
အဲဒီ အစဦးနေ့ ရဲ့ပထမဦးဆုံး ဆန္ဒပြပွဲတွေကတော့
အခုလို နိုင်ငံတ၀ှမ်း စုဝေးဆန္ဒပြမှုတွေဟာ ဒီတပတ်အစောပိုင်း ဆက်တိုက်ပြုလုပ်ခဲ့ကြတဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေက အကြမ်းဖက်နှိမ်နင်းမှုတွေ လုပ်ခဲ့ပြီးနောက်ပိုင်း နောက်ဆက်တွဲ ဆက်ပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။


အရင်တပတ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ် ဆိုပြီး ၀န်ကြီးချုပ် ဗလာဒီမီယာ ပူတင်ကို ရုရှမှာ ထောင်သောင်းချီတဲ့ ပြည်သူတွေက “သူခိုးကြီး ပူတင်” “ပူတင်ကို ရုရှမှာ အလိုမရှိ” ဆိုပြီး မနေ့က ဆန္ဒပြကြပါတယ်။
ဝန်ကြီးချုပ်ရဲ့ပါတီက အောက်လွှတ်တော်ထဲမှာ နေရာအနည်းအကျဉ်းလောက်ကိုပဲ ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ မဲရလဒ်တွေကတော့ ချဲ့ကားထားတာဖြစ်တယ်လို့ အတိုက်အခံပါတီတွေနဲ့ ရွေးကောက်ပွဲအကဲခတ်တွေက အခိုင်အမာ ပြောဆိုနေကြတာဖြစ်ပါတယ်။ တကယ်လို့သာ လာမယ့် မတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲမှာလည်း မစ္စတာ ပူတင်ပဲ အနိုင်ရဖို့ ဖြစ်လာခဲ့ဦးမယ်ဆိုရင် သူဟာ သမ္မတတာဝန် ပြန်ယူရမှာဖြစ်ပါတယ်။
ဆန္ဒပြပွဲထဲ ပါဝင်လာသူတွေကတော့ အမျိုးသားရေးဝါဒီတွေ၊ အနောက်နိုင်ငံတွေဘက် ယိမ်းသူတွေ၊ ကွန်မြူနစ်တွေ စတဲ့ အယူအဆ မတူကြသူတွေဖြစ်ပေမယ့် ပူတင်ကို စိတ်ကုန်နေပုံတော့ တူနေကြပါတာမို့အချိန်ကိုက် အုံကြွလာတာဖြစ်ပါတယ်။


ဆန္ဒပြပွဲကို မြို့အတော်များများမှာ ချိန်ကိုက်ပြုလုပ်တာဖြစ်ပြီး လူ သုံးလေးသောင်း ၀န်းကျင် ပါဝင်တဲ့ မြို့တော် မော်စကိုဆန္ဒပြပွဲက အကြီးဆုံးပဲလို့ ရုရှက လာတဲ့ သတင်းများက ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီမြောက်ပေးလို့ရုရှားပြည်သူတွေ အုံကြွတယ်လို့ဆိုတဲ့ ပြူတင်။
လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဒီထက်များတဲ့ လူအုပ်ကြီးနဲ့ ဆန္ဒထပ်ပြအုံးမယ်လို့ အတိုက်အခံခေါင်းဆောင်တွေက ပြောနေကြပါတယ်။
လာမယ့် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဒီထက်များတဲ့ လူအုပ်ကြီးနဲ့ ဆန္ဒထပ်ပြအုံးမယ်လို့ အတိုက်အခံခေါင်းဆောင်တွေက ပြောနေကြပါတယ်။
No comments:
Post a Comment