ရုရှား သူလျှိုမယ်ဟောင်း
အန်နာချက်ပ်မန်းသည် သူမ၏ တွစ်တာ ဝက်ဘ်ဆိုက်တွင် စနိုဒန် အနေဖြင့် မိမိကို
လက်ထပ်နိုင်ခြင်း ရှိ၊ မရှိ ဇွန် ၂၃ ရက်မှစ၍ နိုင်ငံရေး ခိုလှုံခွင့်
ရရှိရန် တောင်းခံလျက် ရှိသည့် စနိုဒန်အား မေးမြန်းခဲ့ခြင်း ဖြစ်သည်။


စနိုဒန်သည် ပြီးခဲ့သည့်လက ဟောင်ကောင်သို့ ထွက်ပြေးခဲ့ပြီး အမေရိကန် အမျိုးသား လုံခြုံရေး အေဂျင်စီသည် ကမ္ဘာတစ်ဝန်းရှိ အီးမေးလ်များ၊ ဖုန်းခေါ်ဆိုမှုများကို လျှို့ဝှက် ထောက်လှမ်းလျက် ရှိကြောင်း NSA ၏ အစီအစဉ်များကို ဖွင့်ချခဲ့သည်။ ထို့ပြင် ဥရောပ တစ်ဝန်းရှိ အဆောက်အအုံများတွင် လျှို့ဝှက်ကိရိယာများ တပ်ဆင်ခဲ့ပြီး ဥရောပ၏ ကွန်ပျူတာ ကွန်ရက်များကိုလည်း လျှို့ဝှက် စောင့်ကြည့်ခဲ့ကြောင်း၊ NSA သည် ဥရောပသ မဂ္ဂ၏ အစည်းအဝေးများ၊ အီးမေးလ်နှင့် လျှို့ဝှက် အချက်အလက်များကို ရယူနေကြောင်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂ အဖွဲ့အစည်းသို့ ဥရောပ သမဂ္ဂက တင်ပြမှုများကို အလားတူ စုံစမ်း ထောက်လှမ်းမှုများ ပြုခဲ့ကြောင်း၊ ထို့ပြင် NSA အဖွဲ့သည် ဥရောပသမဂ္ဂ၏ ဌာနချုပ် ဖြစ်သည Justus Lipsius အဆောက်အအကိုလည်း လျှို့ဝှက် ထောက်လှမ်းခြင်း၊ ဖုန်းခေါ်ဆိုမှုများကို ခိုးယူ နားထောင်ခြင်းများ ပြုလုပ်ခဲ့သည်ဟု Der Spiegel မဂ္ဂဇင်းက ထပ်လောင်း ဖော်ပြခဲ့သည်။
ဥရောပသမဂ္ဂသည် အမေရိကန် ပြည်ထောင်စု၏ ကမ္ဘာလုံးဆိုင်ရာ စုံစမ်း ထောက်လှမ်းရေး အစီအစဉ်နှင့် ပတ်သက်၍ ဖြေရှင်းရန် အမေရိကန် အစိုးရကို သတိပေးခဲ့ကြောင်း သိရသည်။
လျက် ရှိကြောင်း အမေရိကန် အစိုးရက ယူဆလျက် ရှိသည်ဟု သိရသည်။
No comments:
Post a Comment