နေ့ စဉ် မနက် ၀၇း၀၀ နာရီမှာ အလုပ်သွားဖြစ်ပြီ ညနေ့ ပိုင်း ၀၄း၀၀ မှစပြီး ၀၆း၀၀အထိရှိနေသော ကားပိတ် ဆို့ မှုကိုရှောင်ချင်သောကြောင့် ညနေ ၆ နာရီနောက်ပိုင်းသာ ပြန်ဖြစ်သည်မှာများပါသည်။သို့ သော်လုံးဝလွတ် ကင်းသည်တော့ မဟုတ်သေးချေ။
ဘန်ကောက်၌ ကျနော်အလုပ်လုပ်နေသည့် နှစ်ပေါင်းများစွာသောကာလများအတွင်း ထိုင်းလူမျိုးများ ၏ထူးခြား သောဓလေ့ထုံးစံများကျနော်တို (့မြန်မာနိုင်ငံသားများ)နှင့်မတူသောအချက်များအားသတိ ထားမိပါသည်။ ထိုအ ချက်များသည် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ၏ အစစအရာရာ မတူညီသော အခြေခံ မှစပြီးတော့ အခြားလူမှု့ ရေးအ ချက်များကြောင့်ဟုပြောဆိုလာပါကလည်း ကျနော် လက်ခံမည်သာဖြစ်ပါသည်။
ထိုအချက်များကတော့ တခြားမဟုတ်ပါ။ကားတစီးပေါ်၌ ရဟန်းတပါး တက်လာပါက ထိုရဟန်းထိုင် ရန်ခုံမဆို ထားနှင့် ထိုရဟန်းတော်၏သင်္ကန်းနှင့်မထိမိအောင်ပင်လူပများက ရိုသေသမှုဖြင့် ရှောင်ရှား ကြသည်။ နောက် တချက်မှာ ခလေးတစ်ယောက်နှင့်ယောကျာင်္းမိန်းမတက်လာလျင်ခလေးအတွက်ထိုင်ခုံနေရာဖယ် ပေးလေ့ရှိကြ ပါ သည်။ထို့ နောက်အဖိုးအို အဖွားအို ဗိုက်ကြီးသည်အမျိုးသမီးစသည် ဖြင့်နေရာဖယ်ပေးလေ့ရှိသည်ကို တွေ့ ရ ပါသည်။
ကျနော်တို့ ကိုယ် ကျနော်တို့ လူမျိုးကြီး ဗုဒ္ဓဘာသာထွန်းကားသည် နိုင်ငံတွင် မွေးဖွားနေထိုင်ပြီးလွန်စွာမှ ယဉ် ကျေးနေပါသည်ဟူ၍အထင်ရောက်နေသည့် အချို့ သောမြန်မာနိုင်ငံသားများအတွက်တော့လွန်စွာမှဂရုတစိုက် လေ့ကျင့်သင်ယူသင့်သည် ယဉ်ကျေးမှု ဓလေ့ထုံးစံများဖြစ်ပါသည်။
ကျနော်ကိုယ်တိုင်လည်း အနီးနားတွင် သက်ကြီးရွယ်အို အမျိုးသား အမျိုးသမီးကြီးတွေ ရပ်နေလျင် ထိုင်နေလို့  မရသည့် ထုံးစံကကျနော်ကိုယ်တွင်းမှာ ၀င်ရောက်မှန်းမသိဝင်ရောက်နေပြီဖြစ်ပြီး တခါတရံ ဤ အတွက်လည်း ကိုယ် ကို ကိုယ် လူမသိသူမသိကျေနပ် ဂုဏ်ယူမိပါသည်။ကြုံတုန်း ကျနော် ဗမာပြည်ရန်ကုန်မှာ လူမျိုးကြီး မပြီ သသည် ကားပေါ်က ဖြစ်ရပ်များအား စဉ်းစားမိ၊ကြားမိတိုင်းလည်း ကျနော်ကိုယ်တိုင် ဤ ဖြစ်ရပ်ကို ကျူးလွန်မိ သလို ရှာက်မိသည် အကြိမ်ပေါင်းများစွာရှိနေသည်ကိုလည်း ကျနော် ၀န်ခံပါသည်။
