7/25/2011

ပျက်ကျပြန်ပြီတဲ့ဗျို့











တပတ်အတွင်းမှာ ၃ စင်းမြောက်အဖြစ် ဒီနေ့ July 24, 2011 မှာ Bell 212 ရဟတ်ယာဉ် တစင်း ထိုင်း-မြန်မာ နယ်စပ်မှာ ထပ်ပြီး ပျက်ကျပါတယ်။ ဒီနေ့ပျက်ကျတဲ့ ရဟတ်ယာဉ်ဟာ ရာသီဥတု ဆိုးဝါးမှုကြောင့် အရင်ပျက်ကျတဲ့ ရဟတ်ယာဉ်တွေ အနီး ထိုင်း-မြန်မာနယ်စပ်က တောထဲကိုပဲ ပျက်ကျတာဖြစ်ပြီး ၃ ဦးသေကာ စစ်သားတဦး အသက်ရှင်တယ်လို့ သိရပါတယ်။ သစ်ခိုးခုတ်တာတွေကို သွားဖမ်းတဲ့ ရဟတ်ယာဉ်ဟာ ဇူလိုင်လ ၁၆ ရက်မှာ မြန်မာနယ်စပ်အနီး ပျက်ကျတယ်။ အဲဒီပျက်ကျရာမှ သေဆုံးသူ ၅ ဦးကို သယ်ယူဖို့ သွားတဲ့ ဘလက်ဟော့ခ်ဟာ ဇူလှိုင်လ ၁၉ရက် မှာ ပျက်ကျပြီး ၉ ဦးသေဆုံးတယ်။ ပျက်ကျတဲ့ ဘလက်ဟော့ခ်ကို မြန်မာစစ်တပ်အကူအညီနဲ့ ထိုင်းစစ်တပ်က ရှာဖွေခဲ့ရပါတယ်။ အခုတခါ အဲဒီသေဆုံးသူ ၉ ဦးကို အလောင်းသွားကောက်တဲ့ ရဟတ်ယာဉ် ထပ်ပျက်ကျပြန်တာ ဖြစ်ပါတယ်။
















No comments:

Post a Comment