12/30/2011

အလုပ်သမားများအပေါ် အိမ်ပိုင်မြေပိုင် ရရှိအောင် တောင်းဆိုပေးသည့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်တင်တင်မြကို စည်ပင်သာယာက တရားစွဲဆို


ရန်ကုန်တိုင်း တောင်ဥက္ကလာမြို့နယ်တွင် အလုပ်သမားများအား ကြိုတင် အကြောင်းကြားခြင်း မရှိပဲ စည်ပင်သာယာမှ အတင်းအကျပ် အိမ်မြေများ ရွှေ့ပြောင်းခိုင်းသည့်အတွက် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဗဟို စည်းရုံးရေးမှူး တာဝန်ခံ ဒေါ်တင်တင်မြက အလုပ်သမားများ ဘက်မှနေ၍ အိမ်ပိုင်မြေပိုင် ရရှိအောင် တောင်းဆို ပေးခဲ့သဖြင့်ရန်ကုန်တိုင်း စည်ပင်သာယာရေးက တရား စွဲဆိုခဲ့ကြောင်းကို ဒေါ်တင်တင်မြ ကိုယ်တိုင် ဘားမားဗီဂျေ မီဒီယာ သို့ ပြောကြား သွားခဲ့ပါသည်။


12/19/2011

အာဏာအမွေ အသက် ၀င်-မ၀င်


"Dear Leader" of North Korea (officially, the Democratic People's Republic of Korea),


၂၀၁၁ ဒီဇင်ဘာ ၁၇ရက် စနေနေ့ နံနက် ၈ နာရီ ခွဲ အချိန်တွင် မြောက်ကိုရီးယား ခေါင်းဆောင် မြောက်ကိုးရီးယား အလုပ်သမားပါတီအထွေထွေအတွင်းရေးမှူး မြောက်ကိုးရီးယား နိုင်ငံတော်ကာကွယ်ရေးကော်မတီဥက္ကဌ- အသက် ၆၉ နှစ်အရွယ် ကင်ဂျုံအီ သေဆုံးပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားက တနင်္လာနေ့က ကြေညာခဲ့ကြောင်း သိရသည်။
ကင်ဂျုံအီသည် မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံကို တည်ထောင်သူ ကင်အီဆောင်၏ သားဖြစ်ပြီး ၎င်း၏ ဖခင် အသက် ၈၂ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သော ၁၉၉၄ ခုနှစ်မှ စတင်၍ နိုင်ငံ့ အာဏာကို ရယူခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယား ရုပ်သံသတင်းကြေငြာသူက ခေါင်းဆောင် ကင်သည် ၎င်း၏ ပြည်သူ လူထုအတွက် ဘဝကို မြုပ်နှံပြီး အလုပ်လုပ်ခဲ့သောကြောင့် အလုပ်ဝန်ပိကာ သေဆုံးရခြင်း ဖြစ်ကြောင်း ကြောင်း ကြေငြာခဲ့သည်။

မြောက်ကိုရီးယား အာဏာရှင် စစ်ခေါင်းဆောင် ကင်မ်ဂျုံအီလ်သည်
Party Center of the WPK (1970s)
Vice-Chairman, WPK Central Committee (1972–80)
Dear Leader (Chinaehanuen Jidoja) (late 1970s–1994)
Intelligent Leader (1973–84)
Member, Presidium of the Supreme People's Assembly of the DPRK
Secretary of the Worker's Party of Korea (1980–94)
Supreme Commander of the Korean People's Army (25 December 1991–17 December 2011)
Marshal of the DPRK (1993–2011)
Chairman, National Defense Commission of North Korea (1993–2011)
Great Leader (Widehan Ryongdoja) (July 1994 – December 2011)
General Secretary, Workers Party of Korea (1997–2011)
Supreme Leader of the People's Republic (2009–2011) စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။

