ကိုရီးယား နှစ်နိုင်ငံ အကြား တင်းမာမှု အမြင့်ဆုံး အဆင့်ကို ရောက်ရှိသွားသည်။
ထို့အပြင် တောင်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ အကြား စစ်ရပ်ဆိုင်းရေးစာချုပ်များမှအပ ငြိမ်းချမ်းရေး သဘောတူ စာချုပ် ချုပ်ဆိုထားခြင်း မရှိသောကြောင့် မြောက်ကိုရီးယား နိုင်ငံသည် စစ်ဖြစ်ပွားသည့် အခါ အဆင့်မြင့် နည်းပညာသုံး လက်နက်များကို အသုံးပြု သွားနိုင်ဖွယ် ရှိသည့်အပေါ် စိုးရိမ်နေရသည့် အခြေအနေလည်းရှိသည်။
မြောက်ကိုရီးယား၏
နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုအား တုံ့ပြန် သည့်အနေဖြင့် တောင်ကိုရီးယား
နိုင်ငံသည် ကြီးမားသော စစ်ရေး လေ့ ကျင့် မှု တစ်ခု အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြုလုပ် ခဲ့ပါသည်။ ဖေဖော်ဝါရီလ အတွင်း မြောက်ကိုရီးယား၏ အဏုမြူ စမ်း သပ် ဖောက်ခွဲမှုများ ပြုလုပ်ပြီး နောက်ပိုင်း တောင်ကိုရီးယားနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် စောင့်ကြည့် လေ့လာမှုများ တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် စမ်းသပ် ဖောက်ခွဲမှုမှ
နိုင်ငံသည် ကြီးမားသော စစ်ရေး လေ့ ကျင့် မှု တစ်ခု အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြုလုပ် ခဲ့ပါသည်။ ဖေဖော်ဝါရီလ အတွင်း မြောက်ကိုရီးယား၏ အဏုမြူ စမ်း သပ် ဖောက်ခွဲမှုများ ပြုလုပ်ပြီး နောက်ပိုင်း တောင်ကိုရီးယားနှင့် အမေရိကန် တပ်ဖွဲ့ဝင်များသည် စောင့်ကြည့် လေ့လာမှုများ တိုးမြှင့်လုပ်ဆောင်ခြင်းနှင့် စမ်းသပ် ဖောက်ခွဲမှုမှ
မြောက်ကိုရီးယားရေတပ် ဖျက်သင်္ဘောများ၊ ရေငုပ် သင်္ဘောများ၊ ကင်းလှည့်
သင်္ဘောများ၊ မြန်နှုန်းမြင့် လှေများ အစရှိသည့် စစ်သင်္ဘော ၁ဝ စီးခန့် ပါဝင်သည့် ရေတပ်
သင်္ဘောစု ၂ စု ကိုလည်း ကိုရီးယား ကျွန်းဆွယ်၏ အရှေ့နှင့် အနောက်ဘက် နေရာများတွင်
တပ်ဖြန့် ထားလျက် ရှိပါသည်။
စစ်ရေးလေ့ကျင့်ခန်းများသည် တားဆီး ကာကွယ်ရေးအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပြောကြားသော်လည်း မြောက်ကိုရီးယား တို့ကမူ ကျူးကျော်ရန် အစမ်းလေ့ကျင့်မှုဟု ထုံးစံအတိုင်း စွပ်စွဲ ကန့်ကွက်ခဲ့သည်။
မည်သို့သော ရန်စကျူးကျော်မှု တွင်မဆို ဆိုးလ်ကို မီးပင်လယ်ဖြစ်အောင် ပြုလုပ်တုန့်ပြန်မည်ဟု
