
..... အရွက်ပင်ကြွေသော်လည်း မုန်တိုင်းကိုကြောခိုင်းထားတယ် လောကမှာ ပျော်စရာတွေးရင် သောကဟာတော်ရာအဝေးကို ပြေး….ပြေးစတမ်းမောင်ရေ….. ကြွေးရတောင်မလွမ်းတော့ဘူး
ကြွေးရတောင်မလွမ်းတော့ပါဘူး….
ရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် ချိုပြုံးသည် သင်္ကြန်တွင်းက နေပြည်တော်၌ သီချင်းဆိုရင်း မူးမေ့လဲကျသွားသည်ဟုသိရှိခဲ့ရပြီး ယခုတဖန် ကွယ်လွန်ရှာပြီဟု သတင်း ပျံနှံ့နေသည့် အတွက် (၂၁။၀၄။၂၀၁၀) ယနေ့မနက်တွင် မိမိနီးစပ်လက်လှမ်းမှိသလောက် စုံစမ်းကြည့်ရာ သတင်း မဟုတ်မှန်ကြောင်း သိရှိရသည်။

တစ်ကျော့ နှစ်ကျော့တေးကိုသီ ဇာတ် ကားမှ အဆိုတော်တင်တင် မြနဲ့အတူ
အသက် ၁၁ နှစ် အရွယ်က ဂီတစာဆို ဦးသက်မှူး ဦးစီးတဲ့ တေးကဗျာရှင် တေးဂီတ အဖွဲ့နဲ့ပထမဆုံး သီဆိုခဲ့တဲ့ စစ်သမီး သီချင်းက အစ မြန်မာ့အသံမှာ ဆိုတိုင်း ဓာတ်ပြားရတဲ့ အဆိုကျော် တစ်ယောက် အဖြစ် အဲဒီ အရွယ်ကတည်းက နာမည်ရခဲ့ သူ။ မချိုရဲ့ ဘ၀ချင်း ဆုံတွေ့ပါရစေ သီချင်းဟာ အဲဒီအချိန်က မြန်မာပြည် တစ်နံ တစ်လျားမှာ လူတိုင်း ပါးစပ်ဖျား ရေပန်းစားခဲ့တဲ့ ရေဒီယိုတေး သီချင်း ဖြစ်ခဲ့ပါတယ်။
အသက် ၁၄ နှစ်ကျော် ၁၅ နှစ် အရွယ်လောက်မှာ အသည်းမျဉ်းပြိုင်လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ကား တစ်ကားကို မင်းသားကျော်အောင်နဲ့ ရိုက်ကူးခဲ့ဖူးပါတယ် အောင်မြင်မှု မရခဲ့ပါဘူး။
အိမ်ထောင်ကျပြီး ကလေးသုံယောက်နဲ့ ဗိုက်တလုံးအမေ မချိုကို ကိုဝင်းဦက တစ်ကျော့ နှစ်ကျော့တေးကိုသီ ဇာတ် ကားမှာ ပါဝင် သရုပ်ဆောင် စေဖို့ ရာထားပီး မွေးပြီးရင် ရိုက်မယ်လို့ ဇွဲကောင်းကောင်းနဲ့ စောင့်ပြီးရိုက်ခဲ့ရာက ၁၉၇၁ ခုနှစ်မှာ ရိုက်ကူးပြီး ၁၉၇၂ ခုနှစ်မှာ ရုံတင်ခဲ့တဲ့ တစ်ကျော့နှစ်ကျော့ တေးကိုသီ ဇာတ်ကားဟာ မြန်မာ့ ရုပ်ရှင်လောကမှာ သီချင်း အများဆုံး ပါဝင်တဲ့ ရုပ်ရှင်ကား အဖြစ် အောင်မြင် ထင်ရှားသွားသလို ချိုပြုံးဟာလည်း အောင်မြင်တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်သွားခဲ့ပါတယ်။
“ကျွန်မ အပျိုဖော် ၀င်ခါစမှာ ရုပ်ရှင် ရိုက်တုန်းက မအောင်မြင်ခဲ့ဘဲ ကလေး ၄ ယောက်မွေးပြီး ရိုက်တော့မှပဲ အောင်မြင်ခဲ့တယ်။ ကံကြမ္မာဟာ ကျွန်မ အတွက်တော့ တော်တော် ထူးဆန်း ခဲ့ပါတယ်လို့ မချိုပြောဖူးတာ ရွှေအမြုတေ မဂ္ဂဇင်း “ငယ်ငယ်တုန်းက...” ဆိုတဲ့ ကဏ္ဍမှာဖတ်ရဖူးပါတယ်။
ကျနော်ကြိုက်တဲ့မချိုရဲ့ကားတွေမှာ ကျော်ဟိန်း ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးတဲ့ မွန်းတည့်ချိန်တွင် နေ၀င်သည်(မချို၏ ဒုတိယ အကြိမ်အကယ်ဒမီကား) နှောင်းတမြေ့မြေ့ - ကလျာဝိဇ္ဖာ-သိပံရဲ့ဝတ္ထုကို ဒါရိုက်တာ အောင်မြင့်မြတ် ရိုက်ကူးတဲ့ နွေးဇာတ်ကား စတာတွေပါပါတယ်။ ကားပေါင်း၃၀၀ လောက်ရိုက်ခဲ့ပီး အတိအကျသူ့ဖါသာသူလဲ မမှတ်မိတော့ဘူး လို့ ဆိုပါတယ်။
တက္ကသိုလ် ကျောင်းက ငွေလမင်း၊ တမာလမ်းကို ပြန်ခဲ့ပါ အစရှိတဲ့ တေးသီချင်းပေါင်းများစွာ ထဲမှာ တိမ်ပလီနွေနှောင်း ချိုပြုံးလဲလွမ်းနေရတယ် ကြွေးရတောင်မလွမ်းတော့ပါဘူး စတာတွေဟာ အကြိုက်ဆုံးတေးတွေဖြစ်ပီး အဲဒီ သီချင်းတွေရေးတဲ့ တေးရေးဆရာကိုတော့ အမျိုးသား သစ္စာဖေါက်လို့ သတ်မှတ်ပါတယ်။
အသက် ၆၄နှစ်ထဲမှာမချိုဟာ ရန်ကင်းမြို့နယ်၊Y.C.D.C မှာ နေထိုင်လျက် ရှိပြီး သီချင်းတွေဆိုတဲ့မချို အဖြစ် ရပ်တည်ဆဲပါ။
No comments:
Post a Comment