ယခု ဧပြီလ ၁၃ရက်နေ့အထိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံရေးပါတီတည်ထောင်လိုကြောင်း လျှောက်ထားသည့် ပါတီများမှာ ၁၆ ခုရှိပြီဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီ တည်ထောင်လိုကြောင်း လျောက်ထားသည့်ပါတီများ
၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်
ဒီမိုကရက်တစ်ပါတီ(မြန်မာ)
ကရင်ပြည်သူ့ပါတီ
အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)
ကချင်ပြည်နယ်တိုးတက်ရေးပါတီ
မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ
ခေတ်သစ်ပြည်သူ့ပါတီ
ချင်းအမျိုးသားပါတီ (Chin National Party)
ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)
ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ
တအောင်း(ပလောင်)အမျိုးသားပါတီ
ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ)
'၀' ဒီမိုကရက်တစ်ပါတီ
ထိုသို့လျောက်ထားသော နိုင်ငံရေးပါတီ များမှ လျောက်ထားရာတွင် ပါဝင်သူများ၏ ကိုယ်ရေးရာဇ၀င်ကို စိစစ် စစ်ဆေးနေသည်ဟုဆိုသည်။ ပါတီ မှတ်ပုံတင်ခွင့်ပြုရန် လျောက်ထားခြင်း အဆင့်တွင် မှတ်ပုံတင် ခွင့်ပြုမပြု ဆုံးဖြတ်နိုင်ရန် လိုအပ်သောပုဂ္ဂိုလ်များကို ခေါ်ယူမေးမြန်းခြင်းနှင့် စာရွက်စာတမ်း တောင်းခံ စစ်ဆေးခြင်းများ ပြုနိုင်သည်ဟု ပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများ။က ဆိုထားသည်။
ပါဝင်သူများ၏ ကိုယ်ရေးရာဇ၀င်ကို စိစစ် စစ်ဆေးပြီးသတ်မှတ်ကန့်သတ်ချက်များနှင့်ညီပါမှ တည်ထောင်ရန် ခွင့်ပြုမည်ဖြစ်ရာ ပြု-မပြု အကြောင်းကြားခြင်းကို သင်္ကြန်အပြီးတွင် ရရှိမည်ဟု ခန့်မှန်းကြသည်။
၂၀၁၀ မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများနှင့်အညီ ပါတီမှတ်ပုံတင်ရန်ဖြတ်သန်းရမည့် အဆင့်ဆင့်အရ
နိုင်ငံရေးပါတီတည်ထောင်လိုကြောင်း လျောက်ထားပြီးနောက် ပါတီ တည်ထောင်ရန် လျောက်ထားခွင့်ပြုသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အကြောင်ကြားခံရသည့်အခါမှ ထိုပါတီအနေနှင့် မိမိပါတီ၏ ခေါင်းဆောင်တစ်ဦးနှင့် ဒုတိယခေါင်းဆောင် တစ်ဦးတို့ကိုရွေးချယ်ကာ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။
ဆက်လက်ပြီး ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့သည် ခွင့်ပြုချက်ရရှိသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၃၀ အတွင်း ထူထောင်မည့် ပါတီဆိုင်ရာအချက်အလက်များ ပါတီလိုဂို အလံ မူဝါဒ လုပ်ငန်းစဉ်စသည်တို့ပါဝင်သည့် စီဒီချပ် နှင့်အတူ မိမိတို့တည်ထောင်လိုသောပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားရမည်ဖြစ်သည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ ပါတီအဖြစ်ကျန်ရှိသည့် ပါတီ ၁၀ ပါတီအနေဖြင့် နိုင်ငံရေးပါတီအဖြစ် ဆက်လက် တည်ထောင်လိုပါက ဥပဒေ စတင် ပြဋ္ဌာန်းသည့်နေ့ရက်မှစ၍ ရက်ပေါင်း ၆၀ အတွင်းပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ လျောက်ထားရမည် ဖြစ်ကြောင်း ယခုနှစ် မတ်လ ၈ရက်နေ့ရက်စွဲ ဖြင့်ထုတ်ပြန်သော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကဆိုသည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏
လျောက်လွာလက်ခံရရှိကြောင်းပြေစာ
အချို့မှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျောက်ထား ခြင်းနှင့်ပတ်သက်၍ပါတီတွင်း ဆွေး နွေးလျက်ရှိကြောင်း သိရသည်။
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) သည် နိုင်ငံရေး ပါတီအဖြစ် ဆက်လက် ရပ်တည်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ မတ်လ ၂၉ ရက်နေ့တွင် လျှောက်ထား ခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလက ပြုလုပ်သည့် တစည ပါတီ ၂၁ နှစ်မြောက် အခမ်းအနား (ဓာတ်ပုံ - ဧရာဝတီ)
မူဝါဒအနေနဲ့ လူအများ ကောင်းစားရေး ၀ါဒ ပြည်သူ့ အကျိုးပြု မြန်မာ့ လမ်းစဉ် မဇ္ဈမ ပဋိပဒါ ကျင့်စဉ်ဖြစ်ပြီး စာအုပ် စာတမ်းတွေ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော လုပ်ပြီးတော့ တတိုင်းပြည်လုံးကို ဖြန့်ဝေတာ ရှိပါတယ်လို့ဆိုပါတယ်။
ပါတီ အလံက အနီရောင် ဘယ်ဘက်ထောင့်မှာ အဖြူရောင် ကြယ်သုံးပွင့်။
ပါတီ ခေါင်းဆောင်ွက ဦးထွန်းရီ၊ အထွေထွေ အတွင်းရေးမှူး ဦးသန်းတင် တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီး အပါအ၀င် CEC (ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်) ၂၃ ယောက် ရှိပါတယ်။ ပါတီဝင် ၅သိန်း လောက်ရှိတယ်ဆိုပါတယ်။
၈၈ မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) မှ ခေါင်းဆောင်များသည်လည်း မြို့ကြီးများတွင် စည်းရုံးရေး ဆင်းနေသည်ဟု သိရသည်။
အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ ကလည်း ပါတီ မှတ်ပုံတင်ပြီး ဖြစ်သည်။ “ပါတီ အလံတွေလည်း ရွေးထားပြီးပြီ။ ကျနော်တို့ ပါတီရဲ့ ဖွဲ့စည်းပုံ စည်းမျဉ်းတွေလည်း ရှိတယ်။ ပါတီဌာနချုပ်ကိုတော့ ရန်ကုန်မှာပဲ လုပ်ဖို့ ရည်ရွယ်ထားတယ်” အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးကြည်ဝင်း NLD ပါတီဝင်ဟောင်း က ပြောသည်။
NLD ပါတီဝင်ဟောင်း ဦးကြည်ဝင်းတို့၏ အမျိုးသားနိုင်ငံရေးမဟာမိတ်အဖွဲ့ သည် နိုင်ငံရေးအဖွဲ့ ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု သိရသည်။
ထိုအဖွဲ့များမှာ
၁။ တသီးပုဂ္ဂလ ညီလာခံ ကိုယ်စားလှယ်များအဖွဲ့
၂။ ၀ံသာနု NLD အဖွဲ့
၃။ နိုင်ငံရေး ဘောဂဗေဒ လေ့လာရေး မျိုးဆက်သစ် ကျောင်းတော်သားစု အဖွဲ့
၎။ ငြိမ်းချမ်းရေးနှင့် တိုးတက်ရေးအဖွဲ့
၅။ အမျိုးသား လူငယ် NLD (မြန်မာနိုင်ငံ)
