6/30/2009

“အန်အယ်လ်ဒီဌာနချုပ်ဟာ ဆွံ့အနားမကြားကျောင်းတခုလို ဖြစ်နေတယ်” လို့ ပြောလိုက်တဲ့ လူထုစိန်ဝင်းနဲ့ (အာရ်အက်ဖ်အေ)အင်တာဗျူး


“အန်အယ်လ်ဒီဌာနချုပ်ဟာ ဆွံ့အနားမကြားကျောင်းတခုလို ဖြစ်နေတယ်” လို့ ပြောလိုက်တဲ့ လူထုစိန်ဝင်းနဲ့ အင်တာဗျူး (အာရ်အက်ဖ်အေ)
ဟုတ်ကဲ့ ဆရာဦးစိန်ဝင်းခင်ဗျာ၊ အခု ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီကတော့ မြန်မာပြည်က ပြန်သွားပြီလို့သိရပါတယ်။ သူလာခဲ့တဲ့ ခရီးစဉ်နဲ့ အကျိုးဆက်တွေ ပေါ့၊ ဆရာ ဘယ်လိုမြင်ပါသလဲခင်ဗျာ။
ဒီအကြောင်းကိုတောဗျာ့ ကျနော် အရင်ကလည်းပဲ ဂမ်ဘာရီလာခဲ့တဲ့ အကြိမ်တွေမှာလည်း ကျနော် ခဏခဏ ပြောဖူးပါတယ်။ ဂမ်ဘာရီပဲ လာလာ၊ ဘန်ကီမွန်းပဲ လာလာ ဟုတ်လား ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် တွေ တခုလုံးပဲ လာလာ၊ အခြေအနေတွေကတော့ ဘာမှထူးခြားမယ်လို့ ကျနော်ကတော့ မယူဆဘူးဗျ။
ဘာ ဖြစ်လို့လဲဆိုတော့ကာ ဒီကုလသမဂ္ဂကလည်းပဲ သူ့မှာက ဘာမှ တကယ်တမ်း သူက လုပ်ပေးနိုင်တဲ့ အခွင့်အာ ဏာ သူ့မှာ ဘာမှမရှိဘူး။ အရင်တုန်းက ဦးသန့်ပြောခဲ့ဖူးတဲ့ စကားလေးတခွန်း ရှိတယ်။ ဦးသန့်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အဖြစ်နဲ့ ရှိနေစဉ်တုန်းက ဦးသန့်က ပြောခဲ့ဖူးတယ်။ သူ့မှာ ဘာမှ လုပ်ပိုင်ခွင့်အာဏာတွေ မရှိပါဘူးတဲ့။ သူ့အလုပ်ဟာ တကယ်တော့ ဂုဏ်ထူးဆောင် စာရေး တော် ကြီးအလုပ်ပါပဲတဲ့။ ဆိုတော့အခုလည်း ပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တို့ ဘာတို့မှာက ဘာမှလုပ်ပိုင်ခွင့်တွေ၊ အခွင့်အာဏာတွေ မရှိဘူး။ ဒီလိုအခွင့် အာဏာတွေ မရှိတဲ့အတွက် ဒီအစိုးရကလည်း သူတို့ကို သိပ်ပြီးတော့ လေးစားမှု၊ အထင်ကြီးမှု မရှိဘူးခင်ဗျ။နောက်ပြီးတော့ ဂမ်ဘာရီဆိုတဲ့ ပုဂ္ဂိုလ်အပေါ်မှာလည်း ပုဂ္ဂိုလ်ရေးအရကို ကျနော်က ဂမ်ဘာရီကို မယုံကြည် ဘူးဗျ။ သူဟာ စစ်မှန်တဲ့ ကုလသမဂ္ဂရဲ့ကိုယ်စားလှယ်လို့ ကျနော်က မယူဆတော့ဘူး။ ဘာကြောင့်လဲဆိုတော့ သူအရင်တုန်းက (၇) ကြိမ်လောက်လာခဲ့တယ်။ လာခဲ့တဲ့ အကြိမ် တိုင်း မှာလည်း သူက တိုးတက်ပါတယ် ပြော သွားတာပဲရှိတယ်။ တကယ်တမ်းတော့ ဘာမှ တိုးတက်တာတွေ ဖြစ်မလာဘူး။ အဲတော့ ကျနော်ကတော့ ဂမ် ဘာရီဟာ သူ့ကို စွဲချက်တောင်မှ (၂) ခုပဲ ကျနော်က တင်ချင် တယ်။ ပထမစွဲချက်ကတော့ လိမ်လည်မှု။ သူက ဟုတ်လား ဘာမှမတိုးတက်ဘဲနဲ့ အခြေအနေတွေက ဆိုးနေတာပဲရှိတယ်။ ဆိုးနေတာတွေကို ကောင်းပါတယ်၊ ကောင်းပါတယ်၊ တိုးတက်ပါတယ်ဆိုပြီး လိမ်ညာပြီးတော့ လုံခြုံရေးကောင်စီကို အစီရင်ခံနေတယ်။ ဒါတချက် ပေါ့။နှစ်အချက်ကတော့ ဂမ်ဘာရီဟာ သူ့ကို လုံခြုံရေးကောင်စီက ပေးအပ်ထားတဲ့ အခွင့်အာဏာတွေမရှိဘဲနဲ့ အာဏာကို သူအလွဲ သုံးစာလုပ်တယ်လို့ ကျနော်က ယူဆတယ်။ လုံခြုံရေးကောင်စီက အခွင့်အာဏာ ပေးထားတာ က၊ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က မြန်မာပြည်နိုင်ငံရေးမှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ် လာစေဖို့ အဲဒီအတွက် သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ ဒါကိုလုံးပမ်းဖို့ လုံခြုံရေးကောင်စီက ဆုံးဖြတ်ထား တာ။ အခု ဂမ်ဘာရီတို့ ဘန်ကီမွန်းတို့က ဂမ်ဘာရီက ဘာတွေလုပ်ခဲ့လဲဆိုတော့ သူက ဒီဖွဲ့စည်းအုပ်ချုပ်ပုံအ ခြေခံဥပဒေကို အသိအမှတ်ပြုပြီးတော့ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုပြီးတော့ ရွေးကောက်ပွဲမှာ တရားမျှ တမှုဖြစ်ဖို့၊ နိုင်ငံတကာ ကြီးကြပ်သူတွေ လာဖို့တို့ ဒီအကြောင်းတွေကို သူက ပြောပြတယ်။ ဒါဟာ သူ့အခွင့်အာ ဏာထဲမှာ မပါဘူးဗျ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အသိအမှတ်ပြုဖို့လည်း သူ့ကို အခွင့်အာဏာ အပ်နှင်း မထားဘူး၊ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့လည်း သူ့ကို အခွင့်အာဏာ အပ်နှင်းမထားဘူး။ ဒါကြောင့်မို့ ကျ နော်ကတော့ ဂမ်ဘာရီကို ခုနက လိမ်ညာမှုရယ်၊ အာဏာအလွဲသုံးစားလုပ်မှုရယ်နဲ့ စွဲချက်တင်ပြီးတော့ ဒီနေ ရာကနေပြီးတော့ ဖယ်ရှားပစ်သင့်တယ်လို့ ကျနော်က ယူဆတယ်။
လက်ရှိ အဲတော့ဆရာ မြန်မာ့နိုင်ငံရေးမှာ ဒီကုလသမဂ္ဂအဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေက ဘာမှ ထိရောက်မှုမရှိဘူးလို့များ ပြောနေ တာလားခင်ဗျ။
ဟုတ်ကဲ့ ဘာမှထိရောက်မှု မရှိပါဘူးခင်ဗျ။ ဘာမှထိရောက်မှု မရှိပါဘူး။ ကုလသမဂ္ဂက အခုနက ဦးသန့်ပြောခဲ့ တဲ့အတိုင်းပါပဲ။ ဘာအခွင့်အာဏာမှမရှိတဲ့ toothless tiger ပါပဲ။ဟုတ်ကဲ့ အဲဒါဆို မြန်မာပြည် သူလူထု အကျိုး အတွက်က ဘယ်လိုပုံသဏ္ဍာန်နဲ့ပဲ ဖြစ်လာနိုင်မလဲ။မြန်မာပြည်သူလူထု နော် တိုင်းပြည်အတွက်ကတော့ ကျနော်တို့ မြန်မာပြည်သူလူထုကိုယ်တိုင်ပဲ ဘယ်သူ့ကိုမှ အားမကိုးဘဲနဲ့ ကုလသမဂ္ဂကိုလည်း အားမကိုးဘဲနဲ့ အမေရိကန်ကိုလည်း အားမကိုးနဲ့ အီးယူကိုလည်း အားမ ကိုးနဲ့ ကိုယ့်ပြည်သူ့အားကိုပဲ ကိုယ်အားကိုးပြီးတော့ ကိုယ့်အချင်းချင်းပဲ ညှိနှိုင်းတိုင်ပင်ဆောင်ရွက် လုပ်သင့် တယ်လို့ ကျနော်က ယူဆတယ်။
