7/16/2016

မိတ်ဆွေဟောင်း

 ရေးစရာ အကြောင်းအရာလေးတွေ ရှာပေးတတ်သလို ရေးသင့်တာလေးတွေလဲ အကြံပေးလေ့ရှိတဲ့ သူတယောက်က ပို့လာတာပါ။ ဇတ်လမ်းက အသစ်မဟုတ်သလို ရိုးသွားမဲ့ ဇတ်လဲမဟုတ်ပါဘူး။
ဘာလို့လဲဆိုတော ကမ္ဘာ့ ငပွကြီး CIA ဇတ်လမ်းမို့လို့ပါ။
-
မနှစ်က(၂၀၁၅)ထုတ် ချင်းမိုင်အခြေပြု ခရီးသွားဂျာနယ်တခုမှာ သူ့အကြောင်းတဖွဲ့တနွဲ့ ရေးထားသည်ကို
 တွေ့လိုက်ရသေးသည်။

 မြန်မာဖွား CIA ဝန်ထမ်းဟောင်း
ဝီလီယံ(ဘီလျံ)ယန်းဟာ ၂၀၁၁ ဧပြီလထဲမှာ ချင်းမိုင်တွင်  ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သူဖြစ်သည်။ သေဆုံးချိန်မှာ
 ခေါင်းတွင် သေနတ်ဒဏ်ရာတချက်ရှိနေသည်။လက်တဖက်တွင်သေနတ်ကိုင်ထားပြီးအခြားတဖက်တွင် လက်ဝါးကားတိုင်တခု ကိုင်ထားသည်ကို မြင်တွေ့ခဲ့ရသည်ဟု သတင်းရင်းမြစ်တခုက ပြောသည်။



ဘီလ်ယန်း၏ အမေရိကန်နိုင်ငံသား အဘိုးသည်  ၁၉ ရာစု နှောင်းပိုင်းကသားဟဲရိုး(ဘီလ်ယန်း၏ဖခင်)နှင့် အတူ ခရစ်ယာန်တရားဟောဆရာအဖြစ် မြန်မာပြည်သို့ ရောက်ရှိလာခဲ့သည်။ 
ထို့နောက် ဒုတိယကမ္ဘာစစ် ကာလနှင့် မော်စီတုံး၏ ကွန်မြူနစ်ပါတီက တရုတ်နိုင်ငံတွင် အောင်ပွဲရခဲ့သည့် ကာလများအတွင်း ဟဲရိုးမှာ တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်များအတွင်း သူလျှိုအဖြစ် အမှုထမ်းရန် အမေရိကန်က ဆင့်ခေါ်ခြင်း ခံခဲ့ရသည်။


မြန်မပြည်နယ်စပ် တောင်ပေါ်ဒေသတွင် မွေးဖွါးကြီးပြင်းလာသော ဘီလ်ယန်းသည် ဘာသာစကား ကျွမ်းကျင်မှု၊ နယ်မြေကျွမ်းကျင်မှု၊ ဓလေ့ထုံးတမ်းများနားလည်ကျွမ်းကျင်မှုများကြောင့်သူ့ကို CIAက အထူးသဘောကျခဲ့ရာမှ ဖခင်၏ ခြေရာနင်းကာ CIA၏ ထောက်လှမ်းရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။
 
 အမေရိကန်က ဗီယက်နမ်၌ စစ်ပွဲကြီးတခု ပါဝင် ဆင်နွှဲသောအခါ ဘီလ်ယန်းသည် လားဟူနှင့် ဝတိုင်းရင်းသားများ ပါဝင်သည့် စစ်တပ်ငယ်တခု ဖွဲ့ကာ ငွေပေး၍ လာအိုထဲ ဖြတ်သန်းသွားသည့်  
မြောက်ဗီယက်နမ်၏ ထောက်ပံ့ရေးလမ်းကြောင်း ဟိုချီမင်းလမ်းမကြီးကို 
 ဖြတ်တောက် နှောင့်ယှက်တိုက်ခိုက်စေခဲ့သည်။
 -
ဗီယက်နမ် စစ်ပွဲကာလအတွင်း လာအိုသည် တရားဝင်အားဖြင့် ကြားနေနိုင်ငံတခုဖြစ်ပြီး၊ လာအိုနယ်မြေပေါ်၌ ပြုလုပ်သော အမေရိကန် စစ်ရေးအစီအစဉ် အားလုံးသည် ထိပ်တန်းလျှို့ဝှက်ဖြစ်ကာ အများစုကို ယန်းကဲ့သို့သော CIA သူလျှိုများဖြင့် ဖွဲ့ စည်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ဆင်ရေး အစောပိုင်းကာလများအတွင်း ယန်းကို လာအိုအလယ်ပိုင်း၌ လေကြောင်းမှ ချပေးခဲ့ကာ လေတပ်အခြေစိုက် စခန်းတခု ထူထောင်ရန် သင့်တော်မည့် နေရာတခု ရှာဖွေခိုင်းခဲ့သည်။
 တောင်ထူထပ်သော ဒေသအတွင်း ခြေလျင်လှည့်လည်ကာ ရှာဖွေခဲ့ရာ နောက်ဆုံးတွင် ပုန်းကွယ်နေသော တောင်ကြားလွင်ပြင်အတွင်း လုံချန် အမည်ရှိ ဒေသကို တွေ့ရှိခဲ့ကာ နောင်တွင် အရှေ့တောင်အာရှအတွင်း လေယာဉ် အဆင်းအတက်အများဆုံးလေယာဉ်ကွင်း တခုဖြစ်လာခဲ့သည်။ CIAက ဖန်တီးမွေးထုတ်ထားသော အဲအမေရိက လေကြောင်းလိုင်း၏ အခြေစိုက်စခန်းလည်း ဖြစ်လာ ခဲ့သည်။

