1/18/2009

အထူးသတင်း(အတင်းထူးသည်)

ကမ္ဘာမကြေ လျှာမရှည်စဖူး လျှာရှည်ထူးမိရာမှ အဘန်း ခံလိုက်ရပါကြောင်း
ဘလော့သက်တန်းတနှစ်တိတိအတွင်း အချိန်ရရသလို ဘလော့လည်လေ့ရှိသော်လည်း
မကင်းရာမကင်းကြောင်းဘလော့ဂ်အချို့တွင် နှုတ်ဆက် မေတ္တာစကား ပါးမိသည်မှအပ
စီဘောက်များကွန်မင့်များတွင် ရေးလေ့ရေးထသိပ်မရှိလှပါ။
ချွင်းချက်အနေနှင့်မူ သွေးစည်းညီညွတ်မှုပျက်ပြားလောက်သည့် အမြင်သဘောလေးများတွေ့မိပါလျှင်
မနေနိုင်မထိုင်နိုင် မုန်းခြင်လည်းမုန်းပေတော့ လျာယားမိတတ်ပါသည်။
ခုတလောရာသီဥတုအေးလွန်းသည့်အတွက် ငှက်ဟောင်းကပေစောင်းပေစောင်းအရစ်ရှည်နေလေရာ
ဖျားချိန်ကွေးနေအဖျားကျချိန်အလုပ်ထလုပ် သည်လိုနှင့်တလကျော် ကောင်းလိုက်ဖျားလိုက် ၄-၅ကြိမ်
ဖြစ်နေပါသည်။
ယနေ့အဖျားကျတုံး သတင်းလေး စာလေးလျောက်ဖတ်အဖြစ်မှာ http://bayofarakan.blogspot.com/
စီဘောက်က AASU: အော်ထားတဲ့ ဗမာတို့ကစောမြအောင်ကိုစောမရအောင် လို့ရေးကြသည်။
သခင်မြကိုသခင်မရ ဟုမရေးကြပါ အဘယ်ကြောင့်နည်း။ ဆိုတာသွားခလုတ်တိုက်မိတယ်။
ဝင်လျှာရှည်မိရောဆိုပါတော့။
18 Jan 09, 12:13
kabarmakyay: ယခင်ကာလများစွာကပင် ရခိုင်ညီ-ကိုတို့က ဦးစောမရအောင်ဟု ဆိုကြသည်နှင့်အညီ ကျွှနှ်ုပ်တို့ ကျန်ညီအကိုများကလဲ လိုက်ဆိုကြပါသည်။ မြဖြစ်စေ မရဖြစ်စေ ညီနောင်ခြင်း သွေးကွဲရန် အလျှင်းမရှိရပါ
18 Jan 09, 12:22
kabarmakyay: တိုင်ပြည်တ၀ှမ်း စစ်အာဏာရှင်တို့ ရမ်းကားသဖြင့် ထောင်းလမောင်းညှက်ကြေ ဖြစ်နေလေရာမှာ ဗြုပ်စဗျင်းတောင်း အဟောင်း-အမျက် အဖျက်အတ္တ ခ၀ါချကြဖို့ ညီနောင်တို့ ခြေဖမိုး
ဦးခိုက် တိုက်တွန်း ဂလောက်ကိုညွန်းပရစေဗျ “ ..

**** ဒီအခါမှာမှ မညီကြပါလျှင် ဒီဘ၀မှာတွင်မက မင့်သား၊သူ့မြေး၊ကျုပ်မြစ် အဆင်ဆင့်တို့ စစ်ကျွန်ဖြစ်စေတော့လို့ စစ်ရှုးတစုလက် ၀ကွက်အပ်သူ ဘယ်သူလဲလို့ လက်ညိုးထိုးစရာငါတို့ဖြစ်ပါရော့မယ်။
လေးစားစွာဖြင့်…….

