9/30/2010

ဒီနေ့ စက်တင်ဘာလ ၃၀ရက်နေ့ မနက် ၆-နာရီ ၇ နာရီအတွင်း ရန်ကုန်မြို့၏ ကောင်းကင်ယံတွင် သာဿနာအလံချိတ်ဆွဲထားသည့် မိုးပျံပူပေါင်းများ လွင့်မျောဝဲပျံ နေသည်ကို တွေရကြောင်း သိရသည်။ အဆိုပါ ပူပေါင်းများမှာ ရန်ကုန်မြို့ နေရာ အနှံ့အပြားမှ တပြိုင်နက်တည်း လွတ်တင်လိုက်ဟန်ရှိသည်။ဗဟန်းမြို့နယ်အတွင်း အရှိန်ရော့ကာကျလာသည့်ပူပေါင်းများအလယ်တွင် စာကပ်ထားသည်ကိုတွေ့ရှိရပြီး စာပါအကြောင်းအရာမှာ ဒကာတော်တိုင်းမှူးကြီးသို့ဟု လိပ်မူထားပြီး ဖမ်းဆီးချုပ်နှောင်ခံနေရသော အသျှင်ပညာစာရ အမြန်ဆုံး ပြန်လွတ်ရေးအတွက် မေတ္တာရပ်ခံစာဖြစ်ပြီး ဆရာတော်၁၄ပါးက လက်မှတ်ရေးထိုးထားပါသည်။

















ဒီသတင်းနှင့်ပါတ်သက်ပြီး နောက်ခံအကြောင်းများကို ကောက်နှုတ်တင်ပြအပ်ပါသည်။


လွန်ခဲ့သည့်ဂျူလိုင်လ ၂၇ ရက်နေ့  နံနက်၁၀နာရီ ၁၅မိနစ်တွင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒုတိုင်းမှူးကိုယ်တိုင် ဦးဆောင်သော လုံခြုံရေးတပ်ဖွဲ့ ဝင်များစွာတို့  လက်နက်၊ ဒိုင်းကာများနှင့် စစ်တွေမြို့ ၊ ကန် တော်ကြီး၊ အာကျိပ်တော်ကုန်းရှိ မဟာမုနိဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်အား ရန်သူ့  စစ်စခန်း ၀င်စီးသည့် အနေ အထားမျိုးဖြင့် ၀ိုင်းထားလိုက်ကြသည်။ ထို့ နောက် ကျောင်းထိုင်ဆရာတော် ရခိုင်သမိုင်း သုတေသီ စာရေးဆရာ၊ အယ်ဒီတာ ရမ္မာဝတီအသျှင်ပညာစာရအား ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြသည်။ ဆရာတော်အား ဖမ်းဆီးပြီး နောက်၊ ဆရာတော်ကိုယ်တိုင် အနှစ်နှစ်အလလ ဆင်းရဲပင်ပန်းကြီးစွာ ရခိုင်ပြည်အနှံ့ ခြေကျင်ခရီးဆန့် လျက် ရှာဖွေ ဖော်ထုတ် စုဆောင်းထားခဲ့ သော ရခိုင်ပြည်သုံး ရှေးဟောင်းဒင်္ဂါးများ၊ ဓည၀တီခေတ်မှစ၍ မြောက်ဦးခေတ် ထိ ရခိုင်ဗုဒ္ဓရုပ်ပွားတော်များ ပုံတော်များ၊ ခေတ်အဆက်ဆက် ရေးထိုးခဲ့သည့် ရခိုင် ရှေးဟောင်း ကျောက်စာများ၊ ရခိုင်ရာဇ၀င်ကျမ်းများ၊ ရခိုင်ဆေးကျမ်းများ၊ ရခိုင်သမိုင်းဆိုင်ရာ ပေစာများ၊ ရခိုင်ပြည်တနံတလျားမှ ရှာဖွေထားသော ငစွေခြင်း၊ ဇန်းခြင်း၊ နတ်ခြင်း၊ သာခြင်း၊ ဧခြင်းများ အပါအ၀င်

ရှိရှိသမျှသော ရခိုင်စာပေ၊ ကျေးလက်ရိုးရာ တေးကဗျာ များကို တခုမကျန် အားလုံး သိမ်းကြုံး ယူဆောင်သွားခဲ့ကြသည်။ ဆရာတော်အား စစ်တွေအမှတ်(၁)ရဲစခန်း၌ အဓမ္မသင်္ကန်းဆွဲချွတ်၊
လူဝတ်လဲကာ ချုပ်နှောင်ပြီး၊ နိုင်ငံရေးမှု အပါအ၀င် အခြား လူမဆန်သည့် စွပ်စွဲချက်များ ဖြင့် ဖိအားပေး စစ်ဆေးလျက်ရှိသည်။ရခိုင်သမိုင်း သုတေသီ ရမ္မာဝတီ အသျှင်ပညာစာရသည် သက်တော်(၅၇)နှစ်၊ ၀ါတော်(၃၇)၀ါရှိပြီး၊ ရမ်းဗြဲမြို့ နယ်၊ ခွဆုံရွာသစ် (ကံ့ကော်တောင်)ရွာ ဇာတိဖြစ် သည်။ ခမည်းတော်မှာ ဦးရွှေလှဖြစ်ပြီး၊ မယ်တော် ဒေါ်ယင်မေညိုဖြစ်သည်။ ငယ်စဉ်က ရမ်းဗြဲမြို့ အင်းတောင် ဘုန်းတော်ကြီးကျောင်း၌ ပညာသင်ကြားခဲ့ပြီး၊ ပထမကြီးတန်းထိ အောင်မြင်ခဲ့သည်။ ငယ်စဉ်ကပင် ရခိုင်ရာဇ၀င်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ စသည့် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်များကို ရှာဖွေ စုဆောင်း ဖော်ထုတ်လိုစိတ် နက်ရှိုင်းကြီးမားလှ သည်။

















-

ရခိုင်တစ်ပြည်လုံး ကျေးလက်တောရွာများသို့ ငတ်ပြတ်၊ ဆင်းရဲမှုဒဏ်ကို သည်းခံလျက် ရခိုင်ရိုးရာယဉ်ကျေး မှုကို တစိုက်မတ်မတ် သွားရောက် ရှာဖွေ ဖော်ထုတ် စုဆောင်းခဲ့သည်။ ရမ္မာဝတီမဂ္ဂဇင်း၊ ရခိုင်ရိုးမမဂ္ဂဇင်း အပါအ၀င် ရခိုင်ဒေသထုတ် မဂ္ဂဇင်း၊ စာစောင်များ၏ အမြဲတမ်း အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ ရခိုင်ဒေသမဂ္ဂဇင်းများတွင်လည်း ရမ္မာဝတီ-ပညာစာရ အမည်ဖြင့် ရခိုင်ယဉ်ကျေးမှု ဆောင်းပါးများကို စဉ်ဆက်မပြတ် ရေးသားလျက်ရှိသည်။ ရမ္မာဝတီသဘာဝတေးကဗျာများ စာအုပ်အပါအ၀င် ရခိုင်ယဉ်ကျေးမှုသမိုင်းအမွေအနှစ်စာအုပ်များ ပုံနှိပ် ထုတ် ဝေခဲ့သည်။ ဆရာတော်ကို လေးစားသည့် နိုင်ငံတကာမှ သမိုင်းပညာရှင်များ မကြာခဏ လာရောက် အကူအညီ တောင်းခံကြရာတွင် သြစတြီးယား အမျိုးသားတက္ကသိုလ် ပါမောက္ခ ပင်မလာဂတ်မင် မှသည် ထိုင်းနိုင်ငံ ချူလာ လောင်ကွန်တက္ကသိုလ် ပါမောက္ခ ဂျက်လေဒါ အထိ ပါဝင်ကြသလို နိုင်ငံတကာ နှင့် ပြည်တွင်းမှ သမိုင်း၊ ရှေး ဟောင်းသုတေသန၊ အရှေ့ တိုင်းဘာသာရပ်များဖြင့် ဘွဲ့ ယူစာတမ်းပြုစုမည့် တက္ကသိုလ်ကျောင်းသားများ ကိုလည်း သမိုင်းဆိုင်ရာ အချက်အလက်များကို လူမျိုးမရွေး၊ ဘာသာမရွေး ကူညီဆောင်ရွက်ပေးခဲ့သည်။ ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၊ ရှေးဟောင်းသုတေသနဌာန၊ စစ်တွေတက္ကသိုလ်၊ စစ်တွေ ရခိုင်ယဉ်ကျေးမှုပြတိုက်တို့ အတွက် များစွာ အထောက်အကူပေးခဲ့သည်။ ရခိုင်ပြည်နယ်တွင်းရှိ ရခိုင်ယဉ်ကျေးမှု ဆောင်းပါးများ၊ စာအုပ်များရေးသား ထုတ်ဝေနေသည့် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တိုင်း ဆရာတော်ထံမှ ပုံစံမျိုးစုံဖြင့် အကူအညီ ယူခဲ့ကြရသည်။ မြန်မာနိုင်ငံ သမိုင်းသုတေသနဌာန၊ မြန်မာစာအဖွဲ့ တို့ မှပုဂ္ဂိုလ်များလည်း မကြာခဏ လာရောက်၍ ဆွေးနွေး အကူအညီတောင်းခံလေ့ရှိကြသည်။၁၉၉၀ခုနှစ်တွင် ဆရာတောာ်သည် စစ်တွေ၊ကန်တော်ကြီးရပ်ကွက်၌ ရခိုင်သို့ စစ်မှန်သော ထေရ၀ါဒ ဗုဒ္ဓသာသနာ စရောက်သည့် အမှတ်သင်္ကေတ ဓည၀တီိခေတ် မဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို အစွဲပြု ၍ မဟာမုနိဗုဒ္ဓ၀ိဟာရ အမည်ရှိ ၀ါးကျောင်းငယ်တစ်ခုကို စစ်တွေမြို့ မှ ရခိုင်စာပေသမားများနှင့် ဆောက်လုပ်ခဲ့သည်။ ဆွမ်းအခက်အခဲ ရှိ၍ ဆန်နို့ စည် ၁ဗူး လူ ၄ ယောက် စားသောက်လျက် မဟာမုနိကို ထူထောင်ခဲ့ခြင်းဖြစ်သည်။ဆင်းရဲ ငတ်ပြတ်မှုဒဏ်ကို ဆိုးဝါးစွာ ခံစားနေရသော်လည်း ရခိုင်စာပေ၊ ရခိုင်တောင်ပိုင်း မြောက်ပိုင်း ညီညွတ်ရေး အတွက် ဆရာတော် အပြုံးမပျက်ဘဲ ကန်တော်ကြီး၊ မင်းဂံရပ်ကွက်များမှ ဆင်းရဲနွမ်းပါးသည့် ကျောင်းသားများ ကို၊ ရာနှင့်ချီလျက် မူလတန်းမှ အထက်တန်းထိ အခမဲ့ ပညာသင်ကြားပေးရုံမျှမက အစွန့် ပစ်ခံ ရင်ခွင်ပိုက် မိဘမဲ့ကလေးငယ်များကိုလည်း ကောက်ယူ ကျွေးမွေးစောင့်ရှောက်ခဲ့သည်။ ကုလားများက မူဆလင်အဖြစ် အသွင်ပြောင်းရန် လူကုန်ကူးခံရမည့် ရခိုင်မိဘမဲ့ကလေးများကို တဖက်လှည့်ဖြင့် ငွေနှင့်လဲလှယ် ယူလျက် မွေးမြူကာ ဗုဒ္ဓဘာသာ သင်္ကန်းစည်းပေးခဲ့သည်။