လုံချန်ကို မည်သည့်မြေပုံပေါ်တွင်မျှ ရှာမတွေ့နိုင်ပါ။ လေယာဉ်ကွင်းအနီးတွင် မြို့ငယ်လေးတခုပင်
 ပေါ်ထွက်လာခဲ့သေးသည်။
အဲဒီမှာ ပြည့်တန်ဆာခန်း ရှိတယ်၊ အရက်ဘား ရှိတယ်၊ ကာဆီနို လောင်းကစားဝိုင်း ရှိတယ်၊ အသင့်စား အစားအသောက်ရောင်းတဲ့ ဆိုင်တွေ ရှိတယ်။ အမေရိကန်စစ်သားတွေ လိုတာပြော အကုန်ရစေရမယ်’’ ဟု  ဆိုစမှတ်ပြုကြသည်။

CIAသူလျှိုဘဝတွင်ယန်း၏အခြေစိုက်စခန်းသည်လာအိုတဖက်ကမ်းထိုင်းနိုင်ငံဘက်ခြမ်း မဲခေါင်မြစ်ကမ်းဘေး ဆောက်လုပ်ထားသော နေချင့်စဖွယ် အိမ်လေးတလုံး ဖြစ်သည်။ သူသည် ပါတီပွဲကျင်းပရသည်ကို နှစ်ခြိုက်သည်။ သူ့အိမ်သည် အဲအမေရိက လေကြောင်း အခြေစိုက်စခန်းဆီ သွားရောက်ကြမည့် လေယာဉ်မယ်များ၊ သူနာပြုများ စတည်းချရာ နေရာတနေရာ ဖြစ်လာတော့သည်။ သူ လက်ထပ်ခဲ့သေးသည်။ သို့သော် ဇနီးသည်က အမေရိကန်ပြန်ပြီး စားပွဲကုလားထိုင်နှင့် လုပ်ရသော တည်တည်ငြိမ်ငြိမ် အလုပ်ကို လုပ်ပါရန် အတင်းဖိအားပေးသည့်အတွက် ကွာရှင်းပြတ်စဲခဲ့ရသည်။

နောက်ပိုင်းတွင် အမေရိကန်၏ အရှေ့တောင်အာရှ မူဝါဒများအပေါ် သဘောထားကွဲလွဲပြီး ယန်းသည် CIA နှင့် လမ်းခွဲခဲ့ သည်။


CIA မှ ထွက်ပြီး ထိုင်းနိုင်ငံတွင်း ပြန်လည်ရောက်ရှိသည့်အခါ အမေရိကန် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့ DEA က သူ့ကို အတင်းဆွဲခေါ်ပြန်သည်။ CIA လျှို့ဝှက်သူလျှိုအဖြစ် လာအိုတွင် တာဝန်ထမ်းဆောင်စဉ် သူရရှိခဲ့သော အဆက်အသွယ်များမှာ DEA အတွက် တန်ဖိုးမဖြတ်နိုင်အောင် အသုံးဝင်လှသည်။



ယန်းသည် ထိုင်းမူးယစ်ဆေးဝါး အရာရှိများနှင့် နီးကပ်စွာ လက်တွဲဆောင်ရွက်ခဲ့သည်။
  လာအိုနှင့် မြန်မာနိုင်ငံအတွင်းရှိ သူ့အဆက်အသွယ်များထံမှ ရရှိသော သတင်းများကြောင့် မှောင်ခို ခိုးသွင်းလာသော ဘိန်းနှင့် ဘိန်းဖြူ အများအပြားကို အကြိမ်ပေါင်းများစွာ ဖမ်းဆီးရမိခဲ့သည်။
  



သူသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြန်လည်ထွန်းကားလိုသော ကျနော်တို့၏ မိတ်ဆွေကောင်း တယောက် ဖြစ်ရုံသာမက ကျနော်တို့ ရှေ့တဆက်က တော်လှန်ရေးသမား နောင်တော်များ၏ မိတ်ဆွေလည်း ဖြစ်သည်။
-
 

သူသည်မြန်မာနယ်စပ်ပြည်နယ်များအတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများကို ဖော်ထုတ်တိုက်ဖျက်နေသော အဖွဲ့အစည်းများအတွက်လည်း မိတ်ဆွေကောင်းတဦး ဖြစ်သည်။

 CIAအတွက်သူလုပ်ခဲ့ရသောအလုပ်များထဲတွင်ရက်စက်ကြမ်းကြုတ်မှုများ ပါသည်ဖြစ်ရာ  လူအများအပြားကို သတ်ခဲ့ရမှုသည် သူ့ခရစ်ယာန်ဘာသာအပေါ် ယုံကြည်မှုကို ထိခိုက်နစ်နာစေခဲ့သည်။ ’’လူသတ်ရတာ ကျနော့်အလုပ်တခုပဲ။ ကျနော်တို့အလုပ်မှာ ကိုယ်က သတ်မလား၊ အသတ်ခံမလား၊ ဒါမျိုးတွေပဲ များတယ်’’ ဟု   သူပြောခဲ့ဖူးသည်။
-
ထိုသူသည်ကား ကိုဗက အလွန် နှစ်သက်သဘောကျခဲ့ဖူးသော လူတယောက် ဖြစ်သည်။ သူ့ဘ၀ကို ကိုဗက အလွန်အားကျခဲ့သည်ဟု ဆိုနိုင်သည်။ နောက်ဆုံး သူသေသည်ကိုပင် အားကျသူဖြစ်သည်။ ဘ၀မှာ လုပ်ရန်ရှိသေအလုပ်များ လုပ်နိုင်သမျှ လုပ်ကိုင်ပြီး လောကကြီးတွင် လုပ်နိုင်တာ မရှိတော့ချိန်တွင် ကိုယ့်ဇတ်ကို ကိုယ် သိမ်းလိုက်လိုသည်မှာ ကိုဗက၏ လိုအင်နှင့် ထပ်တူဖြစ်သည်။




(၂၀၁၅)ထုတ် ချင်းမိုင်အခြေပြု ခရီးသွားဂျာနယ်တခုမှာ သူ့အကြောင်းတဖွဲ့တနွဲ့ ရေးထားသည်။




သူကွယ်လွန်သည့်သတင်းပါသည့် သတင်းစာမျက်နှာ။



လားဟူ၊ဝ'နှင့် အခြားတောင်ပေါ်သား ရာချီသည့် အသုဘရှု လူဦးရေသည် သူတို့၏ မိတ်ဆွေရင်းတဦးဟု ယူဆသော အမေရိကန်လူမျိုး CIAဝန်ထမ်းဟောင်း၏ အသုဘ ဝတ်ပြုဆုတောင်းပွဲ   ကျင်းပရန် ချင်းမိုင်မြို့ရှိ ပရိုတက်စတင့် ဘုရားကျောင်းတခုအတွင်း   စုပြုံတိုးဝှေ့ ရောက်ရှိခဲ့ကြသည်။


 



7/05/2016

မီနာမီကီကန်း။ the Minami Kikan (南機関)


ကိုကိုခိုင်က စစ်ပြန် မဂ္ဂဇင်း မှာ ပါတဲ့ မီနာမီ ကီးကန် ဆိုတဲ့ ဆောင်းပါး တွေ ပြန်စုနိုင်ရင် လည်း ကျနော်တို့ အကိုးအကားတွေ ရနိုင်ပါသေးတယ်... လို့အကြံပေးတာကြောင့် လောလောဆယ် မီနာမီ မိတ်ဆက်လေး ရေးဖြစ်ပါတယ်။
-
မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုအကြောင်းပြောရင် ဗိုလ်မိုးကြိုးခေါ် ဗိုလ်မှူးကြီး စူဇူကီနှင့် မီနာမီအဖွဲ့
၏ အခန်းကဏ္ဍကို ချန်လပ်ထားလို့မရနိုင်ပါ။
-
တလောက တပ်မတော်စစ်ဦးစီးချုပ်၏ ဂျပန်ခရီးစဉ်တွင် ဗိုလ်မိုးကြိုး၏ဂူသို့ သွားရောက်ဂါရ၀ပြုကြောင်း သတင်းဖေါ်ပြရာ အချို့သူများက ကိုယ်နိုင်ငံက အာဇာနီ ခေါင်းဆောင်များကိုတော့အလေးမပြု ဂျပန်စစ်ဗိုလ်ကို အလေးသွားပြုရကောင်းလားဆိုပြီး အပြစ်တင်စကား ပြောကြသည်ကို တွေ့ရပါသည်။
-