စီဘောက်တို့ထုံးစံ စာလုံးရေကန့်သတ်ချက်ကြောင့် ၃ပိုက် ခွဲရေးရတယ်။ ၂ပိုက်သွားပီး နောက်ဆုံးပိုင်းလွတ်တော့
ဘန်းလိုက်ပီ မရေးနဲ့တော့တဲ့။ ဟဲ့..ဘိုဖစ်တာလဲ ဒါလေးများ။ ပီးတော့မြန်လိုက်တာ ပြောခြင်တာမှမဆုံးသေး။
အေးလေ တခါတလေ နက်ကြောင်တတ်တာမို့ ရီဖလက်ရှ်လုပ်ကြည့်-မရ ပြန်ဆုတ်-ပြန်ဝင် ။မရ
ဟူး..စိတ်ကတိုဘီ တခြားလူများကိုတိုတာမဟုတ် အဆုံးမသတ်ရတာကိုတိုတာ။တန်းလန်ကြီးဆိုတော့ဖတ်ရသူက
ရိတယ် ငေါ့တယ်ထင်ရင် ဘိုလုပ်မလဲ။ ကိုယ်ကလဲ စာသာမရေးတတ်တာ ရေးမိရင် အကော့နဲ့ အတက်နဲ့။
အချီ-အချနဲ့
ခုလဲ AASU:ရဲ့အဘယ်ကြောင့်နည်း။ ဆိုတာကိုလိုက်ပီးရေးထားမိတဲ့ရေးဟန်ကိုက ဂွကျကျ။ ဒီကြားထဲ ဖြတ်လိုက်တော့....
ဆက်မရေးရတာကို“တိုတာ“ လူကဘန်းတာလဲဟုတ်ခြင်မှဟုတ်မှာ နက်ကြောင့်လဲဖြစ်ကောင်းဖြစ်မယ်။
ဘာဖြစ်ဖြစ် ကွက်မြင်ခံရမှာတော့မကြိုက် သမိုင်းတွေလဲ ကွက် မြင်-ကွက်ကြည့် လိုရာဖိဆွဲနဲ့ အကွဲအပြဲအတောမသတ်တာ။
ဒါနဲ့ဘဲ ကိုယ့်ဖါသာရေးလို့ရတဲ့နေရာမှာလာရေးတာပါ။
ဘယ်သူ့ကိုမှ ရန်မူလို၍မဟုတ်မူ။
စီဘောက် မူရင်းပါစာများ
18 Jan 09, 12:22
kabarmakyay: တိုင်ပြည်တ၀ှမ်း စစ်အာဏာရှင်တို့ ရမ်းကားသဖြင့် ထောင်းလမောင်းညှက်ကြေ ဖြစ်နေလေရာမှာ ဗြုပ်စဗျင်းတောင်း အဟောင်း-အမျက် အဖျက်အတ္တ ခ၀ါချကြဖို့ ညီနောင်တို့ ခြေဖမိုး ဦးခိုက် တိုက်တွန်း ဂလောက်ကိုညွန်းပရစေဗျ “ ..
18 Jan 09, 12:13
kabarmakyay: ယခင်ကာလများစွာကပင် ရခိုင်ညီ-ကိုတို့က ဦးစောမရအောင်ဟု ဆိုကြသည်နှင့်အညီ ကျွှနှ်ုပ်တို့ ကျန်ညီအကိုများကလဲ လိုက်ဆိုကြပါသည်။ မြဖြစ်စေ မရဖြစ်စေ ညီနောင်ခြင်း သွေးကွဲရန် အလျှင်းမရှိရပါ
18 Jan 09, 10:28
မောင်မောက်: ဒေါက်တာဦးစောမြအောင်ကွယ်လွန်တဲ့သတင်းကိုပြည်ပရေဒီယိုလေးလုံးကလွှင်သွားတာကိုနားထောင်လိုက်ရပါတယ်။အခြားအသံလွှင့်ဌာနတွေက ဦးစောမရအောင် ဆိုပြီး ရခိုင်အသံထွက်ကိုမဖြစ်ဖြစ်အောင်ကြိုးစားပြီးပြောသွားကြပါတယ်၊ဒါပေ
18 Jan 09, 06:19
AASU: ရာသက်ပန်ဝန်ကြီးရှုပ်ငစိန်ဝင်နှင့် NCGUBပြိုကွဲလုနီးဖြစ်နေပြီ။
18 Jan 09, 06:16
AASU: ဗမာတို့ကစောမြအောင်ကိုစောမရအောင် လို့ရေးကြသည်။သခင်မြကိုသခင်မရ ဟုမရေးကြပါအဘယ်ကြောင်းနည်း။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

1 comment:

  1. ရေးတော အသံ ဖတ်တော့ အမှန် ၊ ဆိုရာကနေ ရေးတော့ 
    အမှန်ဖတ်တော့ အသံဖြစ်သွားတာပေါ့ ဗျာ ရေးသူရဲ့ စေတ
    နာရင်း မှာ သန့် ရှင်းကြောင်း သိသာပါတယ် ဗျာ

    ReplyDelete