7/27/2013

North Korea Military Parade 60th Anniversary of the Victory Liberation War



ဆယ်နာရီ ဆယ်နာရီခွဲလောက်မှာ အပြင်သွားစရာရှိတာမို့ ကြိုကြိုတင်တင် ရှစ်နာရီလောက် ရေချိုးခန်းထဲ အရောက်မှာ ဖုန်းမြည်သံကြောင့် ပြန်ထွက်ကိုင်ရပါတယ်။
ဆက်လာသူက အပြင်အတူသွားဖို့ချိန်းထားတဲ့ ကျနော့အကိုကြီးပါ “ ဟလို အချိန်ရွှေ့မလို့လား“ “ဘယ်ကလာ ..ခင်ဗျားတို့ ကျနော်တို့ သိထားတဲ့သမိုင်း အတော်လွဲနေတဲ့အကြောင်း ပြောမလို့ဗျ“ “လုပ်ပါအုံး သမိုင်းက ဘယ်ရောက်သွားပီလဲ“ “ကိုးရီးယား စစ်ပွဲတုံးက မြောက်ကိုးရီးယား စစ်နိုင်လိုက်တာ ခင်ဗျားမသိဘူးမှုတ်လား  ဒီနေ့ ပြုံယမ်းမှာ မြောက်ကိုးရီးယားရဲ့ စစ်နိုင်ခြင်း အခန်းအနား  parades လုပ်မလို့တဲ့“ “ဟုတ်လား ဒါဆိုလဲ ပြန်လာရင် ချယ်နယ်နယူစ်-အေရှ မှာကြည့်မယ်လေ
ကျနော်ကတော့ ခင်မမမျိုးစာတွေဖတ်ထားလို့ မြောက်ကိုးရီးယား စစ်နိုင်လိုက်တာ နဲနဲတော့ ရိတ်မိသလို ရှိသားဗျ“
ဒါနဲ့ဘဲ ရေမချိုး ဖြစ်ဘဲ စာရေးဖြစ်သွားပါကြောင်း ။

မြောက်ကိုးရီးယားက တောင်ကိုးရီးယား Ongjin ကျွန်းဆွယ်ကို (၁၉၅၀) ခု၊ ဇွန်လ (၂၅) ရက်၊ နံနက်လေးနာရီအချိန်မှာ လက်နက်ကြီးအကူအညီသုံးပြီး စတင်တိုက် ခိုက်ပါတယ်။
တောင်ကိုးရီးယား အနောက် ကမ်းရိုးတန်းဒေသကို မြောက်ကိုးရီးယား ပြည်သူ့တပ်မတော်က စတင်တိုက်ပြီး မကြာခင် နာရီပိုင်းအတွင်းမှာ် Kaesong ကို မြောက်ကိုးရီးယား တပ်တွေက သိမ်း ပိုက်နိုင်ခဲ့ပါတယ်။
စစ်စတင်ချိန်မှာ အမေရိကန်စစ်ဘက်အကြံပေးတွေအပါအ၀င် တောင်ကိုးရီးယားစစ်တပ်အရာရှိတွေ ခွင့်သွားနေတာမို့ Churchon ဘက်မှာ ခုခံမှုအနည်းငယ် ကြုံတွေ့ရပေမယ့် မြောက်ကိုးရီးယားတပ်တွေကပဲ အနိုင်ရခဲ့ပါတယ်။
စာရင်းအရဆိုရရင်တော့ တဖက်ကို စစ်အင်အား တသိန်းနီးပါးစီရှိတာကြောင့် အင်အားမျှတယ်လို ပြောနိုင်ပါတယ်။

