11/01/2009

အဖေ့ မင်းသမီး

အလုပ်တွေပိလို့ နဲနဲညစ်လာတာကြောင့် ရုပ်ရှင်လေးတကားလောက် ကြည့်မလား စိတ်ကူးပီး Bit Torrent ထဲက ရုပ်ရှင်ပိုစတာတွေ လျောက်ကြည့်ရင်း The Purple Plain ဆိုတဲ့အင်္ဂလိပ်ရုပ်ရှင်ကားကို သွားတွေ့ရာမှာ ကားနာမယ်ကို အစကမသိပေမဲ့ မင်းသမီးကိုတော့ နာမယ်ရောရုပ်ရော မှတ်မိနေပါတယ်။ ကျနော့အဖေရဲ့ သိမ်းဆည်းထားသောပစ္စည်း ပစ္စယတွေထဲမှာ အဲဒီမင်းသမီး (ဒေါ်)၀င်းမင်းသန်းရယ် မင်းသမီး ဘားဒေါ့ရယ် ရုပ်ရှင် ကြော်ညာတွေရှိတယ်။ အဖေအသက်သိပ်မကြီးခင်က တခါတလေစိတ်လိုလက်ရ အဲဒီမင်းသမီး တွေအကြောင်းပြောတာလည်း ကြားဖူး တယ်။ ဒါနဲ့ဘဲအဲဒီကားကိုဒေါင်းလိုက်ဖြစ်တယ်။ ကားအစအဆုံးက ၂.၈ဂျီဘီ ပွဲပြချိန် မိနစ်၉၀ တောင်ရှိလို့ ဘလော့မှာတော့အပြည့်မတင်နိုင် နမူနာဘဲရှယ်လိုက်ပါတယ်။




Gregory Peck - Forrester
Win Min Than - Anna
Bernard Lee - Dr. Harris
Maurice Denham - Blore
Lyndon Brook - Carrington
Ram Gopal - Mr. Phang
Brenda de Banzie - Miss McNab
Anthony Bushell - Cmdr. Aldridge
Jack McNaughton - Sgt. Brown
Harold Siddons - Navigator Williams
Peter Arne - Flight Lieutenant
Josephine Griffin - Mrs. Forrester
Lane Meddick - Radio Operator
John A. Tinn - Burmese Jeweler
Dorothy Alison - Nurse
Literary Source: Bates, H. E., ‘’The Purple Plain’’, Michael Joseph, publisher, London. England, 1947

မူရင်းဝတ္ထုရေးသူ H. E. Bates ဟာစစ်အတွင်းမှာ ဗြိတိသျှလေတပ်က လေယဉ်အုပ်မှုး squadron leader ဖြစ်တယ်။ လေကြောင်းတိုက်ပွဲအတွေ့အကြုံတွေကို 'Flying Officer X'. ဆိုပီးရေးတာတွေရှိတယ်။

မင်းသမီး(ဒေါ်)ဝင်းမင်းသန်းကတော့ ပဲခူးသူ ။ ရန်ကုန် စိန်ဂျွမ်းကွန်ဗင့် ကျောင်းတက်ခဲ့ပီး အိန္ဒိယပြည် ဒါဂျီလင် ကျောင်းတွင် ဆက်လက်ပညာသင်ကြားသည်။ စစ်ကြီးပြီးချိန်တွင် ဘိလပ်သို့ သွားရောက်၍ ရွန်ဘာဘယ်လေ ကျောင်းတွင် တစ်နှစ်တာမျှ ၀ါသနာအလျောက် အကသင်ခဲ့သည်။

The Purple Plain ဇတ်ကားအတွက် မိန်းမလှပေါင်း အယောက်၂၀၀ လောက် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အရွေးခံခဲ့ရသူဖြစ်သည်။

မူလ ၀တ္ထုရင်း၌ ဇာတ်လိုက်မင်းသမီးလုပ်သူသည် အ၀တ်အစား မလုံ့တလုံ ၀တ်ဆင်၍ ရေချိုးသည့် အခန်းများ အတော်ပင်ရှိခဲ့သည်ဟု သိရသည်။ သို့ရာတွင် သူမ၏ အိနြေ္ဒစောင့်စီးမှု နှင့် ခေါင်းမာမှုတို့ကြောင့် ဒါရိုက်တာများမှာ သူတို့အလွန်မက်လှသော ရေချိုးသည့် အခန်းများကို ရိုက်ကူးခွင့် လုံးဝမရခဲ့ရှာဘဲ ၀မ်း နည်းစွာ ချန်လှပ်ထားခဲ့ရသည်ဟု `ဘုံဘိုင် ကရိုနီကယ်´သတင်းစာကြီးကရေးသားခဲ့သည်။ သို့ရာတွင် သူမရိုက်ကူးသော ဇာတ်ကားအဘို့ ကြော်ငြာရန်အတွက် ရုပ်ရှင်ကုမ္ပဏီကြီးက အတန်တန် တောင်းပန်ရာ အနောက်တိုင်း ရေကူးအ၀တ်အစားနှင့် မဟုတ်ဘဲ မြန်မာများ ရေချိုးပုံ ဓလေ့ထုံးစံအတိုင်း ထမီကို ရင်လျှား၍ ရန်ကုန်တွင် ဓာတ်ပုံရိုက်ခွင့် ပေးခဲ့သည်။

အသက်(၂၁)နှစ် အရွယ်၌ ၁၉၅၇-ခုနှစ်၊ ဇန္န၀ါရီ(၇)ရက်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ နှင့် လက်ထပ် ခဲ့သည်။ `အာကာသ´အမည်ဖြင့် သားတစ်ယောက် ထွန်းကားခဲ့သည်။ ယခုအခါ မိသားစုနှင့် အတူ အမေရိကားမှာ နေထိုင်သည်ဟု သိရသည်။

ဘလော့ဂါ Nyilynnseck က “တချို့တွေက ရတနာနတ်မယ် ဓာတ်ပုံတွေကို မင်းသမီး ဝင်းမင်းသန်း (Win Min Than) လို့ထင်ကြတယ်”ဟု ရေးသည်။

ရတနာနတ်မယ်-----ရုပ်ရှင်မင်းသမီးဝင်းမင်းသန်း



ရတနာနတ်မယ်ပုံတွေကြည့်လိုရင်


http://images.google.com/images?q=burmese+exchange+student&q=source%3Alife

1 comment: