ဗမာပြည်တပြည်လုံးစစ်ဖနပ်အောက်ပြားပြားမှောက်နေသည်မှာရာစုနှစ်တ၀က်နီးပါးရှိခဲ့လေပြီ။
ကဗျာဆန်ဆန်ပြောရယင် စစ်ကျွန်အဖြစ်နွံနှစ်လာနေသည်မှာရွှေရတုတိုင်လုပြီ။
၂၀ရာစုဆိုသောကာလအပိုင်းအခြားတခုကိုဖြတ်သန်း၍ ၂၁ရာစုသို့ လည်းဝင်ခဲ့ပြီ ။
ကျွန်သက်ကား ရှည်ဆဲ။ ရဟန်းရှင်လူပြည်သူတရပ်လုံးကငုံ့ ခံနေကြတာတော့မဟုတ် နိုင်အားသမျှ တုံ့ ပြန်နေကြပါလျက် ရှေ့ခရီးကိုမျော်ကြည့်ပါကလည်းဝေးနေဆဲ။
ပြည်ပရောက်ဗမာပြည်သားတိုင်းရင်းသားအာလုံးကတခဲနှက် နိုးကြားစွာဆန့် ကျင် လာခဲ့သည်မှာလည်း အထင်အရှားပင်။ ပြည်တွင်းပြည်ပအားထုတ်မှုများ၏တခုသော ရလဒ်မှာ ဗမာ့အရေးကိုနိုင်ငံတကာက အလေးအနက်ထားစကားပြောလာခြင်းဖြစ်သည်။
ယနေ့ ကမ္ဘာတ၀န်းလုံးစံထားပြောနေကြသည့် အခြေခံလူ့ အခွင့်အရေးဟူသည် ဗမာပြည်အတွက် မှာတော့ စစ်အာဏာရှင်တို့ ကခွင့်မပြုလျင် “အသက်တောင်ရှုခွင့်မရှိ ” သည်ကို ခပ်ရေးရေးတော့မြင်လာကြလေပြီ။
တဖက်မှာ ယျထာဘူတ ကျစွာပြောရလျှင် ပြည်သူကိုဖိနှိပ်သက်ရှည်လာတာနဲ့ အမျှ စစ်အာဏာ ရှင်တို့ ၏
့ဖိနှိပ်မှုနည်းပညာများဟာ စနှစ်တကျဖြစ်လာ ကျွမ်းကျင်လာပါတယ်။ ပြည်သူကိုတိရိစ္ဆန်များလိုပုံသွင်းတဲ့အဆင့် ရောက်လာပါတယ်။ဖိနှိပ်ထားတာခြင်းအတူကိုယ့်တော့ မဖိနှိပ်ဖူးလို့ တချို့ ကိုထင်စေပြီးတချို့ ကိုတော့ငါ့တော့ ဖိနှိပ်ထားတယ် သူတို့ တော့မဖိနှိပ်ဖူးလို့  ထင်နေစေတာမျိုး တချို့ ကိုဖိနှပ်ညှင်းပမ်းနေတာမြင်လျက် ဒင်းတို့ တော့လုပ်တာတောင်နဲသေး ဆိုတဲ့အသိမျိုးပေးထားတာတွေ နောကြေလာပါသည်။
အဖိနှိပ်ခံအခြင်းခြင်းဆင့်ကဲဖိနှိပ်ခွင့် ပေးပြီးဖါးတပိုင်းတွေမွေးထုတ်တာမျိုး ချည်နှောင်တတ်လာပါသည်။
အခွင့်ရေးဖြင့်သိမ်းသွင်းရာတွင် ဗမာ့သမိုင်း တလျောက် ခုခေတ်ခုအခါလောက် လွတ်လပ်စွာ လုပ်ကိုင်နိုင်သည့်အခါကာလမရှိဖူးပါဟုပြော၍ပင်ရသည်။
သူတို့ ကိုထောက်ခံ သူတို့ ကိုပံ့ပိုး သတိုးသီရိသုဓမ္မ မဏိဇောတဒရ - မယားအတွက် သီရိသုဓမ္မ သိနင်္ဂီ
လင်စုံမယားဖက် ဘွဲ့ ထူးအပြူးလိုက် ပလပ်စ်(ဘိုလို) ဟော်တယ်ဆောက်မလား ဇိမ်ခန်းဖွင့်မလား
ဘိန်းဖြူအတောင့်လိုက်သယ်လာတယ်လား ပြဿနာမရှိ (ကြည်စဉ်-အေးစေ)။