ဒါပေမယ့် တောင်ကိုးရီးယားစစ်တပ်ရဲ့ အဆင့်အတန်းဟာ အမေရိကန် ရုပ်သေးအစိုးရရဲ့ စစ်တပ်ဖြစ်တာမို့ လက်ဝေခံလဲဖြစ် လေ့ကျင့်သင်ကြားပေးမှု မပြည့်မှုနဲ့ စစ်သက် အတွေ့အကြုံကလဲနည်းတာကြောင့် ကိုယ်တပ်ကိုယ်နင်းပီး ထိမ်းမနိုင် သိမ်းမရနဲ့ ရိက္ခာထောက်ပံ့ရေးနဲ့ စစ်လက်နက် အကူအညီ လမ်း ကြောင်းတွေကို ကိုယ်တိုင်ဖျက်ဆီးလိုက်မိတဲ့အပြင် ဟန်မြစ်ပေါ်က တံတားတွေကို ချိုးဖျက်လိုက်ချိန် တံတားတွေပေါ်မှာ စစ်ပြေးနေတဲ့ အရပ်သားတွေ ရာချီပီး သေကြေခဲ့ရပါတယ်။
တဖက်မှာကျတော့ အရည်အခြင်းနဲ့ စစ်သက်အတွေ့အကြုံ ရှိတဲ့ တပ်သားတွေနဲ့ အရာရှိတွေ တနည်းအားဖြင့် တရုတ်ပြည်တွင်းစစ်မှာ ကွန်မြူနစ် တွေဘက်ကနေ ၀င်တိုက်ပေးခဲ့သူတွေ ဆိုဗီယက် တပ်နီတော်မှာ အမှုထမ်းခဲ့သူတွေ ပါဝင်နေတဲ့ မြောက်ကိုးရီးယားတပ်မတော်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်စစ်လက်နက် ပစ္စည်းတွေဖြစ်တဲ့ T-34 တင့်ကား တွေ အပါအ၀င် လက်နက်အင်အား ကလဲ တောင့်တင်းခဲ့ပါတယ်။
ဒါကြောင့် မြောက်ကိုးရီးယားက တောင်ကိုးရီးယားကို ကျူးကျော်ပြီး သုံးရက်အတွင်းမှာပဲ တောင်ကိုးရီးယားရဲ့ ဆိုးလ်မြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒေါ်ခင်မမမျိုးရဲ့ သုံးသပ်ချက် အရဆိုရင်
 “ စစ်ပွဲတခုရဲ့ တရားမျှတမှုရှုထောင့်ကနေ ကြည့်ရင်တော့ ဒီပွဲက ပြီးဆုံးသွားပါပြီ။ မြောက်ကိုးရီးယားတပ်တွေက ပြည်ပလက်နက် အ ကူအညီ ယူထားပေမယ့် တိုက်ပွဲကို သူတို့ကိုယ်တိုင်ပဲ ဆင်နွှဲခဲ့တာပါ။ တောင်ကိုးရီးယားတပ်တွေကလဲ အမေရိကန်ရဲ့ လက်နက်အ ကူအညီတင်သာမက စစ်ရေးအကြံပေးမှုတွေကိုပါ ယူထားပြီး ခုခံတိုက်ပွဲဝင်ခဲ့တာပါပဲ။ ဒီတိုက်ပွဲမှာ မြောက်ကိုးရီးယား စစ်တပ်က အ နိုင်ရသွားခဲ့ပါတယ်။ ကိုးရီးယားတနိုင်ငံလုံးကို ကွန်မြူနစ်စနစ်နဲ့ အုပ်ချုပ်ဖို့ Kim II Sung ရဲ့ မျှော်မှန်းချက်တွေ ပြည့်ဝသွားပြီလို့ ဆိုနိုင် ပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ မော်စီတုန်းတပ်တွေက ချန်ကေရှိတ်တပ်တွေကို အနိုင်ယူခဲ့သလိုမျိုးပဲ ဖြစ်ပါတယ်။ တရုတ်နိုင် ငံကို ဘယ်နည်းဘယ်ဖုံ တည်ဆောက်ကြမယ်ဆိုတာကတော့ တရုတ်ခေါင်းဆောင်တွေနဲ့ တရုတ်ပြည်သူတွေရဲ့ အရေးကိစ္စပါပဲ။ တ ရုတ်နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို တရုတ်ပြည်သူနဲ့ ခေါင်းဆောင်တွေကသာ ဖန်တီးကြမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ကိုးရီးယားပြည်သူတွေမှာတော့ ဒီအခွင့်အရေး မရှိခဲ့ပါဘူး။ ကိုးရီးယားနိုင်ငံရဲ့ အနာဂတ်ကံကြမ္မာကို ကိုးရီးယားပြည်သူတွေ ဖန်တီးခွင့် မရခဲ့ကြပါဘူး။ ကိုးရီးယား အချင်းချင်း တိုက်ကြတဲ့ပွဲမှာ သူတို့ရဲ့ ရုပ်သေးသြဇာခံအစိုးရ အုပ်ချုပ်နေတဲ့ တောင်ကိုးရီးယား ဒေသရဲ့ စစ်တပ်တွေ စစ်ရှုံးတာကို အမေရိကန်နဲ့ မဟာမိတ်တွေက မနှစ်မြို့ခဲ့ကြပါဘူး။ ဗြိတိသျှဝန်ကြီးချုပ် အက်တလီက naked aggression လို့ ကြွေးကြော်ခဲ့ပါတယ်။ အမေရိကန်ကလဲ သူ့သြဇာခံနိုင်ငံဘက်ကနေ ၀င်ရောက်ကူညီပေးဖို့ စတင်ကြိုးပမ်းလာပါ တော့တယ်။ ပမာဆိုရရင် ငါးနှစ်အရွယ်ကလေးတွေကို အချင်းချင်း နပန်းလုံးကြတာမှာ ကိုယ့်ကလေးက မနိုင်တဲ့အခါ လူကြီးတွေကပါ တဘက်က ကလေးငယ်ကို ၀င်ရိုက်ကြသလိုမျိုးပါ။ အဲဒီအချိန်ကာလက အမေရိကန်ရဲ့ ရုပ်သေးအဆင့်လောက်သာ ရှိသေးတဲ့ ကုလ သမဂ္ဂလုံခြုံရေးကောင်စီကလဲ အမေရိကန်ရဲ့ စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုကို legitimate ဖြစ်အောင် ပြုလုပ်ပေးပါတယ်။ ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက တောင်ကိုးရီးယားကို လိုအပ်တဲ့ ကူညီထောက်ပံ့မှု ပေးရမယ်လို့ ယူအင် လုံခြုံရေးကောင်စီက ကြေညာပါတော့တယ်။
 ဒီတုန်းက ဒုတိယကမ္ဘာစစ်ကြီးပြီးစ၊ စစ်အေးတိုက်ပွဲစကာစအချိန်မှာ တခါမှ မ ကွဲခဲ့ဖူးတဲ့ ကိုးရီးယားနိုင်ငံကို မြေပုံပေါ်မှာ တောင်နှင့်မြောက်ဖြစ်အောင် အမေရိကန် စစ်ဘက်အကြံပေးများက ခွဲခဲ့ပြီးမှ ကိုးရီးယား ပြည်သူအချင်းချင်း စစ်တိုက်ပြီး တဘက်မှ တဘက်ကို အနိုင်ရမှုဟာ ကမ္ဘာ့ငြိမ်းချမ်းရေးကို ထိခိုက်တာ မထိခိုက်တာတော့ မသေချာ။ အမေရိကန်ရဲ့ ကွန်မြူနစ်နှိမ်နင်းရေး Truman Doctrine ကို အရှိုက်ထိသွားတာတော့ သေချာပါတယ်။ ယူအင်ရဲ့ လုပ်ငန်းဆောင် တာတွေကို အနောက်နိုင်ငံတွေ အလိုကျမဖြစ်အောင် check and balance လုပ်ပေးနိုင်မယ့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကလဲ ယူအင်မှာ မရောက်သေးပါ။ ယူအင်မှာ တရုတ်ထိုင်ခုံကို ယူထားတာက ချန်ကေရှိတ်အစိုးရ ဖြစ်ပါတယ်။ ဆိုဗီယက်ကလဲ အမေရိကန် နဲ့ ထိပ်တိုက် မတွေ့လိုသေးပါ။ ဒါကြောင့် ယူအင်က အမေရိကန် စိတ်တိုင်းကျ စီမံလို့ရတဲ့ နေရာကြီးတခု ဖြစ်နေခဲ့ပါတယ်။
ဒီလိုနဲ့ ဇွန်လ ၂၇ ရက်နေ့မှာ ထွက်ပေါ်လာခဲ့တဲ့ UN Resolution ကို ကိုင်ပြီး အမေရိကန်က စတင်လှုပ်ရှားပါတော့တယ်။ ဂျပန်မှာ အ ခြေစိုက်နေတဲ့ အမေရိကန် ဗိုလ်ချုပ် Douglas MacArthur ကို ကိုးရီးယား ဆိုးလ်မြို့ရဲ့တောင်ပိုင်း ဟန်မြစ်ကမ်းတဘက်က တောင် ကိုးရီးယားတပ်တွေဆီကို သွားဖို့ စေလွှတ်ခဲ့ပါတယ်။ ဇွန်လ ၂၉ ရက်နေ့မှာ ဗိုလ်ချုပ် မက်စ်အာသာ စစ်မြေပြင်ကိုရောက်သွားတော့ သွေးပျက်နေတဲ့ တောင်ကိုးရီးယားစစ်တပ်ကို တွေ့ရပါတော့တယ်။ သွေးပျက်နေတဲ့ တပ်သားတွေနဲ့ တိုက်ပွဲဝင်ဖို့ဆိုတာ မဖြစ်နိုင်တာ ကြောင့် အမေရိကန်တပ်သားတွေ ၀င်ရောက်စစ်ကူတိုက်ခိုက်မှ ရမယ်ဆိုတဲ့အကြောင်း ထရူးမင်းဆီကို အစီရင်ခံစာရောက်ပါတယ်။ အမေရိကန် သမ္မတက နောက်တနေ့မှာပဲ ယူအက်စ်တပ်တွေကို တောင်ကိုးရီးယားကို စပြီး ပို့ပါတော့တယ်။ အမေရိကန်က ကုလသ မဂ္ဂလုံခြုံရေးကောင်စီက Resolution ကို ကိုင်ထားတဲ့အတွက် တခြားယူအင်နိုင်ငံတွေကလဲ တောင်ကိုးရီးယားဘက်ကနေ ကူညီ တိုက်ခိုက်ရပါတော့တယ်။ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ ကိုလံဘီယာ၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတွေက ကုလသမဂ္ဂတပ် တွေအနေနဲ့ ပါဝင်အားဖြည့်ကြပါတယ်။ “ လို့ဒေါ်ခင်မမမျိုးက ဆိုပါတယ်…….