မြောက်ကိုရီးယား၏ နာမည်ဆိုးဖြင့် ကျော်ကြားသော အာဏာရှင် စစ်ခေါင်းဆောင်သည် (၂၀၀၈)ခုနှစ်ကတည်းက လေဖြတ်ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးသော်လည်း ပြန်လည် သက်သာလာကာ တရုတ်၊ ရုရှားတို့နှင့် ဆက်ဆံရေး တိုးမြှင့်မှုများကို အားကြိုးမာန်တက် ဆောင်ရွက်ခဲ့သေးသည်။
ထိုအတောအတွင်း ဆယ်စုနှစ်သုံးခုအတွင်း မြောက်ကိုရီးယား၏ အကြီးမားဆုံး နိုင်ငံရေးဆိုင်ရာ အထူးအစည်းအဝေးပွဲ မတိုင်မီ နာရီပိုင်းအလိုတွင် ၄င်း၏ အငယ်ဆုံးသား အသက် ၂၇ နှစ်အရွယ်ရှိ ကင်ဂျုံအန်အား ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီး အဆင့်သို့ ရာထူးတိုးမြှင့် ခန့်ထားပေးလိုက်သည်။
ကင်ဂျုံအီ၏ နှမဖြစ်သူ ကင်ဂျုံဟွေးအားလည်း ကြယ်လေးပွင့် ဗိုလ်ချုပ်ကြီးအဆင့် ရာထူးသို့ တစ်ချိန်တည်းတွင် တိုးမြှင့်ပေးခဲ့သည်။ နောင်တစ်ချိန် ခေါင်းဆောင်ကြီးသည် ကျန်းမာရေးအရ ရာထူးမှဖယ်ပေးရလျှင်သော်လည်းကောင်း၊ သေဆုံးသွားလျှင်သော် လည်းကောင်း နိုင်ငံရေးရာကိစ္စများတွင် သူ၏သားအား နှမဖြစ်သူက ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ခဲ့သည်။
သို့သော် ကင်ဂျုံအန်းသည် ပြည်ပတွင် အချိန်အတော်ကြာနေထိုင်ခဲ့သူဖြစ်၍ လက်ရှိနိုင်ငံရေးခေါင်းဆောင်များ၏ အပြည့်အ၀ယုံကြည်မှုရရန် ခက်ခဲဦးမည်ဖြစ်ကြောင်းကရန်းဖီးတက္ကသိုလ်မှ မြောက်ကိုရီးယားရေးရာကျွမ်းကျင်သူ ပါမောက္ခဟေဇယ်စမစ်က ဆိုသည်။




မည်သို့ပင်ဖြစ်စေသူ၏နေရာကိုဆက်ခံရန် ရွေးချယ်မှုကို စနစ်တကျ အစပျိုးထားခြင်းဖြစ်သည်။ ကင်ဂျုံအန်သည် ဆွစ်ဇလန်နိုင်ငံတွင် ပညာသင်ကြားခဲ့၍ ၄င်း၏ရုပ်ပုံကို နိုင်ငံပြင်ပတွင် တစ်ကြိမ်မျှ ဖော်ပြခဲ့ဘူးခြင်း မရှိချေ။
သူသည် သူ၏အဖိုး ခေါင်းဆောင်ကြီး ကင်အီဆွန်းနှင့် ပိုပြီး တူစေရန် ၆ကြိမ် မျက်နှာခွဲစိတ် ပြင်ဆင်မှု ပြုလုပ် ခဲ့ဖူးသည်။ သူသည် ကင်ဂျုံအီ၏ တတိယဇနီး ဖြစ်သူ Ko Yong-Hi မှ ၁၉၈၃ခုနှစ် သို့မဟုတ် ၈၄ ခုနှစ်တွင် မွေးဖွားခဲ့သည်ဟု ယူဆရသည်။
၂၀၀၈ ခုနှစ်တွင် လေဖြတ်ဝေဒနာ သိသိသာသာ ခံစားခဲ့ရသော ကင်ဂျုံအီသည် သူ၏ အငယ်ဆုံးသားဖြစ်သူ ကင်ဂျုံအမ် ကို နျူကလီးယား လက်နက်များ ပိုင်ဆိုင်သော ကွန်မြူနစ်နိုင်ငံရှိ ပြည်သူလူထု ၂၄သန်း၏ နိုင်ငံခေါင်းဆောင် တစ်ယောက် ဖြစ်လာစေရန် လက်သပ် မွေးခဲ့ဖွယ် ရှိသည်။ ကင်ဂျုံအီ၏ ကျန်းမာရေး အခြေအနေကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုများ မြင့်တက်လာပြီး အကယ်၍ သူကွယ်လွန်ခဲ့ပါက အရိုက်အရာ ဆက်ခံသူ မခန့်အပ်နိုင်ဘဲ ကျန်ခဲ့မည့် အခြေအနေအတွက် ခေါင်းဆောင်သစ် ရွေးချယ်ပွဲကို ကြိုတင် စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း လက်သပ် မွေးခဲ့သည့်အချိန် တိုတောင်းသေးသည်။


















