ထိုင်းရဟတ်ယာဉ်ပျက် ရှာဖွေရေးကို မြန်မာအစိုးရတပ်ဘက်မှ ကမ်းရိုးတန်းစစ်ဌာနချုပ် လက်အောက် ခံ ရှေ့တန်း ခြေလျင်တပ်ရင်း(၁၀၁) တပ်ခွဲ(၁)မှ ဗိုလ်ကြီးထွန်းမြင့်ဆွေ ဦးစီးသည့် တပ်စုတစ်စုမှ ထိုင်းတပ် ရှာဖွေရေးအဖွဲ့ များနှင့် ယမန်နေ့ နေ့ခင်းဘက်တွင် ပူးပေါင်းဆောင်ရွက်သွားခြင်းဖြစ်ကြောင်း မြန်မာတပ်နှင့် နီးစပ်သည့်သတင်းအရ သိရ သည်။

ဟယ်လီကော်ပတာ ပျက်လို့သေဆုံးသူတွေထဲမှာ တပ်မ ၉ က တပ်မမှူး ဗိုလ်ချုပ်ထ၀မ်၊ ပထမလေယာဉ်မှူး ဗိုလ်မှူး ဖရားဖန်းကျီရာဆွန်နားမ်၊ ဒုတိယလေယာဉ်မှူး ဗိုလ်မှူး ချူးဖန်းဖိုးလ၀မ်၊ စက်ပြင် တပ်ကြပ်ကြီး ဆုမ်ခစ်ဝုမ်ထာဆဲန်နဲ့ တပ်ကြပ်ကြီး အရမ်ဖုန်းဆင်း၊ ဗိုလ်ကြီး ယဲ့စ်ဆုတ်ကျိုင်း၊ ဗိုလ်ကြီး ချခရာဖန်း ဘမ်ရုန်းဖွဲ့၊ ဒုတပ်ကြပ် အီသီဆတ် ဟီနာ ဆုတ်နဲ့ ရုပ်သံလိုင်း ၅ က ကင်မရာသမား ဆောန်ဝိချိုင်းခုန်ထန်နိခူးလ် တို့ ပါဝင်ပါတယ်။

ရာသီဥတု မကောင်းသေးလို့ အလောင်းတွေကို ဟယ်လီကော်ပတာနဲ့ မသယ်နိုင်လို့ ရှာဖွေရေးအဖွဲ့က တောင်အောက်ကို ခြေလျင် သယ်လာရပါ တယ်။
Black Hawk ဟယ်လီ ကော်ပတာ ဟာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားပါတယ်။ ဒါပေမဲ့ ပေါက်ကွဲတော့ မသွားဘူး။ အိမ်စောင့်အစိုးရ၀န်ကြီးချုပ် အဖိဆစ်ကလည်း သေဆုံးသွားတဲ့ မိသားစုတွေအတွက် ၀မ်းနည်းကြောင်းသ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။ လာမယ့် ၀န်ကြီး ချုပ် ဖြစ်မယ့် ခွန်ယင်လပ်ရှိနာဝပ်ထ် ကလည်း သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ၀မ်းနည်းကြောင်း သတင်းစကား ရေး သား တင်ခဲ့ပါတယ်။ “သေဆုံးသွားသူတွေရဲ့ မိသားစုတွေဟာ လျော်ကြေးအနေနဲ့ ဘတ်၂ သန်း ကျော် ရရှိမှာ ဖြစ်ပါ တယ်” လို့ ဘုရင့်လေတပ်ကပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆန်ဆားန် က ပြောပါတယ်။

No comments:
Post a Comment