ကိုယ့်နိုင်င်ငံက အာဇာနီ ခေါင်းဆောင်များကို အလေးမပြုတာ ပြုတာက သူ့အပိုင်းဖြစ်သည်။
ဗိုလ်မိုးကြိုးဆိုတာကတော့ မြန်မာလွတ်လပ်ရေးအတွက် အရေးပါခဲ့သူ တဦးဖြစ်သလို မြန်မာတို့အတွက် မိတ်ဆွေကောင်းတဦးလဲဖြစ်သည်။
-
စစ်အတွင်းက ဂျပန်သည် ပုံရိပ်မကောင်းဖြစ်ရသည်မှာ သူတို့၏ ဖက်စစ် စနစ်ကြောင့်ဖြစ်သည်။ သို့ရာတွင် မြန်မာ့လွတ်လပ်ရေး၏ အခါအခွင့်တခုတွင်ကား ဂျပန်၏ ပါဝင်ပါတ်သက်မှုသည်လဲ အရေးပါသောသမိုင်းတခုဖြစ်သည်ကို ကျနော်တို့ ချန်လပ်ထားလို့ မရပါ။
-
ပြီးခဲ့သော ဆယ်နှစ်ကျော်က မြန်မာအတိုက်အခံခေါင်းဆောင်အချို့ ဂျပန်ဒိုင်းယက်လွတ်တော်အမတ် စစ်ပြန်ကြီးတဦးနှင့်တွေဆုံရာတွင် သူက အောင်ဆန်းနှင် ဗမာ့တပ်မတော်သည် ဂျပန်ဘုရင့်တပ်မတော်ကို သစ္စာဖေါက်ခဲ့ကြောင်း သေဒဏ်ပေးရမည့်သူများဖြစ်ကြောင်း ပြောကြားခဲ့ရာ
-
သစ္စာဖေါက်သူများမှာ ဂျပန်စစ်တပ်သာဖြစ်ပါကြောင်း ဂျပန်သည် အာရှသာတူညီမျှကြွေးကြော်သံဖြင့် ၁၉၄၂ခုနှစ် ဇန်နဝါရီ ၂၁ မြန်မာတို့က ဂျပန်ကိုကူလျှင်
မြန်မာ့လွတ်လပ်ရေးအတွက်ကူမည်ဟု
ဂျပန် ဝန်ကြီးချုပ်က လွှတ်တော်တွင် ပြောကြားကတိပေးခဲ့သည်။
ဇန်နဝါရီ ၂၂
မြန်မာ့ လွတ်လပ်ရေးကို ကူညီရန်
ဂျပန်တပ်မတော်ကြီး ချီလာပြီဟု
ဂျပန်တပ်မတော် သေနာပတိ အီးဒါး က ကြေငြာချက်ထုတ်ခဲ့သည်။

-

တကယ်တမ်းတွင် ဂျပန်တို့သည် မြန်မာနိုင်ငံကို လွတ်လပ်ရေးအတုအယောင်ဖြင့် ဗန်းပြကာ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေးတို့ အရ အမြတ်ထုတ်နေမှုနှင့် ဂျပန်စစ်ပုလိပ်နှင့်တပ်သားများက ပြည်သူလူထုအပေါ်ဖက်ဆစ်ပီပီ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုများ ကိုသာ ပြုခဲ့သည်။
လှံစွပ်ထိုး ပါးရိုက် မုဒိန်းကျင့် ဆက်ဆံမှုကြောင့်
ဖက်ဆစ်စနစ်ဆိုးကြီးကို မြန်မာ့မြေပေါ်မှသာမက ကမ္ဘာ့မြေပေါ်မှပါ ပပျောက်သွားအောင် ချေမှုန်းလိုသောဆန္ဒဖြင့် ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့(အေအက်ဖ်အို)ကိုဖွဲ့စည်းကာ ဖက်ဆစ်ကိုချေမှုန်းရန် ဆုံးဖြတ်ရခြင်းဖြစ်သည်။
-
ဂျပန်တို့ကသာ ကတိဖျက် -သစ္စာဖေါက်ခဲ့ခြင်းဖြစ်ကြောင်း Kabarmakyay ဘလောက်တွင် post ရေးခဲ့ဖူးပါသည်။
-
 



















 