-
-
-
-
စက်တင်္ဘာလ ၇ ရက်နေ့က ဆရာတော်ပညာစာရအား တရားမျှတစွာ စစ်ဆေးရန် စစ်တွေ ပုဏ္ဍားကျွန်း မင်းပြားမြို့နယ်များမှ ဆရာတော် ၁၅ ပါးက အနောက်ပိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းထံ စာရေး မေတ္တာ ရပ်ခံခဲ့သော်လည်း တစုံတရာ ပြန်ကြားမှု မရှိကြောင်း သိရသည်။

ဆရာတော် အရှင်ပညာစာရကို နေ့စဉ်ဆက်တိုက် ရုံးထုတ်စစ်ဆေးနေပြီး ဆရာတော်ဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေနှစ်ဦးကိုလည်း တနင်္လာနေ့က ရှေ့နေပါဝါ ရုတ်သိမ်း လိုက်သည့်အတွက် ယခုအခါ ဆရာတော် အမူတွင် အစိုးရဘက်က အနိုင်ရရေး အတွက် ရှေ့နေ သုံးဦး လိုက်ပါ ဆောင်ရွက်နေကြောင်း၊ ဆရာတော်ဘက်မှ ရှေ့နေမ ဒေါ်အေးနုစိန်က တဦးတည်းသာ လိုက်ပါ ဆောင်ရွက်နေကြောင်း၊ မြို့ခံအများအပြား ကလည်း ဆရာတော်ဘက်မှ ရပ်တည်ပြီး သက်သေထွက် ဆိုနေကြကြောင်းသိရသည်
ဆရာတော်အပေါ်စစ်အစိုးရက မဟုတ်မတရားလီဆယ် စွတ်စွဲမှုပြုရာတွင် မာတုကာမများနှင့် ဖါက်ပြန်ကျူးလွန် သည့်အမှုလည်းပါရှိရာ စစ်အစိုးရတင်သောသက်သေ ဒေါ်မာလာနှင့် မသန်းမေတို့မှ မိမိတို့မှာ ဆရာတော်နှင့် တစုံတရာ ပြစ်မှားမိခြင်း မရှိကြောင်း ရုံးတော်တွင် တိုက်ရိုက် လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။
ယခုအခါ ဆရာတော်အား မဟုတ် မတရား စွပ်စွဲထားသည့် အမှု ၇ မှု အထဲမှ ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် တည်ငြိမ်ရေးကို ထိပါးနှောင့်ယှက်မှုနှင့် တခြား စွဲချက်တခုကို တရားရုံးမှ လုံးဝ ပလပ် လိုက်ပြီး ကျန် ၅မှုကိုသာ စစ်ဆေး နေသည်။
စစ်တွေမြို့ခံအများအပြားမှာ ဆရာတော်အား ဖမ်းဆီးစဉ်က ဆရာတော်နှင့် ပတ်သက်ပြီး ယောင်လည်လည် ဖြစ်နေခဲ့သော်လည်း ယခုအခါ အဖြစ်မှန်ကို နားလည် သဘောပေါက်လာကြပြီးဆရာတော်ဘက်မှာ သိသိသာသာ ရပ်တည် လာကြသည်ဟုသိရသည်။


9/29/2010

စံပြအစိုးရ ဆုကို မြန်မာပြည် နအဖအစိုးရအား ပေးသင့်

ဆယ်စုတခုအတွင်း စံပြအစိုးရ ဆုကို မြန်မာပြည် နအဖအစိုးရအား ပေးသင့်ကြောင်း ကမ္ဘာမကြေ ဘလောက်မှ အဆိုပြုပါသည်။
ထိုအဆိုအတွက် နအဖအစိုးရ အနေနှင့် ထိုက်ထိုက်တန်တန်ရထိုက်ကြောင်း အကိုးအကားအားဖြင့် ၂၈။၉။၂၀၁၀ ထုတ် ကြေးမုံသတင်းစာပါ “ဧရာဝတီတိုင်းဒေသကြီးအတွင်း အဟောင်းအဟောင်းများ၏ နေရာတွင် အသစ်အသစ်များဖြစ်ပေါ်လာ မြေအုပ်တို့ ပြိုပျက်သွားသည့်နေရာတွင် ကျောက်စိုင် ကျောက်အုပ်တို့ဖြင့်အခိုင်အခံ့ တည်ဆောက်ပြီးဖြစ် နာဂစ်ကို အောင်နိုင်ခြင်းသည် နိုင်ငံတော်အစိုးရ ပြည်သူနှင့်တပ်မတော် စည်းလုံးညီညွတ်သော စွမ်းအားကြောင့်ဖြစ်” ဟုရေးသားထားသော ခေါင်းကြီး အား သက်သေခံထားဖေါ်ပြအပ်ပါသည်။

“ ပုံပေါ်တွင်ကလစ်ပီးကြည့်ပါရန်။”