Kim Jong-un (Korean: ,[1] Hanja: ,) also known as Kim Jong-eun or Kim Jung-eun, formerly Kim Jong-woon or Kim Jung-woon (born 1983 or early 1984),is the third and youngest son of deceased North Korean leader Kim Jong-il and his consort Ko Young-hee.






အသက် ၂၇ နှစ် အရွယ်ရှိတဲ့ ကင်ဂျုံအန်ဟာ နိုင်ငံရဲ့ အကြီးအကဲ ဖြစ်လာမှာ ဖြစ်ပြီး မြောက်ကိုရီးယားဗဟို စစ်ကော်မရှင် ရဲ့ ဥက္ကဌ အဖြစ် ကို လည်း ရရှိတော့မှာ ဖြစ်ပါတယ်။ လက်ရှိ မှာ စစ်ကော်မရှင် ရဲ့ ဒုတိယ ဥက္ကဌ အဖြစ် လည်း တာဝန် ထမ်းဆောင် နေပါတယ်။

မြောက်ကိုရီးယား က အခု လို ကွန်မြူနစ် အာဏာရှင် အမွေ ဆက်ခံ တာနဲ့ ပတ်သက်ပြီးနိုင်ငံတကာက ဝေဖန် မှု တွေ ရှိနေ သလို မြောက်ကိုရီးယား စစ်ခေါင်းဆောင် အချို့ နဲ့ ပြည်သူတွေ ကလဲ ဝေဖန် ပြစ်တင်မှု တွေ ရှိနေပါတယ်။

၁၉၉၆ က စတင်ချ မှတ်ခဲ့သော မြောက်ကိုရီယားခေါင်းဆောင်ကြီး ကင်ဂျုံအီ၏ ရာ သက်ပန် ရာဇာပလ္လင်မြဲရေး မဟာဗျူဟာမြောက် ‘ဆွန်ဂန်’ ပေါ်လစီနှင့် မြောက်ကိုရီယားပြည်သူများ လုံးထွေးရစ်ပတ်မှု မည်မျှရှိနေသည်ကို ယခုမကြာမှီ မျက်ဝါးထင်ထင် မြင်ရတော့မည်။
**ဆွန်ဂန် (စစ်တပ်ပထမ) ပေါ်လစီ ဖြစ်သည်။

ဆွန်ဂန်ပေါ်လစီကြောင့် မြောက်ကိုရီးယားမှာ နယူးကလီယားလက်နက်ပိုင်လာပြီး မြောက်ကိုရီးယားကျွန်း ဆွယ်သည် သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အာဏာစက်အာက်မှ ရုန်းထွက်နိုင်ခဲ့သည်။ အီ ရတ်လို ကံကြမ္မာမျိုးမှ လွတ်မြောက်ခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယားက အာကာသလမ်းကြောင်းထဲကို နျူကလီယား ပစ်လွှတ်ပြီးသော နောက်ပိုင်းမှာ မြောက်ကိုရီးယားနှင့် ဆက်ဆံရေးဖြတ်တောက်ထားသော နိုင် ငံများ အပြေးအလွှား သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်လာကြသည်။ ထို့ကြောင့် နိုင်ငံတကာပိတ်ဆို့ အရေးယူမှုများကို တစစီ ရိုက်ချိုးနိုင်လိုက်သည်ဟု အချို့ ပညာရှင်များက ဆန်းစစ်ပြသည်။

