုဟာ အကျယ်ချုပ်ကနေ ပြန်လွတ်ခဲ့ပြီး မကြာခင်မှာပဲ ကွယ်လွန်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ ဦးနုရဲ့ သားသမီးတွေ မြန်မာနိုင်ငံကို ပြန်လာပါတယ်။ အဲဒီအချိန်မှာ All India ရေဒီယိုမှာ အလုပ်လုပ်နေတဲ့ ဒေါ်သန်းသန်းနုကတော့ နောက်ပိုင်းမှာမှ အပြီးပြန်လာခဲ့တာပါ။ ဒါကြောင့် ၈၈ အရေးအခင်း အတွင်းနဲ့ အရေးအခင်းပြီးနောက် ပါတီတွေ ထောင်တဲ့အထဲမှာ ဒေါ်သန်းသန်းနု မပါဝင်ခဲ့ပါဘူး။
ဒေါ်နေရည်ဗဆွေနဲ့ ဒေါ်ချိုချိုကျော်ငြိမ်းတို့ကတော့ ၈၈ ကာလအပြီးမှာ မူလလက်ဟောင်း ဖဆပလ ပါတီနဲ့ ဖဆပလ လူငယ်အဖွဲ့ချုပ်တို့ကို တည်ထောင်ခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲကို ဝင်ရောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မဲဆန္ဒနယ် တနယ်မှ မရတဲ့အတွက် ပါတီဖျက်သိမ်းခံရတဲ့အထဲမှာ ပါဝင်သွားပါတယ်။ ပါလီမန် ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေရဲ့ သမီးတွေ ဖြစ်တဲ့အတွက် နိုင်ငံရေးမှာ ပြန်လည် ပါဝင်ခဲ့ပေမယ့် ထူးခြားတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ မူဝါဒတွေတော့ ရှိပုံမရပါဘူး။ သူတို့ရဲ့ ဖခင်တွေဟာ ပါလီမန်ဒီမိုကရေစီခေတ်က ခေါင်းဆောင်တွေဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ လုပ်ဖော်ကိုင်ဘက်တွေ ဖြစ်ခဲ့တာကြောင့် သူတို့ နိုင်ငံရေး လောကထဲ ပြန်လည်ဝင်ရောက်လာတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းညှိပြီးသား ဖြစ်တယ်ဆိုတဲ့ တွက်ကိန်းနဲ့ စစ်အစိုးရကလည်း စောင့်ကြည့်နေတယ်လို့ ယူဆပါတယ်။
ရွေးကောက်ပွဲနဲ့ အနာဂတ်စိန်ခေါ်မှုများ
ဒီလိုပုဂ္ဂိုလ်မျိုးတွေ ဦးဆောင်မယ့် ဒီမိုကရက်တစ်ပါတီဟာ လောလောဆယ်မှာတော့ သတင်းမီဒီယာ လောကမှာ လှုပ်လှုပ်ရှားရှား အရှိဆုံး ပါတီလည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကသာ ရွေးကောက်ပွဲ မဝင်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ရင် ပြည်သူလူထုအတွက် ဒီမိုကရက်တစ်ကလွဲလို့ တခြား ရွေးစရာ မမြင်ပါဘူး။ ဒါပေမဲ့လည်း ဒီမိုကရက်တစ်ပါတီအတွက် ရွေးကောက်ပွဲအပြီး ကြုံရမယ့် စိန်ခေါ်ချက်တွေကတော့ ကြီးကြီးမားမား ရှိနေပါတယ်။ မဲဆွယ်လှုပ်ရှားရမယ့် အချိန် မလုံလောက်မှုကြောင့် ပြည်သူလူထုက ဒီမိုကရက်တစ်ပါတီကို မဲထည့်ခဲ့ရင်တောင် လွှတ်တော်ထဲမှာ ဒီမိုကရက်တစ်ရဲ့ ကိုယ်စားလှယ်တွေက အနည်းစုပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် လွှတ်တော်ထဲကနေ ပြုပြင်ပြောင်းလဲရေးကို ဦးတည်တဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေတော့ အောင်အောင်မြင်မြင် အတည်ပြုနိုင်ဖို့ အလှမ်းဝေးနေပါသေးတယ်။ဒီထက်ပိုပြီး ကြီးကြီးမားမား ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်ကတော့ လွှတ်တော်တွင်းက မဟုတ်ဘဲ လွှတ်တော်ပြင်ပကနေ ဒီမိုကရက်တစ်ပါတီဝင်တွေကို ခြိမ်းခြောက်မှုတွေ၊ ကိုယ်ထိလက်ရောက် စော်ကားမှုတွေအပြင် လက်ရှိ တည်ဆဲဥပဒေတွေအရ အပြစ်ပေးအရေးယူမှုတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို ရှောင်ရှားဖို့အတွက် လက်ရှိ စစ်အုပ်စုနဲ့ ပဋိပက္ခဖြစ်နိုင်မယ့် အပြုအမူ၊ အပြောအဆိုတွေကို ထိန်းချုပ်ရပါလိမ့်မယ်။ ဒါတွေကို ထိန်းချုပ်နေမယ်ဆိုရင်လည်း လူထု အကျိုးရှိရာရှိကြောင်းကို ဒီမိုကရက်တစ်ပါတီဝင်တွေက ရှေ့တန်းကနေ ရဲရဲဝံ့ဝံ့ရပ်တည်ပြီး ပြောဆိုနိုင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဒီမိုကရက်တစ်ပါတီ UDP အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ စစ်အုပ်စုနဲ့ ပြေလည်ရေးအကြား ဘယ်လိုထိန်းညှိပြီး ရှေ့ဆက်လျှောက်လှမ်းမလဲ ဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ကျော်လင်းဦး
http://www.mizzimaburmese.com/edop/songpa/4940-2010-03-03-10-57-10.html