9/28/2010

ပြည်သူ့အတွေး ပြည်သူ့အရေးနဲ့ ပြည်သူ့ခံစားမှု

-
(၂၀၁၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကြောင့်သာ ဒီလို ဖော်ပြခွင့်ရတယ်လို့ ဆိုရမယ့် ဆောင်းပါးမျိုးပါ။)
-
ယခုနှစ် နိုဝင်ဘာမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကြေညာ ထားပါပြီ။ အဲဒီ ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေ ကရော၊ တစ်သီးပုဂ္ဂလ အနေနဲ့ရော ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမယ့် စုစုပေါင်း ကိုယ်စားလှယ်လောင်း ဦးရေ ဘယ်လောက်ရှိမလဲ၊ အဲဒီသူတွေကို တစ်ပြည်လုံးမှာရှိတဲ့ မဲပေးခွင့် ရှိသူဦးရေ ဘယ်လောက်က မဲပေးကြမလဲ ဆိုတာဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ နိုင်ငံရေး စိတ်ဝင်စားသူတွေ အကဲခတ်နေကြတဲ့ အချက်ပဲ ဖြစ်ပါတယ်။ပြည်သူ လူထု ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုကတော့ တိုင်းပြည်မှာ အခု ရွေးကောက်ပွဲပြီးရင် ဘာတွေ ဘယ်လို တကယ် ပြောင်းလဲလာမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ အချို့သော သူတွေကတော့ ဒီနေ့ အချိန်အခါကို ပါရာဒိုင်း အပြောင်းအလဲပဲ၊ ပါရာဒိုင်း အပြောင်းအလဲကို ရှေးရှုနေပြီပဲလို့ ပြောဆို နေကြပါတယ်။
-
ပါရာဒိုင်း အပြောင်းအလဲလား
.
ပါရာဒိုင်း အပြောင်းအလဲ ဆိုတာ ပတ်ဝန်းကျင် အနေအထား၊ ခြုံလွှမ်းနေတဲ့ အာဝါသ၊ လူတွေရဲ့ ပြုမှု လှုပ်ရှားမှု၊ အနေအထိုင် အမူအကျင့် စိတ်ခံစားမှု၊ တန်ဖိုးထားမှု၊ ယုံကြည်ချက်၊ မျှော်မှန်းချက်တွေ အားလုံး အရင်ကနဲ့မတူ ပြောင်းလဲ လာတာကိုမှ ပါရာဒိုင်း အပြောင်းအလဲလို့ ပြောလို့ ရမှာပါ။ ဒီလို လုံးလုံး လျားလျား အပြောင်းအလဲမျိုး မြန်မာပြည်မှာ မတွေ့ရသေးပါဘူး။
ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှုဟာ အရင်အတိုင်း ပါပဲ။ ပြည်သူတွေရဲ့ အမူအကျင့် အနေအထိုင်ဟာ၊ ပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေး ဘဝတွေဟာ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် မျှော်မှန်းချက်တွေဟာ၊ ပြည်သူတွေရဲ့ တန်ဖိုး ထားမှုတွေဟာ၊ နိုင်ငံရဲ့ အထွေထွေ အခြေအနေတွေဟာ လုံးလုံး လျားလျား ပြောင်းလဲသွားတာမျိုး မမြင်ရသေးပါဘူး။ အပြောင်းအလဲတော့ ရှိတာ ရှိပါတယ်။ ပါရာဒိုင်း အပြောင်း အလဲတော့ မဟုတ်ပါဘူး။ ခုချိန်ထိမှာတော့ ပြည်သူလူထုရဲ့ စိတ်ပါဝင်စားမှု၊ ခံစားချက်၊ မျှော်မှန်းချက်တွေဟာ အရင်ကလိုပါပဲ။ ၁၉၉၀ တုန်းကလို ပါပဲ။ ၁၉၈၈ တုန်းကလိုပါပဲ။ ၁၉၇၄ တုန်းကလိုပါပဲ။ ၁၉၆၂၊ ၁၉၅၈၊ ၁၉၄၈ တုန်းကလိုပါပဲ။ မပြောင်းလဲပါဘူး။ လူတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးမှာ လူချင်းတူတူ၊ သူချင်းမျှမျှ ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိလာဖို့ဆိုတဲ့ မျှော်မှန်းချက်တွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးမှာ အမျိုးသား ညီညွတ်ရေး အမျိုးသား ရင်ကြားစေ့ရေး၊ တပ်မတော်နဲ့ နိုင်ငံရေး အင်အားစုများ ကြားမှာ စေ့စပ် ဆွေးနွေး ညှိနှိုင်းပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးကို အဖြေရှာထူထောင်ရေး စတဲ့ မျှော်လင့်ချက်တွေကို ရင်မှာပိုက်ထားဆဲ ဖြစ်ပါတယ်။
-
အစိုးရ အပြောင်းအလဲလား
.
ရွေးကောက်ပွဲကနေ အစိုးရ အပြောင်းအလဲ ဖြစ်မှာလား၊ အဲဒီ အစိုးရသစ်က ပြည်သူလူထုရဲ့ လူမှုရေး စီးပွားရေး ဘဝတွေကို ဘယ်လို တာဝန် ယူပေးမှာလဲ။ ဘယ်လို အာမခံပေးမှာလဲ။ ကျွန်တော်တို့ရဲ့ ဘဝတွေ တိုးတက်မြင့်မား လာမှာလား။ အရင်တုန်းကလို ချမ်းသာတဲ့သူတွေက ပိုပို ချမ်းသာပြီး အခွင့်အရေးတွေ ပိုပိုရပြီး၊ ပြည်သူတွေက ဒုံရင်းဒုံရင်းပဲ ဖြစ်မှာလား စတဲ့ မေးခွန်းတွေကလည်း မဲပေးမယ့် ပြည်သူလူထုဆီမှာ ရှိနေပါတယ်။ရင်ထဲရှိတဲ့ အတိုင်း၊ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေကို မေးရရင်၊ ဒီလို မေးခွန်းတွေ လာမှာပါ။ ရွေးကောက်ပွဲမှာ ကျွန်တော်တို့က ခင်ဗျားတို့ကို မဲပေးလိုက်ပြီ ဆိုပါတော့၊


ကျွန်တော်တို့တွေ ခုထက်ပိုပြီး အသက်ရှည်ရှည် နေရမလား၊ ကျန်းကျန်း မာမာ နေရအောင် ခင်ဗျားတို့က စောင့်ရှောက် မလား၊ ခုထက်ပိုပြီး ထမင်းကောင်း၊ ဟင်းကောင်း စားရမလား၊ ကျွန်တော်တို့ သားသမီးတွေရဲ့ ပညာရေးက ခုထက်ပိုပြီး အကုန်အကျ နည်းနည်းနဲ့ အဆင့်အတန်း မြင့်မြင့် ပညာရေး ဖြစ်လာမလား၊ ကျွန်တော်တို့ နေနေရတဲ့ လျှပ်စစ်မီး မလာ၊ ရေရှား၊ လမ်းမကောင်း ဘတ်စ်ကားကျပ် ဘဝတွေ ပိုကောင်း လာမလား၊ ကျွန်တော်တို့တွေကို တရား ဥပဒေက စောင့်ရှောက်ပေးမလား၊ လွတ်လပ်ပွင့်လင်းတဲ့ သတင်းစာတွေ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေ ဖတ်ရ၊ နားထောင်ရ၊ ကြည့်ရမလား စတာတွေ ပေါ့လေ။
ရွေးကောက်ပွဲက ရွေးလိုက်တဲ့သူတွေက ဥပဒေပြုရေးကို အဓိကလုပ်ရမှာ ဖြစ်ပြီး ဘယ်လို ဥပဒေကို ဘယ်လို ပြဋ္ဌာန်းမှာလဲ ဆိုတာကို ပြည်သူလူထုက သိပ်နားမလည်ပါ။
-
-
-
-
-
-
-
-
-
-
-
-
-
ပြည်သူလူထု နားလည်ချင် တာက ရွေးကောက်ပွဲမှာ သွားပြီး ဒီကိုယ်စားလှယ် လောင်း တွေကိုမဲပေးလိုက်ရင် တို့ဘဝတွေ ဘာတွေ ပြောင်းလဲသွားမလဲ၊ ဘာတွေ ပိုတိုးတက်လာမလဲ၊ ဘာတွေ ပိုကောင်း လာအောင် ဒီလူတွေက လုပ်ပေးမလဲ ဆိုတာ ဖြစ်ပါတယ်။

-
ပြည်သူမြင်ထားတဲ့ အစိုးရ
.
တာဝန်ပြည်သူတွေက အစိုးရဆိုရင် ငါတို့အတွက် အကုန် လုပ်ပေးရမယ်လို့ မြင်ထား၊ မျှော်လင့် ထားပါတယ်။ ဒါကလည်း သဘာဝ ကျပါတယ်။ အစိုးရနဲ့ ပြည်သူအကြား ကတိကဝတ် ပြုကြပြီဆိုရင် အစိုးရကလည်း ပြည်သူတွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ၊ တာဝန်တွေကို ဦးစားပေး ပြောကြသလို၊ ပြည်သူလူထု ကလည်း အစိုးရရဲ့ တာဝန်တွေကို ပြောနေကြမှာပဲ။အဲဒီမှာ ပြည်သူလူထုက အစိုးရကို လုပ်ပိုင်ခွင့်တွေ ပေးတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို စီမံခွင့်ပေးတယ်။ ဘဏ္ဍာ ငွေကြေး အခွန် အတုတ်တွေကို စီမံခန့်ခွဲခွင့် အပ်နှင်း ထားတယ်။ ဒီတော့ အစိုးရက ဒီလုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲခွင့် တွေကို အသုံးချပြီး ပြည်သူ့ ဘဝတွေကို တာဝန် ယူပေးရမယ်လို့ နားလည် ထားကြပါတယ်။ရွေးကောက်ပွဲမှာ မဲပေးလိုက်ရင် ပြည်သူက ရွေးချယ်လိုက်တဲ့ အစိုးရတစ်ရပ် ပေါ်လာပြီး အဲဒီ အစိုးရက ပြည်သူ့ဘဝတွေကို အာမခံချက် ပေးရမယ်။ ပြည်သူ့ တာဝန်တွေ ကျေရမယ်လို့ ပြည်သူက မျှော်လင့်တယ်။ မလုပ်နိုင်ဘူး ဆိုရင်လည်း ပြည်သူ လူထုကို ပွင့်ပွင့်လင်းလင်း ပြောပြရမယ်။ ဒါကတော့ မဖြစ်နိုင်ဘူး၊ ဒီလောက်ပဲ ရမယ်၊ ဟိုဟာကတော့ ကျုပ်တို့ မှားသွား တယ်၊ ဒီအတွက် ကျုပ်တို့ အစိုးရမှာ တာဝန်ရှိပါတယ်၊ စသဖြင့်ပေါ့လေ။ အဲဒီလို တာဝန်ယူတဲ့၊ တာဝန်ခံတဲ့ အစိုးရမျိုးကို ပြည်သူလူထုက မျှော်လင့်နေတာပါ။

ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးဥပမာ၊ ပြည်သူတွေ အသက်ရှည် ကျန်းမာဖို့၊ အချိန်မတိုင်မီ အသက်မဆုံးရှုံးဖို့ ဆိုပါတော့။ မတော်တဆ ဖြစ်မှု တွေကို နည်းနိုင်သမျှ နည်းအောင် အစိုးရက စီစဉ်ရမယ်။ သဘာဝဘေး အန္တရာယ်ပဲဖြစ်ဖြစ်၊ လူလုပ် ဘေးအန္တရာယ်ပဲ ဖြစ်ဖြစ် အစိုးရက ဘက်စုံစဉ်းစားပြီး အကာ အကွယ်များကို စီမံပေးနိုင်ရမယ်။ အစားအသောက် အနေအထိုင်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဖန်တီးပေးရမယ်။
ဆေးတို့ ဆေးရုံတို့ ဆရာဝန်တို့ ကျန်းမာရေး ဝန်ထမ်းတို့ကို လုံလောက်အောင်၊ မျှတအောင် စီစဉ်ပေးရမယ်။ ဒီလို ဖန်တီး စီစဉ်ရာမှာ လူတွေဘက်က လိုက်နာရမယ့်၊ တာဝန်ယူ ရမယ့် အခန်း ကဏ္ဍ များကိုလည်း ဥပဒေပြု ပြဋ္ဌာန်းပြီး အရေးယူ ဆောင်ရွက်တဲ့ နည်း၊ လူတွေကို ကျန်းမာရေး အသိရှိလာအောင် ပညာပေး တဲ့နည်း၊ လူတွေ လိုက်နာ ဆောင်ရွက်အောင် လှုံ့ဆော် နှိုးဆော်တဲ့နည်း၊ လိုက်နာနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေမျိုးကို ထူထောင်ပေး တဲ့နည်း စတဲ့ နည်းမျိုးစုံကို အစိုးရက တာဝန်ရှိရှိ လုပ်ကိုင်ပေးဖို့ လိုတယ်လို့ ပြည်သူလူထုက နားလည် ထားပါတယ်။
ပြည်သူလူထုရဲ့ အတွေးဟာ အလွန် ရိုးစင်းပါတယ်။ပြည်သူတွေဟာ အဲဒီလို လုပ်ပေးနိုင်တဲ့ အစိုးရမျိုးကိုသာ ရွေးချယ်ခွင့် ရချင်တယ်။ ရွေးချယ် ပေးချင်တယ်။ ပြည်သူတွေက အဲဒီလို တာဝန် ယူတတ်တဲ့ အစိုးရမျိုးသာ ရမယ်ဆိုရင် ရွေးကောက်ပွဲကို သွားပြီး ပုံအော မဲပေး လိုက်မှာပါ။
-
ပြည်သူတွေဘက်ကရော
.
တချို့ကတော့ ပြောကြတယ်။ အခွင့်အရေးကို လိုချင်ရင် ပြည်သူ လူထုဘက်ကလည်း တာဝန် ယူရမယ်တဲ့။ ပြည်သူလူထုက ဘာတာဝန် ယူရမှာလဲ။ အဲဒီ တာဝန်တွေကို ယူရင် ခုနကပြောတဲ့ ပြည်သူ့ လိုလားချက်တွေ ရမှာလား ဆိုတာက ပြည်သူတွေရဲ့ မေးခွန်းပါ။ စည်းကမ်းလိုက်နာပါ၊ တိုင်းပြည်အကျိုး ဆောင်ရွက်မယ့် သူတွေကို လေ့လာ ဆန်းစစ်ပြီး မဲပေးပါ။ ဥပဒေနဲ့ ညီညွတ်အောင် နေပါ စသဖြင့် ပေါ့လေ။ ဟုတ်ကဲ့၊ ပြည်သူလူထုက အင်အား ရှိသလောက်၊ တတ်နိုင်သလောက် တာဝန်ယူကြ မှာပါပဲ။ တာဝန် ယူခဲ့ကြတာ ပါပဲ။ အမှိုက်ခွန်၊ မြူနီစပယ်ခွန်၊ မြေခွန်၊ ရေခွန် ပေးဆိုလည်း ပေးလိုက်တာ ပါပဲ။ ဓာတ်ဆီ ဈေးတတ်လို့ ဘတ်စ်ကားခတွေ တိုးတော့လည်း ပေးစီးလိုက်တာ ပါပဲ။

ကုန်ဈေးနှုန်း တက်လာတော့လည်း တချို့ဟာ ချွေတာစား၊ တချို့ဟာ လျှော့စား လုပ်လိုက်ရှာတာပါပဲ။ လျှပ်စစ်မီး မလာတော့လည်း သူ့အချိန်သူ မှတ်ပြီး နေသား ကျအောင် နေလိုက်ရှာတာပါပဲ။ ရေရှားတော့လည်း ဟိုက ဒီကရှာ၊ လာလှူတဲ့သူမျှော်၊ မလာတော့လည်း လျှော့သုံးနဲ့ ဖြစ်အောင် နေတာပါပဲ။ အခု ဒီရွေးကောက်ပွဲမှာ တာဝန်ကျေအောင် မဲပေးရမယ်တဲ့။

ဘယ်သူ့ကို ပေးရမှာလဲ။ ကိုယ်ပေးလိုက်တဲ့ သူတွေက အစိုးရ ဖြစ်လာပြီး အပေါ်မှာ ပြောခဲ့သလို တာဝန်ကျေတဲ့ အစိုးရ ဖြစ်လာမှာလား။ သူတို့ဆီက အဲဒီလို ကတိစကားတွေ ကြားရမှာလား။ ပြည်သူလူထု လိုချင်တဲ့ ပြည်သူကို တာဝန်ယူတဲ့ အစိုးရမျိုး ကျွန်တော်တို့ ဖွဲ့စည်းပါ့မယ်လို့ အနည်းဆုံး နှုတ်ကတိလောက် ဖြစ်ဖြစ် ပေးကြမှာလား။ အဲဒီလို လူမျိုးတွေ ပေါ်လာရင် ပြည်သူလူထုက သူ့ကို မဲပုံအော ပေးမှာပါ။ အမြဲတမ်း လိမ်လည် လှည့်ဖြား နေတတ်သူတွေ ပါလာရင်တော့ ပြည်သူလူထုက သူတို့ ဘာပြောပြော မယုံတော့တာမို့ သူတို့ကိုတော့ မဲပေး လိမ့်မယ် မထင်ဘူး။










-
ပြည်သူ့ခံစားချက်
.
အဲဒီတော့ ပြည်သူ့ ခံစားချက်က ဘာလဲ။ ကျွန်တော်တို့ တစ်တွေ မဲပေးတတ်ပါတယ်။ မဲလည်း ပေးဖူးပါတယ်။ ဒီတစ်ခါတော့ တို့လိုချင်တဲ့ အစိုးရမျိုး ရပါလိမ့်မယ် ဆိုပြီး မဲပေးခဲ့တာ ဖဆပလခေတ်က စလို့ပါပဲ။ တာဝန်ယူ တတ်တဲ့ အစိုးရမျိုး လိုချင်တယ်။ တာဝန်ခံတဲ့ အစိုးရမျိုး လိုချင်တယ်။ နိုင်ငံခြား တိုင်းပြည်တွေမှာတော့ ကြားဖူး တာပဲ။ ဘယ်ကိစ္စမှာ အမှား အယွင်းဖြစ်သွားလို့ ဝန်ကြီးက တောင်းပန်ပြီး ရာထူးက နုတ်ထွက် သွားတာတို့ ဘာတို့ပေါ့။ အဲဒီလို တာဝန် ယူတတ်တဲ့ အစိုးရမျိုး ပေါ်ပေါက် လာစေရမယ်လို့ ကတိခံဝန် လုပ်ပေးတဲ့၊ ပြောတဲ့အတိုင်း ကတိတည်မယ်လို့ ယုံကြည်ရတဲ့ ကိုယ်စားလှယ်လောင်းများ ရှိရင် ကြေညာ လိုက်ပါ။ အဲဒီလို ရွေးကောက်ပွဲ ကြေညာစာတမ်း ဖတ်ရရင်၊ ယုံလည်း ယုံကြည်ရတဲ့သူ ဖြစ်ရင် ပြည်သူတွေက ဘာမတက်ကြွစရာ ရှိမလဲ။ ပြေးပြီး ပုံအော မဲထည့်လိုက်မှာပေါ့။

မောင်းဆက်

ပိတောက်မြေ ကလာတာပါ။

9/22/2010

မြန်မာစစ်တပ်ရာထူးအပြောင်းအလဲ သတင်းနှင့် အဖြစ်အပျက်ကို လေ့လာခြင်း

ဟာ- ချွတ်ကုန်ပြီတဲ့ ဖြုတ်လိုက်ပြီဟ ပြုတ်ကုန်ဘီ သိမ်းကုန်ပြီလား အရွေးခံခိုင်းလို့ ရော သမ မွှေ ကောလ ဟာလတွေ ရှေ့ပြေးလာပြီး တဲ့နောက် ထုံးစံအတိုင်း တပ်တွင်း ရာထူးအပြောင်းအလဲတွေကို လူသိရှင်ကြား ထုတ်ပြန် ကြေညာခြင်း မရှိဘဲ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှုးကြီးမောင်အေး တို့မှတပါး ဗိုလ်ချုပ်ကြီးသူရ ရွှေမန်း အပါအဝင် ထိပ်တန်း အရာရှိတွေ အားလုံးနီးပါး စစ်တပ်ရာထူးများမှ အငြိမ်းစားယူပြီး တတိယ မျိုးဆက်သစ် စစ်ခေါင်းဆောင်တွေကို ၂၀၁၀ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့မှာ ရာထူးတာဝန်များ လွှဲပေးခဲ့ပါတယ်။ နားသွားတဲ့ သူတို့ဟာ ထိပ်တန်း စစ်ဖက်ရာထူးက နှုတ်ထွက်သွာပေမဲ့လို့ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) အဖွဲ့မှာရှိတဲ့ ရာထူးများကတော့ နှုတ်ထွက်ခြင်း မရှိသေးပါဘူး။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် သူရ ဦးရွှေမန်း နှင့် တွင်း၁ သီဟသူရ ဦးတင်အောင်မြင့်ဦး အဖြစ် စစ်တပ်မှာ ဌာနလက်ကိုင်မပါ ဗိုလ်ချုပ်မှူးကြီးရဲ့ ကုတ်ချောင်းချောင်း တရုတ်ခရီးစဉ်ကို တရားဝင် လိုက်ပါ သွားခဲ့ပါတယ်။ကောင်စီဝင် ဦးတင်အေး က ပို့ဆောင်နှုတ်ဆက်ပါတယ်။

ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှုးကြီးမောင်အေး တို့ဟာ ဗိုလ်ချုပ်မှုးကြီး ပ-ဒု ရာထူးနဲ့ နအဖ ဥက္ကဌ ပ-ဒု ရာထူး များကို ဆက်လက်ယူထားပီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ရာထူးများကို လက်လွတ်လိုက်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အပီး အခြေအနေအရပ်ရပ် တည်ငြိမ်သည် အထိ ဒီအတိုင်းဆက်လက် ကိုင်တွယ်သွားမည့်ဟန်ရှိသည်။ (နာဂစ် ကွန်စတီကျူးရှင်းနဲ့ နောက်တက်လာမဲ့ နိုင်ငံတော် အကြီးအကဲ (သမတ)ကတော့ ပြည်သူ့မဲ ဆန္ဒနဲ့မဟုတ်ဘဲ ဖြစ်လို့ရတာဆိုတော့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေကနေ နိုင်ငံတော် သမတကြီး ဦးသန်းရွှေလဲ ဖြစ်ခြင် ဖြစ်မယ် နီးရာခွေးတကောင်ကောင် သမတ ဖြစ်စေလို့လဲ ရပါတယ်။သူတို့ ဖွဲ့စည်းပုံ ဥပဒေအရ ရိုးရိုး “ခွေးအရပ်သား ” “အရပ်ထဲကခွေး” တော့ မရဘူး “ခွေးတပ်ထဲကလာတဲ့အကောင် ” ခွေးတပ်ထွက်တော့ဖြစ်ရမယ်ပေါ့နော။ )