မီနာမီ ကီးကန်သည် ဂျပန်ထောက်လှန်းရေး အဖွဲ့တခုဖြစ်သော်လည်း မူလကရှိခဲ့သောအဖွဲ့မဟုတ်ပါ။
-
ဒို့ဗမာအစည်းအရုံးမှ တရုတ်ကွန်မြူနစ်များနှင့် ဆက်သွယ်ရန်အတွက် အမွိုင်သို့ ပို့လွှတ်လိုက်သော သခင်အောင်ဆန်းကို ဂျပန်တို့က ကြားဖြတ် ဆက်သွယ်ကာ ခေါ်ဆောင်သွားခဲ့ပြီး သခင်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် အမှန်တကယ်ဆန္ဒပြင်းပြသည့် မျိုးချစ်ပညာတတ်လူငယ်ခေါင်းဆောင်တစ်ဦးမှန်းသိသဖြင့် ဂျပန်စစ် အာဏာပိုင်တို့က မြန်မာနိုင်ငံသိမ်းသွင်းနိုင်ရန် တောင်ပိုင်းဆိုင်ရာ အဖွဲ့ဟုအဓိပ္ပာယ်ရသည့် မီနာမီကီကန်ဟူသောအဖွဲ့ကို ၁၉၄၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖွဲ့စည်း ခဲ့သည်။
-
သခင်အောင်ဆန်းသည် ကောင်လုံစုရပ်ကွက်မှ ရှန်ဟိုင်း၊ ထိုမှတစ်ဆင့် ဂျပန်စစ်ဌာနချုပ်ရှိရာ ဖော်မိုဆာကျွန်းသို့ ဗိုလ်မှူးကန်ဒါ့၏ ခေါ်ဆောင်မှုဖြင့် ရောက်ရှိလာပြီး တိုကျိုမြို့သို့ ဆက်လက်ထွက်ခွာခဲ့ရာ နိုဝင်ဘာ ၁၂ ရက်တွင် ရောက်လာခဲ့သည်။
-
များမကြာမီ ကာနယ်ဆူဇူကီးနှင့် မြန်မာပြည်ဆိုင်ရာ စစ်သေနာပတိချုပ် ဖြစ်လာမည့် ဗိုလ်ချုပ်အီဒါး အပါအဝင် ဂျပန်ထိပ်ပိုင်း ခေါင်းဆောင်များသည် သခင်အောင်ဆန်းကို တဖြည်းဖြည်း အထင်ကြီးမှုများ ပြသလာခဲ့သည်။ သခင်အောင်ဆန်း၏ ရိုးသားဖြောင့်မတ်မှုကြောင့် ကာနယ်ဆူဇူကီးက အောင်ဆန်းသည် လုံးဝဖြောင့်မတ်သူတစ်ဦး ဖြစ်သည်။ သူသည် စစ်ခေါင်းဆောင် ကောင်းတစ်ဦး ဖြစ်သလို သတ္တိရှိပြီး အရည်အချင်းပြည့်သူ ဖြစ်သည်။ သူသည် မျိုးချစ်တစ်ဦး ဖြစ်သည်။ သူ၏မျိုးချစ်စိတ်ဓာတ်နှင့် ရိုးသားမှုကြောင့် ကျွန်တော်အပါအဝင် ဂျပန်များ၏ လေးစားမှုကို ရရှိခဲ့သည် ဟုပြောကြားခဲ့သည်။
-
မြန်မာပြည် လွတ်လပ်ရေးအတွက် ကာနယ်ဆူဇူကီးက သခင်အောင်ဆန်းကို စီမံကိန်းတစ်ခု ရေးဆွဲခိုင်းလေသည်။
-“
ကာနယ်ဆူဇူကီးသည် စီမံကိန်းတစ်ခု ကျွန်တော့်အား ပြောပြပြီး ယင်းစီမံကိန်းကို အင်္ဂလိပ်ဘာသာဖြင့် ပြန်ရေးခိုင်းပါသည်။ ယင်းစီမံကိန်းအား ဆွေးနွေးရမည်အထင်နှင့် ရိုးသားစွာ ရေးပေး လိုက်ပါသည်။ သို့သော် ယင်းစီမံကိန်းအား မည်သည့်အခါမျှ မဆွေးနွေးခဲ့ရပါ။ ယင်းစီမံကိန်းသည် ရှမ်းပြည်နယ် တစ်စိတ်တစ်ဒေသကို ဝင်ရောက် တိုက်ခိုက်ရေး ပါဝင်သည်။
