1/25/2011

မော်စကို လေဆိပ်ဗုံးကွဲမှု နောက်ဆက်သတင်း


Domodedovo လေဆိပ်ရဲ့ နိုင်ငံတကာ ဆိုက်ရောက် ခန်းမဆောင် အတွင်းသို့ လက်ဆွဲသေတ္တာကို ကိုင်ဆောင် ၀င်ရောက် လာသော အသေခံ ဗုံးခွဲတိုက်ခိုက်သူကြောင့် ပေါက်ကွဲခဲ့တာ ဖြစ်တယ်လို့ ပေါက်ကွဲမှုဖြစ်စဉ်ကို စောင့်ကြည့်ကင်မရာက ရိုက်ကူးထားပြီး အခု ဗုံးကွဲမှုနဲ့ ဆက်နွယ်နေတဲ့ လူ ၃ ဦးကိုလည်း အာဏာပိုင်တွေက ရှာဖွေနေတယ်လို့ ရုရှား သတင်းတွေမှာ ကြေညာပါတယ်။
ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဘ် (Dmitry Medvedev) က ရုရှားနိုင်ငံတွင်းက သယ်ယူပို့ဆောင်ရေးဌာန အားလုံးမှာ လုံခြုံရေးအဆင့် တိုးမြှင့်ဖို့လည်း အမိန့်ထုတ်လိုက်ပါတယ်။
လွန်ခဲ့သော ၂၀၁၀ခုနှစ် မတ်လ ၂၉ ရက်ကလည်း မော်စကိုမြို့လယ် မြေအောက် ရထား ဘူတာရုံနှစ်ခု၌ ဖောက်ခွဲရေး ပစ္စည်းများ ခါးပတ်တွင်တပ်ဆင်လာသော အမျိုးသမီးနှစ်ဦးက ဗုံး နှစ်လုံးဖောက်ခွဲ၍ လူ ၃၀ ကျော်သေဆုံးခဲ့ကြောင်း မော်စကိုအစိုးရရှေ့နေချုပ်က ပြောကြားသည်။
ရုရှားနိုင်ငံ မော်စကိုမြို့ လေဆိပ်မှာ ဗုံးကွဲ

ဂျန်န၀ါရီလ ၂၄ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့ Domodedovo Airport မှာ အသေခံ ဗုံးဖေါက်ခွဲမှုတခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ၃၅ဦး သေဆုံးပြီး လူပေါင်း ၁၈၀ ဒဏ်ရာရခဲ့သည်။ ယင်းပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့၏ လက်ချက်ဖြစ်သည်ကို ရှင်းလင်းစွာ မသိရသေးပါ။
၂၀၁၀ ခုနှစ် မတ်လနှောင်းပိုင်းက ဖြစ်ပွားခဲ့သော မြို့တော် မြေအောက်ရထားစနစ်အတွင်း ဖြစ်ပွားခဲ့သည့် double suicide bombing ဟုခေါ်တွင်ခဲ့သည့် လူ၄၀သေဆုံးခဲ့သော ဖြစ်ရပ် အပါအ၀င် အသေခံ ဗုံးဖေါက်ခွဲမှုများကို ရုရှားတောင်ပိုင်း Chechnya ဒေသမှ အစ္စလမ်မစ် တော်လှန်ရေးအဖွဲ့များက ပြုလုပ်ခဲ့ဖူးသည်။ လုံခြုံရေးဆိုင်ရာ ခေတ်မှီ နည်းစနစ်များ ထောက်လှမ်းရေးကွန်ယက်များ လူ-ပစ္စည်း နည်းပညာများကြားမှပင် ကြံစည်မှုများရှိနေဆဲ ထမြောက် ဖြစ်ပွားဆဲ ဖြစ်သည်ကို သတိပြုမိကြစေရန် ဖေါ်ပြလိုက်ပါသည်။



No comments:

Post a Comment