ဒါကြောင့် ဒီစစ်ပွဲဟာ သူတို့နိုင်တဲ့ပွဲလို့ မြောက်ကိုးရီးယားပြောမယ်ဆိုရင် ကျနော်ကတော့ ပြေပြေလျော့လျော့ လက်ခံမယ့်အယူ ရှိပါတယ်။
ကျနော်တို့အပြင်သွားကြတော့ ကားပေါ်မှာ ကိုးရီးယားစစ်ပွဲကြီး ရက်ရက်စက်စက် ပြင်းထန်ခဲ့ပုံကို
ဆွးနွေးဖြစ်ပါသေးတယ်။
အမေရိကန်တို့ ၀င်မပါရင် မြောက်ကိုးရီးယား နိုင်တဲ့ပွဲလို့ ကျနော်ကလက်ခံပေးနိုင်ကြောင်း ကျနော်ကပြောတော့ တရုတ်အင်အား သန်းချီပါဝင်တဲ့အကြောင်း လူဒီလှိုင်းစစ်ဆင်ရေးအကြောင်း ရောက်သွားပြန်ပါတယ်။

စစ်ပွဲသည် တရုပ်၊ ရုရှား၊ မြောက်ကိုးရီးယား ကွန်မြူနစ်နိုင်ငံများနှင့် အမေရိကန်၊ အနောက်နိုင်ငံများ၊ တောင်ကိုးရီးယားတို့၏ အကျိတ်အနယ် အားစမ်းမှုဖြစ်သည်။