ဘလော့ဂ်ဂါမှတ်ချက်း ဒီမိုကရက်တစ်ပါတီ ကိုအတိုရေးရာတွင် UDP ဟုရေးသားသည်ကိုတွေ့ရပါသည်။
U မပါ DP ဒီမိုကရက်တစ်ပါတီ ။ ဒီမိုကရက်တစ်ပါတီ မြန်မာပြည် DPMဖြစ်ပါသည်။





(ကို)ကျော်လင်းဦး ၏ ဆောင်းပါးဖတ်ပီး ခေါင်းပြန်ကိုက်သွားသည်ဆိုသော
(ကို)ဌေးတင့်၏စာ
ဦးသုဝေ ဘာကိုစိန်ခေါ်တာလဲ




ဒီမိုကရက်တစ်ပါတီဟာ လွတ်လပ်ရေးခေတ်ဦးက နိုင်ငံရေးသမားတွေရဲ့ သားသမီးတွေနဲ့ တပည့်တပမ်းတွေက ဦးဆောင်ဖွဲ့စည်းထားတာလို့ ဆိုရမှာပါ။
တချိန်က ဆိုရှယ်လစ် နိုင်ငံရေးသမား ဦးကျော်ငြိမ်းရဲ့ သမီး ဒေါ်ချိုချိုကျော်ငြိမ်းလည်း အလုပ်အမှုဆောင် အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။
လွတ်လပ်ပြီး ခေတ်တုန်းက အာဏာရ ဖဆပလ အသိုင်းအဝိုင်းက လာသူတွေချည်းဖြစ်လို့ သူတို့ရဲ့ အတွေ့အကြုံတွေနဲ့ နိုင်ငံရေးပိုင်းဖြတ်မှုတွေဟာ ဒီနေ့ နိုင်ငံရေးအခင်းအကျင်းအောက်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို တည်ဆောက်ရာမှာ အသုံးဝင်ပါလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကသာ ရွေးကောက်ပွဲ မဝင်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ရင် ပြည်သူလူထုအတွက် ဒီမိုကရက်တစ်ကလွဲလို့ တခြား ရွေးစရာ မမြင်ပါဘူး။
ဒီမိုကရက်တစ်ပါတီ UDP အနေနဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ စစ်အုပ်စုနဲ့ ပြေလည်ရေးအကြား ဘယ်လိုထိန်းညှိပြီး ရှေ့ဆက်လျှောက်လှမ်းမလဲ ဆိုတာကိုတော့ စိတ်ဝင်တစား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အင်မတန်ကိုဘဲ စိတ်ဝင်စားဘွယ်ရာ အချို့ ကိုမီးမောင်ထိုးပြတာပါ ။

