အချိန်ကဖြစ်ပါတယ်။
ပါမောက္ခကြီး ၏ညွန်ကြားချက်အရ တိုကျိုမြို့ ရှိဂျပန်နိုင်ငံဒိုင်းယက်ပါလီမန် အထက်လွတ်တော် အမတ် တဦးထံမြန်မာပြည်နှင့်ပါတ်သက် သောအ ချက် အလက်များမေးရန်နှင့် နေ့လည်ချိန်းဆိုထားသည့်
အချိန်မရောက်မှီ ရာဇုကု နိဂျင်းဂျာ စစ်သင်းချိုင်းသို့ ဝင်ရောက်ခဲ့ပါရန် မှာကြားလိုက်သည့် အတွက် ကျိုတို မှ ရှင်ကားစံ အမြန်ရထားဖြင့် တိုကျို သို့ ခရီးထွက်ခဲ့သည်။
တိုကျို ဘူတာမှ မြေအောက်ရထားဖြင့်အဆင့်ဆင့်ပြောင်းကာစစ်သင်းချိုင်းသို့ ရောက်ခဲ့ပါတယ်။
မြေအောက်ရထား များရှိရာ မြေအောက် ကမ္ဘာကြီးမှာ အဆင့်ဆင့်ခန်းနား သိုက်မြိုက် စွာ ကွမ်းတံတွေး ထွေးထားတာမတွေ့ ရ၊ သေးနံ မရှု ခဲ့ရပါ။
ဆိုင်မျိုးစုံ နှင့်စည်ကားလှပါတယ်။
ရာဇုကုနိစစ်သင်းချိုင်းသို့ ဝင်လိုက် မိတာနှင့် “ရာဇ၀င် ဇွဲသတ္တိလဲရှိရ မယ် မော်ကွန်းလဲထွန်းလောက်တယ် မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်း ရယ်” ဆိုတဲ့ သီချင်းတီးလုံးကြီး သက်သက် ဖြင့် ကြိုဆိုနေတာကို ကြုံတွေ့ ရပါတယ်။ မကြာမတင်မှာဘဲ နောက်ခံတီးလုံးတခု ပြောင်းပြီး “ရဲရဲတောက်တို့ ဗမာတွေ သတ္တိခဲ့တွေ ” နောက်တော့ “ဗိုလ်ချုပ်နော်..နေ၀င်းနော်..အောင်ကြီးနော်..ရာဇ၀င်းကြွေးနဲ့ ပစ်လို့ ဆော် ...သေပါပြီ သေပါပြီ အယောက်တစ်ရာကြော် ………… ” ဒီတီးလုံးပြီးနောက် ဟောင်တပ်မ တော်ကြီးလဲချီလာပါပြီ ………အမဲရိုးတွေ စသည် စသည်ဖြင့် ညက်ညောစွာ စစ်သင်းချိုင်းပန်းခြံကြီးတစ်ခုလုံးကြားရရုံတီးမှုတ်ပေး ထား
တာကို ကိုယ်တိုင်တွေ့ ကြုံရတဲ့အခါမှာကိုယ့် ကို ကိုယ်မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့မှာဝင်ရောက်
ချီတက်စစ်ရေးပြနေတဲ့ စစ်ဘို တစ်ယောက်လိုခံစားရပြီး ဘယ်ကောင်မငယ်ကများ အရှက်မရှိ ပန်းကမ်း
သလိုလိုနဲ့ လိပ်စာ ဖုန်းနံပါတ်များပေးလေမလားလို့ မျော်ကြည့် မိသေးတော့တယ် ။
မကြာမတင်မှာဘဲရှေ့ ဆက်ရမဲ့ခရီးကိုဆက်ခဲ့ပြန်ပါတယ်။ ပါမောက္ခကြီးပေးလိုက်တဲ့စာရွက်ကို ထုတ်ပြလိုက်တာနဲ့ 
ချိန်းဆိုထားတဲ့အထက် လွတ်တော်အမတ်ကြီးဆီ ခေါ်သွားပါတယ်။ အမတ်ကြီးမှာအသက်အားဖြင့်
၈၀ ကျော်ခန့် ရှိနေပါပြီလို့ ခန့်  မှန်းရပါတယ်။
ကြိုတင်ပေး ထားသော မေးခွန်းများဖြစ်တဲ့ ဂျပန်လူမျိုးတို့ ရဲ့  ဗမာနိုင်ငံအ ပေါ်သဘောထား