ဘန်ကောက်မြို့ မှာ တခါတုန်းကကျနော်စီးလာသည် ဘတ်စ်ကားအား ဟိုတယ်တခုမှ ထွက်လာသည် ကိုယ်ပိုင် ကားတစီးမှ ဘေးမှဝင်ရောက်တိုက်မိပါသည်။ထိုနောက် ထိုကားသည် နဂိုနေရာကို ပြန်လည် ရပ်နေပါသည်။ ကျနော် ဘတ်စ်ကား မှ စပါယ်ယာသည် ဆင်းကြည့်ပြီးနောက် ကားပေါ်သို့  ပြန်လည် တက်လာသလို ၀င်တိုက် သည့် ကားမှ မိန်းမပျို သည်လည်း ရှက်ကိုးရှက်ကန်း အမူအရာဖြင့် မိမိအမှား ကို သိသလို ပုံစံဖြစ်နေပါသည်။
ဤနေရာမှာ လည်း ကျနော် ထက်သက်ကြီးဝါကြီးတစ်ယောက်ပြောဖူးသည့် မင်းစဉ်းစားကြည့်စမ်း.. ကား တိုက် ပြီး ဘက်ကြည့်မှန်လေးတစ်ဖက်ပြုတ်ထွက်သွားတာနဲ ကားတွေပေါ်ကနေပြီး ကားစက်နိုးတဲ့ ဂေါက်တံကြီး တွေ ကိုင်ပြီး ဆဲဆို ရိုက်နှက်ကြတာ တို့ တိုင်းပြည်မှာဘယ်လောက်ရုပ်ဆိုး တဲ့ဖြစ်ရပ်တွေ လည်းလို့  ….ဆိုတဲ့စကား လေးကို သတိရမိပါတယ်။
ဒါကလဲ အင်မတန်ယဉ်ကျေးပါတယ်ဆိုတဲ့ လူမျိုးတစ်မျိုးရဲ့ အပြုအမူတော့ မဟုတ်တာသေချာပါတယ် ကျနော် ရေးနေတာတွေက ထိုင်းတွေကို မြောက်ပင့် ချီးမွမ်းရေးသားပြီး ကိုယ်တိုင်းပြည် နဲ့ ကိုယ်လူမျိုး တွေ ကိုနှိမ့်ချဖို့  လားဆိုတော့ မဟုတ်ပါဘူး။ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေဟာကိုယ်အတွက်ဘဲကြည့်ခဲ့ကြတဲ့အတွက် ၊ဆင်းရဲ တွင်းထဲမှာ ဒုက္ခမျိုးစုံရောက်ခဲ့ရ တဲ့ ကျနော်တို့ လူမျိုးတွေကိုထိုင်းလူမျိုးတွေဆီကတင်မကတခြား သော နိုင်ငံလူမျိုးတွေရဲ့ မကောင်းတဲ့ အချက်တွေကို မယူဘဲ ကောင်းတဲ့အချက်လေးတွေကို ယူဖို့ နဲ့ ရှိနေပြီးသား ကောင်း တဲ့ယဉ်ကျေးမှု ဓလေ့ထုံးစံလေးတွေကို မပျောက်ပျက်သွားအောင် ထိမ်းသိမ်းစေချင်တာက ကျနော်ရဲ့  စေတနာမှန်ပါ။