ထိုကြောင့် ကျူးကျော်လိုသူများက ဒေသတွင်း စစ်ပွဲကို လှုံဆော်မီးမွှေးခဲ့မည် ဆိုပါက မြောက်ကိုရီးယား စစ်တပ်နှင့် ပြည်သူများ၏ မကြုံဘူးသော မီးကုန်ယမ်းကုန် ပြန်လည် တိုက်ခိုက်မှုကို ကမ္ဘာက
တွေ့မြင်ကြရမည်” ဟု မြောက်ကိုရီးယား စစ်ဖက်က ကြေညာသည်။
ဂရုဏာကင်းသည့် တန်ပြန်တိုက်စစ်အဖြစ် ဆိုးလ်ကို မီးလောင်တိုက် သွင်းခြင်းကို တွေ့မြင်ကြရမည့် အပြင် ထိပ်တိုက်ရင်ဆိုင်မှု မှန်သမျှကို စိတ်ကူး၍ပင် မရနိုင်သည့် မဟာဗျူဟာ နည်းဗျူဟာများဖြင့် အစိတ်စိတ်အမွှာမွှာ ချေမှုန်းပစ်မည်ဟုလည်း မြောက်ကိုရီးယားက ကြေညာခဲ့သည်။
ထိုနည်းတူ အပစ်အခတ်
ရပ်စဲရေး သဘော တူချက်ကို ပယ်ဖျက်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ယင်းနိုင်ငံ၏ မည်သည့် ရန်စမှုကိုမဆို ပြန်လည် တုံ့ပြန် သွားမည်ဖြစ်ကြောင်း
တောင်ကိုရီးယား စစ်တပ်က သတိပေး ပြောကြားခဲ့သည်။

တောင်ကိုရီးယား
နိုင်ငံသည် ၂၀၁၀ ခုနှစ်တွင် မြောက်ကိုရီးယား နိုင်ငံမှ အမြောက်ဖြင့် ပစ်ခတ်ခဲ့သော
Yeonpyeong ကျွန်း အပါအ၀င် ပင်လယ်ဝါရှိ Baengnyeong ကျွန်းတွင် ပစ်မှတ်ကို တိကျစွာ
ပစ်ခတ် နိုင်စွမ်း ရှိသည့် အစ္စရေး နိုင်ငံလုပ် Spike တင့်ဖျက် ပဲ့ထိန်းဒုံးများကို
အရေအတွက် ၅၀ မှ ၆၀ အထိ တပ်ဖြန့်ချထာကြောင်းး ၄င်းဒုံးများသည် အကွာအဝေး ၂၅ ကီလိုမီတာ
(၁၅-မိုင်) အထိ ရောက်ရှိ ပစ်ခတ်နိုင်ပြီး တောင်ကြားများတွင် တပ်ဖြန့် ချထားသည့် မြောက်ကိုရီးယား
နိုင်ငံမှ အမြောက်များကို ရှာဖွေ ပစ်ခတ် နိုင်စွမ်း ရှိကြောင်း သိရှိရသည်။
စကတ်နှင့်
ရိုဒေါင် ဒုံးကျည်များ ပစ်လွှတ် နိုင်သည့် ရွေ့လျား ဒုံးစင် ၁၀၀ နီးပါး ကွန်မြုနစ် မြောက်ကိုရီးယား
တို့ ပိုင်ဆိုင် ထားကြောင်း တောင်ကိုရီးယား နှင့် အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောကြားထားပြီး
တို့ ပိုင်ဆိုင် ထားကြောင်း တောင်ကိုရီးယား နှင့် အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောကြားထားပြီး
မြောက်ကိုရီးယား တို့ ပိုင်ဆိုင် ထားပြီး ကီလိုမီတာ ၁၃၀၀ ထိ ပစ်လွှတ် နိုင်သော ရိုဒေါင် ရွေ့လျား ဒုံးလွှတ်စင် အခု ၄၀ ခန့် နှင့် ကီလိုမီတာ ၃၀၀၀ မှ ၄၀၀၀ ထိ ပစ်လွှတ် နိုင်သော မူဆူဒန် လွှတ်စင် ၁၄ ခုတို့ ပိုင်ဆိုင် ထားကြောင်း Asia Defense သတင်းတွင် ဖော်ပြထားသည်။
ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖော် ပြောကြား ထားသည်။
No comments:
Post a Comment