ထိုအောင်မြင်မှုဆိုသည်များသည် မြောက်ကိုရီးယားက (၂၄) သန်းသော ပြည်သူများကို မည်သို့အကျိုး ဖြစ်ထွန်းစေသည်ကို - ပြီးခဲ့သည့် ဆယ်စုအတွင်း စားနပ် ရိက္ခာပြတ်လပ်မှုကြောင့် လူသန်းချီပြီး သေဆုံးခဲ့ရခြင်း ကမ္ဘာပေါ်တွင် ပြည်ပအလှူရှင်များထံမှ ရိက္ခာကို မှီ ခိုရာ၌ အီသီယိုးပီးယားပြီးလျှင် မြောက်ကိုရီးယားက ဒုတိယဖြစ်ခြင်း ယူနီဆက်ဖ်၏ အစီရင်ခံစာအရ က လေးတရာတွင် (၇) ဦးမှ (၃၇) ဦးသည် အာဟာရမပြည့်ဝကြ ကလေးမိခင်များတွင်လည်း (၃) ယောက် တွင် (၁) ယောက်သည် အာဟာရမပြည့်ဝဟုဆိုခြင်း တို့နှင့် တိုင်းတာဖို့ လိုပေမည်။


မြောက်ကိုရီးယားစစ်တပ်အင်အားမှာ လူ (၂၄) သန်းရှိသော တိုင်းပြည်တွင် အမြဲတမ်းစစ်တပ် အင်အား တသန်းနှင့် နှစ်သိန်းရှိသည်။ ကျန်းမာသန်စွမ်းသော အရွယ် အသက် (၁၇-၅၄) အကြား လူဦးရေ၏ (၅) ပုံ (၁) ပုံသည် စစ်သားများ ဖြစ်နေသည်။ ထို့အပြင် (၆) သန်းကို အရံအင်အားအဖြစ် ထားသည်ဟုဆိုသည်။


ပြည်ပရန် ကာကွယ်ရေးအတွက် စစ် တပ်ကို အင်အားရှိဖို့လိုသည်ဆိုမှာ သဘာဝဘေးအန္တရာယ် နှင့် တလွဲစီမံခန့်ခွဲမှုများကြောင့် တိုင်းပြည်စီးပွားရေး ကျပ်တည်းလာသောအချိန်တွင် တတိုင်းပြည်လုံး အာခံမ လာအောင် စစ်ဇာတ်သွင်းခဲ့ခြင်းပြု ပီး အာဏာမြဲရေးအတွက် စစ်တပ်ကို အပိုင်ကိုင်ထားသည့် “အဖိုးကင်”


“အဖေကင်” “သားကင်” ကင်နန်းဆက်ကို ကင်ဂျုံအီ၏ ဖခင် ကင်အီဆွန် လက်ထက်(၁၉၉၁)ကပင် ပြည်သူလူထုခေါင်းထဲကို ရိုက်သွင်းခံထားရသည်ကိုလည်းမြင်တတ်ဇို့ လိုမည်။