နေ့ စဉ် ကားစီးပြီးရုံးသွားစဉ် တွေခဲ့ရတဲ့အတွေ့ အကြုံလေးတွေထဲကတခုကတော့ ဘယ်လူမျိုးမဆို လား… လူသားသိပ်ပြီသတာဘဲလားဆိုတာ ကျနော် သေသေချာချာမသိတော့ တာသေချာပါတယ်… ဘာဖြစ်လို့ လဲ ဆိုတော့ ကျနော်ပြောသလို ကားတိုက်တာ ကားပျက်စီးသွားတာ..လူတွေကျပ်နေစဉ်မှာ တစ်ဦး နှင့်တစ်ဦး နေရာဖယ်ပေးအထုပ်မပေးနဲ့ လုပ်ခဲ့ကြတဲ့ ထိုင်းလူမျိုးတွေဟာ.. ကားပေါ်မှာလူနည်း လူရှင်းလာပြီဆိုတာ နဲ့  စတင်လှုပ်ရှားကြတော့တာပါဘဲ..အဲဒါက ဘာလဲဆိုတော့ထိုင်ခုံရဲ့ အတွင်းဖက် ကျရာ ပြုတွင်းပေါက်နဲ့ ကပ်ရက် နေရာကို ရွေ့ ကြတာပါဘဲ… ကျနော်နေ့ စဉ် စီးနေတဲ့ကား ဖြစ်တဲ့အ တွက် ဒီကားဟာ ဘယ်နေရာမှာ ကားဂိတ် ဆုံး တော့မယ်.. အခုထိုင်နေတဲ့ သူတွေထဲက ဘယ်သူတွေဟာ ဘယ်နေရာမှာ ဆင်းမယ် ပြီးတော့ ကားကလဲ ဂိတ်ဆုံးတော့မယ်ဆိုတာ ကျနော်လဲသိသလို အားလုံး သော ဒီကားစီးသူတွေလဲ သိကြမှာပါ… ဒါပေမဲ့……လူ သားပြီ သစွာပါဘဲ ကျန်နေသေးတဲ့ အချိန်လေး ငါးမိနစ် ဆယ်မိနစ်လောက်အချိန်လေးအတွက် အတွင်းဖက်နေ ရာ တွေကို ရွေ့ ကြပြောင်းကြတာများ ဆိုရင် ဒီဖက်ခုံကလူကဟိုဖက်ကူး ဟိုဘက်ကလူကလဲထိုင်ခုံ နည်းနည်း ပိုကောင်းတဲ့ နေရာကိုပြောင်း နဲ့ ကျနော်တို့ ငယ်ငယ်က ကစားတဲ့ တိုင်ဦးတန်း ကစားနေသလို ပါဘဲ……. အတွေးထဲပေါ်လာ အောင် စဉ်းစားသာကြည့်ပါတော့….ဘယ်လောက်များ အလုပ်ရှုပ်နေကြသလဲဆိုတာ…အဲဒီ အလုပ် ရှုပ်ချင်း ကလဲ အလွန်ဆုံး ဆယ်မိနစ်လောက် လုံးအတွက် ကိုယ်တချိန်လုံး လေးဆယ်ငါးမိနစ်လောက် ဖင်ပူ အောင်ထိုင်လာခဲ့တဲ့ နေရာလေးကို ရွေ့ ပြီးတော့ ပြောင်းနိုင်သေးတယ်ဆိုရင် ရာထူး ဂုဏ် ပိုက်ဆံ အစရှိ တဲ့အရာအားလုံးကိုအခြေခံတဲ့ နေရာထိုင်ခုံတလုံးအတွက်များဆိုရင် ဘယ်လောက် များတွန်းကြ တိုက်ကြ ခုတ်ကြ စောင်းမြောင်းကြမလဲဆိုတာစဉ်းစားမိရင် ကျနော် ဆင်းရမဲ့ မှတ် တိုင် ရောက်တော့ ကျနော်ကိုယ်တိုင် ကျနော် နေရာလေးကို နှမျောမိနေသေးပါတော့ တယ်…..
တီကေ
*ခရက်ဒစ်..
No comments:
Post a Comment