-
(၂၀၁၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကြောင့်သာ ဒီလို ဖော်ပြခွင့်ရတယ်လို့ ဆိုရမယ့် ဆောင်းပါးမျိုးပါ။)
(၂၀၁၀ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကြောင့်သာ ဒီလို ဖော်ပြခွင့်ရတယ်လို့ ဆိုရမယ့် ဆောင်းပါးမျိုးပါ။)
-
ယခုနှစ် နိုဝင်ဘာမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ကြေညာ ထားပါပြီ။ အဲဒီ ရွေးကောက်ပွဲမှာ နိုင်ငံရေး ပါတီတွေ ကရော၊ တစ်သီးပုဂ္ဂလ အနေနဲ့ရော ဝင်ရောက် ယှဉ်ပြိုင် အရွေးခံမယ့် စုစုပေါင်း ကိုယ်စားလှယ်လောင်း ဦးရေ ဘယ်လောက်ရှိမလဲ၊ အဲဒီသူတွေကို တစ်ပြည်လုံးမှာရှိတဲ့ မဲပေးခွင့် ရှိသူဦးရေ ဘယ်လောက်က မဲပေးကြမလဲ ဆိုတာဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ နိုင်ငံရေး စိတ်ဝင်စားသူတွေ အကဲခတ်နေကြတဲ့ အချက်ပဲ ဖြစ်ပါတယ်။ပြည်သူ လူထု ကြားထဲမှာ ဖြစ်ပေါ်နေတဲ့ ခံစားမှုကတော့ တိုင်းပြည်မှာ အခု ရွေးကောက်ပွဲပြီးရင် ဘာတွေ ဘယ်လို တကယ် ပြောင်းလဲလာမလဲ ဆိုတာပဲ ဖြစ်ပါတယ်။ အချို့သော သူတွေကတော့ ဒီနေ့ အချိန်အခါကို ပါရာဒိုင်း အပြောင်းအလဲပဲ၊ ပါရာဒိုင်း အပြောင်းအလဲကို ရှေးရှုနေပြီပဲလို့ ပြောဆို နေကြပါတယ်။
-ပါရာဒိုင်း အပြောင်းအလဲလား
.
ပါရာဒိုင်း အပြောင်းအလဲ ဆိုတာ ပတ်ဝန်းကျင် အနေအထား၊ ခြုံလွှမ်းနေတဲ့ အာဝါသ၊ လူတွေရဲ့ ပြုမှု လှုပ်ရှားမှု၊ အနေအထိုင် အမူအကျင့် စိတ်ခံစားမှု၊ တန်ဖိုးထားမှု၊ ယုံကြည်ချက်၊ မျှော်မှန်းချက်တွေ အားလုံး အရင်ကနဲ့မတူ ပြောင်းလဲ လာတာကိုမှ ပါရာဒိုင်း အပြောင်းအလဲလို့ ပြောလို့ ရမှာပါ။ ဒီလို လုံးလုံး လျားလျား အပြောင်းအလဲမျိုး မြန်မာပြည်မှာ မတွေ့ရသေးပါဘူး။
ပြည်သူတွေရဲ့ စိတ်ပါဝင်စားမှုဟာ အရင်အတိုင်း ပါပဲ။ ပြည်သူတွေရဲ့ အမူအကျင့် အနေအထိုင်ဟာ၊ ပြည်သူတွေရဲ့ လူမှုရေး၊ စီးပွားရေး ဘဝတွေဟာ၊ ပြည်သူတွေရဲ့ မျှော်လင့်ချက် မျှော်မှန်းချက်တွေဟာ၊ ပြည်သူတွေရဲ့ တန်ဖိုး ထားမှုတွေဟာ၊ နိုင်ငံရဲ့ အထွေထွေ အခြေအနေတွေဟာ လုံးလုံး လျားလျား ပြောင်းလဲသွားတာမျိုး မမြင်ရသေးပါဘူး။ အပြောင်းအလဲတော့ ရှိတာ ရှိပါတယ်။ ပါရာဒိုင်း အပြောင်း အလဲတော့ မဟုတ်ပါဘူး။ ခုချိန်ထိမှာတော့ ပြည်သူလူထုရဲ့ စိတ်ပါဝင်စားမှု၊ ခံစားချက်၊ မျှော်မှန်းချက်တွေဟာ အရင်ကလိုပါပဲ။ ၁၉၉၀ တုန်းကလို ပါပဲ။ ၁၉၈၈ တုန်းကလိုပါပဲ။ ၁၉၇၄ တုန်းကလိုပါပဲ။ ၁၉၆၂၊ ၁၉၅၈၊ ၁၉၄၈ တုန်းကလိုပါပဲ။ မပြောင်းလဲပါဘူး။ လူတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးမှာ လူချင်းတူတူ၊ သူချင်းမျှမျှ ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိလာဖို့ဆိုတဲ့ မျှော်မှန်းချက်တွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေးမှာ အမျိုးသား ညီညွတ်ရေး အမျိုးသား ရင်ကြားစေ့ရေး၊ တပ်မတော်နဲ့ နိုင်ငံရေး အင်အားစုများ ကြားမှာ စေ့စပ် ဆွေးနွေး ညှိနှိုင်းပြီး တိုင်းပြည် တိုးတက်ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးကို အဖြေရှာထူထောင်ရေး စတဲ့ မျှော်လင့်ချက်တွေကို ရင်မှာပိုက်ထားဆဲ ဖြစ်ပါတယ်။
-
အစိုးရ အပြောင်းအလဲလား
အစိုးရ အပြောင်းအလဲလား
.
ရွေးကောက်ပွဲကနေ အစိုးရ အပြောင်းအလဲ ဖြစ်မှာလား၊ အဲဒီ အစိုးရသစ်က ပြည်သူလူထုရဲ့ လူမှုရေး စီးပွားရေး ဘဝတွေကို ဘယ်လို တာဝန် ယူပေးမှာလဲ။ ဘယ်လို အာမခံပေးမှာလဲ။ ကျွန်တော်တို့ရဲ့ ဘဝတွေ တိုးတက်မြင့်မား လာမှာလား။ အရင်တုန်းကလို ချမ်းသာတဲ့သူတွေက ပိုပို ချမ်းသာပြီး အခွင့်အရေးတွေ ပိုပိုရပြီး၊ ပြည်သူတွေက ဒုံရင်းဒုံရင်းပဲ ဖြစ်မှာလား စတဲ့ 
ကျွန်တော်တို့တွေ ခုထက်ပိုပြီး အသက်ရှည်ရှည် နေရမလား၊ ကျန်းကျန်း မာမာ နေရအောင် ခင်ဗျားတို့က စောင့်ရှောက် မလား၊ ခုထက်ပိုပြီး ထမင်းကောင်း၊ ဟင်းကောင်း စားရမလား၊ ကျွန်တော်တို့ သားသမီးတွေရဲ့ ပညာရေးက ခုထက်ပိုပြီး အကုန်အကျ နည်းနည်းနဲ့ အဆင့်အတန်း မြင့်မြင့် ပညာရေး ဖြစ်လာမလား၊ ကျွန်တော်တို့ နေနေရတဲ့ လျှပ်စစ်မီး မလာ၊ ရေရှား၊ လမ်းမကောင်း ဘတ်စ်ကားကျပ် ဘဝတွေ ပိုကောင်း လာမလား၊ ကျွန်တော်တို့တွေကို တရား ဥပဒေက စောင့်ရှောက်ပေးမလား၊ လွတ်လပ်ပွင့်လင်းတဲ့ သတင်းစာတွေ၊ ရေဒီယိုတွေ၊ ရုပ်မြင်သံကြား အစီအစဉ်တွေ ဖတ်ရ၊ နားထောင်ရ၊ ကြည့်ရမလား စတာတွေ ပေါ့လေ။
ရွေးကောက်ပွဲက ရွေးလိုက်တဲ့သူတွေက ဥပဒေပြုရေးကို အဓိကလုပ်ရမှာ ဖြစ်ပြီး ဘယ်လို ဥပဒေကို ဘယ်လို ပြဋ္ဌာန်းမှာလဲ ဆိုတာကို ပြည်သူလူထုက သိပ်နားမလည်ပါ။
-
-
-
-
-
-
-
-
-
-
-
-
-
ပြည်သူလူထု နားလည်ချင် တာက ရွေးကောက်ပွဲမှာ သွားပြီး ဒီကိုယ်စားလှယ် လောင်း တွေကိုမဲပေးလိုက်ရင် တို့ဘဝတွေ ဘာတွေ ပြောင်းလဲသွားမလဲ၊ ဘာတွေ ပိုတိုးတက်လာမလဲ၊ ဘာတွေ ပိုကောင်း လာအောင် ဒီလူတွေက လုပ်ပေးမလဲ ဆိုတာ ဖြစ်ပါတယ်။

ပြည်သူမြင်ထားတဲ့ အစိုးရ
.
