11/20/2013

မင်းတရား အိမ်မက်



ထိုင်းဘုရင့်ကိုယ်စားလှယ်အဖွဲ့ အဖြစ် ထိုင်းသံဃာတော် နှစ်ပါးဦးဆောင်သော ထိုင်းနိုင်ငံဘုရင် မင်းမြတ်၏ ဆွေတော်မျိုးတော်နှင့်  ထိုင်းဘုရင့်တပ်မတော်မှကိုယ်စားလှယ် ရှစ်ဦးပါဝင်သော အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက်နေ့တွင်မွန်ပြည်နယ် မုဒုံမြို့ ဝင်းစိန် တောရကျောင်း၌ သီတင်းသုံးနေသည့် ဝင်းစိန် တောရဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဓဇဘဒ္ဒန္တကေသရကို အမှူးထား၍ ပင့်သံဃာ ၁၆၀ ကို ကထိန်သင်္ကန်းကပ်လှူ ပူဇော်ခဲ့ကြသည်။

သင်္ကန်း ကပ်လှူပွဲသို့ ထိုင်းနိုင်ငံ ဘုရင့်ကိုယ်စားလှယ်အဖွဲ့အပြင် အဆိုပါပွဲသို့ ထိုင်းနိုင် ငံသား ၂ဝဝခန့် နိုဝင်ဘာ ၁၄ ရက်နှင့် ၁၅ ရက်နေ့များတွင် လေကြောင်းလိုင်းဖြင့် လည်းကောင်း၊ မြဝတီဘက်မှ မော်တော်ယာဉ်များ ဖြင့်လည်းကောင်း

မွန်ပြည်နယ် အစိုးရအဖွဲ့၏ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးသက်ဝင်း၊ မွန်ပြည်နယ် ကျန်းမာရေးဝန်ကြီး ဒေါက်တာလှဦး တို့နှင့်အတူ မွန်ပြည်နယ်အတွင်း ရှိ ပြည်သူ ၃ဝဝဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

ဝင်းစိန် ဆရာတော်ကြီးမှ ထိုင်းဘုရင် မင်းမြတ်အား ကြွရောက် ဆေးကုသ ပေးခဲ့သည်ကို အိပ်မက် မြင်မက်၍ ထိုင်းဘုရင်၏ ရောဂါများ ပျောက်ကင်း ကျန်းမာ ရွှင်လန်းခဲ့ရာ ဝင်းစိန် ဆရာတော်ကြီးနှင့် ပင့်သံဃာအပါး ၁၆ဝအား ကထိန် သင်္ကန်း တစ်စုံစီနှင့် ရဟန်း၊ ကိုရင်၊ သီလရှင်၊ ယောဂီအပါး ၁ဝဝဝ အတွက် ဆွမ်းဒါနနှင့် လူပုဂ္ဂိုလ်များအား စတုဒိသာများ ကျွေးမွေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းဘုရင်မင်းမြတ် နာမကျန်း ဖြစ်နေစဉ်အတွင်း ဆရာတော်ဘုရားအား သုံးကြိမ်တိုင်တိုင် အိပ်မက် မြင်မက်ခဲ့ကြောင်း ပထမ တစ်ကြိမ်မက်စဉ် ဆရာတော်ဘုရားက ဘုရင်မင်းတရားထံ ကြွလာတော်မူကာ  တစ်ခုခု လာတိုက်ကျွေးတာမျိုးမြင်မက်ကြောင်း နောက် ဒုတိယအကြိမ်လည်း တစ်ခုခု လာတိုက်ကျွေးတာမျိုးမြင်မက်ကြောင်း  ဘုရင်မင်းမြတ်က ထူးခြားတယ်ဆိုပြီး မိန့်တော်မူတာကြောင့် ထိုင်းတစ်နိုင်ငံလုံးက ဆရာတော်ကြီးတွေရဲ့ ဓါတ်ပုံကို ပြတော့ ဘုရင်က မဟုတ်ဘူးလို့ ပြောတယ် တတိယအကြိမ် ထပ်မက်တယ် အဲဒီအကြိမ်မှာတော့ ဆရာတော်ဘုရားကြီးနဲ့အတူ  လျာင်းတော်မူဘုရားကြီးကိုရော
 မြင်ရတယ်လို့ပြောတယ် အိပ်မက်အတိုင်း လိုက်လံရှာဖွေ စုံစမ်းရာ လျောင်းတော်မူဘုရားကြီးက မြန်မာနိုင်ငံထဲမှာ ဆရာတော်ဘုရား တည်ထားသည့် အတောင် ၄၀၀ ပြည့် လျောင်းတော်မူ ဘုရားကြီးနှင့် ဝင်းစိန် တောရသာသနာပြု စခန်း ဖြစ်ကြောင်း သိရှိရပြီးနောက် ဆရာတော်ဘုရားရဲ့ ဓါတ်ပုံကိုလည်း ဘုရင်မင်းမြတ်ကို ပြတော့ ဆရာတော်ဖြစ်ကြောင်း အတည်ပြုပေးတယ် ဘုရင်မင်းမြတ်က ကြည်ညို လွန်းသဖြင့် မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ကာ ထိုင်း ဘုရင်မင်းမြတ်က ကထိန်သင်္ကန်း ကပ်လှူရခြင်းဖြစ်ကြောင်း သိရသည်။



သက်တော် ၉၂ နှစ်ရှိတော်မူသော ဝင်းစိန် တောရဆရာတော် ဘုရားကြီးသည် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဘုရားကြီးဟု ပြောဆိုနေကြသည့် အတောင် ၄၀၀ ပြည့် လျောင်းတော်မူ ဘုရားကြီးအပြင် အတောင် ၇၀ အမြင့်ရှိ ရှင်ဥပဂုတ် မထေရ်မြတ် ရုပ်ပွားတော်နှင့် ဆရာတော်ဘုရား၏ ဇာတိရွာဖြစ်သည့် မုဒုံမြို့နယ် လက်တက် ကျေးရွာတွင် အတောင် ၁၈၀ ထိုင်တော်မူ ဗုဒ္ဓ ရုပ်ပွားတော်ကိုလည်း တည်ထားသည်။

No comments:

Post a Comment