အန်အယ်လ်ဒီအဖွဲ့အစည်းနဲ့ ဒီအစိုးရနဲ့ တိုင်းရင်းသားတွေနဲ့ အတူရှိနေကြတဲ့ သုံးပွင့်ဆိုင်တွေပေါ့ဗျာ။ ဒီလူတွေအချင်းချင်းကိုပဲ ကိုယ့်ဟာကိုယ် တွေ့ဆုံညှိနှိုင်းပြီးတော့ ဖြေရှင်းသင့်တယ်လို့ ကျနော်က ထင်တယ်။ ဒီကုလသမဂ္ဂတို့ ဘာတို့ကို အားကိုးပြီးတော့ အချိန်တွေက ကြာနေပြီ။ အနှစ် (၂၀) ရှိပြီ။ တိုင်းပြည်က နာသ ထက် နာနေပြီ။ လူတွေက ဒုက္ခရောက်သထက်ရောက်နေပြီ။
ဟုတ်ကဲ့ဆရာ ဒါပေမယ့်လည်း မြန်မာစစ်အစိုးရက တွေ့ဆုံဆွေးနွေးရေးကို အခုအချိန်အထိ လုံးဝ လက်မခံသလို လက်ခံမယ့် အလားအလာလည်း မတွေ့ရဘူးခင်ဗျ။ အဲတော့ ဒီကိစ္စက ဖြစ်နိုင်ခြေရှိ ပါ့မလား။
ဟုတ်ကဲ့ ဖြစ်နိုင်ခြေမရှိတာ၊ အခု အနှစ် (၂၀) လုံး ရေစုန်မျောနေတာက စစ်အစိုးရကလည်းပဲ ဒီ တွေ့ဆုံဆွေး နွေးရေးကို လက်မခံဘူး ငြင်းပယ်နေတာက ရှင်းရှင်းပြောရရင်တော့ အန်အယ်လ်ဒီကို သူတို့က လေးစားစရာ အဖွဲ့အစည်းလို့ မယူဆတော့လို့ပဲဗျ။ အန်အယ်လ်ဒီကို လေးစားစရာအဖွဲ့အစည်းတခုလို့ ယူဆရင် သူတို့ဒီလို ငါတကောမကောရဲပါဘူး။ အန်အယ်လ်ဒီကလည်း လေးစားစရာအဖွဲ့အစည်းလို့ မယူဆတာဟာ သူတို့အစိုးရရဲ့ အမှားလည်း မဟုတ်ဘူးဗျ။ ကျနော့်အမြင်ကလည်း အန်အယ်လ်ဒီ ကိုယ်နှိုက်က လေးစားစရာ အဖွဲ့အစည်းတ ရပ်လို့ လှုံ့ဆော်မှုပေါ့ဗျာ activities အနှစ် (၂၀) အတွင်းမှာ ဘာမှမရှိဘူးဗျ။ ရှင်းရှင်းပြောရရင် အန်အယ်လ်ဒီ ဋ္ဌာနချုပ်ကို သွားပြီးတော့ ကြည့်လိုက်လို့ရှိရင်လည်းပဲ နိုင်ငံရေးပါတီဌာနချုပ်နဲ့ မတူဘူး။ နိုင်ငံရေးပါတီအဖွဲ့အ စည်းတခုဆိုတာ သဘောတရားတွေ၊ လမ်းစဉ်တွေ ဆွေးနွေးနေရမယ်၊ ငြင်းခုံနေရမယ်၊ နေ့စဉ်နဲ့အမျှ ငြင်းခုံ ဆွေးနွေးပွဲတွေနဲ့ ရှုပ်ယှက်ခတ်နေရမယ်။ အခု အန်အယ်လ်ဒီဌာနချုပ်က ငြိမ်သက်ပြီးတော့ ဘာမှ ပြောသံဆို သံလည်း မရှိဘူး ဘာမှ လှုပ်ရှားမှုလည်းမရှိဘူး။ ဘာနဲ့တူလဲဆိုတော့ နိုင်ငံရေးပါတီဌာနချုပ်နဲ့ မတူဘဲနဲ့ ဆွံ့အ နားမကြားကျောင်းတခုလို ဖြစ်နေတယ်။
ဆရာ မရိုမသေ တခုဖြတ်မေးပါရစေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တောက်လျှောက်ဆောင် ရွက် တောင်းဆိုပြောကြားချက်တွေကကော ထိရောက်မှုမရှိဘူးလို့ ပြောတာလားခင်ဗျ။