Read more (PDF file)








9/13/2010

ဒီမိုကရက်တစ်ပါတီ (မြန်မာ)

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကိုယ်စား ၀င်ရောက်အရွေးခံလိုသော အများပြည်သူများသည် ၎င်းတို့ပါတီသို့ ဆက်သွယ်နိုင်ကြောင်း ၁၉ သြဂုတ် ၂၀၁၀ နေ့ကထုတ်ပြန်ကြေညာသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ)သည် မြန်မာနိုင်ငံတွင် နေရာဒေသ (၂၀၀) ကျော် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်ထားသော ပါတီဖြစ်သည်။
သို့သော် ရွေးကောက်ပွဲကော်မရှင်ထံ အမတ်လောင်းများ စာရင်းတင်ပြရမည့်ရက်ကို သြဂုတ် (၁၆) ရက်မှ သြဂုတ် (၃၀) ရက်အထိ ရွေးကောက်ပွဲကော်မရှင်မှ ကြေညာခဲ့ခြင်းကြောင့် ပါတီအနေဖြင့် အခက်အခဲများ တွေ့ကြုံနေရကာ ပြည်သူများထဲမှ ဒီမိုကရက်တစ်ပါတီ (မြန်မာ) အမည်ကို အသုံးပြုကာ လွှတ်တော်အမတ်များ အဖြစ် လျှောက်နိုင်ရန်အတွက် ကမ်းလှမ်းလိုက်ခြင်းဖြစ်သည်ဟု ပါတီဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။















*** စာဖတ်နိုင်ရန် ပုံပေါ်တွင်ကလစ်ပါ။




၈ဦး သဘောတူလက်မှတ်
























9/10/2010

ဂန္ဒာလရာဇ် ခရီး



စက်တင်ဘာလ ၆ ရက်နေ့က ပီကင်း လေဆိပ်သို့ တရုတ် ပြည်သူ့ သမတနိုင်ငံ၏ ဧည့်သည်တော်အဖြစ် ရောက်လာ သော ဗိုလ်ချုပ်မှူးကြီး၊ ဇနီးဒေါ်ကြိုင်ကြိုင်၊ သမီးများဖြစ်သည့် ကြည်ကြည်ရွှေ၊ ခင်ပြုံးရွှေနှင့် အေးအေးသစ်ရွှေ၊ မြေးဖြစ်သူ နေရွှေသွေးအောင် တို့ကို တွေ့ရစဉ်။


















ဗိုလ်ချုပ်မှူးကြီးကို လေယာဉ်ပေါ်မှ ၎င်း၏ ကိုယ်ရေး အရာရှိ ဗိုလ်မှူးချုပ် စိုးရှိန်က ဒရွတ်တိုက် ဆွဲ၍ ချပေးနေစဉ်တွင် လက်အုပ်ချီကြိုသော တရုတ်ဧည့်ကြို အရာရှိကို ကြည့်ပြီးပီတိတွေဆိုက်နေသော ကြိုင်ြကိုင်။





ဂန္ဒာလရာဇ် ခရီးစဉ်အတွင်း ထူးခြားမှုမှာ ယခုခရီး၏ ဗွီဒီအို မှတ်တမ်း ဓါတ်ပုံမှတ်တမ်းတို့တွင် မိမိကိုယ် မိမိ မင်းတြားကြီးဟု အထင်ရောက်နေသူဟု အများက သတ်မှတ်ခြင်းခံရသူ ဗိုလ်ချုပ်မှူးကြီးသည် ကိုယ်ဟန်တုံ့လျှိုး မျက်နှာညှိုးကာ စိတ်ဓါတ်သေးသိမ် ဂနာမငြိမ် ကြောင် တောင် မှင်သက် အိနြေပျက်နှင့် နေမတတ် ထိုင်မထိ သိသိသာသာအမူအရာဆောင်ကာ တရုတ်သမတ ဟူကျင်တောင် ရှေ့တွင် ဆိုလျှင် ဧကရာဇ်ရှေ့မောက် အခစားဝင်ရောက်သော မင်းသိမ် မင်းမြောင် စော်ဘွား နယ်စားသဖွယ် ဇက်ပေါ်ဓါးမိုး ရွံကြောက်ခြင်းအမူအရာမျိုး ဖြစ်နေပြီး










အိန္ဒိယ ခရီးစဉ်အတွင်းက ဗိုလ်ချုပ်မှူးကြီး









































လူအုပ်လူစု ဗိုလ်ပါထုရှေ့ရောက်လျှင် မျက်လုံး သူငယ်အိမ် ကပ်ပြီး မျက်ဆံလည် နေသည်မှာ အရူးအသွတ်တို့၏ မျက်ကလှဲ ဆံပြာ” အကြည့်မျိုး တွေ့မြင်ရသည်။

























-
စစ်အေးလွန်ကမ္ဘာ့အခင်းအကျင်းတွင် တရုတ်ပြည်သည် ကမ္ဘာစီးပွားရေး အင်အားကြီးနိုင်ငံအဖြစ် နေရာယူ နိုင်လာခြင်းဖြင့် တောင်နှင့် အရှ့တောင် အာရှတို့၏ နိုင်ငံတကာ ဆက်ဆံရေးသည်လည်း ကမ္ဘာ့အခင်း အကျင်းတွင် တခန်းတကဏ္ဍ ဖြစ်လာသည်။
အထူးသဖြင့် တရုတ်နှင့်အိန္ဒိယတို့သည် မြန်မာပြည်ကို အရေးပါသော ဒေသအဖြစ်မြင်လာကြသည်။ တရုတ်သည် အနောက်အုပ်စုက ကျဉ်ထားရန် အားထုတ်ခြင်း ခံနေရသော မြန်မာနှင့် စစ်ရေးကို အကြောင်းပြုကာ နိုင်ငံရေးနှင့် စီးပွားရေးအရ သြဇာသက်ရောက်မှု ကြီးမား သွားမည်ကို စိုးရိမ်မှုဖြင့် အိန္ဒိယကလည်း ရင်းနှီးစွာ ဆက်ဆံခြင်းဖြင့် နီးစပ်လာစေရန် ကြိုးပမ်းနေရသည်။




















-
ထို့အတူ တရုတ်၏ ဩဇာအာဏာကြီးထွားလာမှုကြောင့် မိမိ၏ အကျိုးစီးပွါးကို အကန့်အသတ် ဖြစ်စေမည့် အရေးအတွက် အမေရိကန်သည်လည်း မြန်မာပြည်အရေးမှာ သူ့နိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေး မူဝါဒကိုပင် အသစ်ဖြစ်စေသည် အထိ အရေးပါလာရသည်။
-

မြန်မာသည်တရုတ်နှင့် ၂၁၈၅ ကီလိုမီတာ အိန္ဒိယနှင့် ၁၄၆၃ ကီလိုမီတာ နယ်ချင်းထိစပ်နေသည်။
အနောက်ဖက်နယ်စပ်အများစုကို အိန္ဒိယက ထိစပ်ထားပြီး၊ တရုတ်က အရှေ့မြောက်နယ်စပ်တခွင်လုံး ထိစပ် နေသည်။ ကျန်မြန်မာ့နယ်နမိတ်သည် အနောက်စူးစူးတွင် ဘင်္ဂလား(ဒေ့ရှ်) အရှေ့မှာ ထိုင်းနှင့် ၁၈၀၀ ကီလို မီတာ၊ နယ်ချင်းထိစပ်နေသည်။တရုတ်နှင့် ထိုင်းကြားတွင် လာအိုက၂၃၅ ကီလိုမီတာ၊ ကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် တောင်အာရှနှင့်အရှေ့တောင်အာရှကို ဆက်စပ်ပေးသော မဟာဗျူဟာ ပေါင်းကူး ဖြစ်လာသည်။