-
နောက်ပိုင်း အဖြစ်အပျက်များကို အခြေခံ၍ ကြည့်မည်ဆိုလျှင် ကာနယ်ဆူဇူကီးသည် ယင်းစီမံကိန်းအား တိုကျိုစစ်ဌာနချုပ်သို့ ယူသွားပြီး ကျွန်တော့် စီမံကိန်း ဖြစ်သည်ဟု ပြောဆို ထားသည် ထင်သည်။ စီမံကိန်းအတွင်းမှ ဝင်ရောက် တိုက်ခိုက်ရေးအား ပြန်လည် ပြင်ဆင်ပြီးနောက် ဗမာပြည်ရှိ ရဲဘော်များထံပို့ရန် ကျွန်တော့်ကို ပြန်ပေးပါသည်ဟု ဇိုလ်ချုပ်က မှတ်စုရေးခဲ့သည်။
-
ထိုစီမံကိန်းသည် မြန်မာပြည် စစ်ဆင်ရေးပင်ဖြစ်သည်။
-
မီနာမီအဖွဲ့သည် မြန်မာပြည်မှ မျိုးချစ်လူငယ် ၃ဝ ကို ပြင်ပသို့ ကုန်းလမ်းမှလည်းကောင်း၊ ရေလမ်းမှလည်းကောင်း ခေါ်ထုတ်၍ ဟိုနန်ကျွန်း (ထိုင်ဝမ်) ၌ စစ်ပညာသင်ကြားပေးရန်၊ ခဲယမ်းမီးကျောက် များနှင့်တကွ ငွေကြေးအရပါ ထောက်ပံ့ပြီး ပြန်လွှတ်ကာ ဗြိတိသျှတို့ကို လက်နက်ကိုင် ပုန်ကန်နိုင်စေရန်၊ ယင်းအတွက် ဂျပန်အစိုးရက ပြင်ပမှနေ၍ လိုအပ်မှုများကို ထောက်ပံ့ရန်နှင့် ပြည်တွင်း သူပုန်ထရန်အတွက် လုပ်ငန်းစဉ် အောင်မြင်ရေး ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်၌ မီနာမီကီကန်း အဖွဲ့ငယ်များကို ဇင်းမယ် (ချင်းမိုင်)၊ ရဟိုင်း၊ ကန်ချနဘူရီနှင့် ရနောင်းတို့တွင် ဖွင့်လှစ်ရန် ဖြစ်သည်။
-
ဘီအိုင်အေ- ဖွဲ့စည်းပုံ (ဌာနချုပ်)
သေနာပတိ- ဗိုလ်ချုပ်ကြီး မီနာမီခေါ် ဗိုလ်မိုးကြိုး(ဗိုလ်မှူးကြီး စူဇူကီ)
စစ်ဦးစီးချုပ်- ဒု ဗိုလ်ချုပ်ကြီး မူရကာမီ (ဗိုလ်ကြီး နိုဒါး)
စစ်ဦးစီးအရာရှိအထက်တန်း- ဒု ဗိုလ်ချုပ်ကြီး အိုမိုဒါ (ဗိုလ်ချုပ်အောင်ဆန်း)
ဦးစီးအရာရှိ- ဒု ဗိုလ်မှူးကြီး အီတိုဒါ (ဗိုလ်ရန်အောင်)
ဦးစီးအရာရှိ- ဒု ဗိုလ်မှူးကြီး ဟိရတ (ဗိုလ်စကြာ)
စစ်ဆင်ရေးတာဝန်ခံ ဦးစီးအရာရှိ- ဒုဗိုလ်မှူးကြီး အီဂျီမာ(အရပ်သား ကီမတ)
စစ်ဆင်ရေးတာဝန်ခံ ဦးစီးအရာရှိ- ဒုဗိုလ်မှူးကြီး ရှင်မန်(အရပ်သား မိဇုတာနီ)
အုပ်ချုပ်ရေးအရာရှိချုပ်- ဗိုလ်မှူးကြီး ကီမူရ (အရပ်သား ဟိဂုချိ)
တပ်မတော်သက်သာချောင်ချိရေး အရာရှိချုပ်- မီနာမီအိုကာ(အရပ်သားစုဂိအိ)
ဆေးဝန်ထမ်းချုပ်- ဗိုလ်ချုပ်စူဇူကီ (ဒေါက်တာစူဇူကီ)
-
မြန်မာတို့အပေါ် ဗိုလ်မိုးကြိုး၏ သဘောထား-