12/14/2011

ကြံ့ဖွံ့နဲ့ ပေါင်းခြင်းမဟုတ်ဟု ဆို

ပြည်တွင်း ဂျာနယ်တချို့တွင် ရေးသားဖော်ပြထားသော ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်းသည် ဆိုသည်မှာ မဟုတ်မှန်ကြောင်း ဒီမိုကရေစီမိတ်ဆွေများပါတီ ၁ဝ ပါတီက ဖြေရှင်းလိုက်သည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ သိမ်ဖြူလမ်းရှိ ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရုံးတွင် တနင်္လာနေ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်၍ ဖြေရှင်းလိုက်ကြခြင်း ဖြစ်သည်။
“ကျနော်တို့က ပူးပေါင်းတာ မဟုတ်ဘူး။ လုံးဝ မပူးပေါင်းဘူး။ တူတာတွေကို လက်တွဲလုပ်နေတာ ဖြစ်တယ်။ လက်တွဲ ဆောင်ရွက်ဖို့ပဲ ဖြစ်တယ်” ဟု ရှင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ SNDP မှ ဦးစောသန်းမြင့်က ပြောသည်။
ဒီမိုကရေစီ ၁၀ ပါတီ မဟာမိတ်အဖွဲ့နှင့် လက်ရှိအာဏာရ ကြံ့ဖွံ့ပါတီတို့ ဒီဇင်ဘာ ၄ ရက်နေ့က မြကျွန်းသာ စားသောက်ဆိုင်တွင် တွေ့ဆုံခဲ့ကြသည်ကို ဂျာနယ်အချို့က ပူးပေါင်းကြကြောင်း ရေးသားခဲ့ကြသည်။
“ဂျာနယ်တွေကို ဖတ်ပြီးတော့ ကျနော်တို့ကို ပြည်သူက သဘောမကျဘူး။ ဒါကြောင့် ရေးသားပုံတွေ လွဲနေတဲ့ အကြောင်း အခုလို ခေါ်ယူပြောဆိုတာ ဖြစ်ပါတယ်”ဟု NDF ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြောသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့ ဆွေးနွေးဖို့ သဘောတူခဲ့တာက နိုင်ငံအတွက်ပဲ ဦးတည်ဆွေးနွေးမယ်လို့ ပြောပြီးမှ တွေ့ခဲ့တာပါ။ အခုလို ဆွေးနွေးတာ ဖြစ်လာတာက နှစ်ပေါင်းများစွာ နှစ်ဖက်ကြားမှာ ယုံကြည်မှုကို မတည်ဆောက်နိုင်လို့ နားလည်မှု မတည်ထောင်နိုင်လို့ ပြဿနာတွေ ကြုံခဲ့ရတယ်။ နိုင်ငံလည်း နစ်နာခဲ့တယ်။ ရှေ့မှာ ယုံကြည်မှု၊ နားလည်မှု မရခဲ့တဲ့အပေါ်မှာ ပြေလျော့သွားနိုင်အောင် ကြိုးစားသွားနိုင်ဖို့ဆိုတာ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်။ နောက်ထပ် အခြေအနေကောင်းတွေ ပေါ်ပေါက်လာအောင် ကြိုးစားရမယ်” ဟု ပြောကြားခဲ့သည်။
ကြံ့ဖွံ့ပါတီမှ ကမ်းလှမ်းသည့် သောကြာနေ့ ဆွေးနွေးပွဲတွင် မိတ်ဆွေပါတီများထဲမှ ၈ ပါတီ တက်ရောက်ပြီး ကြံ့ဖွံ့ပါတီမှ ရန်ကုန်တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်း တဦးတည်းသာ လာရောက်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက “သူ(ဦးအောင်သိန်းလင်း) ဘာပြောလဲဆိုတော့ တွေ့တွေ့ချင်း ခင်ဗျားတို့နဲ့ မိတ်ဆွေ ဖြစ်ချင်နေတာကြာပြီ။ တွေ့တာကလည်း မိတ်ဆွေဖြစ်ချင်လို့ ပြောတယ်။ ဒီနိုင်ငံကို ဘယ်နိုင်ငံခြားသားမှ လာပြီး လွှမ်းမိုးအုပ်ချုပ်တာ လက်မခံဘူးတဲ့ အဲဒါ သူပြောတယ်။ ကျနော်တို့ကလည်း ဒါတော့ ကျနော်တို့လည်း သဘောတူတာပဲ။ ကျနော်တို့လည်း ကြိုက်တာပဲလို့” ဟု ပြောသည်။
မိတ်ဆွေ ၁၀ ပါတီအနေဖြင့် ကြံ့ဖွံ့ပါတီ၊ NLD ၊ တစည အပါအဝင် ရည်ရွယ်ချက်တူသည့် မည့်သည့်ပါတီမဆို လက်တွဲလုပ်ဆောင်ရန် ကြိုဆိုကြောင်း ဦးစောသန်းမြင့်က ပြောသည်။
ဒီမိုကရေစီ မိတ်ဆွေ ၁ဝ ပါတီဟူသည်မှာ ပြည်ထောင်စု ဒီမိုကရေစီပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ် ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြသည်။