မြန်မာ့ အနာက်ဖက်၏ တောင်ဖက်တခြမ်းလုံးနီးပါးဖြစ်သော ရေပိုင်နက်တွင်လည်း မြန်မာနိုင်ငံသည် မဟာ ဗျူဟာအရ တန်ဖိုးရှိနေသည်။ ၁၉၃၀ ကီလိုမီတာ ရှည်သော မြန်မာ့ ပင်လယ်ကမ်းခြေသည် ဘင်္ဂလားပင်လယ်အော် အရှေ့ဖက်တလွှားကိုမျက်နှာစာဖွင့်လျက် မလက္ကရေလက်ကြားသို့ ပေါက်သည့် ရေလမ်းကြောင်းဖြစ်သည်။ မြန်မာ၏ အိန္ဒိယသမုဒ္ဒရာဖက် ထွက်ပေါက်သည် တရုတ်၏တောင်အာရှ ရေလမ်း ခရီးအတွက် အတိုဆုံးလမ်းကြောင်းဖြစ်ကာ အိန္ဒိယ၏ ကုန်းတွင်းပိုင်း အရှေ့မြောက်ဖက်ဒေသအတွက်လည်း ကုန်းလမ်းရေလမ်းထွက်ပေါက် အဖြစ် အားထားနိုင်သည်။
အိန္ဒိယ၏စွမ်းအင်ပြဿနာကို မြန်မာနိုင်ငံမှ သဘာဝဓါတ်ငွေ့ ထုတ်ယူရေးတွင် ရင်းနှီးမြှပ်နှံရန် အိန္ဒိယ အစိုးရသည် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတိုးမြှင့်ရန် အာရုံစိုက်ခဲ့သည်။
အဆင့်မြင့်အရာရှိကြီးများ အပြန်အလှန်လည်ပတ်ခဲ့သည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အိန္ဒိယသို့ လည်ပတ်ခဲ့သည်။ ၂၀၀၆ ခုနှစ် မတ်လက အိန္ဒိယသမ္မတ ရန်ကုန်မြို့သို့ လည်ပတ်ခဲ့သည်။
နှစ်နိုင်ငံစစ်ဖက်အရာရှိများ အပြန်အလှန်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ ဆက်သွယ်ရေး အတွက် အိန္ဒိယမဏိပူရနယ်စပ်မှ တမူး၊ကလေးဝ၊ ကလေးမြို့ ကီလိုမီတာ ၁၆၀ ရှည် လမ်းဖေါက်လုပ်ခဲ့သည်။
မြန်မာစစ်တပ်မှ ပေါ့ပါးပြီး အသုံးတဲ့သော ၁၀၅ မီလီမီတာ အမြောက်များ၊အပါအ၀င် အင်္ဂလိပ် အမေရိကန် လက်နက် လက်ကျန်များအတွက် အိန္ဒိယသည် မြန်မာနိုင်ငံကို လက်နက်ကြီးကျည်ဆံများနှင့် ရေတပ် ရေယာဉ်များ သောင်းကျန်းမှု ဆန့်ကျင်ရေး ရဟတ်ယာဉ်များ၊ သယ်ယူပို့ဆောင်ရေးလေယာဉ်များ ရောင်းချပေးခဲ့သည်။


မြန်မာ့လေတပ်မတော်၏ ရုရှားနှင့် တရုတ်လုပ်တိုက်လေယာဉ်များနှင့် ရေတပ်ထောက်လှမ်းရေး လေယာဉ်များ အတွက် လေကြောင်းအထောက်အကူပြု ပစ္စည်းများ ပါဝင်သည်။ ထိုကြောင့် အိန္ဒိယနှင့် မြန်မာစစ်အစိုးရ ဆက်ဆံမှုနှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ ဝေဖန်သံများ ထွက်ပေါ်ခဲ့သည်။
သို့သော် အိန္ဒိယသည် မြန်မာအပေါ် တရုတ်လောက် ဩဇာအာဏာ သက်ရောက်မည်မဟုတ်။ မြန်မာသည် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံလုံးအတွက် မဟာဗျူဟာအရ အရေးပါသော နိုင်ငံဖြစ်နေသည်။ တဖက်မှပြန်ကြည့်လျှင် အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် မဟာဗျူဟာအရ အရေးပါမှုနှင့် ချိန်ထိုး သုံးသတ်မည်ဖြစ်သည်။
အနှစ် ၂၀အတွင်း စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ရေးဆက်ဆံမှုများတွင် တရုတ်ကဩဇာလွမ်းမိုးထားသည်။ ထိုမျှမက လူအားဖြင့်လည်းမြိုထားနိုင်သည်။မြန်မာမြို့ကြီးပြကြီးများတွင် လူဦးရေ အနည်းဆုံး ပျမ်းမြ ၁၅ရာနှုံး ရောနောနေသည်။ တိုင်းရင်းသားလူမျိုးစုများ အသွင်ဖြင့် နေထိုင်သူများမပါသေး။ တရုတ်သည် ကုန်းတွင်း လမ်ကြောင်းအားဖြင့် ယူနန်ဒေသမှတဆင့် မြန်မာ၊လာအိုတို့နှင့် အပြန်အလှန် နယ်စပ် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ ထူထောင်ထားခြင်းဖြင့် အိန္ဒိယထက် တရုတ်က အရေအတွက်ရော အရည်အသွေးအရပါ ပို၍ကောင်းမွန်နေသည်။
မြန်မာဖက်မှကြည့်လျှင် တရုတ်နိုင်ငံသည် နှစ်ဘက် ကုန်သွယ်မှုပမာဏ( တရုတ်အစိုးရ စာရင်းဇယားများအရ) ၂၀၀၉ ခု ပဌမ ၆လပါတ်မှာ ဒေါ်လာ သန်းပေါင်း ၁,၇၃၀ ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ ဒုတိယ ကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစပြီး ရင်းနှီးမြုပ်နှံမှုဖက်မှာလည်း ဒေါ်လာသန်း ၃၃၀ အထိ ရှိခဲ့သည့် စတုတ္ထအများဆုံး နိုင်ငံ ဖြစ်သည်။ ဥရောပနှင့်တကွ အနောက်နိုင်ငံတေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ခံနေရတဲ့ မြန်မာစစ်အစိုးရ အနေနဲ့ ထွက်ပေါက်အဖြစ်နဲ့သာမက၊ နိုင်ငံရေးအရ ကျောထောက် နောက်ခံ ရစေဖို့ တရုတ်နိုင်ငံဟာ အများကြီး အသုံးတဲ့ပါတယ်။ ပြောရရင် မြန်မာအတွက် တရုတ်က ပိုပြီးမဟာဗျူဟာကျနေပါတယ်။(တနည်းအားဖြင့် နအဖ အနေနဲ့ တရုတ် နိုင်ငံကို အကြီးအကျယ် အားထားနေရသလို ဖြစ်နေတာမို့ဗမာပီသတဲ့ ဗိုလ်ချုပ်တွေက သိပ်မကြိုက်ကြပါဘူး။)
ဒါကြောင့် မဟာဗြူဟာ ကစားကွင်းထဲ အိန္ဒိယက ၀င်လာတာကို နအဖကသဘောကျပါတယ်။ ဒါပေမဲ့ ခုချိန်မှာ တရုတ်-မြန်မာ နှစ်စဉ် ကုန်သွယ်မှု တန်ဖိုးသည် အိန္ဒိယထက် တစ်ဆခွဲခန့် ကြီးမားလျက် ရှိနေပါသည်။ အမေရိကန်နှင့် ဆက်ဆံ ဆွေးနွေးမှုအတွက် ဆောင်ရွက်နေပြီး တရုတ်ကိုလည်း အကာအကွယ်တစ်ခုအဖြစ် ဆက်လက် မှီခိုနေခြင်းကို ကြည့်ခြင်းအားဖြင့် အိန္ဒိယသည် မတိုးသာမဆုတ်သာ ကြားညှပ်မိ နေပါသည်။
အိန္ဒိယသည် မြန်မာအစိုးရထံမှ ပူးပေါင်းဆောင်ရွက်ရေးကို ကတိအကြိမ်ကြိမ် ရရှိထားသော်လည်း အရှေ့မြောက်ဒေသရှိ သူပုန်များကို နှိမ်နင်းရာတွင် အကူအညီ ပြောပလောက်အောင်မရပေ။ အိန္ဒိယ၏ အရှေ့မြောက်နယ်စပ်သည် အိန္ဒိယနိုင်ငံလုံခြုံရေးအတွက် အရေးကြီးသော နယ်မြေဖြစ်သည်။မြန်မာဖက်တွင် ခိုလှုံအခြေစိုက်နေသည့် အချို့သော သောင်းကျန်းသူအုပ်စုများကို ဗမာစစ်တပ်မှ စစ်ရေးအရမခြေမှုန်းဘဲ နားလည်မှုယူကာ စံပြကျေးရွာ အပါအ၀င် မြန်မာ မြို့ပြ ကျေးလက်များတွင် နေရာချထားပေးသည်။တနည်း ၀ှက်ဖဲများအဖြစ်သိမ်းဆည်းထားသည်။
၂၀၀၆ ခုနှစ်တွင် အိန္ဒိယက ဈေးနှုန်းအမြင့်ဖြင့် ကမ်းလှမ်းခဲ့သော်လည်း မြန်မာအာဏာပိုင်များက အလွန် ကြီးမားသော သဘာဝဓာတ်ငွေ့ ကန်ထရိုက် စာချုပ်ကို တရုတ်နှင့် ချုပ်ဆိုခဲ့ပါသည်။ ၂၀၀၉ ခုနှစ်နိုဝင်ဘာလတွင် ထပ်မံပြီး ဒေါ်လာ သန်း ၁၅၀၀ ကုန်ကျမယ့် ရေနံပိုက်လိုင်းနဲ့ ဒေါ်လာသန်း ၁၀၄၀ ကုန်ကျမယ့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေ တည်ဆောက်ရေး လက်မှတ်ရေးထိုး လိုက်ကြသည်။ လုပ်ငန်းများ အပြီးတွင် နေ့စဉ် ရေနံစည်ပေပါ ၂ သိန်း ၄ သောင်း၊ သဘာဝဓာတ်ငွေ့ တနှစ်ကို ကုဗမီတာ ၁၂,၀၀၀ တရုတ်နိုင်ငံကို တင်ပို့သွားနိုင်မည်ဟုလည်း မျှော်လင့်ထားကြသည်။
၂ဝဝ၈ ခုနှစ် ဇူလိုင်လကစတင် ဆွေးနွေးထားသော မန္တလေးမြို့ မြောက်ဖက် တကောင်းတောင် သတ္တုတွင်း စီမံကိန်းကိုလည်း China Non-Ferrous Metal Group (CNMC) တရုတ် သတ္တုတူးဖော်ရေး အုပ်စုကြီးတစုက အမေရိကန် ဒေါ်လာ သန်း ၈ဝဝ ဖြင့် တူးဖော်ခွင့် ရရှိသွားပြီဖြစ်သည်။ ဤသတ္ထုတွင်းမှ ကန်ဒေါ်လာ သန်း ၈ဝဝ တန် ဖာရိုနီကယ် - Ferro nickel (သန့်စင်စတီးလ် ပြုလုပ်ရာ၌ အသုံးပြုသည့် ဓာတ်သတ္ထု တမျိုး) စီမံကိန်းမှာ တန်ချိန် ၈ သောင်း သတ္ထုသိုက်ဖြစ်ပြီး၊ အကောင်အထည် ပေါ်ပါက မြန်မာနိုင်ငံ တမျိုးသားလုံး အသားတင် ထုတ်လုပ်မှု (GDP) မှာ ၂ ရာခိုင်နှုန်း မြင့်တက်လာမည်ဟု CNMC က ဆိုထားသည်။ တရုတ်ဝန်ကြီးချုပ် ဝမ်ကြားပေါင်က ၂ဝဝ၈ ခုနှစ် ဇူလိုင်လတွင် လက်မှတ်ထိုးခဲ့သည့် ယခုသတ္ထုမိုင်း တူးဖော်ရေး လုပ်ငန်းကို အကောင်အထည် ပေါ်လာရန် အထူးဂရုပြု လုပ်ဆောင်ခဲ့သည်ဟု တရုတ်သတင်းက ဆိုသည်။