စာဖတ်ပြီး အီလည်လည်နဲ့ အတွေးမဆုံးတာနဲ့  ဒီစာကိုရေးဖြစ်တာပါ ။

ဒေါက်တာမောင်မောင်ရေးပြီး ကျောင်းအုပ်ကြီး ဥိးသန်းရွေ သင်ပေးလိုက်တဲ့ မြန်မာဆိုရှယ်လစ်ကို
ကျွန်တော်တို့  အလွတ်ကျက်ပြီး စာမေးပွဲ အောင်ခဲ့ကြပါတယ် ။

ဆိုရှယ်လစ် ။တနည်းအားဖြင့် လူမှုဆက်ဆံရေးကိုသာ အခြေခံသူများ

နယ်သာလန်မှာ သူတို့ ဘာသာစကားနဲ့ ယဉ်ကျေးမှုကို သင်ကြားနေရင်း
အတွေ့ အကြုံမှတဆင့် အသိအသစ်ကိုရလာပါတယ် ။

နယ်သာလန်မှာ အဓိက လူမှုဆက်ဆံရေး ပုံစံ ၂ မျိုးရှိပါတယ် ။

ဒုတိယ ကမ္ဘာစစ်ပြီးတော့ ပြာကျသွားတဲ့ ဥရောပကို ပြန်လည်တည်ဆောက်ကြပါတယ် ။
ဘာသာရေးစစ်ပွဲ နဲ့  ကျဉ်းမြောင်းတဲ့ အမျိုးသားရေးဝါဒီကို ငြီးငွေ့ နေတဲ့ ဥရောပသားတွေ
အမြန်ဆုံးပြန်လည်တိုးတက်ဖို့  အခြေခံအကျဆုံး တူညီတဲ့ အချက်ပေါ်မှာ သဘောတူခဲ့ပါတယ် ။

အဲဒါကတော့ လူ ဆိုတဲ့ခေါင်းစဉ်အောက်က ရပိုင်ခွင့်တွေ လုပ်ပိုင်ခွင့်တွေ ခွဲဝေကြတာပါ ။
ကျမ်းစာနဲ့ အသက်ရှင်သောသူများက ယေရှု ခရစ်တော်မှာကြားချက်အရ လူမှုရေးကူညီလုပ်ခဲ့တာ
နှစ်ပေါင်း ၂၀၁၀ ရှိလာပါပြီ။
အတည်မပြုရသေးတဲ့ လူဟာမျောက်ကအဆင့်ဆင့်ပြောင်းလာတာဆိုတဲ့
ဒါဝင်ကို လက်ခံပြီး ဘာသာရေးလက်မခံသူများက
လူကို အဓိကထားပြီး စဉ်းစားလာတာနှစ်ပေါင်း ၂၀၀ ကျော်ရှိလာပါပြီ။

တူညီတဲ့ ဆုံချက်က လူတွေ သူ့ အဆင့်နဲ့ သူ ကောင်းမွန်စွာစားရဖို့  အိပ်ရဖို့  နေရဖို့  ဆိုတာပါဘဲ ။

လူတိုင်းဟာ ဘဝရပ်တည်ရေးအတွက် လွတ်လပ်စွာ ရေးသားခွင့် ဦးဆောင်ခွင့် ကြိုးစားခွင့်ရှိပါတယ် ။
ခြားနားပိုင်ခွင့် ရှိပါတယ် ။ ကြိုးစားမှု ရလဒ်ကို ခံစားပိုင်ခွင့် ရှိတယ် ။ ကိုးကွယ်ခွင့်ရှိတယ် ။