ဘယ်လိုဘဲဖြစ်ဖြစ် ဇကောလောက်မှစောက်မနက်ညားသော်လည်း တစုံတခုသောအတိုင်းအတာ အားဖြင့်တော့
ထိရောက်သည်။
ဗမာပြည်အရှေ့ ဘက်ပိုင်းတလျောက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ များ စီးပွါးအခွင့်ထူးနှင့် အူမြူးကုန်ကြသည်။ချော့ခြောက် မြူဆွယ်ရာမပါသည့် အစုအစည်းများကို အင်အားသုံးခြေမှုန်း သည့်အခါ စစ်ဆင်ရေး ထောက်ကူစီမံချက်များကြောင့် ရွာများအဓမ္မရွေ့  ပြောင်းခြင်း ခံရသည်။
သတ်မှတ်အချိန် သတ်မှတ်နေရာတွင်မနေနိုင်သူများမှာ သူပုန်စာရင်း အသွင်းခံရပြီးဖြစ်ရာ တွေ့ ရာအရပ်တွင် ချေမှုန်းသုတ်သင်ခံရသည်။
တွေ့ အောင်ရှာ၍လည်း သုတ်သင်ခြေမှုန်းခိုင်းသည်။ မနုဿသားကောင်များဘ၀ အသက်လုပြေးရသည်။ ပုန်းရသည်။ ရိုးသားသောတိုင်းရင်းသားတို့ ၏ အသိတွင် ဤအရေးသည်သူတို့တိုင်းရင်းသားတို့ ၏အရေးမျှသာဖြစ်သည်။
ဗမာပြည်အနောက်ဖက်မှတိုင်းရင်းသားတို့ သည်လည်း ထိုနည်းနှင်နှင်။
ဒီကြားထဲ ကံဆိုးသူမောင်ရိုဟင် အမိမဲ့သားများခမြာမလဲ နအဖကနှိပ်စက်ကလူ ဒေသ သားချင်းကလဲ မိတ်ဖက်မယူ လူ့ အခွင့်အရေး ဆရာတို့ ပို့ သိတဲ့စာရင်းအရ ၂၀၀၇-၂၀၀၈အတွင်းမှာ ရခိုင်ဒေသက
စစ်တပ်က သူပုန်ရှင်းလင်းရေး စစ်ဆင်ရေးလုပ်တဲ့အခါ သူပုန်ကို ရိက္ခာဆေးဝါး သတင်း ဖြတ်တောက်ဖို့
သူတို့ အတင်းအဓမ္မဖျက်လို့ ပျက်သွားတဲ့ရွာတွေဟာ နှစ်ပေါင်းရာနဲ့ ချီပြီးတည်ရှိလာတဲ့ရွာတွေ
ဖိုးဖွားဘီဘင်ကစပီး ဓါးမဦးချ လုပ်ကိုင်စားသောက်ခဲ့တဲ့လုပ်ကွက် လုပ်ငန်များရှိရာအရပ်ဆိုတာလောက်မှ
P:ဒီနေရာမှာ အထက်က စုစည်းကျေးရွာ ပုံနဲ့ ဆက်စပ်လို့ တခုပြောပရစေ
အတင်းပြောင်းခိုင်းပီးမီးရှို့ ဖျက်ဆီးခံရတဲ့ 
သူတို့ ရဲ့ မူလအိမ်ဆိုတာက ဒီလို လေးတိုင်စင် တဲမျိုးကိုပြောတာမဟုတ်။
ဝေးလံသီခေါင်သောဒေသဖြစ်သော်လည်း သစ်ကြီးဝါးကြီး ပေါရာအရပ်ဖြစ်၍ အိမ်ကြီးအိမ်ခိုင် တကဲ့အိမ်အစစ်တွေဖြစ်သည်။
ကြုံကြိုက်တိုက်ဆိုင်၍ဖတ်ရှုမိသော အထက်အမိန့် ဆိုတာနှင့် အလုပ် လုပ်ရသည့် စစ်သည်တော် အပေါင်းတို့
နေစရာမြေမရှိခေါ်စရာအဖေမရှိသူများ သတင်း