တာဝန်ပြည်သူတွေက အစိုးရဆိုရင် ငါတို့အတွက် အကုန် လုပ်ပေးရမယ်လို့ မြင်ထား၊ မျှော်လင့် ထားပါတယ်။ ဒါကလည်း သဘာဝ ကျပါတယ်။ အစိုးရနဲ့ ပြည်သူအကြား ကတိကဝတ် ပြုကြပြီဆိုရင် အစိုးရကလည်း ပြည်သူတွေ လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ၊ တာဝန်တွေကို ဦးစားပေး ပြောကြသလို၊ ပြည်သူလူထု ကလည်း အစိုးရရဲ့ တာဝန်တွေကို ပြောနေကြမှာပဲ။အဲဒီမှာ ပြည်သူလူထုက အစိုးရကို လုပ်ပိုင်ခွင့်တွေ ပေးတယ်။ တိုင်းပြည်ရဲ့ သယံဇာတတွေကို စီမံခွင့်ပေးတယ်။ ဘဏ္ဍာ ငွေကြေး အခွန် အတုတ်တွေကို စီမံခန့်ခွဲခွင့် အပ်နှင်း ထားတယ်။ ဒီတော့ အစိုးရက ဒီလုပ်ပိုင်ခွင့်၊ စီမံခန့်ခွဲခွင့် တွေကို အသုံးချပြီး ပြည်သူ့ ဘဝတွေကို တာဝန် ယူပေးရမယ်လို့ နားလည် ထားကြပါတယ်။ရွေးကောက်ပွဲမှာ မဲပေးလိုက်ရင် ပြည်သူက ရွေးချယ်လိုက်တဲ့ အစိုးရတစ်ရပ် ပေါ်လာပြီး အဲဒီ အစိုးရက ပြည်သူ့ဘဝတွေကို အာမခံချက် ပေးရမယ်။ ပြည်သူ့ တာဝန်တွေ ကျေရမယ်လို့ ပြည်သူက မျှော်လင့်တယ်။ မလုပ်နိုင်ဘူး ဆိုရင်လည်း ပြည်သူ လူထုကို ပွင့်ပွင့်လင်းလင်း ပြောပြရမယ်။ ဒါကတော့ မဖြစ်နိုင်ဘူး၊ ဒီလောက်ပဲ ရမယ်၊ ဟိုဟာကတော့ ကျုပ်တို့ မှားသွား တယ်၊ ဒီအတွက် ကျုပ်တို့ အစိုးရမှာ တာဝန်ရှိပါတယ်၊ စသဖြင့်ပေါ့လေ။ အဲဒီလို တာဝန်ယူတဲ့၊ တာဝန်ခံတဲ့ အစိုးရမျိုးကို ပြည်သူလူထုက မျှော်လင့်နေတာပါ။

ပြည်သူ့အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေးဥပမာ၊ ပြည်သူတွေ အသက်ရှည် ကျန်းမာဖို့၊ အချိန်မတိုင်မီ အသက်မဆုံးရှုံးဖို့ ဆိုပါတော့။ မတော်တဆ ဖြစ်မှု တွေကို နည်းနိုင်သမျှ နည်းအောင် အစိုးရက စီစဉ်ရမယ်။ သဘာဝဘေး အန္တရာယ်ပဲဖြစ်ဖြစ်၊ လူလုပ် ဘေးအန္တရာယ်ပဲ ဖြစ်ဖြစ် အစိုးရက ဘက်စုံစဉ်းစားပြီး အကာ အကွယ်များကို စီမံပေးနိုင်ရမယ်။ အစားအသောက် အနေအထိုင်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဖန်တီးပေးရမယ်။
