မြန်မာနိုင်ငံ ရန်ကုန်မြို့နှင့် တရုတ်ယူနန်ပြည်နယ် ကူမင်းမြို့တို့ကို သွယ်တန်းဖေါက်လုပ်မည့် ကီလိုမီတာ ၁၉၂၀ အရှည်ရှိ အမြန်မီးရထားလမ်း စီမံကိန်းကို လာမည့် ၂၀၂၀ ခုနှစ်မတိုင်မ
ီ အပြီးတည်ဆောက်ဖွယ် ရှိကြောင်း ယူနန်ပြည်နယ်သတင်းဌာန၏ယမန်နေ့က တရုတ်ဘာသာ ဖြင့်ဖေါ်ပြသော သတင်းဆောင်းပါးအရ သိရသည်။
နိုဝင်ဘာလလယ်ပိုင်းက တရုတ်မီးရထားဌာန ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က အမြန်ရထား လမ်းဖေါက် လုပ်ရေးစီမံကိန်းအတွက် မြန်မာနှင့်လာအိုနိုင်ငံများသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ယူနန်ပြည်နယ် အထွေထွေအတွင်းရေးမှူး ပိုင်အန်းဖေ မြန်မာနိုင်ငံ သို့ အလည်အပတ်ရောက်ရှိခဲ့ရာ မြန်မာစစ်ခေါင်းဆောင်များနှင့် အမြန်ရထားလမ်းစီမံကိန်းကိစ္စ ဆွေးနွေးကြောင်း သိရသည်။သို့သော် စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရေးဆွဲနေဆဲဖြစ်ပြီး မကြာမီ အများပြည်သူ သိရှိစေရန်တရားဝင် ထုတ်ပြန်မည်ဟု သိရသည်။


တရုတ် - မြန်မာအရေး လေ့လာသူ တစ်ဦးက “ တစ်နာရီကို ကီလိုမီတာ ၂၀၀ နှုန်းနဲ့မောင်းမဲ့ အမြန်ရထားလမ်း တွေ ဖြစ် တယ် လောလောဆယ် ဒီကိစ္စအကောင်အထည်ဖေါ်ဖို့ တရုတ်နဲ့မြန်မာအသေးစိတ်ညှိနှိုင်း ရအုံးမယ် ထင်တယ် ငွေကြေးကိစ္စ တွေ အလုပ်သမားကိစ္စတွေ လမ်း အူကြောင်းကိစ္စဘယ်လိုလုပ်မယ် ဆိုတာတွေ ညှိနိုင်းဖို့လိုအုံးမယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။တရုတ်နှင့် အာစီယံနိုင်ငံများက တရုတ် - အာစီယံ အမြန်ရထားပတ်လမ်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်း ထားရာ တရုတ်အနေဖြင့် အာစီယံ အမြန်ရထားလမ်းနှင့် ရန်ကုန် - ကူမင်း အမြန်ရထားလမ်းကို အစိတ်အပိုင်း တစ်ခုသဖွယ် ချိတ်ဆက်ထားလိုသည့် ဆန္ဒရှိသည်ဟု ဆိုသည်။ထို့အပြင် မြန်မာနှင့်တရုတ် ဆက်သွယ်မည့် ရိုးရိုးရထားလမ်းစီမံကိန်း နှစ်ခုရှိသေးရာ အဆိုပါ ရထားလမ်းများသည် တောင်အာရှနိုင်ငံများနှင့် ဆက်သွယ်ရာတွင် အထူးအရေးပါမည်ဟု ဖေါ်ပြထားသည်။ယူနန်ပြည်နယ် အစိုးရ ဒုဥက္ကဋ္ဌက “တရုတ်နဲ့မြန်မာ ချစ်ကြည်မှုပိုမိုနက်ရှိုင်းလာစေပြီးမှ အိန္ဒိယသမုဒ္ဒရာအထိ ပေါက်မဲ့ သေနင်္ဂ ဗျူဟာဆောင်တဲ့ လက္ခဏာဖြစ်တယ်” ဟု ပြောကြားထားသည်။အဆိုပါ ရိုးရိုးရထားလမ်းနှစ်သွယ်မှာ ကူမင်း - ချူရူံ - တလီ - ပေါင်းစန်း - ရွှေလီ နှင့် ကူမင်း - ပေါင်းစန်း - မန်စီ - ထိန်ချုံး - ဟိုချောင် (ကန်ပိုက်တီ) လမ်းများ ဖြစ်သည်။ယူနန်ပြည်နယ်၏ မြန်မာပြည်၌ ရင်းနှီးမြုတ်နှံမှုများတွင် ရေနံနှင့်သဘာဝ
ဓါတ်ငွေပိုက်လှိုင်းများ ပြီးလျှင် ယခု အမြန်ရထား လမ်းစီမံကိန်းသည် ရင်းနှီးမှုပမာဏ အကြီးမားဆုံးဖြစ်ကြောင်း သိရသည်။မြန်မာပြည်တွင်းဖေါက်လုပ်မည့် အမြန်ရထားလမ်းစီမံကိန်းတွင် ဂျာမဏီနှင့်ဂျပန်နိုင်ငံများကလည်း ၀င်ရောက် ယှဉ်ပြိုင်နေကြောင်း သိရသည်။
နိုဝင်ဘာလလယ်ပိုင်းက တရုတ်မီးရထားဌာန ပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့က အမြန်ရထား လမ်းဖေါက် လုပ်ရေးစီမံကိန်းအတွက် မြန်မာနှင့်လာအိုနိုင်ငံများသို့ ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ကလည်း ယူနန်ပြည်နယ် အထွေထွေအတွင်းရေးမှူး ပိုင်အန်းဖေ မြန်မာနိုင်ငံ သို့ အလည်အပတ်ရောက်ရှိခဲ့ရာ မြန်မာစစ်ခေါင်းဆောင်များနှင့် အမြန်ရထားလမ်းစီမံကိန်းကိစ္စ ဆွေးနွေးကြောင်း သိရသည်။သို့သော် စီမံကိန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ရေးဆွဲနေဆဲဖြစ်ပြီး မကြာမီ အများပြည်သူ သိရှိစေရန်တရားဝင် ထုတ်ပြန်မည်ဟု သိရသည်။