ဂျပန်နိုင်ငံ၏ ဆက်လက်ဆောင်၇ွက်မည့် အယူဝါဒများ
ဂျပန်နိုင်ငံ၏ လက်ရှိအခြေအနေအပေါ် သုံးသပ်ချက်နဲ့ ဆက်လက်ပေးမည့် အကူအညီ အထောက်အပံများ
စသည် စာရွက်ကိုရှေ့ မှာချပြီး အရီအပြုံး ဟာဒယနှလုံးမှ ရှိရဲ့ လားလို့ ထင်ရလောက်တဲ့ ခေါင်းဖြူနေတဲ့ဂျပန်အထက်လွတ်တော် အမတ်ကြီးက…. ခုနကဘဲ ထိုင်းမြန်မာ နယ်စပ် က နိုင်ငံရေးသမားတွေလာသွားသေးတယ်။ အဲဒီနေရာတွေကို ကျုပ်ငယ်စဉ်က အကုန်လုံးရောက် ဖူးခဲ့တယ်။ စစ်ကြီးအတွင်ကပေါ့ ခင်ဗျား မေးထားတဲ့မေးခွန်းတွေကို ကျုပ်လျောက်ဖြေနေမဲ့ အစား အခုနကလူတစ်စုကို ကျုပ်ဘာတွေပြောလိုက်တယ်ဆိုတာပြန်ပြောပြမယ်။ အဲ့ဒါဆိုလုံလောက်ပြီ။
“ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်နိုင်ငံတော်နဲ့ ဂျပန်ဘုရင့်တပ်မတော်ကို သစ္စာဖောက်သွားတဲ့ သစ္စာဖောက်တစ် ယောက်ဘဲ။ကျုပ်တို့ သာ နိုင်ရင် သူကိုစစ်ခုံရုံးတင်ပြီးသေဒဏ်ပေးရမှာဘဲ။ ဂျပန်နိုင်ငံအနေနဲ့ တတ်နိုင်သ လောက် အကူအညီပေးနေတာဘဲ နောက်လဲပေးဦးမှာဘဲ။ နိုင်ငံရေးအရတော့ နောက်ထပ် ဘာမှထပ်ပြီး ကူညီစရာ အကြောင်းမရှိတော့ပါဘူး ”
အထက်လွတ်တော်အမတ်ကြီးကကျနော်ကိုလဲမကြည့် မျက်စိစုံမှိတ်ထားပြီးခေါင်းလေးကိုစားပွဲနဲ့ မထိယုံတမယ်
နှိမ့်ထားပြီး ဖြေးဖြေး ခြင်းပြောလို့ အပြီးမှာ မတ်တပ်ရပ်ပြီး ကျုပ်အစည်းအေ၀းသွားစရာရှိပါသေးတယ်။
ခွင့်ပြုပါဦးလို့ ပြောအပြီးမှာသူတို့ ထုံးစံအတိုင်း ဦးညွတ် နှုတ်ဆက်ထွက်ခွါသွားပါတော့တယ်။
ကျနော်တို့ ဗိုလ်ချုပ်အောင်ဆန်းကံဆိုးလှချီလား လို့ ခံစားလိုက်ရပါတယ်။ ဂျပန်က သစ္စာဖောက်တဲ့
ဗြိတိသျကခြံခုန်တဲ့နွားတဲ့ ဗြိတိသျ လက်ပါးစေ ဂဌုန်ဦးစော သေနတ်နဲ့ ပစ်သတ်လို့သေခဲ့ရတာတောင်
မပြီးသေးဘူး။
ဂျပန် အရပ်လက်သယ် ၀မ်းဆွဲ ဆရာမက လမ်းဘေး ဓါတ်တိုင်အောက်မှာ မွေးပေးခဲ့လို့ ရှင်သန်လာခဲ့တဲ့
သူ့ တပ်မတော်လေးကို အခုခေတ် သကောင့်သား ဗိုလ်ချုပ်တွေက အမျိုးမျိုး ဖျက်ဆီးခဲ့ကြတာ
တပ်မတော် အဆင့်ကနေ ရာကူဇာဂိုဏ်းအဆင့် ရောက်နေရပါပေါ့လား။
မှတ်ချက် ။ ။ဗမာတပ်မတော် ယခုဆက်လက်သုံးနေသည့် စစ်သီချင်းများဟာ အမှန်စဉ်စစ် ဂျပန်စစ်သီချင်း တွေဖြစ်ပြီး မြန်မာစာသားတွေထဲ့ထားတာ ဖြစ်ပါတယ်။
မောင်သာကျော်
1 comment:
ဆောင်းပါးဖတ်ပြီး ရယ်မောနေမိတယ်--
Post a Comment