3/22/2011

ကုလါးအုပ်စီး ကဒါဖီတပ်များကို အပြတ်ခြေမှုန်းမည့် စူပါပါဝါများ


လစ်ဗျားတွင် တိုက်လေယာဉ်တစင်း ပစ်ချခံခဲ့ရပြီး၊ ဘယ်သူ့ လေယာဉ်လဲ ဆိုတာတော့ ကွဲကွဲပြားပြားမသိရှိရသေးဟု သတင်းတချို့ ထွက်လာပီးနောက် အမေရိကန် ဂျက်တိုက်လေယဉ် F-15E Strike Eagle jet တစီး မတ်လ၂၁ရက် တနင်္လာနေ့ည ကဒါဖီ၏ လေကြောင်းရန် ကာကွယ်ရေး ပစ်မှတ်များကို တိုက်ခိုက် ချေမှုန်းမည့် တိုက်ခိုက်ရေး မစ်ရှင်အတွင်း ဒေသစံတော်ချိန် ညနေ ၅း၃၀ (2130 GMT) မှာပျက်ကျခဲ့ကြောင်း U.S. Africa Command.၏ ပြောရေးဆိုခွင့်ရှီသူ Lt. Cmdr. Karin Burzynski, ကထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။
ဒေသသတင်းများအရ လစ်ဗျား၏ ဒုတိယအကြီးဆုံး မြို့တော် Benghazi အပြင်ဖက် ကီလို၄၀ ခန့်တွင် ပျက်ကျခဲ့သည်ဟု ဆိုပါသည်။

တွန်ဟောက်ဒုံးပျံ ဖြစ်ပါတယ်။ ဒီဒုံပျံတွေနဲ့  ကာဒါဖီးမိသားစု ရှိမဲ့ နေရာတွေကိုတိုက်ခိုက်ခဲ့ပါတယ်။ သိပ်တော့မများလှပါဘူး ပထမအကြိမ်မှာတင်ပဲ ၁၂၂ လုံး ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်။

ဒီဒုံးပျံက ၁၉၇၀ မှာစတင်ထုတ်လုပ်တယ်။ အမေရိကန်နဲ့  ဗြိတိသျှတပ် မတော်တွေမှာပဲ ရှိတယ်။ အရှည်က ၁၈ ပေ၊ တောင်ပံတွေက ၉ ပေရှည်တယ်။ ဂျက်အင်္ဂျင်တပ်ထား လေယဉ်ပျံတစင်းနဲ့ တူတယ်။ ပြစ်မှတ်မလွဲတိုက်ခိုက်နိင်တယ်။ မြေပြင်ကနေကပ်ပြီပျံသန်းနိင်တယ်။ ရန်သူ့ ရဲ့  ခံကတုတ်တွေကို တိုက်ခိုက်နိင်စွမ်းရှိတယ်။ ဒီဒုံလက်နက်ထဲမှာ အလွန်ပြင်းထန်စွာပေါက်ကွဲစေနိင်တဲ့ ဗုံပေါင်း ၁၆၆ လုံးကိုထည့်သွင်းထားတယ်။ အနုမြူ ထိပ်ဖူးတပ်ပြီး ပြစ်ခတ်နိင်စွမ်းလည်းရှိတယ်။တနာရီကို မိုင်ပေါင်း ၅၅၀ ပျံသန်းနိင်တယ်။
နောက်ထပ် တိုမာဟောခ် ပဲ့ထိန်း ဒုံးကျဉ် အလုံး ၈၀၀ ကျော် ထပ်သုံး၍ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ကို ဖျက်ဆီးမည်ဟု (ပင်တဂွန်) ကဆိုထားသည်။












လစ်ဗျားအစိုးရအပေါ် အရေးယူရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ အမေရိကန် ပြည်ထောင်စု၏ Odyssey Dawn အမည်ရှိ စစ်ဆင်ရေး စတင်သည့် ၂ဝ၁၁ ခုနှစ် မတ်လ ၁၉ ရက်နေ့က Tomahawk တာဝေးပစ် ဒုံးကျည်တခုကို အမေရိကန်ရေတပ် ဖျက်သင်္ဘော USS Barry (DDG 52) ပေါ်မှ ပစ်လွှတ်နေပုံ ဖြစ်ပါသည်။ (Soure: navy.mil)


B 2 Stealth ကိုယ်ပျောက် ဗုံးကြဲ လေယာဉ် ဖြင့် ထရီ ပိုလီ ရှိ စစ်ရေး ပစ်မှတ် များ ကို ဗုံး အလုံး ၄၀ ကျော်ကြဲ
ဗြိတိသျှ တိုက်လေယာဉ်များ ဖြစ်သည့် တိုင်းဖွန်း၊ ဟာရီကိန်း နှင့် တော်နေဒိုး လေယာဉ်များ လစ်ဗျားနိုင်ငံ ထဲ ရှိ ကဒါဖီ ၏ လေကြောင်းကာကွယ်ရေး စနစ်များ ကို နံနက် အရုဏ် တက်ချိန်တွင် စတင်ဝင်ရောက် တိုက်ခိုက်






