1/28/2011

နာဂစ် ကူညီသူ (၃) ဦး လွတ်ရက်စေ့၍ လွတ်မြောက်

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသော ရုပ်အလောင်းများကို ကောက်ယူမြေမြုပ် သဂြိုင်္ဟ်ပေးခဲ့သူ ဦးအောင်ကျော်ဆန်း၊ ဒေါက်တာ နေဝင်းနှင့် ကိုဖုန်းပြည့်ကြွယ်တို့ လွတ်ရက်စေ့၍ ၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် က လွတ်မြောက် လာသည်။









-
-
၂ဝဝ၈ မေလ နာဂစ်မုန်တိုင်းအပြီး ဇွန်လတွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ သေဆုံးခဲ့သည့် ရုပ်အလောင်းများကို သဂြိင်္ုဟ်၍ ရန်ကုန်အပြန်လမ်းတွင် စရဖ-စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က သူတို့ကို ဖမ်းဆီးခဲ့သည်။ ပြည်ပ သတင်းမီဒီယာများနှင့် ဆက်သွယ်သည်ဟုဆိုကာ အင်းစိန်ထောင် အထူးတရားရုံးက မတရားအသင်းအဖွဲ့ ပုဒ်မ ၇ ဖြင့် ထောင် ၂ နှစ်ချခဲ့ခြင်းဖြစ်သည်။

သူတို့ ၃ ဦးနှင့်အတူ အဖမ်းခံခဲ့ရသော ဒေါက်တာနေဝင်းသမီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ သမဂ္ဂ ဗကသမှ မဖြိုးဖြိုးအောင်က မော်လမြိုင်ထောင်၊ ကိုရှိန်းရာဇာထွန်း တောင်ငူထောင်၊ ကိုအောင်သန်းဇင်ဦးက ဗန်းမော်ထောင်တွင် အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၆၊၇ တို့ဖြင့် ထောင်ဒဏ် ၄ နှစ် ကျနေကြဆဲဖြစ်သည်။


ဦးအောင်ကျော်ဆန်း၊



ကိုဖုန်းပြည့်ကြွယ်












-
-
-


ဒေါက်တာ နေဝင်း

မဖြိုးဖြိုးအောင်







































အလားတူ နာဂစ်ကူညီမှုကြောင့် နိုင်ငံချစ် ဟာသ သရုပ်ဆောင် ကိုဇာဂနာအပါအ၀င် အဖမ်းခံရသူ အများအပြား ရှိသကဲ့သို့ အမှန်တရားဆိတ်သုဉ်းပြီး တရားဥပဒေ ကင်းမဲ့နေသည့် မြန်မာပြည်တွင်

မတရားအဖမ်းခံရကာ ထောင် မကျသင့်သည့်သူ များ ထောင် ရဲဘက်စခန်း လမ်းဖောက်လုပ်ရေးနှင့် ဘဝသစ်အလုပ်ကြမ်းစခန်းများတွင် ဘ၀နစ်မွန်းနေသူ အမြောက်အများ ရှိနေသည်။
မြန်မာသံတော်ဆင့် ခေါ် မြန်မာထရီဗျူးဂျာနယ် ထုတ်ဝေသူ ဦးအောင်ကျော်ဆန်းက တောင်ကြီးထောင် မှလွတ်လာခြင်းဖြစ်သည်။ တောင်ကြီးထောင်တွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမြအေး၊ ကိုဂျင်မီ၊ ဗကသကျောင်းသား ခေါင်းဆောင် ကိုကျော်ကိုကို၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ကြီး ဥက္ကဋ္ဌ အသက် ၇ဝ အရွယ် ဦးကျော်ခင်နှင့် ကိုသူရစိုး၊ ဆရာဦးဖေထူးတို့ ရှိသည်ဆိုသည်။ ကိုမြအေး နှလုံးရောဂါ ခံစားနေရသော်လည်း သာမန်ဆရာဝန်ဖြင့်သာ ပြသနေသဖြင့် စိုးရိမ်ရသည်ဟု သိရသည်။
တိရိစ္ဆာန်ဆေးကု ဆရာဝန် ဒေါက်တာ နေဝင်းက ဘားအံထောင်မှ လွတ်လာသည်။ ဘားအံထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁၅ ဦး ရှိရာ ဦးလှိုင်ထွန်း၊ NLD လူငယ် ကိုနေကျော်၊ ဘလော်ဂါ နေဘုန်းလတ်၊ ပခုက္ကူ မြစ်ချေမှ NLD ကိုကျော်ကျော်နိုင်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဉာဏ်လင်း၊ ကိုဇာဂနာ၏ အမှုတွဲ ကင်မရာသမား ကိုသန့်ဇင်အောင်၊ ၂ဝဝ၃ ဗကသကျောင်းသား ကိုနန္ဒာဆင့်အောင်၊ ပုသိမ်မှ ကိုပြည့်ဖြိုးအောင်၊ ကလေးမှ ကိုအောင်ကိုကိုထက်၊ KNU မှ ဘုန်းကြီးတပါး၊ ကိုကျော်အေး၊ ဦးအောင်ခိုင်၊ ဝါးတိ ခေါ် အာရှောင်၊ ငှက်ပျောကြော် ခေါ် ကိုညီညီထွန်းတို့ အကျဉ်းကျ ခံနေရဆဲဖြစ်သည်။
ကိုဖုန်းပြည့်ကြွယ်က စစ်တွေထောင်တို့မှ လွတ်လာကာ စစ်တွေမှ ရန်ကုန်သို့ နောက် ၂ ရက်ခန့်ကြာမှ ပြန်ရောက်မည်ဟု သိရသည်။

မတရားသဖြင့် အကျဉ်းကျခံနေရသော အခြားသော နာဂစ်အမှုနွယ် အကျဉ်းသားများ



No comments:

Post a Comment