တကယ်ရက်ရက်ရောရော လူမှုရေးလုပ်ငန်းတွေကို ဦးဆောင်နေတာ
ခရစ်ယာန်ဘုရားကျောင်းများဖြစ်ပါတယ် ။
၁၁ စက်တင်ဘာ ၂၀၀၁ က တိုက်ခိုက်မှုက ဥရောပအုပ်ချုပ်မှုစနစ်ကိုပြောင်းလိုက်ပါတယ် ။
အလုပ်သမားကိုယ်စားလှယ်တွေအုပ်ချုပ်နေတဲ့ ဥရောပကို ခရစ်ယာန် အင်အားစုတွေက
အန်ဂျီအို တွေနဲ့ ထိမ်းပေးပြီး ရပ်တည်ခဲ့ကြတာပါ ။

၂၀၀၁ နောက်ပိုင်း နိုင်ငံရေး အိပ်မောကျနေတဲ့ ခရစ်ယာန်အုပ်စုကြီး နိုးထလာပါတယ် ။

တစ တစ အကြမ်းဖက်လာတဲ့ တစောက်ကန်း ဘာသာရေးသမားများကို ဘယ်ပါတီ တိုင်းပြည်
ကမှ မကာကွယ်နိုင်ပါဘူး ။
တစောက်ကန်း ဘာသာရေးသမားများက သူတို့ ဘာသာဝင်ကလွဲ ရင်
အားလုံးကို အရှင်မထားပါဘူး ။
သူတို့ ကို ကာကွယ်နိုင်ရန် တခုတည်းသောအုပ်စုက ခရစ်ယာန်
ဘာသာဝင်များဘဲဖြစ်ပါတယ် ။
၂၀၀၁ နောက်ပိုင်း ဥရောပ အစိုးရတွေ အများစုနေရာမှာ
ခရစ်ယာန်ပါတီဝင်တွေက နေရာယူကြပါဘီ ။ ဒါကြောင့် အန်ဂျီအိုတွေဟာ အစိုးရကတဆင့်
သွားတဲ့ လမ်းကြောင်းဖြစ်တာပါ ။
တချိန်က အန်ဂျီအိုတွေ ၂၀၀၁ နောက်ပိုင်းမှာ ရွေးကောက်ပွဲ
အနိုင်ရပြီး အစိုးရဖြစ်ကုန်လို့ ပါ။ ခရစ်ယာန်အစိုးရတွေနဲ့ တွဲပြီး
ဥရောပဆိုရှယ်လစ်တွေ ဆက်လုပ်ကြတယ်။
တချိန်က အိန္ဒိယသားတွေပြောသလို ခရစ်ယာန်ဘာသာက နယ်ချဲ့ ဘာသာတဲ့
သူတို့ ပြောတာလက်ခံပါတယ် ။ ကိုယ်ပိုင် ဘုရားတွေရှိတယ် ။
အဂ်လိပ်ကလည်း ခရစ်ယာန်ဘာသာကို ဂျုးလူမျိုးများကတဆင့် ရယူတာပါ ။
ဖဆပလလာတဲ့လူတွေ ၁၉၄၅ ဆိုရှယ်လစ်ကလာသူတွေ ကိုပြန်သုံးသပ်ဖို့ လိုလာပါပြီ ။
ဘယ်လို ဆိုရှယ်လစ်လဲ ပြည်တွင်းဖြစ် လှေနံ ဒါးထစ်လား
၂၀၁၀ အပြည်ပြည်ဆိုင်ရာနဲ့ တွဲ နိုင်ရဲ့ လား
တိတိကျကျ ပြောဖို့ အချိန်ကြပါဘီ ။
ရွေးကောက်ပွဲ ဝင်ဖို့ ကို ပြည်ပမှာ လာရှင်းတာ ကျေးဇူးတင်ပါတယ် ။
ကိုယ်ပိုင် လမ်းစဉ်တခုကို ပိုင်ပိုင်နိုင်နိုင် ရွေးဖို့ လိုပါတယ် ။
အန်အယ်ဒီ ကို ဘယ်လိုသဘောထားပါသလဲ ။
ရွေးကောက်ပွဲ ဝင်ပြီး ဘာမှလုပ် မရရင် ဘာဆက်လုပ်မှာလဲ ။
ဥရောပ ဆိုရှယ်လစ်တွေနဲ့ ဆက်သွယ်ပြီးပလား
ဆိုရှယ်လစ်တွေဆီက ဘာသံမှမကြားရသေးပါ ။