ဟုတ်ပါတယ်ခင်ဗျ။ ထိရောက်မှုမရှိပါဘူး။ ပါးစပ်နဲ့ ပြောနေတာပဲရှိတယ်။ အလုပ် လက်တွေ့မပါဘူးဗျ။ နော် ဟိုနေ့ဒီနေ့ကျရင် ကြေညာချက်ကလေးတွေ ထုတ်မယ်၊ နော် နအဖဥက္ကဌဆီကို စာပို့မယ်၊ ဒီဟာကလွဲလို့ နိုင်ငံ ရေးမလုပ်တတ်တော့ဘူးလို့ ကျနော်က ယူဆတယ်။
ဟုတ်ကဲ့ အဲဒါဆိုလို့ရှိရင် အန်အယ်လ်ဒီအနေနဲ့ လက်တွေ့ဆောင်ရွက်ချက်တွေ ပေါ်လာအောင် ပထ မဦးဆုံးခြေလှမ်းအနေနဲ့ဆို ဘယ်လိုဟာမျိုးတွေ ဘယ်လိုလုပ်ငန်းမျိုးတွေ ဆောင်ရွက်သင့်ပါသလဲ ခင်ဗျာ။
အခုအန်အယ်လ်ဒီမှာရှိနေတဲ့ ခေါင်းဆောင်မှုက ခုနကကျနော်ပြောသလိုပဲ ဆွံ့အနားမကြားကျောင်းလို ဖြစ်နေ တယ်။ နော် ဘာမှလှုပ်ရှားမှုမရှိဘူး၊ နောက် အသက်တွေကလည်းပဲ လူတွေက ရှစ်ဆယ်ကျော်တွေ ကိုးဆယ် ကျော်တွေ ဖြစ်ကုန်ပြီဗျ။ သူတို့ ကျန်းမာရေးအခြေအနေအရရော အန်အယ်လ်ဒီကို စွမ်းစွမ်းတမံ ဦးဆောင်နိုင် တဲ့ အခြေအနေ မရှိတော့ပါဘူး။ ဆိုတော့ အန်အယ်ဒီမှာ အင်မတန်တော်တဲ့လူတွေ အောက်ခြေမှာ အများကြီး ရှိပါတယ်။ ဥပမာ အမျိုးသမီးတွေထဲကတောင်မှ ကျနော် လူချင်းမတွေ့ဖူးပါဘူး။ နာမည်တွေ ကျနော်မှတ်မိ တယ်။ မန္တလေးက ဒေါ်ဝင်းမြမြတို့၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးတို့၊ ဘားအံက ဒေါ်နန်းခင်ထွေးမြင့်တို့၊ ရေနံ ချောင်း မကွေးဘက်က ဒေါ်အုန်းမြတို့၊ ဒေါ်ခင်စောဋ္ဌေးတို့ တကယ့်အမျိုးသမီးတွေဟာ အင်မတန် တက်တက် ကြွကြွနဲ့ လုပ်နေတယ်။ အင်မတန်လည်း သတ္တိကောင်းကြတဲ့ အမျိုးသမီးတွေပါ။ဒီလိုအောက်ခြေမှာရှိတဲ့ လူငယ်တွေနဲ့ ခုနက ခေါင်းဆောင်မှုကို ၀ိုင်းရံရမယ်။ လူငယ်တွေကို နေရာပေးရမယ်။ လူငယ်တွေကို လုပ်ကိုင်ခွင့်တွေ ပေးရမယ်။ အဲလိုဆိုရင် အန်အယ်လ်ဒီဟာ စွမ်းစွမ်းတမံ လုပ်နိုင်လိမ့်မယ်။ လုပ်နိုင်လို့ရှိရင် အစိုးရကလည်း လေးစားပြီးတော့ လာမှာပါပဲ။ ကျနော်မြင်တာကတော့ အန်အယ်လ်ဒီဟာ ပြည်သူလူထုက မန်းဒိတ်ပေးထားတဲ့ ပါတီအဖွဲ့အစည်းဖြစ်တယ်။ အဲတော့ကာ ဘာမှမလုပ်ဘဲနေရင် ပြည်သူ လူထုမန်းဒိတ်ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် မထမ်းဆောင်နိုင်ရုံတင်မကဘူး ပြည်သူလူထုကို သစ္စာ ဖောက်ရာလည်းရောက်တယ်။ ဒါကြောင့်မို့ အန်အယ်လ်ဒီဟာ တက်တက်ကြွကြွ စွမ်းစွမ်းတမံ လုပ်ဆောင်နိုင် အောင် လူငယ်တွေကို ပြောခွင့်ပေးပါ၊ လုပ်ခွင့်ပေးပါ၊ လူငယ်တွေနဲ့ ၀န်းရံပါလို့ ကျနော်ကတော့ နောက်ဆုံး ပြောလိုက်ချင်တယ်။
ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
http://drlunswe.blogspot.com/

