

ယူဒီဒီထောက်ခံသူတွေ

-
-ရှပ်နီတွေဟာ ရတ်ချာဖရား ဆွန်လမ်းဆုံနဲ့ ဖရာတူနမ်းလမ်းဆုံကြား လမ်းမကြီးမှာ ပြည့်နှက်နေလို့ ယာဉ်ကြောတွေ ပိတ်ဆို့သွားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့က ဒီဒေသတခုလုံးကို နေရာယူ မတားဆီးနိုင်ခဲ့ပါ ဘူး။ လူထုကြီးက ငှက်ရုပ်နီတွေနဲ့ ဒီနေရာ တ၀ိုက်ကို အလှဆင်ထားကြပြီး ငြိမ်းချမ်းစွာ နဲ့ပဲ ဆန္ဒပြခဲ့ကြတာပါ။

ခေါ့ဝုအားလမ်းဆုံမှာ ရှပ်နီဆန္ဒပြသမားတွေနဲ့ လုံခြုံ ရေးတပ်ဖွဲ့တွေအကြား ဖြစ်ပွားတဲ့ ဧပြီလ ၁ ၀ရက် တိုက်ခိုက်မှုတွေနဲ့ ရတ်ချာဖရားဆွန် လမ်းဆုံက ဆန္ဒပြသမားတွေကို ဖြိုခွဲခဲ့တဲ့ မေလ ၁၉ ရက်နေ့ကို အထိမ်းအမှတ်ပြုဖို့ လ စဉ် ၁၀ ရက်နဲ့ ၁၉ ရက်မှာ စုရုံးကြဖို့ အစီအစဉ်ရှိတယ်လိုလဲဆိုကြပါတယ်။
လက်ရှိအစိုးရက ထိန်းသိမ်းထားတဲ့ ရှပ်နီခေါင်းဆောင်တဦးဖြစ်သူ Weng Tojirakarn ၏ ဇနီး ယူဒီဒီဥက္ကဋ္ဌ သီဒါ ထဗောန်ဆက် Thida Tawornsate Tojirakarn

ပြွေထိုင်း ပါတီ အမတ် ရာတုပေါန်Jatuporn Prompan
မေလ ၁၉ ရက်နေ့ ရတ်ချာဖရားဆွန် လမ်းဆုံက ဆန္ဒပြသမားတွေကို ဖြိုခွဲခဲ့တဲ့ အခင်းနဲ့ ပါတ်သက်ပီးတော့ အစိုးရဖက် အရေးအပေါ်အခြေအနေ ဆုံးဖြတ်ရေးဗဟိုဌာနကတော့ ဆန္ဒပြသမားတွေနဲ့ရောနေတဲ့ လက်နက်ကိုင် အကြမ်း ဖက်သမားတွေကို အရေးယူဆောင်ရွက်တာ လို့ ဆိုခဲ့ပါတယ်။
“ပြည်သူလူထုက အရေးယူပေးဖို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ သင့်လျော်တဲ့အချိန်မှာ ဆောင်ရွက်ဖို့လို တယ်၊ ကျနော်တို့ကတေ့ အစိုးရပေါ်လစီအတိုင်း လိုက်နာရမှာဖြစ်တယ်” ရတ်ချာဖရားဆွန် လူထုစည်းဝေးပွဲကြီးနေရာကနေ ထွက်သွားကြဖို့နဲ့သင်္ကြန်ပွဲတော်ကို မိမိတို့နေရပ်ဋ္ဌာနေမှာ ဆင်နွှဲဖို့ပြန်သွားသူတွေကိုလည်း ဒီနေရာကို ပြန်မလာကြဖို့ ဗိုလ်မှူးကြီး Sansern က ရှပ်နီဆန္ဒပြ သမား တွေ ကို တောင်းဆို ခဲ့ပါတယ်။ “ရတ်ချာဖရားဆွန်နေရာက မလုံခြုံဘူးဆိုတာ ကျနော်ပြောပါရစေ၊ စစ်သားတွေနဲ့ ဆန္ဒပြသမာတွေဟာ အကြမ်းဖက်မှုရဲ့သားကောင်တွေ ဖြစ်သွားနိုင်ပါတယ်” ရှပ်နီတွေဟာ လက်နက်ကိုင်သူတွေနဲ့ အလုပ်လုပ်နေတာ၊ ဒါမှမဟုတ် သူတို့ အထဲကို ထိုးဖောက်ဝင်နေတာ ဖြစ်ကောင်းဖြစ်မယ်လို့ အစိုးရက ယုံနေပါတယ်။စစ်သားတွေက ရှပ်နီ တွေနဲ့ရင်မဆိုင်တော့ဘဲ ဆုတ်ခွာချိန်က လူတင်သံချပ်ကာကား ၆ စီးလည်း ထားခဲ့ရတယ်လို့ ပြောပါတယ်။ M 16 ရိုင်ဖယ်တွေ၊ 25 Tayor ရိုင်ဖယ်တွေနဲ့ လေယာဉ်ပစ်စက်သေနတ် ၆ လက်၊ ဒိုင်း ၁၁၆ခု၊ နံပါတ်တုတ် ၁၀၅ ချောင်းနဲ့ သံချပ်ကာဝတ်စုံ အစုံ ၈၀ ရာဘာကျည်ဆံအတောင့် ၅၈၀၊ လေယာဉ်ပစ်စက်သေနတ် ကျည် အတောင့် ၆၀၀ နဲ့ M16 ရိုင်ဖယ်ကျည် ၈၁၈၂ တောင့် အပါအ၀င် ခဲယမ်းမီးကျောက်တွေလည်း ပျောက်ဆုံးခဲ့ ပါတယ် လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
naytthit.net မှ သတင်းကို ကိုးကားသည်။
No comments:
Post a Comment