မြန်မာတော်တော်များများ ယူပီဒီ ကို နားမလည်နိုင်သေးပါ ။

မြန်မာ့နည်း မြန်မာ့ဟန် ဘောင်ပိတ်ထားတဲ့ ဒီမိုကရက်တစ်လား

ဘာကိုစိန်ခေါ်တာလဲ ဘာတိုက်ပွဲဝင်ဖို့ ပြင်နေတာလဲ

အန်အယ်ဒီ ရွေးကောက်ပွဲအတွက်စဉ်းစားနေတာကိုလား

နအဖ အာဏာရှင်ကိုလား

ပြည်သု့ ဆန္ဒ အမှန်ကိုလား

ဘယ်လိုကူညီရ မလဲဆိုတာ သိပ်ဝေးနေတယ် ။

အူလယ်လယ်နဲ့ စဉ်းစား နေတုံးဘဲ

ခေါင်းတွေ ပြန်ကိုက်လာပြီ ။ ဆေးရှာစားမှဘဲ ။

ဌေးတင့်
၃ မတ်လ ၂၀၁၀



------------------၀၀---------------------




ဒီမိုကရက်တစ်ပါတီ လူထုရဲ့ ခေါါင်းဆောင်မဲ့ တိုက်ပွဲခေါ်သံ ကျဉ်ဆံ ၅သန်းလိုတဲ့ ဗိုလ်ချုပ်တစု



(ကို)ဌေးတင့်၏စာ



http://www.irrawaddy.org/bur/index.php/news/1-news/2678-2010-02-25-10-29-38



ကိုသုံးသပ်ချက်ဖြစ်ပါတယ်။



ရွေးကောက်ပွဲအတွက်စဉ်းစားရန်

နအဖက ဘာကြောင့် ရွေးကောက်ပွဲ ပြန်ကျင်းပပေးရတဲ့ ရည်ရွယ်ချက်ဟာ အဓိကကျပါတယ်။

လမ်းပြမြေပုံက အစပြုခဲ့တဲ့ ခင်ညွန့် ထောက်လှန်းရေးအုပ်စုကို ပြန်သုံးသပ်ဖို့ လိုပါတယ်။

ဒီပဲရင်းလူသတ်ပွဲံ အပြီး နိုင်ငံတကာ ပိတ်ဆီု့ ကို နအဖက ကြိုမတွက်တဲ့ အတွက် စစ်ကောင်စီကိုတုန်လှုပ်ရာက
အစပြုတယ်လို့ ဆိုနိုင်ပါတယ်။ ခင်ညွန့် ဦးဆောင်တဲ့ ထောက်လှန်းရေးအဖွဲ့ ဝင်တွေအားလုံး နည်းပေါင်းစုံနဲ့ တင်းကျပ်လာတဲ့ နိုင်ငံတကာ ဖိအားကထွက်ပေါက်ကို ရှာလို့ ရတဲ့ အဖြေဖြစ်ပါတယ်။

အဓိက အနီးကပ်အကြံပေးခဲ့သူကတော့ ပြည်ပြေးထိုင်းဝန်ကြီးချူပ်ဟောင်းတက်ဆင်ဖြစ်ပါတယ်။

အကြံကြီးသူ ၂ ဦးပေါင်းပြီး စီးပွားရေးလက်ဝါးကြီးအုပ်နိုင်ဘို့  နိုင်ငံရေးချုပ်ကိုင်မှုတွေ ပြင်ဆင်ခဲ့ပါတယ်။

၂ ဦးစလုံးမေ့သွားတာက ထိုင်းနိုင်ငံက ဘုရငစနစ်နဲ့ ခောတ်မှီ ပညာတတ်အုပ်စုဖြစ်ပြီး မြန်မာပြည်က
အာဏာရူးဗိုလ်ချုပ်နောက်ကွယ်က စီပွားရေးမိသားစုဝင်တွေဖြစ်ပါတယ်။