မြောက်ကိုးရီးယားစစ်တပ်နှင့် ဆိုဗီယက်စစ်အကြံပေးများ ၂လအတွင်း တောင်ကိုးရီးယားမြို့တော် ဆိုးလ်မြို့တော်ကို သိမ်းပိုက်လိုက်သည်။
အမေရိကန်နှင့် တောင်ကိုးရီးယားတပ်များ အကြီးကျယ်ဆုံးရှုံးမှုမှာ လေကြောင်းအင်အားအကူဖြင့် ၂ပတ်အကြာ ဆိုးလ်းမြို့တော်ကို ပြန်လည်သိမ်းပိုက်ခဲ့ပြီး၊ရက်ပိုင်းအတွင်း မြောက်ကိုးရီးယားနိုင်ငံမြို့များစွာနှင့် မြောက်ကိုးရီးယားမြို့တော် ပြုံယမ်းအထိ ချီတက်၊ သိမ်းပိုက်နိုင်လိုက်သည်။ တောင်ကိုးရီးယားတပ်များ တန်ပြန်ထိုးစစ်ဖြင့် အနိုင်ရရှိနေချိန် မမျှော်လင့်ပဲ တရုပ်စစ်တပ်ကြီး 25Oct1950 တွင် ရုတ်တရက် ၀င်ရောက်တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သမိုင်းတွင် အရှည်လျှားဆုံ တပ်ဆုတ်ခွာခရီး စတင်ခဲ့ရသည်။ ဆိုးလ်မြို့လည်း ပြန်လည်ကျဆုံးသွားပြီး တရုပ်၊ မြောက်ကိုးရီးယားတပ်များ တောင်ကိုးရီးယားတစ်ခုလုံး သိမ်းပိုက်လုနီးပါးဖြစ်ခဲ့သည်။ အမေရိကန်က ညူကလီယာလက်နက်သုံးလုနီးပါး အရှုံးကြီးရှုံးခဲ့သည်။ အမေရိကန်သမ္မတ ထရူးမင်းက စစ်ဗိုလ်ချုပ်မက်အာသာ MacArthur, နေရာတွင်၊ စစ်ဗိုလ်ချုပ်ရစ်ဝေး Ridgway ဖြင့်အစားထိုးလိုက်သည်။  Jul 1953 တိုင် ၂နှစ်ကြာအောင် အမေရိကန်၊ကုလနှင့်တောင်ကိုးရီးယားတပ်များက တိုက်ပွဲများစွာဖြင့်လက်လွတ်ခဲ့ရသော  မြို့၊ နယ်မြေများ ကို ပြန်သိမ်းခဲ့ရသည်။
၁၉၅၃ ဇူလိုင်လတွင် နေမြဲနေရာများသို့ ပြန်လည်ဆုတ်ခွာပြီး စစ်ရပ်စဲခဲ့သည်။

 အမေရိကန် ၊တောင်ကိုးရီးယား စစ်သားများ ၂သိန်းခန့်သေဆုံးပြီး၊ ၆သိန်းခန့် ဒဏ်ရာရခဲ့သည်။
 တရုပ်၊မြောက်ကိုးရီးယား စစ်သားများ ၄သိန်းကျော် သေဆုံးခဲ့ပြီး၊ ၇သိန်းခန့် ဒဏ်ရာရခဲ့သည်။
 ပြည်သူလူထု ၂သန်းခွဲခန့် သေကြေဒဏ်ရာရခဲ့သည်။
ဒီစစ်ပွဲမှာ မှတ်ကျောက်အဖြစ် မြောက်ကိုးရီးယားနဲ့ တရုတ်တပ်တွေက (၇၄၅) မိုင်အရှည် ရှိတဲ့ မြေအောက်ဥမင်လှိုဏ်ခေါင်း ကွန်ယက်ကြီးဆင်ခဲ့တာ ၁၉၅၃ ခုနှစ်၊ နှစ်ဦးပိုင်းမှာ တရုတ်စစ်သည်အင်အား တသန်းကျော် (သေပီးသူမပါ) ယူအင်တပ်အင်အား ရှစ်သိန်းကျော် စစ်မြေပြင်ပေါ်မှာ ရှိနေခဲ့သည်။