မင်းသက်
ရန်ကုန် (မဇ္ဈိမ) ။ ။


FACT SHEET on Political Activities Dec– 2011.

The 10 Fraternity Democracy Party [FDP] discussed 4 Point Agenda with the Rangoon Division USDP Political Commissar Aung Thein Lynn – the main point being: ‘prior to the introduction of important Bills in the parliament by the ruling party all political parties should be briefed’, as related by NDF Chairman Dr. Than Nyein.

The invitation was made by USDP and the 10 FDP acquiesced. At the Meeting 10 FDP conveyed three main issues: ‘Land Ownership Law, Releasing Political Prisoners, and Resolving Armed Conflicts’.

Dr. Than Nyein lamented: ‘please do make us aware and known prior to the actual presentation in the Parliament because the Land Ownership Law recently introduced was totally unknown to us as we have no means of having prior knowledge; we found out only after the Lower House had passed the Bill; then and then only, in a big hurry, we had to study and gave our opinions’; that was exactly what he told Aung Thein Lynn.

USDP MP [USDP Sec Gen] U Htay Oo introduced the Land Ownership Bill on August 30th.

The MPs from opposition parties, it seems, were not informed ahead of time to study the Bills introduced by the ruling party and therefore ‘out of Parliament’ meeting is a kind of compromise and concession.

On October 6 the House of Nationalities decided that Htay Oo’s Land Ownership Bill is ‘a continuous assignment to have sound fundamentals’.

It was also decided that ‘for the Land Ownership Bill the Union Government activates policy initiatives, collecting data and statistics, and then only either by the Union Government or Union level institution redraw the Bill’.

Karen Phaloan Sa Wor Party and Shan National Development Party leaders were unable to attend Dec 4th Meeting with USDP Representative
Aung Thein Lynn at Inya Lake Mya Kyun Thar Restaurant; nevertheless, the two parties were unable to attend the 10 FDP Meeting held on Dec 3rd to dramatize for the Dec 4th Meeting.

12/12/2011

အဖြူရောင် အုံကြွမှု

ပါလီမန်ရွေးကောက်ပွဲတွေမှာ မမှန်မကန်လုပ်မှုတွေလိမ်လည်မှုတွေမသမာမှုတွေ ရှိခဲ့တယ် လို့ ပြည်သူအများအပြား ယူဆကြသလို လေ့လာစောင့်ကြည့်အကဲခတ်သူတွေကလည်း ယူဆကြပြီး စိတ်ဆိုး ဒေါသထွက်နေကြတဲ့ ရုရှားပြည်သူတွေကနေ ၀န်ကြီးချုပ် ဗလာဒီမီယာ ပူတင် နဲ့ သူ့ရဲ့ ရုရှားညီညွတ်ရေး ပါတီကို ဒီဇင်ဘာလ ၁၀ရက်နေ့ က နိုင်ငံတ၀ှမ်း စတင်ဆန္ဒပြလိုက်ကြပါတယ်။





အဲဒီ အစဦးနေ့ ရဲ့ပထမဦးဆုံး ဆန္ဒပြပွဲတွေကတော့ Khabarovsk မြို့မှာ ဆန္ဒပြသူအယောက် ၂၀ လောက် အဖမ်းခံခဲ့ရတဲ့ ဝေးလံလှတဲ့ ရုရှားနိုင်ငံ အရှေ့ခြမ်းမှာ စတင်ခဲ့ကြတာဖြစ်ပါတယ်။
အခုလို နိုင်ငံတ၀ှမ်း စုဝေးဆန္ဒပြမှုတွေဟာ ဒီတပတ်အစောပိုင်း ဆက်တိုက်ပြုလုပ်ခဲ့ကြတဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲ ဆက်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။