ခင်ညွန့် ထောက်လှန်းရေးတပ်ဖွဲ့ တွေကတဆင့် ပါတီအားလုံးကို ထိမ်းထားပြီး နိုင်ငံတခုလုံးကို ယဉ်ယဉ်ကလေး သိမ်းပိုက်ဖို့ ကြိုးစားတာပါ။ ထောက်လှန်းရေးတွေကလဲတော်ပါတယ် ။
ဗိုလ်ချုပ်တွေ တိုင်းမှုးတွေ ပိုင်ဆိုင်မှုတွေကို အသေးစိတ်မှတ်တမ်းယူခဲ့တာပေါက်ကြားသွားပါတယ် ။
မကြာခင်မှဘဲ တရုပ်နယ်စပ် စီးပွားရေး ပြသာနာက စတင်ပြီး ထောက်လှန်းရေး မဟာဗျုဟာကြီး ရိုက်ချိုးခံရပြီး ခင်ညွန့် နဲ့ တကွ အားလုံးကို ထောင်ထဲပို့ တာပါ ။
တင်းမာပြီးရက်စက်တဲ့ စစ်တပ် ထိတ်သီးအုပ်စု ကြီးကို မမေ့သင့်ပါဘူး
နှစ်စဉ်ဆက်တိုက် အဖိခံလာရတဲ့စစ်အုပ်စုဟာ ဒါတ်ငွေ့ အပါအဝင်။ အခြားပြည်တွင်းထွက်ကုန်ကြမ်းများကို ဈေးပေါပေါရောင်းရာက သိလာတဲ့ မိတ်ဆွေသစ်များ ကတဆင့်သိလာတာက ကြီးမားတဲ့စီးပွာရေး လုပ်ငန်းကြီးတွေ လွတ်လွတ်လပ်လပ်လုပ်မရပါဘူး ။

ဒီဖက်တို အစိုးရဆိုတာကို နိုင်ငံရေးသမားဟောင်းများအဖွဲ့ က မကြာခဏ ထုတ်ပြန်ပြီးသတိပေးခဲ့ပါတယ် ။

နောက်ဆုံး တရားဝင်အစီုးရ ဖြစ်လာအောင်ကြိုးစားပြင်ဆင်ပါတော့တယ် ။
နေပြည်တော်မှာ အချိန်ပြည့်တိုင်ပင်ပြီး တိုင်းမှုးများမှတဆင့် လှုပ်ရှားပြီး တည်ဆောက်ပါတယ် ။

ဒေသဆိုင်ရာ ဗျုဟာမှူးအားလုံးဆီက မီးစီမ်းပြတော့ ဖွဲ့ စည်းပုံညီလာခံစပါတော့တယ် ။
အားလုံးကို အကျယ်ချုပ်ချပြီး သင်တန်းပေးတာပါ ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း နောက်ဆုတ်ခဲ့ရပါတယ် ။

ဘာမှာတင်ပြပိုင်ခွင့် ညှိနွေးခွင့် ပြင်ဆင်ခွင့်မရလို့ လူမျိုးစုတွေလည်း ဆင့်ဟိုဟာကြီး မျှော်ပြီးပွဲသိမ်းသွားပါတယ်။

ဘာမှန်းမသိရသေးတဲ့ ပြည်ထောင်စုအသစ်ကြီးရဲ့ ရွေးကောက်ပွဲ စပါတော့မယ် ။

စစ်တပ် ထိတ်သီးအုပ်စု ကြီးကို က သေသေချာချာမသိသေးပါဘူး

ကြီးမားတဲ့ပြဿနာဖြစ်လာမှ နေပြည်တော်မှာ စစ်ကောင်စီ အစည်းအဝေးခေါ်
တိုင်မှုးး ဗျုဟာမှူးတွေတဲ့ တိုင်ပင်ပြီး အမိန့် တွေထုတ်ပြီးအုပ်ချုပ်နေကြတာလေ ။