၂၀၀၈ခုမတ်လဆန်းမှာ ရက်ပေါင်း၂၀ကြာ စက်ပျက်ပြီး အိန္ဒိယသမုဒ္ဒရာထဲမှာမျောပါနေတဲ့ သစ်သားလှေငယ်တစင်းကို သီရိလင်္ကာရေတပ်ကတွေ့ ရှိကယ်ဆယ်ခဲ့ရာမှာ မြန်မာနိုင်ငံသားရိုဟင်ဂျာ၅၀နဲ့ ဘင်္ဂလားဒေ့ခ်ျသားရိုဟင်ဂျာ၂၀ အစာရေစာပြတ်နေတာကိုတွေ့ ရှိကယ်ဆယ်ခဲ့ရတယ်လို့
ပထမအစီး(လူ ၉၀ပါ)သည်စက်ပျက်ကာ ရက်ပေါင်း၂၀မျောနေပြီး
ဆေးဝါးကုသပေးခဲ့သည်။
ဒုတိယလှေ နှင့်စတုတ္တလှေမှာမည်သို့
၁၁၁ ဦးပါတတိယလှေနှင့် လူ၁၂ရ ဦးပါ ပဉ္စမမြောက်လှေ တို့ သည် ဖေဖေါ်ဝါ ရီလဒုတိယ အပါတ်နှင့် တတိယအပါတ်တွင်ထိုင်းရေပိုင်နက်အတွင်းသို့ ရောက်ရှိသွားသည်။
3 comments:
မင်္ဂလာပါ အကို
တင်ပြချက် ကောင်းတယ်။ ဒါဗေမဲ့ အကိုက ရေးရင်းနဲ့ ဒေါသ ထွက်လာသလား ဒါမဟုတ် စာလုံးတွေေ၀၀ါသွားလို့လား တော့မသိဘူး။ တဖြည်းဖြည်းနဲ့ ကြီးကြီးလာတယ်။
ရွှင်လန်းချမ်းမြေ့ပါစေ...
ဟုတ်ကဲ့
အဲဒီပို့ စ်ရေးလက်စရပ်နေရတာရယ် ခရီထွက်လာတာရယ်နဲ့ တန်းလန်းကြီးဖြစ်နေတာ။
ကနေဒါမြန်မာကလည်း စိတ်ဝင်စားစရာခေါင်းစဉ်
ပေးထားပီးအကြာကြီးပစ်မထားနဲ့ လေ လို့ အော်ထား
တော့၂၀ရက်ညကအပီးလုပ်ဖို့ ဆုံးဖြတ်ပီးထိုင်ကာမှတညလုံအခြားကိစ္စတွေကတခုပီးတခုဝင်နေတာ။့မနက် ၇နာရီမှာ လဲခရီးတခုက ရှိသေး
ဝင်လာတာရှင်းလိုက်ဆက်လုပ်လိုက်နဲ့ မနက်၅နာရီ လောက် အပီးသတ်ချိန်မှာ လူကလဲ င်ုက်ကနဲစိုက်စိုက်
သွားနေပီ စက်ကလဲ လေးလာ မျက်စိကလဲဝါးနဲ့ 
စာလုံးကြီးကြည့်ပီးလုပ်တာ။ပီးတဲ့အချိန် ထွက်သွား
ရတော့၂၁ရက်တရက်လုံး နက်နဲ့ စက်နဲ့ ဝေးသွားပီး
အခုပြန်ပြင်ပေးထားပါတယ်။
ကြည့်ပီးလိုတာပြောပေးကြပါအုံး
ယုန်ကလေး ၊ကိုလူလ သိုင်းQ:ဗျို့ 
Just a question ! How do you know these people from Arakan or how long had being there ? Do you have any acknowledge of so call Rohingyas (or) Bangali? I wishes you to get info at
http://www.rakhapura.com
by
truly and honestly , that's will helping up bro.also
http://arakaneagle.blogspot.com
"shouldn't access to Bangali ( so call Rohingya) just the case's reason of against to SPDC"
please spend afew hours for Union Of Burma on concerning to Sittagonian or Bangali ( so call Rohingyas).
Cheers Bro
Post a Comment