၆။ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး၊ သုတေသန နှင့် တိုးချဲ့ ထုတ်လုပ်ရေး ကျောင်းတော်သားစု
၇။ ဒီမို NLD
၈။ မျိုးချစ် အမျိုးသား အစည်းအရုံး
၉။ အမျိုးသား နိုင်ငံရေး အင်အားစု (ရခိုင်ပြည်နယ်) တို့ ဖြစ်ကြသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် ပအိုဝ်း နိုင်ငံရေးသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုစဉ်က ပြည်ထောင်စု ပအိုဝ်း အမျိုးသားအဖွဲ့ချုပ် အမည်ရှိ ပါတီတခုသည် ဆီဆိုင် အိုပုံးနှင့် ပင်လောင်မြို့နယ် မဲဆန္ဒနယ် ၃ ခုတွင် အနိုင်ရရှိခဲ့သည်။
အပစ်ရပ်အဖွဲ့ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် (PNO) က နိုင်ငံရေး ပါတီ မှတ်ပုံတင်ခွင့်ပြုရန် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ ဧပြီ ၂ ရက်နေ့က လျှောက်ထားကြောင်း မြန်မာ့အလင်း သတင်းစာက ဆိုသည်။
PNO သည် စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ပါတီဖွဲ့စည်းခွင့်ရရန် လျှောက်လွာတင်ခဲ့သော ၇ ခုမြောက် ပါတီလည်းဖြစ်သည်။
အသက် ၇၄ နှစ်ရှိပြီ ဖြစ်သော နိုင်ငံရေးသမားတဦးဖြစ်သူ ဦးအောင်ခမ်းထီကPNOကို ခေါင်းဆောင်နိုင်ဖွယ် ရှိကြောင်း လေ့လာသူများက ဆိုသည်။၂၀၀၉ ခုနှစ် အောက်တိုဘာလက ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ် (စ်) အပတ်စဉ် ဂျာနယ်နှင့် အင်တာဗျူးတွင် ဦးအောင်ခမ်းထီက ပါတီ ဖွဲ့စည်းလျှင် တောင်ကြီးနှင့် လွိုင်လင် ခရိုင်တို့၌ အခြေစိုက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
၁၉၉၁ ခုနှစ် ဧပြီလတွင် PNOသည် အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ကျင်းပသော အမျိုးသား ညီလာခံသို့လည်း တက်ရောက်ခဲ့သည်။ အပစ်အခတ်ရပ်စဲပြီးနောက် PNOသည် ရှမ်းပြည်တောင်ပိုင်း အထူးဒေသ ၆ ကိုထိန်းချုပ်ထားသည်။
အပစ်အခတ် ရပ်စဲပြီးနောက် စစ်အစိုးရက PNOကို စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့် ပေးခဲ့သည်။ ယင်းနောက် PNOသည် Jade Dragon ကျောက်မျက်ရတနာ ကုမ္ပဏီကို ထူထောင်ခဲ့ပြီး ဦးနေ၀င်းထွန်းကို စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေး ခဲ့သည်။
ရှမ်းပြည်နယ် မိုင်းရှုး၊ ကချင်ပြည်နယ် ဖားကန့်၊ တောမှော်၊ စစ်ကိုင်းတိုင်း ကော့လင်း၊ မန္တလေးတိုင်း မိုးကုတ်တို့တွင် ကျောက်မြတ် ရတနာနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ၎င်းတို့ ရှာဖွေတွေ့ရှိခဲ့သည့် တန်ချိန် ၃၀၀၀ ရှိ ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရအား လှူဒါန်းခဲ့ သည်။
နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မယ်လို့ ပထမဆုံး ထုတ်ဖော်ပြောကြားခဲ့တဲ့ ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံး ဦးဆောင်တဲ့ ပြည်ထောင်စု ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဟောင်းတွေနဲ့ ပူးပေါင်းပြီး နိုင်ငံရေးပါတီသစ်အဖြစ် ထူထောင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဦးရွှေအုံး က
