5/24/2014

အစိမ်းရောင်ဖြင့် လွှမ်းအုပ်လိုက်သော ထိုင်းရောင်စုံ နိုင်ငံရေး


မထမဦးစွာ အသိအမှတ်ပြု ချီးကျူး သင့်တဲ့ ထိုင်းပြည်သူတွေရဲ့ စည်းကမ်းတကျရှိမှုနဲ့ ထိုင်းအုပ်ချုပ်ရေး ယန္တယား စနစ်တကျရှိမှုကို အလေးအနက် အသိအမှတ်ပြု ဖေါ်ပြလိုက်ပါတယ်။

ဒီမိုကရေစီနည်းလမ်းအရ ရွေးကောက် တင်မြောက်ခံ အစိုးရတရပ် နုတ်ထွက်ဖို့ ဆန္ဒပြဆန့်ကျင်မှုကို ဒီမိုကရက်တစ် လွှတ်တော် အမတ် ဒုတိယ ဝန်ကြီးချုပ်ဟောင်း ဆူတက်တောင်ဆူဘန် ဦးဆောင်ကာ အတိုက်အခံတွေ အနေနဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနကို ဝင်ရောက် စီးနင်းဖို့ လှုံ့ဆော်ခဲ့ပါတယ်။ ဘန်ကောက် တိုင်းရဲချုပ်ရုံး သိမ်းပိုက်ဖို့ အတွက် ကြိုးစား တာကြောင့် ရဲနဲ့ ထိပ်တိုက် တွေ့ပြီး ရဲကနေ မျက်ရည်ယ်ုဗုံးတွေ  ရာဘာ ကျည်ဆံတွေ သုံးရတဲ့ အထိ ဖြစ်ခဲ့ရ တာကြောင့် ထိုင်း ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်က ထိုင်းလွှတ်တော်ကို ၂၀၁၃ ဒီဇင်ဘာလ ၉ရက်နေ့ နံနက် ၈း၄၅နာရီမှာ ဖျက်သိမ်းကြောင်း ကြေညာလိုက်ပါတယ်။

လွှတ်တော်ကိုဖျက်ပေး ရွေးကောက်ပွဲ ပြန်လုပ်ပေးလဲမကြေနပ် လက်မခံ အခြေအနေအရပ်ရပ်မှာ ယင်းလပ်ဖယ်ရှားရေးက အဓိကဖြစ်နေတော့ တဆင့်တဆင့်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နဝပ်ကို တရားလွှတ်တော်ချုပ်အမိန့်နဲ့ ရာထူးကနေ ဖယ်ရှားခဲ့အပြီး နောက်ဆုံး ဒီမိုကရေစီလမ်းကြောင်းလေးကို ဆုပ်ကိုင်ထားတဲ့အနေနဲ့ ဒု-ဝန်ကြီးချုပ် “နိဝပ်ထမ်မရုန် ဘူလ်ဖိုင်စန်“ နဲ့ ယာယီအစိုးရက ဆက်လက် အုပ်ချုပ်နေပါတယ်။ 

ယာယီအစိုးရဆိုတာလည်း ဝန်ကြီးတွေ မရှိကြပဲ ဒုဝန်ကြီးများနှင့်သာ အုပ်ချုပ်ရေးယန္တယားလည်ပတ်နေတာမို့ တကယ့်တကယ် ဘာမှ အာဏာမရှိတော့ပါဘူး။
ဒါပေမယ့် အာဏာနဲ့အုပ်ချုပ်တာ မဟုတ်ပဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုအလေးထားပြီး စည်းမျဉ်းစည်းကမ်းနဲ့အညီ ဥပဒေကိုလေးစား အုပ်ချုပ်ကြ ဝန်ထမ်းတွေသူ့အလုပ်သူလုပ် ထိုင်းတနိုင်ငံလုံး မင်းမဲ့ကာလမဖြစ် တလူတမင်း မဖြစ် ငြိမ်ဝပ်ပိပြားရေး ကော်မတီမလို အခြေခံအားဖြင့် အေးချမ်းသာယာမှုမပျက်တာ နမူနာ ပြု လေးစား သင့်ပါတယ်။

အနီကထောက်ခံတဲ့ပါတီ အစိုးရဖြစ်ရင် အ၀ါက သဘိတ်မှောက်မယ် ဆန္ဒပြမယ်။ အ၀ါဖက်က လိုလားထောက်ခံသူ ရွေးကောက်ခံအစိုးရ ဖြစ်လာရင် အနီက ဆန္ဒပြဆန့်ကျင်မယ် အပြုတ်တိုက်မယ်။ ဒီလိုသံသရာလည်နေတဲ့ ထိုင်း ရောင်စုံ နိုင်ငံရေးဟာ အစိမ်းရောင်လွှမ်းဖို့ စစ်တပ်အာဏာသိမ်းဖို့ဖက်ကို သွားနေဘီလို့ လွန်ခဲ့တဲ့ ၆လလောက်ထဲက အများက ယူဆကြပါတယ်။




နှစ်ချီပြီး သူတလီ ငါတလှည့် ဇောင်းတကြွကြွ ဖြစ်ခဲ့တဲ့ ပွဲတွေမှာလဲ စစ်တပ်ကတော့ အာဏာမသိမ်းပါဘူးလို့ ထွက်ထွက်ပီး မကြာမကြာ ပြောပါတယ်။