Kremlin နန်းတော်မြစ်တဘက်ကမ်း ရင်ပြင်တစ်ခု မှ ဆန္ဒပြသူသုံးသောင်း







အရင်တပတ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ် ဆိုပြီး ၀န်ကြီးချုပ် ဗလာဒီမီယာ ပူတင်ကို ရုရှမှာ ထောင်သောင်းချီတဲ့ ပြည်သူတွေက “သူခိုးကြီး ပူတင်” “ပူတင်ကို ရုရှမှာ အလိုမရှိ” ဆိုပြီး မနေ့က ဆန္ဒပြကြပါတယ်။





ဝန်ကြီးချုပ်ရဲ့ပါတီက အောက်လွှတ်တော်ထဲမှာ နေရာအနည်းအကျဉ်းလောက်ကိုပဲ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲရလဒ်တွေကတော့ ချဲ့ကားထားတာဖြစ်တယ်လို့ အတိုက်အခံပါတီတွေနဲ့ ရွေးကောက်ပွဲအကဲခတ်တွေက အခိုင်အမာ ပြောဆိုနေကြတာဖြစ်ပါတယ်။ တကယ်လို့သာ လာမယ့် မတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း မစ္စတာ ပူတင်ပဲ အနိုင်ရဖို့ ဖြစ်လာခဲ့ဦးမယ်ဆိုရင် သူဟာ သမ္မတတာဝန် ပြန်ယူရမှာဖြစ်ပါတယ်။
ဆန္ဒပြပွဲထဲ ပါဝင်လာသူတွေကတော့ အမျိုးသားရေးဝါဒီတွေ၊ အနောက်နိုင်ငံတွေဘက် ယိမ်းသူတွေ၊ ကွန်မြူနစ်တွေ စတဲ့ အယူအဆ မတူကြသူတွေဖြစ်ပေမယ့် ပူတင်ကို စိတ်ကုန်နေပုံတော့ တူနေကြပါတာမို့အချိန်ကိုက် အုံကြွလာတာဖြစ်ပါတယ်။












ဆန္ဒပြပွဲကို မြို့အတော်များများမှာ ချိန်ကိုက်ပြုလုပ်တာဖြစ်ပြီး လူ သုံးလေးသောင်း ၀န်းကျင် ပါဝင်တဲ့ မြို့တော် မော်စကိုဆန္ဒပြပွဲက အကြီးဆုံးပဲလို့ ရုရှက လာတဲ့ သတင်းများက ဆိုပါတယ်။


















အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီမြောက်ပေးလို့ရုရှားပြည်သူတွေ အုံကြွတယ်လို့ဆိုတဲ့ ပြူတင်။

လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဒီထက်များတဲ့ လူအုပ်ကြီးနဲ့ ဆန္ဒထပ်ပြအုံးမယ်လို့ အတိုက်အခံခေါင်းဆောင်တွေက ပြောနေကြပါတယ်။





12/05/2011

Oh Barma!

Maung Thar Kyaw

During the SLORC era the military junta published a 25 chapter booklet. The Publisher was: Colonel Hla Minn of the Military Intelligence [MI] and was distributed free of charge.

One of the chapters dealt exclusively on Aung San Su Kyi regarding her eligibility to contest in the 1990 elections. Based on that analysis Aung San Su Kyi was barred from the election contestation – out rightly.

The analysis is as follows: 14. Practising Universal Rules In The Protection Of National Security And Interest.