“နံပါတ် ၁ က ကျနော်တို့ ပါတီ ၂ ခု ပူးပေါင်းဖို့ ဆုံးဖြတ်လိုက်တယ်။ ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ပေါ့။ တဘက်က သူတို့ လူထုဒီမိုကရေစီပါတီ အဲဒါက ၈၈ မျိုးဆက်ကျောင်းသားတွေ ဖြိုးမင်းသိန်း၊ သိန်းတင်အောင် ပါတယ်လေ။ ပေါင်းမယ်လို့ ကျနော်တို့ မဟာမိတ် ဆုံးဖြတ်ပြီးပြီလေ။ အဲတော့ ဘယ်လိုနည်းနဲ့ ပေါင်းမယ်ဆိုတာ အသေးစိတ်ကို ကျနော်တို့ ဆွေးနွေးမယ်။” လို့ ပြောပါတယ်။
ရှမ်းဝါရင့်နိုင်ငံရေးသမားကြီး ဦးရွှေအုံး
ကိုဖြိုးမင်းသိန်း (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဟောင်း)
“နအဖရဲ့ အင်လိုင်းထဲမှာပြောရရင် ကိုအေးလွင်တို့ အုပ်စုတွေက တခု ရှိသေးတယ်။ ဒီဘက်မှာကျတော့ ရွေးကောက်ပွဲကို လက်ခံပြီး ဖြတ်သန်းမယ်ဆိုတဲ့ အခြေအနေက လေးခုရှိတယ်။ ဒီငြိမ်းကတော့ အခိုင်အမာ မရှိသေးဘူး။ ဒီမိုကရက် တစ်ပါတီကတော့ သူ့ဘာသူ ရပ်တည်မှာ။ ဒီဘက် ၂ ခုက ပေါင်းလိုက်ရင် သုံးခုလောက်ပဲ ရှိမှာပေါ့။ မြန်မာပြည်ရဲ့ ရှေ့ရေးကြိုးပမ်းမှု မဟုတ်ရင်တောင်မှ ဂျွိုင့်အက်ရှင်လိုမျိုး ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေ ကျနော်တို့ ဆက်လက် ပူးပေါင်းဆောင်ရွက် နိုင်လောက်တဲ့ အခြေအနေ များသွားမယ်။ ဘာလို့လဲဆိုတော့ ညီညွတ်ရေးဆိုတာ အပြောင်းအလဲတရပ်မှာ မဖြစ်မနေ လိုအပ်တယ်လေ။”
ကိုသိန်းတင်အောင် (၈၈ မျိုးဆက်မျိုးဆက် ကျောင်းသားဟောင်း)
“အန်အယ်လ်ဒီ မ၀င်တဲ့အခါကျတော့ ဒီရွေးကောက်ပွဲဝင်မယ့် အင်အားစုထဲမှာ ရှင်းရှင်းပြောရရင် တပ်မတော် အထောက်အကူပြု အင်အားစုနဲ့ တပ်မတော်နဲ့ မသက်ဆိုင်တဲ့ အင်အားစု ၂ စု ရှိမှာပေါ့။ အဲဒီမှာ တပ်မတော်နဲ့ မသက်ဆိုင်တဲ့ အင်အားစုတွေက တစုအဖွဲ့ ကွဲကွဲပြားပြားဖြစ်နေရင် ပြည်သူက ရှင်းရှင်းပြောရင် မျက်စိရှုပ်လို့၊ အဲတော့ ရှင်းရှင်းပြောရင် အမြင်ကြည်အောင် တစုတစည်းတည်း ဖြစ်အောင် အနည်းဆုံတော့ ဂျေအေစီတို့ အလိုင်းရင်းတို့ လုပ်ရမှာပဲ။ အခုဟာက ပေါင်း နိုင်တဲ့ အဖွဲ့ကတော့ ပေါင်းလိုက်ပြီ။”
ဒီမိုကရက်တစ်ပါတီ DPM အမျိုးသမီးအဖွဲ့များ၏ စီးရုံးရေး ကွင်ဆင်းဆောင်ရွက်နေ။
ဦးသုဝေခေါင်းဆောင်တဲ့ ဒီမိုကရက်တစ်ပါတီရဲ့ မူလက ဆုံရပ်နေရာဟာ အငှားကာလပြည့်သွားလို့ အခုအခါ ပုဇွန်တောင် ခုနှစ်ရပ်ကွက်ထဲ ဆုံရပ်အသစ်ငှားပြီးဖြစ်ကြောင်းသိရသည်။
လိပ်စာသစ်
Tel.: 95 1 297 617.
On March 7 the 18th DPM EC/CC Meeting was held at the new ‘Meeting Point’. The Contract on the old Meeting Point expired and the owner declined to renew as the property is up for sales.