အဓိက ကုန်သွယ်ဖက် နိုင်ငံလည်းဖြစ်၊ ရင်းနှီးမြုပ်နှံမှု အများဆုံး နိုင်ငံတနိုင်ငံလည်း ဖြစ်တဲ့ အပြင် နိုင်ငံရေးအရ ကျောထောက် နောက်ခံ ရစေဖို့ တရုတ်နိုင်ငံကို အားထားနေရသည့်အခြေအနေ စစ်ရေးစီးပွားရေးနှင့် ဖွံ့ဖြိုးရေး အကူအညီများဖြင့် ဩဇာလွှမ်းမိုးမှုကိုလည်း မလွန်ဆန်နိုင် ဒီကြားထဲ ခရီးမစခင် စက်တင်ဘာလ ၆ရက်မနက်မှာ အိမ်ရှင် တရုတ်နိုင်ငံဆီက ပြင်းထန်တဲ့ ပြောကြားမှုတွေကို ကြားရဖို့ ရှိတယ်လို့ ပီကင်းက ဗွီအိုအေ သတင်းထောက် ပီတာ ဆင်မ်စန် (Peter Simpson) က သတင်းပေးပို့ထားတယ်ဆိုသည့် အင်တာနက်သတင်းများကိုလည်း ကြားသိထားသည်မို့ အတ္တကြီးပီး ဘ၀ပ်မြင့် စိတ်ကြီးဝင်နေသူ ပီပီ အောက်ကျို့ခံနေရမှုကိုလည်းမကြေနပ်နိုင် လှန်နိုင်စွမ်းကလဲမရှိသေး အတွင်းမှ ကြီးစွာလှောင်မြိုက်နေသော သက္ကာရ မီးကြောင့် ရူးသွတ်သည့် သဏ္ဍန်ပေါက်ရုံမျှမက အသားအရေ အရောင်အဆင်းပါ ညစ်ပုတ်ပုတ်နှင့် အဆိပ်မိနေသည့် အသားအရေမျိုး ဖြစ်နေသည်ကိုလည်း သတိပြုမိ နိုင်ပါသည်။ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လူတောမတိုးဝံ့သူ ပရိတ်သတ်ရှေ့တွင် စကားပြောရန်ဝန်လေးသူ နိုင်ငံခြားခရီးစဉ်များ သွားရန် ၀န်လေးသူ စသည်ဖြင့်သတင်းကြီးခဲ့သူဖြစ်ကြောင်း ကြားဖူးဖတ်ဖူးရာ စကားစပ်မိရာ ဒီလိုနဲ့တော့ နိုင်ငံခေါင်းဆောင် တယောက် မဖြင့်သင့်ပါဘူးဗျာဟု တယောက်တည်းတွေးဖူးပါသည်။ သို့သော် နိုင်ငံခေါင်းဆောင် တယောက် ဖြစ်သင့်တဲ့ တခြားအရည်အခြင်းတွေကကော ဘာတခုလေးများ ရှိလို့လဲဟု တဆက်တည်း တွေးမိသော ကြောင့် နေပေ့စေတော့လေဟု လွတ်ထားလိုက်ပါကြောင်း။


ရှန်ဟိုင်းကုန်စည်ပြပွဲရောက် သန်းရွှေ

9/05/2010

*

မောင်လူရေး အမတ် နှင့် အမဲ

-

အခါတပါး၌ ဘုန်းတော်ခြောက်စုံ ဂုဏ်တော်အနန္တနှင့် ပြည့်စုံတော်မူသည့် သုံးလောကရှင် ဘုရားရှင်သည် တရားသိမြင် ရှင်ရဟန်းပြုချင်သည့် သူတော်စင်တစ်ဦးကို တွေ့လတ်သော် ထိုသူ၏ အတိတ်ဘဝကို ရှုကြည့် သည်တွင် သပိတ် သင်္ကန်း လှူဒါန်းထားသည်ကို မြင်တော်မူသောအခါ .........

``ဧဟိ ဘိက္ခု ၊ ချစ်သား ရဟန်း လာလှည့်``ဟု နှုတ်တော်မြွက်ဟ ခွန်းတော်သလိုက်သည်နှင့် တပြိုင်နက် သင်္ကန်းရုံ သပိတ်ပိုက်လျက် သိုက်မြိုက်လန်းရွင် ရဟန်းအသွင် တခါတည်းပေါ်ထွက်လာဘိသကဲ့သို့
-ဧဝံ တထာ ၊ မခြားတမူ အလားတူသာလျှင် -အခါမတရား၌ ဘုန်းတော်လက်နက် ဂုဏ်တော်ဂက်စ်နှင့် ပြည့်စုံ တော်မူသည့် ဘုံးလောကဥကင် စစ်များရှင် အဲ ဆင်များရှင် မင်းတြားကြီးသည် စနစ်မလတ်မဆတ် ခေတ်မသပ်မရပ်နှင့် ရစ်ပတ်ချင်သည့် သူမြှော်မြင်တစ်ဦးကို တွေ့လတ်သော် ထိုသူ၏ အတိတ်ဘဝကို ရှုကြည့် သည်တွင် ချပ်ဝတ်တန်ဆာ ဓားလှံလေးမြား လှူဒါန်းထား သည်ကို မြင်တော်မူသောအခါ ``ဧဟိ အမေစ္စ ၊ ချစ်သားအမတ် လာခဲ့လကွယ်``ဟု နှုတ်တော်မြွက်ဟ ခွန်းတော်သလိုက်သည်နှင့် တပြိုင်နက် သေနတ်ကိုင် ဖိုင်တွဲပိုက်လျက် သိုက်မြိုက်လန်းရွင် အမတ်အသွင် တခါတည်း ပေါ်ထွက်လာသော ဟူ၏ ။

အနှီ၎င်း အမေစ္စတို့၏ ကံကား ထူးထွေတည့်အံ့ရာသောဟူသတည်း ။ပြိုင်စရာ နိုင်စရာ မလိုဘဲ မင်းတြားကြီး၏ နှုတ်တော်ဖွင့်ဟ ဧဟိ အမေစ္စနှင့်ပင် အမတ်ဖြစ်ကြရသည် ။







(**ကျန်တပ်မတော်သားများ အဖို့ရာမှာမူကား သနားစရာကောင်းလှဘိတော့သည် ။

ယင်းတို့သည် ဧဟိ အမေစ္စတို့ ချပ်ဝတ်တန်ဆာ ဓားလှံလေးမြား လှူဒါန်းသမှု ပြုကြစဉ်က သာဓုမျှ မခေါ်ခဲ့ကြသောဟူ၏ ။ ထို့ကြောင့် အနှီ၎င်းပုဂ္ဂိုလ်တို့ လူအထိုထို၏ လိုသမျှအကျိုး သယ်ပိုးသမှု ပြုကြမည့် နေရာတွင် ဘယ်သူဘယ်ဝါ ပြုကြဗျာဟု ရွေးကောက်ပြီးသကာလ ထောက်ခံမဲလေးမှ ပေးခွင့်မရနိုင်ကြချေ ။)










ထိုအနှီ၎င်း စစ်အမေစ္စတို့၏ ကံကား အလွန်အကျူး ထူးကြီးထူးဘိချေတော့ သောဟူ၏ ။



သူရို့ကား သာမြင်ညောင်ည အမေစ္စများ မဟုတ်ကြချေ ။ ရာထူးဌာနန္တရ တွဲလျက်ရသည့် စပယ်ရှယ်အမေစ္စ များဖြစ်ကြ၏။ ချုပ်ထက်ချုပ် ဒုတ်ထက်ဒုတ်ဖြစ်တော်မူသော ဆင်ဖြူများရှင်ကြီးသည် ၂၅%ကို ယူနီဖောင်း အမတ် လုပ်ပြီး သကာလ မြန်မာ့ဝင်ရိုး မကျိုးမချင်း ထမ်းပြီးရင်းထမ်းနေချင်ပေတော့ရာ ကျန် ၇၅%ကို ကရုဏာငါးခူပြုံးဖြင့် သိမ်းကျုံးရှုကြည့်လိုက်သည်တွင် သဏ္ဍာန်တစ်မျိုးဖြင့် ကုသိုလ်ပျိုးထားကြသူများကို တွေ့သိ သွားလေသော ဟူ၏ ။ထိုသူတို့ကား ဧဟိ အမေစ္စများ ချပ်ဝတ်တန်ဆာ ဓားလှံလေးမြား လှူဒါန်းပွဲ၌ ဝေယျာဝစ္စ ပြုခဲ့ကြ သူတို့တည်း။