ဒီနှစ်အခင်းမှာတော့ သမားရိုးကျ အခြေအနေမှာ စစ်တပ်ဟာ ၀န်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ကို တာဝန်ခံရမှာဖြစ်ပေမဲ့ ကြားမှာ ခပ်မဆိပ်ဘဲ အခြေအနေကို ထိန်းပေးဟန် ရှိနေပါတယ်။ 

၂ဝဝ၆ ခုနှစ်မှာ စစ်တပ် အာဏာသိမ်းပြီး သက်ဆင်ကို ဖြုတ်ချပစ်ခဲ့တဲ့ နောက်ပိုင်း  ကျင်းပသမျှ ရွေး ကောက်ပွဲတွေမှာ Thai Rak Thai ပါတီကို အသွင်ပြောင်းတစ်ဖြစ်လဲ ထားတဲ့ သက်ဆင်လိုလားတဲ့ ပါတီတွေ ကချည်းပဲ အနိုင်ရခဲ့လို့ တက်လာသမျှ သက်ဆင်ဘက်တော်သား ဝန် ကြီးချုပ်တွေကို အကြောင်းအမျိုးမျိုးပြပြီး ဖြုတ်ချပစ်ခဲ့ကြရတာကြောင့်  အာဏာသိမ်းတဲ့အထိ လက်မလျှိုခြင်ကြပေမဲ့ အခု ထိုင်းအခြေအနေက ဒီအတိုင်းသာ သွားနေရင် လုံးပါးပါးပီး ရင်ကျိုးရတော့မယ့် အခြေ ဆိုက်နေပီး   ပြီးခဲ့တဲ့အပတ်အတွင်းမှာလည်း သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ဘက်စလုံးမှာ လက်နက်ကိုင်တွေလည်းရှိနေ၊ နိုင်ငံရေးအရလည်း မလျှော့တမ်း တင်းမာနေကြတာမို့ ပြည်တွင်းစစ် ဖြစ်မလား တိုင်းပြည်ပျက်မလား ဆိုးနေတဲ့ အခြေအနေမှာ ထိုင်းစစ်တပ်က ၀င်ပါမှသာ အနာဂတ် ထိုင်းနိုင်ငံရေးကို ဒီမိုကရေစီ လမ်ကြောင်းပေါ် ပြန်တင်ပေးနိုင်ဖို့အတွက် မျော်လင့်နိုင်စရာ ရှိပါတယ်။

စစ်တပ်အနေနဲ့ ဘယ်ဘက်ကမှ မလိုက်ဘဲ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အထိ အခြေအနေကို ထိန်းသိမ်းသွားဖို့တော့ မလွဲမသွေ လိုအပ်ပါတယ်။

လောလောဆယ် ဗန်ကောက်အခြေအနေကတော့ အာဏာသိမ်း ကော်မတီ ဖွဲ့စည်းပုံကြေညာရာတွင် ဗိုလ်ချုပ်ကြီး ချမ်အုံချာ ကော်မတီအကြီးအကဲအဖြစ်တာဝန်ယူကာ ဒုတာဝန်ခံများအဖြစ် ကြည်းရေလေဦးစီးချုပ်များအား တာဝန်ပေးသည်။

  နိုင်ငံရေး ခေါင်းဆောင်များ ယာယီထိန်းသိမ်းထားတာ တချို့တွေရဲ့ အိမ်ကို ၀င်ရောက်ရှာဖွေတာတွေ ကြားနေရပြီး ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင်များ တပ်ကို သတင်းပို့ရသည်။

 ည၁၀နာရီမှ မနက်၅နာရီ ညမထွက်ရ အမိန့် လူ၅ဦးထက်ပိုမစုရအမိန့်ထုတ်ပြန်ထားခြင်း BTS, MRT ရထားလိုင်းများ ည၉နာရီ ပိတ်ခြင်း အ၀ါ အနီဆန္ဒပြနေရာကို တပ်မှ ဝင်ရောက်ရှင်းလင်းလိုက်ပီး အိမ်ပြန်စေခြင်း လှေ၊ ကား၊ ရထား ၉နာရီပိတ်ရသော်လည်း နိုင်င်္ငခြားခရီးအတွက် လေယာဉ်ကွင်း ပုံမှန်သွားလာနိုင်သည်။
 
နေရှင်း၊ ဘန်ကောက်ပို့စ် သတင်းစာတိုက်များ တပ်မှ အစောင့်အနေထားရှိသည်။ တီဗီလိုင်းအချို့ ပိတ်ထားသည်။
လွှတ်တော်၊ တရားရုံးနှင့် အခြားလွပ်လပ်သော အဖွဲ့အစည်းများပုံမှန်ရှိမည်ဆိုသည်။
 
အရေးပေါ် ကာဖျူးး အမိန့်သည် ညတာဝန်ကျ အစိုးရဝန်ထမ်းများ၊ အစားအစာ ဈေးရောင်းအိမ်ပြန်သူများ၊ ကယ်ဆယ်ရေး တာဝန်ကျ ဝန်ထမ်းများ၊ ကျန်းမာရေးအတွက် အရေးပေါ်ဆေးရုံသွားရသူများ၊ စသည်တို့ကို ကင်းလွတ်ခွင့်ပြုသည်။ လေဆိပ်သွားရမည့်သူများ တပ်မှအကူအညီပေးမည် အရေးပေါ် မဖြစ်မနေ ခရီးသွားရမည်ဆိုလျှင် နီးစပ်ရာရှိ တပ်ဆွယ် တပ်စုများကို သတင်းပို့ အကူအညီတောင်းနိုင်သည် ။

No comments:

Post a Comment