The Meeting was presided over by the Chairman UTW and Daw Nay Yi Ba Swe acted as the MC. UTW briefed the Meeting on his Chaing Mai news media seminar sponsored by Voice of America [VOA] and the interviews made by many other media including BBC, DVB, etc. and satisfaction expressed by many.
The Meeting resolved to have DPM Title Song for the election campaign. The Meeting resolved to have opening ceremony of the new Meeting Point and U Nu’s 15th Passed away commemoration on March 14th.
On March 14 Opening and Commemoration Ceremonies were performed by offering Swen to Five Monks from
The address of the new Meeting Point:
After the ceremony UTW gave a speech to the attendees. A press conference was given right then and there. Though many questions were asked the Journals could not publish as the Literary Censor Board has not given permission as yet on interviews.
၊စစ်အစိုးရမှ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲ ကို ကြိုဆိုသည့် အနေဖြင့် ထုတ်ဝေသည့် Monitor News Journal ကြော်ငြာကို ရန်ကုန်မြို့ နေရာအနှံ့အပြား တွင်တွေ့ရသည်။
ဆန်းပြားသော ကြော်ငြာပုံကြောင့် လမ်းသွား လမ်းလာ များမျက်စေ့ကျ လျှက်ရှိသည်။
ရန်ကုန် မြို့ တော်ဝန် ၏ အမိန့် ဖြင့် ယမန် နှစ် က စပြီးလျှပ်ပေါ် လော်လည် သည့် ကြော်ငြာများကို အများ ပြည်သူ မြင်သာသည့် နေရာများတွင် မကြော်ငြာရ ဟု အမိန့် ထုတ်ပြန် ခဲ့ပြီးနောက် ပုရိသ များ အားဆွဲဆောင် နိုင်သော ကြော်ငြာများ ပျောက်ကွယ်သွားခဲ့သည်။
မော်ဒယ် ခရစ္စတီးနား ၏ သရုပ်ပြဟန် ဖြင့် ရိုက်ကူးကြော်ငြာထားသည့် ထိုဂျာနယ်ကို အများစုက ဂျာနယ်ကြော်ငြာ ဟု မထင်ပဲ အရက်ကြော်ငြာ ဟု ထင်ကြသည်။ ၂၀၁၀ ရွေးကောက်ပွဲ အား ကြိုဆိုပြီး ဂုဏ်ပြုထုတ်ဝေသည်ဆိုသော The Monitor News အမည်ရှိ ဂျာနယ်အားလျှပ်တပြက် သတင်း ဂျာနယ် မှ ထပ်မံထုတ်ဝေခြင်းဖြစ်သည်။ ထိုဂျာနယ် သည် မျက်မှောက် နိုင်ငံရေးအကြောင်း ဦးစားပေး ဖော်ပြမည် ဟု သိရသည်။
အမျိုးသားနိုင်ငံရေး ဦးဝင်းနိုင်က နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲ ကာလအတွင်း မဲဆန္ဒရှင်တွေအတွက် ပညာပေးရေးလုပ်ငန်းတွေကို လုပ်ဆောင်နိုင်ဖို့ တသီးပုဂ္ဂလအမျိုးသား နိုင်ငံရေးသမားများ အဖွဲ့ကို ထူထောင် လိုက်ပါတယ်။ ဦးဝင်းနိုင် ဦးဆောင်တဲ့ တသီးပုဂ္ဂလ အမျိုးသားနိုင်ငံရေးသမားများအဖွဲ့ကို နိုင်ငံရေး စိတ်ဝင်စားတဲ့ လူတွေနဲ့ ဖွဲ့စည်းလိုက်တာပါ။