6/12/2009

အိုဘားမား၏ ဆိုစကားများမှသည်...

အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ် ပြည်နယ် အထက်လွှတ်တော်အမတ်အဖြစ်မှ ၄၄ ယောက်မြောက် အမေရိကန်သမတ ဖြစ်လာသည့် ဘားရက်အိုဘားမားကို သမတရွေးကောက်ပွဲအတွက် မဲဆွယ်ကာလ မှစပြီး ကမ္ဘာ့ပြည်သူတရပ်လုံးက စိတ်ဝင်တစားရှိကြသည့်နည်းတူ ပြည်တွင်းပြည်ပ မြန်မာပြည်သူများကလဲ စိတ်ဝင် စားခဲ့ကြသည်။ သူ့မဲဆွယ်စကား “အပြောင်းအလဲအတွက်” မြန်မာ့ဒီမိုကရေစီရေး မျော်လင့်ချက်အဖြစ်မြန်မာ ပြည်သူများကစိတ်ဝင်စားပြီး မြန်မာစစ်အစိုးရကလဲ သမ္မတ ဘုရှ်လက်ထက်က မြန်မာအစိုးရအပေါ် (အီရန်၊ အီရတ် နှင့် မြောက်ကိုရီးယား တို့အပေါ် ထားတဲ့ "axis of evil" ဟု ခေါ် ခဲ့သော) မူဝါဒ မျိုးမှ ပြောင်းလဲကာ ပိုမို ပျော့ပြောင်းသော အစိုးရသစ် မူဝါဒသစ်များဖြင့် ဆက်ဆံရေး ပိုမိုကောင်းလာနိုင်သည့် လမ်းတစအဖြစ် မျော်လင့်ချက်ထားခဲ့သည်။
( သမတ ဖြစ်လာသည့် အိုဘားမား၏ မိန့်ခွန်းထဲတွင်ပါသော "ခြစားမှုတွေ၊ လိမ်ညာမှုတွေ၊ အတိုက်အခံတွေကို အသံတိတ်အောင်လုပ်ပြီး အာဏာကို ရယူဖက်တွယ်ထားတဲ့ လူတွေကို ပြောချင်ပါတယ်။ ခင်ဗျားတို့ဟာ မှားယွင်းတဲ့ သမိုင်းစာမျက်နှာဘက်ခြမ်းမှာ ရှိနေတယ်ဆိုတာပဲ…" စသည့် ပြောစကားများ ကြောင့် အမေရိကန် သမတ အသစ်ချပ်ချွတ်ကို မြန်မာစစ်အစိုးရက ဒဏ်ခတ် ပိတ်ဆို့သောအားဖြင့် မြန်မာ စာနယ်ဇင်းများတွင် ကျမ်းသစ္စာ ကျိမ်ဆိုပွဲကို သတင်းအဖြစ်သာခြုံရေးခွင့်ပြုပြီး မိန်ခွန်း အပြည့်အစုံ ဖေါ်ပြခွင့်မပြုခြင်း ကျမ်းသစ္စာ ကျိမ်ဆိုပွဲမှ အိုဘားမား၏ ဓာတ်ပုံများကို မျက်နှာဖုံးတွင် ဖော်ပြ ခွင့်ပိတ်ပင်ခြင်းတို့ပြုခဲ့သည်။)