တရုတ်ပြည် အမြန်ရထား
တရုတ် - မြန်မာအရေး လေ့လာသူ တစ်ဦးက “ တစ်နာရီကို ကီလိုမီတာ ၂၀၀ နှုန်းနဲ့မောင်းမဲ့ အမြန်ရထားလမ်း တွေ ဖြစ် တယ် လောလောဆယ် ဒီကိစ္စအကောင်အထည်ဖေါ်ဖို့ တရုတ်နဲ့မြန်မာအသေးစိတ်ညှိနှိုင်း ရအုံးမယ် ထင်တယ် ငွေကြေးကိစ္စ တွေ အလုပ်သမားကိစ္စတွေ လမ်း အူကြောင်းကိစ္စဘယ်လိုလုပ်မယ် ဆိုတာတွေ ညှိနိုင်းဖို့လိုအုံးမယ်” ဟု မှတ်ချက်ပြု ပြောကြားသည်။တရုတ်နှင့် အာစီယံနိုင်ငံများက တရုတ် - အာစီယံ အမြန်ရထားပတ်လမ်း ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့စည်း ထားရာ တရုတ်အနေဖြင့် အာစီယံ အမြန်ရထားလမ်းနှင့် ရန်ကုန် - ကူမင်း အမြန်ရထားလမ်းကို အစိတ်အပိုင်း တစ်ခုသဖွယ် ချိတ်ဆက်ထားလိုသည့် ဆန္ဒရှိသည်ဟု ဆိုသည်။ထို့အပြင် မြန်မာနှင့်တရုတ် ဆက်သွယ်မည့် ရိုးရိုးရထားလမ်းစီမံကိန်း နှစ်ခုရှိသေးရာ အဆိုပါ ရထားလမ်းများသည် တောင်အာရှနိုင်ငံများနှင့် ဆက်သွယ်ရာတွင် အထူးအရေးပါမည်ဟု ဖေါ်ပြထားသည်။ယူနန်ပြည်နယ် အစိုးရ ဒုဥက္ကဋ္ဌက “တရုတ်နဲ့မြန်မာ ချစ်ကြည်မှုပိုမိုနက်ရှိုင်းလာစေပြီးမှ အိန္ဒိယသမုဒ္ဒရာအထိ ပေါက်မဲ့ သေနင်္ဂ ဗျူဟာဆောင်တဲ့ လက္ခဏာဖြစ်တယ်” ဟု ပြောကြားထားသည်။အဆိုပါ ရိုးရိုးရထားလမ်းနှစ်သွယ်မှာ ကူမင်း - ချူရူံ - တလီ - ပေါင်းစန်း - ရွှေလီ နှင့် ကူမင်း - ပေါင်းစန်း - မန်စီ - ထိန်ချုံး - ဟိုချောင် (ကန်ပိုက်တီ) လမ်းများ ဖြစ်သည်။ယူနန်ပြည်နယ်၏ မြန်မာပြည်၌ ရင်းနှီးမြုတ်နှံမှုများတွင် ရေနံနှင့်သဘာဝ

No comments:
Post a Comment