၁၉၄၂ ခုနှစ်၊ မတ်လ၊ ရန်ကုန်ကို ဘီအိုင်အေနှင့် ဂျပန်စစ်တပ်များ သိမ်းယူ
ပြီးစဉ်က အမှတ်(၁၅) တပ်မတော်၏ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး နာစုနှင့်
ဘီ၊အိုင်၊အေ ခေါ် ဗမာ့လွတ်လပ်ရေးတပ်မတော်၏ အကြီးအကဲ ဗိုလ်မိုးကြိုးတို့
၏ မြန်မာပြည်လွတ်လပ်ရေး ပေးရေး၊ မပေးရေးတို့နှင့်စပ်လျဉ်းသည့် ဆွေးနွေးသည်။ (သူတို့နှစ်ဦးသည် စစ်တက္ကသိုလ်တွင် တတန်းတည်း ပညာ
သင်ကြားခဲ့သော ကျောင်းနေဖက် သူငယ်ချင်းအရင်းအချာ များ ဖြစ်ကြပါသည်။)

(
နာစု) သူတို့မြန်မာတွေကို လွတ်လပ်ရေးမပေးရင် ဂျပန်-မြန်မာ စစ်ပွဲ
ဖြစ်နိုင်မလား ….
(
ဗိုလ်မိုးကြိုး)ဖြစ်နိုင်တယ်။ မြန်မာ့လွတ်လပ်ရေးဟာ စွဲမြဲခိုင်မာတဲ့ လှုပ်ရှား
မှုဖြစ်တာမို့၊ မြန်မာနိုင်ငံကို လွတ်လပ်ရေး ပေးသင့်တယ် …..
(
နာစု) မဖြစ်နိုင်တာချည်း ပြောနေတယ်။ မင်းဟာ ဂျပန်မှ ဟုတ်သေးရဲ့လား။
မြန်မာပြည်တိုက်ပွဲမှာ ကျဆုံးခဲ့ကြတဲ့ ဒို့ရဲဘော်တွေရဲ့ ၀ိညာဉ်တွေကို မင်း
တောင်းပန်ဖို့ လိုမယ်လို့ကော မတွေးမိဘူးလား ….
(
ဗိုလ်မိုးကြိုး) ကျဆုံးသူတွေက မြန်မာပြည်ကို စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ဖို့
အသက်စွန့်ခဲ့ကြတာလို့ ငါမယူဆဘူး။ မြန်မာတွေရဲ့ အကူအညီကြောင့်ပဲ
အသေအပျောက် နည်းနည်းနဲ့ တိုက်ပွဲပြီးဆုံးခဲ့တာ မဟုတ်ဖူးလား …..
(
စာမျက်နှာ ၁၇၀၊ အီဇုမီယတတ်စုရော ရေးသားသော ကျွန်တော်ပါဝင်ခဲ့သော
မီနာမီကီကန်း စာအုပ်မှာ ကောက်နုတ်ချက်။)
-
၁၉၄၃ခုနှစ် သြဂုတ် ၁ရက်တွင် ဂျပန်တို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့ သည်။လွတ်လပ်ရေးကား ရွှေရည်စိမ်လွတ်လပ်ရေး ဖြစ်၏။
-
အီဇုမီယတတ်စုရော ရေးသားသောစာအုပ်တွင်-

ဗိုလ်မှူးကြီး စူဇူကီသည် အောင်ဆန်းနှင့် ဘီအိုင်အေ ခေါင်းဆောင်များကို
သူ၏ အခန်းသို့ ခေါ်ယူပြီး ပထမဆုံး
ဘယ်တော့ လွတ်လပ်ရေးကြေညာကြမှာလဲဟု မေးသည်။ အောင်ဆန်းနှင့်
သူ့ရဲဘော်များမှာ ရုတ်တရက် ကြောင်အမ်းအမ်းဖြစ်သွားပြီး မျက်နှာတွင်
ဘာအရိပ်အယောင်မှ မပြပဲ မဖြေဘဲ နေကြ၏။

