6/12/2008

ဝမ်းနဲကြေကွဲခြင်း

ဒီကနေ့ အားအားမရှိပါဘဲလျက်(ကိုယ့်အတွက်တန်ဖိုးရှိသောအချိန်များကိုပေး၍ ဘလော့ဂ် ရေးသူများကိုလေးစားစွာ) ကျနော်၏အချိန်များကိုလုပြီးလိုက်ဖတ်နေစဉ် SMNTL မစိုးမြတ်နန္ဒာသက်လွင်http://moralvirtues.blogspot.com/ မှာ Blog has been removed Sorry, the blog at moralvirtues. blogspot.com has been removed. လို့ အမှတ်မထင်တွေ့ လိုက်ရပါသည်။
မတော်တဆမဟုတ် သူ့ သဘောအလျောက်လည်းမဟုတ်ဟုဝမ်းနဲစွာခံစားမိပါသည်။
မပြေးသော် ကန်ရာရှိပေတာကိုး။
သနားဖွယ်ရာကိုယ်တိုင်ဝန်ခံကြေငြာထားသော“ကျွန်ုပ်တို့ သည် အသက်နှင့် လူလုပ်ခြင်းမဟုတ်၊ အရှက်နှင့်လူလုပ်ခြင်း ဖြစ်သည်ဟု အော်ချင်ပေသော်ငြားလည်း မျက်ခွက်များ မဖေါ်ပြနိုင်သည့်အတွက် ထွက်သက် ၀င်သက်နှင့် လူသားများသာ ဖြစ်ပါကြောင်း ”… လို့ မိမိအဖြစ်ကိုမိမိသိပါလျက်နှင့်ရပ်တည်ရေးအတွက်ရေးရရှာသူ မျက်နှာမပြ၀ံ့ နာမည်မဖော်ရဲသော 1001burmese ဘလော့ရေးသူတို့ ၏ထိုးနှက်စော်ကားမှုကြောင့်ဟုနားလည်လိုက်ပါသည်။
“သူတို့ သည်နေပူပူအောက်တွင်ရုပ်သေးပွဲ ကပြရန် ကြိုးစားနေသူများသာ ဖြစ်သည် ။
သူတို့ ၏ခြေရာများ နေ၀င်လျှင် ပျောက်ကွယ်မည် ”ဟုသူတို့ ကိုယ်သူတို့ နှစ်သိမ့်သည်။

လူသည်ကိုယ်သမိုင်းကိုယ်ထွင်း၍ ကိုယ့်ခြေရာ ကိုယ်ချန်သူများဖြစ်သည်ကိုမမေ့စေလိုပါ။

ကျနော်သည် ဘလော့ဂါအားလုံးကိုမိသားစုစိတ်ထားပေးပါသည်။ ဘယ်သူဘာလဲဘယ်လိုလဲမပြောလိုပါ။ယခုအဖြစ်အပျက်အတွက်များစွာကြေကွဲဝမ်းနည်းပါကြောင်း သာ မှတ်တမ်းပြုပါရစေ။
အားလုံးကိုသံယောဇဉ်ထား လေးစားလျက်....

2 comments:

  1. သေသေချာချာ နားမလည်ပေမဲ. သမီးလည်း ထပ်တူထပ်မျှ ၀မ်းနည်းမိပါတယ်။

    ReplyDelete
  2. မိဘကျေးဇူးကိုအမြဲသတိရနေပါတယ်အကိုရေ..

    ReplyDelete