သို့သော် ၂၀၀၉ ဧပြီလ ဆန်းတွင် အမေရိကန်၏ အရှေ့တောင် အာရှဆိုင်ရာရုံး ဒါရိုက်တာ Stephen Blake ကို မြန်မာသို့ သံတမန် အဖြစ် စေလွှတ်ခဲ့ ပြီး ဧပြီလထဲမှာ James Steinberg (US Deputy Secretary of State) က “မြန်မာနိုင်ငံကို အထီးကျန် စေခြင်းကနေ ကင်းလွတ်စေဖို့အတွက် အာရှဒေသတွင်း အခြား နိုင်ငံများ နှင့်အတူ ဘုံဗျူဟာတခု ချမှတ်နိုင်ဖို့ ၀ါရှင်တန်က မျှော်လင့်ပါတယ်” ဟု ပြောခဲ့သည်။အခုလို အခြေအနေ မျိုးနဲ့ ပြောင်းလဲမှု တွေဟာ နအဖသက်တမ်းတလျောက် ကြုံတွေ့ရသော အမေရိကန်သမတများလက်ထက်တွေမှာ ဘယ်တုန်းကမှ မရှိခဲ့ဘူးပါ။(သမတ ဘုရှ် လက်ထက်က မြန်မာအပေါ် အပြင်းအထန် ဆန့်ကျင် ရှုံ့ချမှု နှင့် ဒီမိုကရေစီ ပြောင်းလဲရေးကို ဖိအားပေးမှု တို့သာ ရှိခဲ့သည်။)
အိုဘားမား၏ နိုင်ငံခြားရေး မူဝါဒသည် သူပြောခဲ့သော“အပြောင်းအလဲ ” ကိုပုံဖေါ်မည့်သဘော ရှိသည်။

ခိုင်မြဲသော နိုင်ငံတကာဆိုင်ရာ တရားမျှတ မှုနှင့် ပါတ်သက်ပြီး ဖြစ်လာသည်ကိုတုံ့ပြန် ဖြေရှင်းခြင်းထက် ဖြစ်ခြင်သလို တည်ဆောက်ဖန်တည်းကာ အမေရိကန်၏ တကမ္ဘာလုံး ဆိုင်ရာ ဦးဆောင်မှု အခန်းကဏ္ဍကို ပိုမိုခိုင်မြဲ တည်တံ့စေဖို့ ညင်သာ ပျော့ပျောင်းသော လွှမ်းမိုးမှု “soft power”သို့မဟုတ် “ smart power”ကို တည်ဆောက်ရန် ပြင်နေသော ခြေလှမ်းများ တနည်းပြောရလျှင် တကမ္ဘာလုံးက အမြင်ရှိလာခဲ့သည့် ကမ္ဘာ့ ပုလိပ်ကြီး ပုံရိပ်ကို ကမ္ဘာ့သင်းအုပ်ဆရာအသွင် ပုံပြောင်းမှုပင်ဖြစ်သည်။

မကြာသေးခင်ရက်များကအမေရိကန်သမတ၏ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အီဂျစ်နိုင်ငံ ကိုင်ရို တွင် ပြော ကြားခဲ့သည့် အိုဗားမား၏ မိန့်ခွန်းစကားများသည် ရှေ့ဆက် ကျင့်သုံးမည့် အမေရိကန် နိုင်ငံခြားရေးမူဝါဒကို ထင်ဟပ် မြင်သာ နိုင်သည်။

တပြိုင်နက်ထဲမှာဘဲသူ့ရဲ့Cairo University မိန့်ခွန်းဟာ “အမေရိကန်ဟုဆိုလျှင် မွတ်ဆလင်တို့က ဆန့်ကျင် ရမည်ဆိုသောအသိနှင့် မွတ်ဆလင်ဆိုလျှင် အမေရိကန်အား တိုက်ခိုက်ဖျက်ဆီးမည့်သူအဖြစ် နှစ်ဖက် အပြန် အလှန်အစွဲများကို ခြေချွတ်ရန်အတွက် မိမိတို့ကိုယ်စီ ကိုယ့်တခါးကိုယ်ဖွင့်ကြရန်“ ရည်ညွန်း ပြောဆို သကဲ့သို့သောသံခင်းတမံခင်းအပြည့်အ၀ပါသော အချက်ပြမှု(diplomatic signal: )ကို မွတ်ဆလင်ကမ္ဘာသို့ ပေးခဲ့သည်။
မွတ်ဆလင်ကမ္ဘာဆိုသည်မှာ အရှေ့ အလယ် ပိုင်းဒေသမျှသာမဟုတ်ကမ္ဘာအရပ်ရပ်မှ မွတ်ဆလင်ထု တရပ် လုံးနှင့် ပါတ်သက်နေသည့် အတွက် အသစ်ဖြစ်သော တကမ္ဘာလုံး ဆိုင်ရာ ပထ၀ီနိုင်ငံရေး အပြင်အဆင် တရပ်လည်းဖြစ်သည်။


သမတသစ်အိုဗားမားသည် ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် သမတရာထူးကို လက်ခံ ပြီး ပြီးခြင်း ဘဏ္ဍာရေးစနစ် ပြိုလဲပျက်စီးခြင်းနှင့် အလုပ်လက်မဲ့နှုံးများ ပြားလာခြင်းတို့ဖြင့်ပဒ်လဘိုင်လိုက်နေသော အမေရိကန်၏ စီးပွါးရေး ပြန်လည် နာလန်ထူရေးအတွက် အစီအစဉ်များကို ချက်ချင်း စတင် လုပ်ဆောင် ခဲ့ရသည်။ဆက်တိုက်ပင် သမတ၏ ပြည်တွင်းလုပ်ဆောင်စရာ အစီအစဉ်များတွင် စွမ်းအင်လွတ်လပ်မှု၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် အခြားကိစ္စရပ်များစသည် တို့နှင့်တကွ နိုင်ငံတကာရေးရာများကို လည်း အစီအစဉ်များစွာဖြင့်လုပ်ခဲ့သည်။ယ္ခု အရှေ့အလယ်ပိုင်းခရီးစဉ် ကိုင်ရိုမိန့်ခွန်းမှတဆင့် ရှေ့ဆက် ကျင့်သုံးမည့် အမေရိကန် နိုင်ငံခြားရေးမူဝါဒကို လေ့လာနိုင်ရန်တင်ပြထားပါသည်။


'So let there be no doubt: the situation for the Palestinian people is intolerable. America will not turn our backs on the legitimate Palestinian aspiration for dignity, opportunity, and a state of their own.'


—U.S. President Barack Obama





Masked Palestinian Hamas militants watch the televised speech of U.S. President Barack Obama in Rafah, southern Gaza Strip, on Thursday. (Eyad Baba/Associated Press)



'There is a difference between his policy and Bush's policy. I see a change in the U.S. foreign policy discourse. But the problem is still on the ground.'