 နောက်ဆုံးတော့ ကိုးရီးယား တောင်နဲ့ မြောက်ကို စစ်ရေးအရ တဘက်နဲ့တဘက် ကျူးကျော်ပြီး ပြန်လည်ပေါင်းစည်းပေးဖို့ ခက်ခဲကြောင်း နှစ်ဘက်စလုံးက သ ဘောပေါက်လာတာမို့ (၁၉၅၃) ခုနှစ်၊ ဇွန်လ (၂၇) ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို သဘောတူ လက်မှတ်ရေးထိုး ပီး သုံးနှစ်၊ သုံးလနဲ့ သုံးရက်ကြာခဲ့တဲ့ စစ်ကြီးပီးခဲ့ပေမဲ့ အခုအခါမှာ
မြောက်ကိုးရီးယားဖက်က ပြဿနာ ကတော့ မဆုံးသေးပါဘူး ၁၉၅၃ ကိုးရီးယား စစ်ပွဲမှာ အပစ်အခတ် ရပ်စဲရေး စာချုပ်မျှသာ လက်မှတ် ရေးထိုးထားခြင်း ဖြစ်၍ တောင်နှင့်မြောက် ကိုးရီးယား ၂ နိုင်ငံ စစ်မပြီးသေးသည့် သဘော သက်ရောက်နေရာ၊ မည်သည့် အပြောင်းအလဲများကို ပြင်ဆင်နေသည်၊ တပ်ဖွဲ့ဝင် ၁.၂ သန်းနှင့် အရံစစ်သည် ၇.၇ သန်းရှိ စစ်အင်အားကို ဂျိုထောင်လာသော ဥမမယ်စာမမြောက် အာဏာရှင် လက်တောက်က မည်သို့ ကိုင်တွယ်မည် စသည်ကို ကမ္ဘာက  ထိန်းမရနိုင်ဖြစ်နေဆဲဖြစ်သည်။
လက်ရှိကာလမှာ ခြေလျှင်တပ် တစ်သန်းတစ်သိန်း နဲ့ ၇သိန်း အရေအတွက်အားဖြင့်၊ စစ်လက်နက်ပစ္စည်းများမှာ သာလွန်တဲ့အပြင် ညူကလီယာဗုံး ၄လုံးကနေ ၁၂လုံးအထိ မြောက်ကိုးရီးယားက ပိုင်ဆိုင်ပါတယ်။ 




လူအင်အားနဲ့ကြည့်ရင် တောင်ကိုးရီးယားစစ်သည် အင်အားတ၀က်ပဲရှိပေမဲ့ ကျန်းမာ၊ ကြံခိုင်၊ ခေတ်ပညာတတ်၊ ကျွမ်းကျင်မှုများရှိပါတယ်။ အထူးလေ့ကျင့်ထားသူများဖြစ်ပါတယ်။ လေကြောင်းစိုးမိုးမှုကို ခဏတွင်းမှာ ရယူနိုင်ပါတယ်။ အမေရိကန်တပ်သား ၂၈,၀၀၀ လည်း ရှိနေပါတယ်။ နည်းစနစ်ပိုင်းမှာ မယှဉ်နိုင်ပါ။

စိုးရိမ်စရာကောင်းတာက ဘာအတွေ့အကြုံမှမရှိတဲ့ ချာတိတ်လက်ထဲမှာ ညူကလီယာဗုံးများနဲ့ ဒုံးပျံပစ်စွမ်းအားတွေ ပိုင်ဆိုင်ထားပါတယ်။ ဓါတုလက်နက်မှာလည်း ကမ္ဘာ့တတိယ အကြီးဆုံးအင်အား တန်ချိန် ၅၀၀၀ ပိုင်ဆိုင်ပါတယ်။ စစ်သည် ၁သန်း၁သိန်း၊ တင့်ကား ၄၁၀၀၊  သံချပ်ကား ၂၅၀၀၊ အမြောက်လက်နက် ၃၀,၀၀၀ ရှိပါတယ်။

ကိုင်းဘယ်လိုဖြစ်လာမလဲ။



No comments:

Post a Comment