“နာမည်ကတော့ ကျနော်တို့ တသီးပုဂ္ဂလအမျိုးသားနိုင်ငံရေးသမားများ ဆိုပြီးတော့ Group (အုပ်စု) လေးတခု ဖွဲ့ထားတာပါ။ မြန်မာပြည်မှာ ကျနော့်လိုပေါ့ ပါတီမဖွဲ့ဘဲနဲ့ အမျိုးသားနိုင်ငံရေးကို ဆက်ပြီးတော့ လုပ်ချင်ကြတဲ့ လူကြီး၊ လူငယ်၊ လူလတ် နိုင်ငံရေးသမားတွေ အများကြီး ရှိတယ်။ အဲဒီတော့ ကျနော်က အဲဒါကို သူတို့နဲ့ တိုင်ပင်ပြီးတော့ ကျနော်တို့ စုရပ်ကလေး တခု လုပ်ကြရအောင် ဆိုပြီး စုရပ်ကလေး တခုလုပ်လိုက်ပြီးတော့ ကျနော်တို့က တိုင်းပြည်အတွက် လိုအပ်တဲ့ ကိစ္စလေးတွေကို ဆောင်ရွက်ကြမယ်ဆိုပြီးတော့ လူစုလိုက်တာပါပဲ။”
တသီးပုဂ္ဂလအမျိုးသားနိုင်ငံရေးသမားများ အဖွဲ့အနေနဲ့ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘဲ ရွေးကောက်ပွဲမှာ ပြည်သူတွေအနေနဲ့ ဘယ်လို မဲ ထည့်သင်တယ်။ ဒီမိုကရေစီအခြေခံက ဘာတွေဆိုတဲ့ ပညာပေးကိစ္စတွေကို ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးဝင်းနိုင်က ပြောပါတယ်။
“လူထုကို တိုက်ရိုက်ကိုယ်စားပြုတဲ့ လုပ်ငန်းတွေ ကျနော်တို့ လုပ်မယ်။ အခု အရေးတကြီးကတော့ ဖွဲ့စည်းပုံ လုပ်ထားတဲ့ဟာတွေက ဘယ်လိုဟာတွေဆိုတာကို ကျနော်တို့ အသိပေးမယ်။ တကယ်လို့များ ရွေးကောက်ပွဲ ဖြစ်လာခဲ့သည် ရှိသော် ရွေးကောက်ပွဲမှာ Best Election (အကောင်းဆုံးရွေးကောက်ပွဲ) အနေနဲ့ ဘာတွေ လုပ်သင့်တယ်။ ဘယ်လို အရည်အချင်းရှိတဲ့ လူတွေကို ရွေးသင့်တယ်။ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေးဆိုတာ ဘာတွေလဲဆိုတဲ့ အဲဒါတွေကို အသိပေးပညာ ပေးမယ့် လုပ်ငန်းကို ကျနော်တို့ ပထမဦးဆုံး လုပ်ဖို့ ကြိုးစားနေတယ်။ အဲဒါက နာမည်ပေးထားတာက မဲဆန္ဒရှင်များ ပညာပေးရေးလုပ်ငန်းစဉ် လောလောဆယ်တော့ အဲဒါကို အဓိကလုပ်ဖို့ စီစဉ်နေပါတယ်။”
ဒီလို ပညာပေးလုပ်ငန်းတွေကို လုပ်တဲ့နေရာမှာ အာဏာပိုင်တွေဘက်က ဘယ်အတိုင်းအတာအထိ အပြုသဘောနဲ့ လုပ်ခွင့်ပေးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့လည်း ဦးဝင်းနိုင်က သုံးသပ်ပါတယ်။ အမျိုးသားရေး ဦးဝင်းနိုင်ဟာ ၂၀၀၇ ခုနှစ် ကုန်ဈေးနှုန်းကြီးမြင့်မှု အပါအ၀င် လူထုတွေ့ကြုံနေရတဲ့ အထွေထွေအကျပ်အတည်းတွေ ပြေလည်အောင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုထင်ကျော်တို့နဲ့အတူ ဆောင်ရွက်ခဲ့ပြီး ၂၀၀၇ စက်တင်ဘာသံဃာလှုပ်ရှားမှုအတွင်း လူရွှင်တော်ကိုဇာဂနာ၊ သရုပ်ဆောင် ကိုကျော်သူတို့နဲ့အတူ ရဟန်းသံဃာတော်တွေကို ဆွမ်းကပ်လှူခဲ့တာကြောင့် အာဏာပိုင်တွေရဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ မကြာခဏ ခံခဲ့ရတဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။
No comments:
Post a Comment