ဆေးတို့ ဆေးရုံတို့ ဆရာဝန်တို့ ကျန်းမာရေး ဝန်ထမ်းတို့ကို လုံလောက်အောင်၊ မျှတအောင် စီစဉ်ပေးရမယ်။ ဒီလို ဖန်တီး စီစဉ်ရာမှာ လူတွေဘက်က လိုက်နာရမယ့်၊ တာဝန်ယူ ရမယ့် အခန်း ကဏ္ဍ များကိုလည်း ဥပဒေပြု ပြဋ္ဌာန်းပြီး အရေးယူ ဆောင်ရွက်တဲ့ နည်း၊ လူတွေကို ကျန်းမာရေး အသိရှိလာအောင် ပညာပေး တဲ့နည်း၊ လူတွေ လိုက်နာ ဆောင်ရွက်အောင် လှုံ့ဆော် နှိုးဆော်တဲ့နည်း၊ လိုက်နာနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေမျိုးကို ထူထောင်ပေး တဲ့နည်း စတဲ့ နည်းမျိုးစုံကို အစိုးရက တာဝန်ရှိရှိ လုပ်ကိုင်ပေးဖို့ လိုတယ်လို့ ပြည်သူလူထုက နားလည် ထားပါတယ်။

ပြည်သူလူထုရဲ့ အတွေးဟာ အလွန် ရိုးစင်းပါတယ်။ပြည်သူတွေဟာ အဲဒီလို လုပ်ပေးနိုင်တဲ့ အစိုးရမျိုးကိုသာ ရွေးချယ်ခွင့် ရချင်တယ်။ ရွေးချယ် ပေးချင်တယ်။ ပြည်သူတွေက အဲဒီလို တာဝန် ယူတတ်တဲ့ အစိုးရမျိုးသာ ရမယ်ဆိုရင် ရွေးကောက်ပွဲကို သွားပြီး ပုံအော မဲပေး လိုက်မှာပါ။
-
ပြည်သူတွေဘက်ကရော
.
တချို့ကတော့ ပြောကြတယ်။ အခွင့်အရေးကို လိုချင်ရင် ပြည်သူ လူထုဘက်ကလည်း တာဝန် ယူရမယ်တဲ့။ ပြည်သူလူထုက ဘာတာဝန် ယူရမှာလဲ။ အဲဒီ တာဝန်တွေကို ယူရင် ခုနကပြောတဲ့ ပြည်သူ့ လိုလားချက်တွေ ရမှာလား ဆိုတာက ပြည်သူတွေရဲ့ မေးခွန်းပါ။ စည်းကမ်းလိုက်နာပါ၊ တိုင်းပြည်အကျိုး ဆောင်ရွက်မယ့် သူတွေကို လေ့လာ ဆန်းစစ်ပြီး မဲပေးပါ။ ဥပဒေနဲ့ ညီညွတ်အောင် နေပါ စသဖြင့် ပေါ့လေ။ ဟုတ်ကဲ့၊ ပြည်သူလူထုက အင်အား ရှိသလောက်၊ တတ်နိုင်သလောက် တာဝန်ယူကြ မှာပါပဲ။ တာဝန် ယူခဲ့ကြတာ ပါပဲ။ အမှိုက်ခွန်၊ မြူနီစပယ်ခွန်၊ မြေခွန်၊ ရေခွန် ပေးဆိုလည်း ပေးလိုက်တာ ပါပဲ။ ဓာတ်ဆီ ဈေးတတ်လို့ ဘတ်စ်ကားခတွေ တိုးတော့လည်း ပေးစီးလိုက်တာ ပါပဲ။