ဗိုလ်မှူးကြီး စူဇူကီက မင်းတို့က မြန်မာတွေမို့ ဂျပန်တပ်တွေကို ပြန်ချရင်
ဘာတတ်နိုင်မှာလဲ၊ ကဲ အခုဘာလုပ်ကြမလဲဟု မေးရာ မည်သူကမျှ ပြန်မဖြေပါ။
ဒါပေမယ့် ငါက ဂျပန်၊ ဒါကြောင့် မင်းတို့ကို ငါခေါင်းဆောင်ပြီး ဂျပန်ကို မတိုက်
နိုင်ဘူး၊ မင်းတို့က ဘာမှ စိတ်ထင့်နေစရာမလိုဘူး။ လွတ်လပ်ရေးအတွက်
ဂျပန်တပ်မတော်ကို ခံချရမှာပဲ။ ငါ့ကိုတော့ အလျင်သတ်ပြီးမှ တိုက်ကြစမ်း
ဟု ဆိုခဲ့ပါသည်။
-
သို့သော် ဗိုလ်ချုပ်သည် သူလေးစားသော သူ့ရဲဘော်ကြီးအား သတ်ရမည့်အဖြစ်မှ ကံအားလျော်စွာ လွဲဖယ်ခဲ့ရပါသည်။
-
ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော လွတ်လပ်
ရေးလှုပ်ရှားသူများဖက်မှ အမြဲတမ်း အကာအကွယ်ပေးခဲ့သူ ဗိုလ်မှူးကြီးစူဇူကီခေါ်
ဗိုလ်မိုးကြိုးအား ဂျပန်ဘုရင့်ကိုယ်ရံတော်တပ်ဌာနချုပ်သို့ ပြောင်းရွေ့အမှုထမ်း
ရန် ဂျပန်စစ်ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ပါသည်။ ၁၉၄၂ ခုနှစ် ဇူလိုင် ၁၄ ရက်
နေ့တွင် ဗမာ့လွတ်လပ်ရေး၏ ကျေးဇူးရှင်၊ ဗမာ့လက်နက်ကိုင်လှုပ်ရှားမှု၏
ဦးဆောင် မွေးသဖခင် ဖြစ်သော ဗိုလ်မှူးကြီး စူဇူကီ ခေါ် ဗိုလ်မိုးကြိုး ခေါ်
ဗိုလ်ချုပ်ကြီး မီနာမီသည် ဂျပန်နိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ရပါသည်။
-
မထွက်ခွါမှီ မြန်မာပြည်ကာကွယ်ရေးအတွက် အခြေခံကျသော
သတိရ လက်ဆောင်တခု ပေးခဲ့ပါသေးသည်။
ထိုလက်ဆောင်မှာ မြန်မာ့ရေတပ်မတော်
ဖွဲ့စည်းပေးခဲ့ခြင်းပင် ဖြစ်ပါသည်။
-
ဗြိတိသျှ ရေတပ်တွင် အမှုထမ်းခဲ့သော
မောင်တင်ကြည် ဆိုသူ ဦးဆောင်မှုဖြင့် အရာရှိဟောင်း ခြောက်ယောက်နှင့် တပ်သား
၂၄ ယောက် တို့ကို စုဆောင်း၍ ၁၉၄၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့တွင် မြန်မာ့ရေတပ်
မတော်ကို ထူထောင်ပေးခဲ့ပါသည်။ …..

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းကာလများတွင် မြန်မာပြည်အစိုးရ
သည် ကွယ်လွန်သူဗိုလ်မှူးကြီးစူဇူကီ၏ ကျေးဇူးသစ္စာကို အောင့်မေ့သတိရသော
အားဖြင့် သူ၏ ကျန်ရစ်သူမိသားစုအား အောင်ဆန်းတံခွန်ဘွဲ့တံဆိပ်ကို အပ်နှင်း
ခဲ့ပါသည်။
-
အမှန်စင်စစ် ဒို့ဗမာအစီးအရုံး ခေါင်းဆော်များ တွက်ဆခဲ့သည်မှာ
-
ပြည်တွင်းရှိ နိုင်ငံရေးပါတီများ အားလုံးကို စည်းရုံးပူးပေါင်းရန်၊ ပြည်တွင်းသူပုန် အဖွဲ့များကို တိတ်တဆိတ်ဖွဲ့စည်းရန်၊ ဂျပန်မှ ပို့လာမည့် လက်နက်များကို ပြည်တွင်းသို့ တိတ်တဆိတ် သွင်းယူရန်၊ ဂျပန်ပြည်သို့ မြန်မာ့မျိုးချစ် လူငယ်များကို စေလွှတ်ရန်တို့ ဖြစ်သည်။
-
ဂျပန်တို့ ဗမာပြည်ကို ဝင်ရောက် တိုက်ခိုက်ခဲ့လျှင် အင်္ဂလိပ်တပ်နှင့် ဂျပန်တပ်တို့ နယ်စပ်၌ လုံးလားထွေးလား ဖြစ်နေကြမည်ဖြစ်၍ မြန်မာတို့အဖို့ လွတ်လပ်ရေးအတွက် အောင်မြင်စွာ ပုန်ကန်ထကြွရန် အခွင့်အရေးရမည် ဟူ၍ဖြစ်သည်။
-
ထင်တိုင်းမပေါက်သောအခါ ပေါက်သလိုဖေါက်ခဲ့ရသည့် ဆက်စပ် / တိုက်ဆိုင် / ညှိနှိုင်း လေ့လာနိုင်ကြရမည့် သမိုင်းအတွက် တန်ဖိုးကြီး ပေးဆပ်ရမှုများ ဖြစ်ပါသည်။
-
ရည်ညွှန်း - kabarmakyay.blogspot-မှတ်စုစာအုပ်