ပြီးခဲ့တဲ့ အပတ်ကပဲ လစ်ဗျားနိုင်ငံအပေါ် မပျံသန်းရဇုန် သတ်မှတ်ဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့တဲ့ အာရပ်အဖွဲ့ချုပ်ကပါ ဝေဖန်ပြောဆိုသွားပါတယ်။ လေယာဉ် မပျံသန်းရဇုန် သတ်မှတ်ဖို့ တောင်းဆိုတဲ့အခါတုန်းက အာရပ်အဖွဲ့ချုပ်က လိုလားခဲ့တာထက် ပိုပြီး စစ်ရေးအရ တိုက်ခိုက်ခဲ့တယ်လို့ အာရပ်အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် အမ် မူဆာ (Amr Moussa) က ပြောပါတယ်။ အရပ်သား ပြည်သူတွေကို အကာအကွယ်ပေးဖို့ အာရပ်အဖွဲ့ချုပ်က လိုလားတာပါ၊ သူတို့အပေါ် ဗုံးကြဲဖို့ မဟုတ်ပါဘူးလို့ သူက ကိုင်ရိုမှာ သတင်းစာဆရာတွေကို ပြောပါတယ်။
လစ်ဗျားမှာ အရမ်းကာရော အင်အား အသုံးပြုနေတယ်လို့ ရုရှားက ပြောဆိုပြီး အရပ်သား ပြည်သူတွေ သေကျေနေတဲ့အတွက် နိုင်ငံတကာ အသိုက်အ၀န်းကို ရပ်လိုက်ဖို့ ရုရှားက တနင်္ဂနွေနေ့က တောင်းဆိုလိုက်ပါတယ်။
လစ်ဗျားနိုင်ငံအပေါ် လေကြောင်းကနေ စီးနင်းတိုက်ခိုက်ရာမှာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ပစ်မှတ်တွေ ပါဝင်နေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီးက တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။
စီးနင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၈ ယောက် သေဆုံးပြီး ၁၅၀ ကျော် ဒဏ်ရာ ရသွားခဲ့ကြပါတယ်။
ဆုံးဖြတ်ချက် ၁၉၇၃/၂၀၁၁ ကို ချမှတ်ရာမှာ ဗြိတိန်၊ ပြင်သစ်နဲ့ လက်ဘနွန် နိုင်ငံတွေက အမေရိကန်နဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ထောက်ခံမှုနဲ့ ကမကထ ပြုခဲ့တာပါ။ ကာတာနဲ့ ယူအေအီး နိုင်ငံတို့က ဒီဆုံးဖြတ်ချက်ကို ထောက်ခံမယ်လို့ အာရပ် သံတမန်တွေက ပြောခဲ့ကြပါတယ်။(ကာတာနိုင်ငံက နိုင်ငံတကာ စစ်ဆင်ရေးကို ကူညီဖို့ လေယာဉ်တွေကို ပို့ပေးနေတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက မကြာခင်က ကြေညာလိုက်ပါတယ်။) ဘရာဇီး၊ တရုတ်၊ ဂျာမဏီ၊ အိန္ဒိယနဲ့ ရုရှားတို့က မဲမပေးခဲ့ကြပါဘူး။ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက အဆိုကို တင်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ ကဒါဖီရဲ့ တပ်တွေက ဗုံးကြဲနေတဲ့အတွက် အရပ်သားတွေကို အကာအကွယ်ပေးဖို့ လစ်ဗျားနိုင်ငံအပေါ်မှာ မပျံသန်းရဇုန်ကို သတ်မှတ်ဖို့ လိုအပ်တာ မှန်သမျှ လုပ်ပိုင်ခွင့်ပေးမယ့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ထဲမှာ ဘယ်နိုင်ငံခြားတပ်မှ လစ်ဗျားနိုင်ငံကို သိမ်းပိုက်ဖို့ ခွင့်ပေးမထားပါဘူး။
နိုင်ငံတကာ တပ်တွေက မြောက်အာဖရိက နိုင်ငံအပေါ် လေယာဉ်မပျံသန်းရနယ်နိမိတ် သတ်မှတ်ပြဋ္ဌာန်းတဲ့ စစ်ဆင်ရေးကို စတင်လိုက် အပြီး နောက်တရက်မှာ လစ်ဗျားမြို့တော်၊ ထရီပိုလီမြို့တော်ကို အပြင်းအထန် တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။

မူလက စုဖွဲ့ထားတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ကနေဒါ မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှာ ဘယ်လ်ဂျီယံနဲ့ကာတာနိုင်ငံတို့ ထပ်မံပါဝင်လာပြီး တိုး ချဲ့ဖွဲ့စည်းလိုက်ပါတယ်။

မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်နေပေမဲ့လည်း ဂက်ဒါဖိကတော့ ရုပ်သံကနေပြီး ရေရှည်စစ်ပွဲမှာ သူတို့ပဲ နိုင်မှာ ဖြစ်တဲ့ အကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။ “ကျနော်တို့ဟာ ကျနော်တို့မြေရဲ့နေရာတိုင်းမှာ တိုက်ခိုက်မှာ ဖြစ်တယ်။ ကျ နော်တို့ဟာ အာဇာနည်အနေနဲ့သေသွားမယ်” လို့ ဂက်ဒါဖိ က ပြောပါတယ်။ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက် ခိုက်မှုတွေက အစ္စလမ်တွေအပေါ် ဆင်နွှဲနေတဲ့ စစ်အေးတိုက်ပွဲတခုအဖြစ် သဘောသက်ရောက်ပြီး နိုင်ငံခြားစွက်ဖက်မှု နဲ့ အတူတကွရပ်နေတဲ့ လစ်ဗျားတွေ ၀ဋ်လည်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ “ကျနော်တို့ တိုက်ရပါမယ်။ အမေရိကန်တွေနဲ့ ပူးပေါင်းနေတဲ့ သစ္စဖောက်မှန်သမျှကို ပစ်မှတ်ထား တိုက်ခိုက်မယ်” လို့ သူက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ တရားမျှတမှု မရှိတဲ့ ကျူးကျော်ရန်စလိုသူတွေရဲ့ တိုက်ခိုက်မှု ဖြစ်တယ် မြေထဲပင်လယ် အတွင်းမှာ ရှိနေတဲ့ စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ နေရာတွေကို လက်တုံ့ပြန်သွားမယ်လို့ မစ္စတာ ကဒါဖီက ပြောဆိုလိုက်ပြီး အဲဒီဒေသဟာ တကယ့် စစ်တလင်းပြင် ဖြစ်လာနေပြီလို့ ဆိုပါတယ်။
No comments:
Post a Comment