အနှီ၎င်းတို့သည် ဝေယျာဝစ္စ ပြုခဲ့ကြရုံမျှမက ၊ လွှတ်ဝတ်တန်ဆာများပင် လှူဒါန်းခဲ့ကြသောဟူ၏ ။ လွှတ်ဝတ် တန်ဆာဟူသည် ခေါင်းပေါင်း ၊ တောင်ရှည် ၊ တိုက်ပုံတို့ကို ဆိုသတည်း ။ ထို့ကြောင့် ချုပ်ထက်ချုပ် ဒုတ်ထက်ဒုတ်ဖြစ်တော်မူသော ဆင်ဖြူများရှင်ကြီးသည် အနှီ၎င်းပုဂ္ဂိုလ်တို့၏ ကုသိုလ် အဆောက် အဦကို ထောက်ကူသောအားဖြင့် ဥုံဖွ အပ်ချလောင်းလုပ်ကာ အမတ်လောင်းများ မွေးထုတ်လိုက် ပြန်သောဟူ၏ ။

ထို ဥုံဖွ အပ်ချလောင်းအမတ်တို့သည် ဟို ဧဟိ အမေစ္စအမတ်တို့လောက်တော့ ကွန်နက်ရှင် မကောင်းလှချေ ။ အကြောင်းမှာ လွှတ်ဝတ် တန်ဆာသည် ချပ်ဝတ်တန်ဆာလောက် စွမ်းရည်မမြင့်မားခြင်းလည်းတစ်ကြောင်း ၊ ထိုလွှတ်ဝတ်တန်ဆာလှူပွဲ၌ တပ်မတော်သားလေးများနှင့် ပြည်သားပြည်သူတို့သည် ဝေယျာဝစ္စ ဝိုင်းဝန်းပြုဖို့ ထား ၊ သာဓု စကားလေးမျှ မပြောဆိုခဲ့ကြသည့် ဧရာမ အ-ကုသိုလ်ကြီး အကျိုးပေးချိန်နှင့် အပ်ချလောင်းချိန် တထပ်တည်း ကျနေခြင်းလည်း တစ်ကြောင်းကြောင့်တည်း ။

ယင်းတပ်မတော်သားလေးများနှင့် ပြည်သားပြည်သူတို့၏ မဲငရဲခံ အကုသိုလ်ကံအကျိုးပေးပုံမှာ အဆန်းတကာ့ အကျယ်ဆုံးဟု ဆိုရချိမ့်မည် ။

ခံရပုံမှာ - ဖြူသလား မဲသလား ၊ နူသလား ဝဲသလား ၊ အူအူလား အအလား ၊ အကန်းလား အပင်းလား ၊ စွေသလား စောင်းသလား၊ လူလား မလူလား၊ ပွဲလန့်ဖျာခင်းလား လှေကြုံစီးလား၊ ကြာကူလီလား ပိုင်းလုံးလား ၊ သာကူးလား နှာဗူးလား၊ အသပြာရူးလား မယားတာရူးလား၊ ဘာဆိုဘာမှ ကွဲကွဲပြားပြား သိမထားသည့် ဟိုရောင်ရောင် ဒီရားရား ကျားကျားမီးယပ် အမတ်များကို ထောက်ခံမဲပေးကြရသောဟူ၏ ။“မပေး ပေး ပေး ပေး ပေး ပေး ၊ ရအောင်ယူဖို့ ဒို့အရေး” ဟူသော မေဆွိဝါဒ ကျင့်သုံးသည့် ပြည်တိုင်ချိုးပါတီ တဖွဲ့တည်းကိုသာ ချုပ်ထက်ချုပ် ဒုတ်ထက်ဒုတ်ကြီးက အပ်ချလောင်း ဥုံဖွလုပ်ထားပြီးဖြစ်သဖြင့် ထိုထောက်ခံ မဲဟူသည်ကလည်း အမဲခံ၍ ထောက်ရခြင်းသာ ဖြစ်သောဟူ၏ ။ ထိုရောအခါ မဲတပြားသည် အသဲကြားက ဟူသည့် ဂုဏ်ဒြဗ်အနှစ် မရှိတော့ဘဲ တပဲနှစ်ပြားဟူသည့် ပလုံဇွပ်အဖြစ်သာ ရှိရပေတော့သောဟူ၏ ။ဤကား မဲငရဲကျပုံတစ်မျိုးတည်း ။

ပို၍ အကုသိုလ်ထူးသူတို့အတွက် မဲငရဲတစ်မျိုး ရှိပေသေးသောဟူ၏။

ထိုသူတို့သည် ချပ်ဝတ်တန်ဆာ ၊ လွှတ်ဝတ်တန်ဆာလှူပွဲ၌ ဝေယျာဝစ္စမပြု ၊ သာဓုမခေါ်ရုံသာမက အမနာပ ပင် ပြောခဲ့ကြသောဟူ၏ ။
ယင်းတို့ မဲငရဲခံရပုံမှာ -ထိုသူတို့သည် ပြည်တိုင်ချိုးပါတီ တစ်ဖွဲ့တည်းသာ မင်းမူသောနေရာ၌ နေထိုင်ကြ ရသောဟူ၏ ။ အမတ်မင်းများ က ယင်းတို့ကိုင်ထားသည့် အသဲကြားက မဲပြားကို ခြေနှင့် ကန်သွားကြ၏ ။

တံတွေးနှင့် ထွေးကြ၏ ။ နှပ်နှင့် ပက်ကြ၏ ။ ခြေသုပ်ပုဆိုး မြွေစွယ်ကျိုးငရဲဟုလည်း ခေါ်ပေသောဟူ၏ ။

ထိုငရဲ၌ အမဲခံထောက်ခွင့်ပင် မရှိချေ ။မဲဆန္ဒရှင်များသည် အမတ်မင်းများကို မိမိတို့၏ အရပ်ဒေသနှင့် ဘဝကို မြင့်မားအောင်လုပ်ခွင့်ပေးရမည်ဖြစ်ရာ မဲတပြားသည် မိမိတို့ကိုယ်နှင့်ပင် ထပ်တူ တန်ဖိုးရှိလေ၏ ။ ထို့ကြောင့် မဲဆန္ဒနယ်တစ်နယ်၌ မဲအရေအတွက် ပြည့်မှီမှသာ အမတ်ဖြစ်ရသောဟူ၏ ။မဲခံလိုသူ အမတ်လောင်းများမှာ ရွေးကောက်ပွဲ၏ ပထမအဆင့်အနေဖြင့် မဲပေးသူ အရေအတွက်ပြည့်မှီရေးဖြစ်၏။

မဲနိုင်ရေးသည် ဒုတိယအဆင့်တည်း ။ အမှန်က ပြိုင်သူမရှိလည်း မဲပုံးထောင်ရမည်သာ ၊ မဲပေးသူ အရေ အတွက် မပြည့်မှီလျှင် အမတ်ဖြစ်ခွင့် မရှိချေ ။ယခုမဲငရဲမှာ ပထမအဆင့်ကို ကျော်လွှားကာ မဲပြား၏ မူလ တန်ဖိုးကို သရော်မော်ကားပြု၍ ပြိုင်ဖက်မရှိရအောင် ညစ်နည်းအမျိုးမျိုးသုံးပြီး ပြိုင်ဖက်မရှိက နိုင်ပြီဟု သတ် မှတ်သည့် တစ်ယောက်ထဲပြေး တစ်ပေးဇာတ်ခင်း ငရဲဖြစ်လေသည်။ တကယ်တော့ ရွေးကောက်ပွဲဟူသည် အရှုံးအနိုင်ထက် မဲဆန္ဒရှင်မည်မျှက မဲထည့်ကြသနည်း ဆိုသည်က ပဓာနဖြစ်သည် ။ ပြန်ဖြုတ်လိုလျှင်လဲ ကန့်ကွက်မဲ အရေအတွက်ဖြင့်သာ ဖြုတ်ရမည်ဖြစ်သောကြောင့် မဲဆန္ဒရှင် မည်မျှက ထောက်ခံသည် ဆိုသည့် အချက်မှာ လွန်စွာ အရေးကြီးပေသည် ။အခုတော့ဖြင့် ငါးဖလောင်းကပြောင်းပြန် အမတ်လုပ်မဲခံမည့်သူက မဲဆန္ဒရှင်များကို လှန်ပြခွင့်ရှိနေခြင်းဖြစ်ရ ကား ဤငရဲကို မထီမဲ့မြင်ငရဲ ဟုလည်း ခေါ်သောဟူ၏။

ချပ်ဝတ်တန်ဆာအလှူကို မထီမဲ့မြင်ပြုမှုသည် လွှတ်ဝတ်တန်ဆာအလှူကို မထီမဲ့မြင်ပြုမှုထက် အကုသိုလ် အတိုင်းအဆကြီးလေ၏။

ထို့ကြောင့် တပ်မတော်သားလေးများသည် မိမိတို့နှင့် ထိစပ်ပတ်သက်သူများကို အမဲပေးခွင့် မရမူ၍ မိမိတို့နှင့် မထိမစပ် အရပ်တပါးက အခြားသူများကိုသာ အမဲပေးကြရသောဟူ၏ ။တိုင်းသားပြည်သူ လူဟူသမျှတို့သည် အတိတ်ဘဝက မြတ်သောအလှူနှစ်ပါးကို မထီမဲ့မြင်ပြုခဲ့ကြခြင်းကြောင့် မထီမဲ့မြင်ငရဲမှာ အမဲပေးရင်း ငရဲခံကြ ရခြင်း ဖြစ်သတည်း ။

လောက၌ ရှိသော ငရဲမီးအားလုံးတို့သည် ဤမထီမဲ့မြင်ငရဲမီးလောက် မလောင်မြိုက်ချေ …..

Photo : AFP>>>>>>

စက်တင်ဘာ ၄၊ ၂၀၁၀ မိုးမခ