ကုန်ဈေးနှုန်း တက်လာတော့လည်း တချို့ဟာ ချွေတာစား၊ တချို့ဟာ လျှော့စား လုပ်လိုက်ရှာတာပါပဲ။ လျှပ်စစ်မီး မလာတော့လည်း သူ့အချိန်သူ မှတ်ပြီး နေသား ကျအောင် နေလိုက်ရှာတာပါပဲ။ ရေရှားတော့လည်း ဟိုက ဒီကရှာ၊ လာလှူတဲ့သူမျှော်၊ မလာတော့လည်း လျှော့သုံးနဲ့ ဖြစ်အောင် နေတာပါပဲ။ အခု ဒီရွေးကောက်ပွဲမှာ တာဝန်ကျေအောင် မဲပေးရမယ်တဲ့။

ဘယ်သူ့ကို ပေးရမှာလဲ။ ကိုယ်ပေးလိုက်တဲ့ သူတွေက အစိုးရ ဖြစ်လာပြီး အပေါ်မှာ ပြောခဲ့သလို တာဝန်ကျေတဲ့ အစိုးရ ဖြစ်လာမှာလား။ သူတို့ဆီက အဲဒီလို ကတိစကားတွေ ကြားရမှာလား။ ပြည်သူလူထု လိုချင်တဲ့ ပြည်သူကို တာဝန်ယူတဲ့ အစိုးရမျိုး ကျွန်တော်တို့ ဖွဲ့စည်းပါ့မယ်လို့ အနည်းဆုံး နှုတ်ကတိလောက် ဖြစ်ဖြစ် ပေးကြမှာလား။ အဲဒီလို လူမျိုးတွေ ပေါ်လာရင် ပြည်သူလူထုက သူ့ကို မဲပုံအော ပေးမှာပါ။ အမြဲတမ်း လိမ်လည် လှည့်ဖြား နေတတ်သူတွေ ပါလာရင်တော့ ပြည်သူလူထုက သူတို့ ဘာပြောပြော မယုံတော့တာမို့ သူတို့ကိုတော့ မဲပေး လိမ့်မယ် မထင်ဘူး။


-
ပြည်သူ့ခံစားချက်
.
အဲဒီတော့ ပြည်သူ့ ခံစားချက်က ဘာလဲ။ ကျွန်တော်တို့ တစ်တွေ မဲပေးတတ်ပါတယ်။ မဲလည်း ပေးဖူးပါတယ်။ ဒီတစ်ခါတော့ တို့လိုချင်တဲ့ အစိုးရမျိုး ရပါလိမ့်မယ် ဆိုပြီး မဲပေးခဲ့တာ ဖဆပလခေတ်က စလို့ပါပဲ။ တာဝန်ယူ တတ်တဲ့ အစိုးရမျိုး လိုချင်တယ်။ တာဝန်ခံတဲ့ အစိုးရမျိုး လိုချင်တယ်။ နိုင်ငံခြား တိုင်းပြည်တွေမှာတော့ ကြားဖူး တာပဲ။ ဘယ်ကိစ္စမှာ အမှား အယွင်းဖြစ်သွားလို့ ဝန်ကြီးက တောင်းပန်ပြီး ရာထူးက နုတ်ထွက် သွားတာတို့ ဘာတို့ပေါ့။ အဲဒီလို တာဝန် ယူတတ်တဲ့ အစိုးရမျိုး ပေါ်ပေါက် လာစေရမယ်လို့ ကတိခံဝန် လုပ်ပေးတဲ့၊ ပြောတဲ့အတိုင်း ကတိတည်မယ်လို့ ယုံကြည်ရတဲ့ ကိုယ်စားလှယ်လောင်းများ ရှိရင် ကြေညာ လိုက်ပါ။ အဲဒီလို ရွေးကောက်ပွဲ ကြေညာစာတမ်း ဖတ်ရရင်၊ ယုံလည်း ယုံကြည်ရတဲ့သူ ဖြစ်ရင် ပြည်သူတွေက ဘာမတက်ကြွစရာ ရှိမလဲ။ ပြေးပြီး ပုံအော မဲထည့်လိုက်မှာပေါ့။
မောင်းဆက်
ပိတောက်မြေ ကလာတာပါ။
No comments:
Post a Comment