—Mahmoud Ramahi
a legislator from Abbas rival Hamas,



Palestinian security forces listen to US President Barack Obama as he delivers a speech at Cairo University, at their headquarters in the West Bank city of Jenin on June 4, 2009. Getty Images






An Indian Muslim family reacts as they watch U.S. President Barack Obama at their home in Calcutta, India, on Thursday. (Sucheta Das/Associated Press)


အပိုင်း၁/၃


အပိုင်း၂/၃

အပိုင်း၃/၃

6/04/2009

“ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ”

တီယင်မင်ရင်ပြင်ကျောင်းသားလှုပ်ရှားမှု အနှစ် (၂၀) ပြည့်ခဲ့ပါပြီ။
၁၉၈၈ မှာ မြန်မာကျောင်းသားအရေးအခင်းဖြစ်တယ်။ ၁၉၈၉ မှာ တရုတ်ကျောင်းသားအရေးအခင်း ဖြစ်တယ်။
အရေးအခင်း ၂ခုလုံးဟာ လူမဆန်တဲ့အာဏာရှင်တို့ရဲ့အပြင်းအထန်ဖိနှိပ်မှုကြားက တခဲနက်အုံကြွလာတာ
ဖြစ်ပါတယ်။ ဒီအရေးအခင်းတွေရဲ့သူရဲကောင်းအပေါင်းတို့အား “ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေ” မှတ်တမ်းဓါတ်ပုံ-မှတ်တမ်းဗီဒီယိုများဖြင့် အမှတ်တရ ဂုဏ်ပြုဦးညွှတ်ပါသည်။

“ကမ္ဘာမကြေ”
















































အခြားပုံများ








စုစည်းမှတ်တမ်း ဗီဒီယိုဖိုင်နောက်ခံတေးကို အမေရိကန်နိုင်ငံ BOSTON မြို့က POWER METAL BAND တစ်ခုဖြစ်တဲ့ NEVERMORE ရဲ့ The Tiananmen Man ဆိုတဲ့ သီချင်းကိုသုံးထားပြီး စာသားကို အောက်မှာ ထည့်ပေးထားပါတယ်။


The Tiananmen Man

On june fifth, in the year of eighty-nine, he was unarmed with focused mind Deflance glared down the barrel of the gun pointed from a tank in tiananmen square And he stood there: To control, to manipulate, the media his power slaveHe knew the world was watching, knew he had a planTo confront the powerful tyranny in the square of tiananmenEcstatic youth played with fire, freedom wash over themDemocracy their desire, the tiananmen man had a planManipulate the mediaHe used blind faith in the face of anarchy, the cybernetic rapture has begun to envelop meFreedom is the rush, adrenaline high, choice of the oppressed wiling to dieLike a hostage the government holds your drugTo control, to manipulate, the media his power slaveHe knew the world was watching, knew he had a planTo confront the powerful tyranny in the square of tiananmenEcstatic youth played with fire, freedom wash over themDemocracy their desire, the tiananmen man had a planManipulate the mediaHis act was a cybernetic gestureHis act was a cybernetic gestureHe knew the world was watching, knew he had a planTo confront the powerful tyranny in the square of tiananmenEcstatic youth played with fire, freedom wash over themDemocracy their desire, the tiananmen man had a planManipulate the media, manipulate the mediaManipulate to control

ကိုးကားရာများ

ဆုံစည်းရာ ဘလော့မှ သီချင်းစာသားရရှိပါသည်။

Secret recordings resurrect Chinese PM’s criticism of Tiananmen crackdown - Radio France Internationale
Condolence Book for Victims of Tiananmen Square protests of 1989 June 4th
Video-1 detailing the Tiananmen Square Massacre in 1989
Video-2 detailing the Tiananmen Square Massacre in 1989
Hong Kong Alliance In Support Of Patriotic Democratic Movements Of China
BBC report about Tiananmen Protests
BBC's "Witnessing Tiananmen: Clearing the square" with eyewitness accounts of Tiananmen
Eyeballing Tiananmen Square Massacre - Photo Gallery
Eyewitness account of events on the night of June 4
Eyewitness account of the massacre from a Marxist's Perspective
Human Rights in China's Section on 1989 Democracy movement
The Gate of Heavenly Peace - Feature-length Documentary
The Myth of Tiananmen And the Price of a Passive Press Columbia Journalism Review
"The Tank Man", 2006 PBS documentary
The Tiananmen Square Confrontation, Alternative Insight
The Tiananmen Square massacre myth