ပထမ အသုတ် ပစ်လွှတ် သည့် တိုမာဟောခ် ဒုံးကျဉ်များ ကြောင့် ထရီပိုလီ ရှိ လေကြောင်းကာကွယ်ရေးစနစ်အချို့ ဖျက်ဆီးနိုင်ခဲ့သည်။

လစ်ဗျားမြောက်ပိုင်း မြေထဲပင်လယ်ထဲမှာ ပြင်သစ်က Mirage နဲ့ Rafale တိုက်လေယာဉ်တွေ အပါအဝင် စစ်လေယာဉ် အစင်း ၂ဝ လောက် စေလွှတ်ထားတယ်လို့ သိရပါတယ်။




အမေရိကန်ပြည်ထောင်စုကတော့ စစ်ရေးအရ အကန့်အသတ်နဲ့ပဲ ပါဝင်မယ်လို့ ဆိုထားပေမယ့် စစ်သင်္ဘောကြီး ၄ စင်းနဲ့ အဝေးထိန်း ဒုံးခွင်းဒုံးတွေ ပစ်ခတ်နိုင်တဲ့ ဖျက်သင်္ဘောတစင်း စေလွှတ်ထားပါတယ်။ ဒေသတွင်းက အီတလီ လေတပ်စခန်းမှာလည်း F 16 တိုက်လေယာဉ် အစင်း ၄ဝ ကျော်က ဒီစ စ်ဆင်ရေးမှာ ပါဝင်တယ်လို့ သိရပါတယ်။



ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားချက်အရ အခု စစ်ဆင်ရေးဟာ အဆင့်ပေါင်း များစွာထဲက တခုသာဖြစ်ပြီး
ဒုတိယအဆင့် စစ်ဆင်ရေး မှာ နိုင်ငံစုံမှ တိုက်လေယာဉ် အစင်း ၁၀၀ ကျော်ဖြင့် ၂၄ နာရီလုံး လုံး လစ်ဗျားလေကြောင်းကို ထိမ်းချုပ်ထားမယ်လို့ သိရပါတယ်။ ပထမ အဆင့် စစ်ဆင်ရေး မှာ B2 (ဘီ ၂) ဗုံးကြဲလေယာဉ် ၄ စင်း လည်းပါဝင်ခဲ့ပြီး၊ တစင်းလျှင် ဗုံး ၁၆ လုံးစီ ဖြင့် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ကြောင်းသတင်းများတွင် ဖော်ပြထားပါသည်။

လစ်ဗျားနိုင်ငံက ရေနံစည် ၁.၇ သန်း နေ့စဉ် ထုတ်လုပ်ပေးသည်။ OECD စက်မှု နိုင်ငံများက ရေနံစည် ၁.၂ သန်း ထုတ်လုပ်ပြီးတရုတ် က စည် ၁၅၀,၀၀၀ ပုံမှန် ထုတ်လုပ်လျက် ရှိသည်။ (နေ့စဉ် ကမ္ဘာ့ရေနံ ထုတ်လုပ်ရောင်းချမှုမှာ တစ်နေ့ စည်ပေါင်း ၈၈ သန်း ဖြစ်သည်။)
လစ်ဗျားအရေး ဆုံးဖြတ်ချက် ၁၉၇၃/၂၀၁၁ ကို ချမှတ်ရာမှာ အမေရိကန်နဲ့ အာရပ်အဖွဲ့ချုပ်တို့ရဲ့ ထောက်ခံမှုနဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ လက်ဘနွန် နိုင်ငံတွေက ကမကထ ပြုခဲ့တာပါ။
လစ်ဗျား ရေနံကို ၀ယ်ယူရာတွင် ဗြိတိန် အိုင်ယာလန် မှာ နေ့စဉ် တစ်နေ့ စည် ၁၄,၀၀၀ ဖြင့် အနည်းဆုံး
ဝယ်ယူသော နိုင်ငံ ဖြစ်သည်။ အိုင်ယာလန် ရေနံဝယ်ယူမှု ရဲ့ ၂၃ ရာခိုင်နှုန်းက လစ်ဗျားမှ ဖြစ်သည်။

လစ်ဗျားမှ ရေနံ တင်သွားမှု အများဆုံးနိုင်ငံကတော့ အီတလီ ဖြစ်သည်။ သူ့ကိုလိုနီ နိုင်ငံဟောင်း လစ်ဗျားကနေ နေ့စဉ် ရေနံစည် ၃၇၆,၀၀၀ ၀ယ်ယူပြီး စုစုပေါင်း ၀ယ်ယူမှုရဲ့ ၂၂ ရာခိုင်နှုန်း ဖြစ်သည်။

No comments:

Post a Comment