အပြည်ပြည်ဆိုင်ရာ စီးပွားရေး ပိတ်ဆို့ မှုမရှိရင် ရွေးကောက်ပွဲလုပ်ဖို့ ပျင်းတောင် ပျင်းသေးတယ်လို့ 
ဗိုလ်ချုပ်တွေအရက် မူးရင် ဆိုပြီးကကြမှာပါ ။

အခုတော့ ဗိုလ်ချုပ်တွေလဲ တသက်စာမက မြေးမြစ်တီတွတ်တွေ ကောင်းမွန်စွာ အုပ်ချုပ်နေရေး အတွက်
ရွေးကောက်ပွဲ တခါးတုကြီးဆောက်ပြီး အုပ်စုတဝက်က အဝတ်စိမ်းစိမ်းချွတ်မှာပါ ။

စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေးနဲ့  လူထုကိုယ်စားလှယ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပေးရမဲ့ အရင်းအနှီးက သိပ်ကြီးပါတယ် ။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စွန့် စားဖို့ သိပ်ခက်တဲ့
အလောင်းအစားတခုလို့ ပြောရင်ရပါတယ် ။

ဒီရွေးကောက်ပွဲကို လှေနံဒါးထစ် နိုင်ငံရေး ပုံသေနည်းနည်းနဲ့ တွက်လို့ မရတော့ပါဘူး ။
ခြားနားတဲ့ လုတန်းစား ပြသာနာ စပါပြီ ။

စတင်ကြားရပါပြီ ။

၁၉၈၈ တုံးက ကျောင်းသားထုနဲ့  ရဟန်းထုက လူထုကို စနစ်ကျအောင် ဦးဆောင်နိုင်ခဲ့ပါတယ် ။
၂၀၁၀ မှာ ကျောင်းသားလဲ မြို့ ပြင်မှာအကွဲကွဲ ။ လူထုကြည်ညိုတဲ့ ရဟန်းတွေလဲ ၂၀၀၇ မှာအရှင်းခံရပြီ ။

ရုရှားက အောက်တိုဘာတော်လှန်ရေးကို ငယ်ငယ်ကဖတ်ဖူးပါတယ် ။
မောက်မာတဲ့ အုပ်ချုပ်သူ ဇာဘုရင်နန်းတော် ထဲမှာသွေးချောင်းစည်းသည်တဲ့
မသေခင်မြန်မာပြည်မှာ မြင်ရတော့မည်ထင်ပါတယ်။

လူအုပ်ထဲက လူတယောက်လဲကျတဲ့ အထိကျည်ဆန် ၃၀ နဲ့  ၅၀ လိုပါတယ် ။
လူ တသန်း အတွက် ကျည် သန်း၅၀ လိုပါတယ် ။

ဗိုလ်ချုပ် တစု သားစဉ်မြေးဆက် ကောင်းစားဖို့ သိသွားတဲ့
လူထုကရွေးကောက်ပွဲကို ဘာလုပ်ကြမှာလဲ
တပ်တွေက လူဆက်သတ်အုံးမလား ။

နအဖက ဘာကြောင့် ရွေးကောက်ပွဲ ပြန်ကျင်းပပေးရတာလဲ

နောက်ဆုံးအဖြေကို လူထုက ခေါင်းဆေင်မဲ့ရွေးတော့မှာပါ

ဒီလိုအခြေအနေမျိုးကို မကြောက်မရွံ စွန့် စားသူ ဦးသုဝေ နှင့် ဒေါက်တာ ခင်ဇော်ဝင်း ကိုလေးစားပါတယ်။

ဌေးတင့်
ဌေးနိုင်အကို
၂၅ ဖေဖေါ်ဝါရီ ၂၀၁၀




htay sukmai sukmai82@hotmail.com







ဧ၀ံမေသုတံ-၂၀၀၉။စက်တင်ဘာ ပို့စ်အဟောင်း ပြန်ဖတ်ရန်လင့်ခ်။

--------------

ဆိုက်ဘာဘတ်စ်ပို့စ် မှာ ဂူးဂဲလ်ဘတ်စ်ကိုတင်ထားတာကြောင့် မိတ်ဆွေ တလုတ်အမျိုးသားတယောက်က ပို့လာလို့ ဒီပုံကို ဆက်တင်ပေးပါတယ်။