More specifically and importantly what most people do not realize is that in many instances Ms. Suu Kyi is erroneously referred to as an elected person or in some instances as an elected president. Ms. Suu Kyi never stood for the election because she was not eligible to contest a seat. It was not this present military government or the previous socialist government that refused Ms. Suu Kyi the right to stand for elections but ironically it was her own father, Myanmar national hero General Aung San, who wrote into the original constitution, subsequently promulgated in 1948, a clause with the provision that "any person who is under any acknowledgement of allegiance or adherence to a foreign power, or a subject or citizen is entitled to the rights and privileges of a subject or citizen of a foreign power." Thus she is not entitled to contest a seat in the country's elections. Ms. Suu Kyi resided abroad for twenty-eight years and married an Englishman (Giving her the rights to U.K. citizenship) and has 2 children both holding British citizenship. This present military government has to, as all the previous successive Myanmar Governments did, continue to honour this clause and the present national convention has also committed itself to continue to honour the said clause. This type of constitutional condition is implemented by many governments including those of developed nations. It is quite understandable that Governments do not wish to have someone in office who could be unduly influenced by any other nation or power. As a preventive measure certain rules and regulations are 18/ universally drawn up and put into effect to serve as a mechanism to protect the national security as well as the national interest of the respective countries. There is also another false assumption where her being under house restriction during the election period denied her the right to run for the 1990 election. While under house restriction the Government of Myanmar consented to Ms. Suu Kyi's request to contest the election representing Bahan Township Constituency (1) and her name was enrolled on 2nd December 1989. Objections were lodged by various individuals and political parties against the permission granted to Ms. Suu Kyi to contest the forthcoming elections with reference to the provisions of the Pyithu Hluttaw Election Law of 1989. Legally, granting Ms. Suu Kyi the right to contest the election was found to violate and contravene the following 3 articles.

(1) Section (8-b) "Law for people residing in the Union of Myanmar." Ms. Suu Kyi has given her permanent address where she resides with her husband Dr. Michael Aris and 2 sons at 15, Park Town, Oxford, in United Kingdom. Ms. Suu Kyi's name has not been registered at her mother's residence in Yangon which indicates that she is not a permanent resident of Myanmar.

(2) Section (10-e). "Persons who are under any acknowledgement of allegiance or adherence to a foreign power, or are subjects or citizens or entitled to the rights and privileges of a subject or a citizen of a foreign Power." Ms. Suu Kyi enjoys the right to reside in U.K. indefinitely. Apart from the right to vote, she enjoys all the other privileges of a British Citizen.

(3) Section (10-h)." Members of organization in armed revolt against the State, persons against whom there is sufficient grounds of having links with the said organization or with its members to revolt." Ms.Suu Kyi was found to be communicating, collaborating 19/ and harbouring a member of the armed terrorist group and this terrorist was arrested in her residential compound in Yangon together with substantial evidence.

Due to the above mentioned factors Ms. Suu Kyi was found ineligible to contest the 1990 elections. Technically it was not because she was under house restriction during the election time. More importantly, Section 10-e of the May 1989 Election Law was not a provision drawn up by the present military government but was originally drafted by her own father, General Aung San, the National Leader of Modern Myanmar in his (1947) Independence Constitution which was later to be honoured and again put in the (1974) Constitution. Again, in a similar scenario the NLD party is constantly and erroneously referred to as an opposition party. In fact, the Government of Myanmar does not regard the NLD or any other 9 legally existing political parties as opposition parties since the Government regards itself not as a political party but as a transitional government (A National Institution) taking the responsibility of discarding the Socialist One-Party System practising a Socialist Economy and paving the way for a Multi-Party Democracy by introducing a Market-Oriented Economy. In the meantime, for the benefit and interest of the nation, this present government is in the process of establishing and founding national unity, peace, stability and all-round development in the country so that Myanmar shall become in a reasonable period of time, a peaceful, prosperous and modern developed nation.

Sure enough, the present Government that stemmed from nearly five decades of military dictatorship will have to dismember what ‘His Masters’ had pushed bitter elixir down the peoples’ throat. No Government on earth amend laws for the detriment of its own but only the amendments made that will work for the betterment of their stands; and, in current Burmese Government case and context, it is not only good for the domestic consumption but also for the international community to gulp down.

Maung Thar Kyaw

To be contd. -----
December 5, 2011.