4/06/2013

သန်းချီလှူနိုင်တဲ့ သူတောင်းစား


ဘန်ကောက်က ၅၆ ကီလိုမီတာ ဝေးတဲ့ ဆမ်ဖရမ်ခရိုင်က ဗုဒ္ဓ ဘာသာ ဘုရားကျောင်းရှေ့ မှာ နေ့စဉ်ဘဲ မိုးလင်းက မိုးချုပ်ထိ ထိုင်နေတတ်တဲ့ အသက် ၆၃ နှစ်ရှိ ထိုင်း သူတောင်စား ကြီး မစ္စတာ အိုင်ယမ် ကမ်ဘီရာနွန် Aiam Cambhiranon က ထိုင်းနိုင်ငံ နခွန်ပထုန်ရှိ ကျော်ကြားတဲ့ ဘုရားတဆူဖြစ်တဲ့ ၀ပ်ရိုင်းခင်း Wat Rai King (Wat Mongkhon Chindaram). မှာ ထိုင်းဘတ်ငွေ နောက်ထပ် ၁ သန်း ကို  ထပ်မံ လှူဒါန်း လိုက်ပါတယ်။
 မသန်မစွမ်း သူ့ကို ဘယ် ဆွေမျိုးကမှ မစောင့်ရှောက်ကြတဲ့အတွက် မစ္စတာ အိုင်ယမ်ဟာ ဒီဘုရားကျောင်း
 ရှေ့မှာ တောင်းရမ်း နေခဲ့တာ ၃၄ နှစ်တောင်ရှိပါပြီ။
 လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဧပြီလတုန်းက အဲဒီဘုရားမှာ ဘုရားဖူးတွေအတွက် ကြာပန်းကြီး ၀ယ်ဖို့ ထိုင်း ဘတ်ငွေ ၄ သိန်း ဘုရားကို လှူခဲ့တဲ့ သတင်းဟာ အတော် ပျံ့နှံ့သွားပြီး အမည်မသိ သူတောင်းစား ဘ၀ကနေ လူသိရှင်ကြား ဖြစ်ခဲ့ရပါတယ်။
အဲဒီနောက် သူက ဘတ်ငွေ နောက်ထပ် ၉၉၉၉၉၉ ( ဘတ် ၁ သန်းပြည့်ဖို့ တဘတ်လျော့) ကို အဲဒီဘုရားကို ထပ် လှူ လိုက်ချိန်မှာတော့ သတင်းခေါင်းကြီးပိုင်း နေရာတွေပါ သူက နေရာယူနိုင်ခဲ့ပါတယ်။
အခု သူလှူတဲ့ နောက်ထပ် ဘတ် ၁ သန်းဟာလည်း ကြာပန်းဝယ်ဖို့အတွက်နဲ့ ဘုန်းကြီးကျောင်း မှာ ပြန် လည် ထူထောင်ရေးအလုပ်တွေ လုပ်ဖို့အတွက်ပါတဲ့။ ပြောရရင် သူ လှူဒါန်းခဲ့တာ စုစုပေါင်း ဘတ်ငွေ ၂ သန်း ကျော်နေပါပြီ။

ဝပ်ရိုင်ခင်း ဘုရားကျောင်းဟာ နခွန်ပထုန်မှာ အကျော်ကြားဆုံး တွေထဲက တခုဖြစ်ပါတယ်။ တနင်္လာ က သောကြာထိ ကြားရက်တွေမှာ လူပေါင်း ၃ ထောင်လောက်လာကြပြီး စနေ၊ တနင်္ဂနွေတွေမှာတော့ လူ ၅ ထောင်ကနေ ၁ သောင်း ထိ လူတွေက အလည်သွားကြတဲ့ နာမည်ကြီး ဘုန်းကြီးကျောင်း တခုလည်း
ဖြစ်ပါတယ်။
ဘုရားလူကြီး မစ္စ ပွန်ထက်ပ်က ပြောတာမှာတော့ မစ္စတာ အိုင်ယမ်ရဲ့ ကြီးကျယ်တဲ့ လှူဒါန်းမှု သတင်း ပျံ့နှံ့သွားပြီး သူလည်း လူသိရှင်ကြားဖြစ်ခဲ့ပေမယ့် သူက နေမြဲတိုင်း ရိုရိုကျိုးကျိုးပဲ နေဆဲပါဘဲတဲ့။
ဒါပေမယ့် ဘုန်းကြီးကျောင်းက ကျောင်းတိုင်ဆရာတော်က ကျောင်းဝန်းနားက သူငှားနေတဲ့ အိမ်ကို
ရွှေ့ပြီး နေဖို့ တိုက်တွန်းခဲ့တာကိုတော့ သူက လက်ခံခဲ့ပါတယ်။
ဒါကလည်း မသမာသူတွေက သူ့ကို ပစ်မှတ်ထားပြီး ဒုက္ခပေးမှာစိုး လို့ပါ။ ဒါကြောင့်ဘဲ သူဟာ ဘုန်းကြီး
ကျောင်းဝန်းထဲက မြေကြီးပေါ် တဲလေး ထိုးပြီး နေပါတယ်။

သူက တနင်္လာက သောကြာနေ့တွေထိ တရက်ကို ၀င်ငွေက ဘတ်ငွေ ၃ ထောင်က ၄ ထောင်လောက်ရှိပြီး စနေ၊ တနင်္ဂနွေဆိုရင် ဘတ်ငွေ ၂ သောင်းက ၄ သောင်းထိ ၀င်ငွေ ရတယ်လို့ ဆိုပါတယ်။ ခင်လိုဖွယ် ယဉ်ကျေးတဲ့ သူတောင်းစားကြီး မစ္စတာ အိုင်ယမ်ဟာ ဘေးနားက ဖြတ်သွားသူတွေကို ဘယ်တော့မှ လှူဖို့ တန်းဖို့  ပြောလေ့မရှိပါဘူး။

 နောက်ပြီး အဲဒီ ခရိုင်ထဲမှာ ရှိတဲ့ တခြား ဘုရားကျောင်းကန်တွေကိုလည်း သူက ဘတ်ငွေ ၁ သိန်းက နေ ၂ သိန်း လောက်ကိုလည်း လှူဒါန်း ပါသေးတယ်လို့ သူက ပြောပါတယ်။ 

No comments:

Post a Comment