11/22/2010

ဒီမိုကရက်တစ် ပါတီ (မြန်မာ)

နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိဘူးလို့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) က ရန်ကုန်မြို့မှာ ၁၉၊၁၁။၂၀၁၀ နေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီမိုကရက်တစ် ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အခြေအနေအားလုံးကို ပြန်လည် သုံးသပ်တာပေါ့နော်၊ တရားမမျှတတွေ အများကြီး တွေ့ရတယ် ဆိုတာကို ပြောပြလိုက်တာပေါ့နော်၊ အဲဒီတော့ ကျွန်တော်တို့ကတော့ ဒါက သူက အစီအစဉ် ရှိရှိနဲ့ သူနိုင်အောင် ဖန်တီးသွားတယ်လို့ ယူဆတာပေါ့နော်။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒီ ရွေးကောက်ပွဲကြီးဟာဖြင့်ရင် ပြည်သူလူထုရဲ့ ဆန္ဒကို ဖော်ထုတ်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး ဖြစ်မဲ့အစားပေါ့နော်၊ အစိုးရရဲ့ မဟာဗျူဟာ မြောက်အောင် ကျင်းပသွားတဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပါတယ်လို့ ကျွန်တော်တို့ ဒါ သုံးသပ် ကောက်ချက်ချလိုက်တာပေါ့နော်။”


ဒီမိုကရက်တစ် ပါတီ (မြန်မာ)၏ ရွေးကောက်ပွဲနှင့်ပါတ်သက်သော သတင်းစာရှင်းလင်းပွဲ အပြည့်အစုံဖတ်ရန်

ဒီမိုကရက်တစ် ပါတီ (မြန်မာ)၏ ရွေးကောက်ပွဲနှင့်ပါတ်သက်သော သတင်းစာရှင်းလင်းပွဲ ဓါတ်